Showing posts with label မှတ်သားသင့်သည့်ဆောင်းပါး. Show all posts
Showing posts with label မှတ်သားသင့်သည့်ဆောင်းပါး. Show all posts
Wednesday, November 11, 2009
လူသားများဖယ်ရှား/စောင့်ထိန်းရမည့်တရားများ
လူသားများဖယ်ရှား/စောင့်ထိန်းရမည့်တရားများ
         လူအချို့သည် နေ့စဉ်နှင့်အမျှ ကောင်းမှုကံ ၊ မကောင်းမှုကံများ
ပြုလုပ်လျက် ရှိနေကြ ရာ ထို့ကံများကို ပြုလုပ်ရန် စိတ်က
စေ့ဆော်ပေးလျက် ရှိနေ၏ ။ လူအချို့၏ စိတ်ဓာတ်သည် လောဘ ၊
ဒေါသ ၊မောဟ ။ မာန က္ကဿ ၊ မစ္ဆရိယစသော တရားဆိုးများ
လွှမ်းမိုးခံထားရသော စိတ်ဓာတ်များဖြစ်လျှင် ဘယ်သူသေသေ
ငတေမာပြီးရော သူတစ်ပါးအား အကောင်းမမြင်
သည်းခံခွင့်လွှတ်မှုကင်းပြီး မင်းသားမလုပ်ရက ပတ်မထိုးဖောက်ချင်
ကြောင်းကျိုးမထင်အမှန်မမြင်တွေဝေယုံမှား ထောင်လွှားမနာလို
သူတစ်ပါးအား မိမိကဲ့သို့ မသိမတတ်စေချင် မကြီးပွားစေချင်
ရာထူးစည်းစိမ်အခြံအရံအကျော်အစော မဖြစ်စေချင် စသော
ယုတ်ညံ့သော စိတ်ထား ကိလေသာအပူဓာတ်များ ရစ်ပတ်ခံရသူ
အဖြစ်သို့ ရောက်ရှိသွားတော့၏ ။
            တစ်ဖက်မှလူတို့၏ ကိလေသာအပူဓာတ် ထင်ဟတ်မှုကို
ခံရသော တစ်ဖက်လူများတို့ တွင်လည်း သောက ၊ ပရိဒေ၀ ၊ ဒုက္ခ ၊
ဒေါမနဿ ၊ ဥပါယာသ စသော မီးပူများ ဆင့်ပွားဖြစ်ပေါ်ခဲ့ကြရပြန်
၏ ။
            ထို့ကြောင့် ယင်း ၀ိသမလောဘ ၊ ဒေါသ ။ မောဟ ၊ မာန
စသောတရားဆိုးများကို ၀ိသမတရားဆိုးများဖြစ်ကြောင်းသိပြီး ယင်း
ဝိသမလောဘ ၊ ဒေါသ ၊ မောဟ ၊ မာနစသော တရားဆိုးများကို
ရှောင်ခွာဖယ်ရှား လျော့ပါးအောင်ပြုလုပ်နိုင်ကြလျှင် ထိုတရားဆိုးများ
အလို အလျောက် လျော့ပါးလာမည်ဖြစ်၏ ။
             ထိုသို့ ဖယ်ချိုးနိုင်ရန်မှာ လူအများသည် မေတ္တာ ၊ ကရုဏာ ၊
မုဒိတာ ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိုရ်တရားနှင့် သီလ ၊ မေတ္တာ ၊ ခန္တီ ၊
သစ္စာတရားတို့ကိုပွားများကျင့်သုံးနိုင်သော စိတ်ကောင်းစိတ်မြတ်များကို
မွေးမြူနိုင်ကြရန်လို၏ ။ သီလ ၊ မေတ္တာ ၊ ခန္တီ ၊ သစ္စာတရားများ ၊
ဗြဟ္မာစိုရ်တရားများသည် အပူဓာတ်ကိလေသာတရားများ၏
ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အအေးဓာတ်ကြည်လင်ဖြူစင်သော
စိတ်မြတ်များဖြစ်၏ ။ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာနစ သော
အပူဓာတ်များလွန်ကဲသောသူတစ်ဦး၏ ရုပ်အဆင်းမှာ
ကြမ်းတမ်းညစ်နွမ်းနေပြီး ၊ ကြည် လင်မှုကင်းမဲ့နေသလောက် ၊ မေတ္တာ
၊ ကရုဏာစသော စိတ်ဓာတ်များလွန်ကဲသူတစ်ဦး၏ ရုပ် အဆင်းမှာ
ကြည်လင်အေးမြပြီး ကျက်သရေပြည့်ဝနေသည်ကို တွေ့ရှိနိုင်၏ ။
၁ ။ အမျက်ထွက်ခြင်း                    -  ကောဓ ၊
     ရန်ငြိုးဖွဲ့ခြင်း                           - ဥပနာဟ ။
၂ ။ သူ့ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း      - မက္ခ ၊
     ပြိုင်ဆိုင်ခြင်း                            - ပဠာသ ။
၃ ။ မနာလို မရှုစိမ့်ခြင်း                     - က္ကဿ ၊
၎ ။ ကောက်ကျစ်စဉ်းလဲခြင်း                - သာဋ္ဌေယျ ၊
     ကိုယ့်အပြစ်ကိုလှည့်ပတ်ဖုံးလွှမ်းခြင်း   - မာယာ ။
၅ ။ အဆင့်နိမ့်သော အလိုဆန္ဒ               - ပါပမိစ္ဆာ ၊
     မှားသောအယူ                            - မိစ္ဆာဒိဋ္ဌိ ။
၆ ။ မိမိ၏အမှား ၊ အယူမှားကိုမစွန့်ခြင်း             - အာဓာနဂ္ဂါဟ ၊
     မိမိ၏အမှား ၊အယူမှားကို မြဲမြံစွာဆုပ်ကိုင်ခြင်း - ဒုပ္ပဋိနိဿဂ္ဂ ။
                ဟူသော ယုဂလ ပါပဓမ္မ စုံတွဲအယုတ်တရား ( ၆ ) ပါး
တရားကိုယ်အားဖြင့် လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ဒိဋ္ဌိ ၊က္ကဿ ၊
မစ္ဆရိယ ဟူသောတရားဆိုးများကို ဝေးစွာ ရှောင်ရှားကြပြီး ၊
အေးမြကြည်လင်မှုကို ပေးဆောင်နိုင်သော မေတ္တာ ကရုဏာမုဒိတာ
ဥပေက္ခာနှင့် သီလမေတ္တာခန္တီ သစ္စာတရားများကို အစဉ်ထာဝရ
ပွားများကြရန် လိုအပ်ပေ၏ ။ 
ပထမစိတ်ကောင်းရှိရန် 
ဒုတိယ စိတ်ကောင်းရှိရန်    
တတိယ စိတ်ကောင်းရှိရန်  သဘောထားလျက် စိတ်ကောင်း ၊
စေတနာကောင်းများကို မွေးမြူ ပွားများကြပါဟု တိုက်တွန်းလျက် ……
ကျမ်းကိုး -
မာမက ( သုတေသီ ) - မြင်းမိုရ်တောင်ဆိုသည်မှာ
Friday, September 25, 2009
ကိုယ်ကျင့်တရား
                           ကိုယ်ကျင့်တရား
                ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အစဉ်အလာ
ခံယူချက်များသည် ဗုဒ္ဓအယူဝါဒနှင့် မကင်းနိုင်ကြပေ ။ သို့ဖြစ်၍ ဗုဒ္ဓ၏ လမ်းစဉ်၌ ကိုယ်ကျင့်တရား
သည် မည်မျှအရေးပါသည် ၊ မည်သို့သော သဘောလက္ခဏာ ရှိသည် ၊အထူးသဖြင့် ဗုဒ္ဓကျမ်းဂန်လာ
လူ့စိတ်သဘာဝခြင်းရာနှင့် မည်သို့ ဆက်စပ်နေသည် စသည်တို့ကို လေ့လာသင့်ပေသည် ။
                 ဘ၀လွတ်မြောက်ရေးကို ရောက်ဖို့အရေးမှာ အကျင့်သီလဟာ လိုအပ်ပါတယ် ။ ဒါပေမယ့်
အကျင့်သီလတစ်ခုတည်းနဲ့တော့ မလုံလောက်ပါ ။ သီလနှင့်ပညာကို ပေါင်းဖက် ပေးရပါမယ် ။
အကျင့်သီလ မရှိဘဲနဲ့ သတ္တ၀ါရဲ့ ဘ၀မှာ ကိလေသာ စင်ကြယ်မှုဟာ အလိုအလျောက် ဖြစ်မလာနိုင်
ပါဘူး ။
           ဗုဒ္ဓ၏ ကျင့်စဉ်၌ ပုထုဇဉ်သတ္တ၀ါတို့သည် သီလတရားကို အားထုတ်ပြီးမှ သမာဓိစခန်း ၊ ပညာ
စခန်းသို့ ရောက်ရှိနိုင်မည် ဖြစ်၏ ။ ဗုဒ္ဓကျင့်စဉ်မှာ အချုပ်အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်၍ သမ္မာဒိဋ္ဌိ ၊
သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယမ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်အပ်သော တရားများကို မဂ္ဂင်ရှစ်-
ပါး ၌ ပြဆိုထား၏ ။ သမ္မ၀ါစာ ၊ သမ္မာကမ္မန္တ ၊ သမ္မာအာဇီဝ ( မှန်သော ၀စီကံမှု ၊ မှန်သော ကာယကံ
အမှု ၊ မှန်သော အသက်မွေးမှု ) တို့ကို မဂ္ဂင်ရှစ်ပါး၌ ထည့်သွင်းထားခြင်းဖြင့် အကျင့်သီလသည် မဂ်
ဖိုလ်နိဗ္ဗာန် အတွက် အရေးပါသော တရားဖြစ်ကြောင်း သိသာထင်ရှား၏ ။
                      အမှန်အားဖြင့် သီလမဂ္ဂင် သုံးပါးကို ကျင့်သုံးသောအခါ ကိုယ်ကျင့်သိက္ခာ ဖြူစင်၏ ။
မြင့်မြတ်၏ ။ ကိုယ်ကျင့်သိက္ခာ ဖြူစင်မြင့်မြတ်သည်နှင့်အမျှ စိတ်၏ ကိလေသာ အညစ်အကြေးများ
ကင်းစင်၏ ။ ထိုအခါမှသာ မှန်ကန်ထက်မြက်သော ဥာဏ်ပညာ ဖြစ်ထွန်းပြီး အလုပ်မှန်ကို လုပ်နိုင်
၏ ။ အပြောမှန်ကို ပြောနိုင်၏ ။ အတွေးမှန်ကို တွေးနိုင်၏ ။
              အကယ်၍ ကိုယ်ကျင့်သိက္ခာ ဖြူစင်မှုကို သီလဖြင့်စပြီး သီလဖြင့် အဆုံးမသတ်နိုင်သေးလျှင်
ထိုကိုယ်ကျင့်သိက္ခာ ဖြူစင်မှုသည် တကယ်တမ်း ခိုင်မာသော ကိုယ်ကျင့်သိက္ခာဖြူစင်မှု မဟုတ်
သေးပေ ။ အမှန်အားဖြင့် အရဟတ္တမဂ်သည် မဂ္ဂင်ရှစ်ပါးတွင် သီလမဂ္ဂင်သုံးပါးတို့က တစ်ပြိုင်တည်း
တစ်ပေါင်းတည်း ယှဉ်ပါမှ အရဟတ္တမဂ် အဖြစ်သို့ ရောက်၏ ။
            သို့ရာတွင် အချို့သော မြန်မာဗုဒ္ဓဘာသာဝင် တို့သည် အကျင့်သီလကို အလေးထား ဂရုမပြု
ဘဲ ၀ိပဿနာတရားကို ကျင့်ကြံအားထုတ်လျက် ရှိကြ၏ ။ ၀ိပဿနာလုပ်ငန်း၏ ဦးတည်ချက်ဖြစ်
သော လောဘ ၊ ဒေါသ ၊ မောဟ ချုပ်ငြိမ်းမှုအတွက် စိတ်စင်ကြယ်ရန် လိုအပ်၍ စိတ်စင်ကြယ်မှု
( စိတ္တ၀ိသုဒ္ဓီ ) ကို အကျင့်သီလဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း သတိမပြုမိကြပေ ။ သို့ဖြစ်၍
ဝိပဿနာတရားကို နှစ်ရှည်လများ ကျင့်ကြံအားထုတ်ခဲ့ပါလျက် စိတ်ဓာတ် ၊ စရိုက်နှင့် အကျင့်သီလ
အရာ၌ ထူးထူးခြားခြား တိုးတက်မှု မရှိသော ပုဂ္ဂိုလ်များကို ကျွန်တော်တို့ မကြာခဏ တွေ့ရှိရ၏ ။
ယောဂီများ ရှိကြပါ၏ ။ သို့ရာတွင် ထိုပုဂ္ဂိုလ်များမှာနည်းပါး၍ များစွာသော လူတို့အဖို့မူ တရားအား
ထုတ်မှုသည် စိတ်ဓာတ်စရိုက်ကို ထိထိရောက်ရောက် ပြုပြင်နိုင်စွမ်း မရှိခဲ့ပေ ။
           ဤသည်မှာ ၀ိပဿနာတရား၏ အပြစ်မဟုတ် ၊ တရားအားထုတ်ပုံနည်းဟန် လွဲမှားမှုကြောင့်
လည်း မဟုတ်ဘဲ ဆိုင်ရာ ယောဂီပုဂ္ဂိုလ်၏ ချွတ်ယွင်းမှုကြောင့်သာ ဖြစ်ရပေမည် ။ ယောဂီသည်
တရားအားမထုတ်မီက လိုအပ်သော ပြင်ဆင်မှု ပြုလုပ်ရန် မေ့လျော့ခဲ့ပေလိမ့်မည် ။ သို့မဟုတ်
မည်သည့် ပုဂ္ဂိုလ်အမျိုးအစား၌ ပါဝင်ကြောင်း ဘာမျှ မသိသောသူ ဖြစ်ရပေမည် ။
               ဗုဒ္ဓဘုရားရှင်သည် လူသတ္တ၀ါတို့အား စိတ်ဓာတ် အနုအရင့်ကိုကြည့်၍ ဟောပြော ဆုံးမ
တော်မူလေ့ရှိပေရာ အကျင့်သီလဆိုင်ရာ ဗုဒ္ဓသြ၀ါဒ ၊ ဗုဒ္ဓကျင့်စဉ်များသည် ပုဂ္ဂိုလ်အမျိုးအစားကို
လိုက်၍ ကွဲပြား ခြားနား ပေလိမ့်မည် ။ မိမိ စိတ်နေ စရိုက်နှင့် ဆီလျော်သော ဗုဒ္ဓသြ၀ါဒများကို ဂရု
မပြုဘဲ မဂ်ဖိုလ်နိဗ္ဗာန်စခန်းသို့ ဖြတ်လမ်းက ရောက်ရှိလိုပါက ရည်မှန်းချက် မအောင်မြင်ပဲ အကျိုး
စီးပွား ဆုတ်ယုတ်မည်သာ ဖြစ်၏ ။
ကျမ်းကိုး -
ဦးရွှေအောင်   - အမြင်များပြောင်းလဲခြင်း
ဦးအေးမောင်  - စိတ်ပညာနှင့် ကိုယ်ကျင့်တရား
ဦးဆန်းလွင်     - ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက
...................................................................................................................................................................
Thursday, September 17, 2009
ပလ္လင်လုခြင်း ပြဿနာ
                     ပလ္လင်လုခြင်း ပြဿနာ
         ဘုရားဖြစ်ခါနီး မာရ်နတ်ရန်ကို အောင်နိုင်သည့်အခန်းကို ရေးကြပြောကြသောအခါအောက်
ပါအတိုင်း ဖော်ပြလေ့ရှိကြသည် ။
         " အင်ကြင်းတော၌ သီတင်းသုံးတော်မူကာ ကာယဂတာသတိ ဘာဝနာကို စီးဖြန်းသည် ။ည
ချမ်းသောအခါ မဟာဗောဓိပင် တည်ရှိရာသို့ ကြွတော်မူသည် ။ လမ်းတွင် သောတ္တိယ မည်သော
မြက်ထမ်းသမားက ကပ်လှူသော မြက်ရှစ်ဆုပ်ကို လက်ခံတော်မူ၍ ဗောဓိပင်သို့ ရောက်သော
အခါ မြက်ရှစ်ဆုပ်ကို အဖျားမှ ကိုင်၍ ကြဲတော်မူလျှင် ၁၄ တောင် အပြန့်ကျယ်သော အပရာဇိတ
ပလ္လင် ပေါ်ပေါက်လာသည် ။ ထိုပလ္လင်ထက်၌ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူကာ အာနာပါန
ဈာန်ကို ၀င်စားလျက် ဘုရားမဖြစ်သမျှ ဤနေရာက ငါမထပြီ ဟု နေတော်မူ၏ "  လို့ ရေးကြပြော
ကြပါတယ် ။
                 အထက်ပါ အကြောင်းအရာကို ဗုဒ္ဓဘာသာဝင်အတော်များများ သိထားကြ၏ ။ အဲဒီခန်းကို
ရေးကြ ပြောကြသောအခါ များသောအားဖြင့် မာရ်နတ်က ဘုရားလောင်း ၏ ပလ္လင်ကို လာရောက်
လု သည်ဟုသာ ရေးကြ ပြောကြ၏ ။ အမှန်မှာ -----
                   ပလ္လင်ကို လာလုသည် မဟုတ် ၊ ဘုရား မဖြစ်သမျှ ဤ ဖွဲ့ခွေထားသော တင်ပလ္လင် ကို
မဖျက်အံ့ ။ ( အဘိ - ဋ္ဌ - ၁ ၊ ၇၇ ) ဟူသော အဓိဋ္ဌာန် ကို ပျက်စီးစေရန် လာရောက် နှောင့်ယှက်ခြင်း
သာ ဖြစ်၏ ။
                ဗုဒ္ဓ၀ံသ အဋ္ဌကထာ ၊ နှာ - ၃၃၇ ၌ " ဘုရားလောင်းသည် ၁၄ တောင် အပြန့်ကျယ်သော
မြက်ခင်းပြင်၌ တိသန္ဓိပလ္လင် ( တင်ပလ္လင် ) ကို ဖွဲ့ခွေကာ ထိုင်နေတော်မူ၏ " ဟု ဖွင့်ပြ၏ ။
( ကျွန်တော့်အနေနဲ့ မြက်ခင်းပြင်ဟာ ၁၄ တောင် အစား ( ၁၄ မိုက် - ၇ ပေ ) ဟု ယူဆ၏ ။ )
မှတ်ချက် ။              ။ တိသန္ဓိပလ္လင်္ကံ ၊ သုံးပါးသော အဆက်အစပ်ရှိသော ထက်ဝက်ဖွဲ့ခွေ နေထိုင်
တော်မူခြင်း - ဟူသည်မှာ ပေါင်နှင့် ဒူး တို့၏ အဆက်အစပ်နှစ်ပါး ၊ ပေါင်ရင်း နှင့် ခါး တို့၏ အဆက်
အစပ် တစ်ပါး ၊ ပေါင်း (၃) ပါး ဖြစ်၏ ။
တိဏသန္ထရေ - မြက်အခင်း ဟု ဆိုသောကြောင့် ရတနာစီခြယ်သော ပလ္လင် မဟုတ်ကြောင်း
မှာ ထင်ရှား၏ ။ထို့ကြောင့် ဂေါတမဗုဒ္ဓအလောင်းတော်သည် မြက်အခင်း၌ ထိုင်နေတော်မူခြင်းသာ
ဖြစ်၏ ။ သီးခြား ပလ္လင် ခေါ် ( ထိုင်ခုံ ) ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ ။
....................................................................................................................................................................
မေတ္တာရှင်(ရွှေပြည်သာ )
ထေရ၀ါဒမှတ်ကျောက်မှ ကိုးကားဖော်ပြချက်
Sunday, September 13, 2009
ဗုဒ္ဓ၏ထူးခြားချက်များ
                              ဗုဒ္ဓ၏ထူးခြားချက်များ
                      ဗုဒ္ဓသည် ကျန်းမာတောင့်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စာပေ၌ ထင်ရှား၏ ။
ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲ ငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း ၊
အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း ၊
အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန် ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာဝေး
သော ကုသိနာရုံ သို့ ခြေလျင်ကြွသွားခြင်း စသည်တို့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့
ခိုင် တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ ။
                ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာ တောင့်တင်းမှုသည် အကြောင်းအမျိုးမျိုး
ကြောင့် ဖြစ်၏ ။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏ ။
              " ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏ ။ ကိုယ်လက်
ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏ ။ " ( မဇ္စျိမနိကာယ် ၊ ကိဋာဂီရိသုတ် )
               လောက၌ ကျန်းမာ၍ အသက်ရှည်သောသူတို့သည် အများအားဖြင့် ဘ၀ ရည်ရွယ်ချက်
တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သော သူများဖြစ်၏ ။ ဗုဒ္ဓသည် လူသတ္တ၀ါတို့ကို သံသရာဝဋ်
ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါ၌ပင် သုဘဒ္ဒရဟန်းအား ဟော
ပြော ဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော ။
                ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီး
အားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းသာမှုဖြစ်၏ ။ တစ်ခါသော် ဗုဒ္ဓသည် အာဠ၀ီပြည် နွား
တို့သွားရာ ဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူ၏ ။
အာဠ၀ီမင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့ ချဉ်းကပ်ပြီးလျှင်
" မြတ်စွာဘုရား ၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော်မူရပါ၏လော "  ဟုမေးလျှောက်၏ ။
ဗုဒ္ဓက " မင်းသား ၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် " ဟု ပြန်ပြော ၏ ။
                ထိုအခါမင်းသားသည် များစွာ အံ့သြ၍ " အရှင်ဘုရား ၊ ယခုအချိန်အခါသည် ဆောင်းဥတု
ဖြစ်၍ အလွန်အေးချမ်းလှပါ၏ ။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏ ။ သစ်ရွက်အခင်း
သည် ပါးလွန်းလှပါ၏ ။ သစ်ပင်မှ သစ်ရွက်တို့သည် ကျဲရရဲရှိကြပါကုန်၏ ။ အရပ်လေးမျက်နှာမှ
အေးမြသော လေတိုက်ခတ်၍ ဆီးနှင်းတို့ တဖွဲဖွဲ ကျလျက်ရှိပါ၏ ။ သို့ဖြစ်ပါလျက် ငါသည် ချမ်းသာ
စွာ အိပ်ရသည် ဟု အရှင်ဘုရား မိန့်တော်မူဘိ၏ ။ " ဟု လျှောက်၏ ။
                 ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ယာ၌ အိပ်ရသော်
လည်း ကိလေသာမီးတောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည် မဟုတ်ကြောင်း ၊ မိမိ
မှာ ကိလေသာ ရာဂမီး ပယ်သတ်ပြီးပြီ ဖြစ်၍ မည်သည့်နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရ
ကြောင်း မိန့်တော်မူလေသည် ။ ( အင်္ဂုတ္တရနိကာယ် ၊ တိကဒဟတ္ထာဠ၀ကသုတ် )
               ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဍာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေ
မည်ဖြစ်၏ ။ သို့ဖြစ်၍ ဗုဒ္ဓကို ပထမ အကြိမ်တွေ့မြင်ရသော ဥပကတက္ကတွန်းက " ငါ့ရှင် ၊ သင်သည်
မည်သူဖြစ်သနည်း ၊ သင်၏ က္ကနြေ္ဒတို့သည် ကြည်လင်လှ၏ ။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုး
ပြက်ပြက် ရှိ၏ ။ " ဟု ဆို၏ ။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စ၀ဂီ
ငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏ ။
                 ဗုဒ္ဓ၏ တင့်တယ်ခန့်ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူ
များ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ် ၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများ
မှာလည်း မနည်းလှချေ ။ ပေါက္ခရသာတီသောဏဒန္တာ စသော အလွန်ဇာတ်ကြီး ၊ မာနကြီးသည့်
ဗြဟ္မာဏခေါင်းဆောင် တို့သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုကြ
သော ဆန္ဒ ဖြစ်ပေါ်လာကြ၏ ။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူး လှိုက်လှိုက်လှဲလှဲ ကြည်ညိုသောပုဂ္ဂိုလ်
နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦး နှင့် ပသေနဒီကောသလမင်း တို့ ဖြစ်၏ ။ သူ
တို့သည် ဗုဒ္ဓအထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့် ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်
ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည် ။ ( မဇ္စျိမနိကာယ် ၊ ဗြဟ္မာယုသုတ်နှင့်ဓမ္မစေတိယသုတ် )
                ဤသို့ များစွာသော လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် မိမိအား
လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝ မလိုလားချေ ။ မိမိအား အလွန်အမင်း ကြည်ညိုသော
ဝက္ကလိရဟန်း အား မိန့်ကြားချက်သည် ရှင်းလင်းပြတ်သား၏ ။ " ၀က္ကလိ ၊ ဤ အပုပ်ကောင်ကို
ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း ။ ၀က္ကလိ ၊ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်
သည်မည်၏ ။ " ( သံယုတ္တနိကာယ် ၊ ခန္ဓသံယုတ် - ၀က္ကလိသုတ် )
                စင်စစ် ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင် ၊ နိုင်ငံရေး ၊ ဘာသာရေးခေါင်းဆောင်များ
အားပေးလေ့ရှိသော ပုဂ္ဂိုလ် ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သည့် ရှေးဦး ပထမပုဂ္ဂိုလ်ဖြစ်
သည်ဆိုက မှားမည် မဟုတ်ချေ ။ ဤအကြောင်းနှင့် ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကိုပြဆို
ပါမည် ။
               ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ ။ တစ်ခါသော်
ဗောဓိမင်းသားသည်
ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန်
ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏ ။
ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ဆက်
မသွားဘဲ ရပ်တန့်နေ၏ ။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုတ်သိမ်းပြီးသောအခါမှ နန်းတော်
သို့ ၀င်တော်မူ၏ ။ ( မဇ္စျိမနိကာယ် ၊ ဗောဓိရာဏကုမာရသုတ် )
                လူအများ၏ ချီးကျူးပူဇော်ခြင်းခံရသော်လည်း တစ်ခါတစ်ရံ
ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍
ပြောလေ့ရှိ၏ ။ ပရပိုဇ်တစ်ဦးက
ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည် ဟု ချီးကျူး
၏ ။ ထိုအခါ
ဗုဒ္ဓက မိမိ၏ ခြိုးခြံစွာ ကျင့်မှုမှာ အချို့သော တပည့်ရဟန်းတို့၏ ခြိုးခြံစွာကျင့်မှုနှင့်စာ
သော် ဘာမျှ မပြောပလောက်ပါ ။ ထိုတပည့်ရဟန်းတို့က မိမိထက် သာလွန်၍ ခြိုးခြံစွာ နေထိုင်စား
သောက်ကြပါသည်ဟု မိန့်ကြား၏ ။ ( မဇ္စျိမနိကာယ် ၊ မဟာသကုလုဒါယီသုတ် )
                တစ်နေ့သော ညနေချမ်း၌
ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိ၏ ။ " ရဟန်းတို့ ၊သင်
တို့သည်အကယ်၍ ငါ၌ ကိုယ်နှင့်နှုတ်နှင့်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အား
လျှောက်ထားကြကုန်လော့ " ဟု မိန့်တော်မူ၏ ။ ( သဂါထာဝဂ္ဂသံယုတ် ၊ ၀င်္ဂီသသုတ် )
                    ပိဋကတ်စာပေ၌
ဗုဒ္ဓ၏ စိတ်သဘောထား မြင့်မြတ်မှု ၊ သနားကြင်နာမှု ၊ ထောက်ထား
စာနာမှု စသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ် မှ မဟာပရိ
နိဗ္ဗာနသုတ် ဖြစ်၏ ။ ဤနေရာ၌
ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု ထင်ဟပ်နေသော နောက်ဆုံး မိန့်ကြား
ချက်များကို ဖော်ပြပါမည် ။
ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ ၏ ၀က်သားဆွမ်းကို ဘုန်းပေးပြီးနောက် ၀မ်းသွေးသွန်
ရောဂါ အပြင်းအထန် ခံစားရ၏ ။ သို့ရာတွင် စုန္ဒ အား စိတ်မကောင်း မဖြစ်စေလိုသောကြောင့်
ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားသည်
ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ ၏ နှလုံးမသာခြင်းကို ဖြေဖျောက်
ရန် အရှင်အာနန္ဒာ အား မှာကြားတော်မူခဲ့၏ ။
                အရှင်အာနန္ဒာက
ဗုဒ္ဓသည် ပရိနိဗ္ဗာန် စံမ၀င်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ မှာ
ကြားတော်မူခဲ့လိမ့်မည် ဟု မိမိ ယုံကြည်ပါကြောင်း
လျှောက်ထား၏ ။ ထိုအခါ ဗုဒ္ဓ မိန့်ကြားသော
စကားမှာ အောက်ပါအတိုင်း ဖြစ်၏ ။
             " အာနန္ဒာ ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေဘိသနည်း ။
ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ ။ သင်တို့သည် ငါ၏ နောက်လိုက် ဖြစ်သည် ၊
ငါသည် သင်တို့၏ ခေါင်းဆောင် ဖြစ်သည် ဟု ငါမယူဆခဲ့ပေ ။ အာနန္ဒာ ၊ ငါသည် ယခု အိုမင်း၍ဘဝ
ခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်ရာပြု
၍ နေကြကုန်လော့  ။ တရားမှတစ်ပါး မှီခို ကိုးကွယ်ရာ မရှိဘဲ တရားသာလျှင် မှီခိုကိုးကွယ်ရာရှိ
သည်ဖြစ်၍ နေကြကုန်လော "
             ကုသ်နာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို့သည် လာရောက်၍
ဗုဒ္ဓ
အား ပူဇော်ကြ၏ ။ ထိုအခါ
ဗုဒ္ဓက " အာနန္ဒာ ၊ နတ်ဗြဟ္မာတို့သည် ဤသို့ ပူဇော်ကာမျှဖြင့် ငါဘုရား
အား မြတ်နိုးသည် မမည်သေး ။ အကြင်ဥပါသကာ ၊ ဥပါသိကာမ တို့သည်လည်းကောင်း ၊ ရဟန်း
ယောက်ျား ၊ ရဟန်းမိန်းမ တို့သည်လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ ကျင့်ကြံ
နေထိုင်ကြ၏ ။ ထိုသူတို့သည်သာလျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည် မည်၏ ။ "
မိန့်တော်မူ၏ ။ ရှင်အာနန္ဒာက " အရှင်ဘုရား ၊ ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ့သော် အလောင်းတော်
အား ကျွန်ုပ်တို့ပြုဖွယ်ကိစ္စကို အဘယ်သို့ ပြုရပါအံ့နည်း " ဟုမေးလျှောက်၏ ။ ထိုအခါ
ဗုဒ္ဓက
" အာနန္ဒာ ၊ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်း စသည်တို့၌ သင်တို့ မကြောင့်ကြကုန်လင့်
မိမိ၏ အစီးပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာ လုံ့လပြုကြကုန်လော "ဟု မိန့်တော်မူ
၏ ။
            ပရိနိဗ္ဗာန်စံဝင်ခါနီး၌
ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ ၊ ငါ၏တပည့် ရဟန်းသံဃာတို့
သည် ငါ ပရိနိဗ္ဗာန် စံဝင်သောအခါဘုရား မရှိပြီ ၊ ငါလွန်ပြီ ဟု ထင်မှတ်ကြပေလိမ့်မည် ။ ထိုသို့
မထင်မှတ်လင့် ။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏ဆရာ ဖြစ်လတ္တံ့ ။ ထို့ကြောင့်
ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာ မှတ်အပ်၏ ။ " ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏
တရား၌ တစ်စုံတစ်ရာ ယုံမှားမှုရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏ ။ သို့ရာတွင်
ရဟန်းတို့က မည်သို့မျှ မမေးလျှောက်ကြချေ ။ ထို့နောက် ဗုဒ္ဓသည် " ရဟန်းတို့ ၊ သင်္ခါရတရားတို့
သည် ပျက်စီးတတ်သောသဘော ရှိကြကုန်၏ ။ သင်တို့သည် မမေ့မလျော့ဘဲ ကျင့်ကြံအားထုတ်
ကြကုန်လော " ဟု နောက်ဆုံး မိန့်ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏ ။
               ဗုဒ္ဓ ၏ နောက်ဆုံးဘ၀ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ် သည် အခြားသုတ်
များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏ ။ လောက၌ နဂိုမူလ
က စိတ်ကောင်းနှလုံးကောင်းရှိသောသူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာ
ယိုယွင်း ပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏ ။ ငါစွဲကြီး
မား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း ၊ သူတစ်ပါးကို အပြစ်မြင် အထင်သေးခြင်း စာနာထောက်
ထားမှု မရှိခြင်း ၊ သူတစ်ပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း စသော စရိုက်လက္ခဏာများကို
ပြတတ်ကြ၏ ။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်
၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါးစိတ်မကောင်း မဖြစ်စေလိုခြင်း ၊သူတစ်ပါးကို အထင်အမြင်
မသေးစေလိုခြင်း ( ရှင်သာရိပုတ္တရာ အား မိန့်ကြားချက် ) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော
လက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည် ။
ဦးအေးမောင်
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ မှ ဆွဲထုတ်တင်ပြချက်
...........................................................................................................................................................................................................................
Saturday, September 12, 2009
ဗုဒ္ဓဟောသော အကျင့်သီလ
                      ဗုဒ္ဓဟောသော အကျင့်သီလ
" ရဟန်းတို့  ၊ ရှေးအခါက ဝေဒေဟီမည်သော သူကြွယ်မ၌ ကာဠီ မည်သော " ကျွန်မ " ရှိ၏ ။
ဝေဒေဟီသူကြွယ်မသည် တရားပြည့်ဝသည် ၊ သည်းခံတတ်သည် ဟု သတင်းပျံ့နှံ့၏ ။ ကာဠီ
" ကျွန်မ " သည် ၊ ငါ၏ သခင်မသည် တစ်ကယ်ပင် သဘောကောင်းလေသလော ။ ငါကအလုပ်
ဝတ္တရားကျေပွန်စွာ ဆောင်ရွက်သောကြောင့် သဘောကောင်းခြင်း ဖြစ်လေသလော ဟု သိလို
ရကား စုံစမ်းရန် တစ်နေ့တွင် နေမြင့်မှ အိပ်ယာ က ထ၏ ။ ထိုအခါ သူကြွယ်မသည် မျက်မှောင်
ကြုတ်၍ ကြည့်၏ ။ နောက်တစ်နေ့၌ အိပ်ယာထနောက်ကျသော် " ကျွန်မ " ကို ဆဲရေး၏ ။
တတိယနေ့၌မူ ရိုက်ပုတ်၏ ။ ထိုအခါမှ လူတို့သည် သူကြွယ်မ ၏ သီလ မရှိသော အဖြစ်ကို သိ
ကြကုန်၏ ။ ရဟန်းတို့ ၊ သူတစ်ပါးက ကြမ်းတမ်းစွာ ပုတ်ခတ်ပြောဆိုပါလျက် တုန်လှုပ်ခြင်းမရှိ
သောသူကိုသာလျှင် စိတ်နှိမ့်ချ၍ သည်းခံသော ဟူ၍ သိအပ်၏ ။ ပစ္စည်းလေးပါး ပြည့်စုံသော
ကြောင့် ဆို ဆုံးမလွယ်သော ရဟန်းကို ဆို ဆုံးမလွယ်သော ရဟန်းဟု ငါဟောတော်မမူ ။
အကြောင်းမူ ထိုရဟန်းသည် ပစ္စည်းလေးပါး မရခဲ့သော် ဆို ဆုံးမ လွယ်မည် မဟုတ် ။ "
( မဇ္ဈိမနိကာယ် ၊ ကကစူပမသုတ် )
                    ဤဒေသနာမှာ မိမိတို့၏ အကျင့်သီလ ထိခိုက်မည်စိုးသဖြင့် လောကီလူမှုကိစ္စများ
ကို တတ်နိုင်သမျှ မျက်နှာလွှဲဖယ် ထားလိုသော ဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်ရန်ဖြစ်၏ ။ မိမိတို့၏
ရပ်ရွာအရေး ၊ နိုင်ငံနှင့်အမျိုးသားရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်ပါက စိတ်အနှောင့်အယှက်
ဖြစ်ဖွယ်ရာ အခက်အခဲ ပြဿနာများကို ရင်ဆိုင်ရမည် မှန်၏ ။
                   သို့ရာတွင် ဗုဒ္ဓအလိုအားဖြင့် ယင်းတို့ကို ရင်ဆိုင်ဖြေရှင်းခြင်းသည်ပင် အကျင့်သီလ
ကြီးပွားတိုးတက်ရန် အကြောင်းဖြစ်၏ ။ ဗုဒ္ဓဟောသော အကျင့်သီလသည် " အလုပ်မရှုပ် ၊
အကျိုးမယုတ် " ဆိုသော အကျင့်သီလမျိုး မဟုတ် ။ ပြုသင့်သော ကာယကံမှု ၊ ၀စီကံမှုများကို
ပြုခြင်းဖြင့် ရှင်သန် တက်ကြွနေသော သီလ ဖြစ်၏ ။
                   မြန်မာ ဗုဒ္ဓ၀ါဒီတို့သည် လူသူအရောက်အပေါက်နည်းသော နေရာဒေသ၌ ဧကစာရီ
ကျင့်သော ရသေ့ရဟန်း တို့ကို သီလ ၊ သမာဓိ နှင့် ပြည့်စုံသော သူတော်သူမြတ်များ ဖြစ်သည်
ဟု ယုံကြည်၍ အလွန်ကြည်ညိုလေ့ရှိကြ၏ ။ ဤသို့ မစူးစမ်းပဲ ကြည်ညိုကြခြင်းသည် ဗုဒ္ဓ ၏
အမြင်အားဖြင့် အသိပညာကင်းမဲ့သော ကြည်ညိုမှုမျိုး ဖြစ်၏ ။ ဗုဒ္ဓ ၏ အလိုအားဖြင့် ရဟန္တာ
ပုဂ္ဂိုလ် ဆိုသူ၏ အကျင့်သီလ အဆင့်အတန်း ကို စုံစမ်းလေ့လာလိုသောသူသည် မိမိကိုယ်နှိုက်
က အသိပညာရှိသောသူဖြစ်၍ ထို ပုဂ္ဂိုလ်နှင့် ကာလရှည်ကြာစွာ ပေါင်းဖော်ပြီး စုံစမ်းလေ့လာ
ရမည် ဖြစ်၏ ။ ဤသည်မှာ ရဟန္တာ နှင့် စပ်လျင်း၍ ဒေသနာတစ်ခု ပါရှိသော ဗုဒ္ဓ ၏ ညွှန်ကြား
ချက်တစ်ခု ဖြစ်၏ ။
               " မင်းကြီး ၊ သားမယားတို့နှင့်ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာ , ကာမဂုဏ်
စည်းစိမ်ခံစားနေသောသင်မင်းကြီးသည် ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ် တို့တည်း ဟု သိနိုင်ခဲ၏"
              " ပုဂ္ဂိုလ် တစ်ဦး နှင့် အတူတကွ နေထိုင်ခြင်းဖြင့်သာ သူ၏ သီလကို သိနိုင်၏ ။ ယင်း
သီလကိုလည်း ကြာရှည်စွာ ပြောဆိုဖူးသော သူမှသာ သိနိုင်၏ ။ တစ်ခဏမျှ ပြောဆိုကာမျှဖြင့်
မသိနိုင် ။ ပညာရှိ၍ စဉ်းစား ဆင်ခြင်သောသူမှသာ သိနိုင်၏ ။ ပညာမဲ့သောသူသည် မသိနိုင် "
              " ဘေးရန် တွေ့ကြုံသောအခါတို့၌သာ သူ၏ ဥာဏ်အစွမ်းကို သိနိုင်၏ ။ ယင်းကိုလည်း
များစွာသော ဘေးရန်တွေ့ကြုံမှသာ သိနိုင်၏ ။ စဉ်းစား ဆင်ခြင်၍ ပညာရှိသောသူမှသာ သိ
နိုင်၏ ။ ပညာမဲ့သော သူသည် မသိနိုင် ။ "
                 " အတူတကွ ကာလကြာရှည်စွာ တရားစကားပြောဆို ဆွေးနွေးခြင်းဖြင့်သာ ထိုသူ
၏ ပညာကို သိနိုင်၏ ။ စဉ်းစားဆင်ခြင်၍ ပညာရှိသော သူမှသာ ထိုသို့ သိနိုင်၏ ။ ပညာမဲ့သော
သူသည် မသိနိုင် ။ "
( ဥဒါန်းပါဠိတော် ၊ ဇစ္စန္ဓ၀ဂ် ၊ သတ္တဇဋိလသုတ် )
                 ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး၏ အကျင့်သီလကို အမှန်အတိုင်း သိရှိလိုပါက ပတ်ဝန်းကျင်
လူများနှင့် ဆက်ဆံပြုမူပုံကို စူးစမ်းလေ့လာ ရပေမည် ။ သို့ရာတွင် ကျန်းမာခြင်း ၊ ချမ်းသာ
ကြွယ်ဝခြင်း ၊ တန်ခိုးအရှိန်အ၀ါရှိခြင်း စသည်တို့ဖြင့် ဘ၀ပြည့်စုံဖူလုံသော ပုဂ္ဂိုလ်ဖြစ်ပါက
ဘ၀အခြေအနေအရ လောဘ ၊ ဒေါသ စသော အကုသိုလ်စိတ်များ ငြိမ်ဝပ်နေခြင်းဖြစ်၍ သီလ
စင်ကြယ်မှုသည် မူမမှန်ဘဲ အတုအယောင် ဖြစ်နေတတ်၏ ။ စစ်မှန်သော အကျင့်သီလမြင့်မား
မှုသည် ဆင်းရဲဒုက္ခ အမျိုးမျိုးကြုံတွေ့၍ ဘ၀ခရီးလမ်း ကြမ်းတမ်းခက်ခဲသောအခါ၌သာလျှင်
သိသာထင်ရှား၏ ။ သို့ဖြစ်၍ ဗုဒ္ဓသည် အလိုဆန္ဒပြည့်ဝ၍ ဘ၀ခရီး သာယာဖြောင့်ဖြူးသော
ကြောင့် အကျင့်သီလ စင်ကြယ်မှုကို ချီးမွမ်းတော် မမူချေ ။
............................................................................................................................................................
Monday, August 24, 2009
စရဏ သည် အဘယ်နည်း
                 စရဏ ကို ကျင့်ကြံမည် ဆိုသော် စရဏ သည် အဘယ်နည်း  ဆိုသည်ကို သိအပ်ပါသည် ။
"  သီလ သမာဓိသည်  စရဏ မျိုးတည်း ၊ ပညာသည် ၀ိဇ္ဇာမျိုးတည်း ၊ ၀ိဇ္ဇာ စရဏ နှစ်ပါး ဖြစ်၏ ။ ၀ိဇ္ဇာ သည် လူသတ္တ၀ါ တို့၌
မျက်စိ နှင့်တူ၏ ။ စရဏ သည် ခြေလက် နှင့် တူ၏ ။ ၀ိဇ္ဇာ သည် ငှက်တို့၌ မျက်စိ နှင့် တူ၏ ။ စရဏ သည် အတောင် နှင့် တူ၏ ။
သီလ သမာဓိ ပြည့်စုံ၍ ၀ိဇ္ဇာဥာဏ် ချို့တဲ့ သော သူတို့သည် ခြေလက်အင်္ဂါပြည့်စုံ၍ မျက်စိနှစ်ဖက်ချို့တဲ့သော သူနှင့်တူကုန်၏ ။
ဝိဇ္ဇာ ဥာဏ် နှင့်ပြည့်စုံ၍  စရဏ တရားအားနည်းသောသူတို့သည် မျက်စိအင်္ဂါပြည့်စုံ၍ ခြေအင်္ဂါ လက်အင်္ဂါ ချို့တဲ့သော သူနှင့်
တူကုန်၏ ။ ၀ိဇ္ဇာ စရဏ နှစ်ပါး နှင့် ပြည့်စုံသူတို့သည် ခြေအင်္ဂါ လက်အင်္ဂါ မျက်စိအင်္ဂါ အလုံးစုံ နှင့်ပြည့်စုံသော လူကောင်းသူ
ကောင်းပကတိ နှင့်တူကုန်၏ ။ ၀ိဇ္ဇာ စရဏ နှစ်ပါး ချို့တဲ့သော သူတို့သည် ခြေအင်္ဂါ လက်အင်္ဂါ မျက်စိအင်္ဂါ ချို့တဲ့၍ အသက်ရှိ
သည်ဟူ၍ မပြောစလောက်သော သူနှင့် တူကုန်၏ ။"
                "  ဤသာသနာတော်အတွင်း၌ ယခုရှိနေကြကုန်သောသူ အပေါင်းတို့တွင် အကြင်သူတို့သည် သီလ သမာဓိ ဟူသော
စရဏ နှင့်ပြည့်စုံကြကုန်၏ ။ ရုပ်နာမ် ခန္ဓာ တို့၌ ဥာဏ်ကျက်စားခြင်း ဟူသော ၀ိဇ္ဇာ မျိုး မရှိကြကုန် ။ ထိုသူတို့သည် စရဏ တရား
အားကောင်းလှသည့်အတွက် နောက်ဘုရား သာသနာကို တွေ့ကြုံကြကုန်ရာ၏ ။ တွေ့ကြုံကြကုန်သော်လည်း  ၀ိဇ္ဇာ မျိုး မရှိသည့်
အတွက် နောက် ဘုရား တရားကို ကြားနာသော်လည်း သစ္စာဥာဏ်အလင်းမပေါက်နိုင်ကြကုန် ။ ငါတို့ ဘုရားလက်ထက်၌
ကာဠုဒါယီမထေရ် ၊ ဥပနန္ဒမထေရ် ၊ ဆဗ္ဗဂ္ဂီရဟန်း ၊ ကောသလမင်း  စသူတို့ကဲ့သို့တည်း ။ ထိုသူတို့သည် ဒါန သီလ စရဏ နှင့်ပြည့်
စုံခဲ့ကြသည့်အတွက်  အသက်ထက်ဆုံး မြတ်စွာဘုရား နှင့် တွေ့ဆုံ ပေါင်းဖက် ကြရကုန်၏ ။ ရှေးဘုရား သာသနာက ၀ိဇ္ဇာ မျိုး မပါခဲ့
သည့်အတွက် ငါတို့ ဘုရား တရားတော်ကို အခါခါ ကြားနာ ကြရကုန်သော်လည်း အသက်ထက်ဆုံး ကျွဲပါးစောင်းတီး နှင့် ပြီးရှာကြ
ကုန်၏ ။"
              "  အကြင်သူတို့သည် ရုပ်နာမ်ခန္ဓာ တို့၌ ဥာဏ် ကျက်စားခြင်း ဟူသော ၀ိဇ္ဇာ မျိုးနှင့် ပြည့်စုံကြကုန်၏ ။ ဒါနမှု ၊ နိစ္စသီလမှု ၊
ဥပေါသထသီလမှု ဟူသော စရဏတရားနည်းပါးကြကုန်၏ ။ ထိုသူတို့သည် ၀ိဇ္ဇာ မျိုး ရှိကြသည့်အတွက် နောက် ဘုရား တရားကို
ကြားနာခွင့် ရကြပါမူကား သစ္စာဥာဏ်အလင်း သို့ ပေါက်နိုင်ကြကုန်ရာ၏ ။ စရဏ တရား နည်းပါးကုန်သည့်အတွက် နောက်ဘုရား
နှင့် တွေ့ကြုံရန် အခွင့်မူကား များစွာ နည်းကြကုန်၏ ။ ( အလွန်ခဲယဉ်းလှကုန်၏ ၊ ) အဘယ်ကြောင့်နည်း ဟူမူ ဤဘုရား သာသနာ
နှင့်  နောက်ဘုရား သာသနာသည် အန္တရကပ်ကြီး တစ်ကပ် ကွာခြားလျက် ရှိ၏ ။ ကာမဘုံ၌ ဖြစ်ခဲ့မူ ဘ၀ပေါင်း ကုဋေမက ဆက်
လက် ကျင်လည်ကြရလိမ့်ဦးမည် ။ ယခု ဘ၀မှ စ၍ နောက် ဘုရား လက်ထက်တိုင်အောင် အန္တရကပ်ကြီး တစ်ကပ်ပတ်လုံးအကုဋေ
မကသော ဘ၀ တို့၌ လူ့ရပ် နတ်ရွာ သုဂတိ ဘုံ မှာချည်း ဆက်လက် ကျင်လည်၍ သွား နိုင်မှ နောက် ဘုရား ကို တွေ့နိုင်လိမ့်မည် ။
စပ်ကြား၌ အပါယ် သို့ တစ်ချက် စောင်း၍ သွားခဲ့လျှင် နောက် ဘုရား ကို တွေ့နိုင် တော့မည် မဟုတ်ပါ ။"
                 "  အပါယ် မည်သည် တစ်ကြိမ် ကျခဲ့ လျှင် ဘ၀ အသင်္ချေ သွား တတ် ချေသည် ။ ယခု ဘ၀ ၌ ဒါနမှု နည်းပါး၍ ကာယကံ
မလုံခြုံ ၊ ၀စီကံ သောင်းကျန်း ၊ မနောကံ ညစ်နွမ်း၍ စရဏ တရား နည်းပါးသော သူတို့သည် သေသည့် အခြားမဲ့၌ ပင် အပါယ်ကျမှု
အားကြီးလျက် ရှိနေကြကုန်၏ ။ အခန့်တော်၍ သုဂတိ ဘ၀ သို့ ရောက်ကြပါကုန်သော်လည်း ဒါန ဟူသော စရဏ တရား နည်းပါး
ခဲ့သည့်အတွက် ဖြစ်လေရာ ဘုံ ဘ၀၌  ဓနဥစ္စာ ချို့တဲ့မှု နှင့် ကိုယ်မချမ်းသာစိတ်မချမ်းသာ အသက်မွေး ကြမ်းတမ်းမှု  အပါယ်လမ်း
တစ်မျိုး ၊ နိစ္စ သီလ ဥပေါသထသီလ ဟူသော စရဏ တရား နည်းပါး ခဲ့သည့်အတွက် တွေ့ရှိသော သူတို့နှင့် ခိုက်ရန် ဒေါသ ၀ိဝါဒ
ပွားများ  အနာရောဂါ များပြားမှု အပါယ် လမ်း တစ်မျိုး ၊ ဤသို့သော အပြစ် ဒေါသ တို့သည်  ဘ၀ တိုင်း တွေ့ကြုံ ၍ အထုံ ၀ါသနာ
အစဉ်ပါသဖြင့်  သုဂတိ ဘုံ မှာ များစွာ ဆက်လက် ခွင့် မရကြကုန်မူ၍  အပါယ် သို့ သာ မကြာမီ ကျရောက် လေကုန်ရာသော
ကြောင့် ဒါန သီလ  ဟူသော စရဏ နည်းပါးသော သူတို့သည် နောက်ဘုရား နှင့် တွေ့ကြုံရန် အခွင့် အလွန် နည်းပါး လျက် ရှိကြ
လေသတည်း ။ "
                    "  ၀ိဇ္ဇာ မျိုး စရဏ မျိုး တရားနှစ်ပါး နှင့် ပြည့်စုံသူမှ နောက် ဘ၀၌ ကျွတ်နိုင်သည် ။ ၀ိဇ္ဇာမျိုးသာပါရှိ၍ ဒါန သီလ ဟူ
သော စရဏမျိုး နည်းပါးခဲ့ပြန်လျှင်  နောက် ဘုရား သာသနာ နှင့်ပင် တွေ့ကြုံ ခွင့်မရှိ ။ စရဏမျိုး သာပါရှိ၍ ၀ိဇ္ဇာမျိုး မရှိပြန်လျှင်
နောက် ဘုရား သာသနာတော် နှင့်  ကြုံကြသော်လည်း မကျွတ်ရ ။ ထို့ကြောင့် ယခုအခါ၌ နောက် ဘုရား သာသနာကို မျှော်လင့်
ကြကုန်သော ပဒပရမ ပုဂ္ဂိုလ် တို့သည် ဤသာသနာ၌  ဒါန သီလ သမထ ဘာဝနာ ဟူသော စရဏမျိုး တို့ကို  အားထုတ် ဆည်းပူး
ကြ၍ ၀ိဇ္ဇာမျိုးမှာလည်း ယုတ်စွအဆုံး ဓာတ်ကြီးလေးခုမျှကိုသော်လည်း လေ့လာ စွဲမြဲ ကြ၍ နောက် ဘုရား သာသနာနှင့် တွေ့နိုင်
ကြရန်   ၊  တွေ့ပြန်လျှင်လည်း  ကျွတ်နိုင် ကြရန်  ၀ိဇ္ဇာ  စရဏ နှစ်ပါး တို့ကို ယောက်ျား မိန်းမ  မဆို ကြိုးစား အားထုတ်ကြ ကုန်ရာ
သည် ။ "
                 "  စရဏတရား  တစ်ဆယ့်ငါးပါး တွင် ပါဝင်သော သူတော်ကောင်းတရား ခုနှစ်ပါး မှာ သဒ္ဓါ ဟူသော သူတော်ကောင်း
တရားတွင် ပါဝင်လေတော့သည် ။ "
                  (  အထက်ပါ စကားရပ်များ မှာ လယ်တီဆရာတော်ဘုရားကြီး က ဗောဓိပက္ခိယ ဒီပနီ  တွင် ညွှန်ပြထားသော စကား
များဖြစ်လေ၏ ။ ထိုစကားများသည် တစ်ပါးသူများ အတွက်မူ မည်သို့သော အဓိပ္ပာယ် အနှစ်သာရ ရှိမည် မသိသော်လည်း မိမိ
အတွက် ထိုစကားတို့သည်  ဘ၀၏ အဓိပ္ပာယ် ကိုလည်းပြ၏ ။ ဘ၀ ၏ အနှစ်သာရ ကိုလည်းပြ၏ ။ ဘ၀ ၏ ပန်းတိုင်ကိုလည်းပြ၏ ။
ထိုစကားများကို ဆည်းပူးရသော အခါ ကျွန်ပ် သည် ဤ ဘ၀ ၀ယ် အသက်ရှင်နေစဉ် ဘာလုပ်ရမည် ဆိုသည်ကို ထိုစကားများက
ညွှန်ကြား နေသည် ဟု ထင်မှတ်မိလေသည် ။ )
...........................................................................................................................................................................................................
လယ်တီဆရာတော်ဗောဓိပက္ခိယ  ဒီပနီ
စာ -၁၀ -၁၂