Monday, December 28, 2009

၁ ။ ကြောက်၍ ကိုးကွယ်ခြင်း







       ၁ ။ ကြောက်၍ ကိုးကွယ်ခြင်း ၁ ။ ကြောက်၍ ကိုးကွယ်ခြင်း ၁ ။ ကြောက်၍ ကိုးကွယ်ခြင်း            
               ကမ္ဘာဦးကာလမှစ၍ ယနေ့ထက်တိုင်အောင် လူသားများသည် ကိုးကွယ်ရာတစ်ခုခုကို ရှာကြံပြီး

ကိုးကွယ်နေကြခြင်းသည် အစဉ်အလာကြီးတစ်ခုဟု ဆိုနိုင်ပါသည် ။ ဥပမာ-ပေါက်ကွဲ တတ်သော မီးတောင် ကြီးနားမှာ

နေကြသောလူတို့သည် သဘာဝအလျောက် မီးတောင်ကြီး ပေါက်ကွဲပြီး လူတွေ ၊ တိရစ္ဆာန်တွေ ဒဏ်ရာတွေ ရကြ ၊

သေကြေပျက်စီးရတာမျိုးတွေကို တွေ့မြင်ကြရသောအခါ “ မီးတောင်စောင့်နတ်မင်းကြီးသည် ငါတို့ကို စိတ်ဆိုးလေပြီ

ဟုအထင်ရောက်ကာ မီးနတ်ကြီးကို စတင်၍ ကိုးကွယ်ပူဇော် ပသခဲ့ကြသည် ။ ထိုနည်းတူစွာပင် မိုးနတ် ၊ လေနတ် ၊

တောင်စောင့်နတ် ၊ တောစောင့်နတ် ၊ သစ်ပင်စောင့်နတ် တွေကိုလည်း အကြောက်တရားကို အခြေခံပြီး

ကိုးကွယ်ပူဇော်ပသခဲ့ကြသည် ။

         အသိဥာဏ်နည်းပါးပြီး အကြောက်တရားကြီးသူတို့သည် ဘယ်အရာမျိုးကိုမဆို လွယ်လွယ်နှင့်ကိုးကွယ်

တတ်ကြခြင်းသည် လူသားများ၏ ဓမ္မတာဟု ဆိုရပေမည် ။ ကမ္ဘာဦး ကာလမှစ၍ ယနေ့ထက်တိုင်အောင်

လူသားတွေ ဤကဲ့သို့သော ဓမ္မတာသဘောတရားတွေ ကို မလွန်ဆန်နိုင်ကြခြင်းသည် အသိဥာဏ်

နည်းပါးခြင်း ၊ ဆင်ခြင်တုံ မြော်မြင်တုံတရားများ နည်းပါးခြင်းစသော အကြောင်းတရားများ ဖြစ်နိုင်သည်။

ဗုဒ္ဓဘာသာဝင်ကောင်းတစ် ယောက်အနေနှင့် ဖြစ်သင့်သည်မှာ တစ်စုံတစ်ခုကို ကိုးကွယ်မှုပြုတော့မည်ဆိုလျှင်

ထိုအမှုကို မပြုမီ ထိုအရာသည် စစ်မှန်စွာ ကိုးကွယ်ထိုက်သော အရာဖြစ်မဖြစ် သတိတရားဖြင့်စဉ်းစား၍

ဆင်ခြင်ပြီးမှ ကိုးကွယ်သင့်ပါသည် ။ အကြောက်တရားဖြင့် ကိုးကွယ်နေရခြင်းမျိုးသည် ပညာ အားနည်းသူတို့၏

ဓလေ့ဓမ္မတာတစ်ခုသာဖြစ်ကြောင်း သိနိုင်သည် ။ ထို့ကြောင့် အရာရာကို ဥာဏ်သတိယှဉ်လျက် စဉ်းစားနိုင်ကြခြင်း

သည် ပညာရှိလက္ခဏာ ဟု ဆိုနိုင်သည် ။


            

      


        



  

      

          


   

ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)
(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

 

 ဆက်လက်ပြီး       

၂ ။ လာဘ်လာဘကို ငဲ့၍ ကိုးကွယ်ခြင်း

..........................................................................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား