Tuesday, November 17, 2009
ကာမဂုဏ်
ကာမဂုဏ်
     ယနေ့မြန်မာဝေါဟာရတွင် ကာမဂုဏ်သည်အနက်တစ်မျိုးကိုဆောင်သော်လည်း မူရင်း
ပါဠိဝေါဟာရတွင် ကာမဂုဏ်သည် “ မက်မောဖွယ်ရာအစုစု “ ဟူသောအနက်ကိုဟော၏ ။
         ကာမဂုဏ်အရလည်း အာရုံ ()ပါးကိုပင်ဖော်ပြ၏ ။ သို့ရာတွင် ဒေသနာတော်တွင်
ကာမဂုဏ်ကို မာရ်နတ်၏ပထမတပ်မကြီးအဖြစ်တင်စား၍ ဆိုလေ၏ ။ အမှန်အားဖြင့်
လောက ၏အစီးအပွားအတွက် ဆောင်ရွက်သူမှန်သမျှသည် ပထမဦးစွာ မာရ်နတ်၏
ပထမတပ်မကြီးနှင့် မလွဲမသွေ တွေ့ရမည်ဖြစ်၏ ။ သူနိုင်ကိုယ်နိုင်တိုက်ခိုက် ရမည်ဖြစ်၏ ။
           ပုဗ္ဗဘာဂမဂ် ခေါ်သော သမ္မာဒိဋ္ဌိနှင့်သမ္မာသင်္ကပ္ပ ( ပညာအုပ်စု ) ၊ သမ္မာဝါယာမ
၊ သမ္မာသတိနှင့်သမ္မာသမာဓိ ( သမာဓိအုပ်စု ) တို့ဖြင့် ဒုစရိုက်များနှင့်မိစ္ဆာအာဇီဝ တို့မှ
ရှောင် ကြဉ်နိုင်သည်နှင့်သမျှ တိုက်စွမ်းရည် ထက်မြက်သောကြောင့် ကိုယ်ကနိုင်လျှင်
နောက်ထပ် မာရ်နတ်၏ တပ်မကြီး (၉)တပ်ကို ဆက်လက်တိုက်ခိုက်ရဦးမည်ဖြစ်၏ ။ အမှန်
အားဖြင့်မာရ် နတ်မှာတပ်မကြီး (၁၀)တပ်ရှိလေ၏ ။ ယင်းတို့မှာ ---
၁ ။ ကာမဂုဏ်                        ( ကာမ )
၂ ။ စိတ်ဝင်စားဖွယ်ကိုမတွေ့ခြင်း ( အရတီ )
၃ ။ ငတ်မွတ်ခြင်း                     ( ဥပ္ပိပါသ )
၎ ။ ပင်ပန်းခြင်း                       ( တန္ဒီ )
၅ ။ ငိုက်မျဉ်းခြင်း                      ( ထိန မိန္ဓ )
၆ ။ ကြောက်ရွံ့ခြင်း                   ( ဘီရူ )
၇ ။ ယုံမှားခြင်း                          ( ၀ိစိကိစ္ဆာ )
၈ ။ ကျေးဇူးမဲ့ခြင်း                      ( မက္ခ )
၉ ။ ကြွားဝါခြင်း                         ( မာန )
၁၀ ။ မိမိကိုယ်ကိုအထင်ကြီးခြင်း ၊
       သူတစ်ပါးကိုအထင်သေးခြင်း  ( အတ္တုဣံသန ပရ၀မ္ဘန )   တို့ဖြစ်ကြ၏ ။
                ယင်းတပ်မကြီး (၁၀)တပ်အနက် ပထမတပ်မကြီးဖြစ်သော ကာမဂုဏ်တွင်
ပစ္စည်း ဥစ္စာလည်းပါ၏ ။ ရာထူးလည်းပါ၏ ။ အရိုအသေခံရမှုလည်းပါ၏ ။ ထင်ပေါ်ကျော်
ကြားမှုလည်း ပါ၏ ။ များသောအားဖြင့် လောက၏ အစီးအပွားအတွက် ရွံ့ရွံ့ချွံချွံဆောင်
်ရွက်ကြသူများ သည် မာရ်နတ်၏ ပထမတပ်မကြီး ကာမဂုဏ်နှင့်ရင်ဆိုင်တွေ့ဆုံရသောအခါ
ကိုယ်ကမနိုင်ဘဲ ယင်းတပ်မကြီးတွင် ကျဆုံးသည်ကများကြလေ၏ ။
              ထို့ကြောင့် မိမိက အနိုင်မရသဖြင့် လောက၏အစီးအပွားအတွက် မဆောင်
ရွက်နိုင် တော့ပဲ မာရ်နတ်ကအနိုင်ရသဖြင့် မာရ်နတ်၏အလိုဆန္ဒအတိုင်း မာယာနှင့်
သာဌေယျဖြင့် လောက၏အစီးအပွားကို ကိုယ်ယောင်ပြပြီး မိမိ၏အစီးပွားကိုသာ ဆောင်
ရွက်မိသူဖြစ်တတ်ပါ၏ ။
              ဤသည်မှာ မိမိကရှုံး၍ မာရ်နတ်က နိုင်ခြင်းဖြစ်ပါ၏ ။ ဤတွင် “ မာယာ
ဟူသည် မိမိတွင်မရှိသော “ ဂုဏ် “ ကို ရှိဟန်ဆောင်ခြင်းဖြစ်၏ ။ “ သာဌေယျ “ ဟူသည်
မိမိတွင်ရှိ သောအပြစ်ကို မရှိဟန်ဆောင်ခြင်းဖြစ်၏ ။
             ပစ္စည်းဥစ္စာများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။
ရာထူး ဂုဏ်ထူးများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။
အင်နှင့်အားနှင့်စည်း ရုံးခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။ လုပ်ပိုင်ခွင့်ပေးပြီး
ခေါင်းဆောင်တင်၍စည်း ရုံးခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။
ကျော်ကြားထင်ရှားအောင် လုပ်ပေးပြီးစည်းရုံး ခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်း
ရှိ၏ ။
             သို့ရာတွင် ထိုသို့ရှုံးကြသူများမှာ အနတ္တဒဿနကို မလေ့လာမိပဲ
အတ္တဒဿနကိုသာ အားကိုးတကြီး လေ့လာမိခြင်းကြောင့် ကိုယ်ကျင့်သိက္ခာ မခိုင်မာ၍
တိုက် စွမ်းရည် မထက်မြက်သောကြောင့် ရှုံးကြခြင်းမျိုးလည်း ဖြစ်နိုင်ပါ၏ ။
ပင်ကိုဗီဇကောင်းပါလျက် စာပေပညာ အပေါင်းအဖော်မှားသဖြင့်အကောင်းမှအဆိုး
ဖြစ်သွားရခြင်းဖြစ်ပါ၏ ။
            မြတ်စွာဘုရားကလည်း ရှင်အာနန္ဒာအား မိတ်ဆွေကောင်းရှိခြင်းသည်
အရာရာတိုင်း ကို ပြီးမြောက်စေသည်ဟူ၍ ဟောကြားချက်များ ရှိပါ၏ ။ ထို့ကြောင့်
ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပေးနိုင်သော စာပေများသည်လည်း မိတ်ဆွေကောင်း
ကလျာဏမိတ္တ ဖြစ်၏ ။ အမှန် အားဖြင့် စာပေသည် “ ဥပါဒါန ပစ္စယာ ဘဝေါ "အရ
  ဒိဋ္ဌုပါဒါန်အနေဖြင့် ဘ၀၏ကောင်းကျိုး ဆိုးပြစ်ကို ဖန်တီး၏ ။
            ဗုဒ္ဓဒေသနာအရဆိုလျှင် ကိုယ်ကျင့်သိက္ခာဖြူစင်မှုအပေါ် တည်ဆောက်မထား
သော စိတ်ဓာတ်ခိုင်မာမှုသည် အန္တရာယ်ရှိသော ခေါင်းမာမှုတစ်မျိုးပင် ဖြစ်၏ ။ တစ်ဖန်
်ခေါင်းမာမှု အပေါ်တည်ဆောက်ထားသော ပညာကား ပညာစစ်မဟုတ် ။ ဗဟုသုတ သာ
ဖြစ်၏ ။ အကယ် ၍ ဗဟုသုတကို ကိုယ်ကျင့်သိက္ခာမြင့်မားမှုအပေါ်တွင် မတည်ဆောက်ပါ
က ဗဟုသုတများ လေ အမှားကို ကျူးလွန်တတ်လေ ဟူ၍ မြတ်စွာဘုရားက အရှင်သာရိပု-
ုတ္တရာအား ပါရာဇိက ကဏ္ဍပါဠိတော် ဝေရဉ္ဇကဏ္ဍသိက္ခာပဒ ပညတ္တိယာဓနကထာ တွင်
်ဟောကြားတော်မူချက် လည်းရှိပါ၏ ။
             ထို့ကြောင့် ကိုယ်ကျင့်သိက္ခာကို ခိုင်မာအောင်တည်ဆောက်ရန် မကြိုးစားပဲ
ပညာ တတ်အောင်ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက် ကြီးမားသော
အန္တရာယ် ကိုယူဆောင်ရာ ရောက်တတ်ပါ၏ ။ ထို့ကြောင့် ဖြတ်လမ်းဟူ၍မရှိဘဲ
အစဉ်အတိုင်းသာကျင့်ရ သော ဗုဒ္ဓဘာသာကျင့်စဉ်အရ ကိုယ်ကျင့်သိက္ခာကောင်းအောင်
ပထမဦးစွာ အလေးထား၍ ကျင့်ရန်လိုလေ၏ ။
             စာပေများကို ဖတ်ရှုလေ့လာသောအခါတွင်လည်း ကိုယ်ကျင့်သိက္ခာမျက်နှာ
စာမှရပ် တည်၍ လေ့လာဖတ်ရှုအပ်၏ ။ ထိုအခါမှသာ မိမိတို့၏ ဗီဇစိတ်ဓာတ်အရ
 လူအပေါင်း၏အကျိုး စီးပွားကို ဆောင်ရွက်လိုသော သဘောထားကို မြေတောင်မြှောက်
်ရာရောက်၏ ။ ထို့ကြောင့် လောက၏ အကျိုးအစီးပွားအတွက် ဆောင်ရွက်နိုင်ရန် စာပေ
များကို လေ့လာတော့မည်ဆိုပါ က ဗုဒ္ဓစာပေသည် လေ့လာရန်အကောင်းဆုံး စာပေ
ဖြစ်၏ ။
      ဗုဒ္ဓစာပေနှင့်အခြားစာပေများတွင် ထူးခြားချက်ရှိပါ၏ ။ ဗုဒ္ဓစာပေကိုဟောကြားတော်
မူခဲ့သော ဗုဒ္ဓကား ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ ကိလေသာလုံးဝမရှိ ။ ထို့ကြောင့် ဘက်
လိုက်သောအမြင်ဖြင့် ဖော်ပြချက်ဟူ၍လည်း လုံးဝမရှိ ။ ဥာဏ်တော်ဖြင့်သာ ဟောကြား
တော်မူ ထားခြင်း ဖြစ်သဖြင့် အမှားအယွင်းဟူ၍လည်း လုံးဝမရှိ ။ ဤသည်ကိုပင်
 “ အာဂမသုဒ္ဓိ “ ဟူ၍ ဆိုရမည်ဖြစ်၏ ။
              အာဂမသုဒ္ဓိ ဟူသည်မှာ လာရာလမ်းကြောင်း စင်ကြယ်သောစာပေ ဟူ၍ဖြစ်
၏ ။ အခြားသူများကား စာပေများကို ကိလေသာတန်းလန်းဖြင့် ရေးသားခြင်းဖြစ်၏ ။
ထို့ကြောင့် အမှားအယွင်းရှိ၏ ။ ဤခြားနားချက်အရလည်း ဗုဒ္ဓစာပေသည် လောက၏
အစီးအပွားအတွက်ဘက်မလိုက်ဘဲ ဆောင်ရွက်လိုသူများအနေဖြင့် များစွာဖတ်ရှုလေ့လာ
သင့်သောစာပေ ဖြစ်ပါ ၏ ။
            ခေတ်အဆက်ဆက်တွင်လည်း ဗုဒ္ဓဘာသာစာတတ်ပေတတ်ပုဂ္ဂိုလ်များသည် 
် အတ္တ သမားများဖြစ်သွားသည်နှင့်အမျှ တိုက်စွမ်းရည်ညံ့ပြီး မာရ်နတ်၏ ပထမတပ်မ
ကြီးဖြစ်သော ကာမဂုဏ်၏ထိုးစစ်ကို မခံနိုင်၍ ကျရှုံးသူများရှိခဲ့ပါ၏ ။ လာဘ်လာဘဖြင့်
့်ဖြားယောင်းမှုကြောင့် မဟုတ်တာကို အဟုတ်လုပ်၍ ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။
 ရာထူးဖြင့် ဖြားယောင်းမှုကြောင့် မဟုတ်တာကိုအဟုတ်လုပ်၍ဆိုခဲ့သူများလည်း
ရှိခဲ့ပါ၏ ။ အလေးအမြတ်ခံရမှုဖြင့် ဖြားယောင်း ခံရ၍ မဟုတ်တာကို အဟုတ်လုပ်၍
 ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ ထင်ရှားကျော်ဇောမှုဖြင့် ဖြားယောင်းခံရ၍ မဟုတ်တာကို
 အဟုတ်လုပ်ပြီး ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ မာရ်နတ်၏ " လာဘ " တပ်သည်
 ထိုးစစ်တွင်ထက်မြက်လှ၏ ။ “ သက္ကာရ “ တပ်သည်လည်း ထိုးစစ်တွင်
ထက်မြက် လှ၏ ။ “ ကိလေသာ “ တပ်သည်လည်း ထိုးစစ်တွင် ထက်မြက်လှ၏ ။
တော်ရုံတန်ရုံအင်အား နှင့်တော့ မာရ်နတ်၏ ကာမဂုဏ်တပ်မကြီးကို တွန်းလှန်ဖို့
မလွယ်ကူချေ ။
            မြန်မာနိုင်ငံသားတို့အနေဖြင့် မိမိကိုယ်ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။
မိမိ၏ အမျိုးသား(လူမျိုး)ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။ မိမိ၏နိုင်ငံတော်ကို
မိမိချစ်သည်မှာ ယုံမှား ဖွယ်မရှိချေ ။ သို့ရာတွင် မိမိကိုယ်ကို မိမိနှစ်ရာမရောက်ဘဲ
ချစ်ရာရောက်အောင် ၊ မိမိအမျိုး သား(လူမျိုး)ကိုမိမိနှစ်ရာမရောက်ဘဲ
ချစ်ရာရောက်အောင် ၊ မိမိ၏နိုင်ငံတော်ကို မိမိ နှစ်ရာမရောက်ဘဲချစ်ရာရောက်အောင်
မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ဓမ္မသေနင်္ဂဗျူဟာ နှင့်အညီ လုပ်ရန် လိုပါ၏ ။
            လူကိုလူလိုမြင်ပြီး သူတစ်ပါးကို စတေးပြီးမှ ရမည့်အခွင့်အရေးမျိုးကို
မယူမိအောင် ထိန်းသိမ်းဖို့ လိုအပ်ပါ၏ ။ ထိုသို့ ထိန်းသိမ်းခြင်းသည် အတ္တကို
ပယ်သတ်ခြင်းမည်ပါ၏ ။အတ္တ ကိုပယ်သတ်ခြင်းသည် မာရ်နတ်၏ တပ်မကြီး “ ကာမဂုဏ်
ကို ဓမ္မသေနင်္ဂဗျူဟာဖြင့်နိုင် အောင်တိုက်ခြင်းမည်ပါ၏ ။ သို့ရာတွင် အတ္တကို
ပယ်သတ်ရာတွင် ရုပ်နာမ်ခန္ဓာကိုသိရုံမျှ ညာတပရိညာဖြင့် မလုံလောက်သေးပေ ။ အနိစ္စ ၊
ဒုက္ခ ၊ အနတ္တကိုသိရုံမျှ တီရဏပရိညာဖြင့် မလုံလောက်သေး ။ တဏှာ ၊ မာန ၊ ဒိဋ္ဌိတို့ကို
ပယ်သတ်နိုင်သော ပဟာနပရိညာဖြင့် အတ္တကို ပယ်သတ်နိုင်၏ ။ အတ္တသည်
တဒင်္ဂပဟာန်ဖြင့်သေသေ ၊ ၀ိက္ခမ္ဘနပဟာန်ဖြင့်သေသေ ၊ သမုစ္ဆေဒပဟာန်ဖြင့်သေသေ
အတ္တသေသည်နှင့်အမျှ မာရ်နတ်၏ပထမတပ်မကြီး ကာမဂုဏ် ကိုနိုင်သည်မည်ပါ၏ ။
ကာမဂုဏ်ကိုနိုင်သည်နှင့်အမျှ ဤလောကသည် ငြိမ်းချမ်းပေလိမ့်မည် ။
             ထို့ကြောင့် ဤလောကကို တကယ်ငြိမ်းချမ်းစေလိုပါက ကိုယ်ကျင့်စင်ကြယ်မှု
စိတ် စင်ကြယ်မှု အမြင်စင်ကြယ်မှု တို့အပေါ် အခြေခံသော ပရိညာသုံးပါးဖြင့်
မာရ်နတ်၏ပထမ တပ်မကြီးဖြစ်သော ကာမဂုဏ်ကို နိုင်အောင် တိုက်အပ်ပါ၏ ။
အမှန်အားဖြင့် အတ္တကိုနိုင်လျှင် ကာမဂုဏ်ကို နိုင်သည်မည်ပါ၏ ။             
ကျမ်းကိုး  -
ဦးရွှေအောင် - အမြင်များပြောင်းလဲခြင်း
.......................................................................................
Friday, November 13, 2009
စေတနာနှင့်အကျိုးရလဒ်
                                      စေတနာနှင့်အကျိုးရလဒ်
               ကာယကံ ၊ ၀စီကံ ၊ မနောကံမှုတို့တွင် အပြုအမူတစ်ခုဖြစ်ပေါ်သည့်အခါတိုင်း အကျိုး နှစ်မျိုး
ထင်ရှားဖြစ်တတ်ကြောင်းကို တွေ့လာကြရသည် ။ ပြုမှု ၊ ကြံမှု ၊ ပြောမှုတို့တွင် လိုလား အပ် ၊ နှစ်သက်အပ်သော
အကျိုးရလဒ် ထင်သည်လည်းရှိသည် ။ မလိုလားအပ် ၊ မနှစ်သက် အပ်သောအကျိုးရလဒ်သည်လည်းရှိသည် ။
တစ်နည်းအားဖြင့်ပြောရလျှင်ကုသိုလ်ဖြစ်စေသော ကံလည်းရှိသည် ၊ အကုသိုလ်ဖြစ်စေသော ကံလည်းရှိသည် ။
           ထိုအခါ တွေးခေါ်စဉ်းစားတတ်သူများက ဤသို့တွေးကြံကြပြန်သည် ။ “ လူ့ ကြိုးပမ်း ဆောင်ရွက်မှုတစ်ခု
၊ အပြုအမူတစ်ခု မှန်သည် ၊ မှားသည်ကို ဘယ်အချက်ကိုကြည့်၍ စဉ်းစား ဆုံးဖြတ်အပ်သနည်း
ဟုတွေးပြန်သည် ။ ဤပုစ္ဆာကို အဖြေရှာဖို့ကြိုးပမ်းကြရာမှာ ၀ါဒနှစ်မျိုး ပေါ်လာသည် ။
ကောင်းသည်ဟု မြင်သောအမြင်ဖြစ်သည် ။ တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်သ လား ၊ အကုသိုလ်ဖြစ်သလား
ဆိုသည်ကို သိလိုလျှင် အကျိုးရလဒ်ကိုမကြည့်ရ စေတနာကို သာကြည့်ရမည်ဟု ယူသော အယူဝါဒ ဖြစ်သည် ။
              ထိုအယူကို စဉ်းစားရာမှာ ဥပမာ - မိခင်၏နဖူးတွင်ကိုက်နေသောခြင်ကို ရိုက်ရာမှ
မိခင်သေဆုံးရသော ပုံဝတ္ထုကို စာဖတ်သူတို့ကြားဖူးကြပေလိမ့်မည် ။ ဤတွင် သား၏စေတနာ မှာ မိခင်ကို
ခြင်ရန်မှ ကာကွယ်လိုသော စေတနာဖြစ်ကြောင်း ထင်ရှားပါသည် ။ သို့သော် ထို စေတနာကို
အကောင်အထည်ဖော်သော အကျိုးရလဒ်ကြောင့် မိခင်သေဆုံးရသည် ။ သို့ဖြစ် လျှင် စေတနာမှန်သော်လည်း
သား၏ အပြုအမူသည် မှန်ကန်သော အပြုအမူဟု ဆိုနိုင်ပါမည် လား ။ ဤကား စောဒက ဖြစ်၏ ။
                   နောက်ဝါဒတစ်ခုမှာ အပြုအမူကို ဆုံးဖြတ်ကြရာတွင် စေတနာကိုထက် အကျိုး ရလဒ်ကိုသာ
ကြည့်ရမည် ။ စေတနာ မှန်သလား ၊ မှားသလား ကြည့်နေစရာမလို ။ အကျိုးရှိ သလား ၊ မရှိဘူးလား
ကိုပဲကြည့်ပြီး ဆုံးဖြတ်ရမည် ဆိုသော ၀ါဒဖြစ်၏ ။
             ထိုအမြင်ကို အမြင့်ဆုံးတံခွန်ထူခဲ့သော နိုင်ငံရေးဒဿနဆရာကြီး မက်ခိယာဗယ်လီ ရဲ့ အယူဝါဒမှာ
" ဘယ်နည်းနှင့်လုပ်လုပ် ၊ လိုသောအကျိုးကိုရလျှင် လုပ်သောနည်းမှန်တယ် “ ဟူ၍ ဖြစ်လေသည် ။
              ဤအယူအဆသည် အကျိုးရလဒ်ကို ပဓာနထားသော အမြင်ဖြစ်သည် ။ ဤအမြင် နှစ်ခုသည်
တစ်ဖက်သတ်ကျသော အမြင်နှစ်ရပ်ဖြစ်ပြီး အတွေးအမြင်သမိုင်းတစ်လျှောက်လုံး တွင် အစဉ်အမြဲ
ဝိရောဓိအသွင်ကိုသာ ဆောင်နေခဲ့ကြသည် ။
       စေတနာကြည့် အယူဝါဒနှင့် အကျိုးကြည့် အယူဝါဒကွဲပြားခြားနားလာရသည့်အကြောင်း ကို
လေ့လာကြည့်သောအခါ ပြဿနာ၏ အရင်းအမြစ်ကို တွေ့ရှိရသည် ။ လူ့အပြုအမူများတွင်
ရည်ရွယ်သည်ကတစ်ခြား ၊ ဖြစ်လာသည်ကတစ်ခြား ဖြစ်တတ်သော သဘောတစ်ခုရှိနေ၏ ။
            စေတနာကတစ်ခြား ၊ အကျိုးရလဒ်ကတစ်ခြား ဖြစ်တတ်သည်ကို သိမြင်လာသော အခါ
လူ့ဆန္ဒအလျောက် ထိန်းချုပ်ရန် ကျိုးစားလာကြသည် ။ လူသားတို့ရည်မှန်းထားသော အကျိုးကို
စေတနာရှိသည့်အတိုင်း ရလဒ်ပေါ်အောင် သိပ္ပံပညာက ဆောင်ရွက်ပေးနိုင်လာ သည် ။ အလိုရှိပါက ဆီးသီးကိုပင်
ပန်းသီးဖြစ်အောင် လုပ်မလား ရသည် ။ ဖန်ပြွန်အိမ်လေးမှာ သန္ဓေတည်စေမလား , ရသည် ။
              ထိုအခါ “ သိပ္ပံပညာက လူ့အလိုဆန္ဒရှိသမျှကို စေတနာဆန္ဒအတိုင်း အကျိုးရလဒ် ထင်အောင်
ဆောင်ရွက်ပေးနိုင်ပြီပဲ ၊ ဒီလိုဆို လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေးနယ်ပယ်တွေမှာ လည်း သိပ္ပံပညာမှာလိုပဲ
မချွတ်မလွဲ မဖောက်မပြန် ဖြစ်စေတတ်တဲ့ နိယာမတရားဆိုတာတွေ လိုက်ရှာပြီး လူ့ဆန္ဒအလိုရှိတဲ့အတိုင်း
စေစားတတ်ရင်ဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးနယ် ပယ်မှာလည်း လုပ်သမျှ ကိုင်သမျှမှာ စေတနာရှိသလို
အကျိုးထင်တော့မှာပဲ “ ဟု တွေးလာ ကြလေသည် ။
              သို့ရာတွင် သူတို့ထင်သလို စေတနာမှ လိုသောအကျိုးရလဒ်ကိုရအောင် ဖန်တီးရာ တွင်
အခက်အခဲမျိုးစုံကြုံရသည် ။ ရည်ရွယ်သည်ကတစ်ခြား ၊ ဖြစ်လာသည်ကတစ်လွဲ ဖြစ် လျက်ရှိသည် ။
               ဤတွင် မြတ်ဗုဒ္ဓဟောကြားတော်မူသည်မှာ - စေတနာဆိုသော စိတ်၏ စေ့ဆော်
တိုက်တွန်းတတ်သော တရားသည်ပင် ကံ ဖြစ်သည်ဆိုသော အယူအဆကို သိနားလည်လာရ သည် ။ အပြုအမူ
(ကံ)တိုင်းမှာ ကောင်းမှု ဆိုးမှုဆိုသော ရလဒ်နှစ်ခုအနက်တွင် တစ်ခုပေါ် မြဲဓမ္မတာ ရှိပါသည် ။ ထိုကောင်းမှုကံ ၊
မကောင်းမှုကံ၏အကျိုး ( ကောင်းကျိုး ၊ ဆိုးကျိုး ) ကို ပြုသူကသာ ခံကြ ၊ စံကြရသည် ။ ထိုသို့ ခံရ ၊ စံရရာတွင်
စေတနာပါမှဖြစ်သည် ။ မိမိက စေတနာမပါဘဲပြုမိသဖြင့် လူသေသည်ပဲထား ၊ ထိုလူမှာ အကုသိုလ် ( အပြစ် )
ဖြစ်သလား ၊ စဉ်းစားကြည့်လျှင် အဖြေပေါ်ပါသည် ။
               ဗုဒ္ဓသည် နိယာမ ( ၅ ) မျိုးခွဲပြတော်မူလေသည် ။
၁ ။ ဥတုနိယာမ
၂ ။ ဗီဇနိယာမ
၃ ။ ကမ္မနိယာမ
၎ ။ စိတ္တနိယာမ
၅ ။ ဓမ္မနိယာမ       တို့ဖြစ်ပါသည် ။ ဤတွင် ကံကို နိယာမအဖြစ် ဗုဒ္ဓရှုမြင်သုံးသပ်ထားသည် ကို
သတိမူသင့်ပါသည် ။
             လူသားသည် မိမိစေတနာအလျောက် လိုသောအကျိုးရလဒ်ကို မုချရရှိစေနိုင်သော
နည်းလမ်းရှိပါသည် ။ ထိုနည်းမှာ အောက်ပါအချက်ကြီး ( ၅ )ချက်ပေါ်တွင် တည်ပါသည် ။ ပါဠိလို
ပဉ္စအာဝဿကတရားဟု ဆိုနိုင်ပါသည် ။ ပဉ္စအာဝဿကတရား ၅ပါးတွင် -
၁ ။ စေတနာမှန်ကန်ခြင်း
၂ ။ လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း
၃ ။ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း
၎ ။ အချိန်ကို သိနားလည်ခြင်း
၅ ။ ပစ္စည်းနှင့်ဝီရိယအထောက်အပံ့ ပြည့်စုံခြင်း ဖြစ်ပါသည် ။
              ထိုအရာ ( ၅ ) ပါးပြည့်စုံလျှင် စေတနာသည် လိုသောအကျိုးရလဒ် ရှေ့ဆောင် လမ်းပြ
ဖြစ်လာနိုင်ပါသည် ။
ကျမ်းကိုး -
ဦးဆန်းလွင် - သေခြင်းဒဿန
ဦးအေးမောင် - စိတ်ပညာနှင့်ကိုယ်ကျင့်တရား
..............................................................................................................................................................................................................................................................
Wednesday, November 11, 2009
လူသားများဖယ်ရှား/စောင့်ထိန်းရမည့်တရားများ
လူသားများဖယ်ရှား/စောင့်ထိန်းရမည့်တရားများ
         လူအချို့သည် နေ့စဉ်နှင့်အမျှ ကောင်းမှုကံ ၊ မကောင်းမှုကံများ
ပြုလုပ်လျက် ရှိနေကြ ရာ ထို့ကံများကို ပြုလုပ်ရန် စိတ်က
စေ့ဆော်ပေးလျက် ရှိနေ၏ ။ လူအချို့၏ စိတ်ဓာတ်သည် လောဘ ၊
ဒေါသ ၊မောဟ ။ မာန က္ကဿ ၊ မစ္ဆရိယစသော တရားဆိုးများ
လွှမ်းမိုးခံထားရသော စိတ်ဓာတ်များဖြစ်လျှင် ဘယ်သူသေသေ
ငတေမာပြီးရော သူတစ်ပါးအား အကောင်းမမြင်
သည်းခံခွင့်လွှတ်မှုကင်းပြီး မင်းသားမလုပ်ရက ပတ်မထိုးဖောက်ချင်
ကြောင်းကျိုးမထင်အမှန်မမြင်တွေဝေယုံမှား ထောင်လွှားမနာလို
သူတစ်ပါးအား မိမိကဲ့သို့ မသိမတတ်စေချင် မကြီးပွားစေချင်
ရာထူးစည်းစိမ်အခြံအရံအကျော်အစော မဖြစ်စေချင် စသော
ယုတ်ညံ့သော စိတ်ထား ကိလေသာအပူဓာတ်များ ရစ်ပတ်ခံရသူ
အဖြစ်သို့ ရောက်ရှိသွားတော့၏ ။
            တစ်ဖက်မှလူတို့၏ ကိလေသာအပူဓာတ် ထင်ဟတ်မှုကို
ခံရသော တစ်ဖက်လူများတို့ တွင်လည်း သောက ၊ ပရိဒေ၀ ၊ ဒုက္ခ ၊
ဒေါမနဿ ၊ ဥပါယာသ စသော မီးပူများ ဆင့်ပွားဖြစ်ပေါ်ခဲ့ကြရပြန်
၏ ။
            ထို့ကြောင့် ယင်း ၀ိသမလောဘ ၊ ဒေါသ ။ မောဟ ၊ မာန
စသောတရားဆိုးများကို ၀ိသမတရားဆိုးများဖြစ်ကြောင်းသိပြီး ယင်း
ဝိသမလောဘ ၊ ဒေါသ ၊ မောဟ ၊ မာနစသော တရားဆိုးများကို
ရှောင်ခွာဖယ်ရှား လျော့ပါးအောင်ပြုလုပ်နိုင်ကြလျှင် ထိုတရားဆိုးများ
အလို အလျောက် လျော့ပါးလာမည်ဖြစ်၏ ။
             ထိုသို့ ဖယ်ချိုးနိုင်ရန်မှာ လူအများသည် မေတ္တာ ၊ ကရုဏာ ၊
မုဒိတာ ၊ ဥပေက္ခာ ဟူသော ဗြဟ္မာစိုရ်တရားနှင့် သီလ ၊ မေတ္တာ ၊ ခန္တီ ၊
သစ္စာတရားတို့ကိုပွားများကျင့်သုံးနိုင်သော စိတ်ကောင်းစိတ်မြတ်များကို
မွေးမြူနိုင်ကြရန်လို၏ ။ သီလ ၊ မေတ္တာ ၊ ခန္တီ ၊ သစ္စာတရားများ ၊
ဗြဟ္မာစိုရ်တရားများသည် အပူဓာတ်ကိလေသာတရားများ၏
ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အအေးဓာတ်ကြည်လင်ဖြူစင်သော
စိတ်မြတ်များဖြစ်၏ ။ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာနစ သော
အပူဓာတ်များလွန်ကဲသောသူတစ်ဦး၏ ရုပ်အဆင်းမှာ
ကြမ်းတမ်းညစ်နွမ်းနေပြီး ၊ ကြည် လင်မှုကင်းမဲ့နေသလောက် ၊ မေတ္တာ
၊ ကရုဏာစသော စိတ်ဓာတ်များလွန်ကဲသူတစ်ဦး၏ ရုပ် အဆင်းမှာ
ကြည်လင်အေးမြပြီး ကျက်သရေပြည့်ဝနေသည်ကို တွေ့ရှိနိုင်၏ ။
၁ ။ အမျက်ထွက်ခြင်း                    -  ကောဓ ၊
     ရန်ငြိုးဖွဲ့ခြင်း                           - ဥပနာဟ ။
၂ ။ သူ့ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း      - မက္ခ ၊
     ပြိုင်ဆိုင်ခြင်း                            - ပဠာသ ။
၃ ။ မနာလို မရှုစိမ့်ခြင်း                     - က္ကဿ ၊
၎ ။ ကောက်ကျစ်စဉ်းလဲခြင်း                - သာဋ္ဌေယျ ၊
     ကိုယ့်အပြစ်ကိုလှည့်ပတ်ဖုံးလွှမ်းခြင်း   - မာယာ ။
၅ ။ အဆင့်နိမ့်သော အလိုဆန္ဒ               - ပါပမိစ္ဆာ ၊
     မှားသောအယူ                            - မိစ္ဆာဒိဋ္ဌိ ။
၆ ။ မိမိ၏အမှား ၊ အယူမှားကိုမစွန့်ခြင်း             - အာဓာနဂ္ဂါဟ ၊
     မိမိ၏အမှား ၊အယူမှားကို မြဲမြံစွာဆုပ်ကိုင်ခြင်း - ဒုပ္ပဋိနိဿဂ္ဂ ။
                ဟူသော ယုဂလ ပါပဓမ္မ စုံတွဲအယုတ်တရား ( ၆ ) ပါး
တရားကိုယ်အားဖြင့် လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ဒိဋ္ဌိ ၊က္ကဿ ၊
မစ္ဆရိယ ဟူသောတရားဆိုးများကို ဝေးစွာ ရှောင်ရှားကြပြီး ၊
အေးမြကြည်လင်မှုကို ပေးဆောင်နိုင်သော မေတ္တာ ကရုဏာမုဒိတာ
ဥပေက္ခာနှင့် သီလမေတ္တာခန္တီ သစ္စာတရားများကို အစဉ်ထာဝရ
ပွားများကြရန် လိုအပ်ပေ၏ ။ 
ပထမစိတ်ကောင်းရှိရန် 
ဒုတိယ စိတ်ကောင်းရှိရန်    
တတိယ စိတ်ကောင်းရှိရန်  သဘောထားလျက် စိတ်ကောင်း ၊
စေတနာကောင်းများကို မွေးမြူ ပွားများကြပါဟု တိုက်တွန်းလျက် ……
ကျမ်းကိုး -
မာမက ( သုတေသီ ) - မြင်းမိုရ်တောင်ဆိုသည်မှာ
Saturday, November 7, 2009
ညောင်လေးပင်နယ်မှ ၀ါဒရေးရာ ပြဿနာ
ညောင်လေးပင်နယ်မှ ၀ါဒရေးရာ ပြဿနာ
... ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၄-မိုင်ကျော်ကျော် ၁၅-မိုင်ကျော်ကျော်ခန့်ဝေးသော “ သောင်ကြီးရွာ “ တွင်ဖြစ်၏ ။ ထိုရွာနေ အများစု ပုဂ္ဂိုလ်တို့မှာ စီးပွားရေးကောင်းကြ၏ ။ အများအားဖြင့် ချမ်းသာကြွယ်ဝ ပြည့်စုံကြ၏ ။ ရွာဦးကျောင်းဆရာတော်ကြီးမှာလည်း နှယ်နှယ်ရရ မဟုတ်ပေ ။ သီလ ၊ သမာဓိ ၊ ပညာ နှင့် ပြည့်စုံ၍ ပရိယတ်ဂုဏ် - ပဋိပတ်ဂုဏ် ရှိသောကြောင့် “ ဂိုဏ်းထောက် ဆရာတော်ကြီး “ အဖြစ် ခန့်အပ်ခြင်းခံရသော မထေရ်ကြီး တစ်ပါးပင် ဖြစ်၏ ။
           သို့ရာတွင် ထိုရွာနေ လူတစ်စုတို့က မထေရ်ကြီးအပေါ် ပြစ်တင်ရှုတ်ချ ကဲ့ရဲ့စကားဆိုကြ၏ ။ သူတို့ ကဲ့ရဲ့ကြပုံမှာ -
            “ ဘယ့်နှယ်……တို့ကျောင်းဆရာတော်ကြီးက တစ်ခါလာလည်း ဒါန သီလဟော ၊ နောက်တစ်ခါလာလည်း ဒါန သီလအကြောင်းဟော ၊ ဒါနက ဘ၀စည်းစိမ်တွေ ပြည့်စုံစေတယ်လို့ ဆိုတယ် ၊ သီလက လူ့ပြည် နတ်ပြည်ဆိုတဲ့သုဂတိတွေကို ရစေသတဲ့ ။
              ဒီလိုဆိုတော့ ဒုက္ခအသေးစားကနေ ဒုက္ခ အကြီးစား ရဖို့ချည်း သူဟောနေတာပေါ့ ၊ ဟောရာ ရောက်တော့တာပေါ့ ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ကြောင်း  ၀ိပဿနာတရားကောင်းလေးများ တစ်ခါတစ်လေမှ မဟောဖူးဘူး ၊ မဟောတတ်ဘူးလား မသိပါဘူး “
             ဤသို့စသည်ဖြင့် ကဲ့ရဲ့စကားပြောကြားကြ၏ ။ ထိုပုဂ္ဂိုလ်တို့သည် သဂြိုဟ်အခြေခံလည်း အတော်အတန်ရှိသူများ ဖြစ်ကြ၏ ။ ၀ိပဿနာစာအုပ် များကိုလည်း ဖတ်ကြားလေ့လာသူများ ဖြစ်ကြ၏ ။ ဤသို့ အခြေခံအစအနရှိကြ ၍လည်း ပြောလာကြခြင်း ဖြစ်လေ၏ ။ ပြောရုံတွင်မက အဖော်ညှိကြပြီးလျှင် ရွာဦး ကျောင်းကိုပင် မသွားဘဲ နေလာကြတော့၏ ။ ဤနည်းအားဖြင့် သူတို့လူစုတွေ အတော်ပင် ဦးရေများလာသည် ဖြစ်၏ ။
             ထိုသောင်ကြီးရွာသား မျက်စိကုဆရာကြီးဦးထွန်းသာသည် ညောင်လေးပင် မြို့ပေါ်တွင်နေသဖြင့် ဆရာတော်လေး ဦးဝိမလ ( မိုးကုတ်ဆရာတော်ဘုရာကြီး ) နှင့် ရင်းနှီးနေ၏ ။ သို့ဖြစ်၍ သောင်ကြီးရွာကိစ္စအကြောင်းကို လျှောက်ထားပြီးလျှင် “ အရှင် ဘုရား ကြွရောက်ဖြေရှင်းပေးပါ “ ဟုတောင်းပန်လျှောက်ထားခဲ့၏ ။
              ဆရာတော်လေးဦးဝိမလမှ ဖြစ်ပုံအခြင်းအရာအား သေသေချာချာစုံလင် အောင်မေးပြီးမှ ၁၂၉၇ခုနှစ် တပေါင်းလဆုတ်ထဲတွင် သောင်ကြီးရွာသို့ ကြွရောက် လိုက်ပါတော်မူလေ၏ ။ ခင်တန်းကျောင်း ဦးသုမနလည်း လိုက်ပါခဲ့၏ ။
              သောင်ကြီးရွာသို့ရောက်သောအခါ ဆိုင်ရာဒကာတို့ကို ကျောင်းသို့ခေါ် လိုက်၏ ။ စုံညီစွာရောက်ကြသောအခါ ဆရာတော်လေးက အမိန့်ရှိ၏ ။
         “ ဒကာတို့…..အခုလို ဘုန်းကြီး ဒီရွာကိုရောက်လာရတာဟာ ဒီရွာဦးကျောင်း ဆရာတော်ကြီးနှင့် ဒကာတို့ ၀ါဒရေးရာ အယူအဆ မတူကြလို့ မညီမမျှ ဖြစ်နေကြ တယ် ဆိုတာ ကြားရပါတယ် ၊ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးနိုင်မလား လို့ လာရ ခြင်းပါပဲ “
            ဤသို့ မိန့်သောအခါလှုပ်လှုပ်ရွရွ ဖြစ်လာကြပြီးလျှင် တစ်ယောက်တစ် ပေါက် မကျေနပ်ချက်တို့ကို လျှောက်ကြတော့၏ ။ သူတစ်မျိုး ငါတစ်ဖုံ စုံနေတော့၏ ။ ထိုအခါဆရာတော်လေးက -
“ နေကြပါဦး - ဒီလိုလုပ်နေလို့ မပြီးနိုင်ဘူး ၊ တစ်ယောက်စီပြောပါ ၊ ဒါမှမဟုတ် အားလုံးရဲ့ကိုယ်စားတစ်ဦးက ပြောပါ ၊ မိမိတို့ရဲ့ အယူဝါဒကို တင်ပြပါ။ မရှင်းတာ ကိုမေးနိုင်ပါတယ် ၊ ဘုန်းကြီးကဖြေပါမယ် ၊ ဒကာတို့ရဲ့အမေးကို ပြေလည်အောင် ဘုန်းကြီးက မဖြေနိုင်ရင် ဒကာတို့ရဲ့ဝါဒကို ဘုန်းကြီးက ထောက်ခံသွားမယ် ။
         အဲဒီနောက် ဘုန်းကြီးကတစ်ဖန် ဒကာတို့ကိုပြန်ပြီး မေးဦးမယ် ။ ဒကာတို့ရဲ့ အယူအဆများဟာ ( သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ ) နဲ့ မကိုက်ညီရင် ဒကာတို့က ဒီကျောင်းဆရာတော်ကြီးကို ဦးစွာ ကန်တော့ကြရမယ် ။ ပြီးတော့ ဒကာတို့ရဲ့အရွယ် ရောက်တဲ့သားတွေ ၊ တူတွေကို ဒီကျောင်းမှာ သင်္ကန်းစည်းစေပြီးတော့ ဆရာတော် ကြီးကို ၀တ်ကြီးဝတ်ငယ် ပြုကြရမယ် ၊ ဘယ့်နှယ်လဲ….”
ဤသို့ စည်းကမ်းသတ်မှတ် ဘောင်ခတ်၍ မေးလိုက်သောအခါ “ ကောင်းပါတယ် ဘုရား “ ဟူ၍ ၀န်ခံကြ၏ ။ “ ကဲ..ဒါဆိုရင် ကိုယ့်အယူဝါဒကို တင်ပြလျှောက်ထားကြ စမ်း “ ဟုခွင့်ပြုလိုက်သဖြင့် ဒကာများက လျှောက်ထားကြတော့၏ ။
             “ ဒီလိုပါဘုရား ၊ တပည့်တော်တို့ အခုကိုးကွယ်နေတဲ့ ရွာဦးကျောင်းဆရာ တော်ကြီးက တရားဟောတိုင်း ဒါန - သီလ အကြောင်းချည်း ဟောနေတယ်ဘုရား ။ တပည့်တော်တို့ စာတွေထဲ ဖတ်ရလို့ သိရသလောက် ဒါနဟာ ဘ၀သံသရာမှာ စည်းစိမ်တွေမောက်ဖြိုး အကျိုးပေးစေတယ် - လို့ ဆိုပါတယ် ။ သီလ ကတော့ ကောင်းတဲ့ ဘ၀နဲ့ ရုပ်ရည် အဆင့်အတန်း မြင့်မြင့်ကို ရစေတယ်လို့ ဆိုပါတယ် ။ ပြီးတော့ တစ်ခါ ဒီစည်းစိမ် ၊ ဒီ ဘ၀တွေဟာ ဒုက္ခသစ္စာတွေပါ ၊ အနှစ်မရှိပါဘူး - လို့ လည်း ဆိုပြန်ပါတယ် ။
         တပည့်တော်တို့က အားလုံးပါပဲ ၊ ကန်တော့ကြတဲ့အခါ “ နိဗ္ဗာန်ကို ရရလိုပါ၏ “ ဆိုတော့ လိုချင်တာက နိဗ္ဗာန် ၊ ဟောတာက ဒုက္ခတွေရဖို့ ဖြစ်နေလို့ တပည့်တော်တို့ အားမရကြဘူး ဘုရား “ ဟူ၍ လျှောက်ကြ၏ ။
           ထို့အပြင်လည်း “ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ဖြစ်ပြီးတာနဲ့ ပျက်ကုန် တာ “ - လို့ သဂြိုဟ်ကျမ်းထဲမှာ တွေ့ကြရတယ်ဘုရား ၊ ဒီတော့ ဘယ့်နှယ်လုပ်ပြီး နောက် ဘ၀ တွေလိုက် အကျိုးပေးနေရဦးမှာလည်း ဘုရား “ ဤသို့စသည်ဖြင့်လည်း စုံစုံလင်လင် တစ်နာရီခွဲခန့်မျှကြာအောင် လျှောက်တင်နေကြလေ၏ ။
              ဒကာတွေက သူတို့၏ အယူအဆများကို အားရအောင် လျှောက်တင်ကြ လေ၏ ။ ထို့နောက် သူတို့၏ ချွတ်ချော်နေသော အယူအဆတို့ကို ဆရာတော်လေးက မှန်ကန်အောင် တည့်မတ်ပေးရလေတော့၏ ။
              “ ခုတိုင်းဆိုရင် ဒကာတို့ဟာက ဒါန ၊ သီလ ၊ သမထတွေကို ပယ်ထားရာ ရောက်နေပြီ ၊ ဘုရားရှင် ကိုယ်တော်တိုင်ပင် ပွင့်တော်မူစမှာ သတ္တ၀ါတွေက အသိ ဥာဏ် မရင့်ကျက်သေးတော့ နက်နဲ ခက်ခဲသော ပရမတ္ထသစ္စာ တို့ကို ဦးစွာမဟော သေးပါဘူး ။
             ဒါနကထာ ၊ သီလကထာ ၊ သဂ္ဂကထာ စသည်တို့ဖြင့် နူးညံ့သိမ်မွေ့ ယဉ် ကျေးလာအောင် ဦးစွာ ပထမ ဟောရပါသေးတယ် ၊ ပြီးမှ ယဉ်ကျေး သိမ်မွေ့လာ တော့မှ ၀ဋ်ဒုက္ခတို့မှ လွတ်မြောက်ကြောင်း နိက္ခမ္မကထာကို ဟောရပါတယ် ။
          ပုဂ္ဂိုလ်ကလည်း အစားစား ရှိတာမဟုတ်လား ၊ အဲဒါတွေကို မြတ်စွာဘုရားတို့ သာလျှင် သိနိုင်ပါတယ် ။ က္ကန္ဒြယပရော ပရိယတ္တိဥာဏ်ပိုင်ရှင်ကိုး - ။ ဘုန်းကြီးနှင့် တကွ ဟောဒီ ကြွလာကြတဲ့ သံဃာတော်များအားလုံးကတော့ အဲဒီဥာဏ်မျိုးမရရှိလို့ အစဉ်အတိုင်းပဲ ဒါန ၊ သီလ ကစပြီးဟောကြရပါတယ် ။ နောက် - ရင့်ကျက်မြင့်တက် လာတော့မှသာ ၀ိပဿနာကို ဟောကြရတာပါ ။
          ဒါကြောင့် ဒီကျောင်းက ဆရာတော်ဘုရားကြီးလည်း ဒီအစီအစဉ်အတိုင်းဟော တော်မူနေခြင်း ဖြစ်ပါလိမ့်မယ် “
        ပြီးတော့ စောစောတုန်းက ဒကာတို့ လျှောက်ကြတယ် “ ပြုလုပ်သမျှကုသိုလ်ကံ တွေ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး ၊ ဘယ်လိုလုပ် အကျိုးပေးဦးမှာလည်း - တဲ့ ။ ဖြစ်ပြီး ရင် ချက်ချင်း ပျက်ကုန်တာပဲဟာ “ လို့ ဆိုကြတယ် ။
        ဒီနေရာမှာ သတိထားကြပါ ၊ ဆရာကောင်း အလွန် လိုအပ်ပါတယ် ၊ ဆရာနည်း မရရင် အံချော်တတ်ကြပါတယ် ၊ “ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး - လို့ ယူဆထားရင် ဥစ္ဆေဒ ဒိဋ္ဌိ ၊ ( ပြတ်ကုန်တယ်လို့ ယူတဲ့ ဒိဋ္ဌိ )  မှားတယ်
        တစ်ခါ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပျောက်ပျက်မကုန်ဘဲ နောက်ဘ၀သို့ ( အရိပ်ပမာ တကောက်ကောက် ) လိုက်ပါသည်လို့ ယူဆပြန်ရင် လည်း သဿတ ဒိဋ္ဌိ ( မြဲတယ် ၊ ခိုင်တယ် လို့ ယူဆတဲ့ ဒိဋ္ဌိ ) ဒါလည်း မှားပြန်တာပဲ။
         နည်းနည်းချဲ့ ပြောပါဦးမယ် ၊ ဒါအရေးကြီးတယ် ၊ ကုသိုလ်ကံ - အကုသိုလ်ကံ တွေဟာ ( ဆာယာဝ အနုပါယိနီ ) အရိပ်ပမာ အစဉ်တစိုက် နောက်က လိုက်ပါသည် - ဆိုတဲ့ စကား ။ ( စက္ကံဝ ၀ဟတော ပဒံ ) လှည်းရုန်းသောနွား၏ ခြေရာနောက်သို့ လှည်းဘီးက တကောက်ကောက် လိုက်ပါသကဲ့သို့ လိုက်ပါသည် ဆိုတဲ့စကားတွေဟာ ဘုရားဟောပါပဲ ၊ ဘုရားနှုတ်ထွက်တော်တွေပါပဲ ၊ ဓမ္မပဒမှာ ပါတယ် ။
          ဒါပေမယ့် အဲဒီနေရာတွေမှာက လူတွေ မြင်လွယ် ထင်လွယ်အောင် ဟောရ တာ ၊ ဥာဏ်နုတဲ့သူတွေဆိုတော့ သဘောပေါက်လွယ်အောင် ဥပမာဆောင် ဟောရ တာ ၊ ဒါ့ကြောင့် ဘုရားဟော ဒေသနာက ၂ မျိုး ရှိတယ်လို့ မှတ်ပါ ။
(က) နီတတ္ထဒေသနာ = တိုက်ရိုက်သိမှတ်ရတဲ့ တရားတစ်မျိုး ၊                                 (ခ)  နေယျတ္ထဒေသနာ = ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားတစ်မျိုးလို့ (၂) မျိုးရှိတယ် ။
          ဥပမာ - အဘိဓမ္မာတွေထဲမှာ မြတ်စွာဘုရားက “ ခန္ဓာငါးပါးရှိတယ် ၊ ရူပက္ခန္ဓာ ၊သညာက္ခန္ဓာ ၊ သင်္ခါရက္ခန္ဓာ ၊ ၀ိညာဏက္ခန္ဓာ လို့ ငါးပါး “
          အဲဒီလိုဟောရင် ဟောတဲ့အတိုင်း ဖြောင့်ဖြောင့် အဓိပ္ပာယ်ယူလိုက်ရုံပဲ ၊ အဲလို ယူရတာမျိုးဟာ(က) နီတတ္ထဒေသနာ = တိုက်ရိုက် သိမှတ်ရတဲ့ တရားမျိုးထဲမှာ ပါ တာပေါ့ ။
            ( ဆာယာဝ အနုပါယိနီ ) တို့လို ၊ ( စက္ကံဝ ၀ဟတော ပဒံ ) တို့လို တရား မျိုး ကျတော့ တိုက်ရိုက်ယူလို့ မရဘူး ၊ ယူရင်မှားကုန်မယ် ၊ ဒါကသိလွယ်မြင်လွယ်အောင် လို့ ဥပမာဆောင်ပြီး ဟောရတာ ၊ အဲဒီလို တရားမျိုးကျတော့ (ခ) နေယျတ္ထဒေသနာ= ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားမျိုးထဲ ပါသွားတယ် ။
           ဒီတော့ ဒကာတို့… ဒီလိုမှတ်ပါ ၊ အများပြောနေကြသလို ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ အရိပ်ပမာ နောက်ဘ၀ကို လိုက်ပါတယ် - ဆိုတဲ့စကားလည်း မှားတယ် ၊ အခု ဒကာတို့ ပြောနေကြသလို ရုပ်အစု နာမ်အစုတွေဟာ ဖြစ်ပြီး ပျက်ကုန် ကြတာပဲ ၊ ဘာတစ်ခုမျှ ကျန်တာ မဟုတ်ဘူး ၊ နောက်ဘ၀ကို လိုက်စရာ မရှိဘူး - လို့ ယူတဲ့ စကားလည်း မှားတယ်
          ယူရမှာက ရုပ်အစု ၊ နာမ်အစုတွေ မလိုက်သည်ကားမှန်၏ ။ ဖြစ်ပြီးပျက်ကုန် သည်မှာလည်း မှန်၏ ။ သို့သော် အကျိုးပေးဖို့ရာ သတ္တိကား ကျန်ရစ်သည်သာ ၊ ထို သတ္တိက အကျိုးပေးသည် - လို့ ယူရမယ်
         ဒါနဲ့ပတ်သက်လို့ ကျမ်းဂန်တွေထဲမှာ မိန့်ဆိုထားချက်တွေ ရှိပါတယ် ၊ ဘယ်လို လည်းဆိုတော့ -
သန္တာနေဒံ ကမ္မံ နာမ ၊
န နိရုဇ္ဈတိ သဗ္ဗသော ။
ဝိသေသံ နိဒေတွာ ဟိ ၊
သမယမှိ ၀ိပစ္စိတုံ ။       
သန္တာနေ - ပြုလုပ်သော ပုဂ္ဂိုလ်၏ သန္တာန်တွင် ၊ က္ကဒံ
ကမ္မံ နာမ - ဤကောင်းကံ - မကောင်းကံအမျိုးမျိုးသည် ၊
သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံ အကုန်မကျန် ၊ န
နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်၍ သွားကြသည် မဟုတ်ပေ ။
ဟိ - မှန်၏ ၊ သမယမှိ - အကျိုးပေးဖို့ အချိန်ကျသောအခါတွင် ၊ ၀ိပစ္စိတုံ - အကျိုးပေး ဖို့ရာ ၊ ၀ိသေသံ - အကျိုးပေးဖို့ သတ္တိထူးကို ၊ နိဒေတွာ - မြှပ်နှံထားပြီး၍ ၊ (၀ါ) မြှပ်နှံပြီး မှသာ ၊ ( နိရုဇ္ဈတိ - သဘာဝအလျောက် ချုပ်ပျောက်၍ သွားတော့၏ ။ ) တဲ့ ။
         “ ကဲ….ဘုန်းကြီးက လက်တွေ့ဥပမာတစ်ခုပြပါဦးမယ် “ ဟု ဆိုပြီးလျှင် နောက် ပါ ကိုယ်တော် ဦးသုမန ထံမှ လက်နှိပ်ဓာတ်မီး တောင်းလိုက်၏ ။ ပြီးလျှင် “ ဟော……. ကြည့်ကြ “ ဟုဆို၍ အတွင်းဘက် အနည်းငယ် မှောင်သော နံရံ အလင်းရောင် ထိုးပြ လိုက်သည် ၊ ပြီးလျှင် ဆရာတော်လေးက -
          “ ဒကာတို့….. တွေ့ရဲ့လား ၊ ဟောဟို နံရံမှာ အလင်းရောင် ၊ အဲဒီအလင်းဟာ ဟောဒီ လက်နှိပ်ဓာတ်မီးကြီး နံရံကို သွားကပ်လို့ လင်းတာလား ၊ မီးသီးရောက်သွားလို့ လင်းတာလား ( မဟုတ်ပါဘုရား ) ၊ ဒါဖြင့် ဓာတ်ခဲတွေ ရောက်သွားလို့ လင်းတာလား ( အဲဒီလိုလည်း မဟုတ်ပါဘုရား ) ။ အေး ….ပစ္စည်းအထည်အဒြပ်တွေ နံရံကို လိုက်ပါ သွားတာတော့ မဟုတ်ဘူး ၊ ဒါပေမယ့် ဟောဒီ ဓာတ်ခဲအတွင်းက အလင်းရောင်သတ္တိ တွေတော့ နံရံကို ရောက်သွားတယ် ( မှန်ပါဘုရား ) ။ အထည်ဝတ္ထုတွေတော့ လိုက်ပါ မသွားဘူး ၊ သတ္တိပဲ လိုက်ပါသွားတယ် ( မှန်ပါဘုရား ) ။ အေး….ဒီအတိုင်းပဲဒကာတို့..၊ ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေဆိုတာတွေဟာ သင်္ခတတရားတွေမို့ ဖြစ်ပြီး ပျက်ကုန် ကြရတာ မှန်ပါတယ် ။
          ကုသိုလ်စေတနာ - အကုသိုလ်စေတနာတွေဟာ ဖြစ်ပေါ်လာပြီး ပျောက်ကုန်ရ တာ မှန်ပါတယ် ၊ နောက်ဘ၀ကို လိုက်နေချိန် မရလိုက်ပါဘူး ။ သို့သော်လည်း ပျက် ကုန်တဲ့ နေရာလေးတွေမှာ အရှိန်အ၀ါ သတ္တိလေးများ ကျန်ရစ်ပါသေးတယ် ။သတ္တိ လေးများ ထားခဲ့ပါသေးတယ် ၊ အဲဒီအရှိန်အ၀ါ သတ္တိကလေးများက အကျိုးပေးတာပါ။
          ဖော်ပြပြီးခဲ့တဲ့အတိုင်း ယူမှ သဿတ ဒိဋ္ဌိကလည်းလွတ်မယ် ဥစ္ဆေဒ ဒိဋ္ဌိက လည်းလွတ်မယ် ၊ ကံတွေ လိုက်သွားတယ်ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေမယ် ၊ မလိုက် ဘူး - လုံးဝပြတ်သွားတယ် ၊ ဘာမှ မကျန်တော့ဘူး ဆိုပြန်ရင်လည်း ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေ ပြန်တယ် ။
         သဿတက တစ်ဘက်အစွန်း ၊ ဥစ္ဆေဒကလည်း တစ်ဘက်အစွန်း ၊ အဲဒီအစွန်း (၂)ပါးကို မငြိစေပဲ အခုလို အလယ်က သွားမှသာ ( မဇ္ဈိမပဋိပဒါ ) ဘုရားလမ်းစဉ်ကျ တယ် ။
          ကဲ…ရှင်းကြပြီလား ၊ ရှင်းလောက်ပါပြီနော် ။ ( မှန်ပါ - ရှင်းပါတယ်ဘုရား ) အားလုံးလိုလိုပင် တစ်ပြိုင်နက် အားတက်ရွှင်လန်းစွာ ဖြေကြ၏ ။သူတို့၏မျက်နှာများ သည် ကျေနပ်သည့်အသွင်များဖြင့် လန်းဆန်းနေကြ၏ ။ တစ်စုံတစ်ဦးမျှ နောက်ထပ် မမေးကြတော့ ၊ အချိန်ကလည်း ည (၈) နာရီထိုး၍သွားချေပြီ ။ ထို့ကြောင့် ထိုနေ့ည ထိုမျှဖြင့်ပင် ရပ်နားကြဖို့ ဆရာတော်လေးက အမိန့်ရှိ၏ ။ နောက်တစ်နေ့ နံနက် (၇) နာရီ ထပ်မံချိန်းလိုက်၏ ။
           ဒုတိယနေ့ နံနက် (၇) နာရီထိုးသောအခါ ချိန်းထားသည့်အတိုင်း ဒကာတို့ စုံညီစွာပင် ရောက်လာကြတော့၏ ။ ဒကာတို့၏ မျက်နှာများမှာ လန်းဆန်း၍နေကြ၏။ ကျေနပ်နေသည့် လက္ခဏာတို့ကိုပြနေကြ၏ ။ ဆရာတော်လေးဦးဝိမလ က -
           “ ဒကာတို့ဟာ ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြတယ်လို့ ဘုန်းကြီး ကြားသိခဲ့ ရပါတယ် ၊ ကြိုတင် သိထားပါတယ် ။ ဒီလိုပုဂ္ဂိုလ်များကို ဟောရ ပြောရ ရှင်းပြရတာ ဟာ အင်မတန်မှ လွယ်ကူပါတယ် ၊ သိလွယ် သဘောပေါက်လွယ်ပါတယ် ။ နောက် ထပ် ရှင်းပြဖို့ အသင့်ပါပဲ ၊ ကဲ…နောက်ထပ် ဘာများ လျှောက်ချင်ကြသေးလဲ ၊ လျှောက်နိုင်ပါတယ် ၊ လွတ်လွတ်လပ်လပ်ပဲ မေးနိုင်ပါတယ် “
ဟု မိန့်လိုက်သောအခါ အားလုံးပင် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏ ။ လျှောက်ထားခွင့် တံခါးဖွင့်ပေးလိုက်သည် မဟုတ်ပါလော ၊ ထို့ကြောင့် ၀မ်းသာအားရ လျှောက်ထား ကြသည် -
           “ တပည့်တော်တို့ ကျေနပ်ကြပါတယ်ဘုရား ၊ မနေ့ညက ဆရာတော်ဥပမာ ပြပြီး ဟောလိုက်တာတွေ သဘောကျပါတယ် ၊ ညတုန်းက ဒီကပြန်တော့ ရွာထဲမှာ လည်း သန်းခေါင်ကျော်အထိ တပည့်တော်တို့ ပြန်လည် သုံးသပ်ဆွေးနွေးကြပါတယ် ဘုရား ။
            ယခင်ကလိုဆိုရင် တပည့်တော်တို့ဟာ ဥစ္ဆေဒ ဒိဋ္ဌိအယူဖြစ်နေကြတာ ၊ အခု တော့ အဲဒီအယူက လွတ်ပါပြီ ၊ ဘုရားဟော ဒေသနာ မဇ္ဈိမပဋိပဒါကျကျ သိရပါပြီ ၊ ဒါ့ ကြောင့်တပည့်တော်တို့ ကျေးဇူးတင်ပါတယ်ဘုရား ။ ဒါနဲ့တစ်ဆက်တည်းလျှောက်ရ ရင် အခုပဲ ဒီကျောင်းက ဆရာတော်ဘုရားကြီးကို တပည့်တော်တို့ ကန်တော့ကြပါမယ် ဘုရား ။ ပြီးတော့ ဒီကနေ့ပဲ ( ဆရာတော်ထံ ၀န်ခံခဲ့တဲ့အတိုင်း ) တပည့်တော်တို့ရဲ့ သားများ ၊ တူများကို ဒီကျောင်းမှာ ရှင်ပြုကြပါမယ်ဘုရား ၊ ဒီကရှေ့မှာ တပည့်တော်ရဲ့ ရွာဦးကျောင်းဆရာတော်ဘုရားကြီးကို ဆက်လက်ကြည်ညို ဆည်းကပ်သွားကြပါမယ် ဘုရား “ ဟူ၍ ၀မ်းသာအားရ လျှောက်ကြလေ၏ ။
          ဆရာတော်ကလေး ဦးဝိမလ မပြန်ခင်ပင် ပတ်ဝန်းကျင်ရွာ(၄)ရွာမှဆရာတော် သံဃာတော်များကိုအကုန်ပင့်၍ ရှင်ပြုလှူဒါန်းပွဲ ပြုလုပ်ကြသဖြင့် အားလုံး ရွှင်ပြုံးဝမ်း သာကြရလေသည် ။ပတ်ဝန်းကျင် သံဃာတော်များကလည်း သာဓုအကြိမ်ကြိမ်ခေါ်၍ ကျန်ရစ်ကြ၏ ။ သံဃာတော်များနှင့် ရွာသူရွာသားတို့၏ မြိုင်ဆိုင်လှသော သာဓုသံတို့ သည် ၀န်းကျင်ချာပတ် - ပဲ့တင်ထပ်လျက် - ထက်ရပ်နဘံမြည်ဟည်း၍ ကျန်ရစ်တော့ သတည်း ။
ကျမ်းကိုး -
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း အဂ္ဂမဟာ ပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀ သာသနာ
( တစ်ဘ၀သာသနာ - အရှင်ဃောသိတ )
...................................................................................................................................................................................................................................................
Thursday, November 5, 2009
ပစ္စုပ္ပန်တည့်တည့်
                                  ပစ္စုပ္ပန်တည့်တည့်
        ဘာသာတရားများ၏မူရင်းအဓိပ္ပာယ်သည် ပစ္စုပ္ပန်တည့်တည့်ကိုပဓာနထားပြီး လူတိုင်း လူတိုင်း၏ နေ့စဉ်
လှုပ်ရှားမှုများ မှလက်တွေ့ချမ်းသာရှာနည်းအနေဖြင့်လက်တွေ့အသုံးချရန်ဖြစ်၏။ ထိုကဲ့သို့အသုံးချပါကဲ့
တမလွန်ချမ်းသာသဘောကိုပါအလိုလိုဆောင်ကြဉ်းပြီးသားဖြစ်၏ ။ တစ်နည်းအားဖြင့် ဆိုရလျှင် ဘာသာ
တရားများအရ
ပစ္စုပ္ပန်သည်တမလွန်ထက်ပို၍ပြဋ္ဌာန်း၏။ ပစ္စုပ္ပန်ကောင်းလျှင်တမလွန်သည် အလိုလို
ကောင်းပြီးသားဖြစ်၏ ။
အကယ်၍ပစ္စုပ္ပန်ကိုကျော်လွန်ပြီးတမလွန်ကောင်းရေးကိုပို၍ ဦးစားပေးလျှင် ထို
ဘာသာရေးသည်
စစ်မှန်သောဘာသာရေးမဟုတ်။ထိုအဓိပ္ပာယ်သည်လည်းဘာသာရေး၏စစ်မှန်သော
အဓိပ္ပာယ် မဟုတ်ပေ။ အမှန်အားဖြင့်
ဘာသာတရားတွင်ပစ္စုပ္ပန်အကျိုးမပါဘဲ တမလွန်အကျိုးကို မှန်ကန်စွာ
တည်ဆောက်၍ မရကောင်းပေ ။
   အသောကမင်းကြီး၏သတ္တမကျောက်စာတွင်-“သဝေ ဟိတေ သံယမံ စ ဘ၀သုဓိံ က္ကဆံတိ -ဟူ၍
ရေးထိုးထားကြောင်းရှင်အာဒိစ္စ၀ံသ၏အသောကကျောက်စာတော်စာအုပ်တွင်တွေ့ရ၏။ ကျောက်စာ၏
အနက်မှာ -
ဟိ ၊ မှန်၏ ။ သဝေ ၊ အလုံးစုံကုန်သော။ ၊ ထိုအယူဝါဒများသည်။ သံယမံစ ၊ ကိုယ်ကျင့်သိက္ခာစောင့်စည်း
ခြင်းကိုလည်းကောင်း ။ ဘ၀သုဓိံ စ ၊ ပစ္စုပ္ပန်ဘ၀၏စင်ကြယ်မြင့်မြတ်မှုကိုလည်းကောင်း ။ က္ကဆံတိ ။ အလိုရှိ
ကြကုန်၏ ။
ဟူ၍ဖြစ်လေရာ စစ်မှန်သောဘာသာတရားများ၏မူရင်း ရည်ရွယ်ချက်မှာ ဤကမ္ဘာမြေပြင်တွင်
လူတို့သည် မိမိတို့ အသက်ရှင်နေထိုင်ကြစဉ်ကာလအတွင်း ထာဝစဉ်ပျော်ရွှင်သော ၊ ချမ်းမြေ့သော ၊
ငြိမ်းချမ်းသော ဘ၀မျိုးကိုထူထောင်နိုင်စိမ့်သောငှာ မိမိတို့၏ ကိုယ်ကျင့်သိက္ခာကိုမြင့်မားအောင်ထိန်းသိမ်း
စောင့်ရှောက်ရန်နှင့် မိမိတို့ဘ၀၏စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားရန်ဟူ၍ဖြစ်လေ၏။
                   ထို့ကြောင့် ကမ္ဘာ့သမိုင်းတွင် မြင့်မြတ်သော ဘာသာရေးခေါင်းဆောင်များအဖြစ် မှတ်တမ်းတင်
ခြင်းခံရသော ပုဂ္ဂိုလ်မြတ်ကြီးများက လူသားများအနေဖြင့် ကိုယ်ကျင့်သိက္ခာ မြင့်မားအောင် ထိန်းသိမ်းရန် ၊
တစ်နည်း စင်ကြယ် မြင့်မြတ်အောင် ကျင့်သုံးရန် သွန်သင်ထားရာ ၊ ယင်းသွန်သင်ချက်များသည် ဘာသာ
တစ်ခုနှင့်တစ်ခု
သစ္စာအဆင့်အရအချင်းချင်း မတူညီကြစေကာမူ ဤကမ္ဘာမြေပြင်တွင် လူတို့အတွက်
ထာဝစဉ်
ပျော်ရွှင်သော ၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသော ဘ၀ကိုထူထောင်ရန်အတွက်မူ ရည်ရွယ်ချက်ခြင်း
တူညီပါ၏ ။
ထို့ကြောင့်ဘာသာတရားများသည် လောက၏အစီးအပွားအတွက် သွန်သင်ရာတွင်သစ္စာအဆင့်
အရ ဘာသာတစ်ခုနှင့်တစ်ခု မတူညီကြစေကာမူ ကိုယ်
ကျင့်သိက္ခာမြင့်မားအောင်ထိန်းသိမ်းမှု(သံယမ)နှင့်
ဘ၀စင်ကြယ်မြင့်မြတ်အောင်နေထိုင်ကျင့်သုံးမှု(ဘ၀သုဒ္ဓိ)တို့အတွက်ဦးတည်ရာတွင်မူ တူညီကြသဖြင့်
နှစ်သက်ဖွယ်ဖြစ်ကြောင်း
အသောကမင်းကြီးကသူ၏ကျောက်စာတွင် ရေးထိုးထားစေခြင်းဖြစ်လေ၏
ကျမ်းကိုး -
ဦးရွှေအောင်
ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
..............................................................................................................................................................................................................................................