Friday, June 11, 2010
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး(၃)
   မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။
မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ်၏ ။ 
နည်းသောပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့် ဖောက်
ပြန်၏ ။ ပရိသတ်ကိုဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသောအဖြစ်ကို ဆောင်ရွက်ခြင်း
ငှာမတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာ
သည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သားတို့သည် ဥပဒေကို ချိုး 
ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သော ဥပဒေနှင့်အညီ မအုပ်ချုပ်သော 
မင်းကိုလည်း အပြစ်ဒဏ် ပေးရမည် ။ ထို့အပြင် မင်းကဲ့သို့ မကျင့် ၊ ဓားပြကဲ့သို့ ကျင့်သော မင်း
အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ ။
            ဇာတက ထဲတွင်လည်း အပြစ်မရှိသည့် တိုင်းသူပြည်သားများကိုသာ အပြစ်ဒဏ်ပေးပြီး
တကယ့်လက်သည် တရားခံကိုဖြင့် အပြစ်မပေးဘဲထားသည့် မင်းသည် တိုင်းပြည် အုပ် ချုပ်ဖို့
မသင့်သည့် မင်းဖြစ်ကြောင်း ဖော်ပြထားပါသည် ။
        မင်းတို့မည်သည် မိမိကိုယ်ကို တိုးတက်မှုရှိအောင် မိမိ၏ အပြုအမူ အပြောအဆိုကို မိမိဘာ
သာ အမြဲတမ်း စိစစ်မှု ရှိရမည် ။ ပြည်သူလူထု၏ ထင်မြင်ချက်များကို သိနေအောင် အမြဲ စနည်းနာ
ရမည် ။ မိမိသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှားအယွင်း တစ်စုံတစ်ရာ ပြုမိခြင်း ရှိမရှိကို အကဲ
ခတ်နေရမည် ။
         အကယ်၍ မိမိသည် တရားသဖြင့် မအုပ်ချုပ်သောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ပြုခဲ့
မိပြီဟု သိမြင်လာသောအခါမှာလည်း ပြည်သူလူထုက မတရားသော မင်း၏ အုပ်ချုပ်မှု ကြောင့် ငါ
ငါတို့ပျက်စီးရပြီဟု အပြစ်တင် ဝေဖန်လာကြလိမ့်မည် ။ ကောက်ကျစ်စဉ်းလဲသောမင်းသည် မတရား
သဖြင့် အပြစ်ဒဏ်စီရင်ခြင်း ၊ မတရားသဖြင့် အခွန်အတုတ်ကောက်ခံခြင်း ၊ အခြားသောနည်းများ
ဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ၊ အဂတိအမျိုးမျိုး လိုက်စားခြင်းကြောင့် ပြည်သူများက ထိုမင်းအားတစ်နည်း
မဟုတ်တစ်နည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မည် ။ တစ်နည်းဆိုသော် မင်းသည် တရားသဖြင့် အုပ်
ချုပ်သောအခါ ပြည်သူလူထုက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု ဆုမွန်ကောင်းများ
တောင်းကြလိမ့်မည် ။
                                                                                           ( မဇ္ဈနိမနိကာယ် )
       မြတ်စွာဘုရားသည် အုပ်စိုးသူ အစိုးရမင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကို အလေးပေး
ဟောကြားတော်မူပါသည် ။ အကျင့်သီလကောင်းမွန်ပြီး ပြည်သူလူထုက အပ်နှင်းထားသည့် အချုပ်
အခြာအာဏာကို ပြည်သူလူထုဘ၀ သက်သာချောင်ချိရေး ၊ တိုးတက်ကြီးပွားစေရေးအတွက်
အသုံးပြုရေး ဟောကြားချက်များက အာသောက ဧကရာဇ် ဘုရင်ကြီးကို ဘီစီ ၃၀၀ ခန့်က အလွန်
အားပေးအားမြှောက်ပြုခဲ့ပါသည် ။ ဤတရားများနှင့်အညီ အုပ်စိုးတော်မူခဲ့သည့်အတွက် အာသောက
မင်းကြီး၏ ဂုဏ်သတင်းသည် လူ့သမိုင်းတွင် ထွန်းပခဲ့ပါသည် ။ အာသောကမင်းကြီးသည် မြတ်ဗုဒ္ဓ 
ဟောကြားတော်မူခဲ့သော တရားဓမ္မများ နှင့်အညီ မင်းပြုတော်မူခဲ့ပါသည် ။ သူ၏ အိမ်နီးချင်းတိုင်း
ပြည်များအပေါ် နယ်ချဲ့လိုခြင်း သဘောထားကို ကြေငြာတော်မူခဲ့သည် ။ ထိုအကြောင်းကိုလည်း  
အခြားသော ပြည်ထောင် မင်းများထံ တမန်စေပြီး  သိကြားစေတော်မူသည် ။
               တစ်ပါးသောမင်းများအပေါ် သူထားရှိသည့် ချစ်ကြည်ရေး သဘောထားကို ယုံကြည်
စိတ်ချရအောင် အခိုင်အမာပြုခဲ့ပါသည် ။ သူ့လက်ထက်တွင် ရိုးသားဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း
၊ ကရုဏာထားခြင်း ၊ ကြင်နာသနားပြီး အကြမ်းမဖက်ခြင်း ၊သတ္တ၀ါအားလုံးအပေါ် ထောက်ထား
ညှာတာသောစိတ် ရှိခြင်း ၊ အသုံးအဖြုန်း မကြီးခြင်း ၊ သိမ်းပိုက်မှု မပြုခြင်း ၊ တိရစ္ဆာန်များအား
ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း မပြုရေး ဆိုသည့် အားရှိသော တရားများ နှင့်အညီ အုပ်ချုပ် မင်း
လုပ်တော်မူခဲ့ပါသည် ။ မင်းကြီးသည် ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း အားပေး 
ခွင့်ပြုခဲ့သည် ။ မတူသောဘာသာဝင် အချင်းချင်း လေးလေး စားစားဆက်ဆံရေး ကိုလည်း အား
ပေးတော်မူသည် ။ ကျေးလက်ဒေသနေ ပြည်သူလူထုအများ ရှိရာ အရပ်သို့လည်း မကြာခဏ
ကိုယ်တော်တိုင် သွားရောက်ပြီး တရား ဓမ္မများကို ဟောကြားဆုံးမတော်မူသည် ။ ပြည်သူ့ 
 သက်သာချောင်ချိရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည့် လုပ်ငန်းများကိုလည်း ကိုယ်တိုင်
ကြီးကြပ်ပြီး တည်ထောင်သည် ။ ဆေးရုံများ တည်ဆောက်သည် ။ လူများအတွက်ရော ၊  
တိရစ္ဆာန်များအတွက်ပါ ဆေးရုံ ဆေးခန်းများကို ထူထောင်သည် ။ ဆေးများကို ဝေငှသည် ။
လမ်းဘေး အရိပ်ရ သစ်ပင်များကို စိုက်ပျိုးစေသည် ။ ရေတွင်း ရေကန်များကို တူးဖော်စေသည် ။
ရေအိုးစင်များ ၊ ဇရပ်များကို လည်း တည်ဆောက်ပြီး လှူဒါန်းခဲ့သည် ။ အထူးသဖြင့် တိရစ္ဆာန်များ
အပေါ် ရက်စက်ကြမ်းကြုတ်မှုကို တားမြစ်တော်မူခဲ့သည် ။
            တစ်ခါတစ်ရံ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို လူမှုပြုပြင် ပြောင်းလဲရေးသမားကြီး အဖြစ်လည်း 
ဖော်ပြ ပြောဆိုတတ်ကြသည် ။ တခြားသော လူမှုပြုပြင် ပြောင်းလဲမှု အလုပ်များအနက် အထူးသဖြင့်
အိန္ဒိယပြည်တွင် အရိုးစွဲနေသော ဇာတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချ ပြစ်တင်တော်မူ သည် ။ လူ အချင်းချင်း
တန်းတူညီတူထားရေး သဘောထားအမြင်ကို အသိအမှတ်ပြုတော်မူ သည် ။ လူမှုစီးပွား တိုးတက်ကြီး
ပွားရေးကို ဆောင်ရွက်ရန်လည်း အရေးထား ဟောကြားတော်မူပါသည် ။ ဥစ္စာဓနများကို အညီအမျှ
ဖြန့်ဝေခံစားရရေးကို အရေးတကြီးထားပြီး ဆင်းရဲ ချမ်းသာ အလွန်အမင်း မကွာခြားရေးကိုလည်း
ဟောကြား ဆုံးမတော်မူပါသည် ။ အမျိုးသမီးများ၏ လူမှု ဘ၀ အဆင့်အတန်းကိုလည်း မြှင့်တင်တော်
မူပါသည် ။ အုပ်စိုးသူအစိုးရ၏လုပ်ငန်းထဲတွင် လူသားချင်း စာနာသည့် လုပ်ငန်းတွေကိုလည်း ပူးတွဲ
လုပ်ဆောင်ရန်ထောက်ခံပြီး ပြညွှန်တော်မူသည် ။ နောက်ပြီး လူ့ အဖွဲ့အစည်းကို အုပ်ချုပ်ရာတွင်
လောဘတဏှာ ဦးစီးပြီး မလုပ်ကြရန် မေတ္တာ ကရုဏာနှင့် စာနာထောက်ထားစိတ်ဖြင့်သာ အုပ်ချုပ် 
 ကြဖို့ကိုလည်း တိုက်တွန်း ဆုံးမတော်မူပါသည် ။
             ထိုအရေးကိစ္စများထက် ပိုပြီး လူသားများအတွက် မြတ်စွာဘုရား ပြုခဲ့သည့် အကျိုးပြု
လုပ်ငန်းကြီးတစ်ခုရှိ၏ ။ ထိုအလုပ်မျိုးကို ဗုဒ္ဓ မတိုင်မီကလည်း ဘယ်သူမှ လုပ်ရကောင်းမှန်း
မသိသည့်ကိစ္စဖြစ်၏ ။ မြတ်ဗုဒ္ဓသည် လူသားတို့၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေ
သည့် မကောင်းမှုသဘောထားတွေကို ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့ပါသည် ။ ပြုပြင်
ပြောင်းလဲရေးကို အပြင်ပန်း ဗဟိဒ္ဓအားဖြင့် လုပ်တာက ရေတိုပဲ ရ၏ ။ တကယ်တမ်း ပြုပြင်ပြောင်း
လဲရေး လုပ်ချင်လျှင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှ ဖြစ် ၏ ဆိုသည်ကို ထုတ်ဖော် ဟောကြား
တော်မူခဲ့ပါသည် ။
        အင်အားကို အသုံးပြုပြီး လုပ်သည့် ပြုပြင် ပြောင်းလဲရေးသည် ခဏပဲခံမည် ဖြစ်၏ ။ အဘယ်
ကြောင့်ဆိုသော် ထို ပြုပြင် ပြောင်းလဲရာတွင် စွဲစရာ အမြစ် မပါပေ ။ အကိုင်းအခက်တွေက ဘေး
ပြင်ဘက်ကို ဖြာထွက်နေကြပါ၏ ။ ဘ၀င်စိတ် ဆိုသည့် မကုန်ခန်း နိုင်သည့် ရင်းမြစ်တွေဆီက အဆီ
သြဇာဓာတ်ကို ရနေလို့ ဖြစ်၏ ။ တကယ်တမ်း ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ကတော့ ပြုပြင် ပြောင်းလဲ
လိုသည့်စိတ် အဆင်သင့် ဖြစ်နေမှသာလျှင် ဖြစ်နိုင်ပါသည် ။ လူတွေသည် မိမိကိုယ်တိုင် အမှန်တရား
ကိုချစ်မြတ်နိုးမှု လူ အချင်းချင်း တရားမျှတစေလိုမှု ဆိုသည့် တရားများဆီက ရှင်သန်အားကို ရရှိနေ
သရွေ့ရပ်တည် ရှင်သန်နေကြမှာပဲ ဖြစ်သည် ။
         မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားသည် နိုင်ငံရေးဒဿနကို အခြေခံပြီး ဟောတာ
မဟုတ်ပေ ။ နောက်ပြီး ထိုတရားများသည် လူတွေအတွက် လောကီ စည်းစိမ် ချမ်းသာတွေ ရဖို့ကို 
အခြေခံဟောကြားတာလည်း မဟုတ်ချေ ။ နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်သန်ပြီး ဟောကြားတာတွေချည်း
ဖြစ်၏ ။ တစ်နည်းဆိုသော် နောက်ဆုံးပိတ် ရည်မှန်းချက်ကတော့ တဏှာကိုသေအောင်သတ်ဖို့ပင်
ဖြစ်သည် ။ တဏှာက လူသားများကို လောကထောင်ထဲတွင် ချုပ်နှောင် အကျဉ်းချထားတာ ဖြစ်
သည် ။ ဓမ္မပဒထဲတွင်ပါသည့် ပါဠိစာပိုဒ်တစ်ခုသည် ထိုအချက်ကို ပေါ်လွင် ထင်ရှားစေပါသည် ။
လောကီချမ်းသာရကြောင်းက တစ်လမ်း ၊ ဘာသာရေး ဘ၀ကို ထူထောင်ပြီး နိဗ္ဗာန်ရောက်ကြောင်း
တရားတစ်လမ်း ဖြစ်၏ ။ သို့သော် လည်း ထိုစကားသည် ဗုဒ္ဓဘာသာဝင်တွေ၏ နိုင်ငံရေးနှင့်ဘာမှ
မပတ်သက်ကြဘူးဆိုသည့် အနက်အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပေ ။ လူ့အဖွဲ့အစည်းထဲက
လူတွေ၏ဘ၀ကို တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ပုံဖော်ယူကြရတာ ဖြစ်၏ ။ စီးပွားရေး
အစီအမံတွေကိုလည်း နိုင်ငံတစ်နိုင်ငံ အတွင်းမှာပဲ လုပ်ခွင့်ရကြတာ ဖြစ်၏ ။ ထိုအရာတွေကို ဒီ
နိုင်ငံတွင်းမှ နိုင်ငံရေးက သြဇာသက်ရောက်ပါသည် ။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်တွေလည်း
နိုင်ငံရေးတွင်ပါဝင်လိုကြသည် ။ သို့သော်လည်း နိုင်ငံရေး အာဏာရဖို့ ဘာသာရေးကိုတော့ ခုတုံး
မလုပ်သင့်ချေ ။
ကျမ်းညွှန်း -
ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
/
.................................................................................................................  
(၂) ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )
             ဒေါသ၏သဘောသည်ကား ဖျက်ဆီးလိုမှု ၊ ပြစ်မှားမှုပင် ဖြစ်၏ ။ ငါ့ရဲ့အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ
ဆိုပြီး ရန်ငြိုးဖွဲ့သည်လည်း ဒေါသပင်ဖြစ်သည် ။ အာဃာတလည်း ဒေါသ ၊ ရန်ငြိုးဖွဲ့ရာတွင် အတိတ်
ကာလကလည်း ငါ့ရဲ့အကျိုးမဲ့ကို ပြုခဲ့ပြီ ။
            ခုလည်း ပြုနေဆဲ ၊ နောင်အခါလည်း ပြုဦးမှာပဲ ဆို၍ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ကာလ
သုံးပါးစလုံးတွင် ရန်ငြိုးဖွဲ့တတ်သည် ။ ကိုယ့်အပေါ်တွင် ပြုကျင့်ခဲ့သည့် အကျိုးမဲ့ ပြုမှုအပေါ်တွင်သာ
ရန်ငြိုးဖွဲ့တတ်သည် မဟုတ်ပေ ။
           ကိုယ့်မိတ်ဆွေ ၊ ကိုယ့်ရဲ့ချစ်သူအပေါ်တွင် အကျိုးမဲ့ပြု လျှင်လည်း အတိတ် ၊ ပစ္စုပ္ပန် ၊
အနာဂတ် ကာလသုံးပါးနှင့်စပ်လျဉ်းပြီး ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။ ထို့နောက် ကိုယ်မချစ်
ခင်သူ ၊ မုန်းတီးသူ၏အကျိုးကို ဆောင်ရွက်လျှင်လည်း ထိုသို့ ဆောင်ရွက်သူအပေါ်  ရန်ငြိုးဖွဲ့တတ်
ပြန်၏ ။
          ရန်ငြိုးဖွဲ့ရာတွင်လည်း အလွန်အမင်း ရန်ငြိုးဖွဲ့တတ်ခြင်းလည်း ရှိသည် ။ ပဋိဃာတ ဟုခေါ်
သည် ။ ပဋိဃ ဆိုသည်မှာ ထိပါးခြင်း ၊ မုန်းထားခြင်း ဖြစ်သည် ။ ဒေါသကြောင့် အလွန်အမင်း
ဆန့်ကျင်ခြင်းလည်း ရှိသည် ။ အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ဆိုသည်လည်း ဒေါသပင် ဖြစ်သည် ။
           ဒေါသသည် အလွန်ကြောက်စရာကောင်းလှသည် ။ ဒေါသဖြစ်လာလျှင် ဖျက်ဆီး ချေမှုန်းပစ်
 ချင်ကြသည် ။ အလွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။ ကိုယ်မုန်းတီးသူ၏ ပျက်စီးခြင်း ၊ ဆုံး ရှုံးခြင်း ၊
နစ်နာခြင်း ၊ ဘ၀ပျက်ခြင်းကို မြင်ရကြားရလျှင် အားရ၀မ်းသာ ဖြစ်သည် ။ ဤသည်လည်း ဒေါသ 
ကြောင့် ဖြစ်သော စိတ်၏ ပျက်စီးခြင်းသဘော ၊ ဖောက်ပြန် ခြင်းသဘောပင် ဖြစ်သည် ။
-         ဒေါသကြောင့် စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
-         ဒေါသကြောင့် စကားပြောသည့်အခါတွင်လည်း ကောင်းမွန်စွာ ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
-         ဒေါသဖြစ်ချိန်တွင် မိမိစိတ်သည်လည်း ပင်ကို ပကတိစိတ် မဟုတ်တော့ပေ ။ ဘီလူးစိတ် ၊
  သရဲစိတ်လို ဖြစ်လာသည် ။ စိတ်ဖောက်ပြန်လာသည် ။ စိတ်ထဲတွင် မနှစ်မြို့ခြင်း ၊
မလိုလားခြင်းသာ ထင်ရှားရှိနေသည်ပင်လျှင် ဒေါသ၏သဘော ဖြစ်သည် ။
ကျမ်းကိုး -             
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ
/
.........................................................................................................................
Monday, June 7, 2010
ကိလေသာဆယ်ပါးကို နားလည်ခြင်း
                 ထေရ၀ါဒအခြေခံ အယူအဆများ၌ ကိလေသာဆိုသည့် စကားတစ်လုံးကို အသုံးများ ကြ၏ ။
သို့သော်ကိလေသာ၏အနက်အဓိပ္ပာယ်ကို မသိသူကများမည်ထင်ပါသည် ။
           ကိလေသဆိုသည့်စကားသည် လူ့စိတ်တွင်ဖြစ်ပေါ်တတ်သည့် ထူးခြားသောသဘောတရား
တစ်ခုကို ဗုဒ္ဓမှ ထိုးထွင်း သိမြင်ထားခြင်းဖြစ်၏ ။ မကောင်းမှု ၊ ဒုစရိုက် ၊ အပြစ်ဆိုသည်ကား ကံ 
( ကာယကံ ၊ ၀စီကံ ၊ မနောကံ ) ပါမှ ဖြစ်၏ ။ ကိလေသကား စိတ်အစဉ်တွင် ကပ်၍ပါနေသည့် စိတ်ကို
ညစ်ညူးစေသည့် တရား ဖြစ်သည် ။ ကိလေသကို မြန်မာလိုပြန်လျှင် (သတ္တ၀ါတို့ကို) ပူပန်စေတတ် ၊
နှိပ်စက်တတ်သော တရားဟု ပြန်၏ ။ ကိလေသာဆယ်ပါးဆိုသည်မှာ -
(၁) လိုချင်တက်မက်မှု (လောဘ )
(၂) ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )
(၃) အမှန်ကိုမသိမှု တွေဝေမှု ( မောဟ )
(၄) ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး ထောင်လွှားမှု ( မာန )
(၅) အမြင်အယူအဆမှားမှု ( ဒိဋ္ဌိ )
(၆) ယံုမွားသံသယျဖစ္မႈ ( ၀ိစိကိစ ၦာ )
(၇) စိတ်ရဲ့ ထိုင်းမှိုင်းမှု ကျေနပ်မှု ( ထိန )
(၈) စိတ်ရဲ့ပျံ့လွင့်မှု ( ဥဒ္ဓစ္စ )
(၉) မကောင်းမှုပြုခြင်းကို မရှက်တတ်သည့်သဘော ( အဟိရိက )
(၁၀) ကာယဒုစရိုက် မကောင်းမှု ကျူးလွန်ခြင်းကို မကြောက်မှု ( အနောတ္တပ္ပ )
၁ ။ လိုချင်တက်မက်မှု ( လောဘ )
             လောဘသည် လူကိုအစဉ်သဖြင့် ပူလောင်စေ၏ ၊ အစဉ်သဖြင့် နှိပ်စက်၏ ၊ အစဉ်သဖြင့်
နစ်မွန်းအောင်လုပ်တတ်၏ ဆိုသည်ကို သဗ္ဗညုတဥာဏ်တော်ကြီးဖြင့်ထိုးထွင်းပြီးမှ ဗုဒ္ဓ မြတ်စွာဘုရား
ဟောကြားထားခြင်းသည် အံ့ဩစရာသိပ်ကောင်း၏ ။
            လောဘ၏အရင်းခံသဘောမှာ ၊ တက်မက်ခြင်းသည် လောဘ ဖြစ်၏ ။ ဤလောဘကို
အကြောင်းခံပြီးဖြစ်လာသည့် ပူလောင်စေသောတရားတွေသည် ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်
နှိပ်စက်သည့်တရားတွေက သိပ်များ၏ ။ လောဘကြောင့် -
(၁) စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။
(၂) အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ ) ဖြစ်လာသည့်အခါ လူ့စိတ်သည် အိပ်မရ ၊ စားမ၀င် ရင်ပူနာ
     ကပ်လာ၏ ။ လောဘကြောင့် သတ္တ၀ါတို့၏စိတ်သည် မြင်ရာကြားရာနံရာ စားရာ အာရုံအမျိုးမျိုး၏
     ဆွဲဆောင်ခြင်းကို ခံရ၏ ။ အာရုံဆွဲဆောင်လာသည့်အခါ မဆန့်ကျင်နိုင်တော့ပေ ။ ရုန်းမထွက်နိုင်
     ပဲ လိုက်ပါသွား၏ ။
                အာရုံမြင်လျှင်လိုချင်၏ ။ ထို လိုလားသည့်သဘောသည် လောဘ၏သဘောပင် ဖြစ်သည် ။
အဘယ်ကြောင့်လိုချင်သနည်းဆိုလျှင် နှစ်သက်ခြင်းဆိုသည့် နန္ဒီသဘောကြောင့် ပင် ဖြစ်၏ ။ ၎င်းသည်
လည်း လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။ မြင်ရာ ၊ ကြားရာ ၊ နှစ်သက် ရုံတင်မက နှစ်သက်သည်ကို
မေ့ပျောက်ပစ်လို့ပင် မရချေ ။ စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။
             ရူးသွပ်ခြင်းဆိုသည်များမှာ ထို ( စိတ္တဿသရတာ) ဆိုသည့် စိတ်၏ ပြင်းစွာစွဲလမ်းမှုကြောင့် ဖြစ်
လောဘသည် အာရုံမှန်သမျှကို လိုလား၏ ။ လိုချင်အားကြီးလွန်းသောကြောင့် မိန်းမောမှုတောင် ဖြစ်
၏ ။ မရလျှင်ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေပစ် ဖို့ ၀န်မလေးချေ ။ ဆင်ခြင်ဥာဏ်ဖြင့် သတိသပ္ပဇဉ်
လုံးဝကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။ ဓမ္မသင်္ဂဏီဟုခေါ်သည့်အဘိဓမ္မာကျမ်းတွင်ဟောထားသည့်
တရားတွေသည် အလွန်ပင် နက်နဲ၏ ။
            လောဘသည် အာရုံမရှိလျှင် မနေနိုင်ပေ ။ အာရုံမှန်သမျှကို ရအောင်အားထုတ် တတ်သည့်
သဘောရှိ၏ ။ ဖြစ်ရာဘ၀တိုင်းတွင်လည်း လောဘသည် မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။
သတ္တ၀ါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့် ဘ၀ကြိုးနှင့်လည်း တူ၏ ။ သို့ဖြစ်၍ လောဘကြောင့် 
 ချမ်းသာကိုမရနိုင် ၊ အကျိုးမဲ့ဆင်းရဲကိုသာ ရစေတတ်၏ ။ ဆင်းရဲခြင်းကို အလွန်အမင်းဖြစ်စေသည်လည်း
 လောဘပင် ဖြစ်၏ ။
-         ချစ်ကြိုက် ပေါင်းဖော် ရောနှောခြင်းသည်လည်း လောဘ ၊
-         ချစ်ကြိုက်သောကြောင့် ငဲ့ကွက် တွယ်တာခြင်းသည်လည်း လောဘ ၊
-         နှောင်ဖွဲ့တတ်ခြင်းသည်လည်း လောဘ ၊
-         တောင့်တခြင်း ၊ တမ်းတခြင်း ၊ လွမ်းဆွတ်ခြင်းသည်လည်း လောဘ ၊
-         အဆင်း ၊ အနံ့ ၊ အရသာ ၊ အသံ ၊ အတွေ့အာရုံ အားလုံးကို တောင့်တခြင်း ၊ ပစ္စည်းဥစ္စာ
တောင့်တမှု ၊ သားသမီး၌ တောင့်တမှု ၊ အသက်ရှင်ခြင်း၌တောင့်တမှု ၊ ကျန်းမာခြင်း၌
တောင့်တခြင်း သဘောတွေသည်လည်း လောဘ ၊
-         ငါ့ဟာ ၊ ငါ့ဥစ္စာဟု ပြောဆိုစေတတ်သည့် တပ်မက်မှုသဘော ၊ အချိန်ရှိသရွေ့ ငါ့ဟာ ငါ့ ဥစ္စာ
ဟု ပြောဆိုစေတတ်သည့် တပ်မက်ခြင်းသဘောသည်လည်း လောဘ ၊
-         အမြီးနှံ့သောခွေးလိုပင် လာဘ်လာဘ၌ တပ်မက် တုန်လှုပ်သည့်သဘောသည်လည်း လောဘ ၊
-         မသင့်လျော်သောအရာ၌တပ်မက်ခြင်း ၊ အဓမ္မရာဂသည်လည်း လောဘပင်ဖြစ်၏ ။ အဆမတန်
လိုချင်အားကြီးမှု ၀ိသမလောဘ ၊ မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊ ချစ်ခင်ခြင်းသည်လည်း လောဘ ၊
-         ၀ဋ်ဆင်းရဲတွင် နစ်မြုပ်စေတတ်ခြင်းသဘော (ဩဃ)သည်လည်း တရားကိုယ်အားဖြင့် လောဘ ၊
-         ၀ဋ်ဆင်းရဲတွင် ယှဉ်စေတွဲစေတတ်သည့် ယောဂသည်လည်း လောဘ ၊
-         ၀ဋ်ဆင်းရဲတွင် ဆက်စပ်ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
-         သတ္တ၀ါများကို ၀ဋ်ဆင်းရဲတွင် နှောင်ဖွဲ့စေတတ်သည်လည်း လောဘ ၊
-         စိတ်ကိုကပ်ပြီး ညစ်နွမ်းစေတတ်သော သဘောသည်လည်း တရားကိုယ်အားဖြင့် လောဘ ၊
-         ဆင်းရဲခြင်း၏ အခြေအမြစ် ဒုက္ခမူလသည်လည်း လောဘ ၊
-         အကုသိုလ်တရားတို့၏ မူလအခြေအမြစ် အကုသလမူလသည်လည်း လောဘ ၊
  ပင်ဖြစ်သည် ။
ကျမ်းကိုး -             
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ
/
.........................................................................................................................
Friday, April 2, 2010
ဘုရားလောင်း၏ကြင်ယာတော်နှင့်သားတော်များအကြောင်း ရှင်းလင်းချက်
     ဗုဒ္ဓ ဘုရားအလောင်းတော်ဘ၀မှ ကြင်ယာတော် ၊ သားတော်များအကြောင်းနှင့်ပတ်သက်
၍အငြင်းပွားနေကြသည်ကို တွေ့နေရပါသည် ။
              ပထမလူတစ်စုမှာ ဂေါတမဘုရားရှင်သည် မင်းသားဘ၀တွင် မယား ၇ ယောက် ၊ သား ၇
ယောက် ရှိကြောင်း ပြောဆိုရေးသားတင်ပြကြသည် ။ ၎င်းမယား ၇ယောက်မှာ -
၁ ။ သုဘနာ နှင့်သားတော် သမ၀တ္တက္ခန္ဓ 
၂ ။ သဗ္ဗကာမာ နှင့်သားတော် အတုလ
၃ ။ သုစိတ္တာ နှင့်သားတော် သုပ္ပဗုဒ္ဓ 
၎ ။ ရောစီနီ  နှင့်သားတော် ဥတ္တရ
၅ ။ ရုစဂ္ဂတီ  နှင့်သားတော် သတ္တ၀ါဟ 
၆ ။ သုနန္ဒ   နှင့်သားတော် ၀ိဇိတသေန
၇ ။ ယသောဓရာဗိမ္မာဒေ၀ီ နှင့်သားတော် ရာဟုလာ တို့ ဖြစ်ကြသည်ဟု ဆိုလေသည် ။
              ဒုတိယလူစုမှ ဘုရားအလောင်းတော်သည် မယား ၇ယောက် ၊ သား ၇ ယောက် ရှိသည်ဟု
မကြားဖူး ။ (ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း) စာမျက်နှာ၉၀တွင် မယား ၅ ယောက်
၊ သား ၅ ယောက်ရှိ ကြောင်း ပြဆိုထားသည်ကို တွေ့ဖူး ဖတ်ဖူးကြောင်းပြောဆို ရေးသားလာကြ
ပြန်သည် ။ ၎င်း မယား ၅ ယောက် ၊ သား ၅ ယောက် အမည် များကို စာမျက်နှာ ၉၀ တွင် အောက်ပါ
အတိုင်း ရေးပြထားပါသည် ။ -
             ဗုဒ္ဓ၀င်အဋ္ဌကထာတွင် ဤသို့လာ၏ ၊ သိဒ္ဓတ္ထမင်းသားအား မြောက်သား ငါးယောက်ရှိ၏ ။
ပထမ ယသောဓရာ ၊ ထို့နောက် သုမိတ္တ ၊ ကဉ္စန ၊ မင်္ဂလ နှင့်မလ္လိကာမိဖုရား ဟူ၍ ငါးပါး
ဖြစ်သဖြင့် သားလည်း ငါးယောက် ဖြစ်လေသည် ။ ယသောဓရာ၏သားကြီး ရာဟုလာ ၊  
 သုမိတ္တာ၏သားကား ပုတ္တ ၊ ကဉ္စန၏သားကား ဥပရောဂ ၊ မင်္ဂလ၏သားကား သင်္ဃာဝရ ၊
မလ္လိကာ၏သားကား ဇာတိဝရ ဖြစ်၏ ။ ပေါင်းစုက ပဉ္စပုတ္တဘွဲ့တော်ရ၍ အရိယာငါးပါး
ဖြစ်ကြောင်း ဗုဒ္ဓ၀င်မှအကျဉ်းပြ၏ ။ အမှန်ကိုသိလိုက ဒီဃနိကာယ်အကျယ်ကျမ်း ကြည့်
ပါလေဟု ဖော်ပြထားပါသည် ။
            ၎င်းစာသည် အနာဂတ၀င်ကျမ်းငယ်မှလာသည် ဖြစ်၏ ။ အနာဂတ၀င်ကျမ်းငယ်တွင်
ထိုအကြောင်း လင်္ကာလေးနှင့် ပြဆိုထားပါသည် ။
         " ကဿပဟု ၊ ဗုဒ္ဓမြတ်စွာ ၊ သုံးရွာသခင် ၊ မြတ်ချစ်ရှင်၏ ၊ဗုဒ္ဓ၀င်မွေခံ ၊ နာမံမည်မှတ် ၊
သိဒ္ဓတ်မင်းသား ၊ မြောက်သားငါးယောက် ၊ ကြီးမြောက်ရသော် ၊ ထိုရော်သုမိတ္တ ၊ ကဉ္စနနှင့် ၊  
မင်္ဂလဟူ ၊ ဘွဲ့မူသာယာ ၊ မာလိကာမိဖုရား ၊ စဉ်လိုက်ထားမှ ၊ သားကားငါးယောက် ၊  
ကြီးမြောက်နန်းလျာ ၊ ရာဟုလာဟု ၊ ရေမှတ်ပြုမှ ၊  ထိုမှတစ်ဖန် ၊ သုမိတ္တံလျှင် ၊ မွေးမြင်သည်
သား ၊ အများခေါ်ကြ ၊ သားပုတ္တလျှင် ၊ အမည်တွင်မှ ၊ကဉ္စနမိဖုရား   မွေးသည့်သားကား ၊ 
 အများတွင်ခေါ် ၊ သားတော်ဥပယောဂ ၊ တွင်ပေစွဟု ၊ မင်္ဂလဟူ ၊ သားတော်မူလည်း ၊ 
 ထို့တူမည်ရ ၊ သင်္ဃ၀ရ ၊ ထိုမှတစ်ပါး မိဖုရားမာလ္လိကာ ၊ သားတော်မှာလည်း ၊ မည်သာတွင်သည့်
ဇာတိဝရ ၊  ပေါင်းစုကလည်း ၊ ပဉ္စဗုဒ္ဓ ၊ ဘွဲ့တော်ရ၏  ၊ အရိယာငါး ၊ ဖြစ်ကြောင်းများကို နောက် 
သားသိမြင် ၊ ဗုဒ္ဓ၀င်မှ ၊မကျဉ်းပြ၏ ၊ ထိုမှတစ်ဖန် ၊ အမှန်သိရ ၊ ဒီဃနိကာယ် ၊  အကျယ်ကျမ်းပြ ၊
သိပါရ၏ ။ လောကသခင် ၊ လူတွင်လူမြတ် ၊ သိဒ္ဓတ်မင်းသား ၊ ဘုရားအနွယ် ၊ ကျဉ်းကျယ်ထုတ်ပြ ၊
လေးရပ်သောသူ ၊ လေးမျိုးလူတို့ ၊  သိယူသောအား ၊ မှတ်သားစိမ့်ငှာ ၊ ပျို့ကဗျာနှင့် ၊သိသာစိမ့်
ကြောင်း ၊ ဉာဏ်ဖြင့်လောင်း၍ ၊ ထုံးဟောင်း သက်သေ ၊ ကျမ်းကိုဖွေမှ ၊ တွေ့ပါကလည်း ၊ ခဏမကြာ ၊  
ကဗျာစီကုံး ၊ အကျဉ်းရုံး၍ ၊ နောင်ထုံးစဉ်လာ ၊ မျိုးလေးဖြာတို့ ၊ သိသာခြားနား ၊ မှတ်သားစရာ ၊  
ကျမ်းလာအလို ၊ လင်္ကာဆိုသည် ၊ မှတ်လိုသူတို့  သိကြောင်းတည်း "
             အထက်ပါလင်္ကာကို ယူ၍ ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း မှ စကားပြေ
ပြန်ရေးထားခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။
           ထို့နောက် တတိယလူစုသည်ကား ဘုရားအလောင်းတော်တွင် မိဖုရား ၅ ပါး လည်း မဟုတ် ၊
၇ပါး လည်း မဟုတ် ၊ အမှန်တစ်ကယ်ရှိသည်ကား မိဖုရားလည်း ယသောဓရာတစ်ပါးပဲ ရှိသည် ။
သားတော် လည်းရာဟုလာ တစ်ပါးပဲ ရှိသည်ဟု ဆိုသည် ။
            အမှန်မှာ တတိယလူစု၏ ဖိဖုရားလည်း ယသောဓရာဗိမ္ဗေဒေ၀ီ တစ်ဦးတည်း ၊ သားတော်
လည်း ရာဟုလာ တစ်ဦးတည်းသာရှိပါသည် ။
            မယား ၇ယောက် ၊ သား ၇ယောက် ဆိုသည်မှာ -
 ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅ , ၁၆ တို့တွင် ဘုရားခုနှစ်ဆူနှင့်သားတော် ၇ပါး
ကြင်ယာတော် ၇ပါးတို့ကို ဂါထာဖွဲ့ပြီး ပြထားပါသည် ။ သားတော် ၇ပါးဘွဲ့ဂါထာ  -
                        သမ၀တ္တက္ခန္ဓော  အတုလော ၊ သုပ္ပဗုဒ္ဓေါ  စ  ဥတ္တရော ။
                        သတ္တ၀ါဟော   ၀ိဇိတသေနော ၊ ရာဟုလော ဘ၀တိ  သတ္တမော --
            အထက်ပါဂါထာသည် ဘုရားလောင်း ခုနှစ်ပါးတို့၏ အစဉ်အတိုင်း သားတော် ၇ ပါး
ဖြစ်ကြောင်းကို
" ဧတေ  တာဝ  သတ္တန္နံ  ဗောဓိသတ္တာနံ  အနုက္ကမေနေ၀  သတ္တပုတ္တာ  ဝေဒိတဗ္ဗာ " ဟု အတိ
အလင်းဖော်ပြထား၏ ။ ထို့အတူ ဘုရားလောင်း ၇ပါးတို့၏ ကြင်ယာတော် ၇ယောက်တို့ကိုလည်း --
                      သုတနာ  သဗ္ဗကာမာ  စ ၊ သုစိတ္တာ  အထ  ရောစိနီ ။
                      ရုစဂ္ဂတီ  သုနန္ဒာ  စ ၊ ဗိမ္မာ  ဘ၀တိ  သတ္တမာ --
ဟု ဂါထာဖွဲ့ပြီး " ဧတာ  တေသံ  သတ္တန္နမ္ပိ  ပုတ္တာနံ  မာတရော  အဟေသုံ " ဟု ဆက်၍ ပြဆိုပါသည် ။
အဓိပ္ပာယ်မှာ သည်အမျိုးသမီး ၇ဦးတို့သည် ထိုသားတော် ၇ပါးတို့၏ မိခင်များ ဖြစ်ကြပါသည် ဟုဆိုလို
ပါသည် ။ ဘုရား ၇ဆူတို့၏ ထိုသားတော် ကြင်ယာတော်များကို ဗုဒ္ဓ၀ံသအဋ္ဌကထာနှင့် ညှိကြည့်မည်
ဆိုပါလျှင် --
(၁) ဗုဒ္ဓ၀ံသအဋ္ဌကထာ ။ ဆဋ္ဌမူ နှာ - ၂၈၃ တွင်
     " သုတနု  နာမဿ  အဂ္ဂမဟေသီ ၊ သမ၀တ္တက္ကန္ဓော  နာမဿ ပုတ္တော "
(၂)  စာမျက်နှာ ၂၈၉ တွင် --
      " သဗ္ဗကာမာ  နာမဿ  အဂ္ဂမဟေသီ ၊ အတုလော နာမဿ ပုတ္တော "
       သိခီဘုရားရှင်၏ မိဖုရားမှာ သဗ္ဗကာမာ ၊ သားတော်ကား အတုလ
(၃) စာမျက်နှာ ၂၉၄ တွင် --
       " သုစိတ္တာ  နာမဿ  ဘရိယာ ၊ သုပ္ပဗုဒ္ဓေါ  နာမဿ  ပုတ္တော "
       ဝေဿဘူဘုရားရှင်၏ မိဖုရားမှာ သုစိတ္တာ ၊ သားတော်ကား သုပ္ပဗုဒ္ဓ
(၄) စာမျက်နှာ ၃၀၀ တွင် --
       " ဘရိယာ  ပနဿ  ရောစိနီနာမ  ဗြဟ္မဏီ ၊ ဥတ္တရော  နာမ  ပုတ္တော "
        ကကုသန်ဘုရားရှင်၏ မိဖုရားမှာ ရောစိနီပုဏ္ဏေးမ ၊ သားတော်ကား ဥတ္တရ
(၅) စာမျက်နှာ ၃၀၅ တွင် --
    " ဘရိယာ  ပနဿ  ရုစိဂတ္တာ  နာမ  ဗြဟ္မဏီ ၊ သတ္တ၀ါဟော  နာမ  ပုတ္တော "
    ကောဏာဂုမ်ဘုရားရှင်၏ မိဖုရားမှာ ရုစိဂတ္တပုဏ္ဏေးမ ၊ သားတော်ကား သတ္တ၀ါဟ
(၆) စာမျက်နှာ ၃၁၂ တွင် -
      " သုနန္ဒာ  နာမဿ  အဂ္ဂမဟေသီ ၊ ၀ိဇိတသေနော  နာမ  ပုတ္တော "
     ကဿပဘုရားရှင်၏ မိဖုရားမှာ သုနန္ဒာ ၊ သားတော်ကား ၀ိဇိတသေန
(၇) ဂေါတမဘုရားရှင်၏ မိဖုရားမှာ ယသောဓရာ ဗိမ္ဗာဒေ၀ီ ၊ သားတော်ကား ရာဟုလာ ဖြစ်သည် ။
             ထို့ကြောင့် ဂေါတမဘုရားလောင်းတွင် မယား ၇ ယောက် ၊ သား ၇ယောက် မရှိပေ ။ မယား
တစ်ယောက် ၊ သားတစ်ယောက်သာ ရှိသည် ။
              ဘုရား ၇ဆူ၏ သားမယားများနှင့် မှားယွင်း၍ မယား ၇ယောက် ၊ သား ၇ယောက် ဟု ရေးကြ
ပြောကြသည် ။ ဤကမ္ဘာတွင် ပွင့်သည့် ဘုရား ငါးဆူတို့၏ သားမယားများနှင့် ရောပြွန်း၍ မယား ၅
ယောက် ၊ သား ၅ယောက် ဟု ရေးကြ ပြောကြသည် ။ ထိုရေးသားချက်များသည် အမှန်မဟုတ်ပေ ။
အခုတင်ပြထားသည်မှာ အမှန်ဖြစ်သည် ။ မှားယွင်း၍ ပြောဆိုရေးသားတင်ပြနေသူများ အသေအချာ
မှတ်သားသင့်ပေ၏ ။
ကျမ်းကိုး -             
နိုင်ငံတော် သြ၀ါဒါစရိယ ၊
မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ
ထီးချိုင့်မြို့တည်တောဆရာတော်
                    ၏
ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ
အမှတ်စဉ်(၁)
/
.......................................................................................................  
Thursday, March 18, 2010
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး(၂)
         ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခတ္တိယ ဆိုသော စစ်သူရဲ မျိုးရိုးနွယ်ဇာတ်မှ ဆင်းသက် လာသူ
ဖြစ်သည် ။ ထို့ကြောင့် သဘာဝအားဖြင့် အုပ်ချုပ်သူ မင်းမျိုးမင်းနွယ်ထဲ ကျရောက် သွားပါသည် ။
မင်းမျိုးအုပ်စိုးသူ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း မြတ်ဗုဒ္ဓ ဟော ကြားတော်မူခဲ့သော
တရားတွေထဲတွင် နိုင်ငံရေး သြဇာအာဏာ ရရှိရေးကို ရည်ရွယ်ပြီး ဘယ် သောအခါမှ မဟောကြားခဲ့
ပေ ။
            မိမိ၏ တရားဒေသနာများကို နိုင်ငံရေး အာဏာ ရရှိရေး ကိစ္စ တွင် တလွဲ အသုံးချသည်ကို
လည်း မည်သည့်အခါမှ ခွင့်ပြုတော် မမူခဲ့ပေ ။ သို့ရာတွင် ယခု ခေတ် ယခုအချိန်အခါတွင် လူ
အတော်များများသည် ဗုဒ္ဓ ၏ နာမည်ကို နိုင်ငံရေးထဲ ဆွဲ သွင်း လာကြသည်ကို တွေ့နေရပါသည် ။
             အချို့က ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ကွန်မြူနစ် ဟု စွပ်စွဲသူ စွပ်စွဲ ၊ အရင်းရှင်ဟု စွပ်စွဲသူ
စွပ်စွဲ ၊ အချို့ကဆိုလျှင် နယ်ချဲ့သမား ဟု ရမ်းရမ်းကား ကား ပြောဆို စွပ်စွဲမှု ရှိလာကြသည် ။ မိမိတို့
၏ ကိုယ်ကျိုး ကိုယ့်ကိစ္စအတွက် မြတ်ဗုဒ္ဓ ၏ မွန် မြတ်လှသည့် နာမည် ဂုဏ်သတင်းအား အသုံးချလာ
သူတွေအနေနှင့် သိထားသင့်သည်မှာ မြတ်ဗုဒ္ဓသည် အတုမရှိသော သဗ္ဗညုတ ဉာဏ်တော်ရှင်
သမ္မာသဗ္ဗုဒ္ဓ ဖြစ်တော်မူခြင်းသည် လောကီနယ်အား လွန်မြောက်သွားခြင်း ဖြစ်သည် ဆိုသည့်
အချက်ပင် ဖြစ်၏ ။
          ဘာသာရေးကို လောကီရေး ၊ နိုင်ငံရေးနှင့်ရောထွေးအောင် အားထုတ်ခြင်းသည် ပြဿနာ
ကို ဖန်တီးခြင်းပင် ဖြစ်သည် ။ ဘာသာရေး၏အခြေခံမှာ ကိုယ်ကျင့်သီလ ဖြစ်၏ ။ သန့်စင်ခြင်း 
ဝိသုဒ္ဓိနှင့် ယုံကြည်ခြင်း သဒ္ဓါတရား ဖြစ်၏ ။ နိုင်ငံရေး ဆိုသည်ကား အာဏာတွင် အခြေခံ၏ ။
         လူ့သမိုင်းတစ်လျှောက်တွင် အာဏာရ အုပ်စိုးသူများသည် မိမိတို့၏ အာဏာရ အုပ်စိုး
ခြင်းကိုတရားဝင်ကြောင်း ၊ ဘုရားအလိုတော်ကျ ဖြစ်လာသည် ဖြစ်ကြောင်း လူအများ ယုံကြည် 
အောင်လုပ်ရာတွင် ဘာသာရေးအား ဆွဲသုံးတာတွေ ရှိခဲ့ပါသည် ။ စစ်တိုက်သည်ကိုပင် ဘာသာ
ရေးစစ်ပွဲဆိုပြီး တရားသောစစ် ၊ မွန်မြတ်သောစစ် ဟု လူအများယုံကြည်အောင်လည်း ဘာသာ
ရေးကို ခုတုံးလုပ်တတ်ကြသည် ။ ဘာသာရေး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြ သည် ။
ရက်စက် ကြမ်းကြုတ်မှု ၊ အကြမ်းဖက်မှု ၊ ပုန်ကန်မှု ၊ ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု
စသည်များကိုလည်း ဘာသာရေး မျက်နှာဖုံးစွပ်ပြီး ကျူးကျူးလွန်လွန် လုပ်ခဲ့ကြ၏ ။
       ဘာသာရေးအား မိမိတို့ နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြသည် ။ ထို့ကြောင့်
ဘာသာတရား၏ မြင့်မားသော ကိုယ်ကျင့်တရားစံတွေသည် နိုင်ငံရေး လောဘတွေ ကြောင့် ယုတ်
ညံ့မှုတွေ ဖြစ်ကုန်ကြရတော့သည် ။
         ဗုဒ္ဓဓမ္မ ၏ ရုတ်တရက် ထိုးဝင်လာမှုသည် နိုင်ငံရေးစနစ်တစ်ခုကို တီထွင်ဖို့ မဟုတ်ပေ ။ နိုင်ငံ
ရေး အစီအစဉ်များအား ချမှတ်ဖို့လည်း မဟုတ်ပေ ။ အခြေခံအားဖြင့် ဘာသာရေးသည် လူ့အဖွဲ့
အစည်း၏ ပြဿနာများအား ချဉ်းကပ်ရာတွင် လူ့အဖွဲ့အစည်း၏ ကိစ္စများကို ဆောင်ကြဉ်းနေသော
လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်သော ယေဘုယျမှုတွေကို အကြံပြုပြီး ထိုမူ
တွေအရ လူသားတစ်ရပ်လုံး၏ ဘ၀ သာယာတိုးတက် ကောင်းမွန်ရေး ၊ ရင်းမြစ်တွေကို အညီအမျှ
အကျိုးတူ ခံစားရရေးတွေကို ဖြစ်ပေါ်လာစေဖို့ပင် ဖြစ်သည် ။
        နိုင်ငံရေးစနစ်တစ်ခုသည် လူသားများ၏ သာယာဝပြောမှုနှင့်ပျော်ရွှင်မှုကို လုံခြုံအောင် ကာ
ကွယ် စောင့်ရှောက်နိုင်မှုက အတိုင်းအတာတစ်ခုအထိပဲ ဖြစ်၏ ။ အကန့်အသတ်နှင့် ရှိခြင်း ပင်ဖြစ်
သည် ။ မည်သည့် နိုင်ငံရေးစနစ်မှ ၊ ဘယ်လောက်ပင် စံထားလောက်သည်ဟု ထင်ရ သော စနစ်မျိုး
မှ လူ့အဖွဲ့အစည်းထဲမှ လူတွေ လောဘ ၊ ဒေါသ ၊ မောဟ တရားများနောက် လိုက်နေကြသည်မို့ ဒီ
တရားတွေ လွှမ်းမိုးနေလျှင် လူ့အဖွဲ့အစည်း တစ်ခုကို ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခ ရအောင်
မဆောင်ရွက်နိုင်ပေ ။ ထို့အပြင် မည်သည့်နိုင်ငံရေးစနစ်မျိုးကို လက်ခံကျင့်သုံးမလဲဆိုသည်က လို
ရင်းမဟုတ်ချေ ။ ဤ လူ့အဖွဲ့အစည်း က လူတွေမှာ ယေဘုယျ ကျသော သဘောတွေကို တွေ့ကြုံ 
ခံစားနေကြရသည် ဆိုလျှင် ၊ ကံ ကံ၏အကျိုး ၊ ကောင်းကံ ၊ မကောင်းကံ၏အကျိုးကို ခံစားကြရ
မည် ။ စစ်မှန်သောစိတ်ကျေနပ်မှု ၊ မြဲမြံသော ချမ်းသာ သုခ ဆိုသည့် အနိစ္စသဘော ၊ ဒုက္ခသဘော  
၊ အနတ္တသဘောရှိသော လောကကြီးထဲတွင် ဘယ်သော အခါမှ မပြည့်စုံနိုင်ပေ ။ အမြဲတမ်း လိုနေ
မှာပဲဟု သိနားလည်ထားကြလျှင် --
           ဗုဒ္ဓဘာသာဝင်တွေ၏အမြင်မှာ သံသရာတွင် ဘယ်နေရာမှာမှ စစ်မှန်သော လွတ်လပ်ခွင့်
ဆိုသည်မရှိ ။ နတ်ပြည် ၊ ဗြဟ္မာ့ပြည်မှာပင် မရှိနိုင်ဟု နားလည်ထားပါသည် ။
        ကောင်းသော နိုင်ငံရေးစနစ်တစ်ခု ၊ တရားမျှတသော နိုင်ငံရေး စနစ်တစ်ခုတွင် လူ့ အခြေခံ
အခွင့်အရေးများကို အာမခံချက်ပေးထားပြီး အာဏာကို ချုပ်ကိုင်သူများကိုလည်း ချုပ်ချယ် ကန့်သတ်
ပြီး ချိန်ခွင်လျှာ ညီမျှအောင် ထိန်းပေးထားသည့် စနစ်ဖြစ်စေကာမူ လူတွေ သည် အပြည့်အ၀ လွတ်
လပ်ခွင့်ရှိသည့် နိုင်ငံရေး စနစ်မျိုးကို အချိန်ကုန် ငွေကုန်ခံပြီး ရှာနေ ကြရပြန်၏ ။ အဘယ်ကြောင့်
ရှာနေကြသည်ဆိုလျှင် ဘယ်နိုင်ငံရေးစနစ်မှာမှ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို မတွေ့နိုင်လို့ပင် ဖြစ်
သည် ။ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို စနစ်ထဲတွင် ရှာလျှင် မည်သည့်အခါမှ မတွေ့နိုင်ပေ ။ စိတ်ထဲ
မှာပဲ ရှာလို့ရနိုင်သည် ။ အမှန်တကယ် လွတ်လပ်ချင် သည်ဆိုလျှင်လွတ်လပ်မှုအပြည့်အ၀ကို ရဖို့
အတွက်ဆိုလျှင် လူတွေအနေနှင့် ကိုယ့်စိတ်ထဲမှာ ပဲ စိတ်၏ လွတ်လပ်ခွင့်ကို ရှာရမည်ဖြစ်သည် ။
 ဤသည်ကား မိမိ၏ စိတ်ထဲတွင် ရှိနေ သော အ၀ိဇ္ဇာနှင့်တဏှာ ဆိုသည့် သမုဒယ ကိလေသာ
တွေမှ လွတ်မြောက်အောင် အားထုတ်ရမည်ပင် ဖြစ်၏ ။
         အစစ်အမှန်ဆုံး လွတ်လပ်ခွင့်အား ရနိုင်မှာက လူတွေသည် ဓမ္မ ဆိုသည့် တရားသဘော
ကိုကျင့်သုံးလာနိုင်မှ ဖြစ်မည် ဖြစ်၏ ။ မိမိတို့၏ ကာယကံ ၊ ၀စီကံ ၊ မနောကံ တွေကို ထိန်းချုပ်ပြု
ပြင်ပြီး မိမိတို့၏အကျင့်သီလ တိုးတက် ကောင်းမွန်လာအောင် လုပ်ရမည် ။ ထိုမှတစ်ဆင့် မိမိတို့၏
စိတ်အဆင့် မြင့်မားလာအောင် လုပ်ရမည် ။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရောက်အောင် ရည်မှန်းပြီး လုပ်
နိုင်မှ ရမည် ဖြစ်၏ ။
           ဘာသာရေးကို နိုင်ငံရေးနှင့်ခွဲခြားထားရမည်ဆိုသည့်အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး
စနစ်ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနှင့် ပတ်သက်၍ ဗုဒ္ဓ၏
သင်ကြားချက်များတွင် အချက်အလက် မြောက်မြားစွာ ရှိပါသည် ။ ထိုဘုရားဟော ဒေသနာတော်
များထဲတွင် ယနေ့ ကမ္ဘာကြီးထဲမှ လူသားများအတွက် တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေနိုင်ခြင်း ၊ နိုင်ငံ
ရေး အစီအမံများအတွက် အသုံးတည့်ခြင်းတွေ အများကြီး ပါရှိပါသည် ။
             ပထမဦးစွာ မြတ်ဗုဒ္ဓက အေဗရာဟန်လင်ကွန်း မပြောမီ ရှေးပဝေသဏီ ကတည်းက လူ
သားချင်းတန်းတူညီမျှ ရှိရမည် ဆိုသည့်စကားကို မိန့်ကြားတော် မူခဲ့သည် ။ ထို့နောက် ဇာတ် ၊ လူ
တန်းစားဆိုသည့် လူ့အဖွဲ့အစည်းကြီးထဲတွင် လူတွေက တမင်ဖန်တီးခဲ့ကြသည်သာ ဖြစ်သည် ။ မြတ်
ဗုဒ္ဓက လူတွေကို ခွဲခြားသတ်မှတ်ရာတွင် သူတို့၏အကျင့်သီလအပေါ်မူတည်ပြီးမှ အယုတ် ၊ အလတ်
အမြတ် ခွဲခြားပုံကိုဟောကြားတော်မူခဲ့သည် ။
         ဒုတိယအချက်မှာ လူသားအချင်းချင်း လူ့ဘောင် အကျိုးကိုဆောင်ရွက်ရာတွင် စိတ်ပါ လက်ပါ
အတူတကွ ရိုင်းပင်း ဆောင်ရွက်ကြဖို့ကို ဟောတော်မူပါသည် ။ ခေတ်သစ် လူ့အဖွဲ့အစည်းထဲတွင်
လည်း နိုင်ငံရေး ကိစ္စများတွင် ထို လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စိတ်ဓာတ်ကိုမြှင့်တင်ကြပါသည် ။
      တတိယအချက်ကား ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆက်ခံသူ မည်သူ့ကိုမျှ မခန့်ထားခဲ့ချေ ။ သံဃာ
အဖွဲ့အစည်းကို ဓမ္မ၀ိနယကသာ လမ်းညျွှန် တော်မူရမှာ ဖြစ်သည် ။ ယနေ့ထက်တိုင် သံဃာတော်
များကို ၀ိနည်း ဥပဒေများကသာ ချုပ် ကိုင် လမ်းညွှန်လျက် ရှိပါသည် ။
           စတုတ္ထအချက်မှာ မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း တိုင်ပင် စည်းဝေး ဆုံးဖြတ်
လုပ်ကိုင်သည်ကို အားပေးတော်မူသည် ။  ထိုအချက်ကို သံဃာတော်များ၏ အဖွဲ့အစည်း ထဲတွင်
ပိုပြီးထင်ရှားပါသည် ။ သံဃာ အဖွဲ့အစည်းထဲတွင် သံဃာနှင့်ဆိုင်သော ကိစ္စအား သံဃာတော်
တိုင်း ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိပါသည် ။ ကြီးကျယ်သော ပြဿနာ ပေါ် ပေါက်လာမှသာ
လျှင် ပြဿနာ၏အတိမ်အနက်ကို သံဃာတော်များ ရှေ့မှောက် တင်ပြပြီး ဒီမိုကရေစီ ပါလီမန်
လွှတ်တော်တွင် ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင် ကြရပါသည် ။
         ဤကဲ့သို့ သံဃာတော်ကို သံဃာတော်များ ကိုယ်တိုင် အုပ်ချုပ်ပုံ စနစ်မျိုး လွန်ခဲ့သည့် 
နှစ်၂၅၀၀ကျော် ဗုဒ္ဓခေတ် ကတည်းက ကျင့်သုံးမှု ရှိခဲ့သည်ဟု သိရလျှင် အလွန်အံ့သြစရာ
ဖြစ်နေပါသည် ။ ပါလီမန်တွင် ဥက္ကဋ္ဌ (လွှတ်တော်ဥက္ကဋ္ဌ)အား ခန့်အပ်သလို အခမ်းအနားကို
ထိန်းသိမ်းဖို့ သံဃာ့နာယကဆရာတော်ကိုရွေးချယ်ရပါသည် ။  ဒုတိယအနေနှင့်အခမ်းအနား
အစီအစဉ်တကျဖြစ်မဖြစ်ကို ကွပ်ကဲဖို့အတွက် အကျိုးတော်ဆောင် ဆရာတော်ကိုလည်း သံဃာ
များက ခန့်အပ်ကြပါသည် ။ 
          ထို့နောက် အမှုကိစ္စများကို အဆိုများ အဖြစ် တင်သွင်းကြရပါသည် ။ ဤအဆိုများကို 
သံဃာတော်များအားလုံးမှ ၀ိုင်းပြီး ဝေဖန် ဆွေးနွေးကြပါသည် ။ အချို့ကိစ္စတွေသည် တစ်ကြိမ်
တည်းနှင့်ပြီးပါသည် ။ အချို့ကိစ္စများမှာ သုံးကြိမ်တိုင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါ သည် ။
           ဤအလေ့အကျင့်သည် ပါလီမန် စနစ် မပေါ်ပေါက်ခင်ကတည်းက ဥပဒေတစ်ခုကို
အတည်မပြုခင် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကြရသည့် သဘောပင် ဖြစ်သည် ။ ဆွေးနွေးကြရာ
တွင်လည်း သဘောထားကွဲလွဲမှု ရှိလာလျှင် ထိုကိစ္စကို အများစု ဆန္ဒမဲဖြင့် မဲပေးပြီး ဆုံးဖြတ်
ခဲ့ကြရသည် ဖြစ်၏။
ကျမ်းညွှန်း -
ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
/
..............................................................................................................