Friday, October 23, 2009
ရယ်ပြသောရုပ်ပွားတော်
                                  ရယ်ပြသောရုပ်ပွားတော်
   ၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေ
အိမ်တစ်အိမ်တွင် ရယ်လည်းရယ် ၊ မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူပင့်ထားသည် ။ ယင်းရုပ်ပွား
တော်အား ဆရာတော်ဖူးမြှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတရအောင် လိုက်သွားခဲ့၏ ။ ပင့်ထားသော
အိမ်ကား သူဌေးအိမ်ပင် ဖြစ်၏ ။ ဘုရားပုံတော်ကိုကြည့်လိုက်သောအခါ ဒဏ္ခိဏသာခါ ပုံပင် ဖြစ်နေ၏ ။
ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား တို့ဖြင့် စီခြယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုခမန်း
ဖြစ်နေ၏ ။ ပင့်သူများကလည်း ထိုသို့ အဖိုးတန်ပစ္စည်းများများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏ ။
                       ထို့ကြောင့် လူပင့်များသော ရုပ်ပွားမှန်သမျှတွင် ရတနာများ ညွှတ်နေအောင် ဆင်ထားခြင်း
ဖြစ်၏ ။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲပေးထားခြင်းဖြစ်၏ ။ ရွှေ ၊
ငွေ ၊ ကျောက်သံပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးစွဲသလို တပည့်ရဟန်းများလည်း မသုံးစွဲရ
ပါ ။
                  ထိုသို့ ရွှေ ၊ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားအား ရွှေ ၊ ငွေ များညွှတ်နေအောင်ဆင်ခြင်းသည်
မည်သို့မျှ မသင့်တော်နိုင်ပေ ။ ယခုကဲ့သို့သိပါလျက် ရတနာများကို ဆက်လက်ဆင်မြန်းနေကြဦးမည်ဆိုလျှင်
" ဗုဒ္ဓဂရုက - ဘုရားကိုအလေးထားခြင်း " မဟုတ်တော့ ။" လာဘဂရုက - လာဘ်လာဘကိုအလေးထားခြင်း "
သာ ဖြစ်၏ ။
                      ဗုဒ္ဓဂရုက သည်ဘုရားကိုကြည်ညိုသော သဒ္ဓါဓာတ် ( ကုသိုလ်တရား ) သာဖြစ်၏ ။ လာဘဂရုက
ကား လာဘ်ကိုလိုချင်သော လောဘဓာတ် ( အကုသိုလ် ) သာ ဖြစ်၏ ။ ရုပ်ပွားပိုင်ရှင်များသည် လောဘ
စသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစား သင့်
၏ ။ လောဘပွားအောင်ကား မပြုလုပ်သင့်ပေ ။
                 ရုပ်ပွားတော်ကို သုံးနာရီခန့်ကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကား ရယ်လည်းမရယ် ၊ ပြုံး
လည်းမပြုံး ပြပေ ။ ထို့ကြောင့် ရုပ်ပွားနှင့်အတူပါလာသော ဥပါသကာကို မေးရ၏ ။
" ဒကာကြီးတို့ ရုပ်ပွားက ဘာမှလည်း လုပ်မပြပါလား "
' ဒီလိုရယ်တာ ၊ မျက်စိဖွင့်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူးဘုရား ၊ တစ်ချို့အိမ်မှာပဲ ဖြစ်တာပါဘုရား '
" ဒကာကြီးရေ ၊ ဦးပဉ္ဇင်းတို့ကြားဖူးတာက -
သံဃာညွန်ညစ် ၊ ကျွံနစ်ဟိန္ဒဂူ
သားချစ်ရာဟု ၊ မျှော်ရှုပုံတူ
ကြည်းကုန်းထက်သို့ ၊ ဆွဲလျက်တင်သူ
ကျွန့်ထိပ်ဦး ၊ ကွန့်မြူးစံတော်မူ.................တဲ့ ။
            ဘုရားရှင်ဟာ ဝေနေယျသတ္တ၀ါမှန်သမျှကို ရင်သွေးရာဟုလာ ကဲ့သို့ တစ်တန်းတစ်စားတည်း မေတ္တာ
ထားတော်မူတာပါ ။ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင် သေကြောင်းကြံခဲ့တဲ့ ဒေ၀ဒတ်အပေါ်မှာတောင် မေတ္တာပျက်
တော်မမူပါဘူး ။
               ဒီလိုစိတ်ထား မျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ ၊ ဒီအိမ်ကျတော့ ဖွင့်မပြ
ဆိုရင် မျက်နှာလိုက်သလို ဖြစ်မနေဘူးလား ။ "
                စကားအဆုံးတွင် ထိုသူသည် ချိုကြည့်လှမ်းကြည့်လိုက်၏ ။ မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်
၏ ။ ထိုသူသည် ချိုကြည့် ကြည့်ပြီးသည်နှင့် အပြင်ကို ချက်ချင်း ထွက်သွား၏ ။ ခဏကြာလျှင် ဗီဒီယိုတစ်ခွေ
ကိုင်ပြီး ပြန်ရောက်လာ၏ ။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် -
" ရယ်ပြတာ ၊ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ် ၊ အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေး
ဘူးဆိုလို့ ချက်ချင်း ယူမလာတာပါ ၊ အခုယူခဲ့ပါပြီ ၊ ကြည့်ပါ "
ဟု ဆိုပြီး အခွေကိုထည့်လိုက်၏ ။ ခဏကြာလျှင် ထူးမခြားနားသီချင်းသံနှင့်အတူ ဘုရားဘွဲ့တော် အပူဇော်ခံ
ရာမြို့ ၊ ရပ်ကွက် ၊ အိမ်နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏ ။ ဗုဒ္ဓရှင်တော်မြတ်သည်
ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏ ။ အော်ဟစ်ရယ်မောခြင်း ၊ မျက်ရည်ထွက်အောင် ရယ်ခြင်း ၊ ရှေ့ထိုးနောက်
လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သည့်အခါမျှ ရယ်တော်မမူပေ ။
               ဗုဒ္ဓ၏ အာဝေဏိကဂုစ်တော် ( ၁၈ ) ပါးတွင် " နတ္ထိရ၀ါ - မြူးထူးရယ်မောခြင်း မရှိ " ဟူ၍ ပြဆိုထား
၏ ။ ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွားပါးစပ်ထက်ပင် ကျယ်ဦးမည် ထင်သည်။
သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏ ။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည် ။ လိမ်သော
သူသည် မပိမရိ ဖြစ်နေတော့သည် ။ မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တတွေ မကြားဖူး
သောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏ ။
               မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သောပုံ ပေါ်လာပြန်၏ ။ တကယ်ဆိုလျှင် က္ကနြေ္ဒရရ ဖြစ်
အောင် နှစ်ဖက်စလုံး ဖွင့်သောပုံ ဖြစ်သင့်၏ ။ ယခုကား ဘုရားပုံဖြစ်လျက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး
တစ်ဖက်က မှိတ်လျက်သာ ဖြစ်၏ ။ မျက်လုံးတစ်ဖက်မှိတ်ရသောအလုပ်မှာ မည်သူက မည်သူ့ကို လုပ်ပြခြင်း
ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏ ။
                  မျက်စိတစ်ဖက် ဖွင့်ပြသော ပုံကိုရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေးကလား
ဆန်သောပုံ ဖြစ်သွားမည်ကို မုသာဝါဒီ ဗီဒီယိုဆရာက သတိထားမိဟန် မတူပေ ။ ကျောင်းသို့ပြန်ရောက်
သောအခါ ပင့်သွားသူ အမေငြိမ်းက -
" ဆရာတော် ၊ အံ့သြစရာ မကောင်းဘူးလား ဘုရား "
" အံ့သြစရာ မကောင်းပါဘူး ၊ စိတ်ပျက်ဖို့ပဲကောင်းပါတယ် "
" ဘာဖြစ်လို့လည်း ဘုရား "
" ဒကာမကြီး စဉ်းစားကြည့်ပေါ့ ၊ တကယ် အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ရှေ့မှာတင် ရယ်ပြ ၊ မျက်လုံးဖွင့်ပြ
ရမှာပေါ့ ၊ အခုတော့ လုပ်ကြံရိုက်ထားတဲ့ ဗီဒီယိုပဲ ပြတယ် ။ ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှား
ပဲ ။ ဒီလိုလိမ်တာကလည်း အလွယ်လေးပါ ။ ရုပ်ပွားခေါင်းတော်ကို အရှင်သုံးမျိုး လုပ်ထားရတယ် ။"
                " တစ်မျိုးက ရိုးရိုးခေါင်း ၊ တစ်မျိုးက ရယ်နေတဲ့ ခေါင်း ၊ နောက်တစ်မျိုးက မျက်လုံးဖွင့်ထားတဲ့
ခေါင်းပေါ့ ။ ဒါကြောင့် တစ်အိမ်တစ်မျိုး ဖြစ်တာပေါ့ ။ "
               " ဒါဆိုလည်း ဆရာတော် ၊ အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့ "
              " လိမ်စားနေတဲ့သူသာ အကုသိုလ် ဖြစ်တာပါ ၊ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြား
တက်ကြွနေကြတော့ ကုသိုလ်တွေပဲ ဖြစ်နေမှာပါ ။ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ ကုသိုလ်လေးတွေ ချက်ချင်း ပျက်
သွားမှာစိုးလို့ မပြောခဲ့သေးတာပါ ။နောက်တော့ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ ။ နောက်ဖြည်းဖြည်း
မှ ဒကာမကြီး ကိုယ်တိုင်ကလည်း ရှင်းပြလိုက်ဦးပေါ့ "
ကျမ်းကိုး -
့်
မေတ္တာရှင် ( ရွှေပြည်သာ )
ထေရ၀ါဒမှတ်ကျောက် -စာ - ၃၄ မှ မူရင်းအတိုင်းဖော်ပြလိုက်ရပါသည်
..............................................................................................................................................................................................................................................
Thursday, October 22, 2009
ကျေးဇူးကြီးသူများ
                                  ကျေးဇူးကြီးသူများ
ကမ္ဘာ့သမိုင်းကိုကြည့်လျှင်ဤကာလ၀န်းကျင်တွင် တရုတ်ပြည်မှကွန်ဖြူးရှပ်နှင့်လာအိုဇီ တို့သည် ပေါ်ပေါက်
ခဲ့၏ ။
ါရှားမှ ဇိုရိုစတားသည် ပေါ်ပေါက်ခဲ့၏ ။ ခေါမတွင် ပိုက်သာဂိုရပ်စ် သည် ပေါ်ပေါက်ခဲ့၏ ။ အိန္ဒိယတွင်
မဟာဝီရ နှင့် ဗုဒ္ဓသည် ပေါ်ပေါက်ခဲ့၏ ။ ဘာသာရေးအမြင်အရ သူတို့၏ သြ၀ါဒများသည် တစ်ခုနှင့်တစ်ခု
အတိမ်အနက်ချင်းခြားနားစေကာမူ သမိုင်း
မြင်အရဆိုလျှင် ဤပုဂ္ဂိုလ်ကြီးများသည် လူ့သမိုင်းတွင်
အသိဥာဏ်အကွေ့အပြောင်းတစ်ခုကို တကယ်ပင် လုပ်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါ၏ ။ ယနေ့တိုင်
အောင်ပင
် ထိုပုဂ္ဂိုလ်မြတ်ကီးများ၏ သြ၀ါဒများကို ဆိုင်ရာဆိုင်ရာ နိုင်ငံများနှင့် ပုဂ္ဂိုလ်များက လိုက်နာလျက်
ပင်ရှိခြင်းက
ထိုအချက်မှန်ကန်ကြောင်း သက်သေခံလျက် ရှိ၏ ။ လိုက်နာလောက်အောင်လည်း တကယ်ပင်
ကောင်းမွန်သော သြ၀ါဒများဖြစ်ကြ၏ ။သို့ရာတွင်လိုက်နာသည်ဆိုသော်လည်းတစ်ခေတ်ထက်တစ်ခေတ်
မောဟအမှောင်ပို၍ပို၍ ဖုံးလွှမ်းလာသောကြောင့် လောဘရမ္မက်ပို၍ပို၍သိပ်သည်းလာကာ ဆိုင်ရာဆိုင်ရာ
ပုဂ္ဂိုလ်တို့သည် မိမိတို့၏ နေ့စဉ်လုပ်ငန်းများတွင်အသုံးချတတ်အောင် မလိုက်နာသောကြောင့်သာ
ထိုပုဂ္ဂိုလ်မြတ်ကြီးများ၏ သြ၀ါဒများသည် ယနေ့တွင် သက်မဲ့ရုပ်ကြွင်းအဆင့်နီးနီးသာ ဖြစ်နေရခြင်းဖြစ်၏ ။ဲ့
        အမှန်အားဖြင့် အသိဥာဏ်အကွေ့အပြောင်းတစ်ခုကို တင်ပြခြင်းသည်လွယ်ကူသော အလုပ်မဟုတ်ပေ ။
မူလရှိနေနှင့်ပြီးသား ၀ါဒရေးရာများကို တော်လှန်ပြီးမှ တင်ပြရသောလုပ်ငန်းဖြစ်၏ ။ တော်လှန်ရေးသဘော
ကိုဆောင်သ
ဖြင့်အလွန်လည်းအတိုက်အခံများပါ၏ ။အလွန်လည်းအန္တရာယ်ကြီးပါ၏ ။ အသက်ကိုပင်စွန့်ရ
သည်အထိ အန္တရာယ်ကြီးပါ၏ ။ထို့ကြောင့်
လောကအပေါ်သာမညကရုဏာ ထားနိုင်ရုံနှင့်လည်းမဖြစ်ပေ ။
မိမိကိုယ်တိုင်ကလည်းသာမညဥာဏ်ပညာအဆင့်ရှိရုံမျှနှင့်လည်း မဖြစ်ပေ ။ အလွန်ကြီးမားသောကရုဏာ
နှင့်အလွန်ကြီးမားသော
ဥာဏ်ပညာရှိသူများသာ ဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်၏ ။ အလွန်ကြီးမားသော
ကရုဏာ၊အလွန်ကြီးမားသောဥာဏ်ပညာရှင် ဖြစ်ပြီဆိုလျှင် ထိုပုဂ္ဂိုလ်မြတ်ကြီးများအတွက်မလုပ်သင့်သည်
က
မလုပ်ဘဲနေရဲသောသတ္တိနှင့်လုပ်သင့်သည်ကိုလုပ်ရဲသောသတ္တိတို့သည် ထိုပုဂ္ဂိုလ်ကြီးများ၏သန္တာန်တွင်
အလိုအလျောက်အမြစ်တွယ်၍ ကိန်းအောင်းပြီးသားဖြစ်ချေ၏ ။
ထိုသတ္တိမျိုးသည် မဂ္ဂင်ထိုက်သောသီလ ၊မဂ္ဂင်ထိုက်သောသမာဓိ ၊ မဂ္ဂင်ထိုက်သောပညာတို့အပေါ်
လုံလောက်စွာအခြေခံမရစေကာမူ ထူးခြားသောတန်ခိုး ၊ ထူးခြားသောက္ကဒ္ဓိပါဒ်ကိုဖြစ်စေနိုင်၏ ။
မဂ္ဂင်ထိုက်သောသီလ ၊ မဂ္ဂင်ထိုက်သောသမာဓိ ၊ မဂ္ဂင်ထိုက်သောပညာဟူသည်လောဘ ( သမုဒယသစ္စာ )
ကို
အဆင့်ဆင့် ပယ်သတ်နိုင်သောသီလ ၊သမာဓိ ၊ပညာတို့ဖြစ်၏ ။ အကယ်၍ထိုသတ္တိမျိုးသည် မဂ္ဂင်ထိုက်
သော
သီလ ၊ မဂ္ဂင်ထိုက်သောသမာဓိ ၊ မဂ္ဂင်ထိုက်သောပညာတို့အပေါ်တွင် လုံလောက်စွာ အခြေခံရလျှင်မူ
အတိုင်းမသိနိုင်သော တန်ခိုး ၊ အတိုင်းမသိနိုင်သောက္ကဒ္ဓိပါဒ်တို့ကို ဖြစ်စေနိုင်မည်မှာ အထူးပြောစရာမလိုပါ
ချေ ။
ထိုသတ္တိ ၊ တန်ခိုး ၊က္ကဒ္ဓိပါဒ်တို့ကြောင့်သာ ထိုပုဂ္ဂိုလ်မြတ်များသည် မိမိတို့၏ သြ၀ါဒများကို ဤကမ္ဘာမြေ
ပြင်တွင
နေထိုင်ကြသူများအနေဖြင့် ကိုယ်ကျင့်သိက္ခာထိန်းသိမ်းရေးနှင့်မြင့်မြတ်သော ဘ၀ကိုထူထောင်နိုင်
ရေးအတွက် လိုက်နာကျင့်သုံးနိုင်ရန် ယနေ့အထိပင် တည်တံ့အောင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြစ်၏ ။
အမှန်အားဖြင့် ထိုပုဂ္ဂိုလ်မြတ်များသည်ဤကမ္ဘာမြေပြင်တွင်အသက်ရှင်လှုပ်ရှားကြခြင်းမှာ သူတို့
အတွက်မဟုတ် ၊
လောကအတွက်ဖြစ်၏ ။ ထို့ကြောင့်သူတို့သည် သူတို့၏ဘ၀ကိုထူထောင်ပြီး ၊ သူတို့၏ဘဝ
ကိုလောကအတွက်
အသုံးချသွားသူများဖြစ်ကြခြင်းဖြစ်၏ ။ သူတို့အတွက်အသုံးချသွားသူများကား မဟုတ်ကြ
ချေ ။
ဤကမ္ဘာမြေပြင်တွင်လူတို့အနေဖြင့်မျှော်လင့်သော ၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသော ဘ၀မျိုးဖြင့်
အသက်
ရှင်နေထိုင်သွားတတ်အောင်အချိန်ပြည့်သွန်သင်နေကြသူများ ဖြစ်ခြင်းဖြစ်၏ ။ သို့ဖြစ်၍သာ ထို
ပုဂ္ဂိုလ်မြတ်များသည် ကမ္ဘာ့သမိုင်းတွင်အနှိုင်းမဲ့မြင့်မြတ်သူများအဖြစ် မှတ်တမ်းတင်ခံရခြင်းဖြစ်၏ ။
ထို့ကြောင့်သူတို့၏ကျေးဇူးသည်လောကအပေါ် အတိုင်းမသိကြီးမားပါ၏ ။
ထိုသို့ကြီးမားသော်လည်း လောကတွင်သူတို့၏ကျေးဇူးကိုသိတတ် သူများကားနည်းပါးလှ၏ ။
အမှန်အားဖြင့် သူတို့၏ ကျေးဇူးကိုသိမှသူတို့၏ဂုဏ်ကို သိရာရောက်၏ ။ အစပထမတွင်မူ သူတို့၏သြ၀ါဒကို
တိတိကျကျလိုက်နာခြင်းအားဖြင့် ပျှော်ရွှင်သော ၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသော ဘ၀မျိုးကို လက်တွေ့အား
ဖြင့်
ထူထောင်နိုင်ကြလေသောကြောင့်သူတို့၏ကျေးဇူးကိုသိသူအများအပြားရှိနိုင်ပါ၏ ။
သို့ရာတွင်နောက်ပိုင်းတွင်ဘာသာရေးကိုပစ္စုပ္ပန်၏ဘ၀လမ်းညွှန်အဖြစ် အဓိပ္ပာယ်မကောက်ယူ
တော့ပဲ
မလွန်ဘ၀လမ်းညွှန်အဖြစ်ကောက်ယူပြီး ယင်း၏ သွန်သင်ချက်များကိုလွဲမှားစွာ အသုံးပြုလေ
တော့၏ ။
ပစ္စက္ခချမ်းသာရေးအတွက်လူသား တို့အပေါ်တွင်ထက်သန်သော သဒ္ဓါ ၊ စေတနာတို့ဖြင့် မိမိတို့
၏ရက်ရောမှုများကို မပြတော့ပဲ တမလွန်ချမ်းသာရေးအတွက် အလှူခံပုဂ္ဂိုလ်မြတ်များအပေါ်တွင်သာ မိမိ
တို့၏ ရက်ရောမှုများကို ပြလေ၏ ။ ထိုအခါမှစ၍ ဘာသာတရားများသည်
်ဤကမ္ဘာမြေပြင်တွင်လူတို့အတွက်
နေ့စဉ်ပျော်ရွှင်သော ၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသောဘ၀များကို ထူထောင်မပေးနိုင်တော့ပဲ ဘာသာတစ်ခု
နှင့်တစ်ခု အချင်းချင်း ငြင်းခုံရာ ၊ အားပြိုင်ရာ ၊ ရန်လိုရာ ၊ နှိပ်ကွပ်ရာ အမှတ်အသားဖြစ်ခဲ့ပါ၏ ။ ထို့ကြောင့်
ပင် ကမ္ဘာ့သမိုင်းတွင် ပြင်းထန်စွာဆင်နွှဲကြသော ဘာသာရေးစစ်ပွဲများကို တွေ့ရှိရခြင်း ဖြစ်လေ၏ ။
ကျမ်းကိုး -
့်
ဦးရွှေအောင်
ဗုဒ္ဓ - လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်
..............................................................................................................................................................................................................................................
Tuesday, October 13, 2009
အရှင်ဥပဂုတ် ရှင်းလင်းချက်
                                အရှင်ဥပဂုတ် ရှင်းလင်းချက်
            သာမန်လူအများစုသည်ရှင်ဥပဂုတ်မထေရ်နှင့်ပတ်သက်ပြီး မာရ်နတ်လိုတန်ခိုးကြီးနတ်ကိုပင် ခါးပန်းကြိုး
နှင့် တောင်နံရံတွင် ကပ်ချည်ထားနိုင်လောက်အောင်တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်တစ်ပါးဟု ယူဆကြ၏ ။
သမုဒ္ဒရာအလယ် ပြဿဒ်ကျောင်းဆောင်တွင် ယနေ့တိုင် သီတင်းသုံးနေသည်ဟု ယုံကြည်ကြ၏ ။ အလှူအတန်း
ကိစ္စ ၊ ပွဲလမ်းသဘင်ကိစ္စများတွင် မိုးတားပေးရန်အတွက် ပွဲထိုးပြီး လျှောက်သောအခါ မထေရ်မြတ် ကြွရောက်
စောင့်ရှောက်ပေးတော်မူသည် စသည်ဖြင့် ယုံကြည်ကြ၏ ။
                အရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း လူအများ မေးလျှောက်ကြသဖြင့် မကြာခဏ
ဖြေဆိုတော်မူနေကြရဟန်တူလေ၏ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးက သမန္တစက္ခုဒီပနီကျမ်းတွင် ဖြေဆို
ခဲ့သည်မှာ သဒ္ဒါကျမ်းများ၌ ဝေါဟာရစကားလုံးတစ်ခုအဖြစ်ပါဝင်ကြောင်း မိလိန္ဒပဥှာ၌ ပါဝင်ကြောင်း ဖြေဆို၏ ။
သို့ရာတွင် မိလိန္ဒပဥှာပါဠိတော်၌ အလျဉ်းမပါရှိချေ ။ ယိုးဒယားမူ၌ရှိလေဟန် ဆိုကြပြန်လေ၏ ။ " နောက်ဆုံး
ဇေတ၀န်ဆရာတော်ဘုရားကြီးက အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠီကမ္မဥာပကပြု၍
မှတ်သားလောက်အောင် ကျမ်းဂန် မတွေ့ဖူးချေ " ဟု ဆုံးဖြတ်တော်မူခဲ့၏ ။ ( မှတ်ချက်  - ကျမ်းဂန်ဆိုသည်မှာ
သင်္ဂါယနာတင် ဆရာအစဉ်အဆက် အလေးမူသော ကျမ်းဂန်ကို ဆိုလိုပေ၏ )
                  ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာကျမ်းပေါင်း တစ်ရာကျော်တွင် မည်သည့်နေရာ၌မျှ အရှင်ဥပဂုတ်အကြောင်း
အရိပ်အမြွက်မျှပင် မပါရှိပဲ ၀ိနည်းဋီကာ ၀ဇီရဗုဒ္ဓိ ( ၆၃ - ဝေရဉ္ဇာခန်းအဆုံး ) ၌သာ အရိပ်အမြွက်တွေ့ရပေရာ
အလွန်အံ့သြမိလေ၏ ။ ဋီကာဆရာ မူလရေးရင်းမှ ဟုတ်ပါလေစဟု သံသယဖြစ်ဖွယ် ရှိ၏ ။ မုံရွေးဇေတ၀န်
စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှထင်ရှားသော ကျမ်းမှာပါသည်ကို မတွေ့ဘဲမရှိ
တန်လေရာ ဟု ထင်မိ၏ ။
              ဋီကာဖွင့်ပြထားသည်မှာလည်း
ဝေရဉ္ဇာကဏ္ဍဆုံးခါအလွတ် ( ပါဠိပုတ္တက ) သဘောမျိုး ဖွင့်ပြခြင်းဖြစ်၏ ။
ဖွင့်ပြသည့်အဓိပ္ပာယ်မှာ မြတ်စွာဘုရား
ဝေရဉ္ဇာပြည်၌ ၀ါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင်
သော အစွမ်းမရှိသလော ။ ရှိပါ၏ ။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌ သာသနာကြည်ညိုမှုရရန်
အကြောင်းရှိ၍ သည်းခံတော်မူသည်ဟု ဖွင့်ပြသည်မှာ အလွန်မဆီမဆိုင်လွန်းလှ၏ ။
                  ယင်းဋီကာစာမျက်နှာ ( ၃၁ ) ၌ပင်
ဝေရဉ္ဇာပြည် ၀ါကပ်ရခြင်း၏အကြောင်းများကို ထောက်ပြရာတွင်
အရှင်မောဂ္ဂလာန် ၏ တန်ခိုးအာနုဘော် ၊ အရှင်သာရိပုတ္တရာ ၏ ၀ိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန် ၊
ဝေရဉ္ဇာ
ပုဏ္ဏားကြီးအား ချီးမြှောက်ရန် ၊ သာသနာဝင်အစဉ်အဆက် အာဟာရအပေါ်သည်းခံနိုင်မှုသင်ခန်းစာ ဖြစ်စေရန်
စသော ရှေ့နားမှာ ပြခဲ့သည့် အကြောင်းပြချက်များကိုပါ ပေါ့ပျက်သွားစေ၏ ။ အကယ်၍ မာရ်နတ်အကြောင်း
ဖွင့်ပြလိုလျှင်လည်း ရှေ့နားကပင်လျှင် ဖွင့်ပြသင့်၏ ။ ယခုမူ ပြီးမှ ပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာဖြစ်၏ ။
                ယင်းဋီကာ၏ မှီရာ ပါရာဇိကဏ်အဋ္ဌကထာ ( ၁ - ၁၄၇ ) ၌ အဋ္ဌကထာဆရာကြီးကိုယ်တိုင်
ဝေရဉ္ဇာပြည်
ကြွရောက်ဝါကပ်ရာ၌ မာရ်နတ်နှောင့်ယှက်မည်ကို မသိရာသလော ဟု မေးခွန်းထုတ်က - မသိ၍မဟုတ် ၊ ထို
အချိန်က မာရ်နတ်သည် အလွန်ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာ သို့ ၀င်ကြွ၍ ၀ါကပ်သော်
လည်း နှောင့်ယှက်မည်သာ ဖြစ်သည်ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းယှဉ်ပြန်သော် ဋီကာဆရာ၏စကားသည်
ပို၍ စဉ်းစားစရာ ဖြစ်ပေ၏ ။
                 ဋီကာဆရာပြောသကဲ့သို့လည်းကောင်း ယခုအခါ လူအများထင်မှတ်နေကြသကဲ့သို့လည်းကောင်း ၊
အရှင်ဥပဂုတ်လို တန်ခိုးကြီးသော ရဟန္တာကြီးတစ်ပါး တတိယသင်္ဂါယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခဲ့ပါ
လျှင် ၊ သို့မဟုတ် ထေရ၀ါဒ၌ အမှန်တကယ် စံပြုလောက်သော တကယ့်ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင်
အဋ္ဌကထာဆရာကြီးများသည် တစ်နေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေ၏ ။
                 အထူးသဖြင့် တတိယသင်္ဂါယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့်ပေ ။ တစ်ဖန် တန်ခိုးက္ကဒ္ဓိပါဒ်ကြီး
မားသော ပုဂ္ဂိုလ်များကို စံတင်ညွှန်းပြရာတွင်လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ
အရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန် ၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ ။ ၀ဇီရဗုဒ္ဓိဋီကာဆရာသည်
( မူလရေးရင်း အမှန်ဖြစ်ခဲ့သော် ) အဋ္ဌကထာဆရာကြီးများကိုပင် ကျော်လွန်ရာ ကျပေ၏ ။
               စင်စစ် အရှင်ဥပဂုတ်သည် သာသနာစောင့်မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များ
တွင် အလာမရှိ ။  သာသနာနှင့်ဆန့်ကျင်သောအယူဝါဒများတွင် ပါဝင်နေသဖြင့် ပါဠိလိုရေးထားသော်လည်း
ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိကျမ်းတွင်သာ ရှိ၏ ။
         ရာဇ၀င်ကြီးကိုပြုစုသောဆရာများနှင့် ကျီးသဲလေးထပ်ဆရာတော်သည် အဆိုပါသဘောကို အလေးအနက်
မသုံးသပ်ပဲ သဒ္ဓါတရားဖြစ်ပွားစေရန်လောက်ကိုသာ ရည်ရွယ်၍ ဆရာအစဉ်အဆက်ဆက် အလေးမမူသော
လောကပညတ္တိကျမ်းမှယူ၍ မှန်နန်းရာဇ၀င်ကြီးဇိနတ္ထပကာသနီ နှင့်မဟာဝင်ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေ
၏ ။
         မြန်မာစာပေအနေဖြင့် ကျီးသဲလေးထပ်ဆရာတော် စီရင်တော်မူသော ဇိနတ္ထပကာသနီကျမ်းနှင့် ဦးကုလား
မဟာရာဇ၀င်ကြီး တို့တွင် ထည့်သွင်းဖော်ပြထား၏ ။ပါဠိစာပေအနေဖြင့် ၀ဇီရဗုဒ္ဓိဋီကာဆရာတော်အရှင်ဝဇီရဗုဒ္ဓိ
မထေရ်၏ဋီကာကျမ်းတွင် " အရှင်ဥပဂုတ်၏တန်ခိုးသည် ၀ိကုဗ္ဗနိဒ္ဓိ မဟုတ် ၊ အဓိဋ္ဌာနိဒ္ဓိသာ ဖြစ်ကြောင်း "
အကျဉ်းမျှ ထည့်သွင်းမိန့်ဆိုထား၏ ။ ကစ္စည်းသဒ္ဒါကျမ်း၌လည်း " ဥပဂုတ္တေန မာရော ဗန္ဓော " ဆိုပြီး သဒ္ဒါပြယုဂ်
ထုတ်ပြထား၏ ။ နောက် မဟာဝံသဋီကာ၌လည်း ထိုအကြောင်းအရာကိုပင် ပြဆိုထား၏ ။
မဟာဝံသဋီကာ သည် အရှင်ဥပဂုတ်အကြောင်း ဖော်ပြထားခြင်းကြောင့် ထိုရာဇ၀င်ကျမ်း၌လည်း ထည့်
သွင်းဖော်ပြရခြင်းဖြစ်သည် ဟုလည်း မှတ်ချက်ပြုထားသော ဦးကုလားရာဇ၀င်၌ တွေ့ရလေ၏ ။ မြန်မာစာပေ
တွင် အရှင်ဥပဂုတ်မထေရ်အကြောင်း ရေးသားဖော်ပြကြရာ၌ မဟာဝံသဋီကာ တွင်ပြဆိုထားခြင်း ဖြစ်သော
ကြောင့် အစဉ်အဆက် ဖော်ပြကြတာဖြစ်ကြောင်း နားလည်နိုင်ကြလိမ့်မည် ဖြစ်၏ ။
                သို့ရာတွင်
မဟာဝံသဋီကာ ၌ပြဆိုထားသော အရှင်ဥပဂုတ် အကြောင်းအရာများသည် မြောက်ပိုင်းဖြစ်
ကျမ်းတစ်စောင်ဖြစ်သော " ဒိဗျာဝဒါန " ကျမ်းလာ စကားရပ်အား အခြေခံထားကြောင်း ၊ ထို ဒိဗျာဝဒါနကျမ်း
သည်လည်း သူ့ထက် ရှေးကျသော မြောက်ပိုင်းဖြစ် " ကလ္ပနာ ဟဏ္ဍီတိကာ" ကျမ်းမှ ကူးယူ ဖော်ပြတာဖြစ်
ကြောင်း သုတေသီများ လေ့လာ ဖော်ထုတ်ထားကြပြီးဖြစ်၏ ။ထို့ကြောင့် အရှင်ဥပဂုတ်အကြောင်းအရာတွေ
သည် ဘယ်ကဆင်းသက်လာသည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်၏ ။
             ကျီသဲလေးထပ်ဆရာတော်ကြီးကား ၁၉၂၁ - ခုနှစ်က ပုံနှိပ်သော ၀ိမတိစ္ဆေဒနီကျမ်း ( ၉၃ ) ၌ပင် အင်္ဂလိပ်
လောကဓာတ်ဆရာများ ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီးကို မြင်တွေ့ရကြောင်း ၁၂၂၅ - ခုနှစ် သတင်းစာ
ပါ သတင်းကိုပင်ဖော်ပြထားသေး၏ ။ထိုအခါမှစ၍ မြန်မာပြည် ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူမဏ္ဍပ်
ထိုးရာမှအစ အရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ ရတော်မူလေ၏ ။
                   သီးခြားကျောင်းဆောင် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြ၏ ။
အထက်ပါကျမ်းများသည် အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်း မဟာဝင်၌ ပါလေဟန် ပါဠိအဋ္ဌကထာ
လာ ဖြစ်လေဟန် ထင်မှားကုန်ကြလေ၏ ။
                     နောက်ဆုံး ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သတိပြုသင့်သော အချက်တစ်ခုရှိ၏ ။ ယင်းမှာ ထေရ၀ါဒ
ဗုဒ္ဓဘာသာ၏ ကျောရိုးသည် သီလ ၊ သမာဓိ ၊ ပညာ ဖြစ်၏ ။ ထို့ကြောင့်
သီလ ၊ သမာဓိ ၊ ပညာ ကို ဦးတည်သော
ကိုးကွယ်မှုသာလျှင် အနှစ်သာရရှိသော ကိုးကွယ်မှု ၊ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး အမျိုးမျိုးအား
သယ်ပိုးပေးမည့် ကိုးကွယ်မှု ဖြစ်၏ ။  ကျွန်ုပ်တို့ရရှိထားသော လူ့တစ်ဘ၀သည် အချိန်တိုတောင်းလွန်းလှ၏ ။
သက်တမ်းတစ်ရာဆိုသော်လည်း ထိုတစ်ရာပြည့်အောင် နေနိုင်သူကား အလွန်ရှားပါးလွန်း၏ ။ အချိန်တိုတောင်း
လွန်းသည့်အပြင် စားရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသော အရေးပေါင်းများစွာအတွက်
အချိန်ဖဲ့ပေးရသည်ဖြစ်၍ ဘာသာရေးအတွက် အချိန်သည် အထူးနည်းပါးလွန်းလှ၏ ။ အထူးနည်းပါးသောအချိန်
အား အနှစ်သာရ ရရှိတာသေချာသော လုပ်ဆောင်ချက်များဖြင့် အသုံးချသွားနိုင်ခြင်းသည်သာ အရေးကြီးဆုံး
ဖြစ်၏ ။                    ။
ကျမ်းကိုး --
မေတ္တာရှင် ( ရွှေပြည်သာ ) သညာသိနှင့်ပညာသိ
အရှင်နန္ဒသေနာလင်္ကာရ
( သာမဏေကျော် ၊ ဓမ္မာစရိယ ၊
မဟာဓမ္မာစရိယ MA ) 
ဘာသာရေးအနှစ်သာရများ စာစဉ် ( ၂ )
.......................................................................................................................................................................................................................................................
Saturday, October 10, 2009
ဗုဒ္ဓ၀ါဒနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ အဆိုအမိန့်များ
           ဗုဒ္ဓ၀ါဒနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ အဆိုအမိန့်များ
   ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအား ထင်မြင်ချက်ပေးကြရာ၌ ယနေ့အနောက်နိုင်ငံ ပညာရှင်တို့သည် အများအားဖြင့်
မြတ်ဗုဒ္ဓ၏ ကြည်ညိုဖွယ်ကောင်းပုံနှင့် ဗုဒ္ဓတရား၏ လေးနက်မှန်ကန်ပုံကို ရေးသားကြ၏ ။ ဗုဒ္ဓမြတ်စွာ
ဘုရားနှင့်စပ်လျဉ်း၍လည်းကောင်း ၊ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားချက်တရားတော်များနှင့်စပ်လျဉ်း၍
လည်းကောင်း အောက်ပါပညာရှင်များ၏ အဆိုအမိန့်များကိုလည်းသိသင့်သဖြင့် တင်ပြလိုက်ရပါသည်။
ပါမောက္ခဒေါက်တာရိုင်းစ်ဒေးဗစ်
ကျွန်ုပ်သည် ကမ္ဘာ့ဘာသာဝါဒကြီး အားလုံးကို လေ့လာခဲ့ရာ
ယင်းတို့တွင် ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါး နှင့် သစ္စာလေးပါးထက် ပိုမို
လေးနက်သော တရားများကို မတွေ့ရချေ ။ သို့ဖြစ်၍ မြတ်ဗုဒ္ဓ
၏ လမ်းစဉ်နှင့်အညီ ကျင့်ကြံ နေထိုင်သွားရန် ကျွန်ုပ်ဆုံးဖြတ်
ထားပြီးဖြစ်၏ ။
အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ကြီး
မဟတ္တမဂန္ဒီ
ဗုဒ္ဓဟောသော အခြေခံတရားများသည် ဟိန္ဒူဘာသာ၏အဓိက
တရားများဖြစ်သည်ဟု ယူဆဖွယ်ရှိ၏ ။ မိမိ၏ ကိုယ်ကျိုးစွန့်
လွှတ်မှုနှင့် ဘ၀သန့်ရှင်းစင်ကြယ်မှုဖြင့် ဟိန္ဒူဘာသာအား ဗုဒ္ဓ
က များစွာ ကျေးဇူးပြုခဲ့ခြင်းကို ဟိန္ဒူဘာသာဝင်များက ဘယ်
အခါမှ , မမေ့သင့်ချေ ။
ဗြိတိသျှဒဿနပညာရှင်
ဘာထရန်ရပ်ဆယ်
အသိဥာဏ်ပညာ ၊သို့မဟုတ် ကိုယ်ကျင့်တရားနယ်၌ သခင်ခရစ်တော်
သည် သမိုင်းဝင် အချို့ပုဂ္ဂိုလ်များထက်သာသည်ဟု ကျွန်ုပ် မထင်ပါ ။
ဤနေရာ၌ ဗုဒ္ဓကို ရှေ့တန်းတင်သင့်သည်ဟု ကျွန်ုပ်ထင်ပါသည် ။
ဂျာမန်စာပေပညာရှင်
ပါမောက္ခမက်စ်မူလာ
ဗုဒ္ဓသည် မိမိဟောသည့်အတိုင်း ကျင့်ကြံနေထိုင်သူဖြစ်၏ ။ သူ၏ဆုံးမချက်
များသည် သူ၏ အပြုအမူ၌ ထင်ရှား၏ ။ သူ၏စိတ်လှုပ်ရှားမှုကို ဘယ်အခါမှ
မတွေ့ရချေ ။ သူ၏ကိုယ်ကျင့် နီတိသည် ကမ္ဘာပေါ်၌ အမြင့်မားဆုံး နီတိ
ဖြစ်၏ ။
နာမည်ကျော်ပြင်သစ်သင်္ချာပညာရှင်
Blaise Pascal
လူသတ္တ၀ါသည် သဘာဝအင်အားစု၏ ဖိနှိပ်မှုကိုခံရသော်
လည်း ၄င်းတို့ကို သိမြင်နားလည်သောကြောင့် ပိုမို၍
အင်အားကြီးမား၏ ။ ဗုဒ္ဓဘာသာတရားမှ ကျွန်ုပ်တို့သိရှိရ
သောအချက်မှာ လူသားသည် မိမိ၏ အသိပညာဖြင့်မိမိ၏
ဘ၀အခြေအနေကို ထိန်းကွပ်နိုင်ခြင်း ဖြစ်၏ ။ သို့ဖြစ် လူ
သည် သဘာဝဓမ္မအင်အားစု၏ ဖိနှပ်မှုကိုမခံဘဲ ၄င်းတို့၏
အကြောင်းကို သိရှိနားလည်သောအတတ်ပညာဖြင့် မိမိ၏
ဘ၀ကို မြှင့်တင်နိုင်မည်ဖြစ်၏ ။
ဂျွန်ဝေါလ်တာ
သူ ( ဗုဒ္ဓမြတ်စွာ ) သည် အကြီးမြတ်ဆုံးသော လူသား ဖြစ်၏ ။
စိန့်ဟီးလဲယား
သီလအားလုံး၏ ပုံစံမှန်များကို သူ ( ဗုဒ္ဓမြတ်စွာ ) က ဟောကြားတော်မူခဲ့ပြီး ၊
သူ ( ဗုဒ္ဓမြတ်စွာ ) ၏ ဘ၀တွင်လည်း ၄င်းသီလများအပေါ် အစွန်းအထင်းမရှိ
( ၄င်းသီလများ မကျိုးမပေါက် ) ဖြစ်ခဲ့ပါသည် ။
ဖောက်စ်ဘော
ကျွန်ုပ်သူ့ ( ဗုဒ္ဓမြတ်စွာ ) အကြောင်းကို သိလေလေ ၊ ကျွန်ုပ်သူ့ ( ဗုဒ္ဓမြတ်စွာ )
ကို ပို၍ ကြည်ညိုလေလေ ဖြစ်သည် ။
သီဟိုဠ် မှ နာရဒထေရ်
ဖောက်စ်ဘောက အထက်ပါအတိုင်းပြောလျှင် ဗုဒ္ဓ၏နောက်လိုက်များ ဗုဒ္ဓဘာ
သာဝင်များက " ကျွန်ုပ် သူ့အကြောင်းကို သိလေလေ ၊ သူ့ကိုပို၍ ကြည်ညိုလေ
လေ ၊ သူ့ကို ပိုကြည်ညိုလေလေ သူ့အကြောင်းကို ပို၍ သိလေလေ " ဟု ဆိုကြ
မည်ဖြစ်၏ ။
ရှရီရာဒါကရစ္စနား
ဂေါတမဗုဒ္ဓတွင် ကမ္ဘာ့အရှေ့ဖျားမှ နှစ်ယောက်မရှိ ၊ ပြိုင်ဖက်ကင်းသော လူ့
ဘောင်လောကနှင့် ဆက်စပ်သောဘ၀နှင့် အတွေးအမြင်များအပေါ်တွင်
သြဇာသက်ရောက်ရာ၌ ကြီးကျယ်မြင့်မြတ်သော ( သို့ ) ဘုရားတစ်ဆူဟုခေါ်
လောက်သော စိတ်ဓာတ်ရှိတော်မူ၍ အခြားသော မည်သူတစ်ဦးတစ်ယောက်
အောက်မျှ မလျော့နည်းသော နက်နဲကျယ်ဝန်းသည့် ဘာသာယဉ်ကျေးမှုတစ်
ခုကို စတင်တည်ထောင်သူအနေဖြင့် အားလုံးသော လူအပေါင်း၏အလေး
အမြတ်ပြုခြင်းကို ခံယူရသူ ဖြစ်ပေသည် ။ သူသည် ထိုးထွင်းသိမြင်မှု
ကိုယ်ကျင့်သီလ ပျိုးထောင်မှုနှင့် ၀ိပဿနာဥာဏ်အမြင်ရှိမှုများဖြင့် ယဉ်ကျေး
သော လူအားလုံး၏ အထွေထွေအမွေအနှစ်များကို ပေးဆောင်သော ကမ္ဘာ့
အတွေးအခေါ်ပညာရှင်များသမိုင်းတွင် ပါဝင်သော ပုဂ္ဂိုလ်ထူးလည်းဖြစ်၏ ။
သူသည် သမိုင်းတွင် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်မှာ ယုံမှား
ဖွယ်မရှိပေ ။
နာမည်ကျော်ဗြိတိသျှစာရေးဆရာ
အိပ်ခ်ျဂျီဝဲလ်
ဗုဒ္ဓမြတ်စွာတွင် ယောက်ျားကောင်းပီသခြင်း ၊ ရိုးဖြောင့်ခြင်း ၊
ဘာသာရေးခေါင်းဆောင်ပီသခြင်း ၊ သဗ္ဗညုတဥာဏ်အလင်း
အတွက် ကြိုးစားခြင်း ၊ လူသားဆန်သော ထင်ရှားမြင့်မြတ်
သည့်စိတ်ဓာတ်ရှိခြင်း ၊ အတွေးအခေါ်သမား မဟုတ်ဘဲ လက်
တွေ့ကိုယ်တိုင် ကျင့်ကြံသူဖြစ်ခြင်းများကို တွေ့ရှိနိုင်ပါသည် ။
၎င်းအပြင် သူသည် လူသားများအား အထွေထွေစာရိတ္တပြုပြင်
ရေးတရားများကိုလည်း ဟောကြားတော်မူခဲ့ပါသည် ။ ကျွန်ုပ်
တို့၏ ခေတ်သစ်၌ အကောင်းဆုံးသော အတွေးအခေါ်စိတ်ကူး
မှုများသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်အတွင်း၌ ပါဝင်
ညီညွတ်ပြီး ဖြစ်ပါသည် ။အားလုံးသော ဆင်းရဲဒုက္ခများနှင့်
ရောင့်ရဲနိုင်မှုမရှိခြင်းများသည် တစ်ကိုယ်ကောင်းဆန်ခြင်း
ကြောင့် သို့မဟုတ် အတ္တစွဲကြောင့် ဖြစ်ကြောင်း ဟောကြား
တော်မူခဲ့သည် ။ လူတစ်ယောက်သည် ငြိမ်းအေးမှု ( နိဗ္ဗာန် )
မရမီ သူသည် အာရုံ , ကာမဂုဏ်ခံစားမှု , ကိုယ်ကျိုးကြည့်မှု
( သို့ ) အတ္တစွဲမှုများကို ဖြတ်တောက်ရမည် ။ ထိုအခါသူသည်
ကြီးမားမြင့်မြတ်သော လူသားတစ်ယောက် ဖြစ်လာနိုင်တော့
သည် ။ ယင်းကဲ့သို့သော လူသားများကို ဗုဒ္ဓမြတ်စွာက အခြား
ဘာသာရေးများနှင့် မတူသောအားဖြင့် အတ္တစွဲပြုတ်စေရန်
( သို့ ) အနတ္တအမြင်ရှိစေရန် ခရစ်မပေါ်မီနှစ်ပေါင်း ၅၀၀
ကတည်းကပင် ဦးဆောင်ညွှန်ပြတော်မူခဲ့ပါသည် ။ တစ်နည်း
အားဖြင့် ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့နှင့်တကွ ကျွန်ုပ်တို့၏
လိုအပ်ချက်နှင့် ပို၍နီးစပ်သူလည်း ဖြစ်ပါသည် ။ သူသည် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အရေးကြီးသော လွတ်မြောက်ရေး
အတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဟောကြားရာ
တွင် ခရစ်တော်ထက် ပို၍ ရှင်းလင်းသည့်အပြင် ၊ မသေနိုင်မှု
( အမြဲထာဝရ တည်နိုင်မှု ) ကို ရှင်းပြရာ၌လည်း ရှုပ်ထွေးမှု မရှိ
ဟုရေးသားခဲ့သည် ။
ကမ္ဘာကျော်သိပ္ပံ
ပညာရှင်
Albert Einstein    
အနာဂါတ်ဘာသာတရားသည် စကြ၀ဠာဘာသာတရား ဖြစ်ပေလိမ့်မည် ။ ၄င်း
သည် ထာဝရဘုရားနှင့်မျက်စိမှိတ် လက်ခံရမည့် အဆိုအမိန့်များကို ကျော်လွန်
၍ သဘာဝနှင့်လောကုတ္တရာတရားများ ပေါင်းစည်းမှု အပေါ်၌ တည်သော
ဘာသာတရားဖြစ်ပေလိမ့်မည် ။ ဗုဒ္ဓဘာသာသည် ထိုအင်္ဂါများနှင့် ကိုက်ညီ
သောတရား ဖြစ်၏ ။ နောင်တွင် သဘာဝတရားနှင့် ကိုက်ညီသောဘာသာ
တစ်ခုသာလျှင် လူ့လောကတွင် တည်ရှိလာရမည်ဖြစ်၏ ။
တီအိတ်ခ်ျဟတ်စလေ
ဗုဒ္ဓဘာသာသည် အနောက်တိုင်းသားတို့အမြင်တွင် ပေါ်လွင်နေသော
ထာဝရဘုရားသခင်ကို မသိသော ၊ လူတွင် အတ္တ (အသက်, လိပ်ပြာ,၀ိဥာဉ်)
ကောင်ရှိသည်ကို ငြင်းဆိုသော ယင်းအတ္တ ကောင်၏ မပျက်မစီး အမြဲတည်
နေသည် ဟူသော ယုံကြည်မှုကို မိုက်မဲသော ယုံကြည်မှု အဖြစ် ရေတွက်
သော ၊ ဆုတောင်းမှု ၊ ယဇ်ပူဇော်မှု ဖြင့် အလိုဆန္ဒ ပြည့်ဝနိုင်သည်ဟူသော
အယူအဆကို ငြင်းပယ်သော ၊ လွတ်မြောက်မှုအတွက် မိမိတို့၏ ကိုယ်ပိုင်
လုံ့လစိုက်ထုတ်လျက် ဆောင်ရွက်မှုမှတစ်ပါး အခြား ဘာကမျှ ဆောင်ရွက်
ပေးနိုင်ခြင်း မရှိသည်ကို လူသားများအား မီးမောင်းထိုးပြသော ၊ ပင်ကိုယ်
သန့်ရှင်းဖြူစင်မှုဖြင့် အမိန့်တော်ကို နာခံခြင်း ဖြစ်သော ကိုးကွယ်မှုမျိုးကို
မသိသည့်အပြင် ကယ်တင်ခြင်း အကူအညီကိုလည်း ရှာဖွေမှု မရှိသော
ဘာသာရေး ဖြစ်၏ ။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ထက်ဝက်သို့ လျင်
မြန်စွာ ပြန့်နှံ့သွားပြီး ထိုကမ္ဘာ ထက်ဝက်၌ ရှိရင်း ကိုးကွယ်မှုများအပေါ်
လွှမ်းမိုးပြီးတိုင်းသူပြည်သားများ၏ နှစ်နှစ်ကာကာ ကိုးကွယ်ဆည်းကပ်ခြင်း
ကို ခံခဲ့ရခြင်း ဖြစ်၏ ။
ဒေါက်တာဆာမရီဆင်ဂိုး
သိပ္ပံပညာ၏ ချီတက်မှုသည် ဗုဒ္ဓ၀ါဒ၏ အောင်ပွဲရမှုပင် ဖြစ်သည် ။ သိပ္ပံ
ပညာ၏အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓ၀ါဒ အား အကောင်းဆုံးသက်
သေပြချက်များသာ ဖြစ်၏ ။
           ဤအချက်များသည် ဗုဒ္ဓဘာသာတရားကို လေ့လာ၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကို ချီးကျူးရေးသားခဲ့သော
အနောက်နိုင်ငံ အသိပညာရှင်အချို့၏ ကောက်နှုတ်ချက်များ ဖြစ်၏ ။
ကျမ်းကိုး --
ဦးအေးမောင် - ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ
ဦးစိန်ထွန်း ( မာမကသုတေသီ ) - ကမ္ဘာပတ်၍ဘုရားရှာခြင်း
............................................................................................     
Monday, October 5, 2009
အဋ္ဌကထာ ဆိုသည်မှာ
                                 အဋ္ဌကထာ ဆိုသည်မှာ
                ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်လူငယ်များသည် ဘာသာရေးအသိအလွန်ပင် အားနည်းလျက်ရှိသည်
ကို တွေ့နေမြင်နေရပါသည် ။အကြောင်းတိုက်ဆိုင်၍ ဘာသာရေးအကြောင်းပြောကြရာတွင် " အဋ္ဌကထာ "
က ဒီလိုဖွင့်ပြတယ် ၊ " အဋ္ဌကထာ " က ဒီလိုဆိုတယ် စသည်အားဖြင့် ရှင်းပြ ပြောဆိုမိတဲ့အခါမှာ လူငယ်
အများစုမှာ " အဋ္ဌကထာ " ဆိုတာ ဘာကိုပြောမှန်း သိနားလည်ကြခြင်း မရှိကြသည်ကို တွေ့ရှိရပါသည် ။
ထို့ကြောင့် " အဋ္ဌကထာ " ဆိုသည်မှာ အဘယ်နည်းဟု သိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါ
သည် ။
             မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်
အဓိပ္ပာယ် အသိခက် ကွယ်ဝှက် တိမ်မြုပ်နေသည်ကို သိလွယ်မြင်လွယ်ရန် အနက်အဓိပ္ပာယ်ပေါ်လွင်အောင်
ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။
        ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "
ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။
             ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောက
သြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကို
ယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာ
သြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊
နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။
               မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော် ဟုခေါ်သည် ။
ဂါထာသက်သက်ဖြင့် ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်သည် ။ ယင်း ဓမ္မပဒပါဠိတော် ဂါထာတစ်ပုဒ်ကို ယူ
ပြီး အဋ္ဌကထာဆရာက " ဇောတိကမထေရ် " စသဖြင့် ၀တ္ထုများကို ရေးသားတော် မူခဲ့ခြင်း ဖြစ်သည် ။
ဤသို့ ရေးသားရာတွင် " ဇောတိကမထေရ် " ၏ ပစ္စုပ္ပန်အကြောင်းအရာ အတ္ထုပတ္တိကိုရော ၊အတိတ်
အကြောင်းအရာ အတ္ထုပတ္တိ ကိုပါ ဖော်ပြ ရေးသားခဲ့ရသည် ။
                    အဋ္ဌကထာ ကား အိန္ဒိယတွင် သင်္ဂါယနာသုံးတန်တင်ခဲ့သော အဋ္ဌကထာ သာသနာသက္ကရာဇ်
( ၂၃၅ )  တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်း ၊ ကိုးဌာနသို့ သာသနာပြုရဟန်းတော်များကို စေလွှတ်
၍ သီဟိုဠ်သို့ သာသနာရောက်ရှိပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော သီဟိုဠ်အဋ္ဌကထာ နှင့် သာသနာ
သက္ကရာဇ် ( ၉၀၀ ) နှင့် ( ၁၀၀၀ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သော
အဋ္ဌကထာသစ်များ ဟူ၍ ရှိသည် ။
                တတိယသင်္ဂါယနာ တင်ချိန်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာကို အမြစ်ပါလှန်ရန် ပူးသတ်နေကြသော
အယူဝါဒအများအပြား ပေါ်နေပြီဖြစ်သည် ။ နောက်ပိုင်းတွင် ထေရ၀ါဒသာသနာ အိန္ဒိယမှ ပျောက်ကွယ်ခဲ့ရ
သည်အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေသာ နောက်ပိုင်းတွင်
ပြန့်ပွားထွန်းကားလျက် ရှိကြသည် ။ ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေလာ အဆိုများမှာ အမွှမ်း
တင်မှု လွန်ကဲသော အကြောင်းအရာ အများအပြားပါဝင်သော စာပေ ဖြစ်သည် ။ သီဟိုဠ်ကျွန်းသို့ သာသနာ
ရောက်ပြီးနောက် ထေရ၀ါဒ နှင့်အပြိုင် မဟာယာနဂိုဏ်းများလည်း အစုအဖွဲ့ကြီးမားစွာ ရှိခဲ့သည်ကို
အားလုံး အသိပင် ဖြစ်သည် ။ ထို့ကြောင့် သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာများတွင် ယင်း မဟာယာန တို့၏ လွန်
ကဲသော အဆိုအမိန့်များ အရိပ်အငွေ့ကင်းနိုင်မည် မဟုတ်ဟု ယူဆနိုင်သည် ။
                သာသနာသက္ကရာဇ် ၉၀၀ - ၁၀၀၀ အကြား အေဒီ - ၅ - ရာစုအတွင်း သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာ
သော ရှင်မဟာဗုဒ္ဓဃောသ ရှင်ဗုဒ္ဓတ္ထ စသော အဋ္ဌကထာသစ်ကျမ်းပြု အရှင်မြတ်များသည် သီဟိုဠ်တွင်
ရှိရင်း အဋ္ဌကထာများကိုပင် အခြေခံ၍ အဋ္ဌကထာသစ်များကို ပြုစုတော်မူခဲ့ရသဖြင့် ယင်းအဋ္ဌကထာသစ်
များတွင် ယင်းမဟာယာန တို့၏ လွန်ကဲသော အမွှမ်းတင် အဆိုအမိန့် အရိပ်အငွေ့များလည်း ပါဝင်လာရ
ခြင်း ဖြစ်သည် ဟု ယူဆနိုင်ပြန်သည် ။ ယနေ့ ရဟန်းတော်များ ၊ ဗုဒ္ဓဘာသာဝင်များ အသုံးပြု ကိုးကား နေ
ကြသော အဋ္ဌကထာများမှာ အဋ္ဌကထာသစ်များသာ ဖြစ်ပါသည် ။ ဋီကာ များကား အလွန်နောက်ကျမှ
ပေါ်လာသော ကျမ်းများ ဖြစ်ကြသည် ။
အဋ္ဌကထာသစ်များ
သီဟိုဠ်ကျွန်းတွင်  --
၁ ။ မဟာဝိဟာရ၀ါသီ        ( ထေရ၀ါဒ )
၂ ။ အဘယဂီရိဝါသီ           ( မဟာယာန )
၃ ။ ဇေတ၀န၀ါသီ               ( ဟီနယာန )      ဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲပြားတည်ရှိနေချိန်တွင် သာသနာနှစ်
၉၇၆ ၊ အေဒီ - ၄၄၂ တွင် သီဟိုဠ်သို့ ရောက်ရှိလာသော တရုတ်ရဟန်းတော်အရှင်ဖာဟိယန် သည်
အဘယဂီရိဝါသီဂိုဏ်းသို့ကြွ၍ မဟာယာန စာပေများကို ကူးယူပြီး တရုတ်ပြည်သို့ သယ်ဆောင်သွားသကဲ့သို့
သာသနာသက္ကရာဇ် - ၉၆၅ - အေဒီ - ၄၂၁ တရုတ်ရဟန်းတော်ဖာဟိယန် ထက် ( ၁၁ ) နှစ် စော၍ သီဟိုဠ်သို့
ရောက်ရှိတော်မူလာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မဟာဝိဟာရ၀ါသီဂိုဏ်းသို့ ကြွ၍
ထေရ၀ါဒဗုဒ္ဓစာပေများကို ကူးယူပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်တော်မူခဲ့သည် ။
              ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်သို့ ရောက်ရှိတော်မူပြီးနောက် ရှေးဦးစွာ သီဟိုဠ်
ဘာသာကို သင်ယူတော်မူခဲ့သည် ။ ၄င်းနောက် သီဟိုဠ်ဘာသာဖြင့် ရှိနေသော ပိဋကစာပေများကို မာဂဓ
ဘာသာဖြင့် ပြန်ဆို ကူးရေးတော်မူသည် ။ သီဟိုဠ်သို့ သာသနာပြု ရှင်မဟိန္ဒမထေရ်မြတ်တို့ သယ်ဆောင်၍
သင်ကြားပို့ချခဲ့သော ပိဋကတ်တော်များ ၊  စတုတ္ထသင်္ဂါယနာတင်ခဲ့သော ပိဋကတ်တော်များ သည် မာဂဓ
ဘာသာဖြင့် မှတ်တမ်းပြုစုတည်ရှိခဲ့သော်လည်း နောက်ပိုင်း ဓမ္မကထိကရဟန်းတစ်ပါးက သီဟိုဠ်ဘာသာသို့
ပြောင်းလဲပြန်ဆိုခဲ့သဖြင့် ရှင်မဟာဗုဒ္ဓဃောသသီဟိုဠ်ရောက်ချိန်တွင်ပိဋကတ်တော်များမှာ သီဟိုဠ်ဘာသာ
ဖြင့် ရှိနေခဲ့သည် ။
               ထို့ကြောင့်
ရှင်မဟာဗုဒ္ဓဃောသ သည် ရှေးဦးစွာ သီဟိုဠ်ဘာသာကို သင်ယူပြီး ပါဠိတော်နည်းဖြင့်
ပြန်လည်ကူးရေးတော်မူခဲ့သည် ။ ပါဠိတော်နည်း ဟူသည် မာဂဓဘာသာ ဖြစ်ကြောင်း သာရတ္ထကျမ်းတွင်
ဖော်ပြထားသည် ။ သီဟိုဠ်အဋ္ဌကထာကြီးများကို အခြေခံ၍ အဋ္ဌကထာသစ်များကိုလည်း ရေးသားတော်မူ
ခဲ့သည် ။
ရှင်မဟာဗုဒ္ဓဃောသ ရေးသားတော်မူသော အဋ္ဌကထာသစ်များတွင် သီဟိုဠ်အဋ္ဌကထာပါ အဆို
အမိန့်များ အကျုံးဝင်ပြီးဖြစ်၍ သီဟိုဠ်အဋ္ဌကထာများကို ပြန်လည်ကြည့်ရှုရန် မလိုတော့သဖြင့်
ရှင်မဟာဗုဒ္ဓ
ဃောသ ၏ အဋ္ဌကထာသစ်များဖြင့် ပါဠိတော်အဖွင့်များ ပြီးပြည့်စုံပြီး ဖြစ်သည် ။
ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် ။ -
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ                     =  နိကာယ်လေးရပ် သုတ္တန္တပိဋက အဖွင့်
သမန္တပါသာဒိကာ အဋ္ဌကထာ      = ၀ိနည်း ငါးကျမ်းအဖွင့်
သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ     = ဒီဃနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
ပပဉ္စသူဒနီ အဋ္ဌကထာ                  = မဇ္ဈိမနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
သာရတ္ထပကာသနီ အဋ္ဌကထာ      = သံယုတ္တနိကာယ် ပါဠိတော် ငါးကျမ်းအဖွင့်
မနောရထပူရဏီ အဋ္ဌကထာ        = အင်္ဂုတ္တရနိကာယ် ပါဠိတော် ( ၁၁ ) ကျမ်း အဖွင့်
အဌသာလိနီ အဋ္ဌကထာ                = အဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော် အဖွင့်
သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ     = အဘိဓမ္မာဝိဘင်း ပါဠိတော် အဖွင့်
ပဉ္စပကာရဏ အဋ္ဌကထာ            = ကျန်အဘိဓမ္မာ ငါးကျမ်း အဖွင့်
၁၀ ကင်္ခါဝိတရဏီ အဋ္ဌကထာ            = ၀ိနယ ပိဋက ဒွေမာတိကာ အဖွင့်
၁၁ ဓမ္မပဒ အဋ္ဌကထာ                        = ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် အဖွင့်
၁၂ ပရမတ္ထဇောတိကာ အဋ္ဌကထာ   = ခုဒ္ဒကပါဌ နှင့် သုတ္တနိပါတ် ပါဠိတော် အဖွင့်
၁၃
ဇာတက အဋ္ဌကထာ                     = ငါးရာငါးဆယ် ဇာတ်နိပါတ် အဖွင့်
               ကျမ်းအရေအတွက်အားဖြင့် ( ၆၇ ) ကျမ်းရှိပြီး ဆဋ္ဌသင်္ဂါယနာတင်မူ စာအုပ်အရေအတွက်အား
ဖြင့် ( ၃၇ ) အုပ် ရှိကြသည် ။ အခြားအဆိုတစ်ရပ်မှာ ပိဋကတ်သမိုင်းလာ အဋ္ဌကထာ ( ၈၅ ) ကျမ်း ရှိသည့်
အနက် --
               ဒီဃနိကာယ် အဋ္ဌကထာ ( ၃ ) ၊ မဇ္ဈိမနိကာယ် အဋ္ဌကထာ ( ၃ ) ၊ သံယုတ္တနိကာယ် အဋ္ဌကထာ ( ၅ )
အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ( ၁၁ )ခုဒ္ဒကနိကာယ် အပါအ၀င် ဇာတ် အဋ္ဌကထာ ( ၃၁ ) အဘိဓမ္မ အဋ္ဌက-
ထာ ( ၇ )၀ိနည်း အဋ္ဌကထာ ( ၅ ) ကျမ်းနှင့် ခုဒ္ဒကပါဋ္ဌ ၊ ဓမ္မပဒ ၊ သုတ္တနိပါတ် ၊ ကင်္ခါဝိတရဏီ ၊ ၀ိသုဒ္ဓီမဂ်
အဋ္ဌကထာ ဟူ၍ အဋ္ဌကထာကျမ်းပေါင်း ( ၇၁ ) ကျမ်းကို ရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူခဲ့သည်ဟုဆို
သည် ။
             ထိုအချိန်က အဋ္ဌကထာကျမ်းသစ်များကို စီရင်တော်မူသော အရှင်မြတ်များမှာ ရှင်မဟာဗုဒ္ဓဃောသ
တစ်ပါးတည်း မဟုတ်ချေ ။
ရှင်မဟာဗုဒ္ဓဃောသနှင့်ခေတ်ပြိုင် ရှင်ဗုဒ္ဓတ္ထမထေရ်မြတ်လည်း အဋ္ဌကထာကျမ်း
သစ် အနည်းအကျဉ်းကို စီရင်တော်မူခဲ့ပါသေးသည် ။ ရှင်ဗုဒ္ဓတ္ထ စီရင်တော်မူခဲ့သော အဋ္ဌကထာကျမ်းများ
မှာ အောက်ပါအတိုင်း ဖြစ်သည် ။ --
မဓုရတ္ထ၀ိလာသိနီ အဋ္ဌကထာ            = ဗုဒ္ဓ၀င် ပါဠိတော် အဖွင့်
ဝိနယ၀ိနိစ္ဆယ အဋ္ဌကထာ                   = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
ဥတ္တရ၀ိနိစ္ဆယ အဋ္ဌကထာ                  = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
အဘိဓမ္မာဝတာရ အဋ္ဌကထာ             = အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း
ရူပါရူပ၀ိဘာဂ အဋ္ဌကထာ                 = ရုပ်နာမ်နှစ်ပါးကို ဝေဖန်ပြသောကျမ်း
              ကျမ်းအားဖြင့် ( ၁ ) ကျမ်း ၊ အုပ်ရေ ( ၁ ) အုပ် ဖြစ်သည် ။ အခြားအဆိုတစ်ရပ်ကမူ ဤအရှင်သည်
ခုဒ္ဒကနိကာယ် အပါအ၀င် ဗုဒ္ဓ၀င်အဋ္ဌကထာ နှင့် သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့ကို စီရင်တော်မူခဲ့သည်ဟု
ဆိုသည် ။
               အဋ္ဌကထာသစ်ကျမ်းပြု ခေတ်ပြိုင်သော အရှင်နှစ်ပါး အပြင် ၄င်း အရှင်များနောက်မှ ပေါ်ပေါက်
လာသောအဋ္ဌကထာသစ်ကျမ်းပြုအရှင်မှာ ရှင်ဓမ္မပါလမထေရ်မြတ် ဖြစ်သည် ။ ဤအရှင်ပြုစုတော်မူခဲ့သော
အဋ္ဌကထာသစ်မှာ --
၁ ။ ဥဒါန
၂ ။ က္ကတိဝုတ္တံက
၃ ။ ၀ိမာန၀တ္ထု
၎ ။ ပေတ၀တ္ထု
၅ ။ ထေရဂါထာ
၆ ။ ထေရီဂါထာ
၇ ။ စရိယာပိဋက
၈ ။ နေတ္တိပါဠိတော်      အဖွင့် အဋ္ဌကထာများ ဖြစ်သည် ။
အုပ် ရှိသည် ။
            အခြားအရှင်မြတ်များ ပြုစုတော်မူခဲ့သော အခြား အဋ္ဌကထာသစ်များလည်း ရှိသေးသည် ။ ၄င်းတို့
မှာ အောက်ပါအတိုင်း ဖြစ်သည် ။
သဒ္ဓမ္မပကာသနီ အဋ္ဌကထာ  = ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဖွင့် ။ အရှင်မဟာနာမ ခေါ် အရှင်မဟာဘိဓာန
                                                   စီရင်တော်မူသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။
သဒ္ဓမ္မပဇ္ဇောတ အဋ္ဌကထာ      = စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ပါဠိတော် အဖွင့် ။ အရှင်ဥပသေန ပြုစု စီရင်
                                                     တော်မူသည် ။ ကျမ်း ( ၂ ) ၊ အုပ်ရေ ( ၁ ) မပြည့် ။
ဝိသုဒ္ဒဇန၀ိလာသိနီ အဋ္ဌကထာ  = အပါဒါန် ပါဠိတော် အဖွင့် ။ ကျမ်းပြုအရှင် မထင်ရှား ၊ အချို့က
                                                        အဘိဓမ္မာ မူလဋီကာ ကျမ်းပြု အရှင်အာနန္ဒာမထေရ် ၏ တပည့် ပြုစု
                                                        စီရင်တော်မူသည်ဟု ဆိုသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်
                                                        သည် ။
              စုစုပေါင်း အဋ္ဌကထာကျမ်း အရေအတွက် ( ၈၀ ) ဖြစ်ပြီး ဆဋ္ဌမူ အုပ်ရေ ( ၅၁ ) အုပ် ရှိသည် ။
သာသနာနှစ် ၁၅ - ရာစုတွင် သီဟိုဠ်တုမူလသောမကျောင်းတွင် သီတင်းသုံးသော အရှင်အနုရုဒ္ဓါမထေရ်
မြတ်က အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း ရေးသားတော်မူခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ ( သင်္ဂြိုဟ် ) ကျမ်းကို
လည်း အဋ္ဌကထာကျမ်း အဖြစ် ရေတွက်ထားသည် ။ သေးငယ်သော ကျမ်းဖြစ်သောကြောင့် " လက်သန်း
အဋ္ဌကထာ " ဟုလည်း ခေါ်ဝေါ်လျက်ရှိကြသည် ။
                 အဋ္ဌကထာ ဆိုသည် အဘယ်နည်းဟု ဖော်ပြရှင်းလင်းပြီးတဲ့အခါ " ဋီကာ " ကျမ်းများကိုလည်း
ချန်ထားခဲ့၍ မရပါ ။ သို့ဖြစ်၍ " ဋီကာ " ဟူသည် အဘယ်နည်းဟု ဆိုသော် --
              အဋ္ဌကထာတွင် ဖော်ပြထားသော အနက်အဓိပ္ပာယ်ခက်ဆစ်များကို ထပ်ဆင့်၍ ဖွင့်ပြသောကျမ်းကို
" ဋီကာ " ဟုခေါ်သည် ။ မူလဋီကာ ဖွင့်ပြ ရှင်းလင်းထုတ်ဖော်မှု မပြည့်စုံသေးသဖြင့် ထပ်မံ ဖွင့်ပြသောကျမ်း
ကို " အနုဋီကာ " ဟုခေါ်သည် ။ အချို့ကို " မဓုဋီကာ " ဟု ခေါ်သည် ။ အချို့ကို ဂဏ္ဌိ ၊ အချို့ကို ယောဇနာ
ဟု ခေါ်သည် ။ ဤဋီကာကျမ်းများကား အဋ္ဌကထာ နောက် အချိန်ကာလ များစွာကြာမှ ပေါ်ပေါက်လာခြင်း
ဖြစ်သည် ။ မြန်မာပြည်ထွက် ဋီကာကျမ်းများလည်း ရှိသည် ။
ကျမ်းကိုး  ---
မာမက ( သုတေသီ ) မြင်းမိုရ်တောင် ဆိုသည်မှာ
............................................................................................................................................................................................................................................