Tuesday, November 17, 2009

ကာမဂုဏ်



ကာမဂုဏ်

     ယနေ့မြန်မာဝေါဟာရတွင် ကာမဂုဏ်သည်အနက်တစ်မျိုးကိုဆောင်သော်လည်း မူရင်း

ပါဠိဝေါဟာရတွင် ကာမဂုဏ်သည် “ မက်မောဖွယ်ရာအစုစု “ ဟူသောအနက်ကိုဟော၏ ။

         ကာမဂုဏ်အရလည်း အာရုံ ()ပါးကိုပင်ဖော်ပြ၏ ။ သို့ရာတွင် ဒေသနာတော်တွင်

ကာမဂုဏ်ကို မာရ်နတ်၏ပထမတပ်မကြီးအဖြစ်တင်စား၍ ဆိုလေ၏ ။ အမှန်အားဖြင့်

လောက ၏အစီးအပွားအတွက် ဆောင်ရွက်သူမှန်သမျှသည် ပထမဦးစွာ မာရ်နတ်၏

ပထမတပ်မကြီးနှင့် မလွဲမသွေ တွေ့ရမည်ဖြစ်၏ ။ သူနိုင်ကိုယ်နိုင်တိုက်ခိုက် ရမည်ဖြစ်၏ ။


           ပုဗ္ဗဘာဂမဂ် ခေါ်သော သမ္မာဒိဋ္ဌိနှင့်သမ္မာသင်္ကပ္ပ ( ပညာအုပ်စု ) ၊ သမ္မာဝါယာမ

၊ သမ္မာသတိနှင့်သမ္မာသမာဓိ ( သမာဓိအုပ်စု ) တို့ဖြင့် ဒုစရိုက်များနှင့်မိစ္ဆာအာဇီဝ တို့မှ

ရှောင် ကြဉ်နိုင်သည်နှင့်သမျှ တိုက်စွမ်းရည် ထက်မြက်သောကြောင့် ကိုယ်ကနိုင်လျှင်

နောက်ထပ် မာရ်နတ်၏ တပ်မကြီး (၉)တပ်ကို ဆက်လက်တိုက်ခိုက်ရဦးမည်ဖြစ်၏ ။ အမှန်

အားဖြင့်မာရ် နတ်မှာတပ်မကြီး (၁၀)တပ်ရှိလေ၏ ။ ယင်းတို့မှာ ---

၁ ။ ကာမဂုဏ်                        ( ကာမ )

၂ ။ စိတ်ဝင်စားဖွယ်ကိုမတွေ့ခြင်း ( အရတီ )

၃ ။ ငတ်မွတ်ခြင်း                     ( ဥပ္ပိပါသ )

၎ ။ ပင်ပန်းခြင်း                       ( တန္ဒီ )

၅ ။ ငိုက်မျဉ်းခြင်း                      ( ထိန မိန္ဓ )

၆ ။ ကြောက်ရွံ့ခြင်း                   ( ဘီရူ )

၇ ။ ယုံမှားခြင်း                          ( ၀ိစိကိစ္ဆာ )

၈ ။ ကျေးဇူးမဲ့ခြင်း                      ( မက္ခ )

၉ ။ ကြွားဝါခြင်း                         ( မာန )

၁၀ ။ မိမိကိုယ်ကိုအထင်ကြီးခြင်း ၊

       သူတစ်ပါးကိုအထင်သေးခြင်း  ( အတ္တုဣံသန ပရ၀မ္ဘန )   တို့ဖြစ်ကြ၏ ။

                ယင်းတပ်မကြီး (၁၀)တပ်အနက် ပထမတပ်မကြီးဖြစ်သော ကာမဂုဏ်တွင်

ပစ္စည်း ဥစ္စာလည်းပါ၏ ။ ရာထူးလည်းပါ၏ ။ အရိုအသေခံရမှုလည်းပါ၏ ။ ထင်ပေါ်ကျော်

ကြားမှုလည်း ပါ၏ ။ များသောအားဖြင့် လောက၏ အစီးအပွားအတွက် ရွံ့ရွံ့ချွံချွံဆောင်

်ရွက်ကြသူများ သည် မာရ်နတ်၏ ပထမတပ်မကြီး ကာမဂုဏ်နှင့်ရင်ဆိုင်တွေ့ဆုံရသောအခါ

ကိုယ်ကမနိုင်ဘဲ ယင်းတပ်မကြီးတွင် ကျဆုံးသည်ကများကြလေ၏ ။

              ထို့ကြောင့် မိမိက အနိုင်မရသဖြင့် လောက၏အစီးအပွားအတွက် မဆောင်

ရွက်နိုင် တော့ပဲ မာရ်နတ်ကအနိုင်ရသဖြင့် မာရ်နတ်၏အလိုဆန္ဒအတိုင်း မာယာနှင့်

သာဌေယျဖြင့် လောက၏အစီးအပွားကို ကိုယ်ယောင်ပြပြီး မိမိ၏အစီးပွားကိုသာ ဆောင်

ရွက်မိသူဖြစ်တတ်ပါ၏ ။

              ဤသည်မှာ မိမိကရှုံး၍ မာရ်နတ်က နိုင်ခြင်းဖြစ်ပါ၏ ။ ဤတွင် “ မာယာ

ဟူသည် မိမိတွင်မရှိသော “ ဂုဏ် “ ကို ရှိဟန်ဆောင်ခြင်းဖြစ်၏ ။ “ သာဌေယျ “ ဟူသည်

မိမိတွင်ရှိ သောအပြစ်ကို မရှိဟန်ဆောင်ခြင်းဖြစ်၏ ။

             ပစ္စည်းဥစ္စာများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

ရာထူး ဂုဏ်ထူးများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

အင်နှင့်အားနှင့်စည်း ရုံးခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။ လုပ်ပိုင်ခွင့်ပေးပြီး

ခေါင်းဆောင်တင်၍စည်း ရုံးခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

ကျော်ကြားထင်ရှားအောင် လုပ်ပေးပြီးစည်းရုံး ခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်း

ရှိ၏ ။

             သို့ရာတွင် ထိုသို့ရှုံးကြသူများမှာ အနတ္တဒဿနကို မလေ့လာမိပဲ

အတ္တဒဿနကိုသာ အားကိုးတကြီး လေ့လာမိခြင်းကြောင့် ကိုယ်ကျင့်သိက္ခာ မခိုင်မာ၍

တိုက် စွမ်းရည် မထက်မြက်သောကြောင့် ရှုံးကြခြင်းမျိုးလည်း ဖြစ်နိုင်ပါ၏ ။

ပင်ကိုဗီဇကောင်းပါလျက် စာပေပညာ အပေါင်းအဖော်မှားသဖြင့်အကောင်းမှအဆိုး

ဖြစ်သွားရခြင်းဖြစ်ပါ၏ ။

            မြတ်စွာဘုရားကလည်း ရှင်အာနန္ဒာအား မိတ်ဆွေကောင်းရှိခြင်းသည်

အရာရာတိုင်း ကို ပြီးမြောက်စေသည်ဟူ၍ ဟောကြားချက်များ ရှိပါ၏ ။ ထို့ကြောင့်

ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပေးနိုင်သော စာပေများသည်လည်း မိတ်ဆွေကောင်း

ကလျာဏမိတ္တ ဖြစ်၏ ။ အမှန် အားဖြင့် စာပေသည် “ ဥပါဒါန ပစ္စယာ ဘဝေါ "အရ

  ဒိဋ္ဌုပါဒါန်အနေဖြင့် ဘ၀၏ကောင်းကျိုး ဆိုးပြစ်ကို ဖန်တီး၏ ။

            ဗုဒ္ဓဒေသနာအရဆိုလျှင် ကိုယ်ကျင့်သိက္ခာဖြူစင်မှုအပေါ် တည်ဆောက်မထား

သော စိတ်ဓာတ်ခိုင်မာမှုသည် အန္တရာယ်ရှိသော ခေါင်းမာမှုတစ်မျိုးပင် ဖြစ်၏ ။ တစ်ဖန်

်ခေါင်းမာမှု အပေါ်တည်ဆောက်ထားသော ပညာကား ပညာစစ်မဟုတ် ။ ဗဟုသုတ သာ

ဖြစ်၏ ။ အကယ် ၍ ဗဟုသုတကို ကိုယ်ကျင့်သိက္ခာမြင့်မားမှုအပေါ်တွင် မတည်ဆောက်ပါ

က ဗဟုသုတများ လေ အမှားကို ကျူးလွန်တတ်လေ ဟူ၍ မြတ်စွာဘုရားက အရှင်သာရိပု-

ုတ္တရာအား ပါရာဇိက ကဏ္ဍပါဠိတော် ဝေရဉ္ဇကဏ္ဍသိက္ခာပဒ ပညတ္တိယာဓနကထာ တွင်

်ဟောကြားတော်မူချက် လည်းရှိပါ၏ ။

             ထို့ကြောင့် ကိုယ်ကျင့်သိက္ခာကို ခိုင်မာအောင်တည်ဆောက်ရန် မကြိုးစားပဲ

ပညာ တတ်အောင်ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက် ကြီးမားသော

အန္တရာယ် ကိုယူဆောင်ရာ ရောက်တတ်ပါ၏ ။ ထို့ကြောင့် ဖြတ်လမ်းဟူ၍မရှိဘဲ

အစဉ်အတိုင်းသာကျင့်ရ သော ဗုဒ္ဓဘာသာကျင့်စဉ်အရ ကိုယ်ကျင့်သိက္ခာကောင်းအောင်

ပထမဦးစွာ အလေးထား၍ ကျင့်ရန်လိုလေ၏ ။

             စာပေများကို ဖတ်ရှုလေ့လာသောအခါတွင်လည်း ကိုယ်ကျင့်သိက္ခာမျက်နှာ

စာမှရပ် တည်၍ လေ့လာဖတ်ရှုအပ်၏ ။ ထိုအခါမှသာ မိမိတို့၏ ဗီဇစိတ်ဓာတ်အရ

 လူအပေါင်း၏အကျိုး စီးပွားကို ဆောင်ရွက်လိုသော သဘောထားကို မြေတောင်မြှောက်

်ရာရောက်၏ ။ ထို့ကြောင့် လောက၏ အကျိုးအစီးပွားအတွက် ဆောင်ရွက်နိုင်ရန် စာပေ

များကို လေ့လာတော့မည်ဆိုပါ က ဗုဒ္ဓစာပေသည် လေ့လာရန်အကောင်းဆုံး စာပေ

ဖြစ်၏ ။

      ဗုဒ္ဓစာပေနှင့်အခြားစာပေများတွင် ထူးခြားချက်ရှိပါ၏ ။ ဗုဒ္ဓစာပေကိုဟောကြားတော်

မူခဲ့သော ဗုဒ္ဓကား ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ ကိလေသာလုံးဝမရှိ ။ ထို့ကြောင့် ဘက်

လိုက်သောအမြင်ဖြင့် ဖော်ပြချက်ဟူ၍လည်း လုံးဝမရှိ ။ ဥာဏ်တော်ဖြင့်သာ ဟောကြား

တော်မူ ထားခြင်း ဖြစ်သဖြင့် အမှားအယွင်းဟူ၍လည်း လုံးဝမရှိ ။ ဤသည်ကိုပင်

 “ အာဂမသုဒ္ဓိ “ ဟူ၍ ဆိုရမည်ဖြစ်၏ ။

              အာဂမသုဒ္ဓိ ဟူသည်မှာ လာရာလမ်းကြောင်း စင်ကြယ်သောစာပေ ဟူ၍ဖြစ်

၏ ။ အခြားသူများကား စာပေများကို ကိလေသာတန်းလန်းဖြင့် ရေးသားခြင်းဖြစ်၏ ။

ထို့ကြောင့် အမှားအယွင်းရှိ၏ ။ ဤခြားနားချက်အရလည်း ဗုဒ္ဓစာပေသည် လောက၏

အစီးအပွားအတွက်ဘက်မလိုက်ဘဲ ဆောင်ရွက်လိုသူများအနေဖြင့် များစွာဖတ်ရှုလေ့လာ

သင့်သောစာပေ ဖြစ်ပါ ၏ ။

            ခေတ်အဆက်ဆက်တွင်လည်း ဗုဒ္ဓဘာသာစာတတ်ပေတတ်ပုဂ္ဂိုလ်များသည် 

် အတ္တ သမားများဖြစ်သွားသည်နှင့်အမျှ တိုက်စွမ်းရည်ညံ့ပြီး မာရ်နတ်၏ ပထမတပ်မ

ကြီးဖြစ်သော ကာမဂုဏ်၏ထိုးစစ်ကို မခံနိုင်၍ ကျရှုံးသူများရှိခဲ့ပါ၏ ။ လာဘ်လာဘဖြင့်

့်ဖြားယောင်းမှုကြောင့် မဟုတ်တာကို အဟုတ်လုပ်၍ ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။

 ရာထူးဖြင့် ဖြားယောင်းမှုကြောင့် မဟုတ်တာကိုအဟုတ်လုပ်၍ဆိုခဲ့သူများလည်း

ရှိခဲ့ပါ၏ ။ အလေးအမြတ်ခံရမှုဖြင့် ဖြားယောင်း ခံရ၍ မဟုတ်တာကို အဟုတ်လုပ်၍

 ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ ထင်ရှားကျော်ဇောမှုဖြင့် ဖြားယောင်းခံရ၍ မဟုတ်တာကို

 အဟုတ်လုပ်ပြီး ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ မာရ်နတ်၏ " လာဘ " တပ်သည်

 ထိုးစစ်တွင်ထက်မြက်လှ၏ ။ “ သက္ကာရ “ တပ်သည်လည်း ထိုးစစ်တွင်

ထက်မြက် လှ၏ ။ “ ကိလေသာ “ တပ်သည်လည်း ထိုးစစ်တွင် ထက်မြက်လှ၏ ။

တော်ရုံတန်ရုံအင်အား နှင့်တော့ မာရ်နတ်၏ ကာမဂုဏ်တပ်မကြီးကို တွန်းလှန်ဖို့

မလွယ်ကူချေ ။

            မြန်မာနိုင်ငံသားတို့အနေဖြင့် မိမိကိုယ်ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။

မိမိ၏ အမျိုးသား(လူမျိုး)ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။ မိမိ၏နိုင်ငံတော်ကို

မိမိချစ်သည်မှာ ယုံမှား ဖွယ်မရှိချေ ။ သို့ရာတွင် မိမိကိုယ်ကို မိမိနှစ်ရာမရောက်ဘဲ

ချစ်ရာရောက်အောင် ၊ မိမိအမျိုး သား(လူမျိုး)ကိုမိမိနှစ်ရာမရောက်ဘဲ

ချစ်ရာရောက်အောင် ၊ မိမိ၏နိုင်ငံတော်ကို မိမိ နှစ်ရာမရောက်ဘဲချစ်ရာရောက်အောင်

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ဓမ္မသေနင်္ဂဗျူဟာ နှင့်အညီ လုပ်ရန် လိုပါ၏ ။

            လူကိုလူလိုမြင်ပြီး သူတစ်ပါးကို စတေးပြီးမှ ရမည့်အခွင့်အရေးမျိုးကို

မယူမိအောင် ထိန်းသိမ်းဖို့ လိုအပ်ပါ၏ ။ ထိုသို့ ထိန်းသိမ်းခြင်းသည် အတ္တကို

ပယ်သတ်ခြင်းမည်ပါ၏ ။အတ္တ ကိုပယ်သတ်ခြင်းသည် မာရ်နတ်၏ တပ်မကြီး “ ကာမဂုဏ်

ကို ဓမ္မသေနင်္ဂဗျူဟာဖြင့်နိုင် အောင်တိုက်ခြင်းမည်ပါ၏ ။ သို့ရာတွင် အတ္တကို

ပယ်သတ်ရာတွင် ရုပ်နာမ်ခန္ဓာကိုသိရုံမျှ ညာတပရိညာဖြင့် မလုံလောက်သေးပေ ။ အနိစ္စ ၊

ဒုက္ခ ၊ အနတ္တကိုသိရုံမျှ တီရဏပရိညာဖြင့် မလုံလောက်သေး ။ တဏှာ ၊ မာန ၊ ဒိဋ္ဌိတို့ကို

ပယ်သတ်နိုင်သော ပဟာနပရိညာဖြင့် အတ္တကို ပယ်သတ်နိုင်၏ ။ အတ္တသည်

တဒင်္ဂပဟာန်ဖြင့်သေသေ ၊ ၀ိက္ခမ္ဘနပဟာန်ဖြင့်သေသေ ၊ သမုစ္ဆေဒပဟာန်ဖြင့်သေသေ

အတ္တသေသည်နှင့်အမျှ မာရ်နတ်၏ပထမတပ်မကြီး ကာမဂုဏ် ကိုနိုင်သည်မည်ပါ၏ ။

ကာမဂုဏ်ကိုနိုင်သည်နှင့်အမျှ ဤလောကသည် ငြိမ်းချမ်းပေလိမ့်မည် ။

             ထို့ကြောင့် ဤလောကကို တကယ်ငြိမ်းချမ်းစေလိုပါက ကိုယ်ကျင့်စင်ကြယ်မှု

စိတ် စင်ကြယ်မှု အမြင်စင်ကြယ်မှု တို့အပေါ် အခြေခံသော ပရိညာသုံးပါးဖြင့်

မာရ်နတ်၏ပထမ တပ်မကြီးဖြစ်သော ကာမဂုဏ်ကို နိုင်အောင် တိုက်အပ်ပါ၏ ။

အမှန်အားဖြင့် အတ္တကိုနိုင်လျှင် ကာမဂုဏ်ကို နိုင်သည်မည်ပါ၏ ။             

 

ကျမ်းကိုး  -

ဦးရွှေအောင် - အမြင်များပြောင်းလဲခြင်း


.......................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား