Tuesday, February 2, 2010
ဝိပဿနာမလုပ်ခင် ကြိုတင် သိစရာများ
          မြန်မာနိုင်ငံမှာ ၀ိပဿနာရိပ်သာတွေ ၊ ၀ိပဿနာ နည်းလမ်းတွေကလည်း အတော်
များပါတယ် ။ အားလုံး သူ့နည်းနှင့်သူ ကောင်းကြတာချည်းပါပဲ ။ ဒါမေမယ့် ကျွန်တော်နဲ့ ဘယ်
နည်းနှင့်သင့်တော်မလဲ ဆိုတာက ပြဿနာ ဖြစ်နေတယ် ။ ဒါကြောင့် ၀ိပဿနာရှုနည်းပေါင်းစုံ
ကိုလည်း သိအောင် ပထမ လေ့လာပြီးမှ ဘယ်နည်းဟာ မိမိနှင့် သင့်တော်မလဲ ဆိုတာကို ရွေး
ချယ်ရဦးမယ် ။ ဒီနေရာမှာ တစ်နည်းတည်းကို ရွေးချယ်ရမလား ၊ ဒီနည်းထဲက ကြိုက်နှစ်သက် တဲ့
အပိုင်းနှင့် ဟိုနည်းထဲက ကြိုက်နှစ်သက်တဲ့အပိုင်းကို ပေါင်းစပ်ပြီး ကိုယ့်နည်းနဲ့ကိုယ် လုပ်
ယူရမလား ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ဖို့ လိုဦးမယ် ထင်ပါတယ် ။ တစ်ခုရှိတာက ၀ိပဿနာ
အားထုတ်တာဟာ ကျောင်းမှာ ပညာသင်ကြားရတာနဲ့ တူတယ်လို့ နားလည်
သဘောပေါက်မိပါတယ် ။
          ကျောင်းပညာသင်ကြားတဲ့အခါ အခြေခံ မူလတန်းကစပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်
အမြင့်တန်းကို တက်ရသလိုပါပဲ ။ ထို့အတူ အန္ဓပုထုဇဉ် အကန်းဟာ ပထမ ကလျာဏပုထုဇဉ်
သုတဗုဒ္ဓိဥာဏ်မျက်စိအလင်းရသူ ဖြစ်အောင် လုပ်ရဦးပါမယ် ။ ပါဠိလို ပြောရင်တောအသုတ၀ါ
အကြားအမြင် မရှိတဲ့ အကန်းဘ၀ က သုတ၀ါ အရိယာ သာဝကော ဆိုတဲ့ အကြား အမြင်ရှိတဲ့
ပုထုဇဉ် (ကလျာဏပုထုဇဉ်) ဖြစ်အောင် ပထမ လုပ်ပြီးမှ သူဟာ အရိယာ၏သား တပည့်
စူဠသောတာပန် ဆိုတဲ့ သောတာပန် အငယ်စား ဖြစ်မယ် ။ စူဠသောတာပန် ဆိုတဲ့ အလယ်တန်း
အောင်ပြီဆိုမှ အထက်တန်း တက္ကသိုလ်ဝင်တန်း အောင်အောင် ဆက်ပြီး အား ထုတ်ရမယ် ။
ဆယ်တန်းအောင်တဲ့လူဟာ တက္ကသိုလ်က အဆင့်မြင့် ပညာတွေကို ဘွဲ့ရသည် အထိ ဆက်ပြီး
သင်ခွင့်ရတယ် မဟုတ်ပါလား ။
          အဲဒီလိုပဲ ဒီမှာလည်း မဟာသောတာပန်ဖြစ်မှ အထက် မဂ်အဆင့်ဆင့် ကို တက်နိုင် မယ် ။
ဒါကြောင့် ၀ိပဿနာအလုပ်ကို အန္ဓပုထုဇဉ် အနေနှင့် အားထုတ်တာဟာ မှားတယ်လို့ ကျွန်တော်
ယုံကြည်တယ် ။ မူလတန်းမအောင်ပဲနဲ့ အထက်တန်း စာမေးပွဲ ဖြေသူလို ဖြစ်နေမှာ
ပါ ။
အမှန်ပါပဲ ။ ဒီနေရာမှာ ၀ိပဿနာ အလုပ်ကို လုပ်မယ့် ယောဂီဟာ ကြိုတင် သိသင့်တဲ့ ပရိညာ
သုံးရှိတယ် ။
          ပရိညာဆိုတာ ပိုင်းခြား၍သိခြင်း လို့ အနက်ရပါတယ် ။ ကျေးဇူးရှင်လယ်တီဆရာတော်
ကြီးရဲ့ ၀ိပဿနာဒီပနီမှာ ဖော်ပြတာက ပရိညာဆိုသည်ကား” ဥာဏ်၏ ပိုင်နိုင်ခြင်းတည်း “ လို့
ဆိုထားပါတယ် ။ ပရိညာသုံးပါးရှိပါတယ် -
(၁) ဥာတပရိညာ
(၂) တီရဏပရိညာ
(၃) ပဟာနပရိညာ      လို့ခေါ်ပါတယ် ။ ဒါဟာ ပိုင်းခြားသိတဲ့ဥာဏ်အဆင့် သုံးဆင့်ပါပဲ ။
ပထမဦးစွာ ပုထုဇဉ်အကန်းဟာ အ၀ိဇ္ဇာကိုပယ်ပြီး ၀ိဇ္ဇာဥာဏ်အလင်းကို ရအောင် ရုပ်တရား
နာမ်တရားတွေရဲ့ ပရမတ္ထသစ္စာအမြင်ကို အစင်အကြယ်မြင်အောင် လေ့လာရပါမယ် ။ တရား
နာရင်းလည်း ဒီ ဥာတပရိညာ ကိစ္စ ပြီးနိုင်ပါတယ် ။ ရုပ်နာမ်နှစ်ပါးဟာ ခန္ဓာဖွဲ့ကြည့်တော့ ရူပခန္ဓာ
ဝေဒနခန္ဓာသညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၀ိညာဏက္ခန္ဓာ ဆိုပြီး ခန္ဓာငါးပါးပဲ ရပါတယ် ။ ရုပ်ထဲမှာ
ငါမပါဘူး ၊ သညာဟာ ငါမဟုတ်ဘူး ၊ သင်္ခါရဟာ ငါမဟုတ်ဘူး ၊ ၀ိဥာဏ် ဟာ ငါမဟုတ်ဘူး ၊
ခန္ဓာငါးပါးထဲမှာ ယောက်ျားမပါဘူး ၊ မိန်းမ မပါဘူး ၊ ဒီတရားတွေဟာ ဓမ္မ သက်သက်ပဲ ၊ ဖြစ်ပြီး
ပျက်သွားတဲ့ တရားတွေပဲ ၊ ခိုင်တယ် မြဲတယ် ဆိုတာ ဘာဆိုဘာမှ မရှိ ဘူး ၊ ဒီလိုသိလိုက်ရင်
ဒီအမြင်ကလေးပေါက်သွားရင် ဒါဟာ ဥာတပရိညာ အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ ဒါက နားနှင့်
တရားနာပြီး ဥာဏ်နှင့်သိလိုက်တဲ့ သဘောပါပဲ ။ အဲဒီအဆင့်ကို ရောက်ရင် ပုထုဇဉ်ဟာ
သစ္စာနုလောမိကဥာဏ်(သစ္စာဥာဏ်) ရတဲ့ အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ ဒါဆိုရင် သူ့မှာ
အန္ဓပုထုဇဉ် ဘ၀ က အကန်းပျောက်ပြီး ဥာဏ်မျက်စိ ပေါက်ပြီ ဖြစ်၏ ။
             တီရဏပရိညာ အဆင့်က ခန္ဓာကို ရှုမှတ် ပွားများလိုက်တဲ့အခါ ရုပ်လည်း ဖြစ်ပြီး
ပျက်တယ် ၊ နာမ်တရားတွေလည်း ဖြစ်ပြီးပျက်တယ် ၊ အဲဒီလို ခဏ ခဏ ဖြစ်ပြီးပျက်တဲ့ ဖြစ်ပျက်
အနိစ္စကို မြင်ရင် ဖြစ်ပျက်တဲ့ တရားတွေကို မိမိက မဖြစ်ပါနှင့် ဆိုလို့လည်း မရ ၊ မပျက်ပါနှင့်
ဆိုလို့လည်းမရ ၊ ဘာတစ်ခုမှ အစိုးမရတဲ့ အနတ္တ ဖြစ်နေတာကို မြင်ပြီး ဒီတရားတွေဟာ
နှိပ်စက်ခြင်း ပိဠနဋ္ဌော ကိစ္စပဲ ရှိတယ် ဆိုတာကို မြင်ရင် တီရဏပရိညာ အဆင့်ကို ရောက်ပြီ ဖြစ်
၏ ။ ဥာဏ်နှင့်ပြောရင် ကိစ္စဥာဏ် အဆင့်ကို ရောက်ပြီ ဖြစ်၏ ။ “ ကိစ္စ ဥာဏ် ဆိုတာ
ခန္ဓာငါးပါးရဲ့ကိစ္စဟာ ဖြစ်ပြီးပျက်တဲ့ ကိစ္စပဲ ရှိတယ် ၊ နှိပ်စက်တဲ့ ကိစ္စပဲ ရှိတယ် လို့ သိလိုက်ရတာကို
ဆိုလိုသည် “ ( အကျယ်ကိုလေ့လာချင်ရင် လယ်တီဆရာတော်ဘုရားရဲ့ ၀ိပဿနာဒီပနီ
ကိုလေ့လာပါ )
            ပဟာနပရိညာ ဆိုတာက တိုတိုပြောရရင် တရားအားထုတ်တဲ့အခါ ခန္ဓာငါးပါးရဲ့ ဖြစ်
ပျက်ကိုမြင်နေတာ ၊ ဒုက္ခသစ္စာကို မြင်နေတာ ၊ ရှုရင်း ရှုရင်းနဲ့ ဖြစ်ပျက်တွေကို မြင်ဖန်များတော့
ယောဂီက မုန်းတီး ငြီးငွေ့တဲ့စိတ် ဖြစ်လာတယ် ။ ပြီးမှ ဖြုန်းဆို ဖြစ်ပျက်အားလုံး ချုပ်ဆုံးသွားတဲ့
ဖြစ်ပျက်အဆုံး နိဗ္ဗာန်ကို သက်ဝင်သွားတဲ့ လောကုတ္တရာ မဂ် ဥာဏ် ပေါ်လာတယ် ၊ အဲဒါ
ကတဥာဏ် ၊ ပဟာနပရိညာ ရဲ့ သဘောပါပဲ ။ ( အကျယ်သိလိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့
ဝိပဿနာ အလုပ်စဉ်တရားစာအုပ် အမှတ် -၁၂ ကိုရှု )
            အခုပြောမယ့်အကြောင်းအရာက သိပ်ပြီးလေးနက်ပါတယ် ။ မိုးကုတ်ဆရာတော်
ဘုရားကြီးအမိန့်ရှိတာက ၀ိပဿနာအလုပ်ကို မလုပ်ခင် ဥာတပရိညာနှင့်ဒိဋ္ဌိဖြုတ်ရမယ်တဲ့
ဒိဋ္ဌိဖြုတ်တယ်ဆိုတာ ပြောတော့လွယ်တယ် ၊ ဒါပေမယ့် သိနားလည်ဖို့ကျတော့ အတော်ခက်ပါ
တယ် ။ အတ္တစွဲ ၊ ငါစွဲ ၊ ငါ့ဟာစွဲ ကို ပယ်ဖျက်ရမယ်လို့ ဆိုလိုတယ် ။ အတ္တစွဲပြုတ်ဖို့ ဆိုတာကလည်း
အနတ္တဥာဏ်အမြင် ထင်ရှားဖြစ်ပေါ်လာမှ အတ္တစွဲပြုတ်မှာ ဖြစ် ပါတယ် ။ မြန်မာဗုဒ္ဓဘာသာဝင်တွေ
မျက်စိလည်ပြီး ဥာဏ်လမ်းကနေ ကံလမ်းကို ရွေ့လျော သွားကြတာ ၊ ဘုရားဟောတရားက
ခန္ဓာဇာတ်သိမ်းဖို့ ၊ ဘ၀ချုပ်ငြိမ်းဖို့ကို အထွဋ်အမြတ် ထား ပြီး ဟောတယ် ။
မြန်မာဗုဒ္ဓဘာသာဝင်တွေအများစုကကျတော့ ခန္ဓာကြီးပွားဖို့ ၊ ဘ၀ကောင်း စားဖို့ကို အဓိက
အထွဋ်အထိတ် ထားပြီး လုပ်နေကြတယ် ။ ဒီလိုဖြစ်ရခြင်းအကြောင်းကို ကြည့်တော့
သာမန်မြန်မာဗုဒ္ဓဘာသာဝင် ဆိုသူတွေမှာ အနတ္တဥာဏ်အမြင် မရှိလို့ အနတ္တ သဘောကို
ဥာဏ်မမီလို့ ဖြစ်ရတာပဲဆိုတာ တွေ့ရပါတယ် ။ ဒီအချက်ကို နားမလည်ပဲနဲ့ တရား အားထုတ်ရင်
ဖြစ်ပျက်ကိုမြင်တာတောင် ဒိဋ္ဌိမပြုတ်လို့ ဖြစ် ပျက် မုန်း ဆိုတာကို ရောက်ဖို့ ခက်ပါတယ် ။  ဖြစ်
ပျက် ဆုံး ဖို့ကျတော့ ဝေးရောပေါ့ ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရား ကြီးဟောတဲ့ တရားဟာ
ကျွန်တော့စိတ်ထဲမှာတော့ အလွန်ယုတ္တိရှိတယ် ၊ လက်တွေ့ကျတယ်လို့ ထင်ပါတယ် ။
            ဒီအကြောင်းအရာသိရပြီး သူငယ်ချင်းတစ်ယောက် ဇဝေဇ၀ါ ဖြစ်သွားပါတယ် ။
သူငယ်ချင်းက “ ငါ့ခေါင်းထဲမှာလည်း အနတ္တသဘောကို နားမလည်ပါဘူးကွာ ။ မင်းပြောလို့ သာ ငါ
ငါ့ဥစ္စာ မရှိဘူး ဆိုတာကို ကြားရတယ် ၊ ခေါင်းထဲမှာတော့ ငါ ငါ့ဥစ္စာ မရှိဘူး ဆိုတာကို နားကို
မလည်ဘူး
            ကျွန်တော်က ဆက်ပြီး မေးကြည့်လိုက်တယ် “ နေပါဦး ၊ နားမလည်ရုံ မကဘူး ၊
ငါမရှိရင် နိဗ္ဗာန်ကို ဘယ်သူ ရောက်မလဲလို့ကော မတွေးမိဘူးလား ၊ ငါမရှိဘူး ဆိုရင် ဒီဘ၀ က
ငါပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို နောက်ဘ၀ ကျရင် ဘယ်သူ ခံစားမှာလဲ ၊ တစ်
ခြားတစ်ယောက် ခံစားမယ်ဆိုရင် သူများခံစားဖို့ အတွက် ငါက ဘာဖြစ်လို့ ကောင်းမှုတွေ
လုပ်ခဲ့ရမှာလဲ ဆိုတဲ့ အတွေးတွေကော မတွေးမိဘူးလား
            သူငယ်ချင်းက “ အင်း..ဟုတ်တယ် ၊ ဟုတ်တယ် ၊ အဲဒီလိုအတွေးမျိုးခပ်ဆင်ဆင် ငါ့
ခေါင်းထဲမှာ ပေါ်တယ် ၊ ငါမရှိရင် လူတစ်ယောက်ကို လူတစ်ယောက်ကသတ်ပြီး ငါမရှိဘူး ၊ ငါ
သတ်တာ မဟုတ်ဘူး ၊ ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါး က သတ်တာလို့ ပြောရင် ဘယ့်နှယ်လုပ်မလဲ
            ကျွန်တော်က “ အေး..ထားတော့ ၊ မေးတာကတော့ သိပ်ပိုင်တယ် ၊ မျက်စိလည်ရတဲ့
အကြောင်းကတော့ ပညတ်နဲ့ပရမတ် ကို မကွဲလို့ ၊ ငါတို့မှာ မွေးကတည်းက မိဘများ ၊ ဆရာ
သမားများက ပညတ်တွေကို မှတ်တတ်တဲ့ သညာအား ကောင်းအောင်ပဲ သင်ပေးခဲ့တယ် ။
ဘာသာစကားရဲ့ ဘောင်ကလည်း ရှိသေးတယ် ။ ဘာသာစကားက ပညတ်တွေကို ခေါ်တတ်
အောင် ၊ ပညတ်တွေရဲ့ ဆက်နွယ်နေပုံတွေကို နားလည်အောင်ပဲ သင်ပေးတယ် ။ ပိုင်းခြားပြီး
သိတဲ့ဥာဏ် ၊ ဥာတပရိညာကို မရခဲ့ဘူး ။ အမှန်က ခန္ဓာငါးပါးရဲ့ သဘောအမှန်ကို ငါတို့ မသိခဲ့
ကြဘူး ။ ရုပ်လို့ပြောရင် ငါတို့က မှန်ထဲမှာမြင်ရတာကို ရုပ် ၊ ဓာတ်ပုံ ရိုက်လို့ အရုပ်ထင်တာကို ရုပ် ၊
ချိန်ကြည့်ရင် ပိဿာလေးငါးခြောက်ဆယ် ရှိတာကို ရုပ် ၊ သေရင်ခေါင်းထဲထည့်ပြီး မီးရှို့ရ တာ
မြေမြှုပ်ရတာကို ရုပ် ၊ လမ်းသွားရင် ခွေးဟောင်တာကို ရုပ်လို့ မှတ်နေကြတာကိုးဗျ ၊
ဘုရားဟောက ပူတာ အေးတာ တေဇောရုပ် ၊ မာတာ ပျော့တာ ပထ၀ီရုပ် ၊ လှုပ်ရှားတာ
ထောက်ကန်တာ ၀ါယောရုပ် ၊ ယိုစီးတာ ဖွဲ့စည်းတာ အာပေါရုပ် ၊ ဒီရုပ်တွေက တစ်စက္ကန့်တောင်
မမြဲဘူး ၊ ခုဖြစ် ခုပျက်ပဲ ၊ ဒါကြောင့် မင်းအိမ်က လာတုန်းက ပါတဲ့ရုပ်ဟာ ခု ငါ့ဆီကိုရောက်တော့
မရှိတော့ဘူး ၊ လမ်းမှာတင် ပျက်ခဲ့ပြီးပြီ ၊ အိမ်ကလာတုန်းက ရှိခဲ့တဲ့ စိတ် တွေ ၊ ခံစားမှုတွေ ၊
မှတ်သားခဲ့တာတွေ ၊ လုပ်ချင် ကိုင်ချင်ခဲ့တာတွေကကော ခု ရှိသေးလို့ လား
            မရှိတော့ပါဘူး ၊ ဟုတ်ပါတယ် ၊ မရှိတော့ပါဘူး
             သူငယ်ချင်းရဲ့ အသံထဲမှာ ချင့်ချင့်ချိန်ချိန် ပြောသောအသံ ပါသည် ။
           မိနစ်တိုင်း စက္ကန့်တိုင်း ဒီရုပ် ဒီနာမ်တွေ ပျက်စီး ချုပ်ပျောက်နေတယ် ၊ ရုပ်သစ်
နာမ်သစ်တွေကလည်း အစားထိုးနေကြတယ် ၊ ဒါဆိုရင် မင်းထင်သလို ဒီခန္ဓာငါးပါးထဲမှာ မြဲနေ တာ
ခိုင်နေတာ ဘာရှိသလဲ
             ဘာမှ မရှိဘူးလို့ ဆိုရမှာပေါ့
            ဆိုရမှာပေါ့ ဆိုတာက မဆိုချင်လည်းရတယ် ဆိုတဲ့ အနက် ထွက်နိုင်သေးတယ် ၊ ဒီ
ကိစ္စမှာ ဒီလို ခြွင်းချက် မရှိဘူးနော် ၊ မရှိဘူးလို့ပဲ ယတိပြတ်ဆိုရမယ် ၊ ဟုတ်ပြီလား
            ဟုတ်ပါပြီ သူငယ်ချင်း
           အဲဒါ ဥာဏ်အမြင်ပဲ သူငယ်ချင်း ၊ အနိစ္စကို မြင်တာ ၊ ဓမ္မကို မြင်လိုက်တာလေ ၊ ဖြစ်
ပျက်ကို မြင်လိုက်တာ ၊ ဒီလိုမြင်မှ သက္ကာယဒိဋ္ဌိ ဆိုတဲ့ အပါယ်မျိုးစေ့ ပြုတ်ထွက်သွားတယ်
ကျမ်းညွှန်း -             
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်အကြောင်း
/
...............................................................................................................
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား