Monday, September 28, 2009
သေဘေးကို ကြောက်သူများအတွက် ဆေးတစ်ခွက်
                သေဘေးကို ကြောက်သူများအတွက် ဆေးတစ်ခွက်
           ကမ္ဘာကျော်သိပ္ပံပညာရှင် အင်္ဂလိပ်စာရေးဆရာကြီး ဆာဖရန်စစ်ဘေကွန် ( Sir Francis Bacon )
က " ကလေးများသည် အမှောင်ထဲ သွားရမှာကြောက်သလို ၊လူကြီးတို့သည်လည်း သေရမှာကို ကြောက်
ကုန်၏ " ဟုဆို၏ ။ ဤစကားသည် အလွန်မှန်၏ ။
             လူတို့သည် မည်သည့်အကြောင်းများကြောင့် သေရမည်ကို ကြောက်ရွံ့ကြသနည်း ဟု လေ့လာ
စုံစမ်းရာ၌ အဓိက အကြောင်း သုံးချက် ထွက်ပေါ်လာ၏ ။
၁ ။ သေခါနီးလူတို့၏ ဝေဒနာခံစားမှုကို မိမိတို့ကိုယ်တိုင် မကြုံဖူး ၊ မခံစားဖူး၍ စိုးရိမ်ကြောက်လန့်ခြင်း
ဖြစ်သည် ။
၂ ။ သေသည်၏အခြားမဲ့၌ မိမိတို့ရောက်ရှိမည့် တမလွန်ဘ၀ကို ကြိုတင် မသိမမြင်နိုင်မှုကြောင့် ထိတ်
လန့်ကြောင့်ကြခြင်း ဖြစ်သည် ။
၃ ။ မိမိတို့ ကွယ်လွန်သေဆုံးသောကာလ၌ ကျန်ရစ်ကုန်သော မိဘသားချင်း သားသမီး ၊ ခင်ပွန်း တို့
မည်သို့မည်ပုံ ဖြစ်ပျက်နေထိုင်မည်ကို မတွေးတော ၊ မတွက်ချက် ၊ မမျှော်လင့်နိုင်သောကြောင့် ပူပင်
သောက စိုးရိမ် ကြောက်လန့်ခြင်း ပင် ဖြစ်သည် ။
                      အထက်ပါ သုံးချက်ကို ဖြေရှင်းပုံမှာ -
၁ ။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသည်းအသန်ရောဂါဝေဒနာ ဖိစီးနေသူများသည်
သေခါနီး အခြေအနေသို့ ရောက်ရှိသော အချိန်အခါ၌လည်းကောင်း ၊ အတော်ကြာမြင့်စွာ သတိလစ်
မေ့မြောနေခဲ့ပြီး သေရွာမှပြန်လာကြသောအခါ၌လည်းကောင်း နောက်ဆုံး အသက်ထွက်ခါနီး ဝေဒနာ
သည် အများထင်သလို စိုးရိမ် ကြောက်ရွံ့ကြသလို မဆိုးရွားကြောင်းကို သိပ္ပံပညာရှင်များက စနစ်
တကျ လက်တွေ့ လေ့လာ စုံစမ်း မေးမြန်း၍ ပြုစုထားသော သုတေသနစာစောင်များစွာတို့မှ သိရှိနိုင်
ပါသည် ။ သို့ဖြစ်၍ သေခြင်းတရားသည် ကြောက်စရာ ၊ လန့်စရာ မဟုတ်ကြောင်း ယုံကြည် သိမှတ်သင့်
ပေသည် ။
၂ ။ သေသည်၏အခြားမဲ့၌ ရောက်ရှိမည့် ရောက်ရှိမည့် တမလွန်ဘ၀ကို ကြိုတင်မျှော်မှန်း စိုးရိမ်
ကြောက်လန့်ခြင်းသည် အချည်းနှီး ပင်ဖြစ်သည် ။ ကံ ( အလုပ် ) ၏အကြောင်းအကျိုး နိယာမတရား
သည် ဤကာလကို အုပ်စိုး ဖုံးလွှမ်းနေကြောင်းကို ရုပ်ဝါဒီ သိပ္ပံပညာရှင်တို့ပင်လျှင် လက်ခံ ယုံကြည်ကြ
သည် ။ မကောင်းမှုများကို ကြံစည် ပြောဆိုပြုလုပ်သူတို့သည် တစ်နေ့ တစ်ကြိမ်တစ်ခါတွင် မကောင်း
ကျိုးများကို ခံစားရရှိကြောင်းနှင့် ကောင်းမှုများကို ကြံစည်ပြောဆိုသူတို့သည် နောက်အခါများ၌
ကောင်းကျိုးများကို ခံစားရကြောင်း ၊ ဤလူ့ဘ၀ တွင်ပင် လက်တွေ့ဖြစ်ရပ်များက မှန်ကန်ကြောင်း
သက်သေခံလျက်ရှိသည် ။ ထိုနည်းတူ အဆိုပါ ကံအကြောင်း အကျိုးတရားသည် ဤဘ၀ ကိုကျော်လွန်
၍ နောင်တမလွန်ဘ၀ ကိုလည်း လွှမ်းမိုး အုပ်စိုး ပြုပြင် ထိန်းသိမ်းသည် ဟူ၍ ယုံကြည်ပါက မျက်မှောက်
ကာလတွင် ကြံစည် ၊ ပြောဆို ၊ ပြုလုပ်သမျှ ကိစ္စအ၀၀ တို့သည် တမလွန်ဘ၀တွင် ကုသိုလ် ၊ အကုသိုလ်
အလိုက် အကျိုးပေးလိမ့်မည် ကိုလည်း စွဲစွဲမြဲမြဲ လက်ခံသင့်ပေသည် ။ ကမ္ဘာ့ဘာသာတရားကြီး အားလုံး
တို့ကလည်း ဤ၀ါဒကို အနည်းနှင့်အများ သွန်သင်ပြသ ဆုံးမကြပါသည် ။ သို့ဖြစ်၍ နေ့စဉ်နေ့တိုင်း အမြဲ
တစေဖော်ပြပါ ကံသုံးပါးကို သတိ ၊ ၀ီရိယထား၍ အစစအရာရာ၌ စောင့်ရှောက် ထိန်းသိမ်း ဆောင်ရွက်
ပါက နောင်တမလွန်ဘ၀အတွက် စိုးရိမ်ကြောက်ရွံ့စရာ အကြောင်း မရှိတော့ပေ ။
၃ ။ မိမိတို့ ကွယ်လွန်သေဆုံးပြီးသည့် နောက်ပိုင်းတွင် ကျန်ရစ်ခဲ့မည့် ဆွေမျိုးသားချင်းများအတွက် စိုး
ရိမ်ကြောင့်ကြ ၊ ပူပင်သောက ၊ ထိတ်လန့်တုန်လှုပ်ခြင်းသည် သဘာဝ ၏ ဖြစ်စဉ် လောကဓမ္မကို သတိ
မမူဘဲ မေ့လျော့နေခြင်းကြောင့်ပင် ဖြစ်သည် ။ လူတိုင်းလူတိုင်း မိမိတို့ မှတ်မိသော အသက်အရွယ်က
စ၍ ယခုအချိန်အခါအထိ ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ အိမ်ထောင်ရေးများမှအစ အခြား
အရေးကြီးကိစ္စအ၀၀ တို့တွင် မည်သည့် အကြိမ်အခါကမျှ မိမိတို့ ကြံစည်အားထုတ် ဆောင်ရွက်ခဲ့
သလောက် မဖြစ် မမြောက် ၊ မပေါက်မရောက် သည်ကို ၀န်ခံကြရပေမည် ။ ယင်းကဲ့သို့ မိမိ၏ စိတ်နှင့်
ကိုယ် အစွဲပြု၍ ပေါ်ပေါက်လာသော ကိစ္စရပ်များနှင့် အခြေအနေများ၌ပင် စိတ်တိုင်းကျ အောင်မြင်စွာ
မဆောင်ရွက်နိုင်ပါက အခြားသူတို့က စိတ်နှင့်ကိုယ်ကို စွဲမှီ၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၌ မိမိက
မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် နိုင်ပါအံ့နည်း ။ ဤလောကတွင် မည်သည့် ပစ္စည်းဥစ္စာ ဖြစ်ရပ်များ
ကိုမဆို မည်သူ တစ်ဦးတစ်ယောက်ကမျှ မပိုင်ကြောင်း ၊ မဆိုင်ကြောင်း နှင့် မိမိစိတ်တိုင်းကျ မဖန်တီး
နိုင်ကြောင်း အမြဲတစေ ယုံကြည် သတိရ အပ်ပေသည် ။ ကမ္ဘာ့ဘာသာတရားကြီးများကလည်း ဤ
နိယာမတရားကို " အနတ္တလက္ခဏာ " ဟူ၍လည်းကောင်း ၊ " အက်မန်အတု၏လှည့်စားမှု " ဟူ၍လည်း
ကောင်း ၊ " အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ " ဟူ၍လည်းကောင်း ၊ " ဘုရားသခင်၏အလိုတော်
အရ " ဟူ၍လည်းကောင်း သွန်သင်ပြသ ဆုံးမကြပေသည် ။ သို့ဖြစ်၍ မိမိတို့ ကွယ်လွန် သေပြီးသည့်
နောက်ပိုင်း၌ ကျန်ရစ်မည့်သူများ၏ မဖြစ်သေးသော ကိစ္စများ ၊ ပြဿနာများအတွက် ပူပင်သောက
ဖြစ်နေမည့်အစား မိမိတို့နှင့်အသက်ရှင်နေစဉ်အခါတွင်းကပင်လျှင် သက်ဆိုင်သူများအတွက် ပညာရေး
အိမ်ထောင်ရေး ၊ စီးပွားရေး အဘက်ဘက်တို့တွင် ပြည့်စုံ စိတ်ချ နိုင်လောက်အောင် ကြိုးစား၍ ပဲ့ပြင်
ဆုံးမ ၊ ပြုပြင်စောင့်ရှောက် ၊ ပေးကမ်းစွန့်ကြဲ  ထူထောင်ပေးထားခဲ့သင့်ပေသည် ။ ဤလောက၀တ္တရား
များကို ဆောင်ရွက်ပြီးစီးသောအခါ ကျန်ရစ်မည့်သူများအပေါ် သံယောဇဉ် နည်းပါးလာပြီး သေဘေး
ကို ပိုမို ရဲရင့်စွာ ရင်ဆိုင်နိုင်လာမည် ဖြစ်သည် ။
                 သို့ရာတွင် အထက်ဖော်ပြပါ ယုံကြည်ချက်များဖြင့်သာလျှင် သေဘေးကို ကြောက်လန့်သည့်
စိတ်ရောဂါကို မပျောက်ကင်းစေနိုင်သေးပါ ။ နေ့စဉ်နေ့တိုင်း အမြဲတစေ သတိထား၍ ကံသုံးပါးဖြင့် ပြု
လုပ်ဆောင်ရွက်ရမည့် ကျင့်ဝတ်များရှိသေးသည် ။ ယင်းကျင့်ဝတ်တို့သည် ထိုကြောက်စိတ်ကို အမြဲတစေ
ပုန်ကန်တွန်းလှန် ဖြိုဖျက်နေသောကြောင့် ရက် ၊ လပေါင်းများစွာ ဆက်လက် လေ့ကျင့်ပြီးဖြစ်ပါက မိမိ
တို့၏ ဓလေ့စရိုက်ဖြစ်လာပြီး သေခါနီး အချိန်အခါများတွင် စိတ်ချမ်းသာမှုအတွက် အထောက်အကူများ
စွာ ပေးမည်မှာ အမှန်ဖြစ်သည် ။
              စင်စစ်အားဖြင့် သေဘေးကို ကြောက်လန့်သောသူများသာလျှင် မဟုတ် ၊ လူတိုင်းပင် အမြဲတစေ
ရှုမှတ်လေ့ကျင့်သင့်သည့်တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
" ဖြစ်သမျှ ကိစ္စရပ်များသည် တစ်နေ့ပျက်ရမည် ။ သေခြင်းတရားကို မည်သူတစ်ဦးတစ်ယောက်မျှ
မလွန်ဆန်နိုင်ကြပေ ။ သို့ဖြစ်၍ ငါလည်းတစ်နေ့ သေရမည် ။ သို့ရာတွင် အသက်ရှင်စဉ် အချိန်အခါ၌
အကျိုးရှိမည့် ၊ အသုံးကျမည့် ၊ ကောင်းမွန်သည့် အကြောင်း ကိစ္စရပ်များကို ငါ အစွမ်းကုန် ကြိုးစား
ဆောင်ရွက်မည် ။ သေခြင်းသည် အထူးအဆန်း မဟုတ် ။ စိုးရိမ်စရာ မဟုတ် ။ ကြောက်လန့်စရာ မဟုတ် "
" ငါသည် ဤလောကတွင် မည်သည့်ပစ္စည်း ၊ မည်သည့်ကိစ္စ ၊ မည်သူ့ကိုမျှ အမြဲတစေ မပိုင် ၊ မဆိုင် ၊
မနိုင်ပါ ။ အခွင့်အခါရစဉ် ခေတ္တခဏမျှသာလျှင် ပိုင်ဆိုင် ထိန်းသိမ်း ၊ အုပ်စိုး အသုံးပြုခွင့် ရှိသည် ။
သို့ဖြစ်၍ ငါ့ဆန္ဒ ၊ ငါ၏သြဇာ ၊ ငါ၏ကိစ္စ ၊ ငါ၏ပစ္စည်းဥစ္စာ တို့သည် အချည်းနှီးပင် ဖြစ်သည် ။ ယင်းတို့
အပေါ်၌ ငါ၏ သံယောဇဉ်တွယ်မှု မရှိခဲ့လျှင် ငါ့မှာ ကြောက်စရာ ၊ စိုးရိမ်စရာများ ပျောက်ကွယ်သွား
မည် " 
" လူတိုင်း ၊ ကိစ္စတိုင်း ၊ ဖြစ်ရပ်တိုင်း တို့တွင် ယခင်ကပြုခဲ့သော အကြောင်းတရား ပေါ်တို့တွင် တည်၍
အကျိုးကျေးဇူးများဖြစ် ကြသည် ။ အသင့်အတင့် ၊ အထိုက်အလျောက် သာလျှင် ငါတို့ ပြုပြင် ထိန်းသိမ်း
၍ရသည် ။ သို့ဖြစ်၍ ယခင်က ပြုခဲ့ပြီးသော ကိစ္စများကို ယခုအခါကျမှ ပြုပြင်၍ မရတော့ကြောင်းကို သိ
ပါလျက် အကြောင်းမတန် စိတ်စွဲလမ်းနေခြင်းသည် ငါ၏ စိုးရိမ်စိတ် ၊ ကြောက်စိတ် ကို အားပေးနေခြင်း
သာ ဖြစ်သည် ။ ငါမသေခင်အချိန်  အခွင့်အခါရှိနေစဉ် ပြောစရာ ၊ လှူစရာ ၊ ပြုပြင်စရာ ၊ ဆောင်ရွက်
စရာတွေ တတ်နိုင်သလောက် ပြီးစီးအောင် စီစဉ်ရမည် ။ ငါ၏ စွဲလမ်းမှုပျောက်ကင်းလျှင် စိုးရိမ်မှုလည်း
ကုန်သွားမည် ။ ကြောက်စိတ်လည်း ပျောက်ကွယ်သွားမည် ။ "
" ရောဂါကင်း၍ အသက်ရှည်ခြင်းကို ကောင်းစွာသိသော အချို့ဆရာဝန်ကြီးများ နှင့် ဆေးဆရာ ၊
သမားတော်ကြီးများတို့သည်လည်း သက်တမ်းမပြည့်မီ ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးကြသေးသည် ။
လူမမည် မွေးခါစ အရွယ်မှစ၍ အသက် ၁၀ ၊ ၂၀ ၊ ၃၀ အစရှိသည်ဖြင့် ကျားမ , မရွေး သေဆုံးကြသူများ
နှင့် နှိုင်းစာလျှင် ငါသည် အလွန်ပင် ကံကောင်း၏ ။ နှစ်ပေါင်းများစွာ အမြတ်အစွန်း ရခဲ့သည် ။ နောက်
တစ်ရက် ၊ နောက်တစ်လ ၊ နောက်တစ်နှစ် အတွက် ငါမစဉ်းစား ၊ မကြံစည် ၊ မတွက်ချက်တော့ပြီ ။ ငါ
သည် ပစ္စုပ္ပန်တည့်တည့် ကြည့်၍သာ နေတော့မည် ။ ယနေ့ နံနက်မှ ညနေ၀င် မိုးချုပ်သည်အထိ ငါ
သည် လောကီ ၊ လောကုတ္တရာ ကိစ္စများကို ကြိုးစား ဆောင်ရွက်မည် ။ ဆင်းရဲသူများကို မ , စမည် ။
မကျန်းမာသူများကို ပြုစုမည် ။ အားနည်းသူများကို ကူညီမည် ။ အခြားသူများ၏ ကိုယ်စိတ်နှစ်ဖြာ
သက်သာမှုအတွက် လုပ်ကိုင်မည် ။ ဤ ပရဟိတကုသိုလ်ကောင်းမှု တို့သည် နောင်အခါ ၊ နောက်ဘဝ
များ၌ တူညီသော အကျိုးပေးလိမ့်မည် ဟု ငါယုံကြည်သည် ။ ငါသည် ဘ၀ကူးကောင်းမည်ဖြစ်၍ သေရ
မည်ကို စိုးရိမ်စရာ ၊ ကြောက်စရာ အကြောင်း မရှိပေ ။ "
" ငါရိုသေလေးမြတ်စွာဆည်းကပ်ကိုးကွယ်နေသော ဘာသာတရားသည် ငါ့အား ကောင်းသော ဘုံဘဝ
အခြေအနေများကို ရောက်ရှိစေရန် ဆုံးမပဲ့ပြင် သွန်သင်ပြသနေကြောင်းကို ငါအကြွင်းမဲ့ ယုံကြည်ကိုး
စားသည် ။ သို့ဖြစ်၍ ထိုတရားတော် ၊ ဓမ္မလမ်းစဉ်များကို ငါလိုက်နာ ဆောင်ရွက်ပါက ငါ၏ တမလွန်
ဘ၀အတွက် စိုးရိမ်စရာ မရှိပြီ ၊ ကြောက်စရာ မရှိပြီ ၊ သေခြင်းတရားကို ငါ ရင်ဆိုင်ရဲပြီ ။ "
                ကျွန်တော်များ၏ ကိုယ်ပိုင်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းချက်သည် အခြားသူတို့အတွက်လည်း
မှန်ကန်လိမ့်မည် ဟူ၍ မဆိုနိုင်ပါ ။ ပြည့်စုံမှလည်း ပြည့်စုံပေမည် ။ ယခုတင်ပြထားသော အဖြေများထက်
ကောင်းသော နည်းလမ်းများ ရှိကောင်းရှိပေလိမ့်မည် ။
ကျမ်းကိုး --
ဦးအေးမောင် ၊ ဦးဝင်းမောင် - သေသည်၏အခြားမဲ့၌ 
............................................................................................................................................................................
သေခြင်းကို ကြိုတင်သိနိုင်သလော
                    သေခြင်းကို ကြိုတင်သိနိုင်သလော
                သတ္တ၀ါတို့၏ သေခြင်းအတွေ့အကြုံနှင့် သေခြင်း၏အဓိပ္ပာယ် အစစ်အမှန်ကို လူသား
တို့သည် အလုံးစုံသိခဲ့ကြပြီဟု မယူဆသောကြောင့် အနောက်တိုင်းသား ပညာရှင်တို့သည် သေ
ခြင်းအကြောင်းကို အနည်းနည်းအဖုံဖုံ သုတေသနပြုလျက် ရှိကြလေသည် ။
                 သေခြင်းနှင့် သေပြီးနောက် ဘာတွေ ဘယ်လို ဆက်လက်ဖြစ်နေကြသေးသနည်း ဆို
သောအချက်ကို သိပ္ပံနည်းကျ သိရှိနိုင်ရန် အားထုတ်နေကြခြင်း ဖြစ်လေသည် ။ ထိုသိပ္ပံပညာ
ရှင်များသည် ကွန်ပြူတာများ ၊ ပုံရိပ်စိတ်ဖြာနည်းများ ၊ စာရင်းဇယားအင်းဇောက်များ ၊ ဓာတ်
ပုံများဖြင့် သေလုဆဲဆဲ ( သေငင်ဇောဆိုက်နေသော ) လူနာများကို လေ့လာခဲ့ကြလေသည် ။
                ဤသို့ သုတေသနပြုခဲ့ကြရာတွင် စိတ်ရောဂါဆေးပညာရှင်ဒေါက်တာအဲလိဇဘက်-
ကူဘလာရော့စ် ( Dr . Elisabeth Kubler - ross ) သည် အနောက်တိုင်းတွင် ထင်ရှား၏ ။
သူမတွေ့ရှိချက်များကို အောက်ပါအတိုင်း အချက် ( ၁၀ ) ချက်ဖြင့် တင်ပြခဲ့လေသည် ။
၁ ။ လူတိုင်းသည် မိမိသေဆုံးရမည့်အချိန်ကို ကြိုတင်၍ သိထားကြသည် ။
၂ ။ မိမိနှင့်ခံစားချက်အားဖြင့် အလွန်နီးစပ်သော သူကိုလည်း ၄င်းတို့မည်သည့်အချိန်တွင်
သေမည်ဆိုသည်ကို ရှင်းလင်း ပြောပြ နေကြပါသည် ။ သို့ပါလျက် မိမိတို့က မကြားတတ်ဖြစ်ရ
ခြင်းမှာ ထိုသူတို့နှင့် နီးစပ်စွာ ဆက်သွယ်နိုင်မှု ဆုံးရှုံးခြင်းလည်း ဖြစ်သည် ။
၃ ။ သေဖူးသောသူတိုင်းလိုပင် ဤလောကသို့ ပြန်လာချင်သော စိတ်ဆန္ဒ မရှိကြတော့ ခြင်း ။
၎ ။ သေခြင်းတံခါးဝသို့ ရောက်ဖူးသူအဖို့ သေခြင်းသည် ကြောက်ရွံ့စရာ မဟုတ်ဟုသိခြင်း ။
၅ ။ သေဆုံးသူများထံမှ ၄င်းတို့ထက်ဦးစွာ သေဆုံးသွားကြသော ချစ်ခင်ရင်းနှီးသူများက လာ
ရောက်တွေ့ဆုံကြမြဲဖြစ်သည် ။
၆ ။ သေခြင်း အတွေ့အကြုံသည် အထီးကျန်အတွေ့အကြုံမျိုး လုံးဝမဟုတ် ၊ တခြားသူများ
နှင့်အတူ ဝေမျှခံစားရသော အတွေ့အကြုံမျိုးသာ ဖြစ်သည် ။
၇ ။ ဤဘ၀တွင် သေခြင်းအတွေ့အကြုံသည် အမြင့်ဆုံး အလှပဆုံး ခံစားမှုသာ ဖြစ်သည် ။
၈ ။ လူတိုင်း၏ ကိုယ်နှင့် နှစ်ပေအကွာ မလှမ်းမကမ်းတွင် မမြင်နိုင်သည့် စောင့်ရှောက်သော
ပုဂ္ဂိုလ်ရှိပြီး သူက အမြဲချစ်ခင်စွာ စောင့်ရှောက် လမ်းညွှန်လျက်ရှိသည် ။
၉ ။ သေပြီးနောက် ဘ၀ တွင်ရှိသော အချိန်ကာလ၏ သဘောသည် မျက်မှောက်ဘ၀၌ရှိသော
အချိန်ကာလနှင့် ခြားနားသည် ။
၁၀ ။ တမလွန် ဟုခေါ်သော သေပြီးနောက်ဘ၀တွင် မိမိကိုချုပ်ကိုင်ချယ်လှယ်နေသော အဆုံး
အဖြတ်ပေးသော မည်သည့် တန်ခိုးရှင်မျှမရှိ ၊ မိမိသည်သာ မိမိဘ၀၏ အရှင်သခင် ၊ ကိုယ့်
ဘ၀ ကို ကိုယ်ဆုံးဖြတ်သူ ဖြစ်သည် ။
ဆိုသော အချက်များ ဖြစ်ပါသည် ။
              ဒေါက်တာကူဘလာရော့စ် ၏ တွေ့ရှိချက် ( ၁၀ ) ချက်ကို ဖော်ပြခဲ့ရာ၌ တစ်ခြားပုဂ္ဂိုလ်
များ၏ တွေ့ရှိချက်များထက် ထူးခြားသောအချက်မှာ ပထမအချက် ဖြစ်ပါသည် ။ ဒေါက်တာ
ကူဘလာရော့စ် က သူမ၏ တွေ့ရှိချက် ( ၁၀ ) ချက်ကို တင်ပြရာတွင် ပထမတွေ့ရှိချက်ကို
အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည် ။
"
လူတိုင်းသည် မိမိသေဆုံးရမည့်အချိန်ကို ကြိုတင်၍ သိမြင်ထားကြသည်သာ ဖြစ်ပါသည် "
              ဤဖော်ပြချက်သည် အလွန် ဘ၀င်မကျစရာကောင်းသော အချက်ဖြစ်သည် ထင်ပါ
သည် ။ လူတိုင်း မိမိတို့ သေဆုံးမည့်အချိန်ကို ကြိုတင်သိကြသည်ဆိုသည်မှာ ဟုတ်ပါမည်လား ။
ဤစာကို ဖတ်သူ ရင်ထဲမှာလည်း သံသယစွန်းထင်းသော မေးခွန်းနှစ်ခု ပေါ်လာနိုင်ပါသည် ။ထို
မေးခွန်းနှစ်ခုမှာ --
၁ ။ လူတိုင်းသည် " မိမိ သေမည့်နေ့ကို ကြိုတင်သိရှိသည်မှန်လျှင် ဤကိစ္စသည် အဘယ်
ကြောင့် ရှေးကပင် အများသိပြီးကိစ္စ မဖြစ်ခဲ့သနည်း ဆိုသော မေးခွန်း "
၂ ။ လူသည် သေမည့်နေ့ကို ကြိုတင်သိအပ်သလား ဆိုသော မေးခွန်း 
တို့ဖြစ်၏ ။
                 အထက်ပါမေးခွန်းနှစ်ခုကို အဖြေထုတ်ဖို့ ကြိုးစားချင်ပါသည် ။ ဤစာကို ဖတ်မိသည်
နှင့် သက်ရှိထင်ရှား ဖြစ်သော စာဖတ်သူများသည် ချက်ချင်း မိမိကိုယ်ကို စစ်ဆေးကြည့်မိချင်
လိမ့်မည် ။ " ငါသေမည့်နေ့ ကို ငါသိလို့လား " ဟု တွေးကြံမိလိမ့်မည် ။ အဖြေလည်း ချက်ချင်း
ပင် ထွက်ပေါ်လာပါလိမ့်မည် ။ " ဘယ်မှာ ငါသိလို့လဲ ၊ သေမည့်နေ့ကို မပြောပါနဲ့ ၊ မနက်ဖြန်
ဘာဖြစ်မယ်ဆိုတာတောင်မှ ငါမသိတာ " ဟု မသိခြင်း ( အ၀ိဇ္ဇာ ) ကို ၀န်ခံရန်လည်း ၀န်လေး
မည် မထင်ပါ ။ ထိုမှတစ်ဖန် စာဖတ်သူ ဆက်တွေးနေမိပေလိမ့်မည် ။ " သေမည့်နေ့ကို ကြိုသိ
တာ ကောင်းသလား ၊ အို.. သေမည့်နေ့ကို ကြိုသိရင် စိတ်ညစ်စရာ ဖြစ်နေမှာပေါ့ ။ မသိတာပဲ
ကောင်းပါတယ် ။ သေခြင်းကို မေ့မေ့လျော့လျော့ နေတာပဲ ကောင်းပါတယ် " ဟူ၍လည်း
သေခြင်းကို ရင်မဆိုင်လိုသော ဘ၀တဏှာအားကြီးသော ပုထုဇဉ်စရိုက်က သေခြင်း အဆုံးရှိ
သော ဘ၀ ကို မေ့မေ့လျော့လျော့ နေချင်အောင် လှည့်ဖြားခြင်းအား သာယာနေမိသည်လည်း
ဖြစ်နိုင်ပါသည် ။
               သို့သော် သေခြင်းကား မေ့လျော့ခြင်း ကို အလေးဂရုပြုသောအရာမျိုး မဟုတ်ချေ ။
အချိန်ဟူသော အလျင်နှင့်အတူ သေခြင်းသည် သတ္တ၀ါတို့ထံသို့ မုချ ရောက်လာရမည့် မရဏ
ဧည့်သည်မျိုး ဖြစ်၏ ။
                ဤတွင် သေမည့်နေ့ကို ကြိုသိသည်ဆိုခြင်း ကိစ္စကို လူတိုင်းသိ ကိစ္စဖြစ်လျှင် အဘယ်
ကြောင့် ရှေးကတည်းက လူသိရှင်ကြား ပြောဆိုထားခဲ့ခြင်း မရှိသနည်း ။ လက်ရှိ အသက်ရှင်
နေသူတိုင်းကို သင်သေမည့်နေ့ကို သိသလားဟု မေးလျှင်  " သိတာပေါ့ " ဟု ဖြေနိုင်မည့်သူ
မည်မျှ ရှိသနည်း ။ ဤကား သံသယရှိသူတို့မေးမည့် အမေးများ ဖြစ်ပါသည် ။
                   သေမည့်နေ့ကို လူတိုင်း သိကြသည် ဖြစ်ပါလျက် အဘယ်ကြောင့် ရှေးကတည်းက
ဤကိစ္စသည် မထင်ရှားခဲ့သနည်း ။ အဖြေကိုဆိုသော် -
၁ ။ လူသားသည် သေခြင်းကို ကြောက်ရွံ့မုန်းတီးသောစိတ်အခံရှိသည်ဖြစ်၍ သေမည့်နေ့ကို
ကြိုတင်သိမြင်လိုသောဆန္ဒ မဖြစ်အောင် နေလိုခြင်း ။
၂ ။ တစ်ချို့ အတိတ်နိမိတ်အားဖြင့် ၊ အိပ်မက်အားဖြင့် တင်္ခဏုပ္ပတ္တိဥာဏ် အားဖြင့် သေမည့်
အချိန်ကို ကြိုသိသော်လည်း ထုတ်ဖော်ပြောဆိုလျှင် ဘေးလူတွေ လက်ခံမည် မဟုတ် ၊ မိမိကို
သာ ရူးကြောင်သည်ဟု ပုတ်ခတ်မည်စိုးသောကြောင့် မထုတ်ဖော်ဝံ့ခြင်း ။
၃ ။ မိမိကိုယ်တိုင်ကပင် မိမိသိလိုသော အသိကို သံသယ၀င်ကာ " အလကား..စိတ်ထင်လို့ ဖြစ်မှာပါ "
ဟု စိတ်သက်သာအောင် လှည့်ဖြားကာ မေ့ပျောက်အောင် နေတတ်ခြင်း ။
၎ ။ တစ်ချို့ ထုတ်ဖော်ပြောဆိုခြင်းရှိခဲ့သော်လည်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မျိုး မဟုတ်
သဖြင့် အသုဘကာလတွင်သာ သူပြောဆိုခဲ့ကြောင်းကို မိသားစုတို့က ငိုရင်းပြောရင်း နောက်
ကြောင်းပြန်တတ်သော်လည်း မှတ်တမ်း တစ်စုံတစ်ရာ မထားဘဲ မေ့ပစ်လိုက်တတ်ခြင်း ။ 
၅ ။ အများအားဖြင့် သေမည့်နေ့ကို ကြိုသိနေသော်လည်း အကျိုးမထူး ၊ စိတ်ဆင်းရဲရုံသာ ရှိမည်ဟု
သဘောထားကာ ထိုသိမှုကို လက်မခံလိုသောကြောင့် ထိုအသိသည် အမှတ်မထင် ဖြစ်ပေါ်ပြီး
ပျောက်ကွယ်သွားခြင်း ။
စသော အကြောင်းများစွာ ရှိပါသည် ။
              တစ်ကယ်တမ်း သေခြင်းကိစ္စကို အာရုံပြုသူများအဖို့ သေမည့်နေ့ကို ကြိုတင်သိမြင်နိုင်သည်
ဆိုသောအချက်သည် ထင်ရှားလျက်ရှိပါသည် ။
               ဤတွင် သေမည့်နေ့ကို ကြိုတင်သိအပ်သလား ဆိုသော ပုစ္ဆာကို ဖြေဆိုရာတွင် ပုထုဇဉ်နှင့်
အရိယာ သဘာဝ ကွဲပြားမှုအလိုက် အဖြေလည်း ကွဲပြားနိုင်ပါသည် ။ ဘ၀၌ တပ်မက်စွဲလမ်းခြင်းကြီး
သော ၊ သက္ကာယဒိဋ္ဌိကြီးသော တဏှာ ၊ မာန ၊ ဒိဋ္ဌိ ဟူသော သံသရာနယ်ချဲ့ ပပဉ္စတရားများကို
အထင်ကြီးသော ပုထုဇဉ်သည် သေမည့်နေ့ကို ကြိုတင်သိခြင်း၏ အကျိုးကို မြင်နိုင်မည် မဟုတ်ပေ ။
သို့ရာတွင် ရုပ်နာမ်ခန္ဓာတို့၏ အပြစ်ကို မြင်ပြီးသော ၊ ဘ၀ ၏ အနိစ္စသဘော ၊ ဒုက္ခသဘော ၊ အနတ္တ
သဘော ကိုမြင်ပြီးသော အကြင်အရိယာနွယ်ဝင် ကလျာဏပုထုဇဉ် တို့အဖို့မူ သေမည့်နေ့ကို ကြိုတင်
သိခြင်းကို မြတ်နိုးလေ့ရှိ၏ ။
                 သီလ ၊ သမာဓိ ၊ ပညာကို ဆောက်တည်ခြင်းဖြင့် သေမည့်ကာလကို ငြိမ်သက်တည်ကြည်စွာ
ရင်ဆိုင်နိုင်ရန် အားထုတ်လေ့ရှိ၏ ။ ထိုပုဂ္ဂိုလ်များအဖို့မူ သေမည့်နေ့ကို ကြိုတင်သိခြင်းကိုလည်း အလို
ရှိ၏ ။ သိသည်လည်း ဖြစ်၏ ။ ဘုရား ၊ ပစ္စေကဗုဒ္ဓာ ၊ ရဟန္တာ အရှင်မြတ်ကြီးများကား သေမည့်နေ့ ၊
သေမည့်အချိန်ကို ကြိုတင်သိပြီးသူများ ဖြစ်ကြကုန်၏ ။ သေမည့်အချိန်ကို ကြိုတင်သိမြင်သော ပုဂ္ဂိုလ်
များစွာတို့အကြောင်းကို ကျမ်းဂန်၌ ထင်ရှားပြဆိုထား၏ ။ ထို့ကြောင့် စိတ်ရောဂါဆေးပညာရှင်-
ဒေါက်တာအဲလိဇဘက်ကူဘလာရော့စ် ၏ တွေ့ရှိချက်သည် အထောက်အထားများစွာရှိသော တွေ့ရှိ
ချက် ဟု ဆိုနိုင်မည် ထင်ပါ၏ ။
ကျမ်းကိုး -
ဦးဆန်းလွင် - သေခြင်းဒဿန 
...............................................................................................................................................................................................................................
Friday, September 25, 2009
ယနေ့ကမ္ဘာမှာလိုအပ်နေတာ ခန္တီ ပါ
                      ယနေ့ကမ္ဘာမှာလိုအပ်နေတာ ခန္တီ ပါ
                  ဒီနေ့ ကမ္ဘာပေါ်မှာ လူသားတွေကိုကြည့်ရင် ဆောက်တည်ရာမဲ့ ဖြစ်နေတယ် ။ အလိုမပြည့်မှု ၊
ကြောက်ရွံ့မှု ၊ စိုးရိမ်မှု သောကတွေနဲ့ပဲ ပူပင်သောက ရောက်နေကြရတယ် ။ လူတွေဟာ ဂုဏ်ပကာသန
အတွက် သြဇာတိက္ကမ အတွက် လိုအင်ဆန္ဒတွေများပြီး ယစ်မူးနေကြတယ် ။ လူတွေက ၀တ္ထုအာရုံ ကာမ
ဂုဏ်တွေကို တက်မက်လွန်းပြီး လိုက်စားလိုစိတ်ပဲ များနေကြတယ် ။ လူတွေမှာ တစ်နေ့တာ ဘ၀ ကို
စိုးရိမ် ထိတ်လန့်ခြင်းဖြင့်သာ ကုန်ဆုံးနေကြရတယ် ။ မယုံကြည်မှုတွေ ၊ သံသယတွေပဲ တိုးလာတယ် ။
ဘ၀ က ပိုပြီး မလုံခြုံတော့ဘူး ။ ဒီလို ကသောင်းကနင်း ဖြစ်နေတဲ့ အကျပ်အတည်း ကာလထဲမှာ လူ
အချင်းချင်းတစ်ဦးပေါ်တစ်ဦး မှီခိုပြီး အတူယှဉ်တွဲ ငြိမ်းချမ်းစွာအသက်ရှင်နေရေးဟာပိုခက်ခဲလာတယ် ။
ဒါကြောင့် ခုအချိန်ခါမှာဖြင့် ငြိမ်းချမ်းစွာ အတူတကွ အသက်ရှင်နေနိုင်ရေးအတွက် သည်းခံခြင်း ၊
ခွင့်လွှတ်ခြင်း ခန္တီ ဟာ အထူး လိုအပ်လာတယ် ။
                 ကမ္ဘာပေါ်မှာ သွေးထွက်သံယိုမှုက ပိုများလာတယ် ။ အယူသီးမှု ၊ သည်းမခံနိုင်မှု ဆိုတဲ့ ရောဂါ
ဆိုးများရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပြီး နိုင်ငံတိုင်းရဲ့ နိုင်ငံရေး ယဇ်ပလ္လင်ပေါ်မှာ သွေးအလိမ်းလိမ်း
ပေကျံနေပြီး ရှေးအခါက ကောင်းကင်ပြင်ပေါ်မှာ ဘာသာအယူဝါဒ ကွဲပြားသူတွေရဲ့ အာဇာနည်တွေကို
မီးရှို့သဂြိုလ်တဲ့ မီးခိုးလုံးတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ် ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်
လူတွေအနေနဲ့ တစ်ယောက်အပေါ် တစ်ယောက်က ကျူးကျော် နှိပ်ကွပ်ဖို့ နည်းလမ်းကိုပဲ အရေးထား
စဉ်းစားခဲ့ကြတယ် ။
               ဒီနေ့ လူ့လောကကြီးထဲမှာ သည်းမခံနိုင်တာကို ဘာသာရေးဆိုတဲ့ အရေခြုံပြီး ကျင့်သုံးလာကြ
တာကိုလည်း တွေ့နေရတယ် ။ လူတွေက ဘာသာရေးဆိုတာကို ဗန်းပြပြောဆိုပြီး အမတသုခဘုံနဲ့ နိဗ္ဗာန
ရောက်နိုင်တဲ့ ဖြတ်လမ်းနည်းတွေကိုလည်း ကတိခံပြီး ဟောနေကြတယ် ။ တကယ်လို့သာ ခရစ်ယာန်
အယူဝါဒဟာ တောင်ပေါ်တရား ( Sermon of the mount ) လိုက်နာ ကျင့်ကြံနေကြရင် ၊ ဗုဒ္ဓဘာသာက
လည်း မဂ္ဂင်ရှစ်ပါး မြတ်တရားအတိုင်း နေထိုင် ကျင့်ကြံကြရင် ၊ မွတ်စလင်တွေကလည်း ညီရင်းအစ်ကို
စိတ်ဓာတ်ကို တကယ်ပဲ ကျင့်သုံးနေထိုင်ကြရင် ၊ ဟိန္ဒူတွေကလည်း သူတို့ရဲ့ ဘ၀ တွေကို တစ်ခုတည်း
ဖြစ်အောင် ပုံဖော်ပြီး နေကြမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ၊ သာယာဝပြောရေး
တွေဟာ ဖြစ်ပေါ်လာနိုင်ပါတယ် ။ ခုတော့ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာအယူဝါဒကြီးတွေက သင်
ကြား ဆုံးမထားတဲ့ သာသနာ့ အဆုံးအမတွေ ရှိပါလျက်နဲ့ လူတွေဟာ ခုထိ သည်းခံခြင်း ခန္တီ ရဲ့ တန်ဖိုးကို
သဘောပေါက် နားလည်ကြခြင်း မရှိတာကို တွေ့ရပါတယ် ။ ဘာသာရေးဆိုတဲ့ နာမည်ခံပြီး သည်းမခံ
နိုင်တဲ့ အပြုအမူတွေကို ပြုမူနေကြတာများကတော့ ရှက်စရာလည်းကောင်းတယ် ၊ ၀မ်းနည်းစရာလည်း
ကောင်းတာ အမှန်ပါ ။
             ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူတာက -
" ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ပဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏ ။
ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ပဲလျက် ငါတို့နေနိုင်ကြကုန်၏ " ( ဓမ္မပဒ - ၁၉၇ )
        သူတော်ကောင်းတရားနဲ့ ဆန့်ကျင်ဘက် ဖြစ်စေတဲ့ နောက် ကိစ္စ တစ်ရပ်ကတော့ လူမျိုးရေး မောက်
မာမှုပဲ ဖြစ်တယ် ။ မြတ်ဗုဒ္ဓက သူ့ရဲ့ သာဝကများကို ဆုံးမတော်မူပုံမှာ ဘာသာရေးကို ကျင့်ကြံအားထုတ်
တဲ့ နေရာမှာ လူမျိုးရေးကိစ္စကို ထည့်မစဉ်းစားရဘူး ၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လူမျိုးခွဲခြားတာတို့ ၊
ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတာတို့ ၊ လူတန်းစား ခွဲခြားတာတို့ကို လျော့နည်းပပျောက်သွားအောင် လုပ်ကြ
၇မယ်လို့ ဆုံးမတော်မူပါတယ် ။ ဘာသာတရား အားလုံးကို ကိုးကွယ်နေကြတဲ့ လူတွေအားလုံးဟာ
လူအချင်းချင်း ခွဲခြား ဆက်ဆံခြင်း မပြုကြဖို့ ကိုယ့်ရဲ့ ရိုးရာတွေကို ရှေ့တန်းတင်ပြီး မခွဲခြားကြဖို့ကို
ဟောတော်မူပါတယ် ။
              လူအချင်းချင်းဟာ အညီအမျှ ဆက်ဆံတတ်ကြဖို့ အထူးသဖြင့် ဘာသာတရား ကိုးကွယ်ကြရာမှာ
တန်းတူရည်တူ ထားကြဖို့ကို ဟောတော်မူတယ် ။ ကံမကောင်း အကြောင်းမလှတာက ဘာသာမတူ
ကိုးကွယ်ကြသူတွေဟာ တန်းတူထားဖို့ မဆိုပါနှင့် ပိုပြီး ခွဲခြား ဆက်ဆံမှုတွေနဲ့ အချင်းချင်း ရန်ပြုမှုတွေ
ကိုသာ ပိုတိုးပြီး လုပ်လာကြတယ် ။
            လူမျိုးရေးခွဲခြားဆက်ဆံမှု ၊ လူမျိုးကြီး အမြင်မျိုးကတော့ ဘာသာရေးမှာ အကြီးဆုံး အနှောက်
အယှက် တစ်ခုပါ ။
             တစ်ခါတုန်းက မြတ်ဗုဒ္ဓက ပင်လယ်ကို ဥပမာပေးပြီး ဟောကြားတော်မူရာမှာ ပင်လယ်ထဲကို
ဘယ်အရပ်က ဘယ်ရေတွေ ဘယ်လိုပဲ စီးဝင်လာလာ ၊ ပင်လယ်ရေဖြစ်တဲ့အခါ တစ်မျိုးတည်း ၊ တစ်သား
တည်း ဖြစ်သွားသလို ဘာသာရေးမှာလည်း လူမျိုးရေး ခွဲခြားမှုတွေကို ဖယ်ရှားပြီး လူအချင်းချင်း
တစ်သားတည်း တန်းတူရည်တူ သဘောထားအပ်ကြောင်းကို ပြယုဂ် ဥပမာပေးပြီး ဟောတော်မူခဲ့ပါ
တယ် ။
             လူမျိုးအသီးသီး ၊ ဇာတ်အသီးသီးက လာကြတဲ့ လူတွေဟာလည်း ကိုယ့်လူမျိုးစွဲတွေကို မေ့ပြီး
လူသားတွေချည်း အတူတူပဲ ဆိုတဲ့ အမြင်နဲ့ လူလူချင်း တန်းတူရည်တူ သဘောမျိုးနှင့် ဆက်ဆံသင့်
ပါတယ် ။              ။
ကျမ်းကိုး -
ဦးဆန်းလွင်  - ဗုဒ္ဓဘာသာတွေယုံကြည်ကြတာက
.....................................................................................................................................................................................................................................
ကိုယ်ကျင့်တရား
                           ကိုယ်ကျင့်တရား
                ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အစဉ်အလာ
ခံယူချက်များသည် ဗုဒ္ဓအယူဝါဒနှင့် မကင်းနိုင်ကြပေ ။ သို့ဖြစ်၍ ဗုဒ္ဓ၏ လမ်းစဉ်၌ ကိုယ်ကျင့်တရား
သည် မည်မျှအရေးပါသည် ၊ မည်သို့သော သဘောလက္ခဏာ ရှိသည် ၊အထူးသဖြင့် ဗုဒ္ဓကျမ်းဂန်လာ
လူ့စိတ်သဘာဝခြင်းရာနှင့် မည်သို့ ဆက်စပ်နေသည် စသည်တို့ကို လေ့လာသင့်ပေသည် ။
                 ဘ၀လွတ်မြောက်ရေးကို ရောက်ဖို့အရေးမှာ အကျင့်သီလဟာ လိုအပ်ပါတယ် ။ ဒါပေမယ့်
အကျင့်သီလတစ်ခုတည်းနဲ့တော့ မလုံလောက်ပါ ။ သီလနှင့်ပညာကို ပေါင်းဖက် ပေးရပါမယ် ။
အကျင့်သီလ မရှိဘဲနဲ့ သတ္တ၀ါရဲ့ ဘ၀မှာ ကိလေသာ စင်ကြယ်မှုဟာ အလိုအလျောက် ဖြစ်မလာနိုင်
ပါဘူး ။
           ဗုဒ္ဓ၏ ကျင့်စဉ်၌ ပုထုဇဉ်သတ္တ၀ါတို့သည် သီလတရားကို အားထုတ်ပြီးမှ သမာဓိစခန်း ၊ ပညာ
စခန်းသို့ ရောက်ရှိနိုင်မည် ဖြစ်၏ ။ ဗုဒ္ဓကျင့်စဉ်မှာ အချုပ်အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်၍ သမ္မာဒိဋ္ဌိ ၊
သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယမ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်အပ်သော တရားများကို မဂ္ဂင်ရှစ်-
ပါး ၌ ပြဆိုထား၏ ။ သမ္မ၀ါစာ ၊ သမ္မာကမ္မန္တ ၊ သမ္မာအာဇီဝ ( မှန်သော ၀စီကံမှု ၊ မှန်သော ကာယကံ
အမှု ၊ မှန်သော အသက်မွေးမှု ) တို့ကို မဂ္ဂင်ရှစ်ပါး၌ ထည့်သွင်းထားခြင်းဖြင့် အကျင့်သီလသည် မဂ်
ဖိုလ်နိဗ္ဗာန် အတွက် အရေးပါသော တရားဖြစ်ကြောင်း သိသာထင်ရှား၏ ။
                      အမှန်အားဖြင့် သီလမဂ္ဂင် သုံးပါးကို ကျင့်သုံးသောအခါ ကိုယ်ကျင့်သိက္ခာ ဖြူစင်၏ ။
မြင့်မြတ်၏ ။ ကိုယ်ကျင့်သိက္ခာ ဖြူစင်မြင့်မြတ်သည်နှင့်အမျှ စိတ်၏ ကိလေသာ အညစ်အကြေးများ
ကင်းစင်၏ ။ ထိုအခါမှသာ မှန်ကန်ထက်မြက်သော ဥာဏ်ပညာ ဖြစ်ထွန်းပြီး အလုပ်မှန်ကို လုပ်နိုင်
၏ ။ အပြောမှန်ကို ပြောနိုင်၏ ။ အတွေးမှန်ကို တွေးနိုင်၏ ။
              အကယ်၍ ကိုယ်ကျင့်သိက္ခာ ဖြူစင်မှုကို သီလဖြင့်စပြီး သီလဖြင့် အဆုံးမသတ်နိုင်သေးလျှင်
ထိုကိုယ်ကျင့်သိက္ခာ ဖြူစင်မှုသည် တကယ်တမ်း ခိုင်မာသော ကိုယ်ကျင့်သိက္ခာဖြူစင်မှု မဟုတ်
သေးပေ ။ အမှန်အားဖြင့် အရဟတ္တမဂ်သည် မဂ္ဂင်ရှစ်ပါးတွင် သီလမဂ္ဂင်သုံးပါးတို့က တစ်ပြိုင်တည်း
တစ်ပေါင်းတည်း ယှဉ်ပါမှ အရဟတ္တမဂ် အဖြစ်သို့ ရောက်၏ ။
            သို့ရာတွင် အချို့သော မြန်မာဗုဒ္ဓဘာသာဝင် တို့သည် အကျင့်သီလကို အလေးထား ဂရုမပြု
ဘဲ ၀ိပဿနာတရားကို ကျင့်ကြံအားထုတ်လျက် ရှိကြ၏ ။ ၀ိပဿနာလုပ်ငန်း၏ ဦးတည်ချက်ဖြစ်
သော လောဘ ၊ ဒေါသ ၊ မောဟ ချုပ်ငြိမ်းမှုအတွက် စိတ်စင်ကြယ်ရန် လိုအပ်၍ စိတ်စင်ကြယ်မှု
( စိတ္တ၀ိသုဒ္ဓီ ) ကို အကျင့်သီလဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း သတိမပြုမိကြပေ ။ သို့ဖြစ်၍
ဝိပဿနာတရားကို နှစ်ရှည်လများ ကျင့်ကြံအားထုတ်ခဲ့ပါလျက် စိတ်ဓာတ် ၊ စရိုက်နှင့် အကျင့်သီလ
အရာ၌ ထူးထူးခြားခြား တိုးတက်မှု မရှိသော ပုဂ္ဂိုလ်များကို ကျွန်တော်တို့ မကြာခဏ တွေ့ရှိရ၏ ။
ယောဂီများ ရှိကြပါ၏ ။ သို့ရာတွင် ထိုပုဂ္ဂိုလ်များမှာနည်းပါး၍ များစွာသော လူတို့အဖို့မူ တရားအား
ထုတ်မှုသည် စိတ်ဓာတ်စရိုက်ကို ထိထိရောက်ရောက် ပြုပြင်နိုင်စွမ်း မရှိခဲ့ပေ ။
           ဤသည်မှာ ၀ိပဿနာတရား၏ အပြစ်မဟုတ် ၊ တရားအားထုတ်ပုံနည်းဟန် လွဲမှားမှုကြောင့်
လည်း မဟုတ်ဘဲ ဆိုင်ရာ ယောဂီပုဂ္ဂိုလ်၏ ချွတ်ယွင်းမှုကြောင့်သာ ဖြစ်ရပေမည် ။ ယောဂီသည်
တရားအားမထုတ်မီက လိုအပ်သော ပြင်ဆင်မှု ပြုလုပ်ရန် မေ့လျော့ခဲ့ပေလိမ့်မည် ။ သို့မဟုတ်
မည်သည့် ပုဂ္ဂိုလ်အမျိုးအစား၌ ပါဝင်ကြောင်း ဘာမျှ မသိသောသူ ဖြစ်ရပေမည် ။
               ဗုဒ္ဓဘုရားရှင်သည် လူသတ္တ၀ါတို့အား စိတ်ဓာတ် အနုအရင့်ကိုကြည့်၍ ဟောပြော ဆုံးမ
တော်မူလေ့ရှိပေရာ အကျင့်သီလဆိုင်ရာ ဗုဒ္ဓသြ၀ါဒ ၊ ဗုဒ္ဓကျင့်စဉ်များသည် ပုဂ္ဂိုလ်အမျိုးအစားကို
လိုက်၍ ကွဲပြား ခြားနား ပေလိမ့်မည် ။ မိမိ စိတ်နေ စရိုက်နှင့် ဆီလျော်သော ဗုဒ္ဓသြ၀ါဒများကို ဂရု
မပြုဘဲ မဂ်ဖိုလ်နိဗ္ဗာန်စခန်းသို့ ဖြတ်လမ်းက ရောက်ရှိလိုပါက ရည်မှန်းချက် မအောင်မြင်ပဲ အကျိုး
စီးပွား ဆုတ်ယုတ်မည်သာ ဖြစ်၏ ။
ကျမ်းကိုး -
ဦးရွှေအောင်   - အမြင်များပြောင်းလဲခြင်း
ဦးအေးမောင်  - စိတ်ပညာနှင့် ကိုယ်ကျင့်တရား
ဦးဆန်းလွင်     - ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက
...................................................................................................................................................................
Tuesday, September 22, 2009
ပိဋကတ်သုံးပုံဆိုတာ
                                   ပိဋကတ်သုံးပုံဆိုတာ
           ဘုရားလက်ထက်တော်အခါက သက်ရှိထင်ရှားဖြစ်သော ရဟန္တာအရှင်ကောင်း အရှင်မြတ်များသည် လက်ရှိ
ပုံစံအတိုင်း တိပိဋက ခေါ် ပိဋက သုံးပုံကို ပြုစုမှတ်တမ်းတင် ထားခဲ့ကြ၏ ။
          မြတ်စွာဘုရားကား ပရိနိဗ္ဗာန် ပြုသွားပြီ ဖြစ်၏ ။ သို့သော် ထူးကဲ မွန်မြတ်လှစွာ ဓမ္မဒေသနာတော်များက
တော့ လူသားများ အကျိုးငှာ မခြွင်းမချန် ဟောတော်မူထားရစ်တဲ့အတိုင်း သန့်ရှင်းစင်ကြယ်လှစွာ ယခုထက်
တိုင်အောင် ကောင်းစွာ တည်ရှိနေပါတယ် ။
               မြတ်စွာဘုရားကိုယ်တော်တိုင် လက်ရေးနဲ့ ရေးတဲ့စာအဖြစ် ထားခဲ့တာ မဟုတ်သော်လည်း ထင်ရှားလှ
တဲ့ တပည့်သာဝကကြီးများက ဒီတရား ဒေသနာတော်များကို မပျောက်မပျက်ရအောင် ထိန်းသိမ်းဖို့အတွက်
ပထမမှာ နှုတ်တိုက် အာဂုံဆောင် မှတ်သားထားခဲ့ကြ၏ ။ တစ်ဆက်ပြီးတစ်ဆက် အာဂုံဆောင်နည်းဖြင့် လက်
ဆင့်ကမ်း သင်ကြားပေးခဲ့ကြ၏ ။
               မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုသွားတော်မူတဲ့အခါ ချက်ချင်းပဲ ရဟန္တာအရှင်မြတ်ကြီး ၅၀၀ ဟာ စုဝေးပြီး ပထမ
သင်္ဂါယနာ အမည်တွင်တဲ့ သဘင်ကြီး ဆင်နွှဲပြီး သင်္ဂါယနာ တင်တော်မူခဲ့ကြ၏ ။ မြတ်စွာဘုရား ဟောကြားတော်
မူသမျှ တရားတော်တွေကို အနီးကပ် ပြုစုခွင့်ရခဲ့တဲ့ ရှင်အာနန္ဒာကိုယ်တော်ကြီးက သူကြားဖူးခဲ့သမျှ ဓမ္မဒေသနာ
တော်များကို " ဧ၀ံ မေ သုတံ " ဆို သုတ္တန်ပိုင်းကို ရွတ်ဖတ်ပြတော်မူရ၏ ။ ဥပါလိအရှင်မြတ်က ၀ိနည်း ဒေသနာ
တော်များကို သူမှတ်သားထားခဲ့သမျှ ရွတ်ဖတ်တော်မူရ၏ ။
                 ပထမ သင်္ဂါယနာ တင်ပြီးနောက် အနှစ် ၁၀၀ ကြာတဲ့အခါ ကာလာသောကမင်း လက်ထက်မှာ တစ်ချို့
သာဝကကြီးများက ၀ိနည်းသိက္ခာပုဒ်ငယ်အချို့ကို ပြုပြင်ဖို့ လိုလာတာကို သိမြင်တော်မူခဲ့ကြ၏ ။ ရှေးအယူအစွဲ
သန်တော်မူကြတဲ့ သံဃာတော်များက ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမှ ပြောင်းလဲစရာ မလိုဘူးလို့ ယူဆကြ
၏ ။နောက်ဆုံးကျတာ့ ဒီအချိန်ကစပြီး အယူအဆမတူတဲ့ဂိုဏ်းဂဏကွဲတွေ စတင်ပြီး ပေါ်ပေါက်ဖို့ အစို့အညှောက်
ပေါက်လာတော့၏ ။ ဒုတိယသင်္ဂါယနာမှာ ၀ိနည်းသိက္ခာပုဒ်တွေ အပေါ်မှာပဲ အခြေတည်ပြီး ဆွေးနွေးခဲ့ကြတယ် ။
သုတ္တန် ဒေသနာအပေါ်မှာတော့ အငြင်းပွားတာ မတွေ့ရပါဘူး ။
               BC - 300 လောက်ကိုရောက်တော့ အာသောကဧကရာဇ်ဘုရင်ကြီးလက်ထက်မှာ တတိယသင်္ဂါယနာ
တင်တော်မူကြ၏ ။ သံဃာ အစုအဖွဲ့တွေကြားမှာ ပေါ်ပေါက်နေတဲ့ အမြင် အယူအဆ ကွဲပြားမှုတွေကို တတိယ
သင်္ဂါယနာမှာ ဆွေးနွေးခဲ့ကြ၏ ။ ဒီသင်္ဂါယနာမှာ ဆွေးနွေးချက်တွေဟာ ၀ိနည်းတော်နည်းသာ သက်ဆိုင်ကြတာ
မဟုတ်တော့ပဲ သုတ္တန် ဒေသနာတော်တွေနဲ့လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြ၏ ။ ဒီသင်္ဂါယနာပွဲအပြီးမှာ သင်္ဂါယနာ
ရဲ့ဥက္ကဋ္ဌ (နာယက) ဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်ကြီးက ကထာဝတ္ထု ခေါ်တဲ့ အဘိဓမ္မာကျမ်းကို ပြုစု
တော်မူတယ် ။ ဒီကျမ်းထဲမှာ အယူလွဲ အယူမှားတွေကို သုတ်သင်ရှင်းလင်းတော်မူ၏ ။ BC - 80 ၊ ၀ဋ္ဋဂါမိဏိမင်း
လက်ထက်မှာ ကျင်းပတဲ့ စတုတ္ထသင်္ဂါယနာ ဟာ သီရိလင်္ကာနိုင်ငံမှာ ပြုလုပ်ခဲ့၏ ။ သီရိလင်္ကာမှာ ကျင်းပတဲ့
ဒီသင်္ဂါယနာပွဲကျမှ တိပိဋက ခေါ် ပိဋကသုံးပုံကို စတင်ပြီး ပေထက် အက္ခရာတင်တော်မူကြတာ ဖြစ်၏ ။
                 ဗုဒ္ဓ ဒေသနာတော်များကို စုစည်းထားတဲ့ ပိဋကသုံးပုံထဲမှာ သုံးပုံ ၊ သုံးပိုင်း ပါရှိ၏ ။ ၀ိနည်း ပိဋက,က
တစ်ပိုင်း ၊ သုတ္တန် ပိဋက, က တစ်ပိုင်း ၊ အဘိဓမ္မာ ပိဋက, က တစ်ပိုင်း ဖြစ်၏ ။
စည်းကမ်းများကို သတ်မှတ် ဖော်ပြတာ ဖြစ်၏ ။ ဒီအပိုင်းမှာ သာသနာ တစ်ဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာပုံကို
ခရေစေ့တွင်းကျ အသေးစိတ် ဖော်ပြထား၏ ။ မြတ်ဗုဒ္ဓရဲ့ ဘ၀နဲ့ သာသနာပြု လုပ်ငန်းများအကြောင်း ဗုဒ္ဓ၀င်
ဖြစ်ရပ်များကိုလည်း ၀ိနည်း ပိဋကမှာပဲ ဖော်ပြထားတာ ဖြစ်၏ ။ သွယ်ဝိုက်သောအားဖြင့် ၀ိနည်းပိုင်းမှာ ရှေးကျ
တဲ့ အိန္ဒိယနိုင်ငံသမိုင်း ၊ ဓလေ့ထုံးစံများ ၊ အတတ်ပညာ သိပ္ပများကိုပါ ဖော်ပြထား၏ ။
            သဗ္ဗညုတဥာဏ်ကို မဟာဗောဓိမှာ အောင်မြင်တော်မူပြီးနောက် အနှစ် ( ၂၀ ) ပတ်လုံး မြတ်စွာဘုရားဟာ
သံဃာတော်များအတွက် ၀ိနည်း သိက္ခာပုဒ်တွေကို ပြဋ္ဌာန်း သတ်မှတ်တော်မူခြင်း မရှိခဲ့သေးပါ ။ နောက်ပိုင်းကျမှ
အခါအခွင့်တွေ ပေါ်လာလို့ မြတ်စွာဘုရားက သာသနာ အဓွန့်ရှည် တည်တံ့စေဖို့ ဥပဒေ စည်းမျဉ်းများကို ပြဋ္ဌာန်း
တော်မူခဲ့တာ ဖြစ်၏ ။
၁ ။ ပါရာဇိကဏ် - ပါဠိ  ( အပြစ်ကြီးများ )
၂ ။ ပါစိတ်           - ပါဠိ  ( အပြစ်ငယ်များ )
၃ ။ မဟာဝဂ္ဂ       -  ပါဠိ     ( အပိုင်းကြီး )
၎ ။ စူဠ၀ဂ္ဂ           - ပါဠိ      ( အပိုင်းငယ် )
၅ ။ ပရိဝါရ           - ပါဠိ     ( ၀ိနည်းအကျဉ်း သင်္ခေပ )
                     သုတ္တန်ဒေသနာမှာ မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကို စုစည်း တင်ပြ
ထားသောအပိုင်း ဖြစ်၏ ။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓ ၏ ထင်ရှားသော တပည့် သာဝကကြီးများ ဟောကြားတော်
မူသော တရား အချို့လည်းပါ၏ ။ ရှင်သာရိပုတ္တရာ ၊ ရှင်အာနန္ဒာ ၊ ရှင်မောဂ္ဂလာန် အရှင်မြတ် စသူတို့ ဟောကြား
သော တရားတော်များ ဖြစ်၏ ။ သုတ္တန်တရားများမှာ အနာနှင့်ဆေး တည့်အောင် ပေးထားသော ကာလ ဒေသ
နှင့် ပုဂ္ဂိုလ် စရိုက်ကို လိုက်ပြီး ဟောထားသော ဆေးစာညွှန်းနှင့် တူသော ဓမ္မဒေသနာများ ဖြစ်ကြ၏ ။ အခါအခွင့်
အားလျော်စွာ ပုဂ္ဂိုလ်ရဲ့ စရိုက်ကို လိုက်ပြီး ဟောထားတဲ့ တရားများ ဖြစ်တဲ့အတွက် တစ်ချို့တရားနှင့် တစ်ချို့
တရားများမှာ ၀ိရောဓိသဘော ဆန့်ကျင်နေသယောင် ဖြစ်နေတာတွေ ပါတတ်၏ ။ ဒါကို တစ်လွဲ အဓိပ္ပာယ်မဖွင့်
သင့်ပါဘူး ။
             သုတ္တန် ပိဋက ကို နိကာယ် ငါးရပ်ဖြင့် ခွဲခြား ဖော်ပြထား၏ ။ နိကာယ်ဆိုတာက အစုအပေါင်းကို ပြော၏ ။
ပါဝင်တဲ့ နိကာယ်တွေက -
.
၁ ။ ဒီဃနိကာယ်        -  ( ရှည်လျားတဲ့ သုတ္တန်အပေါင်း )
၂ ။ မဇ္ဈိမနိကာယ်      -  ( မတိုမရှည် သုတ္တန်အပေါင်း )
၃ ။ သံယုတ္တနိကာယ်  -  ( သဘောတူရာဆိုသော သုတ္တန်အပေါင်း )
၎ ။ အင်္ဂုတ္တရနိကာယ်  -  ( အရေအတွက်အားဖြင့်ပြသော သုတ္တန်အပေါင်း )
၅ ။ ခုဒ္ဒကနိကာယ်       -  ( ငယ်သော သုတ္တန်အပေါင်း )
              နိကာယ် ငါးရပ်ကို ထပ်မံ၍ ကျမ်း ၁၅ မျိုး ခွဲပြထား၏ ။
၁ ။ ခုဒ္ဒကပါထ
၂ ။ ဓမ္မပဒ
၃ ။ ဥဒါန
၎ ။ က္ကတိဝုတ္တက
၅ ။ သုတ္တနိပါတ
၆ ။ ၀ိမာန၀တ္ထု
၇ ။ ပေတ၀တ္ထု
၈ ။ ထေရာဂါထာ
 ၉ ။ ထေရီဂါထာ
၁၀ ။ ဇာတက
၁၁ ။ နိဒ္ဒေသ
၁၂ ။ ပဋိသမ္ဘိဒါ
၁၃ ။ အပါဒါန
၁၄ ။ ဗုဒ္ဓ၀ံသ
၁၅ ။ စရိယပိဋက  
                  လေးနက်စွာတွေးခေါ်တတ်သူများ အဖို့ အဘိဓမ္မာသည် အရေးအကြီးဆုံးနှင့် စိတ်ဝင်စားဖွယ် အကောင်း
ဆုံး ပိဋက ဖြစ်၏ ။ အဘိဓမ္မာထဲမှာ ပိုရှင်းပြီး နားလည်လွယ်တဲ့ သုတ္တန်ပိဋက နဲ့ နှိုင်းစာရင် ပိုပြီး လေးနက်၍ ပညာ
သားပါတဲ့ အတွေးအခေါ် ဒဿနများ ပါဝင်၏ ။
               သုတ္တန်ပိဋက ထဲမှာတော့ မကြာခဏ လူပုဂ္ဂိုလ် စသည်ကိုရည်ညွှန်းပြီး ဟောကြားတာမျိုး မကြာခဏ
မြင်တွေ့ကြရ၏ ။ အဘိဓမ္မာထဲကျတော့ သမုတိသစ္စာကို ဖော်ပြတဲ့ စကားလုံးတွေအစား ပရမတ္ထသစ္စာကို ဖော်ပြ
တဲ့ ပုဂ္ဂိုလ်သတ္တ၀ါကို မဖော်ပြပဲ ခန္ဓာငါးပါး ၊ ရုပ်နာမ်နှစ်ပါး ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ရ၏ ။
                 သုတ္တန်ပိဋကထဲမှာ ဝေါဟာရ ဒေသနာခေါ်တဲ့ သမုတိသစ္စာကိုပြတဲ့ ဟောပြောချက်တွေကို တွေ့ရ၏ ။
အဘိဓမ္မာထဲကျတော့ ပရမတ္ထ ဒေသနာခေါ်တဲ့ အကြွင်းမဲ့ သစ္စာတရား နဲ့ ဆိုင်တဲ့ ဟောပြောချက်တွေသာ တွေ့
ရ၏ ။
                  အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူ၏ ။ ဒါကြောင့် အဘိဓမ္မာကို
ခွဲခြမ်းစိတ်ဖြာတဲ့တရား ( ၀ိဘဇ္ဇ၀ါဒ ) လို့ ခေါ်ကြတာဖြစ်၏ ။
              အဘိဓမ္မာထဲမှာ ပရမတ္ထသစ္စာလေးပါး ကို ရေတွက်ပြထား၏ ။ အဲဒါတွေကတော့ စိတ် ၊ စေတသိက် ၊ ရုပ် ၊
နိဗ္ဗာန် တို့ ဖြစ်၏ ။ ပုဂ္ဂိုလ်သတ္တ၀ါလို့ခေါ်တဲ့ ဖြစ်တည်ခြင်း သဘောကို အနုစိတ် ခွဲခြမ်းစိတ်ဖြာပြထား၏ ။
အစိတ်အပိုင်း တစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖော်ပြထား၏ ။ နောက်ဆုံးမှာ ရောက်ရမယ့် ဘ၀ ပန်းတိုင်
သဘောကိုရော ၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်း နည်းလမ်းကောင်းကိုရော လိုအပ်တဲ့ အသေးစိတ်
အချက်အလက်မှန်သမျှကို ရှင်းလင်းဖော်ပြထား၏ ။
                 အဘိဓမ္မာ ပိဋကမှာ ပါဝင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်၏ ။
၁ ။ ဓမ္မသင်္ဂဏီ
၂ ။ ၀ိဘင်္ဂ
၃ ။ ကထာဝတ္ထု
၎ ။ ပုဂ္ဂလပညတ်
၅ ။ ဓာတုကထာ
၆ ။ ယမိုက်
၇ ။ ပဋ္ဌာန်း
               အခြား ဂုဏ်တု စွဲခွဲပုံ တစ်မျိုးကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဖော်ပြထားပုံက ပိဋက သုံးပုံကို ၉ ပိုင်း ခွဲပြီးလည်း
ဟောတော်မူ၏ ။ သုတ္တ ၊ ဂေယျ ၊ ဝေယျာကရဏ ၊ ဂါထာ ၊ ဥဒါန ၊ က္ကတိဝုတ္တက ၊ ဇာတက ၊ အဗ္ဘုတဓမ္မ ၊ ဝေဒလ္လ
တို့ ဖြစ်ကြ၏ ။
၁ ။ သုတ္တ         -   တိုတဲ့ သုတ်တွေ ၊ အလယ်အလတ် သုတ်တွေ ၊ ရှည်လျားတဲ့  သုတ်
                           တွေ ၊ အခါအားလျော်စွာ ပုဂ္ဂိုလ်ရဲ့စရိုက်ကိုလိုက်ပြီး မြတ်ဗုဒ္ဓ ဟော
                            ကြားတော်မူခဲ့တဲ့ တရားဒေသနာများ ဖြစ်ပါတယ် ။ ဥပမာ - မင်္ဂလ
                            သုတ် ၊ မေတ္တသုတ် စတာမျိုးတွေပါ ။ အဋ္ဌကထာဆရာမြတ်များ
                             မိန့်တော်မူတာက ၀ိနည်း ပိဋက တစ်ခုလုံးဟာလည်း ဒီခေါင်းစဉ်
                             အောက်မှာ ပါဝင်ပါသတဲ့ ။
၂ ။ ဂေယျ         -  ဒီအပိုင်းမှာ ဂါထာဆိုတဲ့ သီဆိုရတဲ့ ကဗျာလင်္ကာသီချင်းတွေလည်း
                             ရောနှောနေတယ် ။ သဂါထာဝဂ္ဂ တို့လို သံယုတ္တနိကာယ် တို့လို
                              တရားတွေလည်း ပါဝင်နေတယ် ။
၃ ။ ဝေယျာကရဏ     -   စာအရကတော့ အဖွင့်ကျမ်းပဲ ။ အဘိဓမ္မာကျမ်း တစ်ခုလုံး
                                        ကဗျာလင်္ကာ မဟုတ်တဲ့ ရိုးရိုးဟော တရားတော်များနဲ့
                                        တစ်ခြား ကဏ္ဍ ရှစ်ခုမှာ မပါဝင်တဲ့ တရားအားလုံး ဒီကဏ္ဍ
                                         မှာ ထည့်သွင်းထားပါတယ် ။
 ၄ ။ ဂါထာ    -  ဓမ္မပဒတို့ ၊ ထေရာဂါထာတို့ ၊ ထေရီဂါထာတို့မှာ ပါဝင်တဲ့ ကဗျာလင်္ကာတွေနဲ့ သီးခြား လွတ်နေ
                        သေးတဲ့ သုတ္တန်ထဲမှာ မပါသေးတဲ့ ဂါထာတွေ အားလုံးလည်း ဒီကဏ္ဍမှာ ပါတယ် ။
၅ ။ ဥဒါန        - ဥဒါန်း ၀မ်းမြောက်ပြီး ကြွေးကြော်တဲ့ ဂါထာတွေ ၊ ခုဒ္ဒကနိကာယ်ဝင် ၊ ဥဒါန်းဂါထာများ ဖြစ်၏ ။
၆ ။ ဣတိဝုတ္တက     -  မြတ်ဗုဒ္ဓ ဤသို့ ဟောတော်မူဖူးတယ် --
                                   အစချီထားတဲ့ တရား ၁၁၂ ပုဒ် ဖြစ်တယ် ။ ကျမ်း ၁၅ ကျမ်းထဲက ခုဒ္ဒကနိကာယ် ထဲမှာ
                                   ပါတဲ့ ဣတိဝုတ် အပိုင်း ဖြစ်၏ ။
၇ ။ ဇာတက     -  ဇာတက၀တ္ထု ဖြစ်တော်စဉ်ပေါင်း ၅၄၇ ပုဒ် ပါဝင်၏ ။ ( ၅၅၀ လို့ခေါ်တဲ့ ဇာတ်နိပါတ်တော်များ
                             ဖြစ်၏ ။) မြတ်ဗုဒ္ဓ ပါရမီတော် ဖြည့်စဉ်အခါက အတိတ်ဘ၀ဇာတ်ကြောင်းများကို ဖော်ပြထား
                             ဖြစ်၏ ။
၈ ။ အဗ္ဗုတဓမ္မ     -  အံ့ဖွယ်ဆန်းကြယ်တဲ့ တန်ခိုးပြခန်းများနဲ့ ဆိုင်တဲ့ ဒေသနာအချို့ ရှိ၏ ။ ဥပမာအားဖြင့်
                                မဇ္ဈိမနိကာယ်က ၁၂၃ ဣစ္ဆရိယ အဗ္ဗုတဓမ္မသုတ်လို တရားမျိုး ဖြစ်၏ ။
၉ ။ ဝေဒလ္လ     -  ၀မ်းမြောက်ဖွယ်ဖြစ်တဲ့ စူဠဝေဒလ္လသုတ်လိုမျိုး ၊ မဟာပေဒလ္လသုတ်လိုမျိုး တရားတွေ ၊
                          သမ္မာဒိဋ္ဌိသုတ်လိုတရား ( မဇ္ဈိမနိကာယ် ၊ ၄၃ ၊ ၄၄ ၊ ၉ ) တွေ ဖြစ်ကြ၏ ။ ဒီသုတ်တွေမှာ
..........................................................................................................................................................................................................................................................
ဆန်းလွင် ( ရှင်အာဒိစ္စရံသီ )
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
Monday, September 21, 2009
ရုပ်ပွားဆင်းတု ပူဇော်မှု အစ
ရုပ်ပွားဆင်းတု ပူဇော်မှု အစ
          မြတ်စွာဘုရား ပရိနိဗ္ဗာန် မပြုမီက ဘုရားမရှိတဲ့အခါ ဘုရားရှင်ကိုယ်စား မဟာဗောဓိပင်
ကို ပူဇော်ခဲ့တယ် ။ ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ဓာတ်တော်တွေကို ဌာပနာတဲ့ ဓာတုစေတီကို
ကိုးကွယ်ခဲ့တယ် ။ ဥဒ္ဒိဿစေတီ အဖြစ်တော့ စိတ်က ရည်မှန်း ရှိခိုး ပူဇော်နေကြတယ် ။ ဘုရား
ရှင်ဟာ လက္ခဏာတော်ကြီး ( ၃၂ ) ၊ လက္ခဏာတော်ငယ် ( ၈၀ ) တို့ဖြင့် သပ္ပာယ်တော်မူတဲ့
အတွက် ဘုရားရှင်ကို ကိုယ်စားပြုနိုင်တဲ့ ပုံတော်ကို ဘယ်ပန်းချီဆရာမှလည်း ပုံတူရေးဆွဲနိုင်
မှာ မဟုတ်ဘူး ၊ ဘယ်ပန်းပုကျောက်ဆစ်မှလည်း ပုံတူ , ထုနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့
အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားတော် ၊ ဆင်းတုတော်ကို ထုလုပ် ကိုးကွယ်မှု မပြုခဲ့ကြဘူး ။
               BC - ၄ရာစု မှာ ဂရိလူမျိုး စစ်ဘုရင် အလက်ဇန္ဒားမင်းကြီး နဲ့ ဂရိတပ်မတော်ကြီးက
အိန္ဒိယပြည် အနောက်မြောက်ပိုင်းကို သိမ်းပိုက်လိုက်တဲ့အခါ ဂရိတွေ ဗုဒ္ဓဘာသာ ဖြစ်လာ
တယ် ။ ဂရိတွေဟာ သူတို့ ကိုးကွယ်တဲ့ နတ်ဘုရားတွေကို ရုပ်တုပြုလုပ် ကိုးကွယ်ကြသလို
ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကိုလည်း ထုလုပ် ကိုးကွယ်ကြတယ် ။ ရှာဖွေတွေ့ရှိရတဲ့ သမိုင်း
အထောက်အထားအရ ဗုဒ္ဓရုပ်ပွားတော် ဆင်းတု ကိုးကွယ်မှုဟာ AD - ၁ရာစုမှာ စခဲ့တယ်လို့
အကြမ်းဖျင်း မှတ်သားနိုင်တယ် လို့ သိရပါတယ် ။
ဆရာသောင်းလွင် - ဘီအေ - သကျသီဟ၀ဋံသကာနှင့်အစိုးရဓမ္မာစရိယ
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ
..............................................................................................................................................................................................................
ဗုဒ္ဓ ၏ အရပ်တော် စဉ်းစားဖွယ်
                        ဗုဒ္ဓ ၏ အရပ်တော် အဆုံးအဖြတ်
           ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓ၀င်ပါဠိတော်ကြီး၌ " သောဠသ ဟတ္တုဗ္ဗေဓ = ၁၆ တောင် " ဟု ဆို၏ ။
များစွာသော အဋ္ဌကထာ တို့၌ " အဋ္ဌာရသ  ဟတ္ထုဗ္ဗေဓံ = ၁၈ တောင် " ဟု ဆို၏ ။ သုတ်မဟာဝါဋီကာ၌
" ဒွါဒသ ဟတ္ထော = ၁၂ တောင် မြင့်၏ " ဟု အပရေ၀ါဒ ရှိ၏ ။ ၁၈ တောင် ယူသူတို့က ဘယ်ဝါဒကို အတည်
ပြုကြသနည်း ။ ၁၈ တောင် ဟူသည် တော်တော်မြင့်သော အိမ် ၏ ခေါင်မိုးလောက် ရှိ၏ ။ ထိုအတိုင်း မှန်
လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ လှေကားထောင်လျက် အတော် မြင့်တက်၍ လောင်းကြရပေ
လိမ့်မည် ။ ဘုရား အရပ်တော်ကို စဉ်းစားကြပါ ။
              သီဟိုဠ်ကျွန်းရှိ အချို့ မထေရ်တို့သည် " ဟတ္ထသဒ္ဒါ " အတွက် " မိုက် " ဟူသော အနက်ကို ယူ၍
" ၁၈ မိုက် ( ခြောက်တောင် ) ရှိ၏ " ဟု ယူကြ၏ ။
              အော်လက်ကောက် အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင်တစ်ယောက် ရေးသားသော
စာအုပ်၌ကား " ဂေါတမမြတ်ဘုရားသည် ပကတိ လူအများထက် ထူးခြားစွာ မမြင့် " ဟု ယုတ္တိပြလျက် ရေး
သားလေသည် ။
                 ယိုးဒယားပြည် သာသနာပိုင် ဆရာတော်လည်း " မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများ
ထက် ထူးခြားစွာမမြင့် " ဟု အကျယ်တ၀င့် ဆုံးဖြတ်ထား၏ ။
               သူများယောင်လို့ ယောင်သည် မဟုတ် ၊ ညွှန်ပြအပ်သော ကျမ်းဂန်ယုတ္တိများအရ " မြတ်စွာဘုရား
အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာ မြင့်တော်မမူ " ဟုပင် ယူလိုပါသည် ။
                ဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီး ဖြစ်၍ ထိုခေတ်က လူများသည်
ယခုခေတ် လူများထက် အနည်းငယ် ကြီးမားချင် ကြီးမားပေလိမ့်မည် ။ သို့သော် ယခုကာလ ထောင်ထောင်
မောင်းမောင်း လူများထက် နှစ်တောင် သုံးတောင် ပိုလွန်အောင်ကား မကွာခြားနိုင်ပါ ။
           ကျောက်စာဖက်ဌာနနှင့်စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကို တွေ့ရသူတို့ကား ဘုရားရှင်
သီတင်းသုံးတော်မူဖူးသော ကျောင်းတော် တံခါးပေါက်များမှာ ယခု တံခါးပေါက်များထက် ပို၍ မကျယ်ဝန်း
ခြင်း ၊ ဘုရား လက်ထက်တော်က သပိတ်များကိုလည်း ငယ်ငယ်ပင်တွေ့ရခြင်း ၊ ထိုရှေးက လူရိုးများမှာ
ယခုလူရိုးများထက် မကြီးမားခြင်း ၊ ပဌမသံဂါယနာတင်ရာ စရည်းပင်လိုဏ်ဂူအပေါက်၏ ( အထက်အောက်
အားလုံး ) ၆ ပေလောက်သာရှိခြင်း တို့ကို ထောက်၍ " ဘုရားလက်ထက်က လူများသည် ယခုလူတို့ထက်
မမြင့် " ဟု အယူရှိကြသည် ။
                 ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ် ပုဂ္ဂိုလ်တစ်ပါးပင်တည်း ။ အကယ်၍
မြတ်စွာဘုရားသည် ထိုခေတ်က လူများထက် ထူးခြားစွာ မြင့်တော်မူအံ့ " မည်းဖြူ  ဆူကြုံ , နိမ့်မြင့်တုံ , မှတ်
ကုန် ပြစ် ၆ပါး " ဟူသော အပြစ်တို့တွင် မြင့်လွန်းသောအပြစ်ရှိရာ၏ ။ စင်စစ်ကား ဘုရားရှင် ၏ အရပ်တော
သည် မနိမ့်မမြင့် အဆင်သင့်ရုံသာရှိ၏ ။
                 ယုတ္တိပြစရာ ပိဋကတ်တော်မှ ကောက်နှုတ်ဖွယ်ရာ များစွာ ရှိပါသည် ။ ဤသို့အားဖြင့် " ဘုရားရှင်
သည် ထိုခေတ်လူများထက် တအံ့တသြ ထူးခြားစွာ မြင့်တော်မမူ " ဟု အတိအလင်း ယူလိုပါသည် ။ ထို
ခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင်မောင်းမောင်း ရှိသူများထက် များစွာ မကွာခြားသင့်
သောကြောင့် " ဘုရားရှင်၏ အရပ်တော်သည် ၁၈ တောင် မြင့်၏ " စသော အယူဝါဒ ယုတ္တိယုတ္တာကို ရှာပြ
ပါ ။
              အထက်ပါဆုံးဖြတ်ချက်မှာ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ ၏ ပထမ ကျမ်းစာမှ မိန့်
ကြားချက် ဖြစ်ပါသည် ။ ဆရာတော် ၏ ဆုံးဖြတ်ချက်မှာ " ၁၈ မိုက် ( ခြောက်တောင် ) ဟု ယူပါသည် ။
             ဤနေရာတွင် စဉ်းစားစရာ ဖြစ်နေပါသည် ။ ဆရာတော် ၏ အဆိုအရ " ၁၈ မိုက် ( ခြောက်တောင် )
ဆိုလျှင် " ၉ ပေ " ပေ အမြင့် ရှိနေပါသည် ။
             သုတ်မဟာဝါဋီကာ အလိုအရ " ဒွါဒသ ဟတ္တော = ၁၂ တောင် မြင့်၏ " ဟူ
သောအဆိုအရ ကျွန်တော်
ကတော့ " ၁၂ မိုက် ( ၄တောင် ) ၆ပေ " ပဲဖြစ်မှာပါဟု မတောက်တခေါက် ဥာဏ်လေးနဲ့လက်ခံမိပါသည် ။
......................................................................................................................................................................................                  
ဗုဒ္ဓ၏ အနတ္တ၀ါဒ မေးခွန်း
                      ဗုဒ္ဓ၏ အနတ္တ၀ါဒ
             တစ်ယောက်ယောက်က အောက်ပါမေးခွန်းမျိုးမေးလာခဲ့သော်  မိတ်ဆွေအနေနဲ့ ဘယ်လို
ဖြေမည်နည်း ။
မေးခွန်း (၁) ။        ။ ဗုဒ္ဓဟောကြားတဲ့ အနတ္တ သဘောတရားအရ ပုဂ္ဂိုလ်သတ္တ၀ါ မရှိ ၊ ငါမရှိ ၊
အတ္တမရှိ ၊ ယောက်ျား မရှိ ၊ မိန်းမ မရှိ ရင် တစ်စုံတစ်ခုကို ပြုသူဆိုတာကော ရှိပါ့မလား ။ အကယ်
၍ တစ်စုံတစ်ခုကို ပြုသူ မရှိရင် သူ့အသက်ကို သတ်ခြင်း ၊ သူ့ဥစ္စာခိုးခြင်း ၊ မူးယစ်ခြင်း အစရှိတဲ့
ဒုစရိုက်မှု ဆိုတာကော ရှိပါ့မလား ။သူငါသတ္တ၀ါ မရှိတာမှန်ရင် ၊ ပြုသူမရှိတာမှန်ရင် ၊ ပြုလုပ်ခြင်း
ဆိုတာ မရှိတာမှန်ရင် ပြုခြင်းအတွက် ကျထိုက်တဲ့ တာဝန်ဝတ္တရား ဆိုတဲ့ သဘောတွေ ၊ ကုသိုလ်
အကုသိုလ် ဆိုတဲ့ သဘောတွေ ၊ အကျိုးအပြစ် ဆိုတဲ့ သဘောတွေကော ရှိပါတော့မလား ။
အကယ်၍ ဒီသဘောတွေ ပျောက်ကွယ်သွားခဲ့ရင် လူ့ဘ၀ဟာ အဓိပ္ပာယ်ကော ရှိပါ့မလား ။
မေးခွန်း (၂) ။                ။ အကယ်၍ ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ အတ္တ , မရှိဘူး ၊ အမှန်ဆိုရင် ဗုဒ္ဓ၀ါဒ အရ
လွတ်မြောက်သူ ပေါ့ ။ ဗုဒ္ဓစကားအရ ပြောရရင်တော့ မဂ်ဖိုလ်နိဗ္ဗာန် ရသူဟာ ဘယ်သူဖြစ်မလဲ ။
နိဗ္ဗာန်ရအောင် ကျင့်ကြံ အားထုတ်တဲ့ အခါ သူ ၊ ငါ ၊ သတ္တ၀ါ , မရှိတော့ ဘယ်သူ့ကို နိဗ္ဗာန် ရသူ
ရယ်လို့ သတ်မှတ်ရပါ့မလဲ ။
အထက်ပါ မေးခွန်းမှာ ဗုဒ္ဓ ၏ အနတ္တ၀ါဒကို သဘောမပေါက်သောသူတို့ မေးလေ့မေးထ ရှိတဲ့မေး
ခွန်းပါ ။ ဒီလိုမေးခွန်းမျိုးကို မိလိန္ဒမင်းလည်း အရှင်နာဂသေန ကို မေးခဲ့ဖူးပါတယ် ။
.....................................................................................................................................................................................................................
ခွေးရူးထက်ကြောက်စရာကောင်းသူ
                 တောင်တွင်းကြီးမြို့ နတ်မှီတောရဆရာတော်ဘုရားကြီး က ဤသို့ သြ၀ါဒ ပေးဖူးလေသည် ။
" ပရမတ်အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်လျှင် ခွေးရူးထက် ကြောက်စရာ ကောင်းတယ် ။ ဘာ
ဖြစ်လို့လည်းဆိုတော့ ဘုရားတို့ ၊ ရဟန်းသံဃာတို့ နဲ့ လူဝတ်ကြောင် ၊ အမိအဘ နဲ့ အခြားယောက်ျား
မိန်းမ စတဲ့ သူ့ဂုဏ် ၊ သူ့အမည် ပညတ် နဲ့ သီးခြားစီ ရှိကြတာကို အတူတူ ၊ ဓာတ်လေးပါး အခြေခံတွေ
ချည်းပဲလို့ ယူကြည့်ပါလား ၊ လောကမှာ သည့်ထက် ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား ။"
                 " တကယ့် ပရမတ်အစစ်ကိုပေါက်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိပြီးလို့ ငါ ၊ သူတစ်ပါး ၊
ယောက်ျား ၊ မိန်းမ ရယ်လို့ , မရှိဘူးလို့သိတာက တစ်မျိုးပါ ။ ဒါက ၀ိပဿနာဥာဏ်အမြင်နဲ့ကြည့်တဲ့
အခိုက်ပြောတာ ။ လောကထဲမှာ ပြောတာ ၊ ဆိုတာ ၊ သိမှတ်တာ ကျတော့ သူ့ပညတ် နဲ့ သူ ခွဲပြီး
တော့ပဲ သုံးရတယ် ။ အားလုံးကို အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင် နှင့် ကိုယ့်အိမ်သူ ကို အတူ
တူပဲလို့ သဘောထားကြည့်ပါလား ၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား ၊ လောကီနယ်မှာ
ပညတ် ဟာ သူ့တန်ဖိုးနဲ့သူ ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်း ၊ ဂုဏ်ချင်း ခြားနားတယ် ။ ဒါကို ခြား
ခြားနားနား ပဲ သိမှတ်ရတယ် ။ ၀ိပဿနာနယ် ၊ လောကုတ္တရာနယ်မှာ ကျတော့လည်း ပရမတ် က
သူ့တန်ဖိုးနဲ့သူပေါ့ " ဟူ၍ သြ၀ါဒ ပေးတော်မူခြင်း ဖြစ်၏ ။
မေတ္တာရှင် (ရွှေပြည်သာ)ရှင်ဇ၀န
သညာသိနဲ့ပညာသိ - စာ-63
............................................................................................................................................................................................................................
ဗုဒ္ဓသာသနာထွန်းကားခြင်း
                              ဗုဒ္ဓသာသနာထွန်းကားခြင်း
           ခရစ်သက္ကရာဇ် မတိုင်မီက မြန်မာနိုင်ငံသို့ အိန္ဒိယတောင်ပိုင်းနှင့်သီဟိုဠ်ကျွန်းမှ ဗုဒ္ဓဘာသာ
ပြန့်ပွားလာကြောင်း သမိုင်းအထောက်အထားများရှိ၏ ။ ထိုပင်လယ်ရပ်ခြားမှ ရောက်ရှိလာသော
ဗုဒ္ဓ၀ါဒမှာ ထေရ၀ါဒဖြစ်၍ ထေရ၀ါဒအခြေမစိုက်မီက မြန်မာပြည်အထက်ပိုင်း၌ မဟာယာန၀ါဒ
ပေါ်ထွန်းနေသည်ဟု သမိုင်းဆရာတို့ ယူဆကြ၏ ။ အနော်ရထာမင်းလက်ထက် မတိုင်မီ ပုဂံပြည်
၌ ကြီးစိုးနေသော အရည်းကြီးတို့၏ အယူဝါဒသည် တန္တရ နှင့် ရောထွေးနေသော မဟာယာန၀ါဒ
ဖြစ်ဟန်ရှိ၏ ။
           မြန်မာနိုင်ငံရှိ ထေရ၀ါဒကို လေ့လာသော အိန္ဒိယပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အထက်
မြန်မာပြည်၌ ထေရ၀ါဒ အလျင်ရှိခဲ့သော မဟာယာန တန္တရ ၏ အသွင်လက္ခဏာများသည် အချို့
သော ပုဂံဘုရားများ၌ ထင်ရှား၏ ။ အပယ်ရတနာ ၊ ကူပြောက်ကြီး ၊ ပုထိုးသားများ ၊ ဘုရားသုံးဆူ
စသော ဂူပုထိုးများ၌ အ၀လောကိတ ၊ မဇ္ဇုသီရိ ၊ တာရာ( တိဗက်နတ်သမီးဘုရားအမည် ) စသော
ဘုရားထီး ၊ ဘုရားမများ ပွေ့ဖက်နေသော ရုပ်ပုံများကို တွေ့ရသည် ဆို၏ ။
                 မြန်မာလူမျိုးတို့၏ ဘာသာအယူဝါဒနှင့်ဓလေ့စရိုက်ကို လေ့လာသော အနောက်တိုင်း
သားတို့က မြန်မာဗုဒ္ဓဘာသာသည် မြန်မာတို့၏ နတ်ကိုးကွယ်မှုကို ဖုံးကွယ်ရန် အသုံးပြုသော
ဘာသာတရား ဖြစ်သည်ဟု ဆိုကြ၏ ။ မြန်မာဗုဒ္ဓ၀ါဒီအများစု၏ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်း အသိ
ပညာကို စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အတော်အတန် အားနည်းချွတ်ယွင်းနေကြောင်း
တွေ့ရှိရပေမည် ။ ယနေ့ မြန်မာထေရ၀ါဒီတို့သည် မဟာယာန၀ါဒီတို့နည်းတူ ဗုဒ္ဓတရားတော်
ထက် ဗုဒ္ဓအကြောင်းအရာများ၌ ပိုမိုစိတ်ဝင်စားကြခြင်းကို ယုံမှားစရာ မရှိချေ ။ ပုံစံအားဖြင့်
ဗုဒ္ဓဘာသာအကြောင်းရင်းခံ၍ ရေးသားထားသော သမန္တစက္ခုဒီပနီကျမ်း၌လာသည့် ပုစ္ဆာပေါင်း
တစ်ရာအနက် တစ်ဝက်ကျော်မှာ ဗုဒ္ဓအကြောင်းအရာ ပုစ္ဆာများဖြစ်၏ ။
           မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟု
မြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏ ။ စင်စစ် ကျောင်းကန်ဘုရား ၊ စေတီပုထိုးပေါများခြင်း စသည်တို့
သည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲ၏ ။ ဗုဒ္ဓသြ၀ါဒကို
အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာလျှင် ဗုဒ္ဓသာသနာ ထွန်းကားသည် ဟု ဆိုနိုင်
ကြောင်း မှတ်သားထားသင့်ပေသည် ။
.
ဦးအေးမောင်
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ - စာ - 378
..........................................................................................................................................................................................................................
Saturday, September 19, 2009
ဗုဒ္ဓနှင့် အကုသိုလ်တရား ပြဿနာ
                        ဗုဒ္ဓနှင့် အကုသိုလ်တရား ပြဿနာ
                    မြန်မာ ဗုဒ္ဓစာပေများ၌ ဒေ၀ဒတ်ကြောင့် ခြေတော်ကို ကျောက်ချပ်လွှာ ထိခိုက်မိတဲ့ ဝေဒနာ ၊
ရွှေပန်းထိမ်သည်သား စုန္ဒ ၏ ၀က်ပျိုသားဆွမ်းကို ဘုန်းပေးပြီး ၀မ်းသွေးသွန်တဲ့ ဝေဒနာ စသည်များကို
ပြဆိုကြရာတွင် ရှေး မကောင်းမှုကံ၏ အကျိုးဆက် ၀ိပါက်တော်ကြောင့် ဟု ဖော်ပြကြသည် ။ ဒါပေမယ့်
" မိလိန္ဒပဥှာ ၊ က္ကဒ္ဓိဗလ၀ဂ် ၊ အကုသလစ္ဆေဒနပဥှာ " တွင် ရှင်နာဂသေန က ဤသို့ ဖွင့်ဆို ပြထားပါ၏ ။
မိလိန္ဒမင်း ။      ။ နာဂသေနအရှင်မြတ်ဘုရား ၊ မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကို ဖြတ်တောက်
သုတ်သင်ပြီးမှ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်အပ်ခြင်း ဖြစ်ပါသလား ။
အရှင်နာဂသေန ။         ။ မှန်တယ်မင်းမြတ် ၊ ဘုရားရှင်ဟာ အကုသိုလ်အားလုံး ဖြတ်တောက်ခဲ့ပြီး
သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူ၏ ။
မိလိန္ဒမင်း ။           ။ အရှင်ဘုရား ၊ မြတ်စွာဘုရား၏ကိုယ်၌ ဒုက္ခဝေဒနာများကို ခံစားရသေးသည်
မဟုတ်ပါလော ။
အရှင်နာဂသေန ။          ။ မှန်တယ်မင်းမြတ် ၊ ဒေ၀ဒတ်ကြောင့် ခြေတော်ကို ကျောက်ချပ်လွှာထိခိုက်မိ
တဲ့ ဝေဒနာ ၊ ၀မ်းသွေးသွန်တဲ့ ဝေဒနာ စသည်တို့ ဖြစ်ခဲ့ဖူးပါတယ် ။
မိလိန္ဒမင်း ။          ။ အရှင်ဘုရား ၊ အကယ်၍ဘုရားရှင်သည် အကုသိုလ်အားလုံးကို အကြွင်းမဲ့ ပယ်တော်
မူပြီး ဖြစ်သည်မှန်ပါက ကျောက်ချပ်လွှာက ခြေတော်ကို ထိခိုက်ဒဏ်ရာ ရစေသည် ။ ၀မ်းသွေးသွန်
သော ရောဂါ ဖြစ်သည် ဆိုသော စကားသည် မှားရာ၏ ။
                 အကယ်၍ ထိုနောက်စကား မှန်ပါက ဘုရားရှင်သည် အကုသိုလ်အားလုံးကို အကြွင်းမဲ့ပယ်
သည် ဆိုသော ရှေ့စကားသည် မှားရာ၏ ။
                  အရှင်ဘုရား ၊ ကံနှင့်ကင်းသော ခံစားမှုဝေဒနာသည် မရှိ ၊ ခံစားမှုဝေဒနာ အားလုံးသည် ကံ
သာလျှင် အကြောင်းရင်းရှိ၏ ။ ထိုဝေဒနာကို ကံကြောင့်သာလျှင် ခံစားရ၏ ။ ဤအစွန်းနှစ်ဖက် ထွက်
သော ပြဿနာကို ဖြေရှင်းတော်မူပါဘုရား ။
အရှင်နာဂသေန ။           ။ မင်းမြတ် ၊ ထိုခံစားမှု ဝေဒနာအားလုံးသည် ကံသာလျှင် အကြောင်းရင်း ရှိ
သည် မဟုတ် ။ ရောဂါဝေဒနာဖြစ်ပေါ်မှု ( ခံစားမှု ) ဆိုတာ အကြောင်းရင်း အခြေခံ ၈ မျိုး ရှိတယ် ။ ထို
၈ မျိုးကြောင့် ဖြစ်ရတယ် ။ ရောဂါဝေဒနာ ဖြစ်စေမှု ရှစ်ပါး
၁ ။ လေကြောင့် ဖြစ်သောအနာ ၊
၂ ။ သည်းခြေ
ကြောင့် ဖြစ်သောအနာ ၊
၃ ။ သလိပ်
ကြောင့် ဖြစ်သောအနာ ၊
၎ ။ လေ ၊ သည်းခြေ ၊ သလိပ် စုစည်း ယှဉ်တွဲ၍ ဖြစ်သောအနာ ၊
၅ ။ ရာသီဥတု ဖောက်ပြန်သော
ကြောင့် ဖြစ်သောအနာ ၊
၆ ။ မသင့်မြတ်သော အစားအစာ
ကြောင့် ဖြစ်သောအနာ ၊
၇ ။ သူတစ်ပါး ရိုက်ပုတ် ညှဉ်းဆဲသော
ကြောင့် ဖြစ်သောအနာ ၊
၈ ။ ကံ
ကြောင့် ဖြစ်သောအနာ ၊
          မြတ်သောမင်းကြီး ၊ ဒီအကြောင်းတရား ရှစ်ပါးကို ထောက်ထား ဆင်ခြင်ကြည့်ရင် ရောဂါဝေဒနာ
ခံစားရမှုမှာ ကံတစ်ခုတည်း သက်သက်ကြောင့် မဟုတ်ကြောင်း သိသာနေပြီ ။
          မင်းကြီး ၊ ဘုရားရှင်ရဲ့ ခြေတော်ကို ကျောက်ချပ်လွှာ ထိခိုက်မိတာဟာလည်း ဒေ၀ဒတ် ၏ လုံ့လ
ပယောဂကြောင့်သာ ဖြစ်တယ် ။ အခြားကြောင်းများကြောင့် ဖြစ်သည် မဟုတ် ။
           နှိုင်းယှဉ်စရာ တစ်ခုရှိတယ် မင်းကြီး ။ ကျောက်ခဲတစ်လုံးကို ကောင်းကင်ပေါ် ပစ်တင်လိုက်တယ်
ဆိုပါတော့ ။ အဲဒီ ကျောက်ခဲ , မြေကြီးပေါ် ပြန်ကျလာတာဟာ မြေကြီးရဲ့ အကုသိုလ်ကြောင့်လား ။
မိလိန္ဒမင်း ။             ။ မဟုတ်ပါဘူးဘုရား ၊ မြေကြီးသည် ဘာအကုသိုလ်မျှ , မရှိပါ ။ ပစ်လွှတ်လိုက်သော
အရှိန်ကုန်၍သာ ပြန်ကျလာရခြင်း ဖြစ်ပါတယ် ။
အရှင်နာဂသေန ။              ။ ကောင်းပြီ မင်းကြီး ၊ နောက်အကြောင်းတစ်ခုရှိသေးတယ် ။ အချို့သောသူ
တွေဟာ မြေကြီးကို အမျိုးမျိုး တူးဆွ ၊ ထွန်ယက် နေကြတယ် ။ ဒီလို လုပ်တာဟာ မြေကြီးရဲ့ အကုသိုလ်
အကျိုးဆက်ကြောင့် တုံ့ပြန်လက်စား ချေရတာလား ။
မိလိန္ဒမင်း ။            ။ ဤသို့လည်း မဟုတ်ရပါဘုရား ။
အရှင်နာဂသေန ။       ။ ကောင်းပြီမင်းကြီး ၊ သို့ဆိုလျှင် ဘုရားရှင်ရဲ့ ခြေတော်ကို မြေကြီးကဲ့သို့ မှတ်ပါ ။
ဒေ၀ဒတ် နဲ့ စပ်လျဉ်းပြီး ကျလာအပ်တဲ့ ကျောက်လွှာကို ကောင်းကင်ပေါ် ပစ်တင်လိုက်တဲ့ ကျောက်ခဲ
ကဲ့သို့ မှတ်ပါ ။ ထို့အတူပဲ ၀မ်းသွေးသွန်တဲ့ ဝေဒနာ ဟာလည်း ရှေးရှေးကံကြောင့် မဟုတ် ၊ သွေး ၊
သည်းခြေ ၊ သလိပ် ၊ လေ ဆိုတဲ့ ဓာတ်သဘောကြောင့်သာ ဖြစ်ရတယ်လို့ မှတ်ပါ ။
                အခြားသော ဝေဒနာများဟာလည်း ဒီအတိုင်းပါပဲ ။ ရှေးကံကြောင့် တစ်ခုမှ မဟုတ်ဘူး
ရောဂါဝေဒနာ ဖြစ်စေနိုင်တဲ့ အကြောင်းတရား ခြောက်ပါး အနက်မှ တစ်ခုခုကြောင့်သာ ဖြစ်ရပေ
တယ် ။
               မင်းကြီး ၊ ယခုဆိုခဲ့ပြီးသည့်အတိုင်းပဲ ဝေဒနာ အားလုံးသည် ကံတစ်ခုတည်းကြောင့်ချည်း ဖြစ်
သည် မဟုတ် ။ ဘုရားရှင်သည် အကုသိုလ်အားလုံးကို ပယ်ဖျက်ရန် သုတ်သင်တော်မူပြီးမှသာ သဗ္ဗညု-
တ ဘုရားရှင် အဖြစ်သို့ ဆိုက်ရောက်တော်မူလာရပေသည် ဟူ၍ ခြွင်းချက် မရှိ သိမှတ်အပ်ပေ၏ ။
(
မိလိန္ဒပဥှာ ၊ က္ကဒ္ဓိဗလ၀ဂ် ၊ အကုသလစ္ဆေဒနပဥှာ )
..................................................................................................................................................................................................................................
Thursday, September 17, 2009
ပလ္လင်လုခြင်း ပြဿနာ
                     ပလ္လင်လုခြင်း ပြဿနာ
         ဘုရားဖြစ်ခါနီး မာရ်နတ်ရန်ကို အောင်နိုင်သည့်အခန်းကို ရေးကြပြောကြသောအခါအောက်
ပါအတိုင်း ဖော်ပြလေ့ရှိကြသည် ။
         " အင်ကြင်းတော၌ သီတင်းသုံးတော်မူကာ ကာယဂတာသတိ ဘာဝနာကို စီးဖြန်းသည် ။ည
ချမ်းသောအခါ မဟာဗောဓိပင် တည်ရှိရာသို့ ကြွတော်မူသည် ။ လမ်းတွင် သောတ္တိယ မည်သော
မြက်ထမ်းသမားက ကပ်လှူသော မြက်ရှစ်ဆုပ်ကို လက်ခံတော်မူ၍ ဗောဓိပင်သို့ ရောက်သော
အခါ မြက်ရှစ်ဆုပ်ကို အဖျားမှ ကိုင်၍ ကြဲတော်မူလျှင် ၁၄ တောင် အပြန့်ကျယ်သော အပရာဇိတ
ပလ္လင် ပေါ်ပေါက်လာသည် ။ ထိုပလ္လင်ထက်၌ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူကာ အာနာပါန
ဈာန်ကို ၀င်စားလျက် ဘုရားမဖြစ်သမျှ ဤနေရာက ငါမထပြီ ဟု နေတော်မူ၏ "  လို့ ရေးကြပြော
ကြပါတယ် ။
                 အထက်ပါ အကြောင်းအရာကို ဗုဒ္ဓဘာသာဝင်အတော်များများ သိထားကြ၏ ။ အဲဒီခန်းကို
ရေးကြ ပြောကြသောအခါ များသောအားဖြင့် မာရ်နတ်က ဘုရားလောင်း ၏ ပလ္လင်ကို လာရောက်
လု သည်ဟုသာ ရေးကြ ပြောကြ၏ ။ အမှန်မှာ -----
                   ပလ္လင်ကို လာလုသည် မဟုတ် ၊ ဘုရား မဖြစ်သမျှ ဤ ဖွဲ့ခွေထားသော တင်ပလ္လင် ကို
မဖျက်အံ့ ။ ( အဘိ - ဋ္ဌ - ၁ ၊ ၇၇ ) ဟူသော အဓိဋ္ဌာန် ကို ပျက်စီးစေရန် လာရောက် နှောင့်ယှက်ခြင်း
သာ ဖြစ်၏ ။
                ဗုဒ္ဓ၀ံသ အဋ္ဌကထာ ၊ နှာ - ၃၃၇ ၌ " ဘုရားလောင်းသည် ၁၄ တောင် အပြန့်ကျယ်သော
မြက်ခင်းပြင်၌ တိသန္ဓိပလ္လင် ( တင်ပလ္လင် ) ကို ဖွဲ့ခွေကာ ထိုင်နေတော်မူ၏ " ဟု ဖွင့်ပြ၏ ။
( ကျွန်တော့်အနေနဲ့ မြက်ခင်းပြင်ဟာ ၁၄ တောင် အစား ( ၁၄ မိုက် - ၇ ပေ ) ဟု ယူဆ၏ ။ )
မှတ်ချက် ။              ။ တိသန္ဓိပလ္လင်္ကံ ၊ သုံးပါးသော အဆက်အစပ်ရှိသော ထက်ဝက်ဖွဲ့ခွေ နေထိုင်
တော်မူခြင်း - ဟူသည်မှာ ပေါင်နှင့် ဒူး တို့၏ အဆက်အစပ်နှစ်ပါး ၊ ပေါင်ရင်း နှင့် ခါး တို့၏ အဆက်
အစပ် တစ်ပါး ၊ ပေါင်း (၃) ပါး ဖြစ်၏ ။
တိဏသန္ထရေ - မြက်အခင်း ဟု ဆိုသောကြောင့် ရတနာစီခြယ်သော ပလ္လင် မဟုတ်ကြောင်း
မှာ ထင်ရှား၏ ။ထို့ကြောင့် ဂေါတမဗုဒ္ဓအလောင်းတော်သည် မြက်အခင်း၌ ထိုင်နေတော်မူခြင်းသာ
ဖြစ်၏ ။ သီးခြား ပလ္လင် ခေါ် ( ထိုင်ခုံ ) ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ ။
....................................................................................................................................................................
မေတ္တာရှင်(ရွှေပြည်သာ )
ထေရ၀ါဒမှတ်ကျောက်မှ ကိုးကားဖော်ပြချက်
Wednesday, September 16, 2009
ဗုဒ္ဓတရားကို နက်နက်နဲနဲ သိရှိလိုသူများအတွက်
        အရိယာဝါဒီ (၀ါ) တပည့်ဖြစ်ရန် ပထမ လိုအပ်ချက်မှာ ဗုဒ္ဓဓမ္မကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ်
သိမြင်နားလည်ရန်ဖြစ်၏ ။  ဗုဒ္ဓတရားကို နက်နက်နဲနဲ သိရှိလိုသည်ဆိုသော ယခုခေတ်လူတို့သည်
ပိဋကတ်စာပေကို လုံးဝဂရုမပြုဘဲ အခြား ဗုဒ္ဓစာပေများကို လေ့လာနေကြခြင်းမှာ မှန်ကန်သော
နည်းလမ်း မဟုတ်ချေ ။  ယခုခေတ် ဗုဒ္ဓစာပေများသည်လည်း ပိဋကတ် အထောက်အထား ခိုင်လုံ
ပြည့်စုံခြင်း မရှိချေ ။ အချို့စာပေ ( ဥပမာ - ရဟန္တာကိုသိရှိရန် အလွန်ခက်ခဲ၍ ပုထုဇဉ်သည် မည်သူ
မည်ဝါမှာ ရဟန္တာ ဖြစ်သည် ဟု မသိရှိနိုင်ကြောင်း ဗုဒ္ဓ က ပွင့်လင်း ပြတ်သားစွာ ဟောကြားထားပါ
လျက် " မျက်မှောက်ခေတ် ရဟန္တာများ " ဆိုသော စာအုပ် ) များမှာ စာဖတ်သူတို့ မုချ အယူလွဲမှား
ဖွယ်ရာ ဖြစ်၏ ။
                အချို့သော အင်္ဂလိပ်စာတတ် မြန်မာဗုဒ္ဓ၀ါဒီတို့ကမူ အင်္ဂလိပ် ဗုဒ္ဓစာပေကို များစွာ အထင်
ကြီးကြ၏ ။ အင်္ဂလိပ်ဗုဒ္ဓဘာသာစာအုပ်အတော်များများဖတ်ဖူးသောယခုစာရေးသူ( ဦးအေးမောင်)
၏ အမြင်အားဖြင့်မူ ထိုသို့ အထင်ကြီးရန် အကြောင်း မရှိချေ ။ အချို့ အင်္ဂလိပ်စာအုပ် များ၌ ၀ါဒစွဲ ၊
ဆန္ဒစွဲ  ဖြင့် ရေးသားချက်များ ပါရှိ၍ ပိဋကတ် အထောက်အထားများ စုံစုံလင်လင် မတွေ့ရချေ ။
                    အလွန် အဆင့်မြင့်သော မြန်မာ ဗုဒ္ဓဘာသာစာအုပ်များ ရှိပါ၏ ။ ပါဠိပိဋကတ်၌ မတွေ့
ရသော ဗုဒ္ဓ၀ါဒအကြောင်းအရာများကို ဖော်ပြထားသည့် အင်္ဂလိပ် စာအုပ်များကို ဖတ်ရှုသင့်သည်
လည်း မှန်၏ ။ သို့ရာတွင် အခြေခံ ဗုဒ္ဓတရားများကို မှန်ကန် စုံစေ့စွာ သိရှိနားလည်ရန် ပိဋကတ်
စာပေကို ဦးစားပေး၍  လေ့လာရန် လိုအပ်၏ ။
               မြန်မာပြန် ပိဋကတ်ကို မြန်မာဗုဒ္ဓ၀ါဒီတို့ ဖတ်ရှုလေ့လာလိုသော ဆန္ဒ မရှိခြင်းမှာ အဓိက
အားဖြင့် ပျင်းရိမှုကြောင့် ဖြစ်၏ ။ ပိဋကတ် စာပေသည် ကျယ်ဝန်း၍ အချို့ သုတ္တန် ဒေသနာများကို
ထပ်တလဲလဲ ထည့်သွင်းထားခြင်း ၊ အပိုစကားနှင့် စာပုဒ်များ ရောပြွန်း၍ ရှည်လျားစွာ စီကုံးရေး
သားထားခြင်းကြောင့် ဖတ်ရှုရာ၌  ဗုဒ္ဓဓမ္မကို ကောင်းစွာ သိရှိနားလည်ရန် ပိဋကတ်စာပေ အားလုံး
ကို ဖတ်ရှုရန် မလိုဘဲ အချို့သော အပိုင်းများကိုသာ ဖတ်ရှု လေ့လာရန် လိုအပ်၏ ။ ထို့ကြောင့်
အရေးပါသော ပိဋကတ်ကျမ်းများကို ရွေးချယ်၍ လေ့လာမည့် စကားလုံးများ ဖောင်းပွနေသော စာ
များမှ အကာကို ပယ်၍ အနှစ်ကို ရှာတတ်မည် ဆိုပါက ပိဋကတ်စာပေ လေ့လာမှုသည် များစွာ
အချိန်ကုန် လူပန်း ဖြစ်စေမည့် လုပ်ငန်း မဟုတ်ချေ ။
              လူပုဂ္ဂိုလ် ဗုဒ္ဓ၀ါဒီတို့ လုံးဝ ဂရုမပြုသော်လည်း အရိယာတပည့် လေ့လာအပ်သော ပိဋကတ
စာပေမှာ ၀ိနည်း ပိဋကတ် ဖြစ်၏ ။ ၀ိနည်း တရားများသည် ရဟန်းသံဃာအတွက် ဘုရားရှင်ဟော
ကြားသောတရားများ ဖြစ်သည်ဆို၍ လူများ စိတ်မ၀င်စားကြချေ ။ စင်စစ် အရိယာလမ်းစဉ်၌ လူ
ပုဂ္ဂိုလ်နှင့် ရဟန်းပုဂ္ဂိုလ်ကို ဗုဒ္ဓ က မခွဲခြားပဲ ဘိက္ခု (သို့မဟုတ်) ဗြာဟ္မဏ ဟု ခေါ်ဝေါ်ကြောင်း ၊
ရဟန်းသံဃာ၏ လူနေမှုစနစ် ၊ သံဃာ ဖွဲ့စည်းပုံ ၊ ပစ္စည်း ဥစ္စာနှင့် တန်ခိုးအာဏာကို တက်မက်မှု
မရှိစေရန် သိက္ခာပုဒ်များ ပြဋ္ဌာန်းထားပုံစသည်များမှာ အထူး မှတ်သားဖွယ်ကောင်း ၏ ။ အရိယာ
တပည့်သည် ရဟန်းမပြုနိုင်စေကာမူ ၀ိနည်းသိက္ခာ ပုဒ်များကို လေ့လာခြင်း ၊ အချို့ကို အချိန်
ကာလ သတ်မှတ်၍ တတ်နိုင်သမျှ စောင့်ထိန်းခြင်းဖြင့် အရိယာလမ်းစဉ်၌ ကြီးပွားတိုးတက်မည်
အမှန်ဖြစ်၏ ။
               မြန်မာပြန် ပိဋကတ်စာပေကို လေ့လာရာ၌ ကျွနိုပ်တို့အထူးသတိပြုသင့်သော အချက်
တစ်ခုမှာ မြန်မာစာပေ၌ တည်မြဲ၍ မြန်မာ ဝေါဟာရများကဲ့သို့ လူတို့ပြောဆို သုံးစွဲနေသော အချို့
ပါဠိပုဒ်များကို နဂိုမူလအတိုင်း အဓိပ္ပာယ် သိမှတ် နားလည်ထားရန် ဖြစ်၏ ။ ထိုသို့ မဟုတ်ဘဲ
ဆရာစွဲ ၊ ကျမ်းဂန်စွဲ ၊ ဒိဋ္ဌိစွဲဖြင့် သိမှတ်ထားပါက ဗုဒ္ဓဓမ္မကို မှန်ကန်စွာ သိမြင်နားလည်ရန် မလွယ်
ကူချေ ။ ဥပမာ - ကမ္မ ဟူသော ပုဒ်ကို " အတိတ် ဘ၀ က အမှုများ ၏ အကျိုး " အဓိပ္ပာယ်ဖြင့် ခံယူ
ထားပါက ဗုဒ္ဓ ၏ ကမ္မ၀ါဒ ကို သိနားလည်မှုသည် မုချ လွဲမှားမည်သာ ဖြစ်၏ ။ သဒ္ဓါ ( ယုံကြည်မှု )
သည် ရတနာသုံးပါးအား ကြည်ညိုလေးစားမှုကိုသာလျှင် ရည်ညွှန်းသည် ဟု မှတ်ယူထားပါက
အရိယာလမ်းစဉ်၌ မိမိကိုယ်မိမိ ယုံကြည်သော စိတ်ဓာတ် ၏ အရေးပါမှုကို ငြင်းဆိုရာ ရောက်ပေ
လိမ့်မည် ။ ထို့အပြင် ထိုအစဉ်အလာ ခံယူချက် မှန်ကန်ပါက အချို့ ပုဂ္ဂိုလ်တို့သည် မိမိအား မဖူးမြင်
ပဲ ၊ မိမိ ၏ တရားကို မကြားနာပဲ အကျွတ်တရား ရနိုင်သည် ဆိုသော ဗုဒ္ဓ မိန့်ကြားချက် ကျွနိုပ်တို့
မည်သို့ နားလည် ရပါမည်နည်း ။
          ဆန္ဒစွဲ ၊ ၀ါဒစွဲ ဖြင့်  အဓိပ္ပာယ် ခံယူ သတ်မျတ်ထားသော အခြားပါဠိ စကားမှာ " ဒိဋ္ဌိ " ဖြစ်၏ ။
ဒိဋ္ဌိ သည် ယုံကြည်ချက် ဟူသော အနက်ကိုဟော၍ မည်သည့် အယူဝါဒ ကိုမျှ အထူးအထွေ
ရည်ညွှန်းခြင်း မရှိချေ ။ သို့ရာတွင် အချို့ဆရာတို့က ဗုဒ္ဓ၀ါဒသည် ဒိဋ္ဌုပါဒါန် ဟူသော စကား၌သော်
လည်းကောင်း ၊ ဤ အယူသည်သာ မှန်သည် ၊ အခြားအယူများသည် အချည်းနှီး ဖြစ်သည် ဟု မစွဲ
မှတ်ကြလင့် ဟူသော ဗုဒ္ဓ သြ၀ါဒ ၌ သော် လည်းကောင်း အကျုံးမ၀င် ဟု ဆိုကြ၏ ။ အမှန်မှာ
အနတ္တ၀ါဒ ကို အလွန်စွဲလန်းပါက နတ္ထိက၀ါဒီ ဖြစ်သွား တတ်ခြင်း ၊ ဗုဒ္ဓ လက်ထက်က ဒုက္ခတရားကို
စွဲလန်းသော ရဟန်းများ မိမိကိုယ် မိမိ သတ်သေကြခြင်း ၊ ဗုဒ္ဓဂုဏ်တော်ကို စွဲလန်းနေပါက သီလ
သမာဓိ အရာ၌ အားနည်းနေတတ်ခြင်း စသည်များသည် ဗုဒ္ဓစာပေ၌ ထင်ရှား၏ ။ ဗုဒ္ဓ ၏ ၀ိဘဇ္ဇ
ဝါဒနှင့် အလယ်လမ်းစဉ် ၊ အလဂဒ္ဒူပမသုတ်မှ ဖောင်ဥပမာ စသည်တို့ကို ထောက်ချင့်၍လည်း
ဗုဒ္ဓ သည် မိမိ၏ ဒေသနာ အချို့၌ အစွဲ ဥပါဒါန် ရှိမှုကို မလိုလားကြောင်း သိအပ်၏ ။
               အချို့သော ဗုဒ္ဓ ဒေသနာများ၏ အဆိုအားဖြင့်မူ အရိယာလမ်းစဉ်သည် လိုအပ်သော ဂုဏ်
အင်္ဂါများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အဖို့ အခက်အခဲများစွာမရှိချေ ။ သဒ္ဓါ ၊ သတိဝီရိယ ၊ ပညာ စသော
အရည်အချင်းများရှိမည် ၊ ကျန်းမာ၍ အနာရောဂါ ကင်းမည် ၊ ရိုးသားပွင့်လင်း၍ ဟန်ဆောင်မှုကင်း
မည် ဆိုပါက ခုနှစ်ရက်အတွင်း မဂ်ဖိုလ်နိဗ္ဗာန် ရရှိနိုင်သည် ဆို၏ ။ လိုအပ်သောဂုဏ်အင်္ဂါများတွင်
အရေးအကြီးဆုံးမှာ ပညာ ဖြစ်၏ ။
               ဤသို့ဖြင့် ယနေ့ ဗုဒ္ဓ၀ါဒီတို့သည် အရိယာလမ်းစဉ်၌ လိုအပ်သော အရည်အချင်းများ အား
နည်းနေသည့်အပြင် အရိယာပုဂ္ဂိုလ်အကြောင်းကို မှန်မှန်ကန်ကန် စုံလင်စွာ မသိကြချေ ။
               " ဆရာစွဲ ၊ ကျမ်းဂန်စွဲ ၊ ၀ါဒစွဲ မရှိဘဲ ဗုဒ္ဓဓမ္မအကြောင်း ခြေခြေမြစ်မြစ် စူးစမ်းလေ့လာလို
သော ပုဂ္ဂိုလ်များအတွက် ဤ post ကို တင်ပြရခြင်းဖြစ်ပါသည် ။ "
...................................................................................................................................................................
ဦးအေးမောင်
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ မှ ကောက်နှုတ်ချက်