Monday, August 24, 2009
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၎
  အောက်ပါအင်္ဂါငါးချက်နဲ့ညီလျှင် စတုတ္ထပါရာဇိက အာပတ်သင့်သည် ။
( ၁ )  မိမိ၌ ဈာန်မဂ်ဖိုလ် မရှိဘဲ နှင့် ရှိသည်ဟုပြောခြင်း ။
( ၂ )  ၀ါကြွားလိုသော စိတ်ရှိခြင်း ( တကယ်ရတယ်ထင်မှတ်၍ ပြောလျှင် ပါရာဇိက မကျ ) ။
( ၃ )  ငါ ဈာန်မဂ်ဖိုလ် ရသည်ဟု မိမိကိုယ်ကို တိုက်ရိုက်ညွှန်ပြခြင်း ( ငါတို့ ဆရာရဲ့ တပည့်
       မှန်လျှင် အားလုံး ရဟန္တာချည်းပဲဟု  သွယ်ဝိုက်ပြောလျှင် ထုလ္လစ္စဉ်းအာပတ်ပဲသင့်၏ )။
( ၄ ) အပြောခံရသူကလူသား(လူသာမန်)ဖြစ်ခြင်း(ရဟန်းနဲ့ နတ်ကိုပြောလျှင်ပါရာဇိကမကျ)။
( ၅ )  နားထောင်သူက ချက်ချင်းနားလည်ခြင်း ( ပြောပြီး အတန်ကြာ တွေးပြီးမှ ပြောလျှင်
        ပါရာဇိက မကျ ။ ) ပြီးတော့ တရားအားထုတ်တဲ့အခါ မိမိရဲ့ တွေ့ရှိချက်တွေကို
      ဓမ္မမိတ်ဆွေ ( ရဟန်း ) အား သဒ္ဒါထက်သန်စေလိုသော စေတနာဖြင့် ပြောခွင့်ရှိသည်။
( ရဟန်းကျင့်ဖွယ် ၂၂၇သွယ် ၊ နှာ - ၆၃ - ၆၄ )
        ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုပြောနေကြပုံက"လုံးဝ ပြောခွင့် မရှိဘူး" ဆိုတဲ့သဘော
ဖြစ်နေကြတယ် ။ သောတာပန်အဆင့်ကိုတောင် လုံးဝ မပြောရဘူး ဆိုတဲ့သဘောနဲ့ပိတ်ပင်
နေကြတာဟာ အရှင်မဟာဗုဒ္ဓဃောသ ရဲ့အစဉ်အလာဖြစ်တယ်လို့ သီဟိုဠ်ရဟန်းသံဃာ
များက ပြောဆိုဝေဖန်လာကြပါတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ မိတ္တာမစ္ဆသုတ်
မှာ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင် ချစ်ခင်သူ မိတ်ဆွေ ၊ အပေါင်းအသင်း ဆွေမျိုးတွေကို
သောတာပန် ဖြစ်ချင်အောင် ပြောဆိုရတယ်လို့ ဟောထားတာလည်းရှိပါတယ် ။
       ဘုရားက စတုတ္ထပါရာဇိက နဲ့ပတ်သက်ပြီး ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းများ ၀တ္ထုလည်း
ရှိပါတယ် ။ အကျယ်ကို " ပါရာဇိကဏ် မြန်မာပြန်ကျမ်း " မှာရှုပါ ။
       အကျင့်သီလမရှိဘဲ စောင့်ထိန်းမှု သံဝရမရှိဘဲ တိုင်းသူပြည်သားတို့လှူဒါန်းသော ဆွမ်း
ကို စားခြင်းထက် ရဲရဲညီးဖုတ်ထားသော သံတွေခဲကို စားရခြင်းက မြတ်သေး၏ ။ ထို့နောက်
မြတ်စွာဘုရားသည် ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့
တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း ၊ သူတစ်ပါးတို့က ပြုစုမွေးမြူရန်
ခက်ခဲခြင်း ။ ပ ။
         ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြုကြကုန်လော့ ။
(က) ၁၉၆ ။  " အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ၊
မြတ်သောဥာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ်ကမ္မပထတရားဆယ်ပါး ထက်
လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို မိမိသို့ ဆောင်ကပ်၍ " ဤသို့ငါသိ၏ ၊ ဤသို့ငါမြင်၏"
ဟု ပြောကြာငြားအံ့ ။ ထိုသို့ပြောကြားပြီးမှ နောက်အခါ၌ ( သူတစ်ပါးတို့ ) မေးစစ်အပ်၍
သော်လည်းကောင်း ၊ မမေးစစ်အပ်ဘဲ သော်လည်းကောင်း  အာပတ်သင့်ရောက်ပြီး၍
စင်ကြယ်ခြင်းကို အလိုရှိရကား " ငါ့ရှင်တို့ ဤသို့ မသိဘဲ သိ၏ ဟုဆိုမိပြီ ၊ မမြင်ဘဲ မြင်၏
ဟု ဆိုမိပြီ ၊ အချည်းနှီး မှားယွင်းသော စကားကိုဆိုမိပြီ " ဟု ပြောငြားအံ့ ။ ဤရဟန်း
သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရ
ခြင်းမရှိ ၊ ဤသို့ ( ပြုကုန်လော့ဟု မိန့်တော်မူ၏ ) ။
       ၁၉၇ ။  ထိုအခါ များစွာသော ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု
အမှတ်ရှိကြ၍ ၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး
သည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ
ဟု အမှတ်ရှိကြ၍ ၊ အထင်ကြီးခြင်း ( အဓိမာန ) ဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကုန်၏ ။
ထိုရဟန်းအား အခါတစ်ပါး၌ ရာဂဖြစ်ဖို့လည်း စိတ်ညွတ်၏ ။ ဒေါသဖြစ်ဖို့လည်း စိတ်ညွတ်
၏ ။ မောဟဖြစ်ဖို့လည်း စိတ်ညွတ်၏ ။ " မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူပြီး
ပြီ ၊ ငါတို့သည်လည်းမမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု အမှတ်ရှိကြ၍ ၊
 မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး သည်၌
 ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ
ဟု အမှတ်ရှိကြ၍ ၊ " အထင်ကြီးမှု " ဖြင့် အရဟတ္တဖိုလ်ကို ပြောကြားမိကုန်ပြီ ၊ အဘယ်သို့
နည်း ၊ ငါတို့သည် ပါရာဇိက ကျလေကုန်သလော " ဟု ထိုရဟန်းတို့အား တွေးတောမှု
" သံသယကုက္ကုစ္စ " ဖြစ်ကြကုန်၏ ။
             အရှင်အာနန္ဒာအား ဤအကြောင်းကို လျှောက်ထားကြရာ ၊ အရှင်အာနန္ဒာသည်
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။
             အာနန္ဒာ ၊ အကြင်ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု
အမှတ်ရှိကြ၍ ၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး
သည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ
ဟု အမှတ်ရှိကြ၍ ၊ အရဟတ္တဖိုလ်ကို ပြောကြားမိတတ်ကုန်၏ ။ထို ( အထင်ကြီးခြင်း ) ဖြင့်
အရဟတ္တဖိုလ်ကို ပြောကြားခြင်းကိုကား အာပတ်သင့်ခြင်း၏ အကြောင်းဟု " မခေါ်ဝေါ်
လောက် " ဤသို့ မိန့်တော်မူ၏ ။
              ရဟန်းတို့ ဤသို့လျှင် သိက္ခာပုဒ်တော်ကို ပြုကြကုန်လော့ ။
၎ ။ (ခ)  အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်း ငှာ စွမ်းနိုင်သော ၊ မြတ်
သောဥာဏ်အမြင်ဟု ဆိုအပ်သော ၊ လူတို့ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်
သော ၊ ဈာန်မဂ်ဖိုလ်တရားကို " မိမိသို့ကပ်ဆောင်၍ " ဤသို့ငါသိ၏ ။ ဤသို့ငါမြင်၏ ဟု
ပြောကြားငြားအံ့ ။ ထိုသို့ပြောကြားပြီးမှ နောက်အခါ၌ ( သူတစ်ပါးတို့ ) စစ်မေးအပ်၍သော်
လည်းကောင်း ၊ မမေးစစ်အပ်ဘဲ သော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်
ခြင်းကို အလိုရှိရကား " ငါ့ရှင်တို့ ဤသို့ ငါမသိဘဲ သိ၏ ဟု ဆိုမိပြီ ၊ မမြင်ဘဲမြင်၏ဟု ဆိုမိ
ပြီ ၊ အချည်းနှီး မှားယွင်းသော စကားကို ပြောမိပြီ " ဟု ပြောဆိုငြားအံ့ ။ " အထင်ကြီးမှုကို
ကြဉ်၍ " ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ။ ရဟန်းကောင်း
တို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ " ဤသို့ ( ပြုကြကုန်လော့ဟု မိန့်တော်မူ၏ )
            ဒါက စတုတ္ထပါရာဇိက သိက္ခာပုဒ်ရဲ့ မူလပြဋ္ဌာန်းချက် နဲ့ ခြွင်းချက်ထားပြီး ပြဋ္ဌာန်း
ချက်ဖြစ်ပါတယ် ။
            ပထမပြဋ္ဌာန်းချက် နဲ့ ဒုတိယပြဋ္ဌာန်းချက်မှာ " အထင်ကြီးမှုကိုကြဉ်၍ " ဆိုတဲ့
စကားဘဲ ပိုလာပါတယ် ။
        " အထင်ကြီးမှုကိုကြဉ်၍ " ဆိုတာကို ပါဠိလိုတော့ အညတြ အဓိမာန လို့ခေါ်ပါတယ်။
အရဟတ္တဖိုလ်ကို ( ရဟန္တာဖြစ်ပြီ ) ဆိုတဲ့ စကားကို ကိုယ့်စိတ်ထဲမှာ ဖြစ်ပြီထင်လို့
( အထင်ကြီးလို့ ) " ငါကတော့ ရဟန်းကိစ္စပြီးသွားပြီးပြီ "
...........................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၅
 ပါရာဇိက သိက္ခာပုဒ် လေးပါးသည် ဗုဒ္ဓဥပဒေတော်တွင် အကြီးလေးဆုံး သိက္ခာပုဒ်တော်
များဖြစ်လင့်ကစား မြတ်စွာဘုရားသည် အာဓိကမ္မိက ( အဦးဆုံး ကျူးလွန်သူ )
များအား အာပတ်မှ လွတ်ခွင့်ပေးတော်မူခဲ့သည် ။ ထိုအာဒိကမ္မိက ပုဂ္ဂိုလ်များသည် ပါရာဇိက
သိက္ခာပုဒ်တော်များအား လွန်ကျူးမိခဲ့သော်လည်း နောင်အခါ မကျူးလွန်အောင် စောင့်စည်း
၍ သိက္ခာသုံးပါး ( သီလ ၊ သမာဓိ ၊ ပညာ ) ကို ကျင့်သုံးသွားလျှင် အရဟတ္တဖိုလ်သို့ ရောက်
နိုင်သည် ။ မည်သိုပင်ဆိုစေ အာဒိကမ္မိက ပုဂ္ဂိုလ်များအား ၄င်းတို့ စွမ်းအားအလျောက်
သိက္ခာသုံးပါး မြတ်တရားကို ကျင့်ကြံအားထုတ်ပါက မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်နိုင်ရန်
လမ်းဖွင့်ပေးထားသည့် အနေနှင့် မြတ်စွာဘုရားက အပြစ်မှ ခွင့်လွှတ်ခဲ့သည်ဟူသော
အချက်ကိုကား မှတ်သားထားရမည် ဖြစ်သည် ။ ( ကျမ်းဦးမှတ်ဖွယ် - နှာ - ၈ - ၉ )
             ဤတွင် စတုတ္ထပါရာဇိက သိက္ခာပုဒ်ပါ " ဥတ္တရိမနုဿဓမ္မ " ကို တိုက်ရိုက်ဖြစ်စေ ၊
သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုရာ၌ အာပတ်မသင့်သော ကိစ္စများစွာ ရှိလေသည် ။ ဤ
အကြောင်းများကို ဗဟုသုတလည်းဖြစ် ၊ ဆင်ခြင်စရာလည်းဖြစ်ရလေအောင် ဤတွင်
ဖော်ပြပါမည် ။
            ရဟန်းတစ်ပါးသည် လူသူမရှိရာ အရပ်၌ မိမိတစ်ပါးတည်း ၀ါကြွားလိုသော စိတ်
ဖြင့် ငါသည် ဈာန်မဂ်ဖိုလ် ရသည်ဟု ၀ါကြွားပြောဆိုလေ၏ ။ နတ်သားတစ်ယောက်က
ကြား၍ ထိုရဟန်းအား မမှန်သောစကား မပြောကြားပါနှင့်ဟု တားမြစ်၏ ။ ထိုအရာ၌
နတ်သားသည် ရဟန်းပြောသောစကား၏ အဓိပ္ပာယ်ကို နားလည်၏ ။ သို့သော် လူသား
မဟုတ်သဖြင့် ထိုရဟန်းအား ပါရာဇိက အာပတ်မသင့် ၊ အလွန်သေးငယ်သော ဒုက္ကဋ်
( မကောင်းသဖြင့် ပြုခြင်းကြောင့် သင့်ရောက်သော အာပတ် ) အာပတ်သာ သင့်၏ ။
         အခါတစ်ပါး၌ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်၍ " ရဟန္တာအရှင်မြတ်
တို့ ထိုင်ပါလော့ "" ရဟန္တာအရှင်မြတ်တို့ ဆွမ်းဘုဉ်းပေးပါလော့ "  စသည်ဖြင့် ရဟန္တာဟု
ခေါ်ဝေါ်၍ ခရီးဦးကြိုပြု၏ ။ ရဟန်းတို့သည် မိမိတို့ ရဟန္တာမဟုတ်သဖြင့် မထိုင်ရဲကုန် ။
ဆွမ်းဘုဉ်းမပေးရဲ ဖြစ်ကုန်၏ ။ မြတ်စွာဘုရားက ကြည်ညိုသောကြောင့် ခေါ်ဝေါ် ပြောဆို
ရာ၌ အာပတ်မသင့် ဟုမိန့်တော်မူ၏ ။
         ဓုတင်ဆောင် ရဟန်းများ အနေနှင့် မိမိဆောင်ထားသော ဓုတင်အကျင့်များကိုလည်း
လူသိမခံဘဲ ကျင့်ရကြောင်း ကျမ်းဂန်မှာလာသည် ။ ဘာကြောင့် လူသိမခံရသလဲဟု မေး
သင့်၏ ။ လျှို့ဝှက်လိုသော သဘောလားဟု ထင်မြင်ယူဆစရာရှိပါ၏ ။ မဟုတ်ပါ ။ မိမိအပေါ်
လူများအထင်မကြီး စေလိုသောကြောင့်သာ ဖြစ်ပါ၏ ။ လူအများ အထင်ကြီး စေလိုသော
ကြောင့် တောရဆောက်တည်ခြင်း ၊ သုဿန်ဓုတင်ဆောင်ခြင်း စသည်ပြုလုပ်လျှင် ဒုက္ကဋ်
အာပတ်သာ သင့်၏ ။ ( ရဟန်းကျင့်ဖွယ်၂၂၇သွယ် -နှာ - ၆၄ - ၆၅ )
           ကျမ်းဂန်လာစကား၏ ဦးတည်မှုအရ ဓုတင်သည် " ဥာဏ် " ပညာကို အလိုရှိအပ်
ကြောင်း ပေါ်ပါသည် ။ သို့ဆိုပါလျှင် ဓုတင်သည် မနုဿဓမ္မ မှာရော ၊ ဥတ္တရိမနုဿဓမ္မ မှာ
ရော ၊ ရောနှော သက်ဝင်နေပုံပေါ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ဓုတင်အကျင့်သည်
သေက္ခပုဂ္ဂိုလ် ၊ ပုထုဇဉ် နှင့် ရဟန္တာများပါ အကျူံးဝင်သောကြောင့် ဖြစ်၏ ။ ကုသိုလ် နှင့်စပ်
သော ဓုတင်သည် သေက္ခပုဂ္ဂိုလ် နှင့် ပုထုဇဉ်ဓုတင်ဖြစ်၍  အဗုအကတ နှင့် စပ်သော ဓုတင်
သည် ရဟန္တာဓုတင် ဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ် - မြန်မာပြန် ( ပတွဲ ) နှာ - ၂၂၀ တွင် ဖော်ပြထား
သောကြောင့်ဖြစ်၏ ။
         ထိုသို့ဆိုပါမူကား ဓုတင်သည် ဥတ္တရိမနုဿဓမ္မ၌လည်း အကျူံးဝင်နေကြောင်း
ထင်ရှားပါ၏ ။
          ရဟန်းက ဥတ္တရိမနုဿဓမ္မကို ရဟန်းမဟုတ်တဲ့ လူသာမန်တွေကို ပြောပုံပြောနည်း
တစ်မျိုးနဲ့ ပြောလို့ နားထောင်သူ ပရိသတ်က သူပြောလျှင်ပြောချင်း ( ချက်ချင်း ) နားမလည်
ဘဲနှင့် နောက်ကျမှ စဉ်းစားပြီး နားလည်ရင်လည်း အာပတ်မသင့်ပါဘူး တဲ့ ။
              မြတ်စွာဘုရားရဲ့သာသနာဟာ သိပ်ပြီး ကျဉ်းကျပ်လွန်းတဲ့ သာသနာ မဟုတ်ပါ
ဘူးဗျာ ။ ကမ္ဘာ့ဘာသာအယူဝါဒတွေထဲမှာ ဗုဒ္ဓဘာသာလောက် လွတ်လပ်ခွင့်ကို တန်ဖိုးထား
တဲ့ဘာသာ တစ်ခုမှ မရှိပါဘူး ။
          ဒီစတုတ္ထပါရာဇိက အာပတ်နဲ့ ပတ်သက်ပြီး လူတွေမှာလည်း တရားနာတဲ့အခါ
ဗဟုသုတရှိပြီး နားထောင်ခြင်းအားဖြင့် တရားဟောဆရာရဲ့ စကား အသွားအလာကို
အကဲခတ်နိုင်အောင် သိသင့်သိထိုက်တာလေးတွေကို တင်ပြရတာပါ ။
           ခုခေတ်က ရှေးခေတ်နဲ့မတူဘူး ၊ ရှေးတုန်းက လူတွေက ရဟန်းသံဃာတော်တွေ
ကို ကြည်ညိုတတ်ကြတယ် ၊ သိပ်ပြီး မဝေဖန်တတ်ကြဘူး ။ သူတို့စိတ်ထဲ အကုသိုလ်ဖြစ်မှာ
ကို အလွန်ကြောက်တတ်ကြတယ် ။ ယခုခေတ်က မလွယ်ဘူး ၊ အကုသိုလ်ကိုလည်း နား
မလည်ဘူး ၊ ကြောက်လည်း မကြောက်ဘူး ၊ အကုသိုလ် ကုသိုလ် တွေကို သိပ်အရေးမထား
တာမှာလည်းအကြောင်းက ၀ိပဿနာဥာဏ် ထက်သန်လာတာလည်း တစ်ကြောင်း ၊ ရဟန်း
သံဃာတော်တွေကို အကဲခတ်တဲ့ သဘောက ပိုများလာတာလည်း တစ်ကြောင်း မို့ သံဃာ
တော်များကို ယုံကြည်ကိုးကွယ်ရာမှာ သဒ္ဒါအားနည်းလာကြတယ် ။ မြတ်စွာဘုရားက ဒီလို
ဖြစ်လာမှာကို ကြိုပြီး မြင်တော်မူခဲ့တယ် ။ ဒါကြောင့် အင်္ဂုတ္တရ်ပါဠိတော် ၊ အနာဂတ ဘယ
သုတ်မှာ နောင်အခါ ဖြစ်လာမှာတွေကို ကြိုပြီး ဟောတော်မူတဲ့ အထဲမှာ -
       "ထို ရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုလည်းမပွားများ ၊ သီလကိုလည်းမပွားများ ၊
စိတ်ကိုလည်းမပွားများ ၊ ပညာကိုလည်းမပွားများကုန်ပါလျက် မြတ်စွာဘုရား ဟောကြား
တော်မူအပ်ကုန်သော ၊ နက်နဲကုန်သော ၊ နက်နဲသောအနက်ရှိကုန်သော ၊ လောကမှလွတ်
မြောက်ကြောင်း ဖြစ်ကုန်လျက် ( သတ္တမှ ) ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော ၊ သုတ္တန်
တရားတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြလိမ့်မည် မဟုတ်ကုန် ၊
နားထောင်ကြလိမ့်မည် မဟုတ်ကုန် ၊ သိနားလည်လိုသောစိတ်ကို ဖြစ်စေလိမ့်မည် မဟုတ်
ကုန် " လို့ ဟောထားတော်မူတယ် ။
          အဲဒါဟာ လွန်ခဲ့တဲ့ အနှစ် ၂၅၀၀ ကျော်က ဟောတော်မူခဲ့တာပါ ။ ဒီတော့ ခုခေတ်
ကလူတွေ မိမိတို့ ကိုးကွယ်တဲ့ ဘာသာတရားရဲ့ကြီးကျယ်ပုံ ၊ နက်နဲပုံ ၊ မြင့်မြတ်ပုံကို ပြော
ကြ ဟောကြတဲ့အခါ သူတို့က ခေတ်အမြင် ၊ ခေတ်အတွေး ၊ ခေတ်မျက်လုံး နဲ့ ကြည့်ကြ
တယ် ။ ခေတ်နားနဲ့နာကြတယ် ၊ ဟောပြောတဲ့ ဓမ္မကထိက ရဟန်းသံဃာကိုလည်း စူးစမ်း
လိုတယ် ၊ အကဲဖြတ်လိုတယ် ၊ ဒါကြောင့် သူတို့ကို တရားတော်၌ စိတ်ဝင်စားလာအောင်
လုပ်ဖို့ကိစ္စမှာ ၀ိနည်းတော်တွေရဲ့ နက်နဲတဲ့သဘော ၊ မကြည်ညိုသေးသူများ ကြည်ညိုလာ
စေဖို့ ၊ ကြည်ညိုပြီးသူတို့ ပိုပြီး ကြည်ညိုလာအောင် အသိပညာပေးသင့်တယ် ၊ ပေးသင့်
တယ်ဆိုတာထက် ပေးရမယ်လို့ ပြောရင် ပိုတောင် မှန်မလား ပဲ ။
            ခေတ်ပြောင်းလာတော့ လက်တွေ့ သိပ္ပံပညာရဲ့ သြဇာခံ ခေတ်လူငယ်တွေကို
ယုံကြည်လက်ခံအောင် ပြောရတာ မလွယ်ပါဘူး ။ သူတို့က ဘာမဆို လက်တွေ့မှယုံတာ ၊
လက်တွေ့ဆိုတာ သူတို့လက်ခံနိုင်တဲ့ သဘာဝယုတ္တိ ၊ အာဂမ္မယုတ္တိ ကိုပြောတာပါ ။
          စတုတ္ထပါရာဇိက သိက္ခာပုဒ်နဲ့ပတ်သက်ပြီး သိသင့်တဲ့ ၊ နက်နဲတဲ့ ကိစ္စတွေကို
ဆက်လက်တင်ပြပါမယ် ။
           သုဒ္ဓိက၀ါရ ကို တင်ပြပါမယ် ။ ဒါက ဘယ်လိုပြောရင် အာပတ်သင့်တယ် ဆိုတာ
ကို ပြတာပါ ။
အပိုင်း - ၆ ဆက်လက်ဖတ်ရှုပါရန်
..............................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၆
        သုဒ္ဓိက၀ါရ ကို ဆက်လက်တင်ပြပါမယ် ။ ဒါကဘယ်လိုပြောရင် အာပတ်သင့်တယ်
ဆိုတာကိုပြတာပါ ။
        ၂၀၀ ။   မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟုသိ၏ ။
ပြောဆဲ ရဟန်းသည် " ငါမဟုတ်မမှန် ပြောဆိုနေသည် " ဟုသိ၏ ။ ပြောပြီး ရဟန်းသည်
" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ဤအကြောင်းသုံးမျိုးတို့ဖြင့် ပထမဈာန်ကို ၀င်စား
ခဲ့ပြီဟု သိလျက် ၊ မဟုတ်မမှန်ပြောဆိုသော ရဟန်းအား  ပါရာဇိက အာပတ်သင့်၏ ။
 ဒီမှာက ( အကြောင်းသုံးမျိုး ) ကိုပြတော်မူတယ် ။
         ခု ( အကြောင်းလေးမျိုး ) ကိုဆက်ပြောပါမယ် ။ " မပြောမီ ရှေးမဆွကပင် ထိုရဟန်း
သည် မဟုတ်မမှန် ပြောမည် " ဟုသိ၏ ။  ပြောဆဲရဟန်းသည်" မဟုတ်မမှန် ပြောနေသည်"
ဟုသိ၏ ။ ပြောပြီးရဟန်းသည် " ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန်
မရှိဟူသော မိမိ၏ ) အယူအဆကို ဖုံးထားလျက် အကြောင်းလေးမျိုးဖြင့် ပထမဈာန်ကို
ဝင်စားခဲ့ပြီဟုသိလျက် ၊ မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။
          နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟု
သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန် ပြောနေသည် "  ဟုသိ၏ ။ ပြောပြီးရဟန်းသည်
" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ
ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်မှု သဘောတူညီမှုကို
ဖုံးထားလျက် ( အကြောင်းငါးမျိုးဖြင့် ) ပထမဈာန် ကို ၀င်စားခဲ့ပြီဟု သိလျက် ၊ မဟုတ်မမှန်
ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။
            နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန်ပြောမည် " ဟု
သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန်ပြောသည် " ဟုသိ၏ ။ ပြောပြီးရဟန်းသည်
" ငါ မဟုတ်မမှန်ပြောမိပြီ "  ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ
ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်သဘောတူညီမှုကို ဖုံး
ထားလျက် ငါ့အား ပထမဈာန်မရှိ ဟူသောမိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်
( အကြောင်းခြောက်မျိုး ) တို့ဖြင့် ပထမဈာန်ကို ၀င်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆို
သောရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။
           နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟု
သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန် ပြောနေသည် "  ဟုသိ၏ ။ ပြောပြီးရဟန်းသည်
" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ
ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်မှု သဘောတူညီမှုကို
ဖုံးထားလျက်  ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ )နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်
( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) ရည်မှန်းချက်ကို ဖုံးထားလျက် ( အကြောင်းခုနှစ်
မျိုး ) ဖြင့် ပထမဈာန်ကို ၀င်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား
ပါရာဇိက အာပတ်သင့်၏ ။ အဲဒါဟာ မဟုတ်မမှန် ပြောဆိုရာမှာ ထားတဲ့ စေတနာ ၇ မျိုးကို
ဟောထားတာပါ ။
          မပြောမီ ၊ ပြောဆဲ ၊ ပြောပြီး ဆိုတဲ့ စကားလုံးတွေ ဟာ ပုဗ္ဗ ၊ မုဉ္စ ၊ ပရစေတနာ ကို
ပြောတာပဲဖြစ်ပါတယ် ။ နောက်ပိုင်းမှာပါတဲ့ -
-  အယူအဆကိုဖုံးထားလျက်
-  နှစ်သက် ကျေနပ်မှုကို ဖုံးထားလျက်
-  ရည်မှန်းချက်ကို ဖုံးထားလျက်  ဆိုတာတွေကို နားလည်အောင်ထပ်ရှင်းပါမယ် ။
          အဋ္ဌကထာမှာတော့  မပြောမီ ၊ ပြောဆဲ ၊ ပြောပြီး  နောက်မိမိက မုသားပြောသည်
ဟု သိတဲ့ အင်္ဂါသုံးပါးစုံမှ မုသားဖြစ်သည် ဟု ပြတော်မူသည် ဟု ဖွင့်ထားပါတယ် ။
( ပါရာဇိကဏ်ဘာသာဋီကာ - တတွဲ - နှာ - ၄၄၈ )
            ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာတွေကို ပြောပြပါမယ် ။ ခုပြောခဲ့တဲ့
စေတနာသုံးတန်မှာ မပြောခင်က ဖြစ်တဲ့ ပုဗ္ဗဘာဂေါ - မပြောမီ ရှေးအဖို့၌ဖြစ်သော " အသိ "
သည်ရှိတယ် ။ ဒါပေမယ့် ပြောပြီးနောက်အဖို့၌ဖြစ်သော " အသိ " တော့ မရှိဘူးလို့ ဆိုရင်
ကော ၊ ပါရာဇိက အာပတ်သင့်သလား ဆိုတဲ့ အမေးပုစ္ဆာ ကိုလည်း အဋ္ဌကထာ ဆရာမြတ်
များ ဖြေတော်မူထားတာ ရှိပါတယ် ။
          " မုသားမပြောခင်ကတည်းက ငါမုသားပြောတော့မည်လို့ နှလုံးသွင်းပြီး ပြောသော
ကြောင့် ပြောပြီးနောက် မသိဘူးဆိုတာ မဖြစ်နိုင်ဘူး ။ ပြောပြီးနောက်မှ ကိုယ်ကတော့
မုသားပြောခဲ့ပြီလို့ မသိဘူးဘဲထား ။ မပြောခင်ကသိတယ် ။ ပြောဆဲမှာလည်း သိတယ်
ဆိုရင် အဲဒီ သိခြင်း အင်္ဂါနှစ်ပါး အပေါင်းသည်သာ ပဓာနကျတယ်လို့ ဆိုထားပါတယ် ။
( ပါရာဇိကဏ်ဘာသာဋီကာ - တတွဲ - နှာ - ၄၄၉ )
ဒါထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ( မုသားမပြောမီ ရှေးအဖို့၌ မုသားပြောတော့အံ့
ဟု နှလုံးသွင်း မရှိသော ) ပုဂ္ဂိုလ်ကို အာပတ္တိယာ ဖြင့် နကရေတဗ္ဗော ၊ မရေတွက်ရဘူး ။
( မုသား မပြောမီ ခဏ၌ " ငါမုသားပြောအံ့ " ဟု နှလုံးမသွင်းဘဲ အဆောတလျင် ပြောသူ
မှာ ပြောဆဲခဏ၌ " ငါ့စကား ဟာ မုသားဖြစ်နေပါပေါ့လား " ဟု သိသော်လည်း နောက်ပြန်
ဆုတ်ဖို့ရာ မတတ်နိုင်သည့်အတွက် အာပတ်ဖြင့် ဆုံးဖြတ်ဖို့ရန် အရာမဟုတ်သောကြောင့်
မဆုံးဖြတ်ရဘူး လို့ ဖွင့်ပြထားပါတယ် ။
          ဒီ အဋ္ဌကထာ ဆရာမြတ်များရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒဿနပညာရှုထောင့်က
ကြည့်ရင်လည်း သိပ်ကို နက်နဲကြောင်း တွေ့ရှိရပါတယ် ။
         ခေတ်အမြင်နဲ့ပြောရင် ဒီမှာ အသိနဲ့ယှဉ်တဲ့ လွတ်လပ်စွာရွေးချယ်မှု ရဲ့သဘော
နက်နက်ရှိုင်းရှိုင်းပါတယ် ။ အသိနဲ့ယှဉ်တဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိမှု ၊ မရှိမှု အပေါ်
မှာ မူတည်၍သာ လူမှာက တာဝန်ကျရောက်မှု ဆိုတာ ဖြစ်ရတာပါ ။ ဒီအချက်ဟာ ဒီမှာ
ကောင်းကောင်း ပေါ်လွင်ပါတယ် ။ ဒီမှာ အဋ္ဌကထာ ဆရာကထပ်ပြီး ပြောထားတာက
" ရှေးအဖို့၌ ဖြစ်သော နှလုံးသွင်းသည်သာ " လိုရင်း ဖြစ်တယ်လို့ဆိုပါတယ် ။ အဆော
တလျင် ပြောဆိုအပ်သော စကားသည် ( ရည်ရွယ်ချက် မပါဘဲ ) ပြောရသောကြောင့် ၊
ချွတ်ချော်သဖြင့် ( ၀ါ ) ချွတ်ချော်နိုင်တဲ့ အတွက် သောအာပတ္တိယာ နကရေတဗ္ဗော အာပတ်
ကျတယ်လို့ မဆိုနိုင်ဘူးတဲ့ ။ ဒီနေရာမှာ ရှေ့စိတ် နဲ့ နောက်စိတ် တို့ဟာ တစ်ခုပျက်စီးမှ
တစ်ခုဖြစ်ပုံကိုလည်း ရှင်းပြထားပါတယ် ။ ဒါကြောင့် မုသားမပြောမီ ရှေးအဖို့၌ ဖြစ်သော
စိတ်သာလျှင် ပဓာနကျကြောင်း ဖော်ပြထားပါတယ် ။
           မုသားပြောမယ်လို့ ကြိုတင် ဖြစ်ပေါ်တဲ့ ရှေ့စိတ် မချုပ်ဘဲ နဲ့ နောက်စိတ် မဖြစ်နိုင်
ဘူး ၊ အကြားမရှိအောင် ဖြစ်ခြင်းကြောင့်သာ တစ်စိတ်ထဲပဲလို့ ထင်ရတာ ဖြစ်ပါတယ် ။
ဒါက စေတနာသုံးပါးမှာ ပထမပုဗ္ဗစေတနာ ကိုသာ ပဓာနထားရမယ်လို့ ဆိုတာကို ပြတာ
ဖြစ်ပါတယ် ။ နောက်စကားတွေဖြစ်တဲ့ -
-  အယူအဆကို ဖုံးထားလျက်
-  နှစ်သက် သဘောတူညီမှုကို ဖုံးထားလျက်
-  နှစ်သက် ကျေနပ်မှုကို ဖုံးထားလျက်
-  ရည်မှန်းချက်ကို ဖုံးထားလျက်      ဆိုတဲ့ စကားများ ( အကြောင်းတရားများ ) ဟာလည်း
သိပ်ပြီး ဒဿနဆန်ပါတယ် ။
              အယူအဆဆိုတာ သိနားလည်မှု နဲ့ ခံယူချက် ကိုပြောတာပါ ။ မုသားပြောရာမှာ
ခံယူချက် ၊ သိနားလည်မှုပါပြီးမှ တမင်တကာ ပြောတာ ၊ သူများအကျပ်ကိုင်လို့ ၊ တိုက်တွန်း
လို့ ၊ ဆွဲဆောင်လို့ ပြောတာ မဟုတ်ပါဘူး ။ မိမိ သဘော နဲ့ မိမိ လွတ်လွတ်လပ်လပ် ရွေး
ချယ်ဆုံးဖြတ် ပါတဲ့ သဘောကို ပြောတာပါ ။ ရည်ရွယ်ချက်ကို ဖုံးထားလျက်ဆိုတဲ့ စကား
ဟာလည်း မိမိ ရဲ့  Intention ကိုပြောတာ ၊ ဒီပြောဆိုမှုဟာ မရည်ရွယ်ဘဲနဲ့ ပြောတာ
မဟုတ်ဘူး ။ တမင်တကာကိုပဲ မုသားပြောဖို့ ရည်ရွယ်ပြီးမှ ပြောတာ ဖြစ်လို့လည်း ရွေးချယ်
မှု နဲ့ ဆုံးဖြတ်ချက်ပါတယ် ။ ဒီအချက်တွေဟာ ပုဗ္ဗစေတနာထဲမှာ ( မပြေမီကပင် သိလျက် )
ဆိုတဲ့ အထဲမှာ အားလုံး အကျုံးဝင်ပါတယ် ။ ဒီလို မဟုတ်မမှန် ပြောဆိုလိုက်ပြီးနောက်
" ဟာ ..ငါတော့ မဟုတ်မမှန် ပြောမိလိုက်ပြီ ၊ ငါမှားသွားပြီလို့ သိလိုက်ရင် တစ်မျိုးဖြစ်မယ်၊
ခုတော့ မဟုတ်ဘူး " ဒီလို မုသားပြောလိုက်ရတာကိုပဲ သဘောတူတယ် ။ အလိုကျတယ် ။
နှစ်သက်ရုံမျှမက ဒီလို ပြောလိုက်ရတာကိုပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်တယ် ၊ နှစ်သက်တယ်
ပေါ့ ။ ဒါက ပရစေတနာမှာ အကျုံးဝင်တယ် ။ ဒါတွေ အားလုံးကို ပေါင်းလိုက်ရင် ဒီပုဂ္ဂိုလ်
ဟာ မုသားပြောတဲ့အချိန်မှာ အယူဝါဒ ဒိဋ္ဌိကို လည်းကောင်း ၊ နှစ်သက်ခြင်း ခန္တီဟိ ကို
လည်းကောင်း ၊ အကြိုက်ရုစိကို လည်းကောင်း ချထား ၊ ဖုံးထားပြီး ၊ လှည့်ဖြားပြီး ၊ လိမ်
လည်ပြီး ပြောတာ ဖြစ်တယ် ။ ဒါတွေ အားလုံးဟာ " မုသာဝါဒ " ချည်းပဲ ဖြစ်တယ် ။
အဲဒီလို အကြောင်းတရား အားလုံးကို သိလျက် တမင်ကိုပဲ ငါ့မှာ မရှိတဲ့ " ဥတ္တရိမနုဿဓမ္မ "
ကို ရှိတယ် ၊  ငါရပြီးပြီလို့ မုသားပြောဆိုမှသာ ပါရာဇိက အာပတ် သင့်တယ် ။ ပြောတဲ့အခါ
မှာလည်း ဥတ္တရိမနုဿဓမ္မကို ငါ ၀င်စားခဲ့ပြီ ၊ ၀င်စားသည် ၊ ၀င်စားနေသည် ၊ ရသည် ၊
လေ့လာသည် ၊ မျက်မှောက်ပြုအပ်ပြီ လို့ပြောရင် ထိုရဟန်း အာပတ်သင့်တယ် ။ ဒါလည်း
သိလျက် မဟုတ်မမှန်ပြောမှ ပါရာဇိက အာပတ် သင့်တာပါ ။ ဒီနေရာမှာ ယေဘုယျအားဖြင့်
ဈာန်မဂ်ဖိုလ်လို့ စာပေကျမ်းဂန်မှာ ဖော်ပြတာများသော်လည်း ဗောဓိပက္ခိယတရား ၃၇ ပါး
အားလုံးပါဝင်ပါတယ် ။ ငါ  လောဘ ၊ ဒေါသ ၊ မောဟကို စွန့်ပြီးပြီ ၊ ပယ်ပြီးပြီ ၊ ငါလွတ်
မြောက်ပြီ စသည်ဖြင့် သိလျက် မဟုတ်မမှန် ပြောဆိုရင်လည်း ပါရာဇိက အာပတ် သင့်တာ
ပါပဲ ။ ဒါပေမယ့် အခါတစ်ပါးမှာ အရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက ဥတ္တရိမနုဿ
ဓမ္မကို ထုတ်ဖော် ပြောဆိုတော်မူပါတယ် ။ ဘုရားက အာပတ်မသင့်ဘူးလို့ မိန့်တော်မူတာ
လည်း ရှိပါတယ် ။ ဘာကြောင့် အာပတ်မသင့်သလဲ ။ ဒါကိုလည်း သိနားလည်သင့်ပါတယ် ။
             ပြီးတော့ ပါရာဇိကဏ် ပါဠိတော် ( မြန်မာပြန် ) - ၂၁၅ မှာလည်း အောက်ပါ
အတိုင်း ဖော်ပြထားတာကိုလည်း သိသင့်ပါတယ် ။
          " အကြောင်းသုံးမျိုးတို့ဖြင့် ပထမဈာန်ကို ၀င်စားပြီ ဟု ဆိုလိုလျက် ၊ ဒုတိယဈာန်
ကို ၀င်စားပြီ ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ( နားထောင်သူ ) သိနား
လည်သော် ပါရာဇိက အာပတ်သင့်၏ ။ ( နားထောင်သူ ) မသိ နားမလည်သော် ထုလ္လစ္စဉ်း
အာပတ်သင့်၏ ။ ဒါတွေကိုလည်း ဥာဏ်ဝင်စားပြီး နားလည်ရမယ့် ခြွင်းချက် တစ်ခု ဖြစ်
ပါတယ် ။
         ဒီနေရာမှာ ခေတ်ကာလကိုလည်း ထည့်ပြောရဖို့ အကြောင်းရှိပါတယ် ။ ခုခေတ်က
ဒါနသီလခေတ် မဟုတ်ပါဘူး ။ ၀ိမုတ္တိယုဂ ၊ ၀ိပဿနာခေတ် ဖြစ်နေပါတယ် ။ ဟိုးရှေးခေတ်
တုန်းကတော့ လူတွေက ဒါန ၊ သီလ လောက်ပဲ သက်ဆိုင်သလို နေခဲ့ကြပြီး သမထ၀ိပဿ
နာ အလုပ်က ရဟန်းသံဃာအလုပ်လို့ သဘောထားခဲ့ကြပါတယ် ။ ခုကျတော့ လူတွေက
ရဟန်းသံဃာများထက်တောင်မှ ပိုပြီး ၀ိပဿနာကို အားသန်စွာ လေ့လာမှတ်သား ၊ ကျင့်
ကြံပွားများနေတာ တွေ့ရပါတယ် ။ ဟိုတုန်းက သစ္စာ အကြောင်း ၊ ၀ိပဿနာအကြောင်းကို
တရားပွဲမှာ ဟောလို့ ပြောလို့ မရဘူး ၊ ပုံတိုပတ်စ ၊ ဇာတ်နိပါတ်တွေနဲ့ ၀တ္ထုကြောင်းတွေ နဲ့
အသံနေ အသံထားနဲ့ ဟောမှ လူတွေက နာကြပါတယ် ။ ခုကျတော့ ခေတ်ပြောင်းသွားပြီ ၊
လူတွေက ၀ိပဿနာအကြောင်း ၊ မဂ်အကြောင်း ၊ ဖိုလ်အကြောင်း ပဲ နာချင် ကြားချင် ကြ
တယ် ။
         ဒါပေမယ့် ယခုခေတ်လူတွေရဲ့စိတ်ထဲမှာ နာချင်တာတော့ မှန်ပါတယ် ၊ သိပ်ပြီး
ယုံလို့တော့ မဟုတ်ပါဘူး ၊ သူတို့စိတ်ထဲမှာ မဂ် ဆိုတာရှိလို့လား ၊ ဖိုလ် ဆိုတာရှိလို့လား ၊
နိဗ္ဗာန် ဆိုတာရှိလို့လားလို့ သံသယစိတ်ရှိကြပါတယ် ။
              အဲဒါ ခေတ်လူတွေ ဗုဒ္ဓဘာသာအပေါ် ယေဘုယျထင်မြင်ချက် ဖြစ်ပါတယ် ။
ဒါကြောင့် မြတ်စွာဘုရားက အနာဂတ ဘယသုတ်မှာ ဟောထားသလို မဂ်အကြောင်း ၊ဖိုလ်
အကြောင်း ၊ လက်တွေ့မပြနိုင် ၊ အထောက်အထားမပြနိုင်ပဲ စာတွေလျှောက်ပြီး ရွတ်ပြနေ
လို့ကတော့ ဒီတရားတွေကို နာကြတော့မှာ မဟုတ်ဘူး ၊ ကိုယ်က တရားသဘောကို ခန္ဓာ
ဥာဏ်ရောက် ပေါက်ပေါက်မြောက်မြောက် အားမထုတ်ပဲနဲ့ နားထောင်ကောင်းအောင်
လောက်ပဲ ဟောပြောပြီး လာဘ်လာဘ ကို ရှာနေကြရင်တော့ ဒီနေ့ခေတ် လူငယ်ပရိသတ် ၊
ခေတ်ပညာတတ်တွေဟာ ဘယ်တော့မှ ဒီတရားပွဲကို အလေးအနက်ထားပြီး လာနာမှာ
မဟုတ်ဘူး ။
          ခေတ်လူ ၊ ခေတ်ပညာတတ်တွေကို ဗုဒ္ဓသာသနာတော် ရဲ့ ကြီးကျယ်ပုံ ၊ နက်နဲပုံ ၊
မြင့်မြတ်ပုံ ၊ ကြည်ညိုဖွယ်ကောင်းပုံတွေကို ရှုထောင့်အမျိုးမျိုးက တင်ပြချင်ပါတယ် ။
ဓမ္မ ရဲ့ သဘောသဘာဝ ကို ဥာဏ်သက်ဝင်စေချင်ပါတယ် ။ ဒါမှလည်း ဒီသာသနာတော်ကို
ခေတ်လူတွေရဲ့ စိတ်ထဲမှာ ကြီးကြီးမားမား တန်ဖိုးထားတတ်ကြမှာပါ ။
အပိုင်း - ၇ ကို ဆက်လက်ဖတ်ရှုပါရန်
..............................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၇
  ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ရဲ့ အဆုံးအမကိုလည်း ဖော်ပြပါမယ် ။
         " မဟာစည်ဆရာတော်ဘုရားကြီးက အမှန်တော့ သံသရာဝဋ်ဆင်းရဲ အပယ်ဆင်းရဲမှ
လွတ်မြောက်ချင်လို့ ၊ မဂ်ဖိုလ်တရားအစစ် တရားမှန်ကို ရချင်လို့ မိမိကို ယုံကြည်အားကိုးပြီး
လာရောက် အားထုတ်ကြတဲ့သူများကို မဂ်ဖိုလ်တရားထူး အစစ်အမှန်ရသွားအောင် ညွှန်ပြ
ပေးဖို့ဟာ အလွန် အရေးကြီးတယ် " လို့ ၀ိနယ၀ိနိစ္ဆယ သင်္ဂဟ ကျမ်းမှာ ဖွင့်ဆိုထားပါတယ်။
                ဆရာတော်ကြီးများရဲ့ စေတနာကတော့ မွန်မြတ်ပါတယ် ။ ဒီနေ့ခေတ်လူတွေ
က ဒါနသီလကိုထက် ၀ိပဿနာ ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ် ကို အားသန်နေကြတာ အမှန်ပါပဲ ။
ဒါပေမဲ့ သူတို့ရင်ထဲမှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာကို လက်တွေ့ မျက်မှောက်ပြုဖို့ကျတော့
အလှမ်းဝေးသလို ဖြစ်နေကြရပါတယ် ။ အဲဒီတော့ နိုင်ငံခြားသားရဟန်းတစ်ပါး ပြောသလို
မဂ်ဖိုလ်ဆိုတာ စာထဲမှာပဲ တွေ့ရပြီး ၊ ခန္ဓာမှာ မတွေ့ရဘူး ဖြစ်နေတယ် ။ ဒီလို လက်တွေ့
မဖြစ်ဘဲ စာထဲကဟာတွေ လျှောက်ပြောနေလို့ကတော့ ဒီခေတ်ကလူတွေက ယုံရခက်ကြီး
ဖြစ်နေကြရတာပေါ့ ။
          တရားနာပရိသတ်က တရားဟောပုဂ္ဂိုလ်ကို မယုံကြည်ဘူး ၊ ဒီပုဂ္ဂိုလ်လည်း
ကိုယ်တိုင်မသိဖူး ၊ မတွေ့ဖူးတာတွေကို လာပြီး ဖြီးဖြန်းနေတယ်လို့ ထင်နေလို့ကတော့
ဘယ်တော့မှ ဒီတရားကို လက်ခံမှာ မဟုတ်ပါဘူး ။ ဒီတော့ ၀ိပဿနာဆရာများ အနေနဲ့
ပရိသတ်ယုံကြည် လက်ခံနိုင်လောက်အောင် သက်သေ အထောက်အထား နဲ့ ပြပြီး ဟောမှ
ရမှာပါ ။
              ဗုဒ္ဓဘာသာဝင်တွေထဲမှာ ဗုဒ္ဓဘာသာကို လက်တွေ့ဘ၀မှာ ယထာဘူတကျကျ
အသုံးမချတတ် ၊ အဓိပ္ပာယ် မဖွင့်ဆိုတတ်လို့ လွဲချော်နေကြရပါတယ် ။ မြတ်ဗုဒ္ဓ ရဲ့ တရား
ဓမ္မတွေထဲမှာ အနှစ်သာရက ဘာလဲဆိုတော့ လွတ်လပ်ခွင့်ကို တန်ဖိုးထားမှု ပါပဲ ။
ဘယ်တရားကိုမှ လှေနံဓားထစ် ၊ တရားသေ မမှတ်ရပါဘူး ။ ဘုရားရှင်ဟာ ဘယ်သူ့ကိုမှ
ချုပ်ချယ်လိုခြင်း ဆန္ဒအလျဉ်းမရှိပါဘူး ။ ဒါကြောင့် ၀ိနည်းတော်တွေဟာလည်း မလှုပ်သာ
မလှဲသာအောင် တုတ်နှောင်ချည်ဖွဲ့ထားတဲ့ တရားတွေ မဟုတ်ကြပါဘူး ။ အရေးအကြီးဆုံး
ဖြစ်တဲ့ ပါရာဇိက သိက္ခာပုဒ်တွေကို ပညတ်ရာမှာတောင် မိမိ ရဲ့ လွတ်လပ်စွာ ရွေးချယ်
ဆုံးဖြတ်ခွင့်ကို ပဓာနထားပါတယ် ။ ပါရာဇိက သိက္ခာပုဒ်တွေကို စက်ပြတ် " ခဏ္ဍစက် "
စက်ဝိုင်း ၊ " ဗဒ္ဓစက် " ဟောကြားတော်မူရာမှာပင်လျှင် " အကြောင်းသုံးမျိုးတို့ဖြင့် " ဆိုတဲ့
စကားကို ထပ်ခါတလဲလဲ သုံးစွဲပြီး ဟောတော်မူပါတယ် ။ အကြောင်းသုံးမျိုးတို့ဖြင့် ဥတ္တရိ
မနုဿဓမ္မကို သိလျက် မဟုတ်မမှန် ပြောသောရဟန်းအား ( နားထောင်သူက ) သိနားလည်
မှ ပါရာဇိက ကျတယ် ။ နားထောင်သူက ချက်ချင်း နားမလည် ( နောက်မှ စဉ်းစားပြီး နား
လည်ရင်တောင် ) ပါရာဇိက မကျဘူး ။ ထုလ္လစ္စဉ်းအာပတ်ပဲ သင့်တယ်လို့ ခြွင်းချက်ထားပြီး
ဟောတော်မူတယ် ။ ပြီးတော့ အဓိမာန အနာပတ် ၊ အနုလ္လပနာဓိပ္ပါယအနာပတ်  ဆိုပြီး
လည်း အာပတ်မကျတဲ့ ခွင့်ပြုချက်တွေလည်းရှိတယ် ။ ကြွားလိုစိတ် မရှိရင်လည်း ပြောအပ်
သောစကားမှာ မရသေးတဲ့ အရဟတ္တဖိုလ်ကို ပြောသလိုဖြစ်နေသော်လည်း မရသေးသော
အရဟတ္တဖိုလ်ကို ရပြီဟု ပြောသည်မဟုတ်  ဆိုပြီး မဂ်ဖိုလ်နဲ့စပ်တဲ့ စကားတွေကို ပြောရတဲ့
ပုဂ္ဂိုလ်တွေကို လွယ်လွယ်ကူကူ မစွပ်စွဲနိုင်အောင် ခြွင်းချက်တွေထားပြီး ဟောတော်မူတယ် ။
ဒီလိုပဲ စကားပရိယာယ်နဲ့ " သင်၏ကျောင်းမှာနေတဲ့ ရဟန်းသည် ပထမဈာန်ကို ၀င်စားခဲ့ပြီ "
လို့ သွယ်ဝိုက်ပြီး ပြောလို့ရှိရင် နားထောင်သူက ဒါ သူ့ကိုယ်သူ ပြောတာပဲလို့ နားလည်ရင်
ထုလ္လစ္စဉ်းအာပတ်သင့်တယ် ။ နားမလည်ရင်တော့ ဒုက္ကဋ်အာပတ်ပဲသင့်တယ် ။ ဒါကိုတော့
ကျမ်းဂန်မှာ ဥတ္တရိမနုဿဓမ္မ စက်မြှုပ်ဆိုပြီး ပြထားပါတယ် ။ " ပြီးတော့လည်း အထင်ကြီး
ခြင်း " ရနိုးခြင်း " ဖြင့် မ၀ါကြွားလိုသော ရဟန်း ( သည်းခြေပျက်၍ ) ရူးသော ရဟန်း ၊
( ဘီလူးဖမ်း၍ ) စိတ်ပျံ့လွင့်သော ရဟန်း ၊ ဝေဒနာ ဖိစီးသော ရဟန်း ၊ အစလက်ဦး လွန်
ကျူးသော ရဟန်းအား အာပတ် မသင့်ဘူး " လို့လည်း ခြွင်းချက်များ ထားတော်မူပါတယ် ။
( ပါရာဇိကဏ်ဘာသာဋီကာ - နှာ - ၄၅၈ )
            အာပတ်မကျကြောင်း ဘုရားခွင့်ပြုတော်မူထားတဲ့ " ၀ိနီတ ၀တ္ထု ဖြတ်ထုံးများ " ရှိ
ပါတယ် ။
         တရံရောအခါ ရဟန်းတစ်ပါးသည် အထင်ကြီးခြင်း " ရနိုးခြင်း " ဖြင့် အရဟတ္တဖိုလ်
ကို ပြောဆိုမိ၏ ။ " မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီ ။ ငါသည်
ပါရာဇိကကျလေသလား " ဟု ထိုရဟန်းအား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။
ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။ " ရဟန်း
အထင်ကြီးခြင်း ၊ ရနိုးခြင်းဖြင့် ပြောဆိုသော ရဟန်းအား အာပတ်မသင့် " ဟု မိန့်တော်မူ၏ ။
       တရံရောအခါ ရဟန်းတစ်ပါးသည် " ဤသို့နေလျှင် ငါ့ကို လူအများသည် ချီးမွမ်းမည် "
ဟု မျှော်လင့်တောင်းတ၍ တော၌နေ၏ ။ ထိုရဟန်းကို လူအများသည် ချီးမွမ်းမြှောက်စား
၏ ။ ထိုရဟန်းအား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။ မြတ်စွာဘုရားအား ဤ
အကြောင်းကို လျှောက်ထား၏ ။  ရဟန်း ၊ ပါရာဇိကအာပတ်မသင့် ။ သို့သော်လည်း
ရဟန်းတို့ ၊ မျှော်လင့်တောင်းတ၍ တော၌မနေအပ် ၊ နေသောရဟန်းအား ဒုက္ကဋ်အာပတ်
သင့်၏ ဟု မိန့်တော်မူ၏ ။
            ဒီမှာ သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ရပ် ရှိခဲ့ဖူးသည် ။
          " တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို " ငါ့ရှင် ၊ ငါတို့၏ ဥပဇ္ဈာယ်
ဆရာ၏ အတူနေတပည့်တို့သည် ရဟန္တာချည်း ဖြစ်ကြသည် " ဟု ပြောဆို၏ ။ ထိုရဟန်း
အား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ထား၏ ။
- ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ။ ( ဟုမေးတော်မူရာ )
   မြတ်စွာဘုရား ၊ တပည့်တော်သည် ၀ါကြွားလိုစိတ်ရှိပါသည် ဟုလျှောက်ထား၏ ။
-  ရဟန်း ၊ ပါရာဇိကအာပတ်မသင့် ၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ ဟု ( မိန့်တော်မူ၏ ) ။
   "  ဒီမှာ ၀ါကြွားချင်လို့ ပြောမိတာပါလို့ ၀န်ခံတဲ့ ပုဂ္ဂိုလ်တောင် ပါရာဇိက အာပတ်မကျ ၊
စိတ်ထားစေတနာကို ဘုရားက ပထမစုံစမ်းပုံကို သတိပြု ရမှာပါ ။ ဒါပေမဲ့ ရဟန်းတစ်ပါး
ဟာသွယ်ဝိုက်မပြောဘဲ ကိုယ်နဲ့ ကပ်ပြီး ဥတ္တရိမနုဿဓမ္မကို " ငါ့ရှင် ၊ ငါလည်း သံယောဇဉ်
ကို ပယ်အပ်ပြီ" လို့ ပြောတော့ မြတ်စွာဘုရားက ပါရာဇိက ကျပြီ လို့ မိန့်တော်မူတယ် ။
           တစ်ခါကတော့ ရဟန်းတစ်ပါးဟာ ဆိတ်ကွယ်ရာသို့ ကပ်၍ လူတို့၏ ကုသိုလ်
ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို " ၀ါကြွားပြောဆို " ၏ ။
သူတစ်ပါးစိတ်ကို သိသောရဟန်းသည် ထိုရဟန်းကို ငါ့ရှင် ဤသို့ သဘောရှိသော စကားကို
မပြောဆိုပါလင့် ၊ သင့်မှာ ထိုတရားမျိုး မရှိဟု မောင်းမဲ၏ ။ထိုရဟန်းစိတ်မှာ သံသယကုက္ကုစ္စ
ဖြစ်ပြီး ၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။ ရဟန်း ၊ ပါရာဇိကအာပတ်
မသင့် ။ ဒုက္ကဋ်အာပတ်သင့်၏ ဟု မိန့်တော်မူ၏ ။
       "  ၀ါကြွားလိုစိတ် မရှိလျှင် အာပတ်မသင့်ဘူး ဆိုတဲ့ ၀တ္ထုတွေလည်း ရှိပါတယ် ။ "
တရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏ ။ ထိုရဟန်းကို ရဟန်းတို့သည်
" အရှင်ဘုရား၌ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်
ဖိုလ်တရား ရှိပါသလော " ဟုမေးကြကုန်၏ ။
            " ငါ့ရှင်တို့ အရဟတ္တဖိုလ်ကို ဖြေဆိုဖို့ရာ မခဲယဉ်းပါ " ဟု ဖြေဆို၏ ။ မြတ်စွာဘုရား
၏ တပည့်သာဝကတို့သည်သာ ဤသို့ပြောဆိုနိုင်ကုန်၏ ။ ငါတစ်မူကား မြတ်စွာဘုရား ၏
တပည့်သာဝက မဟုတ်ချေ ။ ( ထိုမကျန်းမာသော ရဟန်း၏ စိတ်ထဲတွင် အရိယာပုဂ္ဂိုလ်
သာလျှင် ဘုရားတပည့် ဖြစ်သည်ဟု အယူရှိသည် ) ငါသည် ပါရာဇိက ကျသလော ဟု
ရဟန်းအားတွေးတောမှု သံသယကုက္ကုစ္စ ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ထား၏ ။
           ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ဟု မေးတော်မူရာ ၊" မြတ်စွာဘုရား
တပည့်တော်မှာ ၀ါကြွားလိုစိတ် မရှိပါ " ဟု လျှောက်ထား၏ ။ ရဟန်း ၊ ၀ါကြွားလိုစိတ် မရှိ
သော ရဟန်းအား အာပတ်မသင့် ဟု မိန့်တော်မူ၏ ။
            " ၀ါကြွားလိုစိတ် မရှိသော ရဟန်းအား အာပတ် မသင့်ကြောင်း အဆုံးအဖြတ်တွေ
အများကြီးရှိပါတယ် ။ "
             လူတွေက ရဟန်းကိုကြည်ညိုလို့  ရဟန္တာအရှင်မြတ်များလို့ ခေါ်ဝေါ်ပြောဆိုလျှင်
လည်း ဘုရားက အာပတ်မသင့်ပါဘူး လို့ မိန့်တော်မူထားပါတယ် ။
        အရှင်မဟာမောဂ္ဂလာန် နဲ့ အရှင်လက္ခဏ တို့ဟာ ၀ိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးနေ
ခဲ့ကြပါတယ် ။ မြတ်စွာဘုရားကတော့ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းမှာ သီးတင်းသုံးနေ
တော်မူတယ် ။ တစ်နေ့  အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးတို့ မြတ်စွာဘုရားကို
ဖူးမြော်ဖို့ တောင်ပေါ်က ဆင်းလာတော့ ၊  အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက
ပြုံးရယ်တော်မူတယ် ။ အရှင်လက္ခဏ က ကိုယ်တော် ဘာကြောင့် ပြုံးရယ်တာလဲလို့ မေး
တော့ ၊ မြတ်စွာဘုရား ရှေ့တော်မှောက်ကိုရောက်မှ မေးပါလို့မိန့်တယ် ။  အရှင်လက္ခဏ က
လည်း ဘုရားသခင်ရှေ့ရောက်မှ မေးတယ် ။  အရှင်မဟာမောဂ္ဂလာန်  က ကောင်းကင်မှာ
သွားလာနေတဲ့ အရိုးစု ပြိတ္တာ ကိုမြင်ပုံ ၊ ကျီးငှက် စွန်ရဲ တို့က နံရိုးကြားမှ အသားတွေကို
ထိုးဆိတ်နေကြလို့ ပြိတ္တများ နာကျင်ပြီး အော်ဟစ်နေကြောင်းကို ပြောတယ် ။ ရဟန်းများ
က  အရှင်မဟာမောဂ္ဂလာန်  သည် လူတို့၏ ကုသိုလ်ကမ္မပထ ဆယ်ပါးထက် လွန်မြတ်တဲ့
ဈာန်မဂ်ဖိုလ် ( အဘိဥာဉ်တရား ) ကို ၀ါကြွားပြောဆိုတယ်ဆိုပြီး ကဲ့ရဲ့ကြတယ် ။ အပြစ်ဆို
ကြပါတယ် ။ မြတ်စွာဘုရားက  အရှင်မဟာမောဂ္ဂလာန်  ပြောတဲ့ ပြိတ္တာကို ငါလည်း မြင်ဖူး
ပြီ ၊  အရှင်မဟာမောဂ္ဂလာန်  သည် အမှန်ကို ပြောခြင်းဖြစ်သည် ။ အာပတ်မသင့်ဘူး လို့
ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီနေရာမှာလည်း  အရှင်မဟာမောဂ္ဂလာန် က မြင်တာ ကြားတာကို
သာမန် ပုထုဇဉ်ရဟန်းတွေက မမြင်မကြား လို့ ၀ါကြွားတယ် ထင်ကြပါတယ် ။ ဘုရားက
သက်သေခံလို့သာ အမှန်ဖြစ်ကြောင်း ထင်ရှားပါတယ် ။  အရှင်မဟာမောဂ္ဂလာန် က အမှန်
ကို ပြောလို့ အာပတ်မသင့်ကြောင်း ဘုရားသခင် မိန့်တော်မူပါတယ် ။
( ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် - နှာ - ၁၄၂ - ၁၅၃ )
         ကဲ ... ဗဟုသုတတွေ နဲ့အတူ ချင့်ချိန်စဉ်းစားစရာတွေ ရလောက်ပြီလို့ ထင်ပါတယ် ။
ဗုဒ္ဓဘာသာကို လေ့လာတဲ့အခါ ဥာဏ်သိနဲ့ လေ့လာတတ်ဖို့လိုပါတယ် ။ တုံးတိယူလို့ မရပါ
လားဆိုတာကို သိမြင်လာမှာပါ ။
အမြင်ကို ရနိုင်တဲ့ သဘောဖြစ်တယ် ။ ဗုဒ္ဓဘာသာမှာ ပိတ်ဆို့ထားတာ ၊ ကွယ်ဝှက်ထားတာ
မရှိပါဘူး ၊ နက်နဲလို့ မိမိ ဥာဏ်မမီတာတော့ ရှိနိုင်ပါတယ် ။
အပိုင်း - ၈ ကို ဆက်လက်ဖတ်ရှုပါရန်
............................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - နိဂုံး
" မိမိ ကမ္မဋ္ဌာန်းထိုင်ရာ ၊ ၀ိပဿနာရှုရာ၌ တွေ့ရှိချက်များကို လူသာမဏေအား မပြောရ ၊
မိမိ ဆရာသမားအား ဖွင့်ဟ ပြောနိုင်ခွင့်ရှိသည် ။ မိမိနှင့် အလားတူ တရားအားထုတ်နေသူ
ရဟန်း အချင်းချင်း ဖွင့်ဟ ပြောခွင့်ရှိသည် ။
အဖော်ဖြစ်သူ ဓမ္မမိတ်ဆွေ ရဟန်းအား သဒ္ဓါတရား ထက်သန်စေလိုသော စေတနာဖြင့်
ပြောခွင့်ရှိသည် " ဟု ရဟန်းကျင့်ဖွယ် ၂၂၇သွယ်ကျမ်းမှာ ဖော်ပြထားပါတယ် ။
            ဒီကိစ္စမှာ စဉ်းစားစရာက ရဟန်းအချင်းချင်းကိုတော့ ပြောနိုင်တယ် ။ လူသာမဏေ
ကိုတော့ မပြောပါနဲ့လို့ ပိုင်းခြားထားတာ အကြောင်းရှိပါတယ် ။ ရှေးတုန်းက လူသာမဏေ
က ၀ိပဿနာအလုပ်နဲ့ အလှမ်းဝေးပါတယ် ။ ၀ိပဿနာဓူရကို ရဟန်းတော်များသာ အချို့
ကျင့်ကြံအားထုတ်ကြပါတယ် ။ အများကတော့ ဂန္တဓူရကိုပဲ အားထုတ်တာများပါတယ် ။
ဒါကြောင့် ၀ိပဿနာအကြောင်းနဲ့ မစပ်ဆိုင်သလို ဖြစ်နေတဲ့ လူသာမန်တွေကို လောကုတ္တရာ
မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် ၊ ၀ိဇ္ဇာဥာဏ် ၊ အဘိဥာဏ်တွေ အကြောင်းကိုသွားပြောရင် ၀ါကြွား
သလို ဖြစ်နေပါတယ် ။ အထင်ကြီးအောင် ပြောသလို ဖြစ်နေပါတယ် ။ ခုခေတ်မှာတော့
ဝိပဿနာကမ္မဋ္ဌာနာစရိယ ကလည်း လူပုဂ္ဂိုလ်လည်း ဖြစ်နေနိုင်ပါတယ် ။ အားထုတ်တဲ့
ပုဂ္ဂိုလ်တွေ ယောဂီ တွေကလည်း လူသာမန်တွေပဲ များပါတယ် ။
            " ဤသာသနာတော်၌ ရဟန်းသည် သုတ် ၊ ဂေယျ ၊ ဝေယျာကရိုဏ်း ၊ ဂါထာ ၊
ဥဒါန်း ၊ က္ကတိဝုတ် ၊ ဇာတ်ဝတ္ထု အဗ္ဘုတဓမ္မ ၊ ဝေဒလ္လ ဟူသော တရားကို သင်ယူ၏ ။
ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့်သိ၏ ။ ထိုရဟန်းသည် တရားနှင့်
နေလေ့ရှိသူ ( ဓမ္မ၀ိဟာရီ ) ဖြစ်၏ " လို့ ဘုရားက ဟောတော်မူပါတယ် ။ ဆိုလိုတာကတော့
စာပေကျမ်းဂန်တွေကို ရွတ်ဖတ် တတ်တိုင်း အနက်အဓိပ္ပာယ်ကို " ပညာ ဖြင့် " မသိနိုင်ဘူး ၊
ထိုရဟန်းသည် ဓမ္မ၀ိဟာရီ ၊ တရားနှင့် နေလေ့ရှိသူဖြစ်မှသာလျှင် တရား၏ အနက်သဘော
ကို ထိုးထွင်း၍ ပညာဖြင့် သိနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် ။ ပဋိဝေဓဥာဏ် မရှိဘဲနဲ့
တော့ ပရိယတ္တိမှာ ဟောကြားထားတဲ့ တရားတွေရဲ့ အနက်သဘော အမှန်ကို ပညာဖြင့်
မသိနိုင်ပါဘူး ။ အနုဗောဓဥာဏ်ပဲ ရှိမှာပေါ့ ။ ဆိုလိုတာက မြတ်စွာဘုရားရဲ့ တရားတော်
တွေကို နက်နက်နဲနဲ ပညာနဲ့ သိဖို့ ပဋိဝေဓဥာဏ် နဲ့သိဖို့ အရေးကြီးပါတယ် ။ အဲဒါက
ဓမ္မ၀ိဟာရီတွေသာ သိနိုင်ကြတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ် ။
             စတုတ္ထပါရာဇိကံ ။ ၀ိနီတ၀တ္ထု ဖြတ်ထုံးတွေထဲမှာ -
     တရံရောအခါ ။ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏ ။ ထိုရဟန်းကို ရဟန်းတို့
သည် အရှင်ဘုရား၌ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော
ဈာန်မဂ်ဖိုလ်တရား ရှိပါသလား ဟုမေးကြ၏ ။
        " ငါ့ရှင်တို့ အရဟတ္တဖိုလ်ကို ဖြေဆိုဖို့ရာ မခဲယဉ်းပါ " လို့ ဖြေလိုက်ပါတယ် ။
မြတ်စွာဘုရား၏ တပည့်သာဝက တို့သည် ဤသို့ ပြောဆိုနိုင်ကုန်ရာ၏ ။ ငါတမူကား
မြတ်စွာဘုရား၏ တပည့်သာဝက မဟုတ်ချေ ။ ( အရိယာပုဂ္ဂိုလ် မဖြစ်သေးသည်ကို
ရည်ညွှန်းသည် ) ငါသည် ပါရာဇိက ကျသလော " ဟု ထိုရဟန်းအား " သံသယကုက္ကုစ္စ "
ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။
          ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ဟု မေးတော်မူ၏ ။ မြတ်စွာဘုရား
တပည့်တော်သည် ၀ါကြွားလိုစိတ် မရှိပါ ဟု လျှောက်ထား၏ ။
        ရဟန်း ၊ ၀ါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့် ဟု မိန့်တော်မူ၏ ။
( ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် - ၁၄၄ )
          ဒီလိုပဲ နောက်ရဟန်းတစ်ပါး မကျန်းမမာ ဖြစ်နေတုန်း တခြား ရဟန်းတွေက
" အရှင်ဘုရားမှာ ဥတ္တရိမနုဿဓမ္မ ရှိပြီး ပြီလား " လို့ မေးပြန်တယ် ။ လူနာရဟန်းက
" ငါ့ရှင်တို့ လုံ့လ၀ီရိယရှိတဲ့ ရဟန်းသည် ပြီးစီးအပ်သော တရား ရှိတာပဲ " လို့ဖြေတယ် ။
မြတ်စွာဘုရားက ၀ါကြွားလိုစိတ် မရှိသော ရဟန်းအား အာပတ်မသင့်ဘူးလို့ မိန့်တော်မူ
ပါတယ် ။
           ဒီအတိုင်း ၀ါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်ဘူးလို့ မိန့်တော်မူ
ထားတဲ့ ၀တ္ထုချည်း ( ၁၂ ) ပုဒ်လောက်ပါ ပါတယ် ။
        နောက်ဝတ္ထုတစ်ပုဒ်မှာတော့ ရဟန်းတစ်ပါးက မကျန်းမမာ ဖြစ်နေလို့ လူနာသွားမေး
ကြတဲ့ ရဟန်းတော်များကို " တော်ရုံ ပုထုဇဉ် ဆိုရင်တော့ ဒီဝေဒနာကို သည်းခံနိုင်မှာ
မဟုတ်ဘူး " လို့ဖြေတယ် ။
           ရဟန်း ဘာစိတ်နဲ့ပြောတာလဲ မေးတော့ ရဟန်းက ၀ါကြွားချင်လို့ ပြောကြောင်း
ဝန်ခံပါတယ် ။ ဘုရားက ပါရာဇိ မကျ ၊ ထုလ္လစ္စဉ်း အာပတ်သင့်တယ်လို့ မိန့်တော်မူပါတယ် ။
            ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ပြိတ္တာတွေကို မြင်တဲ့ အကြောင်း
ထုတ်ဖော်ပြောတယ် ။ အရိုးစုပြိတ္တာ ၊ အသားတုံးပြိတ္တာ ၊ အရေမရှိတဲ့ ပြိတ္တာ ၊ သံလျက်
အမွှေးပေါက်နေတဲ့ ပြိတ္တာ ၊ အပ် အမွှေးပေါက်တဲ့ ပြိတ္တာ ၊ အဲဒီ ပြိတ္တာတွေကို မြင်ကြောင်း
ထုတ်ဖော် ၀န်ခံတော်မူတယ် ။ ရဟန်းတို့က အရှင်မဟာမောဂ္ဂလာန်သည် ဥတ္တရိမနုဿဓမ္မ
ကို ၀ါကြွား ပြောဆိုနေတယ် ဆိုပြီး ရှုတ်ချကြတယ် ။ အပြစ်ပြောကြပါတယ် ။ မြတ်စွာဘုရား
က " မောဂ္ဂလာန် မြင်တဲ့ ပြိတ္တာတွေကို ငါလည်း မြင်ဖူးတယ် ၊ မောဂ္ဂလာန်သည် အမှန်ကို
ပြောဆိုပေသည် ၊ ရဟန်းတို့ မောဂ္ဂလာန် ကား အာပတ်မသင့် " ဟု မိန့်တော်မူပါတယ် ။
သာသနာမှာ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ဟာ အကြိမ်ကြိမ် လူတို့၏ ကမ္မပထ
တရားဆယ်ပါးထက် လွန်မြတ်တဲ့ တရားတွေကို ထုတ်ဖော် ပြောဆိုတော်မူပါတယ် ။
မြတ်စွာဘုရားက  သူအမှန်ပြောတာပဲ ၊ အာပတ်မသင့်ဘူးလို့ မိန့်တော်မူပါတယ် ။ ဒါဟာ
တစ်ကြိမ်တည်း မဟုတ်ပါဘူး ။ အကြိမ်ကြိမ် ပြောခဲ့တာပါ ။
            ဒီထက်ပိုပြီး ထင်ရှားတာက အင်္ဂုတ္ထိုရ်မှာက ကုဓ၀ဂ် ၊ ကကုဓထေရ၀သုတ်မှာ
ကကုဓဗြဟ္မာက ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကို ဒေ၀ဒတ် ရဟန်းသံဃာတွေကို
သင်းခွဲဖို့ ကြံစည်နေပုံကို လာပြီး သတင်းပေး လျှောက်ထားပါတယ် ။ အရှင်မဟာမော
ဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ဒီအကြောင်းကို မြတ်စွာဘုရားထံ သွားရောက် လျှောက်
ထားပါတယ် ။ ဒီအခါ မြတ်စွာဘုရားက -
        " မောဂ္ဂလာန် ( သင်၏ ) စိတ်ဖြင့် ကကုဓဗြဟ္မာ၏စိတ်ကို သင်ပိုင်းခြား၍ သိသလော၊
ကကုဓဗြဟ္မာ ပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့်အတိုင်းသာလျှင်  မှန်ကန်
သလော ၊ တစ်ပါးသော အခြင်းအရာ အားဖြင့် မဖြစ်နိုင်ဘူးလား " ဟု မေးတော်မူ၏ ။
         " အရှင်ဘုရား ၊ အကျွန်ပ်၏ စိတ်ဖြင့် ကကုဓဗြဟ္မာ၏ စိတ်ကို အကျွန်ပ်   ပိုင်းခြား၍
သိပါ၏ ။ ကကုဓဗြဟ္မာပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့်အတိုင်း သာလျှင်
မှန်ကန်ပါ၏ ။ တစ်ပါးသော အခြင်းအ၇ာအားဖြင့် လုံးဝ မဖြစ်နိုင်ပါ " ဟု လျှောက်ထား၏ ။
( အင်္ဂုတ္ထိုရ်ပါဠိတော်မြန်မာပြန် - ဒုတွဲ - ၁၃၂ )
            ဥတ္တရိမနုဿဓမ္မသည် အပြောကျယ်ပါ၏ ။ လေးနက်ပါ၏ ။ အနက်အဓိပ္ပာယ်ကို
ဥာဏ်ပညာဖြင့်သာ သိနိုင်သောကိစ္စ ဖြစ်ပါသည် ။
            ဥတ္တရိမနုဿဓမ္မ နဲ့ စပ်လျဉ်းပြီး ဘုရားဟောထားတာတစ်ခု ရှိပါတယ်။
" ဘုရားက တရားခြောက်မျိုးတို့ကို မပယ်နိုင်လို့ရှိရင် လူတို့ရဲ့ ကမ္မပထတရား ဆယ်ပါးထက်
လွန်မြတ်မယ့် ဈာန် မဂ်ဖိုလ် ( ဥတ္တရိမနုဿဓမ ) ကို မျက်မှောက်ပြုရန် မထိုက်ဘူး " လို့
ဟောထားပါတယ် ။
တရားခြောက်မျိုးက -
၁ ။ သတိကင်းလွတ်ခြင်း
၂ ။ ဆင်ခြင်ဥာဏ် ကင်းမဲ့ခြင်း
၃ ။ က္ကနြေ္ဒတို့၌ တံခါးပိတ်ထားမှု မရှိခြင်း
၎ ။ စားဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း
၅ ။ ပလွှား ၀ါကြွားခြင်း နှင့်
၆ ။ မြှောက်ပင့် ရှုတ်ချ၍ ဟောပြောခြင်း  "  တို့ဖြစ်ပါတယ် ။
( အင်္ဂုတ္ထိုရ်ပါဠိတော်မြန်မာပြန် - ဒုတွဲ - ၄၇၄ )
နောက်ဆုံးအနေနဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့အဆုံးအမလင်္ကာလေးနဲ့ အဆုံးသတ်
လိုက်ပါရစေ ။
" သာသနာအကျိုး ၊ ရွက်သယ်ပိုးက ၊
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊
မငဲ့မစောင်း ၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ခရီးနှင်ပါ "
ပြီးပါပြီ ။
................................................................................................................................................