ဦးတိဿ လို့ဆိုရင် အဲသည်နယ်တစ်ဝိုက်မှာ မသိသူရှားပါတယ် ။ ဘာလို့လည်းဆို တော့
ဦးတိဿ က အဟောအပြောသိပ်ကောင်းတော့ အလှူပွဲအတန်းပွဲတိုင်းလိုလို သူချည်း
တရားဟောနေရတာကိုး ။ နောက်ပြီး ဦးတိဿက ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်ဆိုတော့ မန္တလေးက
နာမည်ကြီး စာသင်တိုက်ကြီးတစ်တိုက်မှာ စာချဆရာတော်လည်း လုပ်နေပါတယ် ။ အဲဒီဂုဏ်ပုဒ်တွေနဲ့အညီ ဦးတိဿကလည်း အနေအထိုင်မှန်တယ် ။ စကားပြောနည်း
တယ် ။ ရိုးသားတယ် ၊ ပွင့်လင်းမှုရှိတယ် ၊ ရပ်ရွာကိစ္စမှန်သမျှကိုလည်း ရှေ့တန်းကနေ တက်
တက်ကြွကြွကူညီလေ့ရှိပါတယ်။အဲဒါကြောင့် ရပ်ရွာကလည်း ဦးတိဿကို ကြည်ညိုကြတယ်။
လေးစားကြတယ် ၊ ချစ်ကြောက်ရိုသေကြတယ် ။ အကြောင်းကိစ္စတစ်ခုခုရှိလို့ ဦးတိဿ ရွာကိုပြန်ခဲ့ပြီဆိုရင် မှန်မှန်ကန်ကန်ရှိကြတဲ့သူ
တွေက ဦးတိဿကို ခရီးဦးကြိုဆိုပြုကြတယ် ။ မမှန်မကန်နဲ့သောက်သောက်စားစား မူးယစ်
သမားတွေကတော့ ကြောက်လန့်ပြီး ပြေးကုန်ကြတယ် ။ အဲဒီလောက်အထိ ဦးတိဿက
အရှိန်အ၀ါကြီးမားလွန်းလှပါတယ် ။ ဦးတိဿမှာ မွေးချင်းငါးယောက်ရှိပါတယ် ။ အဲဒီထဲမှာ ဦးတိဿက ဒုတိယမြောက်
သားရတနာပဲဖြစ်ပါတယ် ။ အစ်ကိုအကြီးဆုံးနဲ့ ဦးတိဿအောက်နှစ်ယောက်က ကြင်ယာ ကိုယ်စီနဲ့
တစ်အိုးတစ်အိမ်စီနဲ့ ဖြစ်နေကြပါပြီ ။ ဒါပေမယ့် အသက်အငယ်ဆုံးဖြစ်တဲ့ မိသဲစုကတော့ အိမ်ထောင်မပြုသေးပဲ မိဘတွေ
နဲ့အတူနေပါတယ် ။ ဦးတိဿမှာ အငယ်ဆုံးလည်းဖြစ် အိမ်ထောင်ကလည်းမပြုသေး ၊ နောက် ပြီး
မိဘတွေနဲ့အတူနေတဲ့ မိသဲစုလေးကို ဂရုတစိုက်ရှိခဲ့ပါတယ် ။ ပညာရေးဘက်မှာဆိုရင် လည်း
သူများထက်အောက်တန်းမကျရအောင် တက္ကသိုလ်ဘွဲ့ရတဲ့အထိ ဦးတိဿကပဲ ချီးမြှင့်
ထောက်ပံ့ပေးခဲ့ပါတယ် ။ မြန်မာပြည်အနှံ့ မိဘတွေကို ဘုရားဖူးပို့ပြီဆိုရင်လည်း မိသဲစုက
နောက်ကနေထပ်ကြပ်မကွာ ပါပြီးသားပါပဲ ။ ဦးတိဿကလည်း မိသဲစုအပေါ် ကြည့်ရှုစောင့်ရှောက်သလို မိသဲစုကလည်း အစ်ကို
ဖြစ်တဲ့ ဦးတိဿအပေါ် ဂရုတစိုက် ရှိခဲ့ပါတယ် ။ ဦးတိဿ မန္တလေးကနေ အကြောင်းကိစ္စနဲ့
ရပ်ရွာကိုရောက်လာပြီဆိုရင်လည်း မိသဲစုကပဲ ဆွမ်းကွမ်းဝေယျာဝစ္စတွေကို တာဝန်ယူပြီး ချက်
ပြုတ်ဆက်ကပ်ပေးပါတယ် ။သင်္ကန်းဆိုရင်လည်း ဖွတ်လျှော်ပြီး မီးပူတိုက်ပေးရ ၊ ဦးတိဿ
ကြိုက်တတ်တဲ့ ဆွမ်းဘောဇဉ်ကိုလည်း မရိုးအောင် ချက်ပြုတ်ပေးလိုက်ရနဲ့ မိသဲစုမှာလည်း
အစ်ကိုဦးဇင်းအတွက် မောတယ်ပန်းတယ်လို့ မရှိပါဘူး ။ အဲဒီလို မောင်နှမနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကျေးဇူးတွေ
ပြုပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြတာကိုပဲ ပတ်ဝန်းကျင်က ချီးကျူးဂုဏ်ယူနေ
ကြပါတယ် ။ အားကျမက်မောနေကြတဲ့ သူတွေလည်းရှိကြလေရဲ့ ။ ဦးတိဿရဲ့ မွေးရပ်ဇာတိကလေးက မြို့နဲ့အလှမ်းမဝေးလေတော့ မြို့ပေါ်က ကုန်စိမ်း
သည်တွေ ၊ ကုန်ခြောက်သည်တွေ ၊ နောက်အသားငါးသည်တွေဟာ နေ့စဉ်နေ့တိုင်းလိုလို လာ
ရောက် ရောင်းချနေကြပါတယ် ။ တစ်ချို့ကျပြန်တော့လည်း ရွာထဲကပဲတွေ ၊ နှမ်းတွေ ၊ စပါး
တွေ ၊ ကြက်ဘဲစတဲ့ တိရစ္ဆာန်တွေကို ၀ယ်ယူပြီး မြို့ပေါ်ကို ရောင်းချနေကြတဲ့ ကုန်သည်
ယောင်ယောင် ၊ ပွဲစားယောင်ယောင်တွေလည်း ရှိနေကြပါတယ် ။ အဲဒီအထဲမှာ မြို့ပေါ်က အမဲသားတွေကို ရွာထဲကိုလာရောင်း ၊ ရွာထဲကသားသတ်နွား
တွေကို မြို့ပေါ်မှာတက်ရောင်းနေတဲ့ ယာကွတ်ဆိုတဲ့ လူလည်းပါပါတယ် ။ ဗုဒ္ဓဘာသာမြန်မာ
လူမျိုးတွေဟာ ဧည့်သည်လာရင် ၀မ်းသာကြသလို ဧည့်သည်ပြန်ရင်လည်း လွမ်းတတ်ကြတဲ့
အလေ့အထဟာ အခုချိန်ထိ အရိုးစွဲနေကြတုန်းပါပဲ ။ နောက်ပြီး ရိုးသားဖြူစင်လှတဲ့ တောသူ
တောင်သားတွေဟာ ဧည့်သည်ဆိုရင် လူမျိုးမရွေး ၊ ဘာသာမရွေး ၊ မရှိ ရှိရာကရှာကြံပြီး ဧည့်
ခံတတ်ကြပါတယ် ။ အဲဒီအထဲမှာ ဦးတိဿရဲ့ ခမည်းတော်ဦးလွန်းကြွယ်နဲ့မယ်တော်ဒေါ်ခင်မိုးတို့လည်း ပါပါ
တယ် ။ ဦးလွန်းကြွယ် +ဒေါ်ခင်မိုးတို့ဟာ မြို့ပေါ်က အမဲအသားအရောင်းအ၀ယ်လုပ်နေတဲ့
ယာကွတ်ဆိုတဲ့ လူနဲ့လည်း ရင်းနှီးကျွမ်းဝင်နေကြပါတယ် ။ သူတို့မြို့ကိုသွားရင်လည်း
ယာကွတ်ကကျေပြွန်အောင် ဧည့်ခံတတ်ကြသလိုကိုယ့်ဆီလာရင်လည်း ဧည့်ဝတ်မပျက်စေရပါဘူး ။ ယာကွတ်ကလည်းဦးလွန်းကြွယ်ကြိုက်တတ်တဲ့ အမဲခြောက် ၊ အမဲအူ ၊ အမဲသဲစတဲ့
ကောင်းပေ့ဆိုတဲ့ အသားတွေကို ပို့ပေးသလို ဦးလွန်းကြွယ် + ဒေါ်ခင်မိုးတို့ကလည်း သူတို့
ယာကထွက်တဲ့ သစ်သီးဝလံတွေကို လူကြုံနဲ့တစ်လှည့် ၊ သမီးနဲ့တစ်ဖုံ ပို့ခိုင်းခဲ့ပါတယ် ။ အဲဒီတော့ ပညာတတ်ဘွဲ့ရလည်းဖြစ် ၊ တစ်ရွာလုံးမှာ အချောဆုံး အလှဆုံးလည်းဖြစ် ၊
နောက်ပြီး ဦးတိဿရဲ့အရှိန်အ၀ါကြောင့် ဘယ်လူပျိုကာလသားကမှ မော်မကြည့်ရဲတဲ့ မိသဲစု
လေးဟာ သားသတ်နွားသတ်တဲ့ ယာကွတ်နဲ့အတော်ပင် ရင်းနှီးကျွမ်းဝင်နေကြပါတယ် ။
ဦးလွန်းကြွယ် + ဒေါ်ခင်မိုးတို့ကလည်း အမဲသားမျက်နှာကြောင့် ယာကွတ်နဲ့သမီးတို့ရဲ့ ရင်းနှီး
ကျွမ်းဝင်မှုကို တားမြစ်ပိတ်ပင်ဖို့ ပျက်ကွက်ခဲ့ပါတယ် ။ ကျားဆိုတဲ့သတ္တ၀ါဟာ သားကောင်ကိုတွေ့တဲ့အခါ သနားတယ်ဆိုတာ မရှိသလို သူ့ရဲ့
စက်ကွင်းထဲကို ရောက်လာတဲ့အခါမှာလည်း အလွတ်ပေးတယ်ဆိုတာလည်း မရှိပါဘူး ။ အဲဒီ တော့
ဦးတိဿရဲ့ အသည်းနှလုံးတွေနဲ့ စုပုံပြီး ချစ်ခဲ့ရတဲ့ မိသဲစုဆိုတဲ့ ယုန်သူငယ်မလေးဟာ
သားသတ်ယာကွတ်ဆိုတဲ့ ကျားရှေ့မှာ မှောက်လျက်လဲသလိုမျိုး ဖြစ်ခဲ့ရပါတယ် ။ ဒီအကြောင်းကို မန္တလေးမြို့ပေါ်မှာ စာချဘုန်းကြီးအဖြစ် သတင်းလည်းကြီး ၊ တရား
ဟောဘက်မှာလည်း ထူးချွန်လှတဲ့ ဦးတိဿခမျာ ဘယ်လိုမှမသိရှာခဲ့ပါဘူး ။ ဦးလွန်းကြွယ် +
ဒေါ်ခင်မိုးတို့ရဲ့ ပြုမူပုံတွေကို ရပ်ထဲရွာထဲက မျက်စိစပါးမွှေးစူးနေကြတဲ့ ရွာသူရွာသားတွေက
လည်း မျက်နှာတောင် ကောင်းကောင်းမော်မဖူးရဲကြတဲ့ ဦးတိဿကြီးကို ဘယ်သူမှလည်း
မလျှောက်ရဲကြသလို လျှောက်ဖို့ရာမှာလည်း အခွင့်မကြုံခဲ့ကြပါဘူး ။ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကလည်း သားသတ်သမားယာကွတ်နဲ့ သမီးဖြစ်သူမိသဲစု
တို့ရဲ့ အခြေအနေကို တကယ်ပဲမသိရော့လေသလား ၊ ဒါမှမဟုတ် အမဲသားမျက်နှာကြောင့်
သိသိကြီးနဲ့ လွှတ်ပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ် ။ ပတ်ဝန်းကျင်ကလည်း
ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းခံရမယ့်အခြေအနေဆိုတော့ ဘယ်သူမှမမေးမြန်းကြပါဘူး ။ ဒီ
လိုအကြောင်းအကျိုးတွေကြောင့် ယာကွတ်နဲ့မိသဲစုတို့ရဲ့ သံယောဇဉ်နှောင်ကြိုးဟာ ပိုလို့ပင်
ချည်မိလျက်သား ဖြစ်နေပါတော့တယ် ။ တစ်နေ့မှာ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ဟာ သူ့ရဲ့သမီးချောချောလှလှလေး မိသဲစုကို
သားသတ်သမားထံ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ ပဲဆီနှင့်ခြံကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ ဆက်
သဖို့မြို့ကိုတစ်ယောက်တည်း လွှတ်လိုက်ပါတယ် ။ သမီးဖြစ်သူဟာ မြို့ကို တစ်ခေါက်ခေါက်
သွားရင် အနည်းဆုံးနှစ်ညအိပ် သုံးညအိပ် ကြာတတ်ပါတယ် ။ အခုလည်းပဲ မိသဲစုသွားတာဟာ နှစ်ညအိပ်သုံးရက်ရှိပြီမို့ သမီးပြန်လာမယ့် လာလမ်း
ကိုသာ မှန်းမျှော်လို့ စောင့်ကြိုနေပါတယ် ။ ဒါပေမယ့် သမီးကတော့ပြန်မလာပါဘူး ။သူ့ရဲ့
ကိုယ်စား “ ဖေဖေနဲ့မေမေ သမီး ယာကွတ်နဲ့လက်ထပ်လိုက်ပါပြီ ။ သမီးကိုခွင့်လွှတ်ပါ “ ဆိုတဲ့
လူကြုံနဲ့ပို့လိုက်တဲ့ စာလွှာလေးပဲ ပြန်လာပါတော့တယ် ။ ဒီအကြောင်းကို ကြားသိသွားတဲ့ ဦးတိဿလည်း မန္တလေးကနေရွာကို ကပျာကယာနဲ့
ပြန်လာခဲ့ပါတယ် ။ ရွာပြန်ရောက်တော့အသည်းပုံပြီးချစ်ခဲ့ရတဲ့ ညီမရဲ့ကယောက်ျားက လူမျိုး ခြား
၊ ဘာသာခြားဖြစ်နေတယ်ဆိုတဲ့ အသံလည်းကြားရော ယမ်းပုံမီးကျသလို အပြင်းအထန်
ပေါက်ကွဲတော့တာပါပဲ ။ ပိုပြီးဆိုးတာက မိသဲစုလေးရဲ့ယောက်ျားက လူပျိုလူလွတ်မဟုတ်ဘဲ
သားသမီးငါးယောက်အဖေ ဖြစ်နေပါသတဲ့ ။ ဒါပေမယ့် မိသဲစုခမျာ လှပတဲ့ အပျိုရည် နဂိုလို ပြန်မဖြစ်လာတာကတစ်ကြောင်း “
" ပေါက်တဲ့နဖူး မထူးဘူး “ ဆိုပြီး ဖြစ်ရတာကတစ်ကြောင်း ၊ နောက်ပြီး မိဘည်ီကိုမောင်နှမ
ကြားမှာ မျက်နှာမလှ အရှက်ရတာကတစ်ကြောင်း ဆိုတော့ အဲဒီလူမျိုးခြား ဘာသာခြားရဲ့
မယားငယ်အဖြစ်နဲ့ပဲ စုံးစုံးမြှုပ်သွားရပါတယ် ။ အခုဆိုရင် မိသဲစုမှာ သားသမီးတွေတောင်ရနေပါပြီ ။ သားသမီးတွေအားလုံး ဗုဒ္ဓဘာသာ
ဝင်မဟုတ်ကြသလို မိသဲစုကိုယ်တိုင်ကလည်း ဘာသာပြောင်းပေးလိုက်ရတဲ့အထိဖြစ်သွားပါတယ်။
နောက်ပိုင်းကြားသိရတာက မိမိကို ပညာလည်းသင်ပေး ၊ အစ်ကိုအရင်းလည်းဖြစ်တဲ့
ဦးတိဿကြီးကိုတောင် ရှိခိုးဦးချခိုင်းလို့ မရတော့ပါဘူးတဲ့ ။ ဒီအကြောင်းလေးဟာ “ ပြောမယုံ ကြုံမှသိ “ ဆိုတာမျိုးလို မကြုံဖူးပဲနဲ့ ပြောမယ်ဆိုရင်
ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး ။ ဒီအကြောင်းဟာလည်း လုပ်ကြံပြီးရေးထားတာလည်း
မဟုတ်ပါဘူး ။ အထက်အညာရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးပဲ
ဖြစ်ပါတယ် ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အိမ်ထောင်ပြုတာ စည်းကမ်းမရှိတဲ့ မိသဲစုကိုပဲ အပြစ်
တင်ရမလား ။ ဒါမှမဟုတ် အမျိုးသားရေးနဲ့ပတ်သက်ပြီး သွန်သင်ဆုံးမမှု ပျက်ကွက်ခဲ့တဲ့
ဦးတိဿကြီးကိုပဲ အပြစ်တင်ရမလား ။ နောက်ပြီး သားသမီးကို ဆိုဆုံးမမှုမပြုပဲ လမ်းမှား
ရောက်အောင် ပို့ပေးတဲ့ မိဘတွေဖြစ်တဲ့ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကိုပဲ အပြစ်တင်ရမလား
စဉ်းစားစရာဖြစ်ပါတယ် ။ မိမိက ဘာသာရေး ၊ လူမှုရေးနဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ဦးဆောင်ဦးရွက်ရှိနေပေ
မယ့် အမျိုးသားရေးဘက်မှာတော့ တစ်လုံးတစ်ပါဒမျှ သွန်သင်ဆုံးမမှု မရှိခဲ့တဲ့အတွက် အခုလို
" အိတ်ပေါက်နဲ့ဖားကောက် "်သလိုမျိုး ဖြစ်သွားရတာဖြစ်ပါတယ် ။ နောက်ပြီး ငါ့ညီမ ၊ ငါ့ဆွေမျိုး ၊ ငါ့အသိုင်းအ၀ိုင်းထဲမှာ ဒီလို လူမျိုးခြား ၊ ဘာသာခြားနဲ့
ဘယ်တော့မှ မညားလောက်ပါဘူးဆိုပြီး အန္တရာယ်ကို အထင်သေးခဲ့တာတွေလည်း ပါပါတယ်။
အဲဒါကြောင့် ရဟန်းတော်များအနေနဲ့ “ အိတ်ပေါက်နဲ့ဖားကောက် “ သလိုမျိုး မဖြစ်ရအောင်
ကိုယ်နဲ့နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ အမျိုးသားရေးသတိ ၊ ဘာသာရေးအသိအမြင်တွေ ပြန့်ပွား
အောင် နိုးနိုးကြားကြားလေးတော့ ရှိနေစေချင်ပါတယ်ဘုရား ။ ။ ကျမ်းညွှန်း - အရှင်ပညောဘာသ ( ဖိုးပညော - သပိတ်ကျင်း ) ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့ ..............................................................................................
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား