Friday, February 5, 2010
ကမ္မ၀ါဒီ ၊ ဒွါရ၀ါဒီ ကွဲခြင်း ပြဿနာ
     အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ နှင့် ရွှေတောင် ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ
ဆရာတော်နှစ်ပါး ငယ်စဉ်က အမြို့မြို့အရွာရွာသို့ သွားရောက်ပညာသင် ချိန် ၊ အမရပူရမြို့တော်
မြသိန်းတန်ဆရာတော်ထံ အတူတကွ စာသင်ကြားကြစဉ် အခွင့်ရ၍ ဋီကာကျော်ကို နာကြားခဲ့ကြသည် ။
        ဋီကာကျော် ပဏာမအဖွင့်တွင် “ အဘိဝါဒိတွာတိ  ၀ိသေသတော  ၀န္ဒိတွာဘယလာဘ ကုလစာရာဒိ
စပ်လျဉ်း၍ အရှင်နှစ်ပါး အယူအဆ စတင်ကွဲပြား အငြင်းပွားလာခဲ့ကြ သည် ။
      အရှင်ဥက္ကံသမာလာ က “ သြကာသ ကန်တော့ချိုးတွင် ရတနာသုံးပါးအား ရှိခိုးကန်တော ရာတွင်
ကာယကံ , ၀စီကံ , မနောကံ ဟု ကံကရိုဏ်းဖြင့် ရှိခိုးကန်တော့ခြင်းမှာ ချွတ်ချော်မှား ယွင်း အနက်အဓိပ္ပာယ်
မသင့်လျော်ကြောင်း “ အယူရှိတော်မူသည် ။
       အရှင်မုနိန္ဒာဘိဓဇ မူကား “ ကမ္မပထမြောက် ကံ ၃ ပါးသို့ရောက်အောင် ပြစ်မှားကျူးလွန် သော ကံ ၃
ပါးကို ပပျောက်စေရန် ကန်တော့ရှိခိုးခြင်း ဖြစ်၍ ပြစ်မှားကျူးလွန်သော စေတနာ ကံ သာ ပပျောက်စေခြင်း ၊
၎င်းကံ နောက်ထပ်တစ်ဖန် မဖြစ်ပွားစေခြင်း အကျိုးငှာ ဖြစ်သော ကြောင့် ရှေးက ပုဂ္ဂိုလ်အကျော်
မထေရ်မြတ်တို့ ဆုံးဖြတ်ရေးသားခဲ့ကြ၍ အများရှိခိုး ကန်တော့ ကြသော သြကာသ ဆိုရိုးပါ ကာယကံ ,
ဝစီကံ , မနောကံ ဖြင့် ရှိခိုးကန်တော့ခြင်း မမှား “ ဟု အယူရှိတော်မူသည် ။
         ဤသို့အားဖြင့် စာသင်သား ဘ၀ကပင် ၀ိဝါဒ ကွဲပြားလာခဲ့သော ထိုဆရာတော်လောင်း လျာ ၂
ပါးသည် မိမိတို့၏ အယူအဆများ ထင်ရှားစေမည်ဟု အာသီသ အသီးသီး ရှိတော်မူခဲ့ ကြသည့်အတိုင်း
အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ အရှင်မြတ်သည် မိမိသီတင်းသုံးရာ အုဂ်ဖိုရ် (အင်္ဂပူ) နယ်မှစ၍
အနီးအနား ဟင်္သာတ ၊ ဇလွန် ၊ ဓနုဖြူ စသော မြို့နယ်များတွင် ဒွါရအယူအဆ ကို ဖြန့်ဖြူးဟောကြားလျက်
နေတော်မူခဲ့သည် ။
          ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ ကလည်း မိမိသီတင်းသုံးရာ ရွှေတောင် မှစ၍
အနီးအနား နတ္တလင်း ၊ အုဂ်ဖို ၊ ပြည် ၊ ကြို့ပင်ကောက် စသော မြို့နယ်များတွင် ကံအယူအဆကို
ဟောပြော၍ နေတော်မူခဲ့သည် ။
         အုဂ်ဖိုရ်ဆရာတော်က ယခုကာလ ရတနာ ၃ ပါးအား “ ကံ ၃ ပါးဖြင့် ရှိခိုးပူဇော် ဖူးမြော် ကန်တော့
 ပါ၏ " ဟု ဆိုခြင်းမှာ ပိဋကတ်နှင့်မညီ မှားယွင်းနေပါကြောင်း “ ဖြင့် “ ဟူသော စကားသည် သဒ္ဒါနည်းအား
ဖြင့် ကရိုဏ်းမည်ပြီး ၊ ဤ ကြိယာအရလည်း စေတနာကံပင် , ကရိုဏ်းအရလည်း စေတနာကံပင်
ဖြစ်သောကြောင့် ကရိုဏ်း , ကြိယာ ၂ ပါး မထူးခြားသဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ကြရာတွင်
တစ်ခုသော စေတနာကံသည် ကရိုဏ်း , ကြိယာ ၂ ပါး မဖြစ်နိုင် ။ ကြိယာ ဟူသော အကျိုးရှိမှလည်း ကရိုဏ်း
ဖြစ်နိုင်ကြောင်း ၊ ကရိုဏ်း , ကြိယာ၂ပါး စေတနာကံပင် ဖြစ်သော်လည်း ကြိယာဟူသော
အကျိုးမရှိသောကြောင့် စေတနာကံသည် ကရိုဏ်း မဖြစ်နိုင်ကြောင်း ၊ အကယ်၍ စေတနာကံသည်ပင်
ကရိုဏ်း ဖြစ်အံ့ ၊ စေတနာကံဖြင့် စေတနာကံ ဖြစ်မြောက်၏ ဟူသောစကား ဖြစ်သွားမည် ဖြစ်ကြောင်း ၊ ဒွါရ
၃ ပါးဖြင့်သာလျှင် စေတနာကံ ကြိယာမြောက်ကြောင်း
           ကံနှင့် ပဏာမကား ခပ်ပြာနှင့်တေး လုံးထွေးတင် သကဲ့သို့ အမည်မျှသာ ထူးခြား၍ အနက်ဒြဗ်
မထူးခြား အတူတူဖြစ်ကြောင်းကို -
           မဏိသာရမဉ္ဇူသာ တွင် “ တိဝိဓောဟိ ပဏာမော မနောကမ္မမေ၀ “ ဟု ၊
           သဒ္ဒသာရတ္ထဋီကာ တွင် “ ရတနတ္တယ ပဏာမောဟိနာမ ပရမတ္ထတော ကာမာဝစရ
ကုသလစေတနာ “ ဟု ဖွင့်ပြထားကြောင်း 
           အဘိဓမ္မတ္ထသင်္ဂဟ လက်သန်း အဋ္ဌကထာတွင် “ ၀ိညတ္တိဒွယံ စိတ္တဇမေ၀ “ ဟု ဖွင့်ပြသကဲ့သို့ ၊
             အင်္ဂုတ္တရနိကာယ် တွင် “ တိေဿ ဣမာ ဘိက္ခဝေ ၀န္ဒာနာ ၊ ကတမာ တိေဿ ၊ ကာယေန ၀န္ဒတိ
၊ ၀စသာ ၀န္ဒတိ ၊ မနသာ ၀န္ဒတိ “ ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း ။
         မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဝေရဉ္ဇာပုဏ္ဏားကြီး စသော ဒါယကာများသည် ဒွါရ ၃ ပါးဖြင့်
ရှိခိုးပူဇော် ဖူးမြော်ကန်တော့ကြပါကြောင်း ။
         ထို့ကြောင့် -
         ပါရာဇိကဏ် အဋ္ဌကထာတွင် “ ဣဒါနိ ၀ိညာတ ဗုဒ္ဓဂုဏော ၊ ကာယေန ၀ါစာယ မနသာစ ၊
အနေကက္ခတ္တုံ ၀န္ဒန္တောပိ အတိတ္တောယေ၀ ဟုတွာ “ ဟု ဖော်ပြထားသကဲ့သို့ ၊
        ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ ၊ ၀ိပ္ပသန္နေန စေတသာ ၊ ၀န္ဒိတွာ ၀န္ဒနာမာန ၊ ပူဇာသက္ကာရ ဘာဇနံ “ ဟု
အရှင်မဟာဗုဒ္ဓဃောသ စသော ဆရာမြတ်တို့ ဆိုတော်မူကြကြောင်း ။
        အဘိဓမ္မတ္တ ၀ိဘာဝိနီဋီကာကျမ်း စသည်တို့တွင်လည်း “ တီဟိ ဒွါရေဟိ ၀န္ဒိတွာကျတ္တော “ ဟု ဒွါရ ၃
ပါး ဖြင့် ရှိခိုးပူဇော် ဖူးမြော် ကန်တော့ကြသည်ကို ပြဆိုကြောင်း ။ ၄င်းအပြင် -
၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ “ ဟု ၊
ဖွင့်ပြကြောင်း ။
         ထို့ကြောင့် “ ကာယဒွါရ , ၀စီဒွါရ , မနောဒွါရ တည်းဟူသော ဒွါရ ၃ ပါးဖြင့် ရှိခိုးပူဇော်
ဖူးမြော်ကန်တော့ပါ၏ “ ဟု ဆိုခြင်းသာလျှင် အမှန်ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောတော်မူ သည် ။
         ၁၂၁၃ ခုနှစ်မှစ၍ ဟောပြောတော်မူခဲ့ရာ ၃ နှစ် , ၄နှစ်ခန့်ကြာ၍ ၁၂၁၇ ခုနှစ်သို့ ရောက်သောအခါ
ကျယ်ပြန့် ကြီးထွားလာသဖြင့် ငြင်းခုံမှုလည်း ဖြစ်ပေါ်လာသည် ။
       အင်္ဂပူ ခေါ်သော အုဂ်ဖိုရ် တွင် စစ်ဘေးကြောင့် စစ်ပြေးများ လာရောက်ခုံလှုံနေကြသဖြင့်
စည်ကားလျက်ရှိသည် ။ ယင်း ဒါယကာများအတွင်းတွင် သြကာသကန်တော့ချိုးကို ဆိုရာတွင်
  ကာယကံ , ၀စီကံ , မနောကံ တည်းဟူသော ကံ ၃ ပါးတို့ဖြင့်ဟု ဆိုခြင်းက မှန်သည် ။
ကာယဒွါရ , ၀စီဒွါရ , မနောဒွါရ တည်းဟူသော ၃ ပါးသော ဒွါရတို့ဖြင့် ဆိုခြင်းမှန်သည် ” ဟု
သူမှန်ကိုယ်မှန် ငြင်းခုံလာကြသည် ။
        အုဂ်ဖိုရ်ဆရာတော်၏ အဆုံးအဖြတ်ကို ခံယူကြသောအခါ အုဂ်ဖိုရ်ဆရာတော်က -
         တိေဿာ ဣမာ ဘိက္ခဝေ ၀န္ဒနာ ၊ ကတမာ တိေဿာ ၊ ကာယေန ၀န္ဒတိ ၊ ၀စသာ ၀န္ဒတိ ၊ မနသာ
ဝန္ဒတိ ” ဟူသော အင်္ဂုတ္တိုရ်ပါဠိတော်ကို ကိုးကား၍ “ ဒွါရ ဖြင့် ရှိခိုးခြင်းသာ မှန်ကန် ကြောင်း
မိန့်ကြားတော်မူသည် ။
          မကျေနပ်သူ အချို့က ထိုအချိန်တွင် အုဂ်ဖိုရ်မြို့ ၀ါဆိုကျောင်းတွင် ခေတ္တသီတင်းသုံး
နေတော်မူသော ဇိနတ္ထပကာသနီကျမ်းပြု ကျီးသဲလေးထပ် ဆရာတော်ထံ အဆုံးအဖြတ်ကို ခံ ယူကြရာ ၊
ကျီးသဲလေးထပ် ဆရာတော်က -
          နတွာတိ ကာယကမ္မ ၀စီကမ္မ မနောကမ္မ သင်္ခါတေဟိ တီဟိ ကမ္မေဟိ နမဿိတွာ ” ဟူသော
ပါဌ်ကို ကာရိကာဋီကာပါဌ် ပြုလုပ်ကိုးကား၍ “ ကံဖြင့် ရှိခိုးကန်တော့ခြင်း မှန်ကြောင်း ” အဆုံးအဖြတ်
ပေးတော်မူသည် ။
           ရှေးမွန်လူကြီးသူမအချို့သည် သြကာသ ကန်တော့ချိုးကို မွန်ဘာသာဖြင့် ဆိုကြရာ တွင် ကာယဒွါရ
, ၀စီဒွါရ , မနောဒွါရ ဟု ဒွါရကရိုဏ်းဖြင့် ဆိုကြသည်ကို ကြားသိရသည် ။ အချို့ကလည်း ကံကရိုဏ်းဖြင့်
ဆိုကြသည် ။ ယခုအခါ မြန်မာဘာသာဖြင့် ကာယကံ ၊ ၀စီကံ ၊ မနောကံဟု ကံကရိုဏ်းဖြင့် ဆိုနေကြပါသည်။
         ဤသို့ ကံ , ဒွါရ ငြင်းခုံမှု ပြင်းထန်နေချိန်တွင် မန္တလေးနေပြည်တော်မှ ထင်ပေါ်ကျော် ကြားသော
သင်္ဂဇာဆရာတော် ကြွရောက်တော်မူလာရာ ၊ ကံ , ဒွါရ အယူ မသည်းကြသူ ကြား နေသမားများ၏
လျှောက်ထားချက်အရ ကံ , ဒွါရ အယူရှိသူများ , အယူသည်းသူများ၏ အလို ဆန္ဒအယူဝါဒနှင့်
မဆန့်ကျင်သော ၀ိနိစ္ဆယ အဆုံးအဖြတ် စကားများဖြင့် ဟောကြားဆုံးမတော် မူခဲ့ပါသည် ။
        အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ ၁၇ ၀ါရချိန် ၁၂၁၇ ခုနှစ်မှစ၍ အငြင်းပွားလာ သော ကံ ,
ဒွါရ ၀ိဝါဒကား တစ်စစ ပြင်းထန်ရိုက်ခတ်လာခဲ့ရာ ၊ ၁၂၂၄ ခုနှစ်တွင် ဦးသစ်နှင့် ဦးပေါ်လာ တို့ ၂ ဦးက
အလောင်းအစားပြု၍ မန္တလေးနေပြည်တော်သို့ ဆန်တက်ကာ ကံ,ဒွါရ အငြင်းပွားမှုကို
သုဓမ္မာဆရာတော်များထံ အဆုံးအဖြတ်ခံယူကြသည် ။ ထိုအချိန်တွင် သာသနာပိုင်ဆရာတော်မှာ
ဘဒ္ဒန္တဥေယျဓမ္မ ဖြစ်သည် ။
          သုဓမ္မာဆရာတော်များက ယင်းပြဿနာကို ဖြေရှင်းပေးရန် မောင်းထောင်ဆရာတော် အား
တာဝန်ပေးအပ်တော်မူကြသည် ။ မောင်းထောင်ဆရာတော်က “ တိေဿာ ဣမာ ဘိက္ခဝေ ၀န္ဒာနာ ၊
ကတမာ တိေဿာ ကာယေန ၀ါစာယ မနသာ ဣမာတိေဿာ ဘိက္ခဝေ ၀န္ဒနာ ” ကိုပင် ထုတ်ပြ၍ ကံ , ဒွါရ
၂ မျိုးဖြင့် ရှိခိုးကန်တော့နိုင်ကြောင်း အဆုံးအဖြတ် ပေးတော်မူသည် ။
          မောင်းထောင်ဆရာတော်က ဖော်ပြပါ အင်္ဂုတ္တိုရ်ပါဠိတော်ကို သိလေသာလင်္ကရနည်း အရ “ သုဓိ
ဟူသော ပုဒ်တွင် “ ဘုရား ” ဟူသောအနက် , “ ” ဟူသောအနက် ၂မျိုးရသကဲ့သို့လည်းကောင်း ၊
ဒွါရဒွါရိကာနံ အ၀ိနာဘာဝတော စသော မဏိမဉ္စူကို ကိုးကား ၍ အ၀ိနာဘာဝနည်းတို့ကို
ထုတ်ဆောင်ပြ၍လည်းကောင်း ၊ ကာယေန ၊ ကာယဒွါရဖြင့် (၀ါ) ကာယကံဖြင့် ။ ၀ါစာယ ၊ ၀စီဒွါရဖြင့် (၀ါ)
ဝစီကံဖြင့် ။ မနသာ ၊ မနောဒွါရဖြင့် (၀ါ) မနောကံ ဖြင့် ဟု ၀ါဝိကပ်ဖြင့် ဒွါရကရိုဏ်း , ကံကရိုဏ်း ၂ မျိုးဖြင့်
အနက်ပေးသင့်သောကြောင့် ကံ , ဒွါရ အယူအဆ ၂ မျိုးစလုံး သင့်ကြောင်း ။  ကံကရိုဏ်းထားခြင်းကို
မိစ္ဆာဉာဏ်ဟု မဆိုသင့် ကြောင်း ။ မိစ္ဆာဉာဏ်ဟူသည် မကောင်းမှု အကုသိုလ်ပြုရာတွင်သာ ဖြစ်ပါကြောင်း ။
ဤသို့ စသည့် အဆုံးအဖြတ်ကို ရေးသားပေးပို့တော်မူခဲ့သည် ။
               မောင်းထောင်ဆရာတော်၏ အဆုံးအဖြတ်ကို အုဂ်ဖိုရ်ဆရာတော် မြင်ရသောအခါ
ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ မေတ္တာစာ ” နာမည်ဖြင့် ရသဖြင့် ၊ “ ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ မေတ္တာစာ ” အမည်ဖြင့်
ပင် ချေပစာကိုရေးပြီး မောင်းထောင်ဆရာတော်ထံ ပေးပို့ခဲ့သည် ။ ပရပ္ပ၀ါဒီနိမ္မဒ္ဒန ကထာ မေတ္တာစာတွင်
မောင်းထောင်ဆရာတော်၏ အဆုံးအဖြတ်ကို တစ်ပုဒ်စီ တစ်ပုဒ်စီ အနု စိတ် ရှင်းလင်းချေဖျက်ပြီး
မိစ္ဆာဉာဏ်ဖြစ်ကြောင်း ဒွါရဖြင့် ရှိခိုးကန်တော့ခြင်း မှန်ကန်ကြောင်း အကိုးအကား သာဓကများစွာဖြင့်
အကျယ်တ၀င့် ရေးသားထားသည်ကို တွေ့ရှိရသည် ။ မောင်းထောင်ဆရာတော်ထံ ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ
မေတ္တာစာ ရေးသားပေးပို့သကဲ့သို့ ၊ သုဓမ္မဆရာတော်များထံသို့လည်း “ ဆရာတော်ဘုရားတို့ထံ
သာသနာရေးနှင့်စပ်သော အရာ ဌာနများကို ရာမညတိုင်းမှ ဆန်တက်လျှောက်ကြားလာလျှင်
သာသနာတော်မြတ် စည်ပင် ထွန်းလင်းအံ့သည်ကိုသာ မျှော်လင့်တောင့်တတော်မူကုန်၍ ဂရု , လဟု ၂
ပါးတို့တွင် ကောင်းမြတ်သော အဆုံးအဖြတ်များကိုသာ ရေးသား ဆုံးဖြတ်တော်မူပါမည့်အကြောင်း   ကို
လျှောက်ထားသော သတိသမ္မဇညမေတ္တာစာကို ရေးသားပေးပို့တော်မူခဲ့သည် ။
            အုဂ်ဖိုရ်ဆရာတော်က မောင်းထောင်ဆရာတော်ထံ ရေးသားပေးပို့သော ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ
မေတ္တာစာ နှင့် စပ်လျဉ်း၍ မောင်းထောင်ဆရာတော်က ပြန်လည်မိန့်ကြားတော်မူပုံကို မန္တလေးနေပြည်တော်
မှန်ကျောင်းဆရာတော် ဦးဉာဏ၀ံသ က အုဂ်ဖိုရ်ဆရာတော်ထံ စာရေးသား လျှောက်ထားခဲ့သည်ကို
တွေ့ရှိရသည် ။ စာတွင် -
           မောင်းထောင်ဆရာတော်က တန်ခူးလဆန်း ၁၁ ရက်နေ့ နံနက်တွင် မိမိအား ပင့်ခေါ်၍
အောက်ရာမညတိုင်း အုဂ်ဖိုရ်ကန်ကုန်းတိုက်အုပ် ဦးဥက္ကံဝံသမာလာ ကံဒွါရအရေးကို စာပြန်လိုက်သည်ဟု
ကြားသိရသဖြင့် “ ဦးပဉ္စင်းတွင် စာပါလော ” ဟုမေးကြောင်း “ ပါ ပါ ကြောင်း ” လျှောက်ထားသောအခါ ၊
မောင်းထောင်ဆရာတော်က “ ကျွန်ုပ်သည် ရှေးကာလက အုဂ်ဖိုရ်ဆရာ ဒွါရ၀ါဒီရှိမှန်းကို သေချာစွာ
မသိပါကြောင်း ၊ ၁၂၂၄ ခုနှစ် ငသစ် ,  ငပေါ်လာ ဒကာ ၂ ဦးတို့ လျှောက်ထားလာကြရာ မာန်ပြေရန်ပြေ
သာမညကြံဆလျက် ဆုံးဖြတ်ပေးလိုက်ပါကြောင်း ။ အုဂ်ဖိုရ်ဆရာတော် အဆုံးအဖြတ်
အမိန့်စကား၏အဖြစ်ကို ဧကန်သိရပါလျှင် သာမညပြုလိုက်မည် မဟုတ်ကြောင်း ။ အုဂ်ဖိုရ်ဆရာတော်
ဝါသိက္ခာ မည်မျှ ရှိသနည်း ” ဟုမေးမြန်းရာ ၊ “သိက္ခာ ၂၀ ကျော်ရှိသည် ” ဟု ဖြေခဲ့ပါကြောင်း ။
မောင်းထောင် ဆရာတော်က “ ကျွန်ုပ်ထက် ၀ါသိက္ခာကြီးသည်ဖြစ်လျှင် ခြေတော်ကို ဦးဖြင့်ထိ၍
ပူဇော်ကန်တော့ တောင်းပန်နိုင်ပါ၏ ဟု ဦးပဉ္စင်းက စာရေးလျှောက်ထားပါ ” ဟုမိန့်ပါကြောင်း ။ စသည်ဖြင့်
ရေးသားထားသည် ။
          အချုပ်အားဖြင့် အုဂ်ဖိုရ်(အင်္ဂပူ)ဆရာတော် အရှင်ဥက္ကံဝံသမာလာသည် သြကာသ ကန်တော့ချိုးတွင်
ကာယကံ , ၀စီကံ , မနောကံဖြင့် ရှိခိုးကန်တော့ခြင်းကို မှားယွင်းသည်ဟု ပစ်ပယ်တော်မူပြီး ကာယဒွါရ ,
ဝစီဒွါရ , မနောဒွါရဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ခြင်းသာ ကျမ်းဂန်နှင့်ညီသည်ဟု အခိုင်အမာ
ယူတော်မူခဲ့သည် ။
          ထို့ကြောင့် အုဂ်ဖိုရ်ဆရာတော်နှင့်တပည့်သာဝက သံဃာအစုကို " ဒွါရဂိုဏ်း " ဟု ခေါ်ကြရာမှ
ဒွါရဂိုဏ်းလည်း အထင်အရှား ဖြစ်ပေါ်လာပါတော့သည် ။
ကျမ်းညွှန်း -             
မာမက (သုတေသီ)
ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကွဲများ
.............................................................................................................................
မြန်မာထမင်းဟင်းကိုပဲ ဘုဉ်းပေးချင်တဲ့ဆရာတော်
          မြန်မာထမင်းဟင်းကိုပဲ ဘုဉ်းပေးချင်တဲ့ဆရာတော်
          ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက် ဖူးမျှော် စဉ် ၊
တောင်ကြီးမြို့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ တည်းခိုကြပါတယ် ။ အဲဒီကျောင်း
မှတစ်ဆင့် အင်းလေးဖောင်တော်ဦးဘုရား ၊ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဘုရားစုံနှင့်
ပင်းတယလှိုဏ်ဂူဘုရားတွေကို သွားရောက်ဖူးမျှော်ကြပါသည် ။
           သင်္ကြန်အခါကြီးရက်ကြီးနဲ့ကြုံကြိုက်နေတာမို့ ဆွမ်းစားကွမ်းစားတွေကလည်း သံဃာ
နှင့်မမျှအောင် ပေါများလှပါသည် ။ တစ်နေ့တွင် ဆရာတော်နှင့်အတူ သံဃာ(၁၀)ပါးဟာ အိမ်
တစ်အိမ်က ဆွမ်းစားပင့်လို့ ကြွသွားပါတယ် ။
          အဲဒီအိမ်လေးက တောင်ခါးပန်းလေးကို အမှီပြုပြီး သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားတဲ့
အိမ်လေးမို့ နေချင်စဖွယ် ကောင်းလှပါတယ် ။ ဒီလိုလှပသေသပ်ပြီး အတွင်းပစ္စည်းတွေ ပြည့်
ပြည့်စုံစုံ ရှိတဲ့ အိမ်လေးမှာ နေထိုင်ခဲ့ကြတဲ့ မိသားစုကလည်း လူကုံတန်အသိုင်းအ၀ိုင်းထဲက ဆိုတာ
အပွေးမြင်အပင်သိ ဆိုသလို သိသာထင်ရှားလှပါတယ် ။
         ဆရာတော်တွေနဲ့ ဆွမ်းဒကာ ဒကာမတွေကလည်း ပြောဆိုနေတဲ့စကား အသွားအလာ အရ
တော်တော်လေးကိုပဲ ခင်မင်ရင်းနှီးနေကြဟန် တူပါတယ် ။ အလ္လာပ သလ္လာပစကားများ ပြောဆို
ပြီးတဲ့အခါ ဆရာတော်က တရားဟော ရေစက်ချပါတယ် ။ တရားဟောရေစက်ချပြီး တော့
ဒကာ ဒကာမတွေက ဆွမ်းကပ်ကြပါတယ် ။
         အဲဒီမှာ ဆွမ်းတွေက သူတို့ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဆွမ်းတွေ မဟုတ်ဘဲ လူမျိုးခြား
ဘာသာခြားဆိုင်တွေက အလွယ်တကူ သွားဝယ်ထားတဲ့ ဆွမ်းတွေ ဖြစ်နေပါတယ် ။ အဲဒီဆွမ်း
တွေကို ဆရာတော်ရှေ့အရောက် စားပွဲဝိုင်းနဲ့ ချကပ်လိုက်တဲ့အခါ ဆရာတော်က ဆွမ်းတွေကို
မဘုဉ်းပေးသေးပဲ ဆွမ်းဒကာ ဒကာမတွေကို ခေါ်ပြီး သြ၀ါဒကထာ မိန့်ကြားပါတယ် ။
          ဘုန်းကြီးကို တစ်မျိုးတော့ မထင်ကြနဲ့ ၊ ကြီးကျယ်တာလည်း မဟုတ်ဘူး ။ ဘုန်းကြီး
တော့ ဒီဆွမ်းမျိုးတွေ မဘုဉ်းပေးတာ ကြာပြီ ။ မကြိုက်လို့တော့ မဟုတ်ဘူး ။ ဘုန်းကြီးလည်း
မသိခင်တုန်းက ဒီဆွမ်းမျိုးတွေကို ဘယ်အိမ်က ကပ်ကပ် ၊ အ၀ဘုဉ်းပေးလိုက်တာပဲ ။ အခုလို
သိတတ်တဲ့အခါမှာတော့ အဆိပ်ပင်ကို ရေမလောင်းတော့ဘူး ။ ဒကာ ဒကာမတွေလည်း
မလောင်းမိကြဖို့ ဒီနေရာလေးမှာ ကြုံလို့ ပြောရဦးမယ်
         ဒကာ ဒကာမတွေအနေနဲ့ မသိလို့ မှားခဲ့ကြတာ မှားကြပစေတော့ ။ နောင်မှာ သိသိကြီး
နဲ့တော့ အမှားမဖြစ်စေနဲ့တော့ ၊ ဒကာ ဒကာမတွေက စေတနာနဲ့ဘုဉ်းပေးစေချင်လွန်းလို့ ဈေး
ကြီးကြီးတွေ ပေးဝယ်ပြီး အလွယ်တကူ ၀ယ်ကပ်ကြတယ် ။ ဒါပေမယ့် အဆိပ်ပင်ရေလောင်း
သလိုမျိုး ဖြစ်နေတယ်
           ဘုန်းကြီးက မြန်မာလူမျိုးဆိုတော့ ချိုချိုချဉ်ချဉ် ငန်ငန်စပ်စပ် မြန်မာတွေချက်တဲ့
မြန်မာထမင်းကိုပဲ သဘောကျတယ် ။ ဒါကြောင့်မို့ နောင်မှာ ဆွမ်းကပ်ချင်တယ်ဆိုရင် ကိုယ်ကို
တိုင်ပဲ ချက်ကပ်ကြပါ ။ ကိုယ် ကိုယ်တိုငချက်ကပ်တော့ ဝေယျာဝစ္စကုသိုလ်လည်း တစ်မျိုးတိုး
ပြီးရတာပေါ့
           အခု ဒကာ ဒကာမတွေ ဆွမ်းကပ်ကြတာဟာလည်း တစ်နည်းအားဖြင့် ပြောရရင်
သာသနာပြုတာပဲ ။ သာသနာပြုတဲ့နေရာမှာ သာသနာဖျက် မဖြစ်နေဖို့ အရေးကြီးတယ် ။ 
ဒကာ ဒကာမတွေက အလုပ်မရှုပ်အောင်ဆိုပြီး လူမျိုးခြား ၊ ဘာသာခြားဆိုင်တွေကမှာပြီး
ဆွမ်းကပ်ကြတယ် ။ ဒီဆွမ်းတွေဟာ ဘုန်းကြီးတို့ ဘုဉ်းပေးပြီးတာနဲ့ မကြာခင်မှာပဲ မစင်တွေ
ဖြစ်သွားမှာပဲ ။ ဒါပေမယ့် လူမျိုးခြား ဘာသာခြားတွေမှာတော့ ဒီဆွမ်းတွေကရတဲ့ အမြတ်တွေနဲ့
ချမ်းသာသွားကြတယ် ။
           သူတို့ ချမ်းသာတာကို ဘုန်းကြီးက မနာလိုလို့ ပြောနေတာ မဟုတ်ဘူးနော် ။ သူတို့
ချမ်းသာမှုက တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် ဘာတစ်ခုမှ အကျိုးမရှိဘူး ။ တခြား
မစဉ်းစားနဲ့ တစ်ချက်ကလေးပဲ စဉ်းစားကြည့် ။ သူတို့က တို့သာသနာအတွက် ဘုန်းကြီးတွေ ကို
ဆွမ်းတစ်ဇွန်းလောင်းဖူးလို့လား ။ သီလရှင်တွေကိုလည်း ဆန်တစ်ဇွန်း လောင်းဖူးလို့လား ။
နောက်ပြီး သူတို့ချမ်းသာလို့ အလှူအတန်းတွေပေးပြီး တို့မြန်မာတွေကို ထမင်းတစ်နပ်ခေါ်
ကျွေးတာမျိုးရော ရှိကြလို့လား ။
            အခု ဒကာ ဒကာမတွေ အဆင်ပြေလို့ ဘုန်းကြီးတွေကို ဆွမ်းပင့်ကပ်ကြတယ် ။
ဘုန်းကြီးတွေကို ဆွမ်းပင့်ကပ်ကြတယ် ဆိုပေမယ့် အခု တရားနာလာကြတဲ့ ပရိသတ်တွေကို လည်း
ကျွေးမွေးလှူဒါန်းဖြစ်သွားတာပါပဲ ။ ဒါက အလှူရှင်က ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဖြစ်နေလို့
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ စားရတာပါ ။ အလှူရှင်က လူမျိုးခြား ဘာသာခြားတွေ
ဖြစ်နေကြည့်ပါလား ၊ မြန်မာတွေ ထမင်းတစ်နပ်စားရဖို့ဝေးစွ ၊ အနားတောင် သီလို့ရမှာ
မဟုတ်ဘူး ။
           ဘုန်းကြီးတို့က သာသနာပြုတဲ့နေရာမှာ ရေရှည်ကိုကြည့်ပြီး သာသနာပြုကြရတယ် ။
ကိုယ့်ဘက်က ဒီလို အသေးအဖွဲကိစ္စလေးတွေကအစ ဆင်ခြင်ထားနိုင်မှ တော်ရာကျမယ်
ဘုန်းကြီးက ပစ္စည်းတစ်ခုခုလိုလို့ ၀ယ်ရင်တောင် ကိုယ်ဝယ်မယ့်ဆိုင်ကို ဘုရားစင်ရှိလား ၊ မရှိ လား
အရင် လေ့လာကြည့်တယ် ။ ရှိရင်ဝယ်တယ် ၊ မရှိရင် မ၀ယ်ဘူး
             လူမျိုးခြား ဘာသာခြားတွေဆိုရင် သိပ်စည်းကမ်းရှိကြတယ် ။ သူတို့လူမျိုး ၊
သူတို့ဘာသာဆိုင်တွေမှာပဲ ဈေးဝယ်ကြတယ် ။ သူတို့နဲ့ လူမျိုးမတူ ၊ ဘာသာမတူတဲ့ ဆိုင်တွေမှာ
မ၀ယ်ကြဘူး ။ သူတို့က ပေးရမယ့် အမြတ်အစွန်းတွေ တခြားလူမျိုးတွေဆီ မပေး ဘူးဆိုတဲ့
သဘောပေါ့ ။
            ဒါ သူတို့ကို အပြစ်တင်ရမှာ မဟုတ်ဘူး ။ ကိုယ်က သူတို့ကိုကြည့်ပြီး အတုယူရမှာ
တကယ်လည်း အတုယူထိုက်တဲ့ နည်းလမ်းပဲ ။ ဒီလို နည်းလမ်းကောင်းတွေ တို့မြန်မာလူမျိုး တွေမှာ
မရှိကြဘူး ။ ကိုယ့်ဆီမှာ မရှိလို့ သူများတွေဆီမှာ အတုယူတတ်မယ်မှတ်တယ် ။ အဲဒီ လိုလည်း
အတုမယူတတ်ကြဘူး ။
          ဘုန်းကြီးလည်း အရင်တုန်းက ဖာသိဖာသာပါပဲ ။ ဒီနည်းလမ်းလေးကို သူတို့ဆီက ရ
လို့ယူခဲ့တာ ။ တကယ်တမ်း တိတိကျကျနဲ့ သေသေသပ်သပ် လိုက်နာကျင့်သုံးမယ်ဆိုရင် ကိုယ့်လူမျိုး
၊ ကိုယ့်ဘာသာအတွက် သိပ်ကို တန်ဖိုးရှိတာ ။
           သူတို့က သူတို့လူမျိုး သူတို့ဘာသာဆိုင် အားပေးကြတာ အလကားသက်သက် အား ပေး
ကြတာ မဟုတ်ဘူး ။ သူတို့မှာ စည်းကမ်းရှိတယ် ။ ညီညွတ်မှုရှိတယ် ။ တစ်ယောက်နဲ့တစ်ယောက်
ကြင်ကြင်နာနာရှိတယ် ။ အပြန်အလှန် လေးစားယုံကြည်မှုရှိတယ် ဆိုတာတွေကို ပြသကြတာပဲ ။
           ဘုန်းကြီးက ဒီနေရာလေးမှာ စဉ်းစားမိတယ် ။ သူတို့က သူတို့လူမျိုး ၊ သူတို့ဘာသာ ကို
ချစ်ကြောင်းခင်ကြောင်း ပြသရင် တို့မြန်မာလူမျိုးတွေကလည်း ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ ကို
ချစ်ကြောင်းခင်ကြောင်း ပြသကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ ။ ဒါရှက်စရာ
မဟုတ်ဘူးနော် ။ ကိုယ့်လူမျိုးအချင်းချင်း ကိုယ့်ဘာသာအချင်းချင်း စည်းလုံးညီညွတ်မှု မရှိရင် သာ
ရှက်စရာပါ
          ဒါကြောင့်မို့ ဘုန်းကြီးက တို့လူမျိုးတွေကို အားမရဘူး ။ မကောင်းတဲ့အကျင့်တွေကိုပဲ
ကျင့်နေကြတယ်လို့ပဲ ပြောချင်တယ် ။ မကောင်းတဲ့အကျင့်ဆိုတာ ကောင်းတဲ့အကျင့်တွေကို
မကျင့်လို့ မကောင်းဘူးလို့ပြောတာ ။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအချင်းချင်းကိုတော့ တိုးတက်
ကြီးပွားချမ်းသာမှာကိုတော့ မလိုလားကြဘူး ။ ဣဿ မစ္ဆရိယတွေပဲ ဖြစ်နေကြတယ် ။ ဒါ
မကောင်းတဲ့အကျင့်ပဲ ။
          ကောင်းတဲ့အကျင့် ကျင့်ဖို့ဆိုတာကလည်း ပထမသိအောင် ကြိုးစားရမယ် ။ သိမှကျင့်
လို့ရမယ် ။ မသိရင် ကျင့်လို့မရဘူး ။ တို့လူမျိုးတွေက ဒီလို မဟုတ်ဘူး ၊ ကိုယ်ကိုယ်တိုင်လည်း
သိအောင် မလုပ်ဘူး ၊ သိတဲ့လူကပြောပြန်ရင်လည်း လျှာရှည်တယ်လို့ ထင်ကြတယ် ။
          မြန်မာပြည်မှာရှိတဲ့ လူမျိုးခြား ဘာသာခြားတွေပိုင်တဲ့ ဆိုင်တွေ လိုက်ကြည့်လိုက်ပါ ။
မြန်မာလူမျိုးတွေ အားပေးစားသောက်နေလိုက်ကြတာ အုံးအုံးထနေတော့တာပါပဲ ။ ပုရွက် ဆိတ်
ထန်းလျက်ခဲအုံနေသလို အလကား စားသောက်နေရသလား မှတ်ရတယ် ။ တို့မြန်မာ
ဆိုင်တွေမှာတော့ သူတို့က လာစားသောက်ကြတာ ဘယ်နှစ်ယောက်များ ရှိကြလို့တုန်း ။
(သူတို့ရဲ့အကြောင်းပြချက်က သူတို့ဘာသာရေးပညတ်ချက်အရ လို့ဆိုတယ် )
         အခု ဘုန်းကြီးတို့ခေတ်ရောက်လာတော့ အမျိုးသားရေးရော ဘာသာရေးပါ ပြိုင်ဘက်
တွေက ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာပြီ ။ အဲဒီတော့ ဘုန်းကြီးတို့က သာသနာပြုနေတာ
ဆိုပေမယ့် သာသနာဘက်မှာပဲ စိတ်အေးနေလို့ မရဘူး ။ အမျိုးသားရေးဘက်မှာလည်း ကူပေး
ဦးမှဖြစ်မှာ ၊ မကူပေးလို့လည်း မရဘူး ။ တို့အမျိုးသား အမျိုးသမီးတွေကပဲ တို့သာသနာကို ပြု
ကြတာ ၊ တခြားအမျိုးသားတွေကပါ တို့သာသနာကို တစ်စိတ်တည်း တစ်ဘာသာတည်း
ဝိုင်းပြုကြမယ်ဆိုရင် ဘုန်းကြီးက ဒီနေရာလေးမှာ ဘာမှပြောစရာ မလိုပါဘူး ။
          ဒါကြောင့်မို့ ဘုန်းကြီးက တို့လူမျိုးတွေကို တို့ဗုဒ္ဓဘာသာကြီး ရေရှည်တည်တံ့စေဖို့ ရှု
ထောင့်ပေါင်းစုံက မြင်စေချင်တယ် ။ သိစေချင်တယ် ။ သိမှမြင်မှလည်း လိုအပ်တဲ့နေရာတွေ မှာ
ဖြည့်ပေးနိုင်မယ် ။ ဘာသာရေးဘက်မှာ စိတ်မအေးစေချင်ဘူး ။ အမျိုးသားရေးဘက်မှာ လည်း
မပေါ့ဆစေချင်ဘူး ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွန်းနှစ်ဘက် ညီစေချင်တယ် ။ ဒါမှလည်း
တို့လူမျိုး တို့ဘာသာနဲ့ကမ္ဘာမှာ မြန်မာဆိုပြီး တည်တံ့နိုင်မှာ ။ ကဲ ဘုန်းကြီးရဲ့ သြ ၀ါဒကို
အချိန်မရတော့လို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်တော့မယ် ။ အမျိုးသားရေး ၊ ဘာသာ ရေးတွေမှာ
သွေးအေးအေး မနေကြပဲ အမြဲတမ်း နွေးနွေးထွေးထွေး ရှိကြပါစေ          
ကျမ်းညွှန်း -             
ရှင်ပညောဘာသ(ဖိုးပညော-သပိတ်ကျင်း)
ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့
...............................................................................................................
Tuesday, February 2, 2010
ဝိပဿနာမလုပ်ခင် ကြိုတင် သိစရာများ
          မြန်မာနိုင်ငံမှာ ၀ိပဿနာရိပ်သာတွေ ၊ ၀ိပဿနာ နည်းလမ်းတွေကလည်း အတော်
များပါတယ် ။ အားလုံး သူ့နည်းနှင့်သူ ကောင်းကြတာချည်းပါပဲ ။ ဒါမေမယ့် ကျွန်တော်နဲ့ ဘယ်
နည်းနှင့်သင့်တော်မလဲ ဆိုတာက ပြဿနာ ဖြစ်နေတယ် ။ ဒါကြောင့် ၀ိပဿနာရှုနည်းပေါင်းစုံ
ကိုလည်း သိအောင် ပထမ လေ့လာပြီးမှ ဘယ်နည်းဟာ မိမိနှင့် သင့်တော်မလဲ ဆိုတာကို ရွေး
ချယ်ရဦးမယ် ။ ဒီနေရာမှာ တစ်နည်းတည်းကို ရွေးချယ်ရမလား ၊ ဒီနည်းထဲက ကြိုက်နှစ်သက် တဲ့
အပိုင်းနှင့် ဟိုနည်းထဲက ကြိုက်နှစ်သက်တဲ့အပိုင်းကို ပေါင်းစပ်ပြီး ကိုယ့်နည်းနဲ့ကိုယ် လုပ်
ယူရမလား ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ဖို့ လိုဦးမယ် ထင်ပါတယ် ။ တစ်ခုရှိတာက ၀ိပဿနာ
အားထုတ်တာဟာ ကျောင်းမှာ ပညာသင်ကြားရတာနဲ့ တူတယ်လို့ နားလည်
သဘောပေါက်မိပါတယ် ။
          ကျောင်းပညာသင်ကြားတဲ့အခါ အခြေခံ မူလတန်းကစပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်
အမြင့်တန်းကို တက်ရသလိုပါပဲ ။ ထို့အတူ အန္ဓပုထုဇဉ် အကန်းဟာ ပထမ ကလျာဏပုထုဇဉ်
သုတဗုဒ္ဓိဥာဏ်မျက်စိအလင်းရသူ ဖြစ်အောင် လုပ်ရဦးပါမယ် ။ ပါဠိလို ပြောရင်တောအသုတ၀ါ
အကြားအမြင် မရှိတဲ့ အကန်းဘ၀ က သုတ၀ါ အရိယာ သာဝကော ဆိုတဲ့ အကြား အမြင်ရှိတဲ့
ပုထုဇဉ် (ကလျာဏပုထုဇဉ်) ဖြစ်အောင် ပထမ လုပ်ပြီးမှ သူဟာ အရိယာ၏သား တပည့်
စူဠသောတာပန် ဆိုတဲ့ သောတာပန် အငယ်စား ဖြစ်မယ် ။ စူဠသောတာပန် ဆိုတဲ့ အလယ်တန်း
အောင်ပြီဆိုမှ အထက်တန်း တက္ကသိုလ်ဝင်တန်း အောင်အောင် ဆက်ပြီး အား ထုတ်ရမယ် ။
ဆယ်တန်းအောင်တဲ့လူဟာ တက္ကသိုလ်က အဆင့်မြင့် ပညာတွေကို ဘွဲ့ရသည် အထိ ဆက်ပြီး
သင်ခွင့်ရတယ် မဟုတ်ပါလား ။
          အဲဒီလိုပဲ ဒီမှာလည်း မဟာသောတာပန်ဖြစ်မှ အထက် မဂ်အဆင့်ဆင့် ကို တက်နိုင် မယ် ။
ဒါကြောင့် ၀ိပဿနာအလုပ်ကို အန္ဓပုထုဇဉ် အနေနှင့် အားထုတ်တာဟာ မှားတယ်လို့ ကျွန်တော်
ယုံကြည်တယ် ။ မူလတန်းမအောင်ပဲနဲ့ အထက်တန်း စာမေးပွဲ ဖြေသူလို ဖြစ်နေမှာ
ပါ ။
အမှန်ပါပဲ ။ ဒီနေရာမှာ ၀ိပဿနာ အလုပ်ကို လုပ်မယ့် ယောဂီဟာ ကြိုတင် သိသင့်တဲ့ ပရိညာ
သုံးရှိတယ် ။
          ပရိညာဆိုတာ ပိုင်းခြား၍သိခြင်း လို့ အနက်ရပါတယ် ။ ကျေးဇူးရှင်လယ်တီဆရာတော်
ကြီးရဲ့ ၀ိပဿနာဒီပနီမှာ ဖော်ပြတာက ပရိညာဆိုသည်ကား” ဥာဏ်၏ ပိုင်နိုင်ခြင်းတည်း “ လို့
ဆိုထားပါတယ် ။ ပရိညာသုံးပါးရှိပါတယ် -
(၁) ဥာတပရိညာ
(၂) တီရဏပရိညာ
(၃) ပဟာနပရိညာ      လို့ခေါ်ပါတယ် ။ ဒါဟာ ပိုင်းခြားသိတဲ့ဥာဏ်အဆင့် သုံးဆင့်ပါပဲ ။
ပထမဦးစွာ ပုထုဇဉ်အကန်းဟာ အ၀ိဇ္ဇာကိုပယ်ပြီး ၀ိဇ္ဇာဥာဏ်အလင်းကို ရအောင် ရုပ်တရား
နာမ်တရားတွေရဲ့ ပရမတ္ထသစ္စာအမြင်ကို အစင်အကြယ်မြင်အောင် လေ့လာရပါမယ် ။ တရား
နာရင်းလည်း ဒီ ဥာတပရိညာ ကိစ္စ ပြီးနိုင်ပါတယ် ။ ရုပ်နာမ်နှစ်ပါးဟာ ခန္ဓာဖွဲ့ကြည့်တော့ ရူပခန္ဓာ
ဝေဒနခန္ဓာသညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာ ဆိုပြီး ခန္ဓာငါးပါးပဲ ရပါတယ် ။ ရုပ်ထဲမှာ
ငါမပါဘူး ၊ သညာဟာ ငါမဟုတ်ဘူး ၊ သင်္ခါရဟာ ငါမဟုတ်ဘူး ၊ ၀ိဥာဏ် ဟာ ငါမဟုတ်ဘူး ၊
ခန္ဓာငါးပါးထဲမှာ ယောက်ျားမပါဘူး ၊ မိန်းမ မပါဘူး ၊ ဒီတရားတွေဟာ ဓမ္မ သက်သက်ပဲ ၊ ဖြစ်ပြီး
ပျက်သွားတဲ့ တရားတွေပဲ ၊ ခိုင်တယ် မြဲတယ် ဆိုတာ ဘာဆိုဘာမှ မရှိ ဘူး ၊ ဒီလိုသိလိုက်ရင်
ဒီအမြင်ကလေးပေါက်သွားရင် ဒါဟာ ဥာတပရိညာ အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ ဒါက နားနှင့်
တရားနာပြီး ဥာဏ်နှင့်သိလိုက်တဲ့ သဘောပါပဲ ။ အဲဒီအဆင့်ကို ရောက်ရင် ပုထုဇဉ်ဟာ
သစ္စာနုလောမိကဥာဏ်(သစ္စာဥာဏ်) ရတဲ့ အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ ဒါဆိုရင် သူ့မှာ
အန္ဓပုထုဇဉ် ဘ၀ က အကန်းပျောက်ပြီး ဥာဏ်မျက်စိ ပေါက်ပြီ ဖြစ်၏ ။
             တီရဏပရိညာ အဆင့်က ခန္ဓာကို ရှုမှတ် ပွားများလိုက်တဲ့အခါ ရုပ်လည်း ဖြစ်ပြီး
ပျက်တယ် ၊ နာမ်တရားတွေလည်း ဖြစ်ပြီးပျက်တယ် ၊ အဲဒီလို ခဏ ခဏ ဖြစ်ပြီးပျက်တဲ့ ဖြစ်ပျက်
အနိစ္စကို မြင်ရင် ဖြစ်ပျက်တဲ့ တရားတွေကို မိမိက မဖြစ်ပါနှင့် ဆိုလို့လည်း မရ ၊ မပျက်ပါနှင့်
ဆိုလို့လည်းမရ ၊ ဘာတစ်ခုမှ အစိုးမရတဲ့ အနတ္တ ဖြစ်နေတာကို မြင်ပြီး ဒီတရားတွေဟာ
နှိပ်စက်ခြင်း ပိဠနဋ္ဌော ကိစ္စပဲ ရှိတယ် ဆိုတာကို မြင်ရင် တီရဏပရိညာ အဆင့်ကို ရောက်ပြီ ဖြစ်
၏ ။ ဥာဏ်နှင့်ပြောရင် ကိစ္စဥာဏ် အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ “ ကိစ္စ ဥာဏ် ဆိုတာ
ခန္ဓာငါးပါးရဲ့ကိစ္စဟာ ဖြစ်ပြီးပျက်တဲ့ ကိစ္စပဲ ရှိတယ် ၊ နှိပ်စက်တဲ့ ကိစ္စပဲ ရှိတယ် လို့ သိလိုက်ရတာကို
ဆိုလိုသည် “ ( အကျယ်ကိုလေ့လာချင်ရင် လယ်တီဆရာတော်ဘုရားရဲ့ ၀ိပဿနာဒီပနီ
ကိုလေ့လာပါ )
            ပဟာနပရိညာ ဆိုတာက တိုတိုပြောရရင် တရားအားထုတ်တဲ့အခါ ခန္ဓာငါးပါးရဲ့ ဖြစ်
ပျက်ကိုမြင်နေတာ ၊ ဒုက္ခသစ္စာကို မြင်နေတာ ၊ ရှုရင်း ရှုရင်းနဲ့ ဖြစ်ပျက်တွေကို မြင်ဖန်များတော့
ယောဂီက မုန်းတီး ငြီးငွေ့တဲ့စိတ် ဖြစ်လာတယ် ။ ပြီးမှ ဖြုန်းဆို ဖြစ်ပျက်အားလုံး ချုပ်ဆုံးသွားတဲ့
ဖြစ်ပျက်အဆုံး နိဗ္ဗာန်ကို သက်ဝင်သွားတဲ့ လောကုတ္တရာ မဂ် ဥာဏ် ပေါ်လာတယ် ၊ အဲဒါ
ကတဥာဏ် ၊ ပဟာနပရိညာ ရဲ့ သဘောပါပဲ ။ ( အကျယ်သိလိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့
ဝိပဿနာ အလုပ်စဉ်တရားစာအုပ် အမှတ် -၁၂ ကိုရှု )
            အခုပြောမယ့်အကြောင်းအရာက သိပ်ပြီးလေးနက်ပါတယ် ။ မိုးကုတ်ဆရာတော်
ဘုရားကြီးအမိန့်ရှိတာက ၀ိပဿနာအလုပ်ကို မလုပ်ခင် ဥာတပရိညာနှင့်ဒိဋ္ဌိဖြုတ်ရမယ်တဲ့
ဒိဋ္ဌိဖြုတ်တယ်ဆိုတာ ပြောတော့လွယ်တယ် ၊ ဒါပေမယ့် သိနားလည်ဖို့ကျတော့ အတော်ခက်ပါ
တယ် ။ အတ္တစွဲ ၊ ငါစွဲ ၊ ငါ့ဟာစွဲ ကို ပယ်ဖျက်ရမယ်လို့ ဆိုလိုတယ် ။ အတ္တစွဲပြုတ်ဖို့ ဆိုတာကလည်း
အနတ္တဥာဏ်အမြင် ထင်ရှားဖြစ်ပေါ်လာမှ အတ္တစွဲပြုတ်မှာ ဖြစ် ပါတယ် ။ မြန်မာဗုဒ္ဓဘာသာဝင်တွေ
မျက်စိလည်ပြီး ဥာဏ်လမ်းကနေ ကံလမ်းကို ရွေ့လျော သွားကြတာ ၊ ဘုရားဟောတရားက
ခန္ဓာဇာတ်သိမ်းဖို့ ၊ ဘ၀ချုပ်ငြိမ်းဖို့ကို အထွဋ်အမြတ် ထား ပြီး ဟောတယ် ။
မြန်မာဗုဒ္ဓဘာသာဝင်တွေအများစုကကျတော့ ခန္ဓာကြီးပွားဖို့ ၊ ဘ၀ကောင်း စားဖို့ကို အဓိက
အထွဋ်အထိတ် ထားပြီး လုပ်နေကြတယ် ။ ဒီလိုဖြစ်ရခြင်းအကြောင်းကို ကြည့်တော့
သာမန်မြန်မာဗုဒ္ဓဘာသာဝင် ဆိုသူတွေမှာ အနတ္တဥာဏ်အမြင် မရှိလို့ အနတ္တ သဘောကို
ဥာဏ်မမီလို့ ဖြစ်ရတာပဲဆိုတာ တွေ့ရပါတယ် ။ ဒီအချက်ကို နားမလည်ပဲနဲ့ တရား အားထုတ်ရင်
ဖြစ်ပျက်ကိုမြင်တာတောင် ဒိဋ္ဌိမပြုတ်လို့ ဖြစ် ပျက် မုန်း ဆိုတာကို ရောက်ဖို့ ခက်ပါတယ် ။  ဖြစ်
ပျက် ဆုံး ဖို့ကျတော့ ဝေးရောပေါ့ ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရား ကြီးဟောတဲ့ တရားဟာ
ကျွန်တော့စိတ်ထဲမှာတော့ အလွန်ယုတ္တိရှိတယ် ၊ လက်တွေ့ကျတယ်လို့ ထင်ပါတယ် ။
            ဒီအကြောင်းအရာသိရပြီး သူငယ်ချင်းတစ်ယောက် ဇဝေဇ၀ါ ဖြစ်သွားပါတယ် ။
သူငယ်ချင်းက “ ငါ့ခေါင်းထဲမှာလည်း အနတ္တသဘောကို နားမလည်ပါဘူးကွာ ။ မင်းပြောလို့ သာ ငါ
ငါ့ဥစ္စာ မရှိဘူး ဆိုတာကို ကြားရတယ် ၊ ခေါင်းထဲမှာတော့ ငါ ငါ့ဥစ္စာ မရှိဘူး ဆိုတာကို နားကို
မလည်ဘူး
            ကျွန်တော်က ဆက်ပြီး မေးကြည့်လိုက်တယ် “ နေပါဦး ၊ နားမလည်ရုံ မကဘူး ၊
ငါမရှိရင် နိဗ္ဗာန်ကို ဘယ်သူ ရောက်မလဲလို့ကော မတွေးမိဘူးလား ၊ ငါမရှိဘူး ဆိုရင် ဒီဘ၀ က
ငါပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို နောက်ဘ၀ ကျရင် ဘယ်သူ ခံစားမှာလဲ ၊ တစ်
ခြားတစ်ယောက် ခံစားမယ်ဆိုရင် သူများခံစားဖို့ အတွက် ငါက ဘာဖြစ်လို့ ကောင်းမှုတွေ
လုပ်ခဲ့ရမှာလဲ ဆိုတဲ့ အတွေးတွေကော မတွေးမိဘူးလား
            သူငယ်ချင်းက “ အင်း..ဟုတ်တယ် ၊ ဟုတ်တယ် ၊ အဲဒီလိုအတွေးမျိုးခပ်ဆင်ဆင် ငါ့
ခေါင်းထဲမှာ ပေါ်တယ် ၊ ငါမရှိရင် လူတစ်ယောက်ကို လူတစ်ယောက်ကသတ်ပြီး ငါမရှိဘူး ၊ ငါ
သတ်တာ မဟုတ်ဘူး ၊ ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါး က သတ်တာလို့ ပြောရင် ဘယ့်နှယ်လုပ်မလဲ
            ကျွန်တော်က “ အေး..ထားတော့ ၊ မေးတာကတော့ သိပ်ပိုင်တယ် ၊ မျက်စိလည်ရတဲ့
အကြောင်းကတော့ ပညတ်နဲ့ပရမတ် ကို မကွဲလို့ ၊ ငါတို့မှာ မွေးကတည်းက မိဘများ ၊ ဆရာ
သမားများက ပညတ်တွေကို မှတ်တတ်တဲ့ သညာအား ကောင်းအောင်ပဲ သင်ပေးခဲ့တယ် ။
ဘာသာစကားရဲ့ ဘောင်ကလည်း ရှိသေးတယ် ။ ဘာသာစကားက ပညတ်တွေကို ခေါ်တတ်
အောင် ၊ ပညတ်တွေရဲ့ ဆက်နွယ်နေပုံတွေကို နားလည်အောင်ပဲ သင်ပေးတယ် ။ ပိုင်းခြားပြီး
သိတဲ့ဥာဏ် ၊ ဥာတပရိညာကို မရခဲ့ဘူး ။ အမှန်က ခန္ဓာငါးပါးရဲ့ သဘောအမှန်ကို ငါတို့ မသိခဲ့
ကြဘူး ။ ရုပ်လို့ပြောရင် ငါတို့က မှန်ထဲမှာမြင်ရတာကို ရုပ် ၊ ဓာတ်ပုံ ရိုက်လို့ အရုပ်ထင်တာကို ရုပ် ၊
ချိန်ကြည့်ရင် ပိဿာလေးငါးခြောက်ဆယ် ရှိတာကို ရုပ် ၊ သေရင်ခေါင်းထဲထည့်ပြီး မီးရှို့ရ တာ
မြေမြှုပ်ရတာကို ရုပ် ၊ လမ်းသွားရင် ခွေးဟောင်တာကို ရုပ်လို့ မှတ်နေကြတာကိုးဗျ ၊
ဘုရားဟောက ပူတာ အေးတာ တေဇောရုပ် ၊ မာတာ ပျော့တာ ပထ၀ီရုပ် ၊ လှုပ်ရှားတာ
ထောက်ကန်တာ ၀ါယောရုပ် ၊ ယိုစီးတာ ဖွဲ့စည်းတာ အာပေါရုပ် ၊ ဒီရုပ်တွေက တစ်စက္ကန့်တောင်
မမြဲဘူး ၊ ခုဖြစ် ခုပျက်ပဲ ၊ ဒါကြောင့် မင်းအိမ်က လာတုန်းက ပါတဲ့ရုပ်ဟာ ခု ငါ့ဆီကိုရောက်တော့
မရှိတော့ဘူး ၊ လမ်းမှာတင် ပျက်ခဲ့ပြီးပြီ ၊ အိမ်ကလာတုန်းက ရှိခဲ့တဲ့ စိတ် တွေ ၊ ခံစားမှုတွေ ၊
မှတ်သားခဲ့တာတွေ ၊ လုပ်ချင် ကိုင်ချင်ခဲ့တာတွေကကော ခု ရှိသေးလို့ လား
            မရှိတော့ပါဘူး ၊ ဟုတ်ပါတယ် ၊ မရှိတော့ပါဘူး
             သူငယ်ချင်းရဲ့ အသံထဲမှာ ချင့်ချင့်ချိန်ချိန် ပြောသောအသံ ပါသည် ။
           မိနစ်တိုင်း စက္ကန့်တိုင်း ဒီရုပ် ဒီနာမ်တွေ ပျက်စီး ချုပ်ပျောက်နေတယ် ၊ ရုပ်သစ်
နာမ်သစ်တွေကလည်း အစားထိုးနေကြတယ် ၊ ဒါဆိုရင် မင်းထင်သလို ဒီခန္ဓာငါးပါးထဲမှာ မြဲနေ တာ
ခိုင်နေတာ ဘာရှိသလဲ
             ဘာမှ မရှိဘူးလို့ ဆိုရမှာပေါ့
            ဆိုရမှာပေါ့ ဆိုတာက မဆိုချင်လည်းရတယ် ဆိုတဲ့ အနက် ထွက်နိုင်သေးတယ် ၊ ဒီ
ကိစ္စမှာ ဒီလို ခြွင်းချက် မရှိဘူးနော် ၊ မရှိဘူးလို့ပဲ ယတိပြတ်ဆိုရမယ် ၊ ဟုတ်ပြီလား
            ဟုတ်ပါပြီ သူငယ်ချင်း
           အဲဒါ ဥာဏ်အမြင်ပဲ သူငယ်ချင်း ၊ အနိစ္စကို မြင်တာ ၊ ဓမ္မကို မြင်လိုက်တာလေ ၊ ဖြစ်
ပျက်ကို မြင်လိုက်တာ ၊ ဒီလိုမြင်မှ သက္ကာယဒိဋ္ဌိ ဆိုတဲ့ အပါယ်မျိုးစေ့ ပြုတ်ထွက်သွားတယ်
ကျမ်းညွှန်း -             
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်အကြောင်း
/
...............................................................................................................