Tuesday, September 1, 2009

ဗုဒ္ဓဘာသာ၏ အခြေခံ အယူအဆ အမေးအဖြေများ

                     ၂ ။ဗုဒ္ဓဘာသာ၏ အခြေခံ အယူအဆ

မေး ။             ။ ဗုဒ္ဓဘာသာရဲ့ပဓာန တရားတွေဟာ ဘာတွေလဲ ။

ဖြေ ။              ။ ဘီးတစ်ခုရဲ့ အနားခွေနဲ့ ထောက်များဟာ အလယ်ချက် ပုံတောင်းကို ဗဟိုပြုသလိုပဲ ဗုဒ္ဓ

ရဲ့တရားတော်အားလုံးဟာလည်း မြတ်သော အမှန်တရား လေးပါး ( သစ္စာလေးပါး ) ပေါ်မှာ ဗဟိုပြုပါ

တယ် ။ ဒီတရားတော်ကို အရေအတွက်အားဖြင့် လေးခုရှိလို့ " လေးပါး " လို့ ဆိုရပါတယ် ။ ဒီတရားတော်

ကို သိမြင်သူကို မြတ်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်စေတတ်လို့ " မြတ်သော " လို့ ဆိုရပါတယ် ။

မဖောက်မပြန် မှန်ကန်တဲ့ ပရမတ္ထ သဘာဝနဲ့ကိုက်ညီလို့ " အမှန်တရား " လို့ ဆိုရပါတယ် ။ ဒါကြောင့်

" မြတ်သော အမှန်တရား လေးပါး " ဟာ ဗုဒ္ဓဘာသာရဲ့ လိုရင်း ပဓာန တရားပါပဲ ။


မေး ။                  ။ ပထမဆုံး အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာပါလဲ ။

ဖြေ ။                  ။ ပထမဆုံး အရိယသစ္စာက ဘ၀ဆိုတာ ဆင်းရဲချည်းပဲ ဆိုတဲ့ အမှန်တရားပါပဲ ။ အသက်

ရှင်နေသမျှ ဆင်းရဲနေတာပါပဲ ။ ဆင်းရဲ တစ်စုံတစ်ရာကို မခံစားရပဲ အသက်ရှင်နေတယ်ဆိုတာ မဖြစ်

နိုင်ပါဘူး ။ကျွန်တော်တို့ဟာ မကျန်းမာခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း ၊ အိုမင်းရင့်ရော်ခြင်း ၊ နောက်ဆုံးမှာ

သေရခြင်းစတဲ့ ကိုယ်ဆင်းရဲ ( ကာယိကဒုက္ခ ) တွေကို ခံစားကြရပါတယ် ။ အထီးကျန်ဖြစ်ခြင်း ၊ ဘာလုပ်

ရမှန်းမသိအောင် စိတ်ဆင်းရဲနေခြင်း ၊ ကြောက်ခြင်း ၊ စိတ်မသက်မသာ ဖြစ်ခြင်း ၊ စိတ်ပျက်ခြင်း ၊

အမျက်ထွက်ခြင်း စတဲ့ စိတ်ဆင်းရဲ ( စေတသိကဒုက္ခ ) တွေကိုလည်း ခံစားကြရပါတယ် ။


မေး ။                ။ ဒီလိုဆိုတော့ ဒါဟာ ဘ၀ကို အဆိုးချည်းပဲ လို့မြင်တဲ့ သဘော
( Pessimism ) ဖြစ်မနေ

ဘူးလား ။

ဖြေ ။                ။ အဘိဓာန်က အဆိုးမြင်ဝါဒ ( Pessimism ) ကို " ဖြစ်ပျက်မည့် အရာအားလုံးဟာ အဆိုး

ချည်းပဲလို့ စဉ်းစား တွေးခေါ်လေ့ရှိခြင်း " လို့ အဓိပ္ပာယ် ဖွင့်ပါတယ် ။ ပြီးတော့ " အဆိုးဟာ အကောင်း

ထက်ပိုပြီး အင်အားကြီးမားတယ်လို့ ယုံကြည်ခြင်း " လို့လည်း ဖွင့်ပါတယ် ။ ဗုဒ္ဓဘာသာဟာ ဒီအယူအဆ

နှစ်မျိုးစလုံးကို လုံးဝ လက်မခံပါဘူး ။ ချမ်းသာသုခဆိုတာ ရှိတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက မငြင်း

ပါဘူး ။ [ ဗုဒ္ဓမြတ်စွာက အတ္ထိသုခ = ရှိချမ်းသာ ၊ ဘောဂသုခ = စည်းစိမ်ခံစား ချမ်းသာ ၊ အာဏဏျ

သုခ = ကြွေးကင်းချမ်းသာ ၊ အန၀ဇ္ဇသုခ = အပြစ်ကင်းချမ်းသာလို့ လောကမှာ ခံစားရတဲ့ ချမ်းသာလေး

မျိုးကို ဟောပြခဲ့ပါတယ် ။ ] ဗုဒ္ဓဘာသာက ဘ၀ဆိုတာ ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲကို ခံစားနေရခြင်းပဲလို့

သာ ထောက်ပြတာပါ ။ ဒီအချက်ဟာ ငြင်းလို့မရအောင် မှန်ကန် ထင်ရှားတဲ့ အချက်ပါ ။

                များစွာသော ဘာသာတရားတွေရဲ့ လိုရင်း ပဓာန အယူအဆဟာ ပုံပြင်ဆန်နေတတ်ပါတယ် ။

သမိုင်းပုံပြင်ဆန်နေတတ်ပါတယ် ။ မှန် , မမှန် စစ်ဆေးဝေဖန်ကြည့်ဖို့ မဖြစ်နိုင်တဲ့ ယုံကြည်မှုရင်လည်း

ဖြစ်နေတတ်ပါတယ် ။

              
ဗုဒ္ဓဘာသာကတော့ ကိုယ်တွေ့ခံစား သိမြင်မှုနဲ့ စပါတယ် ။ ဒီဒုက္ခကို ကိုယ်တွေ့ခံစား နေကြရ

တာဟာ ငြင်းလို့မရတဲ့ ဖြစ်ရပ်မှန်ပါ ။ သက်ရှိအားလုံး သိနေရ ၊ ကိုယ်တွေ့ခံစားနေရတဲ့ သဘာဝ အမှန်

ပါ ။ ခံစားနေရလို့ပဲ ဒီဆင်းရဲ ဒုက္ခကို ကျော်လွှား ပယ်ရှားနိုင်ဖို့ စွမ်းနိုင်သမျှ ကြိုးစားနေကြရတယ် ဆို

တာလည်း ဖြစ်ရပ် အမှန်ပါပဲ ။

                
ဗုဒ္ဓဘာသာဟာ စကြ၀ဠာ တစ်ခုလုံးအကြောင်းကို အမှန်အတိုင်း ထုတ်ဖော်ပြတဲ့ တစ်ခုတည်း

သော ဘာသာတရားပါ ။ ဒီထုတ်ဖော်ချက်ဟာ လူသားတိုင်း စိုးရိမ်ကြောင့်ကြနေတဲ့ အချက်ရဲ့ ဗဟိုချက်

မ အထိ တိုက်ရိုက် ထိတွေ့ပါတယ် ။အဲဒီအချက်က ဘာလဲဆိုတော့ ဒုက္ခနှင့်ဒုက္ခမှ လွတ်မြောက်ရေးပါပဲ။


မေး ။                 ။ ဒုတိယ အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာပါလဲ ။

ဖြေ ။                 ။ ဒုတိယသစ္စာကတော့ လိုချင်တက်မက်မှု တဏှာကြောင့် ဆင်းရဲရတယ် ။ ဒုက္ခရောက်ရ

တယ် ဆိုတဲ့ အချက်ပါပဲ ။ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲမှုကိုကြည့်ရင် လိုချင်တက်မက်မှု ( တဏှာ )

ကြောင့် စိတ်ဆင်းရဲမှု ဘယ်လို ဖြစ်ပေါ်လာရတယ်ဆိုတာ လွယ်လွယ်နဲ့ သိနိုင်ပါတယ် ။

                ကျွန်တော်တို့ တစ်စုံတစ်ရာကို လိုချင်ပါလျက် မရဘူး ဆိုရင် ကျွန်တော်တို့ စိတ်မချမ်းမသာ

ဖြစ်ရတယ် ။ တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်မလာရင် ကျွန်တော်တို့ စိတ်ပျက်

ကြရတယ် ။ ကျွန်တော်တို့ကို လူတွေက သဘောမကျရင် ကျွန်တော်တို့ စိတ်ဆင်းရဲ ကြတယ် ။

ကျွန်တော်တို့ လိုချင်တာကို ရတောင်မှ အမြဲတစေ စိတ်ချမ်းသာကြတာ မဟုတ်ပါဘူး ။ ဘာကြောင့်လဲ

ဆိုတော့ ကျွန်တော်တို့ဟာ မကြာမီပဲ ရ,ထားတဲ့အရာကို ငြီးငွေ့လာပြီး စိတ်မ၀င်စားတော့ပဲ တစ်ခြား

တစ်ခုကို လိုချင်လာပြန်လို့ပါပဲ ။ ရှင်းရှင်းပြောရရင် လိုချင်တာကိုရတာဟာ စိတ်ချမ်းသာမှုကို အာမ,မခံ

နိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒုတိယသစ္စာရဲ့သဘောက " လိုချင်ရင်ဆင်းရဲတယ် " ဆိုတဲ့

သဘာဝ မို့ပါပဲ ။ လိုချင်တဲ့အရာကို ရအောင် အမြဲမပြတ် ကြိုးပမ်း လုပ်ဆောင်နေခြင်းထက် လိုချင်နေ

တဲ့ စိတ်ကို ပြုပြင်ပေးခြင်းက ပိုကောင်းပါတယ် ။ လိုချင်မှုက ကျွန်တော်တို့၏ ရောင့်ရဲတင်းတိမ်မှု နဲ့

ချမ်းသာ ပျော်ရွှင်မှုကို ချေဖျက်ပစ်ပါတယ် ။


မေး ။                    ။ လိုချင်တက်မက်ခြင်း တဏှာက ကိုယ်ဆင်းရဲကို ဘယ်လို ဖြစ်ပေါ်စေပါသလဲ ။

ဖြေ ။                   ။ တစ်ဘ၀လုံး ဟိုဟာ လိုချင်တက်မက် ၊ ဒီဟာ လိုချင်တက်မက် ၊ အထူးသဖြင့် ဘဝ

ဆက်လက် ဖြစ်ပေးရေးကို လိုချင်တက်မက်ခြင်းက နောက်တစ်ဘ၀ ကို ဖြစ်ပေါ်စေနိုင်တဲ့ ကြီးမားလှတဲ့

စွမ်းအားကို ဖြစ်ပေါ်စေပါတယ် ။ တစ် ဘ၀ ဖြစ်ပြန်တော့ ရုပ်ခန္ဓာတစ်ခု ရပြန်တယ် ။ ရုပ်ခန္ဓာ ရပြန်

တော့ ဒဏ်ရာ အနာတရ , ရခြင်း ၊ ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခြင်း စတဲ့ ဆင်းရဲတွေ ဖြစ်ရပြန်တယ် ။

အလုပ်ပင်ပန်းလို့ ဆင်းရဲရ ၊ အိုရ ၊ နာရ ၊ နောက်ဆုံးမှာ သေခြင်း ဆင်းရဲနဲ့ မလွဲမသွေ တွေ့ရပြန်တယ် ။

ဒီလိုနဲ့ လိုချင်တက်မက်တဲ့ တဏှာက ဘ၀သစ်ကို ဖြစ်ပေါ်စေတဲ့ အတွက် ကိုယ်ဆင်းရဲတွေ ဖြစ်ရပြန်

တယ် ။


မေး ။                    ။ အဲဒါ သိပ်ဟုတ်ပါတယ် ။ သို့သော်လည်း ကျွန်တော်တို့ဟာ လိုချင်တက်မက်တဲ့

တဏှာကို လုံးဝ ပယ်သတ်လိုက်ရင် ကျွန်တော်တို့ ဘာကိုမှ ရတော့မှာ မဟုတ်ပါဘူး ။

ဖြေ ။                  ။ မှန်ပါတယ် ။ သို့သော်လည်း မြတ်စွာဘုရားက ဒီလို မိန့်ကြားတော်မူပါတယ် ။

ကျွန်တော်တို့ရဲ့ လိုချင်မှု ၊ တက်မက်မှု ၊ ရတာ နှင့် မတင်းတိမ် မရောင့်ရဲမှု ၊ ပိုပိုပြီး လိုချင် တောင့်တမှု

များက ကျွန်တော်တို့ကို ဆင်းရဲစေပါတယ် ။ ဒါကြောင့် အဲဒီ လိုချင်တောင့်တမှု တဏှာကို ရပ်ပစ်သင့် ၊

ပယ်သတ်ပစ်သင့်တယ်လို့ မိန့်တော်မူပါတယ် ။

                 မြတ်စွာဘုရားက ကျွန်တော်တို့ကို လိုအပ်တာနဲ့ လိုချင်တာ ကို ခွဲခြားတတ်ဖို့ ၊ လိုအပ်တာကို

ရအောင်ကြိုးစားဖို့ လိုချင်တာကို ပြုပြင်ဖို့ မိန့်ကြားတော်မူပါတယ် ။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို

ဖြည့်ဆည်းပေးနိုင်ကြောင်း ၊ လိုချင်တဲ့ လောဘ ကတော့ အောက်ခြေကို မမြင်နိုင်တဲ့ နက်လှတဲ့တွင်း

ကြီး ဖြစ်ကြောင်းလည်း မိန့်တော်မူပါတယ် ။ မရှိမဖြစ်တဲ့ အခြေခံကျတဲ့ လိုအပ်တာတွေ ရှိပါတယ် ။ အဲဒါ

တွေကို ရအောင် ကြိုးစားပြီး အလုပ်လုပ်ရပါမယ် ။ အဲဒီ တစ်ကယ် လိုအပ်တာထက် ပိုလွန်တဲ့ လောဘ

တွေကိုတော့ နည်းပါးသွားအောင် ကြိုးစားရပါမယ် ။

                      ခြုံပြောရရင် ဘ၀ ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ ၊ ရဖို့ ၊ ရတာ နဲ့ တင်းတိမ် ရောင့်ရဲဖို့ ၊

ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ပဲ မဟုတ်လား ။


မေး ။                 ။ သစ္စာလေးပါးထဲက တတိယ အရိယသစ္စာ ( မြတ်သော အမှန်တရား ) က ဘာလဲ ။

ဖြေ ။                 ။ တတိယ အမှန်တရားက ဆင်းရဲဒုက္ခကို လွန်မြောက်ပြီး ချမ်းသာသုခကို ရခြင်း ( နိရော

ဓသစ္စာ ) ပါပဲ ။ သစ္စာလေးပါးထဲမှာ ဒီ တတိယသစ္စာ ဟာ အရေးကြီးဆုံးပါပဲ ။ ဘာကြောင့်လည်းဆို

တော့ မြတ်စွာဘုရားက ချမ်းသာစစ် ချမ်းသာမှန် နှင့် တင်းတိမ်ရောင့်ရဲ မှုဟာ ရနိုင်တဲ့ အရာတွေ ဖြစ်

ကြောင်း မိန့်ကြားတော်မူခဲ့လို့ပါပဲ ။

                 ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း အကျိုးမရှိတဲ့ လိုချင်တက်မက်မှုတွေကို ပယ်ရှားပြီးတော့ 

မနေနိုင် မထိုင်နိုင်အောင် လိုချင် တောင့်တမှုတွေ မရှိဘဲ ဘ၀ ပေး အတွေ့အကြုံတွေကို ခံစားရင်း ဘဝ

မှာ တွေ့ကြုံရတဲ့ ပြဿနာတွေကို ကြောက်ခြင်း ၊ မုန်းခြင်း ၊ အမျက်ထွက်ခြင်း မရှိဘဲ စိတ်ရှည်ရှည်နဲ့  

သည်းခံနေထိုင်တတ်တဲ့အခါမှာ ကျွန်တော်တို့ လွတ်လပ်ပျော်ရွှင်ကြမှာ ပါပဲ။ အဲဒီအခါကျမှ ကျွန်တော်

တို့ ဘ၀ ဟာ ပြည့်စုံလာကြမှာပါ ။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလောဘ

တွေကို ဖြည့်ဆည်းပေးစရာ မလိုတော့တဲ့အတွက် ကျွန်တော်တို့မှာ သူတစ်ပါးတွေကို ကူညီဖို့ ၊ သူတို့

လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ အချိန်တွေအများကြီး ရလာမှာ ဖြစ်ပါတယ် ။ ဒီအခြေအနေကို နိဗ္ဗာန်လို့

ခေါ်ပါတယ် ။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ စိတ်ဒုက္ခ အားလုံးမှလည်း လွတ်မြောက် သွားကြမှာပါ ။ ဒါ

ကို အဆုံးစွန်သော နိဗ္ဗာန်လို့ ခေါ်ပါတယ် ။ * ( အဖြေရှင် ဘုန်းကြီးသည် နိဗ္ဗာန်၏ သဘောကို လူပြိန်း

နားလည်နိုင်မည့် နည်း နှင့် သာမာန် ဖြေကြားလိုက်ခြင်း ဖြစ်သည်ဟု ယူဆရပါသည် ။ မဂ္ဂင်ရှစ်ပါး

မဂ္ဂသစ္စာတရားကို ကျင့်ကြံပွားများ အားထုတ်မှ ရနိုင်သည့် သဥပါဒိသေသ နိဗ္ဗာန် နှင့် ရုပ်နာမ်ခပ်သိမ်း

လုံးဝငြိမ်းသည့် အနုပါဒိသေသ နိဗ္ဗာန် တို့ကို မသိ၍ ယင်းသို့ ဖြေဆိုခြင်း မဟုတ်ဟု ယူဆရပါသည် ။ ) *


မေး ။                 ။ နိဗ္ဗာန်ဆိုတာ ဘာပါလဲ ၊ ဘယ်မှာ ရှိပါသလဲ ။

ဖြေ ။                  ။ နိဗ္ဗာန်ဆိုတာ အချိန်နှင့် နေရာဌာန ပြစရာ မရှိတဲ့ သဘာဝ တစ်ခုပါပဲ ။ [ နိဗ္ဗာန်ဟာ

အတိတ် ။ အနာဂတ် ။ ပစ္စပ္ပန် ဆိုတဲ့ ကာလသုံးပါးမှ လွတ်နေတယ် ။ ဘယ်နေ၇ာမှာ ရှိတယ်လို့လည်း

ပြောမဖြစ်တဲ့အတွက် တည်နေရာ ဌာနလည်း အလွတ်ဖြစ်တယ် ။ ] ဒါကြောင့် နိဗ္ဗာန်အကြောင်းကို ပြော

ဖို့ မဆိုထားနှင့် စဉ်းစားဖို့တောင်မှ ခက်ပါတယ် ။ စကားလုံးတွေ စဉ်းစားတွေးခေါ်မှုတွေဟာ အချိန်နဲ့

နေရာဌာန ညွှန်ပြလို့ရတဲ့ သဘာဝတွေအတွက်သာ သင့်လျော်ပါတယ် ။

              နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်နေပြီး ရွေ့လျားမှု မရှိတဲ့အတွက် အိုမင်းရင့်ရော်ခြင်း ၊

သေကြေပျက်စီးခြင်း မရှိဘူး ။ ဒါကြောင့် နိဗ္ဗာန်ဟာ အစအဆုံး မရှိတဲ့ ( အနာဒိ , အနန္တ ) သဘာဝဖြစ်ပါ

တယ် ။ မြတ်စွာဘုရားက " နိဗ္ဗာန်ဟာ အမြတ်ဆုံး ချမ်းသာပဲ " လို့ မိန့်ကြားတော်မူပါတယ် ။


မေး ။                 ။ ဒီလို သဘာဝတရား ရှိတယ်ဆိုတာ အထောက်အထား ပြနိုင်ပါသလား ။

ဖြေ ။                 ။ မပြနိုင်ပါဘူး ။ သို့သော်လည်း နိဗ္ဗာန် ရှိတယ်ဆိုတာ ကျွန်တော်တို့ ဆင်ခြင်

တွေးဆယူလို့ရပါတယ် ။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာလောကကြီးဟာ အချိန်ကာလ နေရာ ဌာနတွေ

နဲ့ ပိုင်းခြား သတ်မှတ်လို့ရတဲ့ သဘာဝကြီးပါ ။ ဒီလိုပိုင်းခြားသတ်မှတ်လို့ရတဲ့ သဘာဝရှိရင် အချိန်ကာလ

နေရာဌာနတွေမှ အလွတ်ဖြစ်တဲ့ ပိုင်းခြားသတ်မှတ်လို့ မရတဲ့ သဘာဝလည်း ရှိတယ်လို့ ဆင်ခြင်တွေးဆ

ယူနိုင်ပါတယ် ။ အဲဒါကတော့ နိဗ္ဗာန်ပါပဲ ။ နောက်တစ်ခုက တစ်ကယ်လို့ နိဗ္ဗာန်ရှိကြောင်း ကျွန်တော်တို့

သက်သေအထောက်အထားမပြနိုင်တောင်မှပဲ နိဗ္ဗာန်ရှိကြောင်း ဗုဒ္ဓမြတ်စွာ ဟောထားခဲ့တာ ရှိပါတယ်။

" မဖြစ်သော ၊ မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်သော

သဘောသည် ရှိ၏ ။ အကယ်၍သာ မဖြစ်သော ၊ မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်း

တို့ စုပေါင်း မပြုလုပ်အပ်သောသဘော မရှိခဲ့လျှင် ဖြစ်သော ၊ ဖြစ်ပေါ်သော ၊ ပြုလုပ်ထားအပ်သော ၊

အကြောင်းတို့ စုပေါင်း ပြုလုပ်အပ်သော သဘာဝမှ လွတ်မြောက်ရာ မရှိနိုင်ပေ ။ "

               " အဖြစ်သော ၊ 
မဖြစ်ပေါ်သော ၊ ပြုလုပ်မထားအပ်သော ၊ အကြောင်းတို့ စုပေါင်းမပြုလုပ်အပ်

သော သဘောရှိသောကြောင့်သာ ဖြစ်သော ၊ ဖြစ်ပေါ်သော ၊ ပြုလုပ်ထားအပ်သော ၊ အကြောင်းတရား

ို့ စုပေါင်းပြုလုပ်ထားသော သဘောမှ လွတ်မြောက်သောသဘာဝရှိကြောင်း သိရပေသည် ။ " ( ဥဒါန)

               ကျွန်တော်တို့ကိုယ်တိုင် မျက်မှောက်ပြုရသောအခါ နိဗ္ဗာန်ကို ကျွန်တော်တို့ သိရပါလိမ့်မည် ။

အဲဒီအချိန်အထိ ကျွန်တော်တို့ ကြိုးစားကြရလိမ့်မည် ။          

...................................................................................................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား