Monday, August 24, 2009

ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၎

 
  အောက်ပါအင်္ဂါငါးချက်နဲ့ညီလျှင် စတုတ္ထပါရာဇိက အာပတ်သင့်သည် ။

( ၁ )  မိမိ၌ ဈာန်မဂ်ဖိုလ် မရှိဘဲ နှင့် ရှိသည်ဟုပြောခြင်း ။

( ၂ )  ၀ါကြွားလိုသော စိတ်ရှိခြင်း ( တကယ်ရတယ်ထင်မှတ်၍ ပြောလျှင် ပါရာဇိက မကျ ) ။

( ၃ )  ငါ ဈာန်မဂ်ဖိုလ် ရသည်ဟု မိမိကိုယ်ကို တိုက်ရိုက်ညွှန်ပြခြင်း ( ငါတို့ ဆရာရဲ့ တပည့်

       မှန်လျှင် အားလုံး ရဟန္တာချည်းပဲဟု  သွယ်ဝိုက်ပြောလျှင် ထုလ္လစ္စဉ်းအာပတ်ပဲသင့်၏ )။

( ၄ ) အပြောခံရသူကလူသား(လူသာမန်)ဖြစ်ခြင်း(ရဟန်းနဲ့ နတ်ကိုပြောလျှင်ပါရာဇိကမကျ)။

( ၅ )  နားထောင်သူက ချက်ချင်းနားလည်ခြင်း ( ပြောပြီး အတန်ကြာ တွေးပြီးမှ ပြောလျှင်

        ပါရာဇိက မကျ ။ ) ပြီးတော့ တရားအားထုတ်တဲ့အခါ မိမိရဲ့ တွေ့ရှိချက်တွေကို

      ဓမ္မမိတ်ဆွေ ( ရဟန်း ) အား သဒ္ဒါထက်သန်စေလိုသော စေတနာဖြင့် ပြောခွင့်ရှိသည်။

( ရဟန်းကျင့်ဖွယ် ၂၂၇သွယ် ၊ နှာ - ၆၃ - ၆၄ )

        ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုပြောနေကြပုံက"လုံးဝ ပြောခွင့် မရှိဘူး" ဆိုတဲ့သဘော

ဖြစ်နေကြတယ် ။ သောတာပန်အဆင့်ကိုတောင် လုံးဝ မပြောရဘူး ဆိုတဲ့သဘောနဲ့ပိတ်ပင်

နေကြတာဟာ အရှင်မဟာဗုဒ္ဓဃောသ ရဲ့အစဉ်အလာဖြစ်တယ်လို့ သီဟိုဠ်ရဟန်းသံဃာ

များက ပြောဆိုဝေဖန်လာကြပါတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ မိတ္တာမစ္ဆသုတ်

မှာ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင် ချစ်ခင်သူ မိတ်ဆွေ ၊ အပေါင်းအသင်း ဆွေမျိုးတွေကို

သောတာပန် ဖြစ်ချင်အောင် ပြောဆိုရတယ်လို့ ဟောထားတာလည်းရှိပါတယ် ။

       ဘုရားက စတုတ္ထပါရာဇိက နဲ့ပတ်သက်ပြီး ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းများ ၀တ္ထုလည်း

ရှိပါတယ် ။ အကျယ်ကို " ပါရာဇိကဏ် မြန်မာပြန်ကျမ်း " မှာရှုပါ ။

       အကျင့်သီလမရှိဘဲ စောင့်ထိန်းမှု သံဝရမရှိဘဲ တိုင်းသူပြည်သားတို့လှူဒါန်းသော ဆွမ်း

ကို စားခြင်းထက် ရဲရဲညီးဖုတ်ထားသော သံတွေခဲကို စားရခြင်းက မြတ်သေး၏ ။ ထို့နောက်

မြတ်စွာဘုရားသည် ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့

တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း ၊ သူတစ်ပါးတို့က ပြုစုမွေးမြူရန်

ခက်ခဲခြင်း ။ ပ ။

         ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြုကြကုန်လော့ ။

(က) ၁၉၆ ။  " အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ၊

မြတ်သောဥာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ်ကမ္မပထတရားဆယ်ပါး ထက်

လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို မိမိသို့ ဆောင်ကပ်၍ " ဤသို့ငါသိ၏ ၊ ဤသို့ငါမြင်၏"

ဟု ပြောကြာငြားအံ့ ။ ထိုသို့ပြောကြားပြီးမှ နောက်အခါ၌ ( သူတစ်ပါးတို့ ) မေးစစ်အပ်၍

သော်လည်းကောင်း ၊ မမေးစစ်အပ်ဘဲ သော်လည်းကောင်း  အာပတ်သင့်ရောက်ပြီး၍

စင်ကြယ်ခြင်းကို အလိုရှိရကား " ငါ့ရှင်တို့ ဤသို့ မသိဘဲ သိ၏ ဟုဆိုမိပြီ ၊ မမြင်ဘဲ မြင်၏

ဟု ဆိုမိပြီ ၊ အချည်းနှီး မှားယွင်းသော စကားကိုဆိုမိပြီ " ဟု ပြောငြားအံ့ ။ ဤရဟန်း

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရ

ခြင်းမရှိ ၊ ဤသို့ ( ပြုကုန်လော့ဟု မိန့်တော်မူ၏ ) ။

       ၁၉၇ ။  ထိုအခါ များစွာသော ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု

အမှတ်ရှိကြ၍ ၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး

သည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ

ဟု အမှတ်ရှိကြ၍ ၊ အထင်ကြီးခြင်း ( အဓိမာန ) ဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကုန်၏ ။

ထိုရဟန်းအား အခါတစ်ပါး၌ ရာဂဖြစ်ဖို့လည်း စိတ်ညွတ်၏ ။ ဒေါသဖြစ်ဖို့လည်း စိတ်ညွတ်

၏ ။ မောဟဖြစ်ဖို့လည်း စိတ်ညွတ်၏ ။ " မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူပြီး

ပြီ ၊ ငါတို့သည်လည်းမမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု အမှတ်ရှိကြ၍ ၊

 မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး သည်၌

 ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ

ဟု အမှတ်ရှိကြ၍ ၊ " အထင်ကြီးမှု " ဖြင့် အရဟတ္တဖိုလ်ကို ပြောကြားမိကုန်ပြီ ၊ အဘယ်သို့

နည်း ၊ ငါတို့သည် ပါရာဇိက ကျလေကုန်သလော " ဟု ထိုရဟန်းတို့အား တွေးတောမှု

" သံသယကုက္ကုစ္စ " ဖြစ်ကြကုန်၏ ။

             အရှင်အာနန္ဒာအား ဤအကြောင်းကို လျှောက်ထားကြရာ ၊ အရှင်အာနန္ဒာသည်

မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။

             အာနန္ဒာ ၊ အကြင်ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု

အမှတ်ရှိကြ၍ ၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍ ၊မရအပ်သေး

သည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍ ၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီ

ဟု အမှတ်ရှိကြ၍ ၊ အရဟတ္တဖိုလ်ကို ပြောကြားမိတတ်ကုန်၏ ။ထို ( အထင်ကြီးခြင်း ) ဖြင့်

အရဟတ္တဖိုလ်ကို ပြောကြားခြင်းကိုကား အာပတ်သင့်ခြင်း၏ အကြောင်းဟု " မခေါ်ဝေါ်

လောက် " ဤသို့ မိန့်တော်မူ၏ ။

              ရဟန်းတို့ ဤသို့လျှင် သိက္ခာပုဒ်တော်ကို ပြုကြကုန်လော့ ။

၎ ။ (ခ)  အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်း ငှာ စွမ်းနိုင်သော ၊ မြတ်

သောဥာဏ်အမြင်ဟု ဆိုအပ်သော ၊ လူတို့ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်

သော ၊ ဈာန်မဂ်ဖိုလ်တရားကို " မိမိသို့ကပ်ဆောင်၍ " ဤသို့ငါသိ၏ ။ ဤသို့ငါမြင်၏ ဟု

ပြောကြားငြားအံ့ ။ ထိုသို့ပြောကြားပြီးမှ နောက်အခါ၌ ( သူတစ်ပါးတို့ ) စစ်မေးအပ်၍သော်

လည်းကောင်း ၊ မမေးစစ်အပ်ဘဲ သော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်

ခြင်းကို အလိုရှိရကား " ငါ့ရှင်တို့ ဤသို့ ငါမသိဘဲ သိ၏ ဟု ဆိုမိပြီ ၊ မမြင်ဘဲမြင်၏ဟု ဆိုမိ

ပြီ ၊ အချည်းနှီး မှားယွင်းသော စကားကို ပြောမိပြီ " ဟု ပြောဆိုငြားအံ့ ။ " အထင်ကြီးမှုကို

ကြဉ်၍ " ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ။ ရဟန်းကောင်း

တို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ " ဤသို့ ( ပြုကြကုန်လော့ဟု မိန့်တော်မူ၏ )

            ဒါက စတုတ္ထပါရာဇိက သိက္ခာပုဒ်ရဲ့ မူလပြဋ္ဌာန်းချက် နဲ့ ခြွင်းချက်ထားပြီး ပြဋ္ဌာန်း

ချက်ဖြစ်ပါတယ် ။

            ပထမပြဋ္ဌာန်းချက် နဲ့ ဒုတိယပြဋ္ဌာန်းချက်မှာ " အထင်ကြီးမှုကိုကြဉ်၍ " ဆိုတဲ့

စကားဘဲ ပိုလာပါတယ် ။

        " အထင်ကြီးမှုကိုကြဉ်၍ " ဆိုတာကို ပါဠိလိုတော့ အညတြ အဓိမာန လို့ခေါ်ပါတယ်။

အရဟတ္တဖိုလ်ကို ( ရဟန္တာဖြစ်ပြီ ) ဆိုတဲ့ စကားကို ကိုယ့်စိတ်ထဲမှာ ဖြစ်ပြီထင်လို့

( အထင်ကြီးလို့ ) " ငါကတော့ ရဟန်းကိစ္စပြီးသွားပြီးပြီ "

...........................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား