Saturday, October 10, 2009

ဗုဒ္ဓ၀ါဒနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ အဆိုအမိန့်များ

           ဗုဒ္ဓ၀ါဒနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ အဆိုအမိန့်များ

   ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအား ထင်မြင်ချက်ပေးကြရာ၌ ယနေ့အနောက်နိုင်ငံ ပညာရှင်တို့သည် အများအားဖြင့်

မြတ်ဗုဒ္ဓ၏ ကြည်ညိုဖွယ်ကောင်းပုံနှင့် ဗုဒ္ဓတရား၏ လေးနက်မှန်ကန်ပုံကို ရေးသားကြ၏ ။ ဗုဒ္ဓမြတ်စွာ

ဘုရားနှင့်စပ်လျဉ်း၍လည်းကောင်း ၊ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားချက်တရားတော်များနှင့်စပ်လျဉ်း၍

လည်းကောင်း အောက်ပါပညာရှင်များ၏ အဆိုအမိန့်များကိုလည်းသိသင့်သဖြင့် တင်ပြလိုက်ရပါသည်။


ပါမောက္ခဒေါက်တာရိုင်းစ်ဒေးဗစ်
ကျွန်ုပ်သည် ကမ္ဘာ့ဘာသာဝါဒကြီး အားလုံးကို လေ့လာခဲ့ရာ
ယင်းတို့တွင် ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါး နှင့် သစ္စာလေးပါးထက် ပိုမို
လေးနက်သော တရားများကို မတွေ့ရချေ ။ သို့ဖြစ်၍ မြတ်ဗုဒ္ဓ
၏ လမ်းစဉ်နှင့်အညီ ကျင့်ကြံ နေထိုင်သွားရန် ကျွန်ုပ်ဆုံးဖြတ်
ထားပြီးဖြစ်၏ ။

အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ကြီး
မဟတ္တမဂန္ဒီ
ဗုဒ္ဓဟောသော အခြေခံတရားများသည် ဟိန္ဒူဘာသာ၏အဓိက
တရားများဖြစ်သည်ဟု ယူဆဖွယ်ရှိ၏ ။ မိမိ၏ ကိုယ်ကျိုးစွန့်
လွှတ်မှုနှင့် ဘ၀သန့်ရှင်းစင်ကြယ်မှုဖြင့် ဟိန္ဒူဘာသာအား ဗုဒ္ဓ
က များစွာ ကျေးဇူးပြုခဲ့ခြင်းကို ဟိန္ဒူဘာသာဝင်များက ဘယ်
အခါမှ , မမေ့သင့်ချေ ။
ဗြိတိသျှဒဿနပညာရှင်
ဘာထရန်ရပ်ဆယ်
အသိဥာဏ်ပညာ ၊သို့မဟုတ် ကိုယ်ကျင့်တရားနယ်၌ သခင်ခရစ်တော်
သည် သမိုင်းဝင် အချို့ပုဂ္ဂိုလ်များထက်သာသည်ဟု ကျွန်ုပ် မထင်ပါ ။
ဤနေရာ၌ ဗုဒ္ဓကို ရှေ့တန်းတင်သင့်သည်ဟု ကျွန်ုပ်ထင်ပါသည် ။
ဂျာမန်စာပေပညာရှင်
ပါမောက္ခမက်စ်မူလာ
ဗုဒ္ဓသည် မိမိဟောသည့်အတိုင်း ကျင့်ကြံနေထိုင်သူဖြစ်၏ ။ သူ၏ဆုံးမချက်
များသည် သူ၏ အပြုအမူ၌ ထင်ရှား၏ ။ သူ၏စိတ်လှုပ်ရှားမှုကို ဘယ်အခါမှ
မတွေ့ရချေ ။ သူ၏ကိုယ်ကျင့် နီတိသည် ကမ္ဘာပေါ်၌ အမြင့်မားဆုံး နီတိ
ဖြစ်၏ ။
နာမည်ကျော်ပြင်သစ်သင်္ချာပညာရှင်
Blaise Pascal
လူသတ္တ၀ါသည် သဘာဝအင်အားစု၏ ဖိနှိပ်မှုကိုခံရသော်
လည်း ၄င်းတို့ကို သိမြင်နားလည်သောကြောင့် ပိုမို၍
အင်အားကြီးမား၏ ။ ဗုဒ္ဓဘာသာတရားမှ ကျွန်ုပ်တို့သိရှိရ
သောအချက်မှာ လူသားသည် မိမိ၏ အသိပညာဖြင့်မိမိ၏
ဘ၀အခြေအနေကို ထိန်းကွပ်နိုင်ခြင်း ဖြစ်၏ ။ သို့ဖြစ် လူ
သည် သဘာဝဓမ္မအင်အားစု၏ ဖိနှပ်မှုကိုမခံဘဲ ၄င်းတို့၏
အကြောင်းကို သိရှိနားလည်သောအတတ်ပညာဖြင့် မိမိ၏
ဘ၀ကို မြှင့်တင်နိုင်မည်ဖြစ်၏ ။
ဂျွန်ဝေါလ်တာ
သူ ( ဗုဒ္ဓမြတ်စွာ ) သည် အကြီးမြတ်ဆုံးသော လူသား ဖြစ်၏ ။
စိန့်ဟီးလဲယား
သီလအားလုံး၏ ပုံစံမှန်များကို သူ ( ဗုဒ္ဓမြတ်စွာ ) က ဟောကြားတော်မူခဲ့ပြီး ၊
သူ ( ဗုဒ္ဓမြတ်စွာ ) ၏ ဘ၀တွင်လည်း ၄င်းသီလများအပေါ် အစွန်းအထင်းမရှိ
( ၄င်းသီလများ မကျိုးမပေါက် ) ဖြစ်ခဲ့ပါသည် ။
ဖောက်စ်ဘော
ကျွန်ုပ်သူ့ ( ဗုဒ္ဓမြတ်စွာ ) အကြောင်းကို သိလေလေ ၊ ကျွန်ုပ်သူ့ ( ဗုဒ္ဓမြတ်စွာ )
ကို ပို၍ ကြည်ညိုလေလေ ဖြစ်သည် ။
သီဟိုဠ် မှ နာရဒထေရ်
ဖောက်စ်ဘောက အထက်ပါအတိုင်းပြောလျှင် ဗုဒ္ဓ၏နောက်လိုက်များ ဗုဒ္ဓဘာ
သာဝင်များက " ကျွန်ုပ် သူ့အကြောင်းကို သိလေလေ ၊ သူ့ကိုပို၍ ကြည်ညိုလေ
လေ ၊ သူ့ကို ပိုကြည်ညိုလေလေ သူ့အကြောင်းကို ပို၍ သိလေလေ " ဟု ဆိုကြ
မည်ဖြစ်၏ ။
ရှရီရာဒါကရစ္စနား
ဂေါတမဗုဒ္ဓတွင် ကမ္ဘာ့အရှေ့ဖျားမှ နှစ်ယောက်မရှိ ၊ ပြိုင်ဖက်ကင်းသော လူ့
ဘောင်လောကနှင့် ဆက်စပ်သောဘ၀နှင့် အတွေးအမြင်များအပေါ်တွင်
သြဇာသက်ရောက်ရာ၌ ကြီးကျယ်မြင့်မြတ်သော ( သို့ ) ဘုရားတစ်ဆူဟုခေါ်
လောက်သော စိတ်ဓာတ်ရှိတော်မူ၍ အခြားသော မည်သူတစ်ဦးတစ်ယောက်
အောက်မျှ မလျော့နည်းသော နက်နဲကျယ်ဝန်းသည့် ဘာသာယဉ်ကျေးမှုတစ်
ခုကို စတင်တည်ထောင်သူအနေဖြင့် အားလုံးသော လူအပေါင်း၏အလေး
အမြတ်ပြုခြင်းကို ခံယူရသူ ဖြစ်ပေသည် ။ သူသည် ထိုးထွင်းသိမြင်မှု
ကိုယ်ကျင့်သီလ ပျိုးထောင်မှုနှင့် ၀ိပဿနာဥာဏ်အမြင်ရှိမှုများဖြင့် ယဉ်ကျေး
သော လူအားလုံး၏ အထွေထွေအမွေအနှစ်များကို ပေးဆောင်သော ကမ္ဘာ့
အတွေးအခေါ်ပညာရှင်များသမိုင်းတွင် ပါဝင်သော ပုဂ္ဂိုလ်ထူးလည်းဖြစ်၏ ။
သူသည် သမိုင်းတွင် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်မှာ ယုံမှား
ဖွယ်မရှိပေ ။
နာမည်ကျော်ဗြိတိသျှစာရေးဆရာ
အိပ်ခ်ျဂျီဝဲလ်
ဗုဒ္ဓမြတ်စွာတွင် ယောက်ျားကောင်းပီသခြင်း ၊ ရိုးဖြောင့်ခြင်း ၊
ဘာသာရေးခေါင်းဆောင်ပီသခြင်း ၊ သဗ္ဗညုတဥာဏ်အလင်း
အတွက် ကြိုးစားခြင်း ၊ လူသားဆန်သော ထင်ရှားမြင့်မြတ်
သည့်စိတ်ဓာတ်ရှိခြင်း ၊ အတွေးအခေါ်သမား မဟုတ်ဘဲ လက်
တွေ့ကိုယ်တိုင် ကျင့်ကြံသူဖြစ်ခြင်းများကို တွေ့ရှိနိုင်ပါသည် ။
၎င်းအပြင် သူသည် လူသားများအား အထွေထွေစာရိတ္တပြုပြင်
ရေးတရားများကိုလည်း ဟောကြားတော်မူခဲ့ပါသည် ။ ကျွန်ုပ်
တို့၏ ခေတ်သစ်၌ အကောင်းဆုံးသော အတွေးအခေါ်စိတ်ကူး
မှုများသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်အတွင်း၌ ပါဝင်
ညီညွတ်ပြီး ဖြစ်ပါသည် ။အားလုံးသော ဆင်းရဲဒုက္ခများနှင့်
ရောင့်ရဲနိုင်မှုမရှိခြင်းများသည် တစ်ကိုယ်ကောင်းဆန်ခြင်း
ကြောင့် သို့မဟုတ် အတ္တစွဲကြောင့် ဖြစ်ကြောင်း ဟောကြား
တော်မူခဲ့သည် ။ လူတစ်ယောက်သည် ငြိမ်းအေးမှု ( နိဗ္ဗာန် )
မရမီ သူသည် အာရုံ , ကာမဂုဏ်ခံစားမှု , ကိုယ်ကျိုးကြည့်မှု
( သို့ ) အတ္တစွဲမှုများကို ဖြတ်တောက်ရမည် ။ ထိုအခါသူသည်
ကြီးမားမြင့်မြတ်သော လူသားတစ်ယောက် ဖြစ်လာနိုင်တော့
သည် ။ ယင်းကဲ့သို့သော လူသားများကို ဗုဒ္ဓမြတ်စွာက အခြား
ဘာသာရေးများနှင့် မတူသောအားဖြင့် အတ္တစွဲပြုတ်စေရန်
( သို့ ) အနတ္တအမြင်ရှိစေရန် ခရစ်မပေါ်မီနှစ်ပေါင်း ၅၀၀
ကတည်းကပင် ဦးဆောင်ညွှန်ပြတော်မူခဲ့ပါသည် ။ တစ်နည်း
အားဖြင့် ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့နှင့်တကွ ကျွန်ုပ်တို့၏
လိုအပ်ချက်နှင့် ပို၍နီးစပ်သူလည်း ဖြစ်ပါသည် ။ သူသည် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အရေးကြီးသော လွတ်မြောက်ရေး
အတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဟောကြားရာ
တွင် ခရစ်တော်ထက် ပို၍ ရှင်းလင်းသည့်အပြင် ၊ မသေနိုင်မှု
( အမြဲထာဝရ တည်နိုင်မှု ) ကို ရှင်းပြရာ၌လည်း ရှုပ်ထွေးမှု မရှိ
ဟုရေးသားခဲ့သည် ။
ကမ္ဘာကျော်သိပ္ပံ
ပညာရှင်
Albert Einstein    

အနာဂါတ်ဘာသာတရားသည် စကြ၀ဠာဘာသာတရား ဖြစ်ပေလိမ့်မည် ။ ၄င်း
သည် ထာဝရဘုရားနှင့်မျက်စိမှိတ် လက်ခံရမည့် အဆိုအမိန့်များကို ကျော်လွန်
၍ သဘာဝနှင့်လောကုတ္တရာတရားများ ပေါင်းစည်းမှု အပေါ်၌ တည်သော
ဘာသာတရားဖြစ်ပေလိမ့်မည် ။ ဗုဒ္ဓဘာသာသည် ထိုအင်္ဂါများနှင့် ကိုက်ညီ
သောတရား ဖြစ်၏ ။ နောင်တွင် သဘာဝတရားနှင့် ကိုက်ညီသောဘာသာ
တစ်ခုသာလျှင် လူ့လောကတွင် တည်ရှိလာရမည်ဖြစ်၏ ။
တီအိတ်ခ်ျဟတ်စလေ
ဗုဒ္ဓဘာသာသည် အနောက်တိုင်းသားတို့အမြင်တွင် ပေါ်လွင်နေသော
ထာဝရဘုရားသခင်ကို မသိသော ၊ လူတွင် အတ္တ (အသက်, လိပ်ပြာ,၀ိဥာဉ်)
ကောင်ရှိသည်ကို ငြင်းဆိုသော ယင်းအတ္တ ကောင်၏ မပျက်မစီး အမြဲတည်
နေသည် ဟူသော ယုံကြည်မှုကို မိုက်မဲသော ယုံကြည်မှု အဖြစ် ရေတွက်
သော ၊ ဆုတောင်းမှု ၊ ယဇ်ပူဇော်မှု ဖြင့် အလိုဆန္ဒ ပြည့်ဝနိုင်သည်ဟူသော
အယူအဆကို ငြင်းပယ်သော ၊ လွတ်မြောက်မှုအတွက် မိမိတို့၏ ကိုယ်ပိုင်
လုံ့လစိုက်ထုတ်လျက် ဆောင်ရွက်မှုမှတစ်ပါး အခြား ဘာကမျှ ဆောင်ရွက်
ပေးနိုင်ခြင်း မရှိသည်ကို လူသားများအား မီးမောင်းထိုးပြသော ၊ ပင်ကိုယ်
သန့်ရှင်းဖြူစင်မှုဖြင့် အမိန့်တော်ကို နာခံခြင်း ဖြစ်သော ကိုးကွယ်မှုမျိုးကို
မသိသည့်အပြင် ကယ်တင်ခြင်း အကူအညီကိုလည်း ရှာဖွေမှု မရှိသော
ဘာသာရေး ဖြစ်၏ ။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ထက်ဝက်သို့ လျင်
မြန်စွာ ပြန့်နှံ့သွားပြီး ထိုကမ္ဘာ ထက်ဝက်၌ ရှိရင်း ကိုးကွယ်မှုများအပေါ်
လွှမ်းမိုးပြီးတိုင်းသူပြည်သားများ၏ နှစ်နှစ်ကာကာ ကိုးကွယ်ဆည်းကပ်ခြင်း
ကို ခံခဲ့ရခြင်း ဖြစ်၏ ။
ဒေါက်တာဆာမရီဆင်ဂိုး
သိပ္ပံပညာ၏ ချီတက်မှုသည် ဗုဒ္ဓ၀ါဒ၏ အောင်ပွဲရမှုပင် ဖြစ်သည် ။ သိပ္ပံ
ပညာ၏အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓ၀ါဒ အား အကောင်းဆုံးသက်
သေပြချက်များသာ ဖြစ်၏ ။
           ဤအချက်များသည် ဗုဒ္ဓဘာသာတရားကို လေ့လာ၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကို ချီးကျူးရေးသားခဲ့သော

အနောက်နိုင်ငံ အသိပညာရှင်အချို့၏ ကောက်နှုတ်ချက်များ ဖြစ်၏ ။



ကျမ်းကိုး --
 
ဦးအေးမောင် - ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ
ဦးစိန်ထွန်း ( မာမကသုတေသီ ) - ကမ္ဘာပတ်၍ဘုရားရှာခြင်း
............................................................................................     

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား