Tuesday, September 1, 2009

အမေးအဖြေများ -၂

မေး ။                   ။ ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ် ကြတယ်လို့ တစ်ချို့လူများက ပြောတာ ကြား

ဘူးပါတယ် ။ ဟုတ်ပါသလား ။

ဖြေ ။                    ။ ဒီလိုအပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေပြောကြတဲ့ စကားတွေပါ ။

အဘိဓာန်များကတော့ " ရုပ်တုကို ထာဝရဘုရား ( God ) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်

မှု " လို့ ဖွင့်ပြကြပါတယ် ။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရား တစ်ပါး

( God ) အနေနဲ့ ယုံကြည်သိမှတ်ကြတာ မဟုတ်ပါဘူး ။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု ၊ သံ

ရုပ်တု ၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ ။

                    သို့သော်လည်း တစ်ခုတော့ ရှိပါတယ် ။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ

အမျိုးမျိုးကို ဖော်ပြဖို့ အမှတ်လက္ခဏာ ( Symbol ) အမျိုးမျိုးကို အသုံးပြုကြပါတယ် ။ ဥပမာ - တာအိုဘာ

သာမှာဆိုရင် ဆန့်ကျင်ဘက်နှစ်ခုတို့ရဲ့ ညီညွတ် ပေါင်းစည်းမှုကို ဖော်ပြဖို့ရာ ယင် နဲ့ ယန် ( Ying - Yang )

ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို

ဖော်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိ

ခြင်းကို ဖော်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ် ။ ခရစ်တော်ရဲ့ လူသားအတွက်

အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ် ။ ဗုဒ္ဓဘာ

သာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖော်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ခဏာအဖြစ်

အသုံးပြုကြပါတယ် ။

                      ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့သက်ဆိုင်တဲ့ သဘာဝများကို

ကျွန်တော်တို့အား သတိရစေပါတယ် ။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုတယ် ။ ထာဝရဘု၇ား ( God ) ကို

ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန်ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို

မကြည့်ရဘူး ၊ အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့အား သတိရစေပါ

တယ် ။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုး ကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ

မမှန်ပါဘူး ။


မေး ။                     ။ တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေထဲမှာ " စက္ကူပိုက်ဆံ " တွေကို မီးရှို့တာတွေ ၊

ပြီးတော့ တစ်ခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ရပါတယ် ။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။

ဖြေ ။                    ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေဟာ

ကျွန်တော်တို့အတွက် ထူးဆန်းနေတတ်ပါတယ် ။ အဲဒီလိုဟာတွေကို အထူးအဆန်းတွေပဲလို့ အမှတ်တမဲ့

ဘာသိဘာသာ မနေဘဲ အဲဒါတွေရဲ့ အဓိပ္ပာယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ် ။

                       မှန်ပါတယ် ။ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလုပ်ဆောင်နေကြတာတွေဟာ

ဗုဒ္ဓတရားတော်မှာ အခြေမခံဘဲ နားလည်မှုမှား နှင့် အများယုံကြည်လက်ခံထားတဲ့ အစွဲအလမ်းအပေါ်မှာ

အခြေခံထားတာ တွေ့ရတတ်ပါတယ် ။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာ မဟုတ်ပါဘူး ။

ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ် ။

                   ဗုဒ္ဓမြတ်စွာဟာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ် ။

အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး ။ ဒါနဲ့ပတ်သက်လို့

မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ --

              " ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာထံမှ ဆေးကုသမှု ခံယူဖို့ လွယ်

ကူပါလျက်နဲ့ ကုသမှုကို မခံယူလျှင် ဆေးဆရာ၏ အပြစ် မဟုတ်ပေ ။ "

                " ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်

များ ရှိလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ် မဟုတ်ပေ ။ "

                ဗုဒ္ဓဘာသာကိုပဲဖြစ်စေ ၊ တစ်ခြားဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း

ကောင်းကောင်း နားမလည်သူများက အမှား ၊ အမှန် ၊ အဆိုး ၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး ။


မေး ။                       ။ ဗုဒ္ဓဘာသာဟာ ဒါလောက်ကောင်းနေတယ်ဆိုရင် တစ်ချို့ ဗုဒ္ဓဘာသာနိုင်ငံတွေ

ဘာကြောင့် ဆင်းရဲနေသလဲ ။

ဖြေ ။                    ။ သင်ရဲ့အမေးမှာ ဆင်းရဲတယ်ဆိုတာ စီးပွားရေးအရ ဆင်းရဲတာကို ဆိုလိုရင် ဟုတ်ပါ

တယ် ။ တစ်ချို့ဗုဒ္ဓဘာသာနိုင်ငံတွေ ဆင်းရဲကြတာ မှန်ပါတယ် ။ သို့သော်လည်း တစ်ကယ်လို့သာ

" ဘ၀အရည်အသွေး နိမ့်ကျ ဆင်းရဲမှု " ကို ဆိုလိုရင်တော့ တစ်ချို့ဗုဒ္ဓဘာသာနိုင်ငံတွေဟာ အလွန်  

ချမ်းသာ ကြပါတယ် ။

                ဥပမာ -- အမေရိကန်နိုင်ငံ ဆိုကြပါစို့ ။ စီးပွားရေးအရ အင်မတန်ချမ်းသာကြွယ်ဝပြီး အင်အား

ကောင်းတဲ့ နိုင်ငံကြီးပေါ့ ။ သို့သော်လည်း ကမ္ဘာမှာ ရာဇ၀တ်မှု ရာခိုင်နှုန်းအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်

နေတယ်။ သန်းပေါင်းများစွာသော အဘိုးအို ၊ အဘွားအိုတွေကို သူတို့သားသမီးတွေက ပစ်ထားကြတယ် ။

ဂရုမစိုက်ကြဘူး ။ ဒါနဲ့ပဲ ဘိုးဘွားရိပ်သာမှာ အထီးကျန်ဘ၀နဲ့ ဘ၀ဇာတ်သိမ်းသွားကြရတယ် ။ မိသားစု

အတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ ကလေးတွေကို အမျိုးမျိုး ဖျက်ဆီးမှု တွေဟာ ကြီးမားတဲ့ ပြဿနာ

ကြီးတွေ ဖြစ်နေတယ် ။ ဇနီးမောင်နှံစုံ သုံးစုံမှာ တစ်စုံဟာ ကွာရှင်း ပြတ်စဲထားတယ် ။ ညစ်ညမ်းစာပေ ၊

ညစ်ညမ်းရုပ်ရှင် ဆိုတာတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်နိုင် ၊ ကြည့်နိုင်ကြတယ် ။ စည်းစိမ်ဥစ္စာ အနေနဲ့

ကြွယ်ဝချမ်းသာသော်လည်း ဘ၀အရည်အသွေး အနေနဲ့ ဆင်းရဲ နိမ့်ကျနေပါတယ် ။

                 အခု မြန်မာနိုင်ငံ ဆိုကြပါစို့ ။ စီးပွားရေးအနေနဲ့ နိမ့်ကျနေတဲ့ နိုင်ငံ တစ်နိုင်ငံပဲ ။ သို့သော်လည်း

သားသမီးတွေက မိဘတွေကို ရိုသေမြတ်နိုးကြတယ် ။ ပြုစုစောင့်ရှောက်ကြတယ် ။ ရာဇ၀တ်မှုလည်း

တစ်ခြားနိုင်ငံတွေနှင့် စာလျှင် အလွန်နည်းတယ် ။ ကွာရှင်းပြတ်စဲမှု ၊ ကိုယ့်ကိုကိုယ်သတ်သေမှု တို့ဆိုတာ

မကြားရသလောက်ပဲ ။ မိသားစုအတွင်း ရက်စက်ကြမ်းကြုတ်မှုတို့ ၊ ကလေးသူငယ်တွေကို ဖျက်ဆီးမှုတို့ ၊

ညစ်ညမ်းစာပေ ၊ ညစ်ညမ်းရုပ်ရှင်တို့ ၊ လိင်ဆက်ဆံရေးလိုင်စင် တို့ဆိုတာ မရှိဘူး ။ စီးပွားရေး နိမ့်ကျသော်

လည်း အမေရိကန်နိုင်ငံလို နိုင်ငံထက် ဘ၀အရည်အသွေး ပိုပြီး မြင့်မားပါတယ် ။

                ဗုဒ္ဓဘာသာနိုင်ငံတွေကို စီးပွားရေးပေတံ တစ်ခုတည်းနဲ့ တိုင်းတာလျှင်တောင်မှ အချမ်းသာ

အကြွယ်ဝဆုံးဒီနေ့ကမ္ဘာမှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး ဗုဒ္ဓဘာသာနိုင်ငံကို လက်ညှိုး ထိုးပြနိုင်

ပါတယ် ။ အဲဒါကတော့ လူဦးရေရဲ့ ၉၃ ရာနှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတဲ့ ဂျပန်နိုင်ငံပါပဲ ။


မေး ။                 ။ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး ။ အဲဒါဘာ

ကြောင့်လဲ ။

ဖြေ ။              ။ ဗုဒ္ဓဘာသာဝင်တွေလည်း ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ် ။ သင်မကြားမိတာက

တော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ် ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူး

လို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ် ။

                   နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန်ဗုဒ္ဓဘာသာခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို

ဟာ ဘာသာတရားအားလုံး ပေါင်းစည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် ( Templeton

Prize ) တင်ပယ်လ်တန်ဆုကို ရရှိပါတယ် ။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဟာ

မူးယစ်ဆေးစွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ် ။ ၁၉၈၇ ခုနှစ်

တုန်းက အရှင်ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက်တောရွာများမှာရှိတဲ့ အခြေအနေမဲ့

ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် " နော်ဝေကလေးများ၏ ငြိမ်း

ချမ်းရေးဆု "ကို ရရှိခဲ့ပါတယ် ။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့( Western Buddhist Order ) ဟာ အိန္ဒိယ

ပြည်မှာ ဆင်းရဲသားများအတွက် ကြီးမား ကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ် ။

စာသင်ကျောင်းတွေ ၊ ကလေးပြုစုစောင့်ရှောက်ရေးဋ္ဌာနတွေ ၊ ဆေးပေးခန်းတွေ ၊ တစ်နိုင်စက်မှုလုပ်ငန်း

အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင် ပေးနေပါတယ် ။

                  ဗုဒ္ဓဘာသာဝင်များဟာ တစ်ခြားဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီပေးရတာဟာ သူ

တို့ရဲ့ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖော်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ် ။ သို့သော်လည်း ဒါတွေ

ကို ကိုယ့်ကို ကိုယ် မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့်

သူတို့ရဲ့ ကုသိုလ်ဖြစ် လုပ်ငန်းတွေအကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ် ။


မေး ။                    ။ ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ ။

ဖြေ ။                     ။ လူတွေစားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုးရှိကြတာ မဟုတ်လား ။ သကြားဖြူ ၊

သကြားညို ၊ ကျောက်သကြား ၊ သကြားရည် ၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ ။ သို့သော်လည်း

အားလုံးဟာ သကြားချည်းပဲ ၊ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ ။ မချိုတဲ့ သကြားရယ်လို့ မရှိ

ဘူး ။ ဒီလို သကြား အမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ ။

ဗုဒ္ဓဘာသာ ဟာလည်း ထို့အတူပါပဲ ။ ထေရ၀ါဒဗုဒ္ဓဘာသာ ၊ ဈင်းဗုဒ္ဓဘာသာ ၊ အမိတာဘာ ဗုဒ္ဓဘာသာ ၊

ယောဂါစာရ ဗုဒ္ဓဘာသာ ၊ ၀ဇိရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လည်း အနှစ်သာရအား

ဖြင့် အတူတူပါပဲ ။ အဲဒီအနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှလွတ်မြောက်ခြင်း ၊ ဆင်းရဲမှလွတ်

မြောက်ခြင်း ဆိုတဲ့ အနှစ်သာရ ပါပဲ ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုး နဲ့ ဟပ်မိအောင်

အသွင် အမျိုးမျိုး နဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ် ။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင်

ရာစုနှစ်များတစ်လျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ် ။ ပြင်ပ ပုံပန်းသဏ္ဍာန်

အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လည်း အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရ ကတော့ သစ္စာ

လေးပါး ၊ မဂ္ဂင်ရှစ်ပါး ပါပဲ ။

                  ဗုဒ္ဓဘာသာအပါအ၀င် ဘာသာကြီး အားလုံးဟာ ဂိုဏ်းအမျိုးမျိုး ကွဲခဲ့ကြပါတယ် ။ သို့သော်လည်း

ဗုဒ္ဓဘာသာဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး ။ သူတို့ဟာ အချင်း

ချင်း ဘယ်တော့မှ ရန်မပွား ခဲ့ကြပါဘူး ။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ပါးရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား

ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ် ။ တစ်ခြား ဘာသာရေးလောကမှာ ဒီလို

အချင်းချင်း နားလည်မှု လက်ခံ ညီညွတ်မှုဆိုတာ တစ်ကယ်တော့ အလွန်ရှားပါတယ် ။


မေး ။                  ။ သင်က
ဗုဒ္ဓဘာသာကို အလွန်အထင်ကြီးတာပဲ ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်

လို့ ယူဆပြီး တစ်ခြား ဘာသာအားလုံးကို မှားတယ်လို့ ယူဆပုံရတယ် ။

ဖြေ ။                 ။ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည်သဘောပေါက်တဲ့
ဗုဒ္ဓဘာသာဝင် မည်သူမဆို

တစ်ခြားဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး ။ တစ်ခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း

ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး ။ ဘာသာ

တရားအမျိုးမျိုးကို လေ့လာတဲ့အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရားတွေဟာ အချင်း

ချင်း ဘယ်လောက်များများ တူညီကြတယ်ဆိုတဲ့အချက် ပါပဲ ။

                    အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိအခြေအနေဟာ ကျေနပ်ဖွယ်မရှိဘူးလို့

ဝန်ခံကြတာ ပါပဲ ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်

တယ်လို့ အားလုံး ယုံကြည်ကြပါတယ် ။ ဘာသာတရားအားလုံးဟာ မေတ္တာ ၊ ကရုဏာ ၊ ပေးကမ်းလှူဒါန်း

ခြင်း ၊ လူမှုရေး တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ် ။

ဒီဘာသာတရား အားလုံးကအဆုံးစွန်ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ

လက်ခံကြပါတယ် ။

                   ဘာသာတရားများက ဒီ လုံးဝဥသုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကားအမျိုးမျိုး ၊ နာမည်အမျိုး

မျိုး ၊ အမှတ်အသားအမျိုးမျိုး နဲ့ ရှင်းလင်း ဖော်ပြကြပါတယ် ။ အရာရာကို တစ်ဖက်သတ် ရှုမြင်သုံးသပ်တဲ့

နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့အခါမှသာ သည်းမခံနိုင်မှု ၊ မာနတရား နှင့် ကိုယ်သာမှန်

စိတ်ထားတွေ ဖြစ်ပွားပေါ်ပေါက် လာတတ်ပါတယ် ။

                စဉ်းစားကြည့်ပါ ။ အင်္ဂလိပ် ၊ ပြင်သစ် ၊ တရုတ် ၊ အင်ဒိုနီးရှား လူ ၄ ဦး ကော်ဖီပန်းကန်တစ်လုံးကို

ကြည့်ကြတယ် ဆိုပါစို့ ။ အဲဒီပန်းကန်ကို အင်္ဂလိပ်က " Cup "  လို့ခေါ်တယ် ။ ပြင်သစ်က " Tasse " လို့ခေါ်

တယ် ။ တ၇ုတ်က " Pei " ၊ အင်ဒိုနီးရှားက " Cawan " လို့ခေါ်တယ် ။ အဲဒါ သူ့အခေါ်မှန်တယ် ၊ တစ်ခြားလူ

အခေါ်မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ်ကိုးကားပြီး အကြောက်အကန် ငြင်းခုံနေကြပါရော ။ အဲဒီအခိုက်

မှာ
ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့

သောက်ပစ်လိုက်ပါတယ် ။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကိုပြောလိုက်တယ် ။ " ဒီပန်းကန်ကိုဘယ်လို

ပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ ။ ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ ။

သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့ ။ အဲဒါ လိုရင်းပဲ ။ " ဒါဟာ

ဘာသာတရားများအပေါ်
ဗုဒ္ဓဘာသာကမြင်တဲ့ အမြင် ၊ ထားတဲ့စိတ်ထား ပါပဲ ။


မေး ။                 ။
ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား ။

ဖြေ ။                 ။ ဒီအမေးကို မဖြေမီ " သိပ္ပံ " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တာ အကောင်းဆုံး

ဖြစ်ပါလိမ့်မယ် ။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ် ။ " သိပ္ပံ " ဆိုတာ တစ်ကယ်ဖြစ်နေတဲ့ သဘာဝ

တစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်း တို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့

ပညာ ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနှင့် ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း

ဥပဒေသများ သတ်မှတ်ဖော်ပြတဲ့ ပညာပါပဲ ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလည်း သိပ္ပံ ပါပဲ ။

               
ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ် ။ သို့သော်

လည်း
ဗုဒ္ဓဘာသာရဲ့ လိုရင်းတရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ် ။ ပထမ

ဆုံး အမှန်တရားက ဒုက္ခသစ္စာ ပါ ။ ဒီမှာ ဒုက္ခ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပါ ။သူ့

ကို အဓိပ္ပာယ် သတ်မှတ်လို့လည်း ရပါတယ် ။ လက်တွေ့ခံစား သိမြင်လို့လည်း ရပါတယ် ။

                   ဒုတိယ အမှန်တရားက သမုဒယသစာပါ ။ လိုချင်တက်မက်မှုတဏှာကို ဆိုလိုပါတယ် ။ ဆင်းရဲ

ဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာ ဟာလည်း ကိုယ်တိုင်တွေ့သိ ခံစားရတဲ့အရာပါ ။

အဓိပ္ပာယ် သတ်မှတ်လို့လည်း ရတယ် ။ လက်တွေ့သိမြင် ခံစား လို့လည်း ရပါတယ် ။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့

အကြောင်းတရားအမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး ။ ကိုယ်တွေ့ခံစား

သိမြင်ရတဲ့ အရာတွေပါ ။

                  တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ ။ ဆင်းရဲကုန်ဆုံးတဲ့သဘော ၊ ဆင်းရဲငြိမ်းတဲ့

သဘောပါ ။ ဒီသဘောကို အနန္တတန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး ။ ယုံကြည်ရုံမျှ ဆု

တောင်းရုံမျှနဲ့လည်း မရနိုင်ပါဘူး ။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ် ။

               စတုတ္ထအမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ ။ ဒီဆင်းရဲငြိမ်းရေး

နည်းလမ်းကလည်း ဒနပညာ သဘောတရားတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ။ သတ်မှတ်ပေးထားတဲ့ နည်း

လမ်းအတိုင်း လက်တွေ့ကျင့်မှပဲ ရပါတယ် ။ ဒီနည်းလမ်းကလည်း အစမ်းသပ်ခံ နည်းလမ်းပါ ။

                   သိပ္ပံပညာမှာလိုပဲ
ဗုဒ္ဓဘာသာကို ရှင်းပြဖို့လည်း အနန္တတန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလို

ပါဘူး ။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့

ရှင်းပြထားပါတယ် ။

               ဒီအချက်အားလုံးဟာ
ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖော်ဆောင် နေပါ

တယ် ။ ဒီမှာလည်း ကျွန်တော်တို့ကို ဗုဒ္ဓမြတ်စွာ အမြဲတစ်စေ ဆုံးမခဲ့တဲ့ အဆုံးအမက  ကျွန်တော်တို့ဟာ

ဘယ်အရာကိုမဆို အကန်းယုံ ၊ အရမ်းယုံ မယုံမိကြဖို့ ၊ မေးမြန်း ၊ စုံစမ်း ၊ စစ်ဆေး ၊ စမ်းသပ်ပြီးမှ ကိုယ်

တိုင် တွေ့သိ ခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ ပါပဲ ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ

အမြင် ပါဝင်နေပါတယ် ။ ရှင်တော်မြတ်ဘုရား ဆုံးမပုံက ---

"
တစ်ဆင့်စကား ပြောသံ ကြားကာမျှကို ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ လက်မခံကြ

လေနှင့် ၊
ရိုးရာ အစဉ်အလာနှင့် ကိုက်ညီသော စကား ဖြစ်၍လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်

မယူလေနှင့် ၊
ရှေးက ဒီလို ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ( ထုံးတမ်းအစဉ်အလာအရလည်း ) ဟုတ်ပြီ မှန်ပြီ ဟုချက်

ချင်း အတည် အယူလေနှင့် ၊
  ပိဋက ( စာပေ ) နှင့် ( ကျမ်းဂန်နှင့် ) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ

မှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့် ၊ မိမိကိုယ်တိုင် တွေးကြံနိုင်ရုံ မျှနှင့်လည်း ( ဆင်ခြင်တုံတရား နှင့်

ကိုက်
ညီသည်   ယုတ္တိ ရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ နည်းမှီ ရယူရုံဖြင့်

လည်း
ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊ အခြင်းအရာကိုကြံစည်စိတ်ကူးပြီး ( သဘောကျရုံ

ဖြင့် ) လည်း ဟုတ်    ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊ ငါတို့သဘောကျ လက်ခံ

ထားတဲ့
အယူဝါဒ နှင့် ကိုက်ညီတယ်ဆိုပြီးတော့   လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ၊

မှတ်ထိုက် ယူထိုက် လက်ခံထိုက် တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ    မှန်ပြီ ဟု ချက်ချင်း အတည်

မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊   ငါတို့လေးစားတဲ့ ရဟန်း ရဲ့စကားဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီ ဟု

 ချက်ချင်း အတည်မယူလေနှင့် ".......ဟူ၍ ကာလာမသားတွေကို ဟောထားတဲ့ ကာလာမသုတ် ရှိပါတယ် ။

သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ ၊ အပြစ်ကင်းတဲ့အရာပဲ ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ ၊ လက်တွေ့

ကျင့်ကြည့်တဲ့ အခါမှာလည်း မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို

ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံ ပါ " ။

                ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံနည်းကျတယ်လို့ မဆိုနိုင်သော်လည်း အတော်ခိုင်မာ

တဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေ တော့ ပါဝင်ပါတယ် ။ ပြီးတော့ တစ်ခြား ဘာသာတရားတွေထက်

ပိုပြီး သိပ္ပံနည်းကျတယ်လို့ ပြောနိုင်ပါတယ် ။

                   နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာ

နဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ် ။

                " နောင်တစ်ချိန်မှာ စကြ၀ဠာတစ်ခုလုံး ကိုးကွယ်ကြတဲ့ ဖြစ်ပေါ်လာလိမ့်မယ် ။ အဲဒီဘာသာတရား

ဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ် ။ တယူသန် တရားသေ ၀ါဒကိုလည်း ရှောင်လွှဲနိုင်

လိမ့်မယ် ။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါး

ကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မယ် ။

ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ် ။ တစ်ကယ်လို့သာ ခေတ်သစ်သိပ္ပံနည်းကျ လိုအပ်ချက်

များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီဘာသာတရားဟာ ဗုဒ္ဓဘာသာ ပဲ

ဖြစ်လိမ့်မယ် ။ "






                                             


                                               


                                             


...........................................................................................................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား