Showing posts with label ဘာသာရေးအမေးအဖြေများ. Show all posts
Showing posts with label ဘာသာရေးအမေးအဖြေများ. Show all posts
Friday, September 4, 2009
ငါးပါးသီလအမေးအဖြေများ
                                    ၄ ။ ငါးပါးသီလ
မေး ။               ။ တစ်ခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား ၊ နတ်ဘုရားများ
ရဲ့ ပညတ်တော်တွေထဲမှ ရကြပါတယ် ။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်
လိုလုပ်ပြီး အမှား အမှန်ကို သိကြပါသလဲ ။
ဖြေ ။             ။ လောဘ ၊ ဒေါသ ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်တော်တို့ကို နိဗ္ဗာန်မှ ဝေးစေတဲ့ ကာယကံ
ဝစီကံ ၊ မနောကံ များဟာ မကောင်းမှုတွေ ဖြစ်ပါတယ် ။ ( အမှားတွေပါ ) ။ ပေးကမ်း လှူဒါန်းခြင်း ၊ မေတ္တာထား
ခြင်း နှင့် အသိပညာတို့အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ရဲ့ နိဗ္ဗာန်သွားရာလမ်းကြောင်းကို ရှင်းလင်းပေးတဲ့
ကာယကံ ၊ ၀စီကံ ၊ မနောကံ များသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ် ။ ( အမှန်တွေပါ ။ )
               ထာဝရဘုရားကို ဗဟိုပြုထားတဲ့ ဘာသာတရားများမှာ အမှား အမှန်သိဖို့ လိုအပ်တာ အားလုံးကတော့
ထာဝရဘုရားပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ ။ လူသားကို ဗဟိုပြုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရား
များမှာ အမှား အမှန် သိဖို့ကတော့ မိမိကိုယ် ကို နက်နက်နဲနဲ သိရှိမှု ၊ နားလည်သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်
အောင် လုပ်ရပါတယ် ။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံ
တဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ် ။
               ဒါကြောင့် အမှား အမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာတစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ် ။ အဲဒါ
တွေကတော့ ---
(၁) ရည်ရွယ်ချက်
(၂) အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှု
(၃) သူတစ်ပါးအပေါ်မှာ အကျိုး သက်ရောက်မှုများ  ........ ပါပဲ ။
           ဒါန ၊ မေတ္တာ ၊ ပညာ တို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင် ၊ ပြီးတော့ မိမိကိုယ်ကိုလည်း
( ပိုပေးကမ်း လှူဒါန်းအောင် ၊ ပို မေတ္တာထားအောင် ၊ ပို အသိပညာပွားအောင် ) ကူညီရင် ၊ ပြီးတော့ သူတစ်ပါး
ကိုလည်း (
ပိုပေးကမ်း လှူဒါန်းအောင် ၊ ပို မေတ္တာထားအောင် ၊ ပို အသိပညာပွားအောင် ) ကူညီရင် အဲဒီအလုပ်
ဟာ ကောင်းမှု ကုသိုလ်တွေ ၊ ကောင်းတဲ့ ကိုယ်ကျင့်တရားတွေပါပဲ ။
                    တစ်ကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ်က
အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေမယ့်လည်း ကိုယ့်အတွက် ဖြစ်စေ ၊ သူတစ်ပါးအတွက် ဖြစ်စေ
ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ့်ရည်ရွယ်ချက်က မကောင်းပေမယ့်လည်း ကိုယ့်အလုပ်
က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ် ။ တစ်ခါတစ်ရံမှာ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ လုပ်တဲ့
အလုပ်က ကိုယ့်ကို အကျိုး ရစေပေမယ့် သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ် ။ ဒီလို ကိစ္စမျိုးမှာ
အကောင်းနဲ့ အတော်အသင့် ကောင်းတာ ရောနေတတ်ပါတယ် ။
                    ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလည်း ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေ
ဘူးဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး ။ ရည်ရွယ်ချက်ကောင်းလို့ အလုပ်ကလည်း ကိုယ့်ကိုရော သူတစ်
ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အ၀ ကောင်းတဲ့ အလုပ်ပါ ။
မေး ။                       ။ ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား ။
ဖြေ ။                       ။ ရှိပါတယ် ။ ငါးပါးသီလ ဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ ။ ပထမ
သိက္ခာပုဒ်က သတ္တ၀ါကို ထိခိုက်နာကျင်စေခြင်း ၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ် ။ ဒုတိယ က ခိုးမှုမှ
ရှောင်ကြဉ်ခြင်း ၊ တတိယ က ကာမဂုဏ် ကိစ္စတွေမှာ ဖောက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊
စတုတ္ထ က လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ၊ ပဉ္စမ က မူးယစ်စေတတ်တဲ့ အရက်သေစာ နှင့် မူးယစ်ဆေး
ဝါး မှန်သမျှ ရှောင်ကြဉ်ခြင်းများ ပါပဲ ။
မေး ။             ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သတ်ဖြတ်တာဟာ ကောင်းတာ သေချာပါတယ် ။ ဥပမာ - ရောဂါ ပျံ့နှံ့
စေတဲ့ ပိုးကို သတ်တာ သင့်ကို သတ်မည့်လူကို သတ်တာမျိုးပေါ့ ။
ဖြေ ။             ။ သင့်အတွက်တော့ ကောင်းမှာပေါ့ ။ အဲဟို အသတ်ခံရတဲ့ ပိုးမွှား ၊ အသတ်ခံရတဲ့လူမှာ ဘယ်လို
နေမလဲ ။ သင် အသက်ရှင်နေချင်သလို သူတို့လည်း အသက်ရှင်နေချင်တာပေါ့ ။သင်ရောဂါဖြန့်ပိုးကို သတ်ဖို့ ဆုံး
ဖြတ်တဲ့အခါမှာ ကိုယ့်ကို စိုးရိမ်ကြောင့်ကြမှု ( ကောင်းတာ ) နှင့်ပြောင်းပြန်သဘော ( မကောင်းတာ ) ရောနှော
နေတယ် ။ အဲဒီ သတ်ဖြတ်မှုက သင့်ကို ကောင်းကျိုး ( ကောင်းမှု ) ရစေပြီး ၊ ဟို ပိုးမွှားကို ဆိုးကျိုး ( မကောင်းမှု )
ရစေတာ ထင်ရှားပါတယ် ။ ဒီတော့ ရံဖန်ရံခါမှာ သတ်ဖြတ်ဖို့ လိုကောင်း လိုမှာ ဖြစ်ပေမယ့် ဘယ်တော့မှ ကောင်း
မှုတော့ မဖြစ်နိုင်ပါဘူး ။
( မဟာစည်ဆရာတော်ဘုရားကြီးကတော့ ဒီရောဂါပိုးမွှားများကို သတ္တ၀ါ ဟု မမှတ်ယူသင့်ကြောင်း မိန့်ကြားဖူးပါ
တယ် ။ ) - ကိုဦး (ထားဝယ်)
မေး ။                ။ သင်တို့ ဗုဒ္ဓဘာသာတွေဟာ ပုရွက်ဆိတ်တွေ ၊ ကြမ်းပိုးတွေ နှင့် ပတ်သက်လို့ စိုးရိမ်ကြောင့်ကြ
လွန်းပါတယ် ။
ဖြေ ။               ။ ဗုဒ္ဓဘာသာဝင်တွေဟာ ခွဲခြားမှု မရှိဘဲ အားလုံးကို လွှမ်းခြုံမိတဲ့ သနားကြင်နာ ကရုဏာတရား
တိုးပွားဖို့ ကြိုးစားနေကြပါတယ် ။ သူတို့ဟာ ကမ္ဘာလောကကြီးကို သတ္တ၀ါတိုင်း သူ့နေရာနှင့်သူ ၊ သူ့လုပ်ငန်း
ဆောင်တာနှင့်သူ အသီးသီး စုပေါင်း ဖွဲ့စည်းထားတဲ့ အပေါင်းအဖွဲ့ကြီး တစ်ခုအဖြစ် မြင်ကြပါတယ် ။
                ကျွန်တော်တို့ဟာ သဘာဝတရားရဲ့ သိမ်မွေ့တဲ့ ချိန်ညီမှုကို ဖျက်ဆီး မပစ်မီ ကျွန်တော်တို့ သတိထား
သင့်တယ်လို့ ယုံကြည်ကြပါတယ် ။ သဘာဝတရားကို အပြည့်အ၀ လက်ဝါးကြီးအုပ် သုံးစားခြင်း ၊ လျော့သွားတာ
ကို ပြန်ဖြည့်မပေးဘဲ သဘာဝတရားရဲ့ နောက်ဆုံး အစက်အပေါက်ကလေး တစ်ခုကိုတောင်မှ မရမက ဖြစ်ညှစ်
ယူခြင်း ၊ သဘာတရားကို အနိုင်ယူခြင်း ၊ လွှမ်းမိုးခြင်းများ အပေါ်မှာ အလေးပေးထားတဲ့ အဲဒီ ယဉ်ကျေးမှုတွေကို
ပဲ ကြည့်ပါဦး ။
                 အခု သဘာဝက တော်လှန် တိုက်ခိုက်နေပြီ ။ လေဟာ အဆိပ်သင့်နေပါပြီ ။ မြစ်ရေတွေ ညစ်ညမ်းပြီး
ခန်းခြောက်ကုန်ကြပြီ ။ လှပတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်း မြောက်များစွာ မျိုးသုဉ်းကုန်ကြပါပြီ ။ တောင်တွေပေါ်မှာ
သစ်ပင် ကင်းမဲ့ပြီး တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ ။ ရေတိုက်စား ကုန်ကြပြီ ။ ရာသီဥတုတောင်မှ ပြောင်းလဲ နေ
ပါပြီ ။
                 လူတွေဟာ ကြိတ်ချေဖို့ ၊ ဖျက်ဆီးဖို့ ၊ သတ်ဖြတ်ဖို့ စိတ်စောနေမှုကလေး နည်းနည်း လျော့ပေးလိုက်
ရင်ပဲ အခုပြောခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အားလုံး
ဟာ သဘာဝရဲ့ အသက်ကို လေးစားမှု နည်းနည်းလေးပဲ ဖြစ်ဖြစ် ပိုတိုးလာအောင် ကြိုးစားသင့်ကြပါတယ် ။
" ဒါဟာ သတ္တ၀ါရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း " ဆိုတဲ့ ပထမသိက္ခာပုဒ်က ပြောပြနေတဲ့အချက်ပါပဲ ။
မေး ။             ။ ဒါပေမယ့် မုသာဝါဒနဲ့ ပတ်သက်တာကျတော့ ဘယ်လိုလဲ ။ မုသား မပြောဘဲ နေလို့ ဖြစ်ပါ့မလား ။
ဖြေ ။              ။ လူ့အသိုင်းအ၀န်းထဲမှာ ဖြစ်စေ ၊ စီးပွားရေးလောကထဲမှာ ဖြစ်စေ မုသား မပါဘဲ နေထိုင် လုပ်ကိုင်
လို့ အမှန်တစ်ကယ် မဖြစ်ဘူးဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အကျင့်ပျက်မှုမျိုးကို ပြောင်းလဲ ပစ်သင့်ပါ
တယ် ။ ဗုဒ္ဓဘာသာဝင်ဆိုတာ ပိုပြီး တော်တည့် မှန်ကန်ဖို့ ၊ ပိုပြီး ရိုးသားဖြောင့်မတ်ဖို့ ကြိုးစားရင်း ပြဿနာနဲ့
ပတ်သက်လို့ လက်တွေ့လုပ်ကိုင် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ လူမျိုးပါ ။
မေး ။              ။ ကောင်းပြီ ၊ ဒါဖြင့် အရက် နှင့် ပတ်သက်လို့ ဘယ်လိုလဲ ။ နည်းနည်းပါးပါးလေး သောက်တာက
တော့ မထိခိုက်တာ သေချာပါတယ် ။
ဖြေ ။            ။ လူတွေဟာ အရက်ကို အရသာခံဖို့ မသောက်ကြပါဘူး ။ သူတို့တစ်ယောက်တည်း သောက်တဲ့အခါ
စိတ်ပြေလက်ပျောက် သောက်ကြတာပါ ။ လူမှုရေး အနေနဲ့ သောက်တဲ့အခါ အများနဲ့ လိုက်လျောညီထွေ ဖြစ်စေ
ဖို့ သောက်ကြတာပါ ။ သို့သော်လည်း အရက်ကို နည်းနည်းလေးပင် သောက်ဦးတော့ စိတ်ဓာတ် ပျက်စီးပြီး သတိ
လက်လွတ် ဖြစ်စေပါတယ် ။ အများကြီး သောက်ရင်တော့ ပျက်စီးတော့တာပါပဲ ။
မေး ။             ။ ဒါပေမယ့် နည်းနည်းပါးပါး သောက်တာဟာ သီလ မကျိုးဘူး မဟုတ်လား ။ နည်းနည်းလေးပဲဟာ ။
ဖြေ ။              ။ ဟုတ်ပါတယ် ။ နည်းနည်းလေးပါပဲ ။ ဒါပေမယ့် နည်းနည်းတောင်မှ မစောင့်ထိန်းနိုင်ရင် သင့်
ဆုံးဖြတ်ချက်ဟာ မခိုင်မာဘူးပေါ့ ။ မဟုတ်ဘူးလား ။
မေး ။            ။ ငါးပါးသီလဟာ အပြုသဘော မဟုတ်ပါဘူး ။ ငါးပါးသီလက သင့်ကို မလုပ်ဖို့ပဲ ပြောတယ် ။ လုပ်ဖို့
ကျတော့ မပြောဘူး ။
ဖြေ ။           ။ ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့အခြေခံ ကျင့်ဝတ်မျှပါပဲ ။ ကျင့်ဝတ်အားလုံး မဟုတ်
ပါဘူး ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို မှတ်သားထားပြီးတော့ အဲဒါတွေကို
မလုပ်မိအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်ကျင့်တရားကို စ , ရပါတယ် ။
                   ဥပမာ --စကားပြောတယ် ဆိုကြပါစို့ ။ မုသားပြောမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် စ, သင့်ကြောင်း
မြတ်စွာဘုရား မိန့်တော်မူပါတယ် ။ အဲဒီလိုရှောင်ကြဉ်ပြီးတော့ မှန်တဲ့စကား ၊ နူးညံ့သိမ်မွေ့တဲ့စကား ၊ ယဉ်ကျေး
ဖွယ်ရာစကား ၊ အချိန်ကာလ နှင့် ကိုက်ညီတဲ့ စကားကို ပြောရပါမယ် ။ ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်း မိန့်
တော်မူပါတယ် ။
                   မမှန်သော စကားကို ရှောင်ကြဉ်သူသည် မှန်သောစကား ၊ အားကိုးထိုက်သောစကား ၊ ယုံကြည်
ထိုက်သောစကား ၊ မှီခိုအားထားထိုက်သော စကားကို ပြောသူဖြစ်သည် ။ သူသည် လောကကို မလိမ်ညာ
မလှည့်စားပေ ။
                  ဂုံးချောသောစကား ရှောင်ကြဉ်သူသည် လူအများကြားတွင် စိတ်ဝမ်းကွဲပြားစေဖို့ရာ ဤနေရာ၌
ကြားသော စကားကို ထိုနေရာ၌ မပြောကြားပေ ။ ထိုနေရာ၌ ကြားသော စကားကို ဤနေရာ၌ မပြောကြားပေ ။
သူသည်
စိတ်ဝမ်းကွဲပြားနေသူများကို အစေ့အစပ်စကား ပြောကြား လေ့ရှိ၏ ။ ခင်မင်နေသူများကို ပိုမိုချစ်ခင်
အောင် အားပေးစကား ပြောကြားတတ်၏ ။ ညီညွတ်မှုသည် သူ၏ ပျော်ရွှင်မှု ၊ ညီညွတ်မှုသည် သူ၏ ၀မ်းမြောက်
မှု ၊ ညီညွတ်မှုသည် သူ၏ ချစ်ခင်မှု ဖြစ်သည် ။ ဤသည်မှာ သူစကားပြောရာတွင် ပါဝင်သော စိတ်ထား စေတနာ
ဖြစ်သည် ။
          ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ရှောင်ကြဉ်သူသည် အပြစ်ကင်းသော စကား ၊ နားဝင်သာသော စကား
နှစ်သက်ဖွယ်သောစကား ၊ စိတ်နှလုံးသို့ သက်ဝင်သော စကား ၊ ယဉ်ကျေးသော စကား ၊ အများနှစ်သက်
သဘောကျသော စကားကို ပြောဆိုတတ်၏ ။
             အကျိုးမရ အနှစ်သာရ မရှိသော စကားကို ရှောင်ကြဉ်သူသည် အချိန်ကာလနှင့် ကိုက်ညီသော စကား  ၊
မှန်သောစကား ၊ အကျိုးရှိသော စကား ၊ တရား နှင့် စပ်သော စကား ၊ ကျင့်ဝတ် နှင့် စပ်သော စကားကို ပြောဆို
တတ်၏ ။ သူသည် စိတ်နှလုံး၌ သိုမှီးထားထိုက်သော စကား ၊ အချိန်ကာလ နှင့် လျော်သော စကား ၊ သင့်လျော်
လျောက်ပတ်သော စကား ၊ အဓိပ္ပာယ် ပြည့်ဝသော စကား ၊ အကျိုးစီးပွား နှင့် စပ်သော စကားကို ပြောဆိုတတ်
၏ ။
မေး ။                 ။  ထာဝရဘုရား  သို့မဟုတ် တန်ခိုးရှင်ဘုရားများ ရဲ့ တန်ခိုးကို အားကိုးအားထားမှသာလျှင် လူ
ကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ တစ်ချို့ ပြောကြပါတယ် ။ ( အဲဒါ ဘယ်လို သဘောရပါသလဲ ။ )
ဖြေ ။                 ။ ဒါကတော့ လုံးဝ မှားပါတယ် ။ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြတဲ့
ဗုဒ္ဓဘာသာဝင်တွေ ၊ ဘယ်ဘာသာမှ မကိုးကွယ်သူတွေ သန်းချီ ရှိကြပါတယ် ။ သူတို့ဟာ တစ်ခါတစ်လေမှသာ
မဟုတ်ဘဲ အမြဲတစ်စေ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြသူတွေ ဖြစ်ပါတယ် ။ မြင့်မြတ်တဲ့
ပုဂ္ဂိုလ်ထူးတစ်ယောက်ကို ယုံကြည်နေကြတဲ့ လူများအကြားမှာ တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်မျိုးလိုပါပဲ ။ သင်ဟာ
ရိုးသားစွာ ကြိုးစားရင် သင့်ရဲ့ အပြုအမူတွေကို စင်ကြယ်အောင် လုပ်နိုင်ပါတယ် ။ လုံးဝ အပြည့်အစုံ မစင်ကြယ်
နိုင်တောင်မှ ပိုပြီး စင်ကြယ်အောင် ကြိုးစား လုပ်ဆောင်နိုင်တာကတော့ သေချာပါတယ် ။
...................................................................................................................................................................................................................................
Thursday, September 3, 2009
ဗုဒ္ဓဘာသာနှင့် ထာဝရဘုရား အယူအဆ အမေးအဖြေ
၃ ။ ဗုဒ္ဓဘာသာနှင့် ထာဝရဘုရား အယူအဆ
မေး ။           ။ ဗုဒ္ဓဘာသာဝင်များဟာ ထာဝရဘုရားကို ယုံကြည်ကြပါသလား ။
ဖြေ ။            ။ မယုံကြည်ကြပါဘူး ။ ဒါအတွက် အကြောင်းများစွာရှိပါတယ် ။ မြတ်စွာဘုရားဟာ ယခုခေတ် လူမှုရေး
ပညာရှင်များ ၊ စိတ်ပညာရှင်များ လိုပဲ ဘာသာရေး အယူအဆများဟာ အထူးသဖြင့် တန်ခိုးရှင်ဘုရား အယူအဆ
များဟာ အကြောက်တရားမှာ အခြေခံတယ်လို့ ယူဆပါတယ် ။ မြတ်စွာဘုရားက ----
               " လူများဟာ အကြောက်တရား နှိပ်စက်ခြင်းကြောင့် တောင်များ ၊ တောများ ၊ သစ်ပင်များ နှင့် နတ်ကွန်း
များသို့ ကိုးကွယ်ရာအဖြစ် သွားကြတယ် ။ " လို့ မိန့်ကြားထားပါတယ် ။
                သမိုင်းမတင်မီ လူသားဟာဘေးရန်များလှပြီး ရန်လိုတဲ့ လောကထဲမှာနေရပါတယ် ။ သူဟာ တောရိုင်း
တိရစ္ဆာန်များ ၊ အစားအစာလုံလောက်အောင် မရနိုင်မှုများ ၊ ဒဏ်ရာအနာတရ ဖြစ်ခြင်း နှင့် ရောဂါဝေဒနာ ဖိစီး
နှိပ်စက်ခြင်းများ ၊ မိုးခြိမ်းခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မီးတောင်ပေါက်ကွဲခြင်း ၊ မြေငလျင်လှုပ်ခြင်း စတဲ့ အန္တရာယ်များ
ကို အမြဲတစေ ကြောက်ရွံ့နေရပါတယ် ။
                  လူဟာ ဘေးရန်အန္တရာယ်များမှ လုံခြုံမှု မရှိတဲ့အတွက် သင့်လျော်လျောက်ပတ်တဲ့ အချိန်များမှာ
သက်တောင့်သက်သာ နေနိုင်အောင် ၊ ဘေးရန် အန္တရာယ် တွေ့ကြုံလာတဲ့အခါများမှာ ရဲစွမ်းသတ္တိ မွေးနိုင်အောင် ၊
အမှားအယွင်းရှိတဲ့အခါမှာ ကိုယ့်ကို ဖြေသိမ့်နိုင်အောင် တန်ခိုးရှင်ဘုရား အယူအဆကို တီထွင်လာပါတယ် ။
                 ဒီခေတ် ဒီအခါမယ် အကြပ်အတည်း နဲ့ တွေ့တဲ့အခါများမှာ လူတွေဟာ ဘာသာတရားကို ပိုကိုင်းရှိုင်းလာ
ကြတာကို သတိပြုမိမှာပါပဲ ။ တန်ခိုးရှင်ဘုရားကို ဖြစ်စေ ၊ နတ်များကို ဖြစ်စေ ယုံကြည်မှုဟာ ဘ၀တိုက်ပွဲမှာ သူတို့
လိုအပ်တဲ့ စွမ်းအားကို ရရှိစေတယ်လို့ လူတွေပြောကြတာ သင်ကြားမိပါလိမ့်မယ် ။ သူတို့ လိုအပ်တဲ့ အချိန်မှာ
ဆုတောင်းလိုက်ရင် ဆုတောင်းပြည့်တဲ့အတွက် တစ်စုံတစ်ယောက်သော နတ်ကို သူတို့ ယုံကြည် ကိုးကွယ်ကြောင်း
လူတွေ ရှင်းပြတာ သင်ကြားမိပါလိမ့်မယ် ။
         ဒါတွေ အားလုံးက " တန်ခိုးရှင်ဘုရား အယူအဆဟာ အကြောက်တရား နှင့် ဆင်းရဲဒုက္ခအပေါ် တုံ့ပြန်ချက်ပဲ "
ဆိုတဲ့ မြတ်စွာဘုရားရဲ့ တရားတော်ကို ထောက်ခံထားပါတယ် ။
       မြတ်စွာဘုရားက ကျွန်တော်တို့အား အကြောက်တရားကို နားလည်အောင် ၊ လိုချင်တက်မက်မှု တဏှာလောဘ
နည်းပါးအောင် ၊ကျွန်တော်တို့ မတတ်နိုင်တဲ့အရာများကို ခေါင်းအေးအေး သတ္တိရှိရှိ နှင့် ရင်ဆိုင်နိုင်အောင် ကြိုးစား
ဖို့ မိန့်ကြားပါတယ် ။ မြတ်စွာဘုရားဟာ အကြောက်တရားကို အဓိပ္ပာယ် မရှိတဲ့ ယုံကြည်မှုနဲ့ အစားမထိုး ပါဘူး ။
ကြောင်းကျိုးညီညွတ်တဲ့ အသိပညာ နဲ့သာ အစားထိုးပါတယ် ။
ဗုဒ္ဓဘာသာဝင်များ ထာဝရဘုရားကို မယုံကြည်ခြင်းရဲ့ ဒုတိယအကြောင်းကတော့ ထာဝရဘုရား အယူအဆ
ကို ထောက်ခံတဲ့ သက်သေအထောက်အထား ရှိပုံ မရလို့ပါပဲ ။ မြောက်မြားလှစွာသော ဘာသာတရားများက သူတို့
ရဲ့ ဘာသာရေးကျမ်းဂန်ထဲမှာသာ ထာဝရဘုရားရဲ့ စကားတွေ ပါဝင်ကြောင်း ၊ သူတို့သာလျှင်ထာဝရဘုရားရဲ့
သဘာဝကို နားလည်ကြောင်း ၊ သူတို့ရဲ့ထာဝရဘုရားသာလျှင် အမှန်တစ်ကယ်ရှိကြောင်း ၊ တစ်ခြားဘာသာတရား
များရဲ့ ထာဝရဘုရားက အမှန်တစ်ကယ် မရှိကြောင်း ကြေငြာတတ်ကြပါတယ် ။ တစ်ချို့ဘာသာတရားက တန်ခိုး
ရှင်ဘုရားဟာယောက်ျား ၊ တစ်ချို့ဘာသာတရားက မိန်းမ ၊
တစ်ချို့ဘာသာတရားက နပုံပဏ္ဍုက် လို့ ဆိုကြပါ
တယ် ။ သူတို့ဟာ သူတို့ရဲ့ တန်ခိုးရှင်ဘုရား အမှန်ရှိကြောင်း သက်သေအထောက်အထား များစွာရှိတယ်ဆိုပြီး
ကျေနပ်နေကြပါတယ် ။ သို့သော်လည်း တစ်ခြားဘာသာတရားတွေက သူတို့ရဲ့ တန်ခိုးရှင်ဘုရား အမှန်ရှိကြောင်း
အထောက်အထားပြထားတာကိုတော့ မယုံကြည်ပဲ ပြက်ရယ်ပြုတတ်ကြပါတယ် ။ များစွာသော ဘာသာတရားများ
ဟာတန်ခိုးရှင်ဘုရားရှိကြောင်း ရာစုနှစ်ပေါင်းများစွာ အထောက်အထားပြဖို့ ကြိုးစားခဲ့ကြသော်လည်း ယခုအထိ
အခြေခံကျကျ ခိုင်မာစစ်မှန်တဲ့ ငြင်းမရတဲ့ အထောက်အထားကို မတွေ့ကြသေးတာကတော့ အံ့အားသင့်စရာ
ကောင်းလှပါတယ် ။ ဗုဒ္ဓဘာသာဝင်များကတော့ ဒီလို အထောက်အထား တစ်စုံတစ်ရာ ထွက်ပေါ်လာသည်အထိ
ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ ထားကြဦးမှာပါပဲ ။
                  ဗုဒ္ဓဘာသာဝင်များ ထာဝရဘုရားကို မယုံကြည်ခြင်းရဲ့ တတိယ အကြောင်းကတော့ ယုံကြည်ဖို့ မလိုအပ်
လို့ပါပဲ ။ တစ်ချို့က စကြ၀ဠာရဲ့အစကို ရှင်းပြဖို့ ထာဝရဘုရားကို ယုံကြည်ဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ် ။ ဒါဒီလို
မဟုတ်ပါဘူး ။ သိပ္ပံပညာက ထာဝရဘုရား အယူအဆ မပါဘဲ စကြ၀ဠာ ဖြစ်ပေါ်လာပုံကို အလွန် တိကျ ပြတ်သား
စွာ ရှင်းလင်း ပြထားပြီး ဖြစ်ပါတယ် ။
                  တစ်ချို့က ချမ်းသာပျော်ရွှင်၍ အဓိပ္ပာယ်ရှိတဲ့ ဘ၀ကို ရရေးအတွက် ထာဝရဘုရား ယုံကြည်ဖို့ လိုအပ်
ကြောင်း ပြောကြပါတယ် ။ ဒါလဲ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာဝင်တွေကို မဆိုထားနှင့်ဦး ၊ ဘာသာမဲ့များသည်ပင်
ချမ်းသာပျော်ရွှင်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဘ၀ကို ရနေကြပါတယ် ။
                 တစ်ချို့က အားနည်းတဲ့ လူသားမှာ သူ့ကိုယ်ကို ကူညီနိုင်လောက်အောင် အင်အား မရှိတဲ့အတွက် ထာဝရ
ဘုရားရဲ့ တန်ခိုးကို ယုံကြည်ဖို့ လိုအပ်ကြောင်း ဆိုကြပြန်ပါတယ် ။ ဒီအချက်မှာလည်း အထောက်အထားများက
ဆန့်ကျင်ဘက် သဘောကို ညွှန်ပြနေပါတယ် ။ လူတွေဟာ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်း ၊ မစွမ်းမသန်ဖြစ်ခြင်း နှင့်
အခက်အခဲ အကြပ်အတည်းပေါင်းများစွာကို ထာဝရဘုရား ယုံကြည်မှု မပါဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဥာဏ် ၊ သူတို့ရဲ့
လုံ့လ၀ီရိယ နှင့် ကျော်လွှား အောင်မြင်နိုင်ကြကြောင်း မကြာခဏ ကြားသိနေရပါတယ် ။ လူသားကို ကယ်တင်ဖို့ရာ
ထာဝရဘုရားကို ယုံကြည်ဖို့ လိုအပ်ကြောင်း တစ်ချို့က ပြောကြပြန်ပါတယ် ။ ခရစ်ယာန် တို့ရဲ့ ကယ်တင်ခြင်း
သဘောတရားကို ယုံကြည်လက်ခံမှသာ အဲဒီအဆိုကို လက်ခံနိုင်ကြမှာပါ ။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို
မယုံကြည်ကြပါဘူး ။
                 မြတ်စွာဘုရားက လူသားတိုင်းမှာ စိတ်ထားဖြူစင်အောင်လုပ်ဖို့ ၊ မေတ္တာ ကရုဏာ ပညာတရားတွေ
တိုးပွားအောင် လုပ်ဖို့ စွမ်းရည်သတ္တိတွေ  အပြည့်ရှိကြောင်း ရှင်တော်မြတ်ဘုရား၏ အတွေ့အကြုံအရ သိမြင်ပြီး
ဖြစ်ပါတယ် ။ မြတ်စွာဘုရားဟာ နတ် ဗြဟ္မာ စည်းစိမ်ချမ်းသာများမှ မေတ္တာ ကရုဏာ တရားဘက်ကို အာရုံပြောင်း
ကာ ကျွန်တော်တို့ ပြဿနာများကို မိမိကိုယ်ကို သိနားလည်မှုဖြင့် အဖြေရှာဖို့ အားပေးတော်မူပါတယ် ။
မေး ။              ။ ဖန်ဆင်းရှင် တန်ခိုးရှင်ဘုရားတွေ မရှိဘူး ဆိုရင် ဒီစကြ၀ဠာကြီးက ဒီမှာ ဘယ်လို ရောက်လာသလဲ ။
ဖြေ ။               ။ ဒီအဖြေကို ဖြေဖို့ရာ အားလုံးသော ဘာသာတရားတွေမှာ ပုံပြင်တွေ ၊ ၀တ္ထုတွေ ရှိကြပါတယ် ။လူ
သားရဲ့ အသိဥာဏ် မဖွံ့ဖြိုးသေးတဲ့ ဟိုရှေးသရောအခါ ကာလတွေမှာတော့ ဒီပုံပြင် ၀တ္ထုတွေဟာ သင့်လျော်
လျောက်ပတ် ပါတယ် ။ သို့သော်လည်း ရူပဗေဒပညာ ၊ နက္ခတ္တဗေဒပညာ ၊ ဘူမိဗေဒပညာတွေ ထွန်းကားနေတဲ့
နှစ်ဆယ်ရာစု ခေတ်မှာတော့ ဒီလို ပုံပြင်တွေကို သိပ္ပံနည်းကျ ဖြစ်ရပ်မှန်တွေက အသာရနေပါတယ် ။ သိပ္ပံပညာက
တန်ခိုးရှင်ဘုရား အယူအဆကို ထည့်မစဉ်းစားပဲနဲ့ စကြ၀ဠာရဲ့အစကို ရှင်းပြထားပါတယ် ။
မေး ။               ။ စကြ၀ဠာရဲ့ အစနဲ့ ပတ်သက်လို့ ဗုဒ္ဓက ဘယ်လို မိန့်ခဲ့ပါသလဲ ။
ဖြေ ။               ။ စကြ၀ဠာရဲ့ အစကို ဗုဒ္ဓမြတ်စွာ ရှင်းပြပုံဟာ သိပ္ပံပညာ အမြင်နဲ့ အတော်ကြီး နီးစပ်အောင် ကိုက်ညီ
နေတာဟာဖြင့် အံ့အားသင့်စရာပါပဲ ။ အဂ္ဂညသုတ်မှာ ဗုဒ္ဓမြတ်စွာက ကမ္ဘာကြီး ပျက်သွားပြီးတော့ မရေမတွက်နိုင်
တဲ့ နှစ်သန်းပေါင်းများစွာပတ်လုံး တစ်ဖြည်းဖြည်း ပြန်လည်တိုးတက် ဖြစ်ပေါ်လာလို့ ယခုလက်ရှိ အခြေအနေအထိ
ရောက်လာပုံကို ဟောထားခဲ့ပါတယ် ။ ပထမဆုံးအသက်ဟာ ရေမျက်နှာပြင်ပေါ်မှာ ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ပါတယ် ။ ပြီး
တော့ နှစ်သန်းပေါင်း အသင်္ချေပတ်လုံး တစ်ဖြည်းဖြည်း တိုးတက် ဖြစ်ပေါ်လာရာက ရှုတ်ထွေးလှတဲ့ သက်ရှိ အဖွဲ့
အစည်းများ အဖြစ် ရောက်လာခဲ့ပါတယ် ။ ဒီဖြစ်စဉ် အားလုံးဟာ အစလည်း မရှိ ၊ အဆုံးလည်း မရှိပါဘူး ။ သဘာဝ
တရားအရ လည်ပတ် ဖြစ်ပျက် နေတာပါပဲ ။
မေး ။                ။ ထာဝရဘုရားရှိကြောင်း သက်သေ အထောက်အထား မရှိဘူးလို့ သင်က ဆိုပါတယ် ။ ဒါဖြင့် အံ့သြ
ဖွယ်ရာ တန်ခိုးတွေနဲ့ ပတ်သက်လို့ သင်ဘယ်လို ပြောမလဲ ။
ဖြေ ။                ။ အံ့သြဖွယ်ရာ တန်ခိုးတွေဟာ ထာဝရဘုရားရှိကြောင်း သက်သေ အထောက်အထားတွေပဲလို့ လူ
အများ ယုံကြည်ကြတာ ရှိပါတယ် ။ တန်ခိုး နဲ့ ဆေးကုလို့ပျောက်ကြောင်း ခြေအမြစ်မရှိဘဲ ချဲ့ကားပြောနေကြ
သော်လည်း ဘယ်ဆရာဝန် ၊ ဘယ်ခွဲစိတ်ဆရာဝန် ဆီကမှ လွတ်လွတ်ကျွတ်ကျွတ် သက်သေခံချက် မရကြပါဘူး ။
တစ်စုံတစ်ယောက်ကို ကြီးမားလှတဲ့ ဘေးဒုက္ခထဲမှ တန်ခိုးနဲ့ အံ့သြဖွယ်ရာ ကယ်တင်လိုက်တယ် လို့ တစ်ဆင့်စကား
ကြားသိရသော်လည်း အဲဒီလို ကယ်တင်ခဲ့ကြောင်း မျက်မြင်သက်သေ မရှိခဲ့ပါဘူး ။ ထာဝရဘုရားထံ ဆုတောင်းလို့
ရောဂါဖိစီးနေတဲ့လူ ရောဂါပျောက်ကင်းသွားကြောင်း နှင့် ညှိုးနွမ်းခြောက်ကပ်နေတဲ့ ကိုယ်လက်အင်္ဂါ စုံပြည်သန်
စွမ်းလာကြောင်း ကောလဟာလစကား ကြားရသော်လည်း ဘယ်တော့မှ အဲဒါတွေကို ရိုက်ထားတဲ့ ဓာတ်မှန်ကိုလဲ
မကြည့်ရပါဘူး ။ ဘယ်ဆရာဝန် ဘယ်ဆရာမရဲ့ ထောက်ခံပြောဆိုချက် ကိုမှလည်း မကြားရပါဘူး ။ အခြေအမြစ်မဲ့
ချဲ့ကားပြောဆိုနေကြတဲ့စကား ၊ တစ်ဆင့်စကား ၊ ကောလဟာလစကားတွေဟာ သက်သေအထောက်အထားကို
ကိုယ်စား မပြုပါဘူး ။ အံ့ဖွယ် တန်ခိုးတွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထား အင်မတန် ရှားပါတယ် ။
                    သို့သော်လည်း တစ်ခါတစ်ရံမှာ ရှင်းပြလို့ မရတဲ့အရာတွေ ၊ မမျှော်လင့်နိုင်တဲ့ အဖြစ်အပျက်တွေကို
ရှင်းမပြနိုင်တာဟာ ထာဝရဘုရား ရှိခြင်းအတွက် သက်သေခံချက် မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ ဥာဏ်ပညာ
မပြည့်စုံသေးဘူးဆိုတဲ့ အချက်ကို ထင်ရှားစေခြင်းသာ ဖြစ်ပါတယ် ။
                   ခေတ်မီ ဆေးပညာ မတိုးတက်သေးမီက လူတွေဟာ ရောဂါဝေဒနာ ဖြစ်ခြင်းရဲ့ အကြောင်းအရင်းကို
မသိကြတဲ့အခါမှာ ထာဝရဘုရားက ၊ သို့မဟုတ် နတ်ဘုရားများက ဒဏ်ခတ်တဲ့အနေနဲ့ ဒီရောဂါဝေဒနာတွေကို
လူတွေဆီ ပို့ပေးလိုက်တယ်လို့ ယုံကြည်ကြပါတယ် ။ ဒီရောဂါဝေဒနာတွေ ဘာကြောင့် ဖြစ်လာတယ်ဆိုတာ အခု
သိလာကြတော့ မကျန်းမာတဲ့ အခါမှာ ဆေးစားလိုက်ကြတာပါပဲ ။ ကမ္ဘာလောက အကြောင်းကို ကျွန်တော်တို့ပိုပြီး
ပြည့်ပြည့်စုံစုံ သိနားလည်လာတဲ့အချိန်မှာ ဘာကြောင့် ရောဂါဝေဒနာ ဖြစ်တယ်ဆိုတာ နားလည်သလိုပဲ ဒီရှင်းပြလို့
မရတဲ့ အရာတွေ ဘာကြောင့် ဖြစ်တယ်ဆိုတာ နားလည်လာကြမှာပါပဲ ။
မေး ။              ။ မြောက်များစွာသော လူတွေဟာ ထာဝရဘုရားကို ယုံကြည်ကြပါတယ် ။ ( အများယုံကြည်တာကို
ထောက်ဆရင် ) ဒါဟာ မမှန်ပေဘူးလား ။
ဖြေ ။              ။ ဒီလို မဟုတ်ပါဘူး ။ တစ်ချိန်တုန်းက ကမ္ဘာကြီးဟာ ပြားတယ်လို့ လူတိုင်း ယုံကြည်ကြပါတယ် ။ သို့
သော်လည်း အဲဒီလူ အားလုံး မှားခဲ့ပါတယ် ။ အယူအဆတစ်ခုကို ယုံကြည်တဲ့လူ အရေအတွက်နဲ့ အဲဒီအယူအဆရဲ့
အမှားအမှန်ကို တိုင်းတာလို့ မရပါဘူး ။ အယူအဆ တစ်ခု မှန်တယ် မှားတယ် ဆိုတာကို ကျွန်တော်တို့ပြောနိုင်တဲ့
တစ်ခုတည်းသော နည်းလမ်းကတော့ အချက်အလက်မှန်တွေကို သေချာ စေ့ငုံ ကြည့်ရှု လေ့လာခြင်း နှင့် သက်သေ
အထောက်အထား တွေကို စစ်ဆေးခြင်းသာလျှင် ဖြစ်ပါတယ် ။
မေး ။                ။ ဒါဖြင့် ဗုဒ္ဓဘာသာတွေဟာ တန်ခိုးရှင်ဘုရားတွေ ( Gods ) ကို မယုံကြည်ကြရင် ဘာကို ယုံကြည်
ကြပါသလဲ ။
ဖြေ ။                ။ ကျွန်တော်တို့ တန်ခိုးရှင်ဘုရားကို မယုံကြည်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က
လူသားကိုသာ ယုံကြည်လို့ပါပဲ ။ လူသားတိုင်းဟာ အဖိုးတန်တယ် ၊ အရေးပါတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါ
တယ် ။ လူသားအားလုံးမှာ ပြီးပြည့်စုံသော လူသားတစ်ဦးဖြစ်တဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်စေနိုင်တဲ့ ၊ တိမ်မြုပ်ငုပ်
ကွယ်နေတဲ့ စွမ်းရည် သတ္တိတွေ ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ် ။ လူသားများဟာ မသိမှု အ၀ိဇ္ဇာ နှင့်
ကြောင်းကျိုးမဲ့ သဘာဝတွေကို ဖယ်ရှားပြီးတော့ အရာတိုင်းကို အရှိအတိုင်း သိမြင်နိုင်တယ်လို့ ကျွန်တော်တို့ ယုံ
ကြည်ကြပါတယ် ။ မုန်းတီးခြင်း ၊ အမျက်ထွက်ခြင်း ၊ ရန်ငြိုးထားခြင်း ၊ မနာလိုခြင်းများကို မေတ္တာထားခြင်း ၊
သည်းခံခြင်း ၊ စိတ်သဘောထားကြီးခြင်း ၊ သနားကြင်နာခြင်းများနှင့် အစားထိုးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်
ကြပါတယ် ။ ဗုဒ္ဓဘာသာဝင်များရဲ့ လမ်းညွှန်မှု ၊ ထောက်ပံ့မှု နဲ့ မြတ်စွာဘုရားရဲ့ စံနမူနာများကိုကြည့်ပြီး
စိတ်ဓာတ် တက်တက်ကြွကြွနဲ့ ကြိုးစားကြရင် အခု ပြောခဲ့တဲ့ အရာတွေဟာ လက်လှမ်းမှီနိုင်တဲ့ အရာတွေချည်းပဲလို့
ကျွန်တော်တို့ ယုံကြည်ကြပါတယ် ။ မြတ်စွာဘုရား မိန့်ကြားခဲ့တာကတော့ ----
             " မိမိသည်သာလျှင် မိမိရဲ့ အားကိုးအားထားရာပဲ ၊ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ မဟုတ်ဘူး ။ "
( ဓမ္မပဒ ၊ ၁၆၅ )
............................................................................................................................................................................................................................................................
Tuesday, September 1, 2009
ဗုဒ္ဓဘာသာ၏ အခြေခံ အယူအဆ အမေးအဖြေများ
                     ၂ ။ဗုဒ္ဓဘာသာ၏ အခြေခံ အယူအဆ
မေး ။             ။ ဗုဒ္ဓဘာသာရဲ့ပဓာန တရားတွေဟာ ဘာတွေလဲ ။
ဖြေ ။              ။ ဘီးတစ်ခုရဲ့ အနားခွေနဲ့ ထောက်များဟာ အလယ်ချက် ပုံတောင်းကို ဗဟိုပြုသလိုပဲ ဗုဒ္ဓ
ရဲ့တရားတော်အားလုံးဟာလည်း မြတ်သော အမှန်တရား လေးပါး ( သစ္စာလေးပါး ) ပေါ်မှာ ဗဟိုပြုပါ
တယ် ။ ဒီတရားတော်ကို အရေအတွက်အားဖြင့် လေးခုရှိလို့ " လေးပါး " လို့ ဆိုရပါတယ် ။ ဒီတရားတော်
ကို သိမြင်သူကို မြတ်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်စေတတ်လို့ " မြတ်သော " လို့ ဆိုရပါတယ် ။
မဖောက်မပြန် မှန်ကန်တဲ့ ပရမတ္ထ သဘာဝနဲ့ကိုက်ညီလို့ " အမှန်တရား " လို့ ဆိုရပါတယ် ။ ဒါကြောင့်
" မြတ်သော အမှန်တရား လေးပါး " ဟာ ဗုဒ္ဓဘာသာရဲ့ လိုရင်း ပဓာန တရားပါပဲ ။
မေး ။                  ။ ပထမဆုံး အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာပါလဲ ။
ဖြေ ။                  ။ ပထမဆုံး အရိယသစ္စာက ဘ၀ဆိုတာ ဆင်းရဲချည်းပဲ ဆိုတဲ့ အမှန်တရားပါပဲ ။ အသက်
ရှင်နေသမျှ ဆင်းရဲနေတာပါပဲ ။ ဆင်းရဲ တစ်စုံတစ်ရာကို မခံစားရပဲ အသက်ရှင်နေတယ်ဆိုတာ မဖြစ်
နိုင်ပါဘူး ။ကျွန်တော်တို့ဟာ မကျန်းမာခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း ၊ အိုမင်းရင့်ရော်ခြင်း ၊ နောက်ဆုံးမှာ
သေရခြင်းစတဲ့ ကိုယ်ဆင်းရဲ ( ကာယိကဒုက္ခ ) တွေကို ခံစားကြရပါတယ် ။ အထီးကျန်ဖြစ်ခြင်း ၊ ဘာလုပ်
ရမှန်းမသိအောင် စိတ်ဆင်းရဲနေခြင်း ၊ ကြောက်ခြင်း ၊ စိတ်မသက်မသာ ဖြစ်ခြင်း ၊ စိတ်ပျက်ခြင်း ၊
အမျက်ထွက်ခြင်း စတဲ့ စိတ်ဆင်းရဲ ( စေတသိကဒုက္ခ ) တွေကိုလည်း ခံစားကြရပါတယ် ။
မေး ။                ။ ဒီလိုဆိုတော့ ဒါဟာ ဘ၀ကို အဆိုးချည်းပဲ လို့မြင်တဲ့ သဘော
( Pessimism ) ဖြစ်မနေ
ဘူးလား ။
ဖြေ ။                ။ အဘိဓာန်က အဆိုးမြင်ဝါဒ ( Pessimism ) ကို " ဖြစ်ပျက်မည့် အရာအားလုံးဟာ အဆိုး
ချည်းပဲလို့ စဉ်းစား တွေးခေါ်လေ့ရှိခြင်း " လို့ အဓိပ္ပာယ် ဖွင့်ပါတယ် ။ ပြီးတော့ " အဆိုးဟာ အကောင်း
ထက်ပိုပြီး အင်အားကြီးမားတယ်လို့ ယုံကြည်ခြင်း " လို့လည်း ဖွင့်ပါတယ် ။ ဗုဒ္ဓဘာသာဟာ ဒီအယူအဆ
နှစ်မျိုးစလုံးကို လုံးဝ လက်မခံပါဘူး ။ ချမ်းသာသုခဆိုတာ ရှိတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက မငြင်း
ပါဘူး ။ [ ဗုဒ္ဓမြတ်စွာက အတ္ထိသုခ = ရှိချမ်းသာ ၊ ဘောဂသုခ = စည်းစိမ်ခံစား ချမ်းသာ ၊ အာဏဏျ
သုခ = ကြွေးကင်းချမ်းသာ ၊ အန၀ဇ္ဇသုခ = အပြစ်ကင်းချမ်းသာလို့ လောကမှာ ခံစားရတဲ့ ချမ်းသာလေး
မျိုးကို ဟောပြခဲ့ပါတယ် ။ ] ဗုဒ္ဓဘာသာက ဘ၀ဆိုတာ ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲကို ခံစားနေရခြင်းပဲလို့
သာ ထောက်ပြတာပါ ။ ဒီအချက်ဟာ ငြင်းလို့မရအောင် မှန်ကန် ထင်ရှားတဲ့ အချက်ပါ ။
                များစွာသော ဘာသာတရားတွေရဲ့ လိုရင်း ပဓာန အယူအဆဟာ ပုံပြင်ဆန်နေတတ်ပါတယ် ။
သမိုင်းပုံပြင်ဆန်နေတတ်ပါတယ် ။ မှန် , မမှန် စစ်ဆေးဝေဖန်ကြည့်ဖို့ မဖြစ်နိုင်တဲ့ ယုံကြည်မှုရင်လည်း
ဖြစ်နေတတ်ပါတယ် ။
ဗုဒ္ဓဘာသာကတော့ ကိုယ်တွေ့ခံစား သိမြင်မှုနဲ့ စပါတယ် ။ ဒီဒုက္ခကို ကိုယ်တွေ့ခံစား နေကြရ
တာဟာ ငြင်းလို့မရတဲ့ ဖြစ်ရပ်မှန်ပါ ။ သက်ရှိအားလုံး သိနေရ ၊ ကိုယ်တွေ့ခံစားနေရတဲ့ သဘာဝ အမှန်
ပါ ။ ခံစားနေရလို့ပဲ ဒီဆင်းရဲ ဒုက္ခကို ကျော်လွှား ပယ်ရှားနိုင်ဖို့ စွမ်းနိုင်သမျှ ကြိုးစားနေကြရတယ် ဆို
တာလည်း ဖြစ်ရပ် အမှန်ပါပဲ ။
ဗုဒ္ဓဘာသာဟာ စကြ၀ဠာ တစ်ခုလုံးအကြောင်းကို အမှန်အတိုင်း ထုတ်ဖော်ပြတဲ့ တစ်ခုတည်း
သော ဘာသာတရားပါ ။ ဒီထုတ်ဖော်ချက်ဟာ လူသားတိုင်း စိုးရိမ်ကြောင့်ကြနေတဲ့ အချက်ရဲ့ ဗဟိုချက်
မ အထိ တိုက်ရိုက် ထိတွေ့ပါတယ် ။အဲဒီအချက်က ဘာလဲဆိုတော့ ဒုက္ခနှင့်ဒုက္ခမှ လွတ်မြောက်ရေးပါပဲ။
မေး ။                 ။ ဒုတိယ အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာပါလဲ ။
ဖြေ ။                 ။ ဒုတိယသစ္စာကတော့ လိုချင်တက်မက်မှု တဏှာကြောင့် ဆင်းရဲရတယ် ။ ဒုက္ခရောက်ရ
တယ် ဆိုတဲ့ အချက်ပါပဲ ။ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲမှုကိုကြည့်ရင် လိုချင်တက်မက်မှု ( တဏှာ )
ကြောင့် စိတ်ဆင်းရဲမှု ဘယ်လို ဖြစ်ပေါ်လာရတယ်ဆိုတာ လွယ်လွယ်နဲ့ သိနိုင်ပါတယ် ။
                ကျွန်တော်တို့ တစ်စုံတစ်ရာကို လိုချင်ပါလျက် မရဘူး ဆိုရင် ကျွန်တော်တို့ စိတ်မချမ်းမသာ
ဖြစ်ရတယ် ။ တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်မလာရင် ကျွန်တော်တို့ စိတ်ပျက်
ကြရတယ် ။ ကျွန်တော်တို့ကို လူတွေက သဘောမကျရင် ကျွန်တော်တို့ စိတ်ဆင်းရဲ ကြတယ် ။
ကျွန်တော်တို့ လိုချင်တာကို ရတောင်မှ အမြဲတစေ စိတ်ချမ်းသာကြတာ မဟုတ်ပါဘူး ။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်တော်တို့ဟာ မကြာမီပဲ ရ,ထားတဲ့အရာကို ငြီးငွေ့လာပြီး စိတ်မ၀င်စားတော့ပဲ တစ်ခြား
တစ်ခုကို လိုချင်လာပြန်လို့ပါပဲ ။ ရှင်းရှင်းပြောရရင် လိုချင်တာကိုရတာဟာ စိတ်ချမ်းသာမှုကို အာမ,မခံ
နိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒုတိယသစ္စာရဲ့သဘောက " လိုချင်ရင်ဆင်းရဲတယ် " ဆိုတဲ့
သဘာဝ မို့ပါပဲ ။ လိုချင်တဲ့အရာကို ရအောင် အမြဲမပြတ် ကြိုးပမ်း လုပ်ဆောင်နေခြင်းထက် လိုချင်နေ
တဲ့ စိတ်ကို ပြုပြင်ပေးခြင်းက ပိုကောင်းပါတယ် ။ လိုချင်မှုက ကျွန်တော်တို့၏ ရောင့်ရဲတင်းတိမ်မှု နဲ့
ချမ်းသာ ပျော်ရွှင်မှုကို ချေဖျက်ပစ်ပါတယ် ။
မေး ။                    ။ လိုချင်တက်မက်ခြင်း တဏှာက ကိုယ်ဆင်းရဲကို ဘယ်လို ဖြစ်ပေါ်စေပါသလဲ ။
ဖြေ ။                   ။ တစ်ဘ၀လုံး ဟိုဟာ လိုချင်တက်မက် ၊ ဒီဟာ လိုချင်တက်မက် ၊ အထူးသဖြင့် ဘဝ
ဆက်လက် ဖြစ်ပေးရေးကို လိုချင်တက်မက်ခြင်းက နောက်တစ်ဘ၀ ကို ဖြစ်ပေါ်စေနိုင်တဲ့ ကြီးမားလှတဲ့
စွမ်းအားကို ဖြစ်ပေါ်စေပါတယ် ။ တစ် ဘ၀ ဖြစ်ပြန်တော့ ရုပ်ခန္ဓာတစ်ခု ရပြန်တယ် ။ ရုပ်ခန္ဓာ ရပြန်
တော့ ဒဏ်ရာ အနာတရ , ရခြင်း ၊ ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခြင်း စတဲ့ ဆင်းရဲတွေ ဖြစ်ရပြန်တယ် ။
အလုပ်ပင်ပန်းလို့ ဆင်းရဲရ ၊ အိုရ ၊ နာရ ၊ နောက်ဆုံးမှာ သေခြင်း ဆင်းရဲနဲ့ မလွဲမသွေ တွေ့ရပြန်တယ် ။
ဒီလိုနဲ့ လိုချင်တက်မက်တဲ့ တဏှာက ဘ၀သစ်ကို ဖြစ်ပေါ်စေတဲ့ အတွက် ကိုယ်ဆင်းရဲတွေ ဖြစ်ရပြန်
တယ် ။
မေး ။                    ။ အဲဒါ သိပ်ဟုတ်ပါတယ် ။ သို့သော်လည်း ကျွန်တော်တို့ဟာ လိုချင်တက်မက်တဲ့
တဏှာကို လုံးဝ ပယ်သတ်လိုက်ရင် ကျွန်တော်တို့ ဘာကိုမှ ရတော့မှာ မဟုတ်ပါဘူး ။
ဖြေ ။                  ။ မှန်ပါတယ် ။ သို့သော်လည်း မြတ်စွာဘုရားက ဒီလို မိန့်ကြားတော်မူပါတယ် ။
ကျွန်တော်တို့ရဲ့ လိုချင်မှု ၊ တက်မက်မှု ၊ ရတာ နှင့် မတင်းတိမ် မရောင့်ရဲမှု ၊ ပိုပိုပြီး လိုချင် တောင့်တမှု
များက ကျွန်တော်တို့ကို ဆင်းရဲစေပါတယ် ။ ဒါကြောင့် အဲဒီ လိုချင်တောင့်တမှု တဏှာကို ရပ်ပစ်သင့် ၊
ပယ်သတ်ပစ်သင့်တယ်လို့ မိန့်တော်မူပါတယ် ။
                 မြတ်စွာဘုရားက ကျွန်တော်တို့ကို လိုအပ်တာနဲ့ လိုချင်တာ ကို ခွဲခြားတတ်ဖို့ ၊ လိုအပ်တာကို
ရအောင်ကြိုးစားဖို့ လိုချင်တာကို ပြုပြင်ဖို့ မိန့်ကြားတော်မူပါတယ် ။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ကြောင်း ၊ လိုချင်တဲ့ လောဘ ကတော့ အောက်ခြေကို မမြင်နိုင်တဲ့ နက်လှတဲ့တွင်း
ကြီး ဖြစ်ကြောင်းလည်း မိန့်တော်မူပါတယ် ။ မရှိမဖြစ်တဲ့ အခြေခံကျတဲ့ လိုအပ်တာတွေ ရှိပါတယ် ။ အဲဒါ
တွေကို ရအောင် ကြိုးစားပြီး အလုပ်လုပ်ရပါမယ် ။ အဲဒီ တစ်ကယ် လိုအပ်တာထက် ပိုလွန်တဲ့ လောဘ
တွေကိုတော့ နည်းပါးသွားအောင် ကြိုးစားရပါမယ် ။
                      ခြုံပြောရရင် ဘ၀ ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ ၊ ရဖို့ ၊ ရတာ နဲ့ တင်းတိမ် ရောင့်ရဲဖို့ ၊
ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ပဲ မဟုတ်လား ။
မေး ။                 ။ သစ္စာလေးပါးထဲက တတိယ အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာလဲ ။
ဖြေ ။                 ။ တတိယ အမှန်တရားက ဆင်းရဲဒုက္ခကို လွန်မြောက်ပြီး ချမ်းသာသုခကို ရခြင်း ( နိရော
ဓသစ္စာ ) ပါပဲ ။ သစ္စာလေးပါးထဲမှာ ဒီ တတိယသစ္စာ ဟာ အရေးကြီးဆုံးပါပဲ ။ ဘာကြောင့်လည်းဆို
တော့ မြတ်စွာဘုရားက ချမ်းသာစစ် ချမ်းသာမှန် နှင့် တင်းတိမ်ရောင့်ရဲ မှုဟာ ရနိုင်တဲ့ အရာတွေ ဖြစ်
ကြောင်း မိန့်ကြားတော်မူခဲ့လို့ပါပဲ ။
                 ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း အကျိုးမရှိတဲ့ လိုချင်တက်မက်မှုတွေကို ပယ်ရှားပြီးတော့ 
မနေနိုင် မထိုင်နိုင်အောင် လိုချင် တောင့်တမှုတွေ မရှိဘဲ ဘ၀ ပေး အတွေ့အကြုံတွေကို ခံစားရင်း ဘဝ
မှာ တွေ့ကြုံရတဲ့ ပြဿနာတွေကို ကြောက်ခြင်း ၊ မုန်းခြင်း ၊ အမျက်ထွက်ခြင်း မရှိဘဲ စိတ်ရှည်ရှည်နဲ့  
သည်းခံနေထိုင်တတ်တဲ့အခါမှာ ကျွန်တော်တို့ လွတ်လပ်ပျော်ရွှင်ကြမှာ ပါပဲ။ အဲဒီအခါကျမှ ကျွန်တော်
တို့ ဘ၀ ဟာ ပြည့်စုံလာကြမှာပါ ။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလောဘ
တွေကို ဖြည့်ဆည်းပေးစရာ မလိုတော့တဲ့အတွက် ကျွန်တော်တို့မှာ သူတစ်ပါးတွေကို ကူညီဖို့ ၊ သူတို့
လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ အချိန်တွေအများကြီး ရလာမှာ ဖြစ်ပါတယ် ။ ဒီအခြေအနေကို နိဗ္ဗာန်လို့
ခေါ်ပါတယ် ။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ စိတ်ဒုက္ခ အားလုံးမှလည်း လွတ်မြောက် သွားကြမှာပါ ။ ဒါ
ကို အဆုံးစွန်သော နိဗ္ဗာန်လို့ ခေါ်ပါတယ် ။ * ( အဖြေရှင် ဘုန်းကြီးသည် နိဗ္ဗာန်၏ သဘောကို လူပြိန်း
နားလည်နိုင်မည့် နည်း နှင့် သာမာန် ဖြေကြားလိုက်ခြင်း ဖြစ်သည်ဟု ယူဆရပါသည် ။ မဂ္ဂင်ရှစ်ပါး
မဂ္ဂသစ္စာတရားကို ကျင့်ကြံပွားများ အားထုတ်မှ ရနိုင်သည့် သဥပါဒိသေသ နိဗ္ဗာန် နှင့် ရုပ်နာမ်ခပ်သိမ်း
လုံးဝငြိမ်းသည့် အနုပါဒိသေသ နိဗ္ဗာန် တို့ကို မသိ၍ ယင်းသို့ ဖြေဆိုခြင်း မဟုတ်ဟု ယူဆရပါသည် ။ ) *
မေး ။                 ။ နိဗ္ဗာန်ဆိုတာ ဘာပါလဲ ၊ ဘယ်မှာ ရှိပါသလဲ ။
ဖြေ ။                  ။ နိဗ္ဗာန်ဆိုတာ အချိန်နှင့် နေရာဌာန ပြစရာ မရှိတဲ့ သဘာဝ တစ်ခုပါပဲ ။ [ နိဗ္ဗာန်ဟာ
အတိတ် ။ အနာဂတ် ။ ပစ္စပ္ပန် ဆိုတဲ့ ကာလသုံးပါးမှ လွတ်နေတယ် ။ ဘယ်နေ၇ာမှာ ရှိတယ်လို့လည်း
ပြောမဖြစ်တဲ့အတွက် တည်နေရာ ဌာနလည်း အလွတ်ဖြစ်တယ် ။ ] ဒါကြောင့် နိဗ္ဗာန်အကြောင်းကို ပြော
ဖို့ မဆိုထားနှင့် စဉ်းစားဖို့တောင်မှ ခက်ပါတယ် ။ စကားလုံးတွေ စဉ်းစားတွေးခေါ်မှုတွေဟာ အချိန်နဲ့
နေရာဌာန ညွှန်ပြလို့ရတဲ့ သဘာဝတွေအတွက်သာ သင့်လျော်ပါတယ် ။
              နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်နေပြီး ရွေ့လျားမှု မရှိတဲ့အတွက် အိုမင်းရင့်ရော်ခြင်း ၊
သေကြေပျက်စီးခြင်း မရှိဘူး ။ ဒါကြောင့် နိဗ္ဗာန်ဟာ အစအဆုံး မရှိတဲ့ ( အနာဒိ , အနန္တ ) သဘာဝဖြစ်ပါ
တယ် ။ မြတ်စွာဘုရားက " နိဗ္ဗာန်ဟာ အမြတ်ဆုံး ချမ်းသာပဲ " လို့ မိန့်ကြားတော်မူပါတယ် ။
မေး ။                 ။ ဒီလို သဘာဝတရား ရှိတယ်ဆိုတာ အထောက်အထား ပြနိုင်ပါသလား ။
ဖြေ ။                 ။ မပြနိုင်ပါဘူး ။ သို့သော်လည်း နိဗ္ဗာန် ရှိတယ်ဆိုတာ ကျွန်တော်တို့ ဆင်ခြင်
တွေးဆယူလို့ရပါတယ် ။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာလောကကြီးဟာ အချိန်ကာလ နေရာ ဌာနတွေ
နဲ့ ပိုင်းခြား သတ်မှတ်လို့ရတဲ့ သဘာဝကြီးပါ ။ ဒီလိုပိုင်းခြားသတ်မှတ်လို့ရတဲ့ သဘာဝရှိရင် အချိန်ကာလ
နေရာဌာနတွေမှ အလွတ်ဖြစ်တဲ့ ပိုင်းခြားသတ်မှတ်လို့ မရတဲ့ သဘာဝလည်း ရှိတယ်လို့ ဆင်ခြင်တွေးဆ
ယူနိုင်ပါတယ် ။ အဲဒါကတော့ နိဗ္ဗာန်ပါပဲ ။ နောက်တစ်ခုက တစ်ကယ်လို့ နိဗ္ဗာန်ရှိကြောင်း ကျွန်တော်တို့
သက်သေအထောက်အထားမပြနိုင်တောင်မှပဲ နိဗ္ဗာန်ရှိကြောင်း ဗုဒ္ဓမြတ်စွာ ဟောထားခဲ့တာ ရှိပါတယ်။
" မဖြစ်သော ၊ မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်သော
သဘောသည် ရှိ၏ ။ အကယ်၍သာ မဖြစ်သော ၊ မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်း
တို့ စုပေါင်း မပြုလုပ်အပ်သောသဘော မရှိခဲ့လျှင် ဖြစ်သော ၊ ဖြစ်ပေါ်သော ၊ ပြုလုပ်ထားအပ်သော ၊
အကြောင်းတို့ စုပေါင်း ပြုလုပ်အပ်သော သဘာဝမှ လွတ်မြောက်ရာ မရှိနိုင်ပေ ။ "
               " အဖြစ်သော ၊ 
မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်းတို့ စုပေါင်းမပြုလုပ်အပ်
သော သဘောရှိသောကြောင့်သာ ဖြစ်သော ၊ ဖြစ်ပေါ်သော ၊ ပြုလုပ်ထားအပ်သော ၊ အကြောင်းတရား
ို့ စုပေါင်းပြုလုပ်ထားသော သဘောမှ လွတ်မြောက်သောသဘာဝရှိကြောင်း သိရပေသည် ။ " ( ဥဒါန)
               ကျွန်တော်တို့ကိုယ်တိုင် မျက်မှောက်ပြုရသောအခါ နိဗ္ဗာန်ကို ကျွန်တော်တို့ သိရပါလိမ့်မည် ။
အဲဒီအချိန်အထိ ကျွန်တော်တို့ ကြိုးစားကြရလိမ့်မည် ။          
...................................................................................................................................................................................................................................
အမေးအဖြေများ -၂
မေး ။                   ။ ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ် ကြတယ်လို့ တစ်ချို့လူများက ပြောတာ ကြား
ဘူးပါတယ် ။ ဟုတ်ပါသလား ။
ဖြေ ။                    ။ ဒီလိုအပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေပြောကြတဲ့ စကားတွေပါ ။
အဘိဓာန်များကတော့ " ရုပ်တုကို ထာဝရဘုရား ( God ) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်
မှု " လို့ ဖွင့်ပြကြပါတယ် ။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရား တစ်ပါး
( God ) အနေနဲ့ ယုံကြည်သိမှတ်ကြတာ မဟုတ်ပါဘူး ။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု ၊ သံ
ရုပ်တု ၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ ။
                    သို့သော်လည်း တစ်ခုတော့ ရှိပါတယ် ။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ
အမျိုးမျိုးကို ဖော်ပြဖို့ အမှတ်လက္ခဏာ ( Symbol ) အမျိုးမျိုးကို အသုံးပြုကြပါတယ် ။ ဥပမာ - တာအိုဘာ
သာမှာဆိုရင် ဆန့်ကျင်ဘက်နှစ်ခုတို့ရဲ့ ညီညွတ် ပေါင်းစည်းမှုကို ဖော်ပြဖို့ရာ ယင် နဲ့ ယန် ( Ying - Yang )
ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို
ဖော်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိ
ခြင်းကို ဖော်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ် ။ ခရစ်တော်ရဲ့ လူသားအတွက်
အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ဗုဒ္ဓဘာ
သာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖော်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ခဏာအဖြစ်
အသုံးပြုကြပါတယ် ။
                      ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့သက်ဆိုင်တဲ့ သဘာဝများကို
ကျွန်တော်တို့အား သတိရစေပါတယ် ။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုတယ် ။ ထာဝရဘု၇ား ( God ) ကို
ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန်ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို
မကြည့်ရဘူး ၊ အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့အား သတိရစေပါ
တယ် ။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုး ကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ
မမှန်ပါဘူး ။
မေး ။                     ။ တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေထဲမှာ " စက္ကူပိုက်ဆံ " တွေကို မီးရှို့တာတွေ ၊
ပြီးတော့ တစ်ခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ရပါတယ် ။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ ။                    ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေဟာ
ကျွန်တော်တို့အတွက် ထူးဆန်းနေတတ်ပါတယ် ။ အဲဒီလိုဟာတွေကို အထူးအဆန်းတွေပဲလို့ အမှတ်တမဲ့
ဘာသိဘာသာ မနေဘဲ အဲဒါတွေရဲ့ အဓိပ္ပာယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ် ။
                       မှန်ပါတယ် ။ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလုပ်ဆောင်နေကြတာတွေဟာ
ဗုဒ္ဓတရားတော်မှာ အခြေမခံဘဲ နားလည်မှုမှား နှင့် အများယုံကြည်လက်ခံထားတဲ့ အစွဲအလမ်းအပေါ်မှာ
အခြေခံထားတာ တွေ့ရတတ်ပါတယ် ။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာ မဟုတ်ပါဘူး ။
ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ် ။
                   ဗုဒ္ဓမြတ်စွာဟာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ် ။
အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး ။ ဒါနဲ့ပတ်သက်လို့
မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ --
              " ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာထံမှ ဆေးကုသမှု ခံယူဖို့ လွယ်
ကူပါလျက်နဲ့ ကုသမှုကို မခံယူလျှင် ဆေးဆရာ၏ အပြစ် မဟုတ်ပေ ။ "
                " ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်
များ ရှိလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ် မဟုတ်ပေ ။ "
                ဗုဒ္ဓဘာသာကိုပဲဖြစ်စေ ၊ တစ်ခြားဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း
ကောင်းကောင်း နားမလည်သူများက အမှား ၊ အမှန် ၊ အဆိုး ၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး ။
မေး ။                       ။ ဗုဒ္ဓဘာသာဟာ ဒါလောက်ကောင်းနေတယ်ဆိုရင် တစ်ချို့ ဗုဒ္ဓဘာသာနိုင်ငံတွေ
ဘာကြောင့် ဆင်းရဲနေသလဲ ။
ဖြေ ။                    ။ သင်ရဲ့အမေးမှာ ဆင်းရဲတယ်ဆိုတာ စီးပွားရေးအရ ဆင်းရဲတာကို ဆိုလိုရင် ဟုတ်ပါ
တယ် ။ တစ်ချို့ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲကြတာ မှန်ပါတယ် ။ သို့သော်လည်း တစ်ကယ်လို့သာ
" ဘ၀အရည်အသွေး နိမ့်ကျ ဆင်းရဲမှု " ကို ဆိုလိုရင်တော့ တစ်ချို့ဗုဒ္ဓဘာသာနိုင်ငံတွေဟာ အလွန်  
ချမ်းသာ ကြပါတယ် ။
                ဥပမာ -- အမေရိကန်နိုင်ငံ ဆိုကြပါစို့ ။ စီးပွားရေးအရ အင်မတန်ချမ်းသာကြွယ်ဝပြီး အင်အား
ကောင်းတဲ့ နိုင်ငံကြီးပေါ့ ။ သို့သော်လည်း ကမ္ဘာမှာ ရာဇ၀တ်မှု ရာခိုင်နှုန်းအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်
နေတယ်။ သန်းပေါင်းများစွာသော အဘိုးအို ၊ အဘွားအိုတွေကို သူတို့သားသမီးတွေက ပစ်ထားကြတယ် ။
ဂရုမစိုက်ကြဘူး ။ ဒါနဲ့ပဲ ဘိုးဘွားရိပ်သာမှာ အထီးကျန်ဘ၀နဲ့ ဘ၀ဇာတ်သိမ်းသွားကြရတယ် ။ မိသားစု
အတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ ကလေးတွေကို အမျိုးမျိုး ဖျက်ဆီးမှု တွေဟာ ကြီးမားတဲ့ ပြဿနာ
ကြီးတွေ ဖြစ်နေတယ် ။ ဇနီးမောင်နှံစုံ သုံးစုံမှာ တစ်စုံဟာ ကွာရှင်း ပြတ်စဲထားတယ် ။ ညစ်ညမ်းစာပေ ၊
ညစ်ညမ်းရုပ်ရှင် ဆိုတာတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်နိုင် ၊ ကြည့်နိုင်ကြတယ် ။ စည်းစိမ်ဥစ္စာ အနေနဲ့
ကြွယ်ဝချမ်းသာသော်လည်း ဘ၀အရည်အသွေး အနေနဲ့ ဆင်းရဲ နိမ့်ကျနေပါတယ် ။
                 အခု မြန်မာနိုင်ငံ ဆိုကြပါစို့ ။ စီးပွားရေးအနေနဲ့ နိမ့်ကျနေတဲ့ နိုင်ငံ တစ်နိုင်ငံပဲ ။ သို့သော်လည်း
သားသမီးတွေက မိဘတွေကို ရိုသေမြတ်နိုးကြတယ် ။ ပြုစုစောင့်ရှောက်ကြတယ် ။ ရာဇ၀တ်မှုလည်း
တစ်ခြားနိုင်ငံတွေနှင့် စာလျှင် အလွန်နည်းတယ် ။ ကွာရှင်းပြတ်စဲမှု ၊ ကိုယ့်ကိုကိုယ်သတ်သေမှု တို့ဆိုတာ
မကြားရသလောက်ပဲ ။ မိသားစုအတွင်း ရက်စက်ကြမ်းကြုတ်မှုတို့ ၊ ကလေးသူငယ်တွေကို ဖျက်ဆီးမှုတို့ ၊
ညစ်ညမ်းစာပေ ၊ ညစ်ညမ်းရုပ်ရှင်တို့ ၊ လိင်ဆက်ဆံရေးလိုင်စင် တို့ဆိုတာ မရှိဘူး ။ စီးပွားရေး နိမ့်ကျသော်
လည်း အမေရိကန်နိုင်ငံလို နိုင်ငံထက် ဘ၀အရည်အသွေး ပိုပြီး မြင့်မားပါတယ် ။
                ဗုဒ္ဓဘာသာနိုင်ငံတွေကို စီးပွားရေးပေတံ တစ်ခုတည်းနဲ့ တိုင်းတာလျှင်တောင်မှ အချမ်းသာ
အကြွယ်ဝဆုံးဒီနေ့ကမ္ဘာမှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး ဗုဒ္ဓဘာသာနိုင်ငံကို လက်ညှိုး ထိုးပြနိုင်
ပါတယ် ။ အဲဒါကတော့ လူဦးရေရဲ့ ၉၃ ရာနှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတဲ့ ဂျပန်နိုင်ငံပါပဲ ။
မေး ။                 ။ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး ။ အဲဒါဘာ
ကြောင့်လဲ ။
ဖြေ ။              ။ ဗုဒ္ဓဘာသာဝင်တွေလည်း ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ် ။ သင်မကြားမိတာက
တော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ် ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူး
လို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ် ။
                   နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန်ဗုဒ္ဓဘာသာခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို
ဟာ ဘာသာတရားအားလုံး ပေါင်းစည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် ( Templeton
Prize ) တင်ပယ်လ်တန်ဆုကို ရရှိပါတယ် ။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဟာ
မူးယစ်ဆေးစွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ် ။ ၁၉၈၇ ခုနှစ်
တုန်းက အရှင်ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက်တောရွာများမှာရှိတဲ့ အခြေအနေမဲ့
ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် " နော်ဝေကလေးများ၏ ငြိမ်း
ချမ်းရေးဆု "ကို ရရှိခဲ့ပါတယ် ။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့( Western Buddhist Order ) ဟာ အိန္ဒိယ
ပြည်မှာ ဆင်းရဲသားများအတွက် ကြီးမား ကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ် ။
စာသင်ကျောင်းတွေ ၊ ကလေးပြုစုစောင့်ရှောက်ရေးဋ္ဌာနတွေ ၊ ဆေးပေးခန်းတွေ ၊ တစ်နိုင်စက်မှုလုပ်ငန်း
အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင် ပေးနေပါတယ် ။
                  ဗုဒ္ဓဘာသာဝင်များဟာ တစ်ခြားဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီပေးရတာဟာ သူ
တို့ရဲ့ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖော်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ် ။ သို့သော်လည်း ဒါတွေ
ကို ကိုယ့်ကို ကိုယ် မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့်
သူတို့ရဲ့ ကုသိုလ်ဖြစ် လုပ်ငန်းတွေအကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ် ။
မေး ။                    ။ ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ ။
ဖြေ ။                     ။ လူတွေစားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုးရှိကြတာ မဟုတ်လား ။ သကြားဖြူ ၊
သကြားညို ၊ ကျောက်သကြား ၊ သကြားရည် ၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ ။ သို့သော်လည်း
အားလုံးဟာ သကြားချည်းပဲ ၊ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ ။ မချိုတဲ့ သကြားရယ်လို့ မရှိ
ဘူး ။ ဒီလို သကြား အမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ ။
ဗုဒ္ဓဘာသာ ဟာလည်း ထို့အတူပါပဲ ။ ထေရ၀ါဒဗုဒ္ဓဘာသာ ၊ ဈင်းဗုဒ္ဓဘာသာ ၊ အမိတာဘာ ဗုဒ္ဓဘာသာ ၊
ယောဂါစာရ ဗုဒ္ဓဘာသာ ၊ ၀ဇိရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လည်း အနှစ်သာရအား
ဖြင့် အတူတူပါပဲ ။ အဲဒီအနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှလွတ်မြောက်ခြင်း ၊ ဆင်းရဲမှလွတ်
မြောက်ခြင်း ဆိုတဲ့ အနှစ်သာရ ပါပဲ ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုး နဲ့ ဟပ်မိအောင်
အသွင် အမျိုးမျိုး နဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ် ။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင်
ရာစုနှစ်များတစ်လျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ် ။ ပြင်ပ ပုံပန်းသဏ္ဍာန်
အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လည်း အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရ ကတော့ သစ္စာ
လေးပါး ၊ မဂ္ဂင်ရှစ်ပါး ပါပဲ ။
                  ဗုဒ္ဓဘာသာအပါအ၀င် ဘာသာကြီး အားလုံးဟာ ဂိုဏ်းအမျိုးမျိုး ကွဲခဲ့ကြပါတယ် ။ သို့သော်လည်း
ဗုဒ္ဓဘာသာဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး ။ သူတို့ဟာ အချင်း
ချင်း ဘယ်တော့မှ ရန်မပွား ခဲ့ကြပါဘူး ။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ပါးရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား
ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ် ။ တစ်ခြား ဘာသာရေးလောကမှာ ဒီလို
အချင်းချင်း နားလည်မှု လက်ခံ ညီညွတ်မှုဆိုတာ တစ်ကယ်တော့ အလွန်ရှားပါတယ် ။
မေး ။                  ။ သင်က
ဗုဒ္ဓဘာသာကို အလွန်အထင်ကြီးတာပဲ ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်
လို့ ယူဆပြီး တစ်ခြား ဘာသာအားလုံးကို မှားတယ်လို့ ယူဆပုံရတယ် ။
ဖြေ ။                 ။ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည်သဘောပေါက်တဲ့
ဗုဒ္ဓဘာသာဝင် မည်သူမဆို
တစ်ခြားဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး ။ တစ်ခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း
ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး ။ ဘာသာ
တရားအမျိုးမျိုးကို လေ့လာတဲ့အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရားတွေဟာ အချင်း
ချင်း ဘယ်လောက်များများ တူညီကြတယ်ဆိုတဲ့အချက် ပါပဲ ။
                    အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိအခြေအနေဟာ ကျေနပ်ဖွယ်မရှိဘူးလို့
ဝန်ခံကြတာ ပါပဲ ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်
တယ်လို့ အားလုံး ယုံကြည်ကြပါတယ် ။ ဘာသာတရားအားလုံးဟာ မေတ္တာ ၊ ကရုဏာ ၊ ပေးကမ်းလှူဒါန်း
ခြင်း ၊ လူမှုရေး တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ် ။
ဒီဘာသာတရား အားလုံးကအဆုံးစွန်ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ
လက်ခံကြပါတယ် ။
                   ဘာသာတရားများက ဒီ လုံးဝဥသုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကားအမျိုးမျိုး ၊ နာမည်အမျိုး
မျိုး ၊ အမှတ်အသားအမျိုးမျိုး နဲ့ ရှင်းလင်း ဖော်ပြကြပါတယ် ။ အရာရာကို တစ်ဖက်သတ် ရှုမြင်သုံးသပ်တဲ့
နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့အခါမှသာ သည်းမခံနိုင်မှု ၊ မာနတရား နှင့် ကိုယ်သာမှန်
စိတ်ထားတွေ ဖြစ်ပွားပေါ်ပေါက် လာတတ်ပါတယ် ။
                စဉ်းစားကြည့်ပါ ။ အင်္ဂလိပ် ၊ ပြင်သစ် ၊ တရုတ် ၊ အင်ဒိုနီးရှား လူ ၄ ဦး ကော်ဖီပန်းကန်တစ်လုံးကို
ကြည့်ကြတယ် ဆိုပါစို့ ။ အဲဒီပန်းကန်ကို အင်္ဂလိပ်က " Cup "  လို့ခေါ်တယ် ။ ပြင်သစ်က " Tasse " လို့ခေါ်
တယ် ။ တ၇ုတ်က " Pei " ၊ အင်ဒိုနီးရှားက " Cawan " လို့ခေါ်တယ် ။ အဲဒါ သူ့အခေါ်မှန်တယ် ၊ တစ်ခြားလူ
အခေါ်မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ်ကိုးကားပြီး အကြောက်အကန် ငြင်းခုံနေကြပါရော ။ အဲဒီအခိုက်
မှာ
ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့
သောက်ပစ်လိုက်ပါတယ် ။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကိုပြောလိုက်တယ် ။ " ဒီပန်းကန်ကိုဘယ်လို
ပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ ။ ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ ။
သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့ ။ အဲဒါ လိုရင်းပဲ ။ " ဒါဟာ
ဘာသာတရားများအပေါ်
ဗုဒ္ဓဘာသာကမြင်တဲ့ အမြင် ၊ ထားတဲ့စိတ်ထား ပါပဲ ။
မေး ။                 ။
ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား ။
ဖြေ ။                 ။ ဒီအမေးကို မဖြေမီ " သိပ္ပံ " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တာ အကောင်းဆုံး
ဖြစ်ပါလိမ့်မယ် ။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ် ။ " သိပ္ပံ " ဆိုတာ တစ်ကယ်ဖြစ်နေတဲ့ သဘာဝ
တစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်း တို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့
ပညာ ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနှင့် ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း
ဥပဒေသများ သတ်မှတ်ဖော်ပြတဲ့ ပညာပါပဲ ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလည်း သိပ္ပံ ပါပဲ ။
ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ် ။ သို့သော်
လည်း
ဗုဒ္ဓဘာသာရဲ့ လိုရင်းတရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ် ။ ပထမ
ဆုံး အမှန်တရားက ဒုက္ခသစ္စာ ပါ ။ ဒီမှာ ဒုက္ခ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပါ ။သူ့
ကို အဓိပ္ပာယ် သတ်မှတ်လို့လည်း ရပါတယ် ။ လက်တွေ့ခံစား သိမြင်လို့လည်း ရပါတယ် ။
                   ဒုတိယ အမှန်တရားက သမုဒယသစာပါ ။ လိုချင်တက်မက်မှုတဏှာကို ဆိုလိုပါတယ် ။ ဆင်းရဲ
ဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာ ဟာလည်း ကိုယ်တိုင်တွေ့သိ ခံစားရတဲ့အရာပါ ။
အဓိပ္ပာယ် သတ်မှတ်လို့လည်း ရတယ် ။ လက်တွေ့သိမြင် ခံစား လို့လည်း ရပါတယ် ။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့
အကြောင်းတရားအမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး ။ ကိုယ်တွေ့ခံစား
သိမြင်ရတဲ့ အရာတွေပါ ။
                  တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ ။ ဆင်းရဲကုန်ဆုံးတဲ့သဘော ၊ ဆင်းရဲငြိမ်းတဲ့
သဘောပါ ။ ဒီသဘောကို အနန္တတန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး ။ ယုံကြည်ရုံမျှ ဆု
တောင်းရုံမျှနဲ့လည်း မရနိုင်ပါဘူး ။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ် ။
               စတုတ္ထအမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ ။ ဒီဆင်းရဲငြိမ်းရေး
နည်းလမ်းကလည်း ဒနပညာ သဘောတရားတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ။ သတ်မှတ်ပေးထားတဲ့ နည်း
လမ်းအတိုင်း လက်တွေ့ကျင့်မှပဲ ရပါတယ် ။ ဒီနည်းလမ်းကလည်း အစမ်းသပ်ခံ နည်းလမ်းပါ ။
                   သိပ္ပံပညာမှာလိုပဲ
ဗုဒ္ဓဘာသာကို ရှင်းပြဖို့လည်း အနန္တတန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလို
ပါဘူး ။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့
ရှင်းပြထားပါတယ် ။
               ဒီအချက်အားလုံးဟာ
ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖော်ဆောင် နေပါ
တယ် ။ ဒီမှာလည်း ကျွန်တော်တို့ကို ဗုဒ္ဓမြတ်စွာ အမြဲတစ်စေ ဆုံးမခဲ့တဲ့ အဆုံးအမက  ကျွန်တော်တို့ဟာ
ဘယ်အရာကိုမဆို အကန်းယုံ ၊ အရမ်းယုံ မယုံမိကြဖို့ ၊ မေးမြန်း ၊ စုံစမ်း ၊ စစ်ဆေး ၊ စမ်းသပ်ပြီးမှ ကိုယ်
တိုင် တွေ့သိ ခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ ပါပဲ ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ
အမြင် ပါဝင်နေပါတယ် ။ ရှင်တော်မြတ်ဘုရား ဆုံးမပုံက ---
"
တစ်ဆင့်စကား ပြောသံ ကြားကာမျှကို ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ လက်မခံကြ
လေနှင့် ၊
ရိုးရာ အစဉ်အလာနှင့် ကိုက်ညီသော စကား ဖြစ်၍လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်
မယူလေနှင့် ၊
ရှေးက ဒီလို ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ( ထုံးတမ်းအစဉ်အလာအရလည်း ) ဟုတ်ပြီ မှန်ပြီ ဟုချက်
ချင်း အတည် အယူလေနှင့် ၊
  ပိဋက ( စာပေ ) နှင့် ( ကျမ်းဂန်နှင့် ) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ
မှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့် ၊ မိမိကိုယ်တိုင် တွေးကြံနိုင်ရုံ မျှနှင့်လည်း ( ဆင်ခြင်တုံတရား နှင့်
ကိုက်
ညီသည်   ယုတ္တိ ရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ နည်းမှီ ရယူရုံဖြင့်
လည်း
ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ အခြင်းအရာကိုကြံစည်စိတ်ကူးပြီး ( သဘောကျရုံ
ဖြင့် ) လည်း ဟုတ်    ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊ ငါတို့သဘောကျ လက်ခံ
ထားတဲ့
အယူဝါဒ နှင့် ကိုက်ညီတယ်ဆိုပြီးတော့   လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ၊
မှတ်ထိုက် ယူထိုက် လက်ခံထိုက် တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ    မှန်ပြီ ဟု ချက်ချင်း အတည်
မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊   ငါတို့လေးစားတဲ့ ရဟန်း ရဲ့စကားဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီ ဟု
 ချက်ချင်း အတည်မယူလေနှင့် ".......ဟူ၍ ကာလာမသားတွေကို ဟောထားတဲ့ ကာလာမသုတ် ရှိပါတယ် ။
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ ၊ အပြစ်ကင်းတဲ့အရာပဲ ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ ၊ လက်တွေ့
ကျင့်ကြည့်တဲ့ အခါမှာလည်း မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို
ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံ ပါ " ။
                ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံနည်းကျတယ်လို့ မဆိုနိုင်သော်လည်း အတော်ခိုင်မာ
တဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေ တော့ ပါဝင်ပါတယ် ။ ပြီးတော့ တစ်ခြား ဘာသာတရားတွေထက်
ပိုပြီး သိပ္ပံနည်းကျတယ်လို့ ပြောနိုင်ပါတယ် ။
                   နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာ
နဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ် ။
                " နောင်တစ်ချိန်မှာ စကြ၀ဠာတစ်ခုလုံး ကိုးကွယ်ကြတဲ့ ဖြစ်ပေါ်လာလိမ့်မယ် ။ အဲဒီဘာသာတရား
ဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ် ။ တယူသန် တရားသေ ၀ါဒကိုလည်း ရှောင်လွှဲနိုင်
လိမ့်မယ် ။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါး
ကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မယ် ။
ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ် ။ တစ်ကယ်လို့သာ ခေတ်သစ်သိပ္ပံနည်းကျ လိုအပ်ချက်
များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီဘာသာတရားဟာ ဗုဒ္ဓဘာသာ ပဲ
ဖြစ်လိမ့်မယ် ။ "
...........................................................................................................................................................................................................................................
နိုင်ငံခြားသားဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ
                       ၁
        ဗုဒ္ဓဘာသာအကြောင်း မေးလေ့မေးထရှိသော မေးခွန်းများကို ဖြေထားပါသည် ။
မေးခွန်းအများစုမှာ အမှန်တစ်ကယ် မေးကြသော မေးခွန်းများ ဖြစ်၍ အချို့မှာမူ ထိုမေးခွန်း
များနှင့် နှီးနွယ်လျက် မေးနိုင်ဖွယ်ရှိသော မေးခွန်းများကို ဖြေဆိုထားပါတယ် ။ မည်သို့ပင်ဖြစ်စေ
ဗုဒ္ဓဘာသာအမြင်ကို အမေးအဖြေ ပုံစံဖြင့် တင်ပြထားပါသည် ဟု ဆိုနိုင်ပါသည် ။ အဖြေများဟာ
လုံးဝကျေနပ်ဖွယ် ရှိကောင်းမှ ရှိပါမည် ။ သို့သော်လည်း အမေး အဖြေ ဗဟုသုတ ရကြစေရန်
နှင့် နိုင်ငံခြားသားဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင်ကို လေ့လာနိုင်ကြစေ
ရန် ရည်သန်၍ ဤနေရာ၌ ဖော်ပြရခြင်း ဖြစ်ပါသည် ။ ခေတ်နှင့် လျော်ညီအောင် တင်ပြထား
သဖြင့် ဗုဒ္ဓတရားတော်နှင့် တစ်ထပ်တည်း မကျဘဲ အနည်းငယ် တိမ်းယိမ်းနေသော အချက်များ
ရှိနိုင်ပါသည် ။ မူရင်းအင်္ဂလိပ်စာအုပ်ကိုရေးသားသူမှာ သြစတြေးလျနိုင်ငံသားဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး Shravasti Dhammika ဆိုသူဖြစ်သည် ။ ကျေးဇူးရှင်  ချမ်းမြေ့ဆရာတော်ဘုရား
သည် ၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ မြန်ဘာသာသို့ စတင်ဘာသာ
ပြန်ဆိုခဲ့ပါသည် ။
              အမေး အဖြေများကို ခေါင်းစဉ် ကိုးခုတပ်၍ ဗုဒ္ဓဘာသာအမြင်များကို တင်ပြပါမည် ။
ဗုဒ္ဓဘာသာဆိုတာဘာလဲ ၊ ဗုဒ္ဓဘာသာ၏ အခြေခံ အယူအဆ ၊ ဗုဒ္ဓဘာသာနှင့် ထာဝရဘုရား
အယူအဆ ၊ ငါးပါးသီလ ၊ တမလွန်ဘ၀ ၊ ကရုဏာ နှင့် ပညာ ၊ သက်သတ်လွတ်ဝါဒ  ၊ ကံ နှင့်
ကြမ္မာ ၊ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်လာခြင်း ။ ဤ ခေါင်းစဉ် ကိုးခုအောက်၌ ယင်းတို့နှင့်
ပတ်သက်သော အမြင်များကို စိတ်ဝင်စားဖွယ်ရာ အမေး အဖြေများ ဖြင့် တင်ပြမည်ဖြစ်ရာ
ဖတ်ချင်စဖွယ် ၊ မှတ်ချင်စဖွယ် ၊ ဆင်ခြင် စဉ်းစားချင်စဖွယ် တို့ချည်း ဖြစ်သဖြင့် စာရှုသူများ
အတွက် အကျိုးကျေးဇူး များလိမ့်မည် ဟု ယူဆမိပါသည် ။
                   ၁ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ။
မေး ။              ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ။
ဖြေ ။            ။ " ဗုဒ္ဓဘာသာ " ဆိုတဲ့ စကားလုံးဟာ " ဗုဓိ " ဆိုတဲ့ စကားလုံးမှ လာတာပါ ။ " ဗုဒ္ဓ "
ဆိုတာ ( ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ ) " နိုးလာသူ " လို့ အဓိပ္ပာယ် ရပါတယ် ။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် ( ဒဿန ) ပညာ ပါပဲ ။ ဒီ ဒဿနပညာ
ကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟော
ပြောခဲ့ပါတယ် ။
                  ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ ( ကိလေသာ တည်းဟူသော အိပ်
ပျော်ခြင်းမှ ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည် ။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း
၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ ။ လွန်ခဲ့တဲ့
နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခု
အဖြစ်သာ တည်ရှိခဲ့ပါတယ် ။ သို့သော်လဲ ယခုအချိန်မှာ ဥရောပ နှင့် အမေရိကတိုက် ရှိ နိုင်ငံ
ပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တစ်ဖြည်းဖြည်း တိုးပွားနေပါတယ် ။
မေး ။            ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပဲပေါ့ ။
ဖြေ ။            ။ ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ ။
အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် " Philo " ဆိုတာ " ချစ်ခင်ခြင်း မေတ္တာ " လို့ ဆိုလိုပါတယ်။
" sophy " ဆိုတာ " ပညာ " လို့ အဓိပ္ပာယ် ရပါတယ် ။ ဒီတော့ " Philosophy " ဆိုတာ " ပညာ
ကို ချစ်ခင်ခြင်း " ၊ သို့မဟုတ် " မေတ္တာ နှင့် ပညာ " လို့ အဓိပ္ပာယ် ရပါတယ် ။
                   ဒီစကား နှစ်လုံးဟာ
ဗုဒ္ဓဘာသာ ရဲ့ အဓိပ္ပာယ်ကို အပြည့်အ၀ ဖော်ပြနိုင်ပါတယ် ။
ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်တော်တို့ နားလည်နိုင်ရေး
အတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါ
တယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ
ကရုဏာတရား တိုးပွားအောင် ကြိုးစားဖို့ကိုလည်း သင်ပေးပါတယ် ။ ဒါကြောင့်
ဗုဒ္ဓဘာသာ ကို
အတွေးအမြင် ပညာရပ်လို့ ဆိုနိုင်သော်လည်း သာမန် အတွေးအမြင်ပညာ မဟုတ်ပါဘူး ။
မြင့်မြတ်သော အတွေးအမြင်ပညာ ( Supreme Philosophy ) သာ ဖြစ်ပါတယ် ။
မေး ။             ။ ဗုဒ္ဓ ဆိုတာ ဘယ်သူပါလလဲ ။
ဖြေ ။              ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည်မြောက်ပိုင်း ( ကပ္ပိလ၀တ်ပြည် ) ဘုရင်
သုဒ္ဓေါန နှင့် မိဖုရား မယ်တော်မာယာ တို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ် ။
ဒီမင်းသားလေးဟာ စည်းစိမ် ဥစ္စာ ပြည့်ပြည့်စုံစုံ နှင့် ကြီးပြင်းရသော်လဲ နောက်ဆုံးမှာ လောကီ
စည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ် ။ ဒီမင်းသား
ဟာ သူ့ပတ်ဝန်းကျင်မှာသူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာ
ဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ် ။ အသက်၂၉ နှစ်
ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် ( ယသောဓရာ ) နှင့် သားတော် ( ရာဟုလာ ) ကို
ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေးဆရာကြီးများရဲ့အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်
လာခဲ့တယ် ။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးကြသော်လဲ သူတို့ကိုယ်တိုင်
ဆင်းရဲဒုက္ခ ရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကိုဘယ်လို ကျော်
လွန်အောင် လုပ်နိုင်တယ် ဆိုတာကိုလည်း မသိကြဘူး ။
                သိဒ္ဓတ္ထမင်းသား ဟာ ( ဥရုဝေလတော ) မှာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က
ဘုရား မဖြစ်သေးပါ ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွားမှ
သာ ဘုရား အဖြစ်သို့ ရောက်ပါသည် ။
                  ရှင်တော်မြတ်ဘုရား ရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့်
များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူ ကြပါတယ် ။ သက်တော် ရှစ်ဆယ် ပြည့်
တော်မူသောအခါ သဘာဝအလျောက် အိုခြင်းတရား ၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရ
သော်လည်း ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ် ။
မေး ။                  ။ ဗုဒ္ဓဟာ သူ့ရဲ့ ကြင်ယာတော်နဲ့သားတော် ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်
မဲ့ရာ မရောက်ဘူးလား ။
ဖြေ ။                  ။ ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်
ခဲ့တာ မဟုတ်ပါဘူး ။ သူအချန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ် ။
နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက်တာထက် တစ်လောကလုံးရဲ့ အကျိုးကို
ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ ပဲ ။
ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တစ်လောကလုံးရဲ့ အကျိုးကို ဆောင်စေတာ
ပါပဲ ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်းခံမှုကြောင့် တစ်လောကလုံး ကြီးမားတဲ့
အကျိုးကို ယခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ် ။ ဒါကို ကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့
ကြောင်း ထင်ရှားပါတယ် ။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှုကြီး ပါပဲ ။
မေး ။              ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ ။
ဖြေ ။               ။ လျှပ်စစ်ဓာတ်ကို တွေ့ရှိတဲ့ မိုက်ကယ်ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ ။
သို့သော်လည်း သူ့ရဲ့ တွေ့ရှိချက်က ကျွန်တော်တို့ကို ယခုတိုင် ကူညီနေပါတယ် ။ ရောဂါပေါင်း
များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလည်း ကွယ်လွန်သွားပါပြီ ။
သို့သော်လည်း သူတွေ့ရှိတဲ့ ကုထုံးတွေက ယခုတိုင် အသက်ပေါင်းများစွာကို ကယ်နေဆဲပါပဲ ။
                  ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလည်း
သေသွားပါပြီ ။ သို့သော်လည်း သူ ဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို ယခုတိုင် ပျော်ရွှင်မှု
ပေးနေဆဲပါ ပဲ ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ
ရာစုနှစ်ပေါင်းများစွာ ကြာသော်လည်း သူတို့အကြောင်းကို ကျွန်တော်တို့ ဖတ်ရှုရတဲ့အခါမှာ
သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်တော်တို့ သန္တာန်မှာ တစ်ဖွားဖွား ပေါ်လာပါတယ် ။
                    ဟုတ်ပါတယ် ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ ။
သို့သော်လည်း ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ ယခုတိုင် လူတွေကို ကူညီနေဆဲပါ ။
ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို ယခုတိုင်အားတက်စေတုန်းပါပဲ ။ သူ့စကားတော်
တွေက ယခုတိုင် လူတွေရဲ့ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ ။ ဗုဒ္ဓမြတ်စွာမှသာလျှင် ပရိနိဗ္ဗာန်
စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါ
တယ် ။
မေး ။                ။ ဗုဒ္ဓဟာ ထာဝရဘုရား ( God ) လား ။
ဖြေ ။                ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး ။
ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရ
ဘုရားလို့ ဖြစ်စေ ၊ ထာဝရဘုရားရဲ့သားတော်လို့ ဖြစ်စေ ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့
တမန်တော်လို့ ဖြစ်စေ မမိန့်ကြားပါဘူး ။
ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ ။
ဒါကြောင့် သူ့လို ကျွန်တော်တို့ ကြိုးစားလျှင် ကျွန်တော်တို့လည်း သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ
ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ် ။
မေး ။              ။ ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေ
ကြသလဲ ။
ဖြေ ။              ။ ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ် ။ တစ်ချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်
ဘုရားကို ( a God ) ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ် ။ ဂုဏ်ပြုကြ
တယ် ။ တစ်စုံတစ်ရာ ပူဇော်ပသကြတယ် ။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ် ။အဲဒီ
လို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံတွေကို အဲဒီဘုရားက ကြားလိမ့်မယ်လို့
ယုံကြည်လို့ ၊ ပူဇော်ပသတာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့ ၊ ဆုတောင်းတာကို ဖြည့်ဆည်း
ပေလိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ ။
                     ဗုဒ္ဓဘာသာဝင်တွေက တော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး ။
တစ်ခြား ကိုးကွယ် ဆည်းကပ်မှု တစ်မျိုးကတော့ မိမိ တို့ လေးမြတ် ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး
သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါဝရ ပြုကြတယ် ။ ဆရာ အခန်းထဲဝင်လာရင် နေရာက
ထ , ပေးကြတယ် ။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင် လက်ဆွဲနှုတ်ဆက်ကြတယ် ။ အမျိုးသားသီချင်း
တီးရင် မတ်တပ်၇ပ် အလေးပြုကြတယ် ။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာ
တွေပါပဲ ။ လေးမြတ်ကြည်ညိုမှုကို ဖော်ပြကြတာ ဖြစ်တယ် ။ ဒီလို အရိုအသေ ဂါဝရပြုပြီး ရှိခိုး
ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှု မျိုးပါပဲ ။
          တင်ပျဉ်ခွေထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်
ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်တော်တို့ သန္တာန်
မှာ ငြိမ်းအေးမှု နဲ့ မေတ္တာတရား တိုးပွားအောင် ကြိုးစားကြဖို့ ကျွန်တော် တို့ကို သတိပေးနေပါ
တယ် ။ အမွှေးတိုင် ရဲ့ အမွှေးနံ့က ကျွန်တော်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့
သတိပေးနေပါတယ် ။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင်ထွန်းပြောင်စေဖို့ သတိပေးပါတယ်။
ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်း ကြွေကျသွားတဲ့ သဘောက ကျွန်တော်တို့အား အနိစ္စတရား
ကို သတိရစေပါတယ် ။ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဦးညွတ်ရှိခိုးခြင်းက ကျွန်တော်တို့ကို တရားဓမ္မ
ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ရဲ့ ဂုဏ်ကျေးဇူးတော်ကို
လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ် ။ ဒါဟာ ဗုဒ္ဒဘာသာဝင်များ ရဲ့ ရှိခိုး ကိုးကွယ်မှု
ပါပဲ ။
                                                            ဆက်ပါဦးမည် ။
.........................................................................................................................................................
Wednesday, August 26, 2009
ရှင်မဟာကဿပရဲ့ ရုပ်ကလပ်တော်
               မြန်မာနိုင်ငံတွင် အရှင်မဟာကဿပရဲ့အလောင်းတော်ရှိရာ ဂူဆိုပြီးတော့တည်ရှိပါတယ် ။
လူအများကလည်း လက်ခံယုံကြည်ကြပါတယ် ။
               ရှင်မဟာကဿပ ရဲ့ အလောင်းတော်ကို အရိမေတ္တေယျဘုရားရှင်က သဂြိုဟ်မည်ဆိုတာ
ဟုတ်လား ၊ မဟုတ်ဘူးလားဟု ဝေဖန်သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ် ။ ဒီအကြောင်းအရာနဲ့ 
ပတ်သက်ပြီး ထီးချိုင့်မြို့တည်တောဆရာတော် ရဲ့ ရှင်းလင်းချက် ကို တင်ပြပါမယ် ။
                " ရှေးရှေးတုန်းက အရိမေတ္တေယျအလောင်းက ဆင်ထိန်းဖြစ်ပြီး အရှင်မဟာကဿပ ရဲ့
အလောင်းက ဆင်ဖြစ်သတဲ့ ။ ဆင်ထိန်းဟာ ဆင်ကို ပန်းပဲဖိုအနီးမှာ လွှတ်ထားတယ် ။ ဖိုသူကြီးက
ဆင်ကို ဖိုတဲအနီး မလွှတ်ပါနှင့် လို့ပြောတယ် ။ ဆင်ထိန်းက ငါ့ဆင်ဟာ လူစကားကို နားလည်တဲ့ ဆင်
ယဉ် ဖြစ်ပါတယ် ။ ဖိုတဲအနီးမှာ နေပေမယ့် ဘာအန္တရာယ်မှ ပြုလုပ်မှာ မဟုတ်ပါဘူး လို့ပြောတယ် ။
ဖိုသူကြီးက ဆင်ဆိုတာ တိရစ္ဆာန်မို့ ယဉ်သည်ဖြစ်စေ ၊ ရိုင်းသည်ဖြစ်စေ စိတ်မချရဘူး ၊ ဒါကြောင့်
ဝေးဝေးမှာ လွှတ်ထားပါလို့ပြောတယ် ၊ ဆင်ထိန်းက ကိစ္စမရှိပါဘူး ၊ ကျုပ်ဆင်ကို ကျုပ်တာဝန်ယူပါ
တယ် ။ မပူပါနှင့်လို့ ပြောတယ် ။ ဒီတော့ ပန်းပဲသူကြီးက ခင်ဗျားဆင် အမှန်တစ်ကယ် လူစကား နား
လည်လျှင် သံတွေခဲကို အကိုင်ခိုင်းလို့ ဖြစ်ပါ့မလား လို့ပြောတယ် ။ ဆင်ထိန်းက ဖြစ်တယ်လို့ ပြော
တာကြောင့် သံတွေခဲကို မီးဖုတ်ပြီး ဆင်ကို အကိုင်ခိုင်းသတဲ့ ၊ ဆင်ဟာ အလွန်ပူတဲ့ သံတွေခဲကို
နှာမောင်းဖြင့် ကိုင်တဲ့ အပူဒဏ်ကြောင့် သေလွန်ရှာသတဲ့ ။ အဲဒီ မကောင်းမှု အကုသိုလ်ကံကြောင့်
အရိမေတ္တေယျဘုရားရှင်ဟာ ရှင်မဟာကဿပ ရဲ့ ရုပ်ကလပ်တော်ကို လက်ဝါးပြင်ပေါ်မှာတင်ပြီး
မီးသဂြိုဟ်ပြုရာမှ လက်ဝါးတော်ကို မီးစွဲပြီး ပရိနိဗ္ဗာန် ၀င်စံရလိမ့်လို့ သမိုင်းမှာဆိုတယ် ။ သမိုင်း
ဟောင်းတစ်ခုမှာ ဆိုတာက ဆင်ထိန်းဟာ ဆင်ကို သံတွေခဲ အကိုင်ခိုင်းရုံမျှမက အမြိုခိုင်းတဲ့အတွက်
အဖန်ငါးရာဝိပါက်လိုက်ပြီး အကျိုးကြွင်းအားဖြင့် အရိမေတ္တေယျဘုရားဖြစ်တဲ့အခါ ရှင်မဟာကဿပ
အလောင်းတော်ကို လက်ဝါးပြင်ပေါ်တင်ပြီး မီးသဂြိုဟ် ရာက လက်တော်ကို တေဇောဓာတ်လောင်
ပြီး ပရိနိဗ္ဗာန် ၀င်စံရလိမ့်မယ်လို့ ဆိုထားတယ် ။
                 သည်အဆိုများဟာ ခိုင်မာတဲ့ အဆိုများ မဟုတ်ကြပါဘူး ။ ပုံပြင်မျှသာ ဖြစ်ကြပါတယ် ။
ပုံပြင်ဆိုတာ အမှန်တစ်ကယ်မဟုတ် ၊ တစ်ထောင့်တစ်ညပုံပြင်လို နားထောင်ကောင်းအောင် ပြော
ဆိုခြင်းသာ ဖြစ်တယ် ။ ဒါကြောင့် အမှန်မဟုတ်ပါဘူး ၊ အမှန်မဟုတ်တဲ့အကြောင်းကိုလည်း ပြောပြ
ပါဦးမယ် ။"
                 " သည်ကမ္ဘာမြေကြီးဟာ ဘုရားတစ်ဆူနဲ့ တစ်ဆူကြား တစ်ယူဇနာ မြေသားတက်ကြောင်း
( ဧတ္တာဝတာ ကိရ ဒွိန္နံ ဗုဒ္ဓါနံ အန္တရေ ယောဇနံ ပထ၀ီ ဥဿန္နံ ) လို့ နိဒါန၀ဂ္ဂဋ္ဌကထာ - ၁၄၉ မှာ ဖွင့်ပြ
ထားတယ် ၊ သည်အဖွင့်အရ ဆိုလျှင် အရိမေတ္တေယျဘုရား ပွင့်တော်မူတဲ့အချိန်မှာ ရှင်မဟာကဿပ
ရဲ့ အလောင်းတော်ဟာ မြေအတွင်း တစ်ယူဇနာအောက်မှာ နစ်မြုပ်နေပြီ ၊ မြေအတွင်းက ဖော်
ထုတ်ယူလို့ မဖြစ်နိုင်တော့ဘူးပေါ့ ။ ဖော်ထုတ်လို့ မဖြစ်နိုင်သည့်တိုင်အောင် အဲသည်အချိန်မှာ
အလောင်းတော်ဟာ ဆွေးမြည့်ပြီး မြေကြီးသြဇာဓါတ် ဖြစ်သွားလောက်ပြီမို့ ဖော်ထုတ်ဖို့ အလောင်း
လည်း ရှိမှာ မဟုတ်ဘူး ။ ပြောစရာ ရှိသေးတာက ရှင်မဟာကဿပက သူ့ရဲ့အလောင်းဟာ
အရိမေတ္တေယျဘုရားရှင် လက်ထက်တိုင်အောင် မပျောက်မပျက် တည်ပါစေလို့ အဓိဋ္ဌာန်ပြုခဲ့လျှင်
အဓိဋ္ဌာန်အလျောက် တည်မည်ဆို တည်နေနိုင်တာပေါ့ ၊ သို့သော် လည်း အလောင်းတော် မပျက်မစီး
တည်နေပါစေလို့ အဓိဋ္ဌာန်တာက ဘယ်အကျိုးကို မျှော်ကိုးလို့လည်း လို့ ၊ အဓိဋ္ဌာန်ခြင်းရဲ့အကြောင်း
ကို ထောက်မျှော်ကြည့်သင့်သေးတယ် ။ သည်နေရာမှာ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် စံတော်မူစဉ်
အဓိဋ္ဌာန်ပြုတော်မူပုံကို ပြောပြရဦးမယ် ။ "
                   " ဂေါတမဘုရားရှင်ဟာ သက်တော်အလွန်တိုတော်မူတယ် ။ ဘုရားဖြစ်သည်ကစပြီး
၄၅ နှစ်ကြာအောင် မနေမနား တရားဟောပြတော်မူခဲ့သော်လည်း သာသနာတော်ဟာ မပျံ့နှံ့
သေးဘူး ။ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် အတော်များများ ကျန်နေသေးတယ် ။ ဒါကြောင့် ငါ ပရိနိဗ္ဗာန်
ဝင်စံပြီးသည့်နောက် ငါ့ရဲ့ခန္ဓာတော်ဟာ ဓာတ်တော် အစိတ်စိတ်ဖြစ်ပြီး ငါ့ရဲ့သာသနာတော်
အကွယ်သမျှ လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ကိုးကွယ်ရာ ဖြစ်ပါစေလို့ အဓိဋ္ဌာန်တော်မူတယ် ။
အဲသည် အဓိဋ္ဌာန်ချက်ကြောင့် မုန်ညင်းစေ့မျှ ရှိ၍ မြတ်လေးငုံ အဆင်းရှိတဲ့ အငယ်စားဓာတ်တော်
ခြောက်ပြည်သား ၊ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းရှိသော အလတ်စား ဓာတ်တော် ငါးပြည်
သား ၊ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းရှိသော အကြီးစားဓာတ်တော် ငါးပြည်သား ၊ ပေါင်း
ဓာတ်တော် ၁၆ ပြည်သား ကျန်ရစ်တော်မူတယ် ။  ( သုတ်မဟာဝါ အဋ္ဌကထာ ) ၊ ဘုရားရှင်ရဲ့ဓာတ်
တော်များဟာ အဓိဋ္ဌာန်တော်အတိုင်း ကိုးကွယ်မည့်သူရှိရာ ဌာန လှည့်လည်ပြီး သာသနာတော်
မကွယ်သမျှ ကာလပတ်လုံး တည်တော်မူနေကြမယ် ။ သာသနာတော်ကွယ်လို့ ကိုးကွယ်မည့်သူမရှိ
တဲ့အခါမှာ ဓာတ်တော်အားလုံး ဓာတုပရိနိဗ္ဗာန် ၀င်စံတော်မူကြမယ် ။ ဘုရားရှင်ရဲ့ အဓိဋ္ဌာန်တော်
မူချက်ဟာ အခုပြောပြီးတဲ့အတိုင်း အကြောင်းရှိတယ် ။ ဓာတ်တော်ကျန်ရစ်ခဲ့တဲ့အတွက်ကြောင့်
လည်း လူနတ်ဗြဟ္မာတွေမှာ အကျိုးရှိတယ် ။
ရှင်မဟာကဿပ ဟာမိမိခန္ဓာတော်ကို မပျက်မစီး
တည်ရစ်ပါစေလို့ အဓိဋ္ဌာန်ခဲ့လျှင် အဓိဋ္ဌာန်ခဲ့တဲ့ အကြောင်းက ဘာလဲ ၊ ဘုရားရှင်လို ခန္ဓာတော်ကို
ဖူးကြရတဲ့ လူနတ်ဗြဟ္မာတွေ ကုသိုလ်တရား တိုးပွားကြပါစေဆိုတဲ့ အကြောင်းလား ။
သည်အကြောင်းမှန်ခဲ့လျှင် ခန္ဓာတော်ကို လူသားများ ၀င်ရောက် မဖူးမြော်နိုင်တဲ့ တောင်ခေါင်း
အတွင်း ဘာကြောင့် ထားခဲ့ရသလဲ ။ လူမရောက်သော တောင်ခေါင်အတွင်း ခန္ဓာတော်ကို ချထား
တဲ့အတွက် ခန္ဓာတော်ချထားခဲ့ခြင်းဟာ လူသားများအတွက် မဟုတ်ဘူး လို့ အဓိပ္ပာယ်သက်ရောက်
ပါတယ် ။ "
           " လူသားများအတွက် မဟုတ်လျှင် ဆင်ဘ၀ က သူ့ကို နှိပ်စက်သော ဆင်ထိန်း အရိမေတ္တေယျ
ဘုရားဖြစ်သောအခါ ကလဲ့စားချေဖို့ ဆိုရအောင်ကလည်း ရဟန္တာ မှာ သည်သဘော လုံးဝ မဖြစ်သင့်
လို့ သည်စကားကိုလည်း အတည်ယူလို့ မဖြစ်ပါဘူး ။ ပြီးတော့ ဘုရားရှင်မှန်သမျှ သူတစ်ပါး လုံ့လ
ကြောင့် ပရိနိဗ္ဗာန် ၀င်စံရိုး မရှိပါဘူး ။ ( ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ) လို့
ဓာရဏပရိတ်မှာ ရှိတယ် မဟုတ်လား ။ ဒါကြောင့် အတိတ်ဘ၀က ရန်ငြိုးကြောင့် ခန္ဓာတော်က မီး
အရိမေတ္တေယျဘုရားကို ကူးစက်လောင်ပြီး အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်စံရမယ်လို့ ဆိုတာက
လည်း အာဂမယုတ္တိ - သဘာဝ ယုတ္တိ မရှိပါဘူး ။ ဒါကြောင့် ရှင်မဟာကဿပအလောင်းတော်
တောင်ခေါင်းအတွင်း တည်ရှိခြင်း ၊ အလောင်းတော်ဟာ အရိမေတ္တေယျ လက်ထက်တော်အထိ
တည်နေနိုင်ခြင်း ၊ အလောင်းတော်ကို အရိမေတ္တေယျဘုရားရှင်က လက်တော်ပေါ် တင်ပြီး
မီးသဂြိုဟ်ခြင်း ၊ ထိုမီးက ကူးစက်၍ အရိမေတ္တေယျဘုရားရှင် လက်တော်ကို လောင်ကျွမ်းခြင်း ၊
ထိုမီးဒဏ်ကြောင့် အရိမေတ္တေယျဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဆိုတာတွေဟာ နားကြား
သူများ စိတ်ပါဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်မျှသာ ဖြစ်တယ် ၊ အာဂမယုတ္တိ - သဘာဝယုတ္တိ နှင့်
ညှိလိုက်တော့ ဘယ် ယုတ္တိ နှင့်မျှ မကိုက်ဘူး ဆိုတဲ့အကြောင်း "  ဆရာတော်က မိန့်ကြားတော်မူ
ခဲ့ပါတယ် ။
                     ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်ကိစ္စမဆို မျက်စိမှိတ် ယုံကြည်လို့ မရပါဘူး ။ ပြော
တိုင်းယုံ ပြီး အကန်း ယုံကြည်မှုဟာ ဗုဒ္ဓဘာသာမှာ မရှိပါဘူး ၊ ဘာသာခြားတွေမှာပဲ ရှိတယ်
ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ။
.....................................................................................................................................................................
Monday, August 24, 2009
ဗုဒ္ဓမဖြေသောမေးခွန်းများ -၁
         ဗုဒ္ဓကိုအနောက်နိုင်ငံသား ဒဿနဆရာတွေကစွပ်စွဲကြတာဖတ်ရတော့ အစာမကြေ
ရင်မချောင်ဖြစ်သွားတယ်ဗျာ ။အနောက်တိုင်းဒဿနဆရာတွေကဘာတွေစွပ်စွဲကြလည်းဆို
တော့ " မဇ္ဈိမပဏ္ဍာသ ပါဠိတော်ထဲက စူဠမာလုကျပုတ္တသုတ် " ကိုစွပ်စွဲတာ ။
           မာလုကျရဲ့သား ရဟန်းက အခါတစ်ပါးမှာ မြတ်စွာဘုရားကို လောကလွန် တက္ကိက
ဝါဒမေးခွန်း Meta-physical Question တွေကို မေးပါတယ် ။အဲဒီမေးခွန်းတွေက ဒဿန
ပညာမှာတော့ တော်တော်အရေးပါတဲ့ မေးခွန်းတွေဖြစ်ပါတယ် ။ ဒါပေမယ့် မြတ်စွာဘုရား
က မာလုကျပုတ္တ ရဟန်းမေးတဲ့ မေးခွန်းတွေကို မဖြေဘူး ၊အဖြေမပေးဘူး ။ဗုဒ္ဓ က သဗ္ဗညု
တဥာဏ် ရတယ်ဆိုပြီး ဒီမေးခွန်းတွေကို မဖြေဘဲ ထားတော့ ဗုဒ္ဓ ဟာ ဒီမေးခွန်းတွေကို
မဖြေတတ်ဘူး ။ မဖြေနိုင်လို့ မဖြေဘဲ ဆင်ဝှေ့ရန်ရှောင် လုပ်တာ ။ အလုံးစုံသောတရားကို
ဆရာမကူ သယမ္ဗူဥာဏ် နဲ့ သိတော်မူတယ်ဆိုရင် ဖြေနိုင်ရမယ်ပေါ့ ။ ခုဖြေတာဟာ မဖြေ
တတ်လို့ မဖြေတာပဲ ။ ဗုဒ္ဓ ဥာဏ်လောက်နဲ့ မဖြေနိုင်ဘူး ဆိုပြီး စွပ်စွဲနေကြပါတယ် ။
             အမှန်ကတော့ အနောက်နိုင်ငံသား ဒဿနဆရာတွေဟာ ဗုဒ္ဓ ရဲ့ အတွေးအမြင်
အယူအဆတွေကို နားလည်နိုင်တဲ့ ဥာဏ်မရှိလို့ ပြောနေကြတာပါ ။ဒီပြဿနာဟာလည်း
ခုမှပေါ်ပေါက်လာတဲ့ ပြဿနာမဟုတ်ပါဘူး ။မိလိန္ဒမင်းကြီးကလည်း အရှင်နာဂသိန် ကို
ဒီပြဿနာ မေးခဲ့ဖူးပါတယ် ။ " မိလိန္ဒပဥှာကျမ်း "
            မိလိန္ဒမင်းကြီးဟာ ဥာဏ်ပညာကြီးမားတယ် ၊ ဗုဒ္ဓဘာသာကိုလည်း ကျွမ်းကျင်
နှံ့စပ်တယ် ။ ပြီးတော့ မေးခွန်းမေးတာလည်းသိပ်ပိုင်တာပဲ ။ သူကဂရိလူမျိုး ၊ ဒဿနပညာ
မှာလည်း ကျွမ်းကျင်တယ် ။ ယုတ္တိဗေဒကိုလည်း နိုင်နင်းပါတယ် ။မင်းကြီးမေးပုံက---------
             မင်းကြီးက " မြတ်စွာဘုရားက နတ္ထာနန္ဒ တထာဂတဿ ဓမ္မေသု ၊ အာစရိယမုဋ္ဌိ"
ဆိုပြီး ဟောတော်မူတယ် ။ အဓိပ္ပာယ်ကတော့ :"အာနန္ဒာ ၊ လာခြင်းကောင်းသော မြတ်စွာ
ဘုရားမှာ ဆရာစားချန်ပြီး ဟောတော်မူတဲ့  တရားဆိုတာမရှိဘူး " လို့လည်းဆိုတယ် ။ပြီး
တော့  မာလုကျရဲ့သား မထေရ်ကိုကျတော့ ပြဿနာမေးတဲ့အခါမဖြေဘူး။  ဆရာစားချန်ထား
တယ် ။အဲဒီတော့ ဆရာစားမချန်ဘူး ၊ အကုန်ဟောတယ်လည်းပြောတယ် ၊ မဖြေဘဲနဲ့လည်း
ဆရာစားချန်ထားပြန်တယ် ။ ဒါဟာ အစွန်းနှစ်ဘက်ထွက်နေပါတယ် ။ ယုတ္တိဗေဒနဲ့ပြောရင်
တော့ နှစ်စွန်းထွက်ဆင်ခြေ Dilemma ဖြစ်နေတယ် ။ ဒါကြောင့် " အာနန္ဒာ. လာခြင်းကောင်း
သော မြတ်စွာဘုရားမှာ  ဆရာစားချန်ထားအပ်သော တရားဆိုတာမရှိဘူး " ဆိုတဲ့ စကားမှန်
ရင် , အဲဒီ စကားကို အမှန်ယူလို့ရှိရင် မာလုကျပုတ္တမထေရ် မေးတဲ့ ပြဿနာကို မဖြေဘဲ
နေတော်မူတာဟာ " သိတော်မမူလို့များ မဖြေတာလား " ။ ဒါမှမဟုတ် သိတော်မူပါလျက်
တမင်မဖြေဘဲနေတယ်ဆိုရင် " ဆရာစားချန်သလို ဖြစ်နေပါတယ် " ။ အဲဒီလို အစွန်းမလွတ်
ဖြစ်နေတယ်လို့ မေးပြီး အဲဒီပြဿနာကိုပြေလည်အောင် ဖြေရှင်းပါလို့  မင်းကြီး က အရှင်
နာဂသိန်ကိုလျှောက်ထားပန်ကြားခဲ့ပါတယ် ။
            ဗုဒ္ဓ ဟာ ၀ိဘဇ္ဇ၀ါဒီ ပဲ ။ဘယ်ပြဿနာကိုမဆို ဝေဖန်ပိုင်းခွဲပြီး ဖြေရှင်းနိုင်တယ် ။
ဒီပြဿနာကိုခုမှ အနောက်တိုင်းသားတွေ မေးတာမဟုတ်ဘူး ။ မိလိန္ဒမင်း လက်ထက်
ကတည်းက မေးပြီးဖြေပြီးသားပြဿနာပါ ။
            မာလုကျပုတ္တ သိချင်တဲ့ ပြဿနာတွေက " လောကဟာ မြဲသလား ၊ ဒါမှမဟုတ်
လောကဟာ မမြဲဘူးလား "  " လောကသည် အဆုံးရှိသလား ၊ ဒါမှမဟုတ် အဆုံးမရှိဘူး
လား "  " အသက် (အတ္တလိပ်ပြာ)နဲ့ ကိုယ်ဟာ တစ်ခုတည်းလား ၊ ဒါမှမဟုတ် အသက်(အတ္တ
လိပ်ပြာ) နဲ့ ကိုယ်ဟာ တစ်ခြားစီလား "   " သတ္တ၀ါ ဟာ သေပြီးတဲ့နောက် ဖြစ်သေးလား ၊
ဒါမှမဟုတ် သတ္တ၀ါ ဟာ သေပြီးတဲ့နောက်  ဘာမျှ မဖြစ်တော့ဘူးလား "  " သတ္တ၀ါ ဟာ
သေပြီးတဲ့နောက် ဖြစ်လည်းဖြစ်တယ် ၊ မဖြစ်လည်းမဖြစ်ဘူးလား  ။ ဒါမှမဟုတ် သတ္တ၀ါဟာ
သေပြီးတဲ့နောက် ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည်လည်းမဟုတ်ဘူးလား ။"  ဆိုတဲ့
ပြဿနာပါ ။ အဲဒီ ရုပ်လောက ကိုလွန်တဲ့ တက္ကိက၀ါဒ ပြဿနာတွေကို သူက ဆုပ်ကိုင်ပြီး
မြတ်စွာဘုရား ကို ခြိမ်းခြောက်ပါသေးတယ် ။ သဗ္ဗညုမြတ်စွာဘုရား က ဒီပြဿနာတွေကို
အဖြေပေးရင်ပေး ၊ မပေးရင် ချက်ချင်း ဒီသာသနာက လျှောပြီး ငါ လူထွက်မယ်လို့လည်း
ပြောသေးတယ် ။
          မေးခွန်းကတော့ အနောက်တိုင်းသား ဒဿနဆရာတွေ တစ်သက်လုံး မေးပြီးတိကျ
တဲ့အဖြေမရဘဲ ၀ိဝါဒသံသရာမှာ ချာချာလည် ခံရတဲ့  ပြဿနာတွေပါ ။
          ကဲ..... အဲဒီပြဿနာတွေကို ဘယ်သူကျေနပ်အောင်အဖြေပေးနိုင်သလဲ ။ ဘယ်
ဒဿနဆရာကကော လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို ပေးခဲ့နိုင်သလဲ ။ အဲဒီပြဿနာတွေကို
လူ့ဘ၀မှာ အဖြေရှာနေရင်း အချိန်တွေ ကုန်သွားရင်း ဘ၀အတွက် ဘာအကျိုးရှိသလဲ ။
ရှင်းတယ် ။ ဘယ်သူမှ လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို မပေးနိုင်ဘူး ။ အဲဒါ မြတ်ဗုဒ္ဓ က
မဖြေတဲ့ အကြောင်းပဲ ။
         ဗုဒ္ဓကလည်း မာလုကျပုတ္တ ကိုမေးတယ် ။ " မာလုကျပုတ္တ... အဲဒီမှားယွင်းတဲ့ အယူ
၁၀ ခုထဲက တစ်ခုခုကိုယူထားတဲ့ ပုဂ္ဂိုလ်ဟာ ဒီသာသနာမှာ မဂ်ဖိုလ်ရကြောင်း အကျင့်
ကောင်းကို ကျင့်သုံးနိုင်ပါတော့မလား  , အဲဒီမိစ္ဆာအယူ ၁၀ ခုထဲက တစ်ခုခုရှိတဲ့ ပုဂ္ဂိုလ်ဟာ
 ဒီမေးခွန်းပုစ္ဆာတွေကို မြတ်စွာဘုရားက ငါ့ကိုအဖြေမပေးသရွှေ့ ငါဟာ မြတ်သော  ရဟန်း
အကျင့်မကျင့်ဘဲနေအံ့ လို့ ဆိုရင် အဲဒီလိုမကျင့်ရသေးခင် သေသွားတယ် ဆိုပါစို့ ။ ဘယ်သူ
ဆုံးရှုံးမလဲ ။ သင်ဟာ မြားမှန်ခံထားရတဲ့ ယောက်ျားနဲ့တူတယ် ။ မြားမှန်ခံထားရတဲ့
ယောက်ျား ဟာ မြားကိုဦးစွာထုတ်ပြီး ရောဂါဝေဒနာပျောက်ကင်းအောင် ဆေးကိုမကုဘဲ
ဒီမြားကို ဘယ်သူပစ်သလဲ ။ ဒီမြားပစ်တဲ့လူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ငါမသိရသေး
သရွေ့ မြားကိုမနှုတ်ဘူးဆိုလျှင် မနှုတ်ရခင်မှာပဲ သေဆုံးခြင်းသို့ ရောက်သွားမှာပဲ ။ အလား
တူစွာပဲ  မာလုကျပုတ္တ မေးတဲ့  တက္ကိက၀ါဒမေးခွန်း ပြဿနာတွေကို အဖြေပေးနေရင်ဝိ၀ါဒ
အမျိုးမျိုးဖြစ် ၊ အငြင်းအခုံဖြစ်ရင်းသာ အချိန်ကုန်သွားမယ် ။ သက်သေခံအထောက်အထား
တိကျစွာရှိတဲ့ အဖြေကိုတော့ မရနိုင် ။ ထိုပြဿနာမျိုးကို  ဖြေဆိုလို့လည်း အကျိုးတစ်စုံတစ်
ရာ မရှိ ။ ရဟန်းကိစ္စ ပြီးခြင်းအတွက် အထောက်အပံ့ မဖြစ် ။ ထိုကဲ့သို့သော ပုစ္ဆာမျိုး ကို
ဗုဒ္ဓသည် ဖြေဆိုတော်မမူခဲ့ပါဘူး " ။
           ဒီလို တက္ကိက၀ါဒပုစ္ဆာမျိုး ကို အဖြေရှာခြင်း၏ အကျိုးမဲ့သဘောကို ၂၀ ရာစုဒဿန
ဆရာတွေလည်း သိမြင်ခဲ့ကြတယ် ။ ဒါကြောင့် ၂၀ ရာစုမှာ တက္ကိက၀ါဒ ကိုပယ်ပြီး ၀ိဘဇ္ဇ၀ါဒ
ကိုသာ အနောက်တိုင်းသား ဒဿနပညာရှင်တွေလည်း လက်ခံခဲ့တယ် ။
          မြတ်ဗုဒ္ဓ ကတော့ သူတို့ထက် ရာစုနှစ်ပေါင်း များစွာစောပြီး တက္ကိက၀ါဒ ကို ပယ်ချ
တော်မူခဲ့ပြီးဖြစ်ပါတယ် ။ ဒီနေရာမှာ မိလိန္ဒမင်းရဲ့အမေးကို ရှင်နာဂသိန်ဖြေတဲ့ အဖြေကို
လည်း ပြည့်စုံသွားအောင် ဖော်ပြပါမယ် ။
               ရှင်နာဂသိန်အဖြေက----------
       ရှင်နာဂသေနက မင်းကြီး ဘုရားရှင်က " အာနန္ဒာ လာခြင်းကောင်းသော ဘုရားရှင်တို့
၌ ဆရာစားချန်ထားသော တရားတို့သည်မရှိ "  ဟု ဟောတော်မူခြင်းလည်းမှန်၏ ။ မာလုကျ
၏သား ရဟန်း မေးအပ်သော ပြဿနာကို ဖြေကြားတော်မမူသည်လည်းမှန်၏ ။ ဤသို့မဖြေ
ဘဲ နေခြင်းသည် မသိသောကြောင့် မဖြေသည်လည်း မဟုတ် ။ လျှို့ဝှက်အပ်သောကြောင့်
လည်းမဟုတ် ။
          မင်းကြီး ပြဿနာရဲ့ သဘောသည် လေးမျိုးရှိ၏ ။ လေးမျိုးဆိုသည်ကား--------------
          (၁) ဧကံသ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၂) ၀ိဘဇ္ဇ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၃) ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၄) ထပနီယ  ပဥှာ လည်းတစ်မျိုး ...................ဖြစ်၏ ။
       မင်းကြီး လေးမျိုးတို့တွင်  ဧကံသ ဗျာကရဏ ပဥှာ ဆိုသည်ကား ရူပံ ၊ အနိစ္စံ ၊ရူပက္ခန္ဓာ
သည် အနိစ္စလော ၊ ဝေဒနက္ခန္ဓာသည် အနိစ္စလော ၊ သညက္ခန္ဓာသည် အနိစ္စလော ၊ သင်္ခါရ
က္ခန္ဓသည် အနိစ္စလော ၊ ၀ိညာဏက္ခန္ဓာသည် အနိစ္စလော  ဟူ၍မေး ကြားရာ၌ စကား
အတွင်းပင် အဖြေ တစ်စိတ်တစ်ပိုင်း ပါဝင်ပြီးဖြစ်သောကြောင့်  ဧကံသ ဗျာကရဏ ပဥှာ
မည်၏ ။
ဝေဒနက္ခန္ဓာလော ၊သညက္ခန္ဓာလော ၊ သင်္ခါရက္ခန္ဓာလော ၊ ၀ိညာဏက္ခန္ဓာလော  ဟူသော
အမေး၌  ဝေဖန်ခွဲခြား၍ ဖြေအပ်သော စကား အမေးအတွင်း၌ ပါလေပြီးဖြစ်သောကြောင့်
           ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ   ဆိုသည်ကား စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို သိသလား
ဟူသော အမေး၌ စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို မသိနိုင်သည်ဖြစ်၍ စက္ခုဝိဥာဏ် သည် ရူပါရုံ
ကိုသာ သိခြင်း လက္ခဏာရှိသည် မဟုတ်လော ဟု တစ်ဖန်ပြန်၍မေး၍ ဖြေရသည်ဖြစ်သော
ကြောင့်  ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ  မည်၏ ။
          ထပနီယ  ပဥှာ  ဟူသည်ကား လောကသည် မြဲသလား ၊ လောကသည် မမြဲသလား၊
လောကသည်အဆုံးရှိသလား ၊ လောကသည်အဆုံးမရှိသလား ၊ လောကသည်အဆုံးလည်း
ရှိ , အဆုံးလည်းမရှိသလား ၊ လောကသည် အဆုံးရှိသည်လည်းမဟုတ် , လောကသည်
အဆုံးမရှိသည်လည်းမဟုတ်သလား ၊ အသက်နဲ့ကိုယ်သည် တစ်ခုတည်းလား ၊ အသက်
တစ်ခြားကိုယ်တစ်ခြားလား ၊ သတ္တ၀ါသည် သေသည်၏နောက်၌ မဖြစ်သလား ၊ သတ္တ၀ါ
သည်သေသည်၏နောက်၌ ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်သလား-----
ဟူသော အမေးမျိုးကိုကား မေးသောအတိုင်းမဖြေဘဲထားအပ်သော အမေးမျိုးဖြစ်သော
ကြောင့် ထပနီယ  ပဥှာ ဟု ဆိုအပ်၏ ။
            မင်းကြီး မြတ်စွာဘုရားသည် မာလုကျ၏သား ရဟန်းမေးသော အမေးကို ထပနီယ
ပြဿနာဟု သတ်မှတ်သောကြောင့်လည်းဖြေတော်မမူ ။ ထိုပြဿနာသည် အဘယ်ကြောင့်
ထပနီယပြဿနာ မည်သနည်း ဟူမူကား  ၊ ထိုအမေးကိုဖြေအံ့သောငှါ အကြောင်းလည်းမရှိ
ပြုဖွယ်ကိစ္စလည်းမရှိ ။  ထို့ကြောင့် ထပနီယ  ပဥှာ မည်၏ ။ မင်းကြီး မြတ်စွာဘုရားအား
အကြောင်းပြုဖွယ်ကိစ္စ ( အထောက်အထားမရှိ ၊အကျိုးမရှိ ) သော ပြဿနာကို အသံတော်
ဖြင့် မြွက်ဆိုတော်မူခြင်း မရှိ ဟု ရှင်းလင်း ဖြေကြားခဲ့သည် ။
              အတွေးအခေါ်တစ်ခုမှာ ပြုဖွယ်ကိစ္စရှိရမယ် ။ ပြုဖွယ်ကိစ္စမရှိရင် အဲဒီဒဿနမျိုးကို
မြတ်စွာဘုရားက အကျိုးမရှိမှန်း သိတော်မူလို့မဖြေဘူး။ အဲဒါဟာလည်း ၀ိဘဇ္ဇ၀ါဒရဲ့သဘော
လက္ခဏာ တစ်ခုပဲ ။ဒီအကြောင်းတွေနဲ့ပတ်သက်ပြိး အကျယ်ဆွေးနွေးဖို့ကောင်းတဲ့
အကြောင်းတွေ ရှိပါသေးတယ် ။ " ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ် ပေါဋ္ဌပါဒ ပရိဗိုဇ် " ၀တ္ထုကို
ဖတ်ကြည့်ပါ ။ အဲဒီမှာ ဘယ်လိုဒဿနပုစ္ဆာမျိုးကို မြတ်ဗုဒ္ဓ အဖြေပေးတော်မူတယ်ဆိုတာ
တွေ့ရလိမ့်မယ် ။         ။
............................................................................................................................................................