Thursday, November 5, 2009

ပစ္စုပ္ပန်တည့်တည့်

                                  ပစ္စုပ္ပန်တည့်တည့်


        ဘာသာတရားများ၏မူရင်းအဓိပ္ပာယ်သည် ပစ္စုပ္ပန်တည့်တည့်ကိုပဓာနထားပြီး လူတိုင်း လူတိုင်း၏ နေ့စဉ်

လှုပ်ရှားမှုများ မှလက်တွေ့ချမ်းသာရှာနည်းအနေဖြင့်လက်တွေ့အသုံးချရန်ဖြစ်၏။ ထိုကဲ့သို့အသုံးချပါကဲ့

တမလွန်ချမ်းသာသဘောကိုပါအလိုလိုဆောင်ကြဉ်းပြီးသားဖြစ်၏ ။ တစ်နည်းအားဖြင့် ဆိုရလျှင် ဘာသာ

တရားများအရ
ပစ္စုပ္ပန်သည်တမလွန်ထက်ပို၍ပြဋ္ဌာန်း၏။ ပစ္စုပ္ပန်ကောင်းလျှင်တမလွန်သည် အလိုလို

ကောင်းပြီးသားဖြစ်၏ ။
အကယ်၍ပစ္စုပ္ပန်ကိုကျော်လွန်ပြီးတမလွန်ကောင်းရေးကိုပို၍ ဦးစားပေးလျှင် ထို

ဘာသာရေးသည်
စစ်မှန်သောဘာသာရေးမဟုတ်။ထိုအဓိပ္ပာယ်သည်လည်းဘာသာရေး၏စစ်မှန်သော

အဓိပ္ပာယ် မဟုတ်ပေ။ အမှန်အားဖြင့်
ဘာသာတရားတွင်ပစ္စုပ္ပန်အကျိုးမပါဘဲ တမလွန်အကျိုးကို မှန်ကန်စွာ

တည်ဆောက်၍ မရကောင်းပေ ။

              
   အသောကမင်းကြီး၏သတ္တမကျောက်စာတွင်-“သဝေ ဟိတေ သံယမံ စ ဘ၀သုဓိံ က္ကဆံတိ -ဟူ၍

ရေးထိုးထားကြောင်းရှင်အာဒိစ္စ၀ံသ၏အသောကကျောက်စာတော်စာအုပ်တွင်တွေ့ရ၏။ ကျောက်စာ၏

အနက်မှာ -

ဟိ ၊ မှန်၏ ။ သဝေ ၊ အလုံးစုံကုန်သော။ ၊ ထိုအယူဝါဒများသည်။ သံယမံစ ၊ ကိုယ်ကျင့်သိက္ခာစောင့်စည်း

ခြင်းကိုလည်းကောင်း ။ ဘ၀သုဓိံ စ ၊ ပစ္စုပ္ပန်ဘ၀၏စင်ကြယ်မြင့်မြတ်မှုကိုလည်းကောင်း ။ က္ကဆံတိ ။ အလိုရှိ

ကြကုန်၏ ။

                 
ဟူ၍ဖြစ်လေရာ စစ်မှန်သောဘာသာတရားများ၏မူရင်း ရည်ရွယ်ချက်မှာ ဤကမ္ဘာမြေပြင်တွင်

လူတို့သည် မိမိတို့ အသက်ရှင်နေထိုင်ကြစဉ်ကာလအတွင်း ထာဝစဉ်ပျော်ရွှင်သော ၊ ချမ်းမြေ့သော ၊

ငြိမ်းချမ်းသော ဘ၀မျိုးကိုထူထောင်နိုင်စိမ့်သောငှာ မိမိတို့၏ ကိုယ်ကျင့်သိက္ခာကိုမြင့်မားအောင်ထိန်းသိမ်း

စောင့်ရှောက်ရန်နှင့် မိမိတို့ဘ၀၏စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားရန်ဟူ၍ဖြစ်လေ၏။

                   ထို့ကြောင့် ကမ္ဘာ့သမိုင်းတွင် မြင့်မြတ်သော ဘာသာရေးခေါင်းဆောင်များအဖြစ် မှတ်တမ်းတင်

ခြင်းခံရသော ပုဂ္ဂိုလ်မြတ်ကြီးများက လူသားများအနေဖြင့် ကိုယ်ကျင့်သိက္ခာ မြင့်မားအောင် ထိန်းသိမ်းရန် ၊

တစ်နည်း စင်ကြယ် မြင့်မြတ်အောင် ကျင့်သုံးရန် သွန်သင်ထားရာ ၊ ယင်းသွန်သင်ချက်များသည် ဘာသာ

တစ်ခုနှင့်တစ်ခု
သစ္စာအဆင့်အရအချင်းချင်း မတူညီကြစေကာမူ ဤကမ္ဘာမြေပြင်တွင် လူတို့အတွက်

ထာဝစဉ်
ပျော်ရွှင်သော ၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသော ဘ၀ကိုထူထောင်ရန်အတွက်မူ ရည်ရွယ်ချက်ခြင်း

တူညီပါ၏ ။
ထို့ကြောင့်ဘာသာတရားများသည် လောက၏အစီးအပွားအတွက် သွန်သင်ရာတွင်သစ္စာအဆင့်

အရ ဘာသာတစ်ခုနှင့်တစ်ခု မတူညီကြစေကာမူ ကိုယ်
ကျင့်သိက္ခာမြင့်မားအောင်ထိန်းသိမ်းမှု(သံယမ)နှင့်

ဘ၀စင်ကြယ်မြင့်မြတ်အောင်နေထိုင်ကျင့်သုံးမှု(ဘ၀သုဒ္ဓိ)တို့အတွက်ဦးတည်ရာတွင်မူ တူညီကြသဖြင့်

နှစ်သက်ဖွယ်ဖြစ်ကြောင်း
အသောကမင်းကြီးကသူ၏ကျောက်စာတွင် ရေးထိုးထားစေခြင်းဖြစ်လေ၏


ကျမ်းကိုး -

ဦးရွှေအောင်

ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
..............................................................................................................................................................................................................................................






No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား