Showing posts with label ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး. Show all posts
Showing posts with label ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး. Show all posts

Friday, June 11, 2010

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး(၃)

   မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။

မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ်၏ ။ 

နည်းသောပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့် ဖောက်

ပြန်၏ ။ ပရိသတ်ကိုဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသောအဖြစ်ကို ဆောင်ရွက်ခြင်း

ငှာမတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာ

သည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သားတို့သည် ဥပဒေကို ချိုး 

ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သော ဥပဒေနှင့်အညီ မအုပ်ချုပ်သော 

မင်းကိုလည်း အပြစ်ဒဏ် ပေးရမည် ။ ထို့အပြင် မင်းကဲ့သို့ မကျင့် ၊ ဓားပြကဲ့သို့ ကျင့်သော မင်း

အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ ။

            ဇာတက ထဲတွင်လည်း အပြစ်မရှိသည့် တိုင်းသူပြည်သားများကိုသာ အပြစ်ဒဏ်ပေးပြီး

တကယ့်လက်သည် တရားခံကိုဖြင့် အပြစ်မပေးဘဲထားသည့် မင်းသည် တိုင်းပြည် အုပ် ချုပ်ဖို့

မသင့်သည့် မင်းဖြစ်ကြောင်း ဖော်ပြထားပါသည် ။

        မင်းတို့မည်သည် မိမိကိုယ်ကို တိုးတက်မှုရှိအောင် မိမိ၏ အပြုအမူ အပြောအဆိုကို မိမိဘာ

သာ အမြဲတမ်း စိစစ်မှု ရှိရမည် ။ ပြည်သူလူထု၏ ထင်မြင်ချက်များကို သိနေအောင် အမြဲ စနည်းနာ

ရမည် ။ မိမိသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှားအယွင်း တစ်စုံတစ်ရာ ပြုမိခြင်း ရှိမရှိကို အကဲ

ခတ်နေရမည် ။

         အကယ်၍ မိမိသည် တရားသဖြင့် မအုပ်ချုပ်သောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ပြုခဲ့

မိပြီဟု သိမြင်လာသောအခါမှာလည်း ပြည်သူလူထုက မတရားသော မင်း၏ အုပ်ချုပ်မှု ကြောင့် ငါ

ငါတို့ပျက်စီးရပြီဟု အပြစ်တင် ဝေဖန်လာကြလိမ့်မည် ။ ကောက်ကျစ်စဉ်းလဲသောမင်းသည် မတရား

သဖြင့် အပြစ်ဒဏ်စီရင်ခြင်း ၊ မတရားသဖြင့် အခွန်အတုတ်ကောက်ခံခြင်း ၊ အခြားသောနည်းများ

ဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ၊ အဂတိအမျိုးမျိုး လိုက်စားခြင်းကြောင့် ပြည်သူများက ထိုမင်းအားတစ်နည်း

မဟုတ်တစ်နည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မည် ။ တစ်နည်းဆိုသော် မင်းသည် တရားသဖြင့် အုပ်

ချုပ်သောအခါ ပြည်သူလူထုက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု ဆုမွန်ကောင်းများ

တောင်းကြလိမ့်မည် ။

                                                                                           ( မဇ္ဈနိမနိကာယ် )

       မြတ်စွာဘုရားသည် အုပ်စိုးသူ အစိုးရမင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကို အလေးပေး

ဟောကြားတော်မူပါသည် ။ အကျင့်သီလကောင်းမွန်ပြီး ပြည်သူလူထုက အပ်နှင်းထားသည့် အချုပ်

အခြာအာဏာကို ပြည်သူလူထုဘ၀ သက်သာချောင်ချိရေး ၊ တိုးတက်ကြီးပွားစေရေးအတွက်

အသုံးပြုရေး ဟောကြားချက်များက အာသောက ဧကရာဇ် ဘုရင်ကြီးကို ဘီစီ ၃၀၀ ခန့်က အလွန်

အားပေးအားမြှောက်ပြုခဲ့ပါသည် ။ ဤတရားများနှင့်အညီ အုပ်စိုးတော်မူခဲ့သည့်အတွက် အာသောက

မင်းကြီး၏ ဂုဏ်သတင်းသည် လူ့သမိုင်းတွင် ထွန်းပခဲ့ပါသည် ။ အာသောကမင်းကြီးသည် မြတ်ဗုဒ္ဓ 

ဟောကြားတော်မူခဲ့သော တရားဓမ္မများ နှင့်အညီ မင်းပြုတော်မူခဲ့ပါသည် ။ သူ၏ အိမ်နီးချင်းတိုင်း

ပြည်များအပေါ် နယ်ချဲ့လိုခြင်း သဘောထားကို ကြေငြာတော်မူခဲ့သည် ။ ထိုအကြောင်းကိုလည်း  

အခြားသော ပြည်ထောင် မင်းများထံ တမန်စေပြီး  သိကြားစေတော်မူသည် ။

               တစ်ပါးသောမင်းများအပေါ် သူထားရှိသည့် ချစ်ကြည်ရေး သဘောထားကို ယုံကြည်

စိတ်ချရအောင် အခိုင်အမာပြုခဲ့ပါသည် ။ သူ့လက်ထက်တွင် ရိုးသားဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း

၊ ကရုဏာထားခြင်း ၊ ကြင်နာသနားပြီး အကြမ်းမဖက်ခြင်း ၊သတ္တ၀ါအားလုံးအပေါ် ထောက်ထား

ညှာတာသောစိတ် ရှိခြင်း ၊ အသုံးအဖြုန်း မကြီးခြင်း ၊ သိမ်းပိုက်မှု မပြုခြင်း ၊ တိရစ္ဆာန်များအား

ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း မပြုရေး ဆိုသည့် အားရှိသော တရားများ နှင့်အညီ အုပ်ချုပ် မင်း

လုပ်တော်မူခဲ့ပါသည် ။ မင်းကြီးသည် ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း အားပေး 

ခွင့်ပြုခဲ့သည် ။ မတူသောဘာသာဝင် အချင်းချင်း လေးလေး စားစားဆက်ဆံရေး ကိုလည်း အား

ပေးတော်မူသည် ။ ကျေးလက်ဒေသနေ ပြည်သူလူထုအများ ရှိရာ အရပ်သို့လည်း မကြာခဏ

ကိုယ်တော်တိုင် သွားရောက်ပြီး တရား ဓမ္မများကို ဟောကြားဆုံးမတော်မူသည် ။ ပြည်သူ့ 

 သက်သာချောင်ချိရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည့် လုပ်ငန်းများကိုလည်း ကိုယ်တိုင်

ကြီးကြပ်ပြီး တည်ထောင်သည် ။ ဆေးရုံများ တည်ဆောက်သည် ။ လူများအတွက်ရော ၊  

တိရစ္ဆာန်များအတွက်ပါ ဆေးရုံ ဆေးခန်းများကို ထူထောင်သည် ။ ဆေးများကို ဝေငှသည် ။

လမ်းဘေး အရိပ်ရ သစ်ပင်များကို စိုက်ပျိုးစေသည် ။ ရေတွင်း ရေကန်များကို တူးဖော်စေသည် ။

ရေအိုးစင်များ ၊ ဇရပ်များကို လည်း တည်ဆောက်ပြီး လှူဒါန်းခဲ့သည် ။ အထူးသဖြင့် တိရစ္ဆာန်များ

အပေါ် ရက်စက်ကြမ်းကြုတ်မှုကို တားမြစ်တော်မူခဲ့သည် ။

            တစ်ခါတစ်ရံ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို လူမှုပြုပြင် ပြောင်းလဲရေးသမားကြီး အဖြစ်လည်း 

ဖော်ပြ ပြောဆိုတတ်ကြသည် ။ တခြားသော လူမှုပြုပြင် ပြောင်းလဲမှု အလုပ်များအနက် အထူးသဖြင့်

အိန္ဒိယပြည်တွင် အရိုးစွဲနေသော ဇာတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချ ပြစ်တင်တော်မူ သည် ။ လူ အချင်းချင်း

တန်းတူညီတူထားရေး သဘောထားအမြင်ကို အသိအမှတ်ပြုတော်မူ သည် ။ လူမှုစီးပွား တိုးတက်ကြီး

ပွားရေးကို ဆောင်ရွက်ရန်လည်း အရေးထား ဟောကြားတော်မူပါသည် ။ ဥစ္စာဓနများကို အညီအမျှ

ဖြန့်ဝေခံစားရရေးကို အရေးတကြီးထားပြီး ဆင်းရဲ ချမ်းသာ အလွန်အမင်း မကွာခြားရေးကိုလည်း

ဟောကြား ဆုံးမတော်မူပါသည် ။ အမျိုးသမီးများ၏ လူမှု ဘ၀ အဆင့်အတန်းကိုလည်း မြှင့်တင်တော်

မူပါသည် ။ အုပ်စိုးသူအစိုးရ၏လုပ်ငန်းထဲတွင် လူသားချင်း စာနာသည့် လုပ်ငန်းတွေကိုလည်း ပူးတွဲ

လုပ်ဆောင်ရန်ထောက်ခံပြီး ပြညွှန်တော်မူသည် ။ နောက်ပြီး လူ့ အဖွဲ့အစည်းကို အုပ်ချုပ်ရာတွင်

လောဘတဏှာ ဦးစီးပြီး မလုပ်ကြရန် မေတ္တာ ကရုဏာနှင့် စာနာထောက်ထားစိတ်ဖြင့်သာ အုပ်ချုပ် 

 ကြဖို့ကိုလည်း တိုက်တွန်း ဆုံးမတော်မူပါသည် ။

             ထိုအရေးကိစ္စများထက် ပိုပြီး လူသားများအတွက် မြတ်စွာဘုရား ပြုခဲ့သည့် အကျိုးပြု

လုပ်ငန်းကြီးတစ်ခုရှိ၏ ။ ထိုအလုပ်မျိုးကို ဗုဒ္ဓ မတိုင်မီကလည်း ဘယ်သူမှ လုပ်ရကောင်းမှန်း

မသိသည့်ကိစ္စဖြစ်၏ ။ မြတ်ဗုဒ္ဓသည် လူသားတို့၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေ

သည့် မကောင်းမှုသဘောထားတွေကို ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့ပါသည် ။ ပြုပြင်

ပြောင်းလဲရေးကို အပြင်ပန်း ဗဟိဒ္ဓအားဖြင့် လုပ်တာက ရေတိုပဲ ရ၏ ။ တကယ်တမ်း ပြုပြင်ပြောင်း

လဲရေး လုပ်ချင်လျှင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှ ဖြစ် ၏ ဆိုသည်ကို ထုတ်ဖော် ဟောကြား

တော်မူခဲ့ပါသည် ။

        အင်အားကို အသုံးပြုပြီး လုပ်သည့် ပြုပြင် ပြောင်းလဲရေးသည် ခဏပဲခံမည် ဖြစ်၏ ။ အဘယ်

ကြောင့်ဆိုသော် ထို ပြုပြင် ပြောင်းလဲရာတွင် စွဲစရာ အမြစ် မပါပေ ။ အကိုင်းအခက်တွေက ဘေး

ပြင်ဘက်ကို ဖြာထွက်နေကြပါ၏ ။ ဘ၀င်စိတ် ဆိုသည့် မကုန်ခန်း နိုင်သည့် ရင်းမြစ်တွေဆီက အဆီ

သြဇာဓာတ်ကို ရနေလို့ ဖြစ်၏ ။ တကယ်တမ်း ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ကတော့ ပြုပြင် ပြောင်းလဲ

လိုသည့်စိတ် အဆင်သင့် ဖြစ်နေမှသာလျှင် ဖြစ်နိုင်ပါသည် ။ လူတွေသည် မိမိကိုယ်တိုင် အမှန်တရား

ကိုချစ်မြတ်နိုးမှု လူ အချင်းချင်း တရားမျှတစေလိုမှု ဆိုသည့် တရားများဆီက ရှင်သန်အားကို ရရှိနေ

သရွေ့ရပ်တည် ရှင်သန်နေကြမှာပဲ ဖြစ်သည် ။

         မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားသည် နိုင်ငံရေးဒဿနကို အခြေခံပြီး ဟောတာ

မဟုတ်ပေ ။ နောက်ပြီး ထိုတရားများသည် လူတွေအတွက် လောကီ စည်းစိမ် ချမ်းသာတွေ ရဖို့ကို 

အခြေခံဟောကြားတာလည်း မဟုတ်ချေ ။ နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်သန်ပြီး ဟောကြားတာတွေချည်း

ဖြစ်၏ ။ တစ်နည်းဆိုသော် နောက်ဆုံးပိတ် ရည်မှန်းချက်ကတော့ တဏှာကိုသေအောင်သတ်ဖို့ပင်

ဖြစ်သည် ။ တဏှာက လူသားများကို လောကထောင်ထဲတွင် ချုပ်နှောင် အကျဉ်းချထားတာ ဖြစ်

သည် ။ ဓမ္မပဒထဲတွင်ပါသည့် ပါဠိစာပိုဒ်တစ်ခုသည် ထိုအချက်ကို ပေါ်လွင် ထင်ရှားစေပါသည် ။

လောကီချမ်းသာရကြောင်းက တစ်လမ်း ၊ ဘာသာရေး ဘ၀ကို ထူထောင်ပြီး နိဗ္ဗာန်ရောက်ကြောင်း

တရားတစ်လမ်း ဖြစ်၏ ။ သို့သော် လည်း ထိုစကားသည် ဗုဒ္ဓဘာသာဝင်တွေ၏ နိုင်ငံရေးနှင့်ဘာမှ

မပတ်သက်ကြဘူးဆိုသည့် အနက်အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပေ ။ လူ့အဖွဲ့အစည်းထဲက

လူတွေ၏ဘ၀ကို တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ပုံဖော်ယူကြရတာ ဖြစ်၏ ။ စီးပွားရေး

အစီအမံတွေကိုလည်း နိုင်ငံတစ်နိုင်ငံ အတွင်းမှာပဲ လုပ်ခွင့်ရကြတာ ဖြစ်၏ ။ ထိုအရာတွေကို ဒီ

နိုင်ငံတွင်းမှ နိုင်ငံရေးက သြဇာသက်ရောက်ပါသည် ။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်တွေလည်း

နိုင်ငံရေးတွင်ပါဝင်လိုကြသည် ။ သို့သော်လည်း နိုင်ငံရေး အာဏာရဖို့ ဘာသာရေးကိုတော့ ခုတုံး

မလုပ်သင့်ချေ ။


ကျမ်းညွှန်း -

ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက

 

            

/

.................................................................................................................  

Thursday, March 18, 2010

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး(၂)


         ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခတ္တိယ ဆိုသော စစ်သူရဲ မျိုးရိုးနွယ်ဇာတ်မှ ဆင်းသက် လာသူ

ဖြစ်သည် ။ ထို့ကြောင့် သဘာဝအားဖြင့် အုပ်ချုပ်သူ မင်းမျိုးမင်းနွယ်ထဲ ကျရောက် သွားပါသည် ။

မင်းမျိုးအုပ်စိုးသူ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း မြတ်ဗုဒ္ဓ ဟော ကြားတော်မူခဲ့သော

တရားတွေထဲတွင် နိုင်ငံရေး သြဇာအာဏာ ရရှိရေးကို ရည်ရွယ်ပြီး ဘယ် သောအခါမှ မဟောကြားခဲ့

ပေ ။

            မိမိ၏ တရားဒေသနာများကို နိုင်ငံရေး အာဏာ ရရှိရေး ကိစ္စ တွင် တလွဲ အသုံးချသည်ကို

လည်း မည်သည့်အခါမှ ခွင့်ပြုတော် မမူခဲ့ပေ ။ သို့ရာတွင် ယခု ခေတ် ယခုအချိန်အခါတွင် လူ

အတော်များများသည် ဗုဒ္ဓ ၏ နာမည်ကို နိုင်ငံရေးထဲ ဆွဲ သွင်း လာကြသည်ကို တွေ့နေရပါသည် ။

             အချို့က ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ကွန်မြူနစ် ဟု စွပ်စွဲသူ စွပ်စွဲ ၊ အရင်းရှင်ဟု စွပ်စွဲသူ

စွပ်စွဲ ၊ အချို့ကဆိုလျှင် နယ်ချဲ့သမား ဟု ရမ်းရမ်းကား ကား ပြောဆို စွပ်စွဲမှု ရှိလာကြသည် ။ မိမိတို့

၏ ကိုယ်ကျိုး ကိုယ့်ကိစ္စအတွက် မြတ်ဗုဒ္ဓ ၏ မွန် မြတ်လှသည့် နာမည် ဂုဏ်သတင်းအား အသုံးချလာ

သူတွေအနေနှင့် သိထားသင့်သည်မှာ မြတ်ဗုဒ္ဓသည် အတုမရှိသော သဗ္ဗညုတ ဉာဏ်တော်ရှင်

သမ္မာသဗ္ဗုဒ္ဓ ဖြစ်တော်မူခြင်းသည် လောကီနယ်အား လွန်မြောက်သွားခြင်း ဖြစ်သည် ဆိုသည့်

အချက်ပင် ဖြစ်၏ ။

          ဘာသာရေးကို လောကီရေး ၊ နိုင်ငံရေးနှင့်ရောထွေးအောင် အားထုတ်ခြင်းသည် ပြဿနာ

ကို ဖန်တီးခြင်းပင် ဖြစ်သည် ။ ဘာသာရေး၏အခြေခံမှာ ကိုယ်ကျင့်သီလ ဖြစ်၏ ။ သန့်စင်ခြင်း 

ဝိသုဒ္ဓိနှင့် ယုံကြည်ခြင်း သဒ္ဓါတရား ဖြစ်၏ ။ နိုင်ငံရေး ဆိုသည်ကား အာဏာတွင် အခြေခံ၏ ။

         လူ့သမိုင်းတစ်လျှောက်တွင် အာဏာရ အုပ်စိုးသူများသည် မိမိတို့၏ အာဏာရ အုပ်စိုး

ခြင်းကိုတရားဝင်ကြောင်း ၊ ဘုရားအလိုတော်ကျ ဖြစ်လာသည် ဖြစ်ကြောင်း လူအများ ယုံကြည် 

အောင်လုပ်ရာတွင် ဘာသာရေးအား ဆွဲသုံးတာတွေ ရှိခဲ့ပါသည် ။ စစ်တိုက်သည်ကိုပင် ဘာသာ

ရေးစစ်ပွဲဆိုပြီး တရားသောစစ် ၊ မွန်မြတ်သောစစ် ဟု လူအများယုံကြည်အောင်လည်း ဘာသာ

ရေးကို ခုတုံးလုပ်တတ်ကြသည် ။ ဘာသာရေး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြ သည် ။

ရက်စက် ကြမ်းကြုတ်မှု ၊ အကြမ်းဖက်မှု ၊ ပုန်ကန်မှု ၊ ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု

စသည်များကိုလည်း ဘာသာရေး မျက်နှာဖုံးစွပ်ပြီး ကျူးကျူးလွန်လွန် လုပ်ခဲ့ကြ၏ ။

       ဘာသာရေးအား မိမိတို့ နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြသည် ။ ထို့ကြောင့်

ဘာသာတရား၏ မြင့်မားသော ကိုယ်ကျင့်တရားစံတွေသည် နိုင်ငံရေး လောဘတွေ ကြောင့် ယုတ်

ညံ့မှုတွေ ဖြစ်ကုန်ကြရတော့သည် ။

         ဗုဒ္ဓဓမ္မ ၏ ရုတ်တရက် ထိုးဝင်လာမှုသည် နိုင်ငံရေးစနစ်တစ်ခုကို တီထွင်ဖို့ မဟုတ်ပေ ။ နိုင်ငံ

ရေး အစီအစဉ်များအား ချမှတ်ဖို့လည်း မဟုတ်ပေ ။ အခြေခံအားဖြင့် ဘာသာရေးသည် လူ့အဖွဲ့

အစည်း၏ ပြဿနာများအား ချဉ်းကပ်ရာတွင် လူ့အဖွဲ့အစည်း၏ ကိစ္စများကို ဆောင်ကြဉ်းနေသော

လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်သော ယေဘုယျမှုတွေကို အကြံပြုပြီး ထိုမူ

တွေအရ လူသားတစ်ရပ်လုံး၏ ဘ၀ သာယာတိုးတက် ကောင်းမွန်ရေး ၊ ရင်းမြစ်တွေကို အညီအမျှ

အကျိုးတူ ခံစားရရေးတွေကို ဖြစ်ပေါ်လာစေဖို့ပင် ဖြစ်သည် ။

        နိုင်ငံရေးစနစ်တစ်ခုသည် လူသားများ၏ သာယာဝပြောမှုနှင့်ပျော်ရွှင်မှုကို လုံခြုံအောင် ကာ

ကွယ် စောင့်ရှောက်နိုင်မှုက အတိုင်းအတာတစ်ခုအထိပဲ ဖြစ်၏ ။ အကန့်အသတ်နှင့် ရှိခြင်း ပင်ဖြစ်

သည် ။ မည်သည့် နိုင်ငံရေးစနစ်မှ ၊ ဘယ်လောက်ပင် စံထားလောက်သည်ဟု ထင်ရ သော စနစ်မျိုး

မှ လူ့အဖွဲ့အစည်းထဲမှ လူတွေ လောဘ ၊ ဒေါသ ၊ မောဟ တရားများနောက် လိုက်နေကြသည်မို့ ဒီ

တရားတွေ လွှမ်းမိုးနေလျှင် လူ့အဖွဲ့အစည်း တစ်ခုကို ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခ ရအောင်

မဆောင်ရွက်နိုင်ပေ ။ ထို့အပြင် မည်သည့်နိုင်ငံရေးစနစ်မျိုးကို လက်ခံကျင့်သုံးမလဲဆိုသည်က လို

ရင်းမဟုတ်ချေ ။ ဤ လူ့အဖွဲ့အစည်း က လူတွေမှာ ယေဘုယျ ကျသော သဘောတွေကို တွေ့ကြုံ 

ခံစားနေကြရသည် ဆိုလျှင် ၊ ကံ ကံ၏အကျိုး ၊ ကောင်းကံ ၊ မကောင်းကံ၏အကျိုးကို ခံစားကြရ

မည် ။ စစ်မှန်သောစိတ်ကျေနပ်မှု ၊ မြဲမြံသော ချမ်းသာ သုခ ဆိုသည့် အနိစ္စသဘော ၊ ဒုက္ခသဘော  

၊ အနတ္တသဘောရှိသော လောကကြီးထဲတွင် ဘယ်သော အခါမှ မပြည့်စုံနိုင်ပေ ။ အမြဲတမ်း လိုနေ

မှာပဲဟု သိနားလည်ထားကြလျှင် --

           ဗုဒ္ဓဘာသာဝင်တွေ၏အမြင်မှာ သံသရာတွင် ဘယ်နေရာမှာမှ စစ်မှန်သော လွတ်လပ်ခွင့်

ဆိုသည်မရှိ ။ နတ်ပြည် ၊ ဗြဟ္မာ့ပြည်မှာပင် မရှိနိုင်ဟု နားလည်ထားပါသည် ။

        ကောင်းသော နိုင်ငံရေးစနစ်တစ်ခု ၊ တရားမျှတသော နိုင်ငံရေး စနစ်တစ်ခုတွင် လူ့ အခြေခံ

အခွင့်အရေးများကို အာမခံချက်ပေးထားပြီး အာဏာကို ချုပ်ကိုင်သူများကိုလည်း ချုပ်ချယ် ကန့်သတ်

ပြီး ချိန်ခွင်လျှာ ညီမျှအောင် ထိန်းပေးထားသည့် စနစ်ဖြစ်စေကာမူ လူတွေ သည် အပြည့်အ၀ လွတ်

လပ်ခွင့်ရှိသည့် နိုင်ငံရေး စနစ်မျိုးကို အချိန်ကုန် ငွေကုန်ခံပြီး ရှာနေ ကြရပြန်၏ ။ အဘယ်ကြောင့်

ရှာနေကြသည်ဆိုလျှင် ဘယ်နိုင်ငံရေးစနစ်မှာမှ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို မတွေ့နိုင်လို့ပင် ဖြစ်

သည် ။ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို စနစ်ထဲတွင် ရှာလျှင် မည်သည့်အခါမှ မတွေ့နိုင်ပေ ။ စိတ်ထဲ

မှာပဲ ရှာလို့ရနိုင်သည် ။ အမှန်တကယ် လွတ်လပ်ချင် သည်ဆိုလျှင်လွတ်လပ်မှုအပြည့်အ၀ကို ရဖို့

အတွက်ဆိုလျှင် လူတွေအနေနှင့် ကိုယ့်စိတ်ထဲမှာ ပဲ စိတ်၏ လွတ်လပ်ခွင့်ကို ရှာရမည်ဖြစ်သည် ။

 ဤသည်ကား မိမိ၏ စိတ်ထဲတွင် ရှိနေ သော အ၀ိဇ္ဇာနှင့်တဏှာ ဆိုသည့် သမုဒယ ကိလေသာ

တွေမှ လွတ်မြောက်အောင် အားထုတ်ရမည်ပင် ဖြစ်၏ ။

         အစစ်အမှန်ဆုံး လွတ်လပ်ခွင့်အား ရနိုင်မှာက လူတွေသည် ဓမ္မ ဆိုသည့် တရားသဘော

ကိုကျင့်သုံးလာနိုင်မှ ဖြစ်မည် ဖြစ်၏ ။ မိမိတို့၏ ကာယကံ ၊ ၀စီကံ ၊ မနောကံ တွေကို ထိန်းချုပ်ပြု

ပြင်ပြီး မိမိတို့၏အကျင့်သီလ တိုးတက် ကောင်းမွန်လာအောင် လုပ်ရမည် ။ ထိုမှတစ်ဆင့် မိမိတို့၏

စိတ်အဆင့် မြင့်မားလာအောင် လုပ်ရမည် ။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရောက်အောင် ရည်မှန်းပြီး လုပ်

နိုင်မှ ရမည် ဖြစ်၏ ။

           ဘာသာရေးကို နိုင်ငံရေးနှင့်ခွဲခြားထားရမည်ဆိုသည့်အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး

စနစ်ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနှင့် ပတ်သက်၍ ဗုဒ္ဓ၏

သင်ကြားချက်များတွင် အချက်အလက် မြောက်မြားစွာ ရှိပါသည် ။ ထိုဘုရားဟော ဒေသနာတော်

များထဲတွင် ယနေ့ ကမ္ဘာကြီးထဲမှ လူသားများအတွက် တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေနိုင်ခြင်း ၊ နိုင်ငံ

ရေး အစီအမံများအတွက် အသုံးတည့်ခြင်းတွေ အများကြီး ပါရှိပါသည် ။

             ပထမဦးစွာ မြတ်ဗုဒ္ဓက အေဗရာဟန်လင်ကွန်း မပြောမီ ရှေးပဝေသဏီ ကတည်းက လူ

သားချင်းတန်းတူညီမျှ ရှိရမည် ဆိုသည့်စကားကို မိန့်ကြားတော် မူခဲ့သည် ။ ထို့နောက် ဇာတ် ၊ လူ

တန်းစားဆိုသည့် လူ့အဖွဲ့အစည်းကြီးထဲတွင် လူတွေက တမင်ဖန်တီးခဲ့ကြသည်သာ ဖြစ်သည် ။ မြတ်

ဗုဒ္ဓက လူတွေကို ခွဲခြားသတ်မှတ်ရာတွင် သူတို့၏အကျင့်သီလအပေါ်မူတည်ပြီးမှ အယုတ် ၊ အလတ်

အမြတ် ခွဲခြားပုံကိုဟောကြားတော်မူခဲ့သည် ။

         ဒုတိယအချက်မှာ လူသားအချင်းချင်း လူ့ဘောင် အကျိုးကိုဆောင်ရွက်ရာတွင် စိတ်ပါ လက်ပါ

အတူတကွ ရိုင်းပင်း ဆောင်ရွက်ကြဖို့ကို ဟောတော်မူပါသည် ။ ခေတ်သစ် လူ့အဖွဲ့အစည်းထဲတွင်

လည်း နိုင်ငံရေး ကိစ္စများတွင် ထို လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စိတ်ဓာတ်ကိုမြှင့်တင်ကြပါသည် ။

      တတိယအချက်ကား ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆက်ခံသူ မည်သူ့ကိုမျှ မခန့်ထားခဲ့ချေ ။ သံဃာ

အဖွဲ့အစည်းကို ဓမ္မ၀ိနယကသာ လမ်းညျွှန် တော်မူရမှာ ဖြစ်သည် ။ ယနေ့ထက်တိုင် သံဃာတော်

များကို ၀ိနည်း ဥပဒေများကသာ ချုပ် ကိုင် လမ်းညွှန်လျက် ရှိပါသည် ။

           စတုတ္ထအချက်မှာ မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း တိုင်ပင် စည်းဝေး ဆုံးဖြတ်

လုပ်ကိုင်သည်ကို အားပေးတော်မူသည် ။  ထိုအချက်ကို သံဃာတော်များ၏ အဖွဲ့အစည်း ထဲတွင်

ပိုပြီးထင်ရှားပါသည် ။ သံဃာ အဖွဲ့အစည်းထဲတွင် သံဃာနှင့်ဆိုင်သော ကိစ္စအား သံဃာတော်

တိုင်း ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိပါသည် ။ ကြီးကျယ်သော ပြဿနာ ပေါ် ပေါက်လာမှသာ

လျှင် ပြဿနာ၏အတိမ်အနက်ကို သံဃာတော်များ ရှေ့မှောက် တင်ပြပြီး ဒီမိုကရေစီ ပါလီမန်

လွှတ်တော်တွင် ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင် ကြရပါသည် ။

         ဤကဲ့သို့ သံဃာတော်ကို သံဃာတော်များ ကိုယ်တိုင် အုပ်ချုပ်ပုံ စနစ်မျိုး လွန်ခဲ့သည့် 

နှစ်၂၅၀၀ကျော် ဗုဒ္ဓခေတ် ကတည်းက ကျင့်သုံးမှု ရှိခဲ့သည်ဟု သိရလျှင် အလွန်အံ့သြစရာ

ဖြစ်နေပါသည် ။ ပါလီမန်တွင် ဥက္ကဋ္ဌ (လွှတ်တော်ဥက္ကဋ္ဌ)အား ခန့်အပ်သလို အခမ်းအနားကို

ထိန်းသိမ်းဖို့ သံဃာ့နာယကဆရာတော်ကိုရွေးချယ်ရပါသည် ။  ဒုတိယအနေနှင့်အခမ်းအနား

အစီအစဉ်တကျဖြစ်မဖြစ်ကို ကွပ်ကဲဖို့အတွက် အကျိုးတော်ဆောင် ဆရာတော်ကိုလည်း သံဃာ

များက ခန့်အပ်ကြပါသည် ။ 

          ထို့နောက် အမှုကိစ္စများကို အဆိုများ အဖြစ် တင်သွင်းကြရပါသည် ။ ဤအဆိုများကို 

သံဃာတော်များအားလုံးမှ ၀ိုင်းပြီး ဝေဖန် ဆွေးနွေးကြပါသည် ။ အချို့ကိစ္စတွေသည် တစ်ကြိမ်

တည်းနှင့်ပြီးပါသည် ။ အချို့ကိစ္စများမှာ သုံးကြိမ်တိုင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါ သည် ။

           ဤအလေ့အကျင့်သည် ပါလီမန် စနစ် မပေါ်ပေါက်ခင်ကတည်းက ဥပဒေတစ်ခုကို

အတည်မပြုခင် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကြရသည့် သဘောပင် ဖြစ်သည် ။ ဆွေးနွေးကြရာ

တွင်လည်း သဘောထားကွဲလွဲမှု ရှိလာလျှင် ထိုကိစ္စကို အများစု ဆန္ဒမဲဖြင့် မဲပေးပြီး ဆုံးဖြတ်

ခဲ့ကြရသည် ဖြစ်၏။

 

ကျမ်းညွှန်း -

ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက

/

..............................................................................................................  

ဗုဒ္ဒဘာသာနှင့်နိုင်ငံရေး


  ဗုဒ္ဓဘာသာသည် နိုင်ငံရေးအာဏာကို ချဉ်းကပ်ရာတွင် ကိုယ်ကျင့်တရား (မင်းကျင့်တရား)နှင့် ပြည်သူ့အာဏာကို

သုံးစွဲရာတွင် တာဝန်ယူမှုအပေါ် အခြေခံပါသည် ။ ဗုဒ္ဓ ရှင်တော်မြတ်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား

ဆုံးမတော်မူပါသည် ။ ငြိမ်းချမ်း ရေးကိုသာ တစ်လောကလုံးနှင့်ဆိုင်သည့် တရားအဖြစ် သတ်မှတ်ပါသည် ။

လူ့အသက်အား ဖျက်ဆီးခြင်း ၊ အကြမ်းဖက်ခြင်းကို မြတ်ဗုဒ္ဓ ခွင့်ပြုတော် မမူချေ ။ ထို့အပြင် တရားသောစစ် ဆိုသည်

ဘယ်တော့မှ မရှိဘူး ဟူ၍လည်း ပြတ်ပြတ်သားသား ကြေငြာတော်မူပါသည် ။

        မြတ်ဗုဒ္ဓသင်ကြားချက်က “ အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာသည် ။ ရှုံးနိမ့်သူကား ဆင်းရဲစွာ

နေကြရသည် ။ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်း သုခနှင့် ငြိမ်းချမ်းခြင်းကို ရနိုင်သည်  ဟု ဓမ္မပဒ

တွင် ဟောတော်မူပါသည် ။ မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ၊ ငြိမ်းချမ်းရေးတရားကိုသာ ဟောကြားတော်မူသည်

မဟုတ်ချေ ။ စစ်ပွဲဖြစ် သောနေရာက်ုပင် ကိုယ်တိုင်ကြွသွားပြီး စစ်မဖြစ်ကြရန် တားဆီးတော်မူသည့် ဘာသာရေး

ခေါင်းဆောင်ဖြစ်ပြီး လူ့သမိုင်းတွင် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပါ သည် ။

         သကျသာကီဝင်မင်းများနှင့် ကောလိယတွေသည် ရောဟိနီမြစ်မှရေကို ခွဲဝေရေး ကိစ္စ တွင် အငြင်းပွားပြီး

စစ်ဖြစ်ရန် တင်းမာနေကြသည် ။ သို့ဖြင့်၍ ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ စစ်ဖြစ် ရန် ပြင်ဆင်နေသော စစ်တလင်းကို

ကိုယ်တိုင် ကြွသွားပြီး တင်းမာမှုများ ပြေပျောက်စေရန် တရားဓမ္မများကို ဟောကြား ဆုံးမတော်မူပါသည် ။ နောက်ပြီး

အဇာတသတ်မင်း မှ ၀ဇ္ဇီတိုင်း အား စစ်မတိုက်ဖြစ်ရန်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ဆွဲဆောင်တော်မူနိုင်ခဲ့ပါသည် ။

             မြတ်ဗုဒ္ဓသည် အစိုးရကောင်းတစ်ခု၏ အရေးပါအရာရောက်ကြောင်းနှင့် အုပ်စိုးသူ အစိုးရကောင်း

ဖြစ်ရန်အတွက် ကြိုတင်ရှိအပ်သော အရည်အချင်းများကိုလည်း ထုတ်ဖော် ဟောကြားတော်မူခဲ့ပါသည် ။ နောက်ပြီး

တိုင်းပြည်တစ်ပြည်တွင် အဂတိ လိုက်စားမှုများ မည်သို့ ဖြစ်လာနိုင်သည် စသည်ဖြင့် ဟောကြားရာတွင်

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောနိုင်ငံ အကြီးအကဲမှ အကျင့်ပျက်ပြီး အဂတိ လိုက်စား၍ မတရားပြုကျင့်သောအခါ

တိုင်းသူပြည်သား များမှလည်း အကျင့်ပျက်ပြီး အဂတိ လိုက်စားတတ်ပုံကို ဟောကြားတော်မူပါသည် ။ ဤသို့

အုပ်စိုးသူမင်းအစ ၊ မင်းလုလင်ပါမကျန် အဂတိ လိုက်စားကြပြီဆိုလျှင် တိုင်းသူပြည်သား လူ အများ စိတ်ဆင်းရဲရပုံ ၊

တိုင်းပြည် ဆုတ်ယုတ် ပျက်စီးရပုံများကိုလည်း ထုတ်ဖော်ဟောကြား တော်မူပါသည် ။ မြတ်စွာဘုရားသည်

အဂတိလိုက်စားခြင်း သဘောကို ဆန့်ကျင် ဟောကြား တော်မူခဲ့ပါသည် ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ အစိုးရသည်

လူသားချင်း စာနာ ထောက် ထား ၊ သနားငဲ့ညှာသော မူဝါဒဖြင့် အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါသည် ။

            တစ်ခါသော် မြတ်စွာဘုရားမှ “ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူမှ တရားမျှတပြီး ကောင်းစွာ အုပ်ချုပ်သူ

ဖြစ်ပါလျှင် မှူးမတ် အရာရှိများလည်း တရားမျှတပြီး ကောင်းစွာ တာဝန် ထမ်းဆောင်သူများ ဖြစ်လာသည် ။ အဆင့်မြင့်

တိုင်းပြည် တာဝန်ရှိသူများမှ ကောင်း မွန်ပြီး တရားမျှတသောအခါ အရာရှိ အရာခံများ ၊ လက်အောက်ငယ်သား

မင်းမှုထမ်း မင်းလု လင်များက အစ အားလုံး ကောင်းမွန်သူများ တရားမျှတသူများ ဖြစ်လာကြပါသည် ။ ဤသို့

အုပ်စိုးသူများက တရားမျှတ ကောင်းမွန်သူများ ဖြစ်ကြပြီဆိုလျှင် တိုင်းသူပြည်သား လူအများ

သည်လည်းတရားမျှတသူတွေတိုင်းသူပြည်သားကောင်းတွေဖြစ်လာကြ၏

                                                                                         (အင်္ဂုတ္တရနိကာယ်)

           စက္က၀တ္တိသီဟနန္ဒသုတ်တွင် မြတ်ဗုဒ္ဓက အကျင့်ပျက်မှု ၊ ရာဇ၀တ်များ ဖြစ်ကြသော ခိုးမှု ၊ လိမ်မှု ၊ အကြမ်းဖက်

တိုက်ခိုက်မှု ၊ မုန်းတီးမှု ၊ ရက်စက်ကြမ်းကြုတ်မှုများသည် ဆင်းရဲ ကျပ်တည်းမှုကြောင့် ဖြစ်လာရကြောင်းကို

ဟောတော်မူပါသည် ။ အစိုးရမင်းများအနေဖြင့် ရာဇ၀တ်မှုများအား အပြစ်ဒဏ်ထားခြင်းဖြင့် နှိမ်နင်းကြရမည် ။

သို့သော်လည်း ရာဇ၀တ်မှု ပပျောက်အောင် အင်အားကို သုံးပြီးလုပ်ခြင်းအားဖြင့် အကျိုးမဲ့ အချည်းနှီး ဖြစ်ကြောင်းကို

ဟောတော်မူပါသည် ။

          ကုတဒန္တသုတ်တွင်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားက အင်အားသုံး၍ ရာဇ၀တ်မှုကို နှိမ်နင်းမည့်အစား

စီးပွားရေးအဆင်ပြေလာအောင် လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြု ဟောကြားတော်မူပါသည် ။ အစိုးရသည်

တိုင်းပြည်၏ အရင်းအမြစ်များကို အသုံးပြု၍ ပြည်သူ များ၏ စီးပွားရေး တိုးတက် ကောင်းမွန်လာအောင် လုပ်ပေးရမည်

။ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လူနေမှု ဘ၀ သက်သာချောင်ချိပြီး တိုးတက်ကြီးပွားလာအောင်

ဆောင်ရွက် ပေးရမည် ။ ငွေရေးကြေးရေး ၊ အကူအညီ ၊ အထောက်အပံ့များကိုလည်း စီးပွားရေးလုပ်ငန်း

စွန့်စားလုပ်ကိုင်ချင်သူများအား ပေးရမည် ။ လက်လုပ်လက်စား အလုပ်သမားများကိုလည်း သူတို့ဘ၀ အသက်ရှင်

နေထိုင်ရေးအတွက် လုံလောက်သည့် လုပ်ခလစာကို ထောက်ပံ့ပေး ကမ်းရမည် ။ ဤနည်းများဖြင့် လူ့ဂုဏ်သိက္ခာ

မကျဆင်းရအောင် စောင့်ရှောက်ပေးရမည် ဟု ဟောကြားထားပါသည် ။

           ဇာတက နိပါတ်တော်တွင်လည်း မင်းကျင့်တရား(၁၀)ပါးကို အစိုးရကောင်းတို့ လိုက် နာအပ်ကြောင်း

ဟောတော်မူထားပါသည် ။ ထို မင်းကျင့်တရား(၁၀)ပါးသည် ယခုခေတ် ယခုကာလတွင်လည်း တိုင်းပြည်အား

ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုသည့် အစိုးရမင်းများ အသုံးချလျှင် အသုံးတည့်နိုင်ပါသည် ။ ထို မင်းကျင့်တရား

(ရာဇဓမ္မ) ဆယ်ပါးမှာ -

၁ ။ ရက်ရောမှု လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်း မဆန်ခြင်း (ဒါန)

၂ ။ အကျင့်သီလ အဆင့်မြင့် ကောင်းမွန်ခြင်း (သီလ)

၃ ။ တိုင်းသူပြည်သားများ၏ ဘ၀ သက်သာချောင်ချိရေးအတွက် မိမိ၏ ကိုယ်ကျိုးအတ္တကို စွန့်        လွှတ် အနစ်နာခံခြင်း (ပရိစာဂ)

၎ ။ ရိုးသား ဖြောင့်မတ်ပြီး အကြွင်းမဲ့ ဂုဏ်သိက္ခာရှိခြင်း (အဇ္ဇ၀ံ)

၅ ။ ကြင်နာ သနားတတ်ခြင်း (မဒ္ဒ၀ံ)

၆ ။ တိုင်းသူပြည်သားများ အားကျလောက်အောင် မိမိ၏ ဘ၀အနေအထိုင် ရိုးသားခြင်း (တပံ)

၇ ။ အမျက်ဒေါသ ကင်းစင်ခြင်း (အကောဓံ)

၈ ။ အကြမ်းမဖက်ခြင်း (အ၀ိဟိံသံ)

၉ ။ သည်းခံတတ်ခြင်း (ခန္တီ)

၁၀ ။ ပြည်သူလူထု၏ ထင်မြင် ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုကို          မြှင့်တင်ခြင်း  (အ၀ိရောဓနံ)

တို့ ဖြစ်ပါသည် ။

             မင်းတို့ ကျင့်အပ်သော တရားနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက ဆက်လက်ဟောကြားတော် မူသည်မှာ -

၁ ။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် ဘက်လိုက်ခြင်း ၊ အဂတိလိုက်စားခြင်း ၊ တိုင်းသူပြည်သား

လူအများတို့အပေါ် ခွဲခြားဆက်ဆံမှု မရှိခြင်းလည်း တစ်ရပ်

၂ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း စိတ်ထား၍ ဆက်ဆံခြင်း

မပြုခြင်းလည်း တစ်ရပ်

၃ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တရားမျှတမှုရှိသော တရားဥပဒေကို ပြဋ္ဌာန်းရာတွင်

ကြောက်ရွံ့ ထိတ်လန့်မှု မရှိခြင်းလည်း တစ်ရပ်

၎ ။ မင်းကောင်း အစိုးရကောင်းတို့ မည်သည် မိမိတို့ ပြဋ္ဌာန်းလိုသော ဥပဒေကို ကောင်းစွာ သိ နားလည်မှု ရှိရမည် ။

ငါ့မှာ ဥပဒေပြဋ္ဌာန်းခွင့် အာဏာရှိသည် ဆိုကာမျှ သဘောထားဖြင့် ပြဋ္ဌာန်းခြင်း မပြုအပ် ။ တရားဥပဒေကို

ပြဋ္ဌာန်းရာတွင် အကြောင်း ယုတ္တိ ခိုင်လုံမှု ရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဋ္ဌာန်းရမည်

                                                                                  (စက္က၀တ္တိသီဟနန္ဒသုတ်)           

/

......................................................................................................................................