Friday, September 4, 2009

ငါးပါးသီလအမေးအဖြေများ

                                    ၄ ။ ငါးပါးသီလ


မေး ။               ။ တစ်ခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား ၊ နတ်ဘုရားများ

ရဲ့ ပညတ်တော်တွေထဲမှ ရကြပါတယ် ။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်

လိုလုပ်ပြီး အမှား အမှန်ကို သိကြပါသလဲ ။

ဖြေ ။             ။ လောဘ ၊ ဒေါသ ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်တော်တို့ကို နိဗ္ဗာန်မှ ဝေးစေတဲ့ ကာယကံ

ဝစီကံ ၊ မနောကံ များဟာ မကောင်းမှုတွေ ဖြစ်ပါတယ် ။ ( အမှားတွေပါ ) ။ ပေးကမ်း လှူဒါန်းခြင်း ၊ မေတ္တာထား

ခြင်း နှင့် အသိပညာတို့အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ရဲ့ နိဗ္ဗာန်သွားရာလမ်းကြောင်းကို ရှင်းလင်းပေးတဲ့

ကာယကံ ၊ ၀စီကံ ၊ မနောကံ များသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ် ။ ( အမှန်တွေပါ ။ )

               ထာဝရဘုရားကို ဗဟိုပြုထားတဲ့ ဘာသာတရားများမှာ အမှား အမှန်သိဖို့ လိုအပ်တာ အားလုံးကတော့

ထာဝရဘုရားပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ ။ လူသားကို ဗဟိုပြုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရား

များမှာ အမှား အမှန် သိဖို့ကတော့ မိမိကိုယ် ကို နက်နက်နဲနဲ သိရှိမှု ၊ နားလည်သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်

အောင် လုပ်ရပါတယ် ။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံ

တဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ် ။

               ဒါကြောင့် အမှား အမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာတစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ် ။ အဲဒါ

တွေကတော့ ---

(၁) ရည်ရွယ်ချက်
(၂) အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှု
(၃) သူတစ်ပါးအပေါ်မှာ အကျိုး သက်ရောက်မှုများ  ........ ပါပဲ ။

           ဒါန ၊ မေတ္တာ ၊ ပညာ တို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင် ၊ ပြီးတော့ မိမိကိုယ်ကိုလည်း

( ပိုပေးကမ်း လှူဒါန်းအောင် ၊ ပို မေတ္တာထားအောင် ၊ ပို အသိပညာပွားအောင် ) ကူညီရင် ၊ ပြီးတော့ သူတစ်ပါး

ကိုလည်း (
ပိုပေးကမ်း လှူဒါန်းအောင် ၊ ပို မေတ္တာထားအောင် ၊ ပို အသိပညာပွားအောင် ) ကူညီရင် အဲဒီအလုပ်

ဟာ ကောင်းမှု ကုသိုလ်တွေ ၊ ကောင်းတဲ့ ကိုယ်ကျင့်တရားတွေပါပဲ ။

                    တစ်ကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ်က

အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေမယ့်လည်း ကိုယ့်အတွက် ဖြစ်စေ ၊ သူတစ်ပါးအတွက် ဖြစ်စေ

ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ့်ရည်ရွယ်ချက်က မကောင်းပေမယ့်လည်း ကိုယ့်အလုပ်

က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ် ။ တစ်ခါတစ်ရံမှာ ရည်ရွယ်ချက် ကောင်းကောင်း နဲ့ လုပ်တဲ့

အလုပ်က ကိုယ့်ကို အကျိုး ရစေပေမယ့် သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ် ။ ဒီလို ကိစ္စမျိုးမှာ

အကောင်းနဲ့ အတော်အသင့် ကောင်းတာ ရောနေတတ်ပါတယ် ။

                    ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလည်း ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေ

ဘူးဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး ။ ရည်ရွယ်ချက်ကောင်းလို့ အလုပ်ကလည်း ကိုယ့်ကိုရော သူတစ်

ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အ၀ ကောင်းတဲ့ အလုပ်ပါ ။


မေး ။                       ။ ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား ။

ဖြေ ။                       ။ ရှိပါတယ် ။ ငါးပါးသီလ ဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ ။ ပထမ

သိက္ခာပုဒ်က သတ္တ၀ါကို ထိခိုက်နာကျင်စေခြင်း ၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ် ။ ဒုတိယ က ခိုးမှုမှ

ရှောင်ကြဉ်ခြင်း ၊ တတိယ က ကာမဂုဏ် ကိစ္စတွေမှာ ဖောက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊

စတုတ္ထ က လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ၊ ပဉ္စမ က မူးယစ်စေတတ်တဲ့ အရက်သေစာ နှင့် မူးယစ်ဆေး

ဝါး မှန်သမျှ ရှောင်ကြဉ်ခြင်းများ ပါပဲ ။


မေး ။             ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သတ်ဖြတ်တာဟာ ကောင်းတာ သေချာပါတယ် ။ ဥပမာ - ရောဂါ ပျံ့နှံ့

စေတဲ့ ပိုးကို သတ်တာ သင့်ကို သတ်မည့်လူကို သတ်တာမျိုးပေါ့ ။

ဖြေ ။             ။ သင့်အတွက်တော့ ကောင်းမှာပေါ့ ။ အဲဟို အသတ်ခံရတဲ့ ပိုးမွှား ၊ အသတ်ခံရတဲ့လူမှာ ဘယ်လို

နေမလဲ ။ သင် အသက်ရှင်နေချင်သလို သူတို့လည်း အသက်ရှင်နေချင်တာပေါ့ ။သင်ရောဂါဖြန့်ပိုးကို သတ်ဖို့ ဆုံး

ဖြတ်တဲ့အခါမှာ ကိုယ့်ကို စိုးရိမ်ကြောင့်ကြမှု ( ကောင်းတာ ) နှင့်ပြောင်းပြန်သဘော ( မကောင်းတာ ) ရောနှော

နေတယ် ။ အဲဒီ သတ်ဖြတ်မှုက သင့်ကို ကောင်းကျိုး ( ကောင်းမှု ) ရစေပြီး ၊ ဟို ပိုးမွှားကို ဆိုးကျိုး ( မကောင်းမှု )

ရစေတာ ထင်ရှားပါတယ် ။ ဒီတော့ ရံဖန်ရံခါမှာ သတ်ဖြတ်ဖို့ လိုကောင်း လိုမှာ ဖြစ်ပေမယ့် ဘယ်တော့မှ ကောင်း

မှုတော့ မဖြစ်နိုင်ပါဘူး ။

( မဟာစည်ဆရာတော်ဘုရားကြီးကတော့ ဒီရောဂါပိုးမွှားများကို သတ္တ၀ါ ဟု မမှတ်ယူသင့်ကြောင်း မိန့်ကြားဖူးပါ

တယ် ။ ) - ကိုဦး (ထားဝယ်)


မေး ။                ။ သင်တို့ ဗုဒ္ဓဘာသာတွေဟာ ပုရွက်ဆိတ်တွေ ၊ ကြမ်းပိုးတွေ နှင့် ပတ်သက်လို့ စိုးရိမ်ကြောင့်ကြ

လွန်းပါတယ် ။

ဖြေ ။               ။ ဗုဒ္ဓဘာသာဝင်တွေဟာ ခွဲခြားမှု မရှိဘဲ အားလုံးကို လွှမ်းခြုံမိတဲ့ သနားကြင်နာ ကရုဏာတရား

တိုးပွားဖို့ ကြိုးစားနေကြပါတယ် ။ သူတို့ဟာ ကမ္ဘာလောကကြီးကို သတ္တ၀ါတိုင်း သူ့နေရာနှင့်သူ ၊ သူ့လုပ်ငန်း

ဆောင်တာနှင့်သူ အသီးသီး စုပေါင်း ဖွဲ့စည်းထားတဲ့ အပေါင်းအဖွဲ့ကြီး တစ်ခုအဖြစ် မြင်ကြပါတယ် ။

                ကျွန်တော်တို့ဟာ သဘာဝတရားရဲ့ သိမ်မွေ့တဲ့ ချိန်ညီမှုကို ဖျက်ဆီး မပစ်မီ ကျွန်တော်တို့ သတိထား

သင့်တယ်လို့ ယုံကြည်ကြပါတယ် ။ သဘာဝတရားကို အပြည့်အ၀ လက်ဝါးကြီးအုပ် သုံးစားခြင်း ၊ လျော့သွားတာ

ကို ပြန်ဖြည့်မပေးဘဲ သဘာဝတရားရဲ့ နောက်ဆုံး အစက်အပေါက်ကလေး တစ်ခုကိုတောင်မှ မရမက ဖြစ်ညှစ်

ယူခြင်း ၊ သဘာတရားကို အနိုင်ယူခြင်း ၊ လွှမ်းမိုးခြင်းများ အပေါ်မှာ အလေးပေးထားတဲ့ အဲဒီ ယဉ်ကျေးမှုတွေကို

ပဲ ကြည့်ပါဦး ။

                 အခု သဘာဝက တော်လှန် တိုက်ခိုက်နေပြီ ။ လေဟာ အဆိပ်သင့်နေပါပြီ ။ မြစ်ရေတွေ ညစ်ညမ်းပြီး

ခန်းခြောက်ကုန်ကြပြီ ။ လှပတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်း မြောက်များစွာ မျိုးသုဉ်းကုန်ကြပါပြီ ။ တောင်တွေပေါ်မှာ

သစ်ပင် ကင်းမဲ့ပြီး တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ ။ ရေတိုက်စား ကုန်ကြပြီ ။ ရာသီဥတုတောင်မှ ပြောင်းလဲ နေ

ပါပြီ ။

                 လူတွေဟာ ကြိတ်ချေဖို့ ၊ ဖျက်ဆီးဖို့ ၊ သတ်ဖြတ်ဖို့ စိတ်စောနေမှုကလေး နည်းနည်း လျော့ပေးလိုက်

ရင်ပဲ အခုပြောခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အားလုံး

ဟာ သဘာဝရဲ့ အသက်ကို လေးစားမှု နည်းနည်းလေးပဲ ဖြစ်ဖြစ် ပိုတိုးလာအောင် ကြိုးစားသင့်ကြပါတယ် ။

" ဒါဟာ သတ္တ၀ါရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း " ဆိုတဲ့ ပထမသိက္ခာပုဒ်က ပြောပြနေတဲ့အချက်ပါပဲ ။


မေး ။             ။ ဒါပေမယ့် မုသာဝါဒနဲ့ ပတ်သက်တာကျတော့ ဘယ်လိုလဲ ။ မုသား မပြောဘဲ နေလို့ ဖြစ်ပါ့မလား ။

ဖြေ ။              ။ လူ့အသိုင်းအ၀န်းထဲမှာ ဖြစ်စေ ၊ စီးပွားရေးလောကထဲမှာ ဖြစ်စေ မုသား မပါဘဲ နေထိုင် လုပ်ကိုင်

လို့ အမှန်တစ်ကယ် မဖြစ်ဘူးဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အကျင့်ပျက်မှုမျိုးကို ပြောင်းလဲ ပစ်သင့်ပါ

တယ် ။ ဗုဒ္ဓဘာသာဝင်ဆိုတာ ပိုပြီး တော်တည့် မှန်ကန်ဖို့ ၊ ပိုပြီး ရိုးသားဖြောင့်မတ်ဖို့ ကြိုးစားရင်း ပြဿနာနဲ့

ပတ်သက်လို့ လက်တွေ့လုပ်ကိုင် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ လူမျိုးပါ ။


မေး ။              ။ ကောင်းပြီ ၊ ဒါဖြင့် အရက် နှင့် ပတ်သက်လို့ ဘယ်လိုလဲ ။ နည်းနည်းပါးပါးလေး သောက်တာက

တော့ မထိခိုက်တာ သေချာပါတယ် ။

ဖြေ ။            ။ လူတွေဟာ အရက်ကို အရသာခံဖို့ မသောက်ကြပါဘူး ။ သူတို့တစ်ယောက်တည်း သောက်တဲ့အခါ

စိတ်ပြေလက်ပျောက် သောက်ကြတာပါ ။ လူမှုရေး အနေနဲ့ သောက်တဲ့အခါ အများနဲ့ လိုက်လျောညီထွေ ဖြစ်စေ

ဖို့ သောက်ကြတာပါ ။ သို့သော်လည်း အရက်ကို နည်းနည်းလေးပင် သောက်ဦးတော့ စိတ်ဓာတ် ပျက်စီးပြီး သတိ

လက်လွတ် ဖြစ်စေပါတယ် ။ အများကြီး သောက်ရင်တော့ ပျက်စီးတော့တာပါပဲ ။


မေး ။             ။ ဒါပေမယ့် နည်းနည်းပါးပါး သောက်တာဟာ သီလ မကျိုးဘူး မဟုတ်လား ။ နည်းနည်းလေးပဲဟာ ။

ဖြေ ။              ။ ဟုတ်ပါတယ် ။ နည်းနည်းလေးပါပဲ ။ ဒါပေမယ့် နည်းနည်းတောင်မှ မစောင့်ထိန်းနိုင်ရင် သင့်

ဆုံးဖြတ်ချက်ဟာ မခိုင်မာဘူးပေါ့ ။ မဟုတ်ဘူးလား ။


မေး ။            ။ ငါးပါးသီလဟာ အပြုသဘော မဟုတ်ပါဘူး ။ ငါးပါးသီလက သင့်ကို မလုပ်ဖို့ပဲ ပြောတယ် ။ လုပ်ဖို့

ကျတော့ မပြောဘူး ။

ဖြေ ။           ။ ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့အခြေခံ ကျင့်ဝတ်မျှပါပဲ ။ ကျင့်ဝတ်အားလုံး မဟုတ်

ပါဘူး ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို မှတ်သားထားပြီးတော့ အဲဒါတွေကို

မလုပ်မိအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်ကျင့်တရားကို စ , ရပါတယ် ။

                   ဥပမာ --စကားပြောတယ် ဆိုကြပါစို့ ။ မုသားပြောမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် စ, သင့်ကြောင်း

မြတ်စွာဘုရား မိန့်တော်မူပါတယ် ။ အဲဒီလိုရှောင်ကြဉ်ပြီးတော့ မှန်တဲ့စကား ၊ နူးညံ့သိမ်မွေ့တဲ့စကား ၊ ယဉ်ကျေး

ဖွယ်ရာစကား ၊ အချိန်ကာလ နှင့် ကိုက်ညီတဲ့ စကားကို ပြောရပါမယ် ။ ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်း မိန့်

တော်မူပါတယ် ။

                   မမှန်သော စကားကို ရှောင်ကြဉ်သူသည် မှန်သောစကား ၊ အားကိုးထိုက်သောစကား ၊ ယုံကြည်

ထိုက်သောစကား ၊ မှီခိုအားထားထိုက်သော စကားကို ပြောသူဖြစ်သည် ။ သူသည် လောကကို မလိမ်ညာ

မလှည့်စားပေ ။

                  ဂုံးချောသောစကား ရှောင်ကြဉ်သူသည် လူအများကြားတွင် စိတ်ဝမ်းကွဲပြားစေဖို့ရာ ဤနေရာ၌

ကြားသော စကားကို ထိုနေရာ၌ မပြောကြားပေ ။ ထိုနေရာ၌ ကြားသော စကားကို ဤနေရာ၌ မပြောကြားပေ ။

သူသည်
စိတ်ဝမ်းကွဲပြားနေသူများကို အစေ့အစပ်စကား ပြောကြား လေ့ရှိ၏ ။ ခင်မင်နေသူများကို ပိုမိုချစ်ခင်

အောင် အားပေးစကား ပြောကြားတတ်၏ ။ ညီညွတ်မှုသည် သူ၏ ပျော်ရွှင်မှု ၊ ညီညွတ်မှုသည် သူ၏ ၀မ်းမြောက်

မှု ၊ ညီညွတ်မှုသည် သူ၏ ချစ်ခင်မှု ဖြစ်သည် ။ ဤသည်မှာ သူစကားပြောရာတွင် ပါဝင်သော စိတ်ထား စေတနာ

ဖြစ်သည် ။

          ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ရှောင်ကြဉ်သူသည် အပြစ်ကင်းသော စကား ၊ နားဝင်သာသော စကား

နှစ်သက်ဖွယ်သောစကား ၊ စိတ်နှလုံးသို့ သက်ဝင်သော စကား ၊ ယဉ်ကျေးသော စကား ၊ အများနှစ်သက်

သဘောကျသော စကားကို ပြောဆိုတတ်၏ ။

             အကျိုးမရ အနှစ်သာရ မရှိသော စကားကို ရှောင်ကြဉ်သူသည် အချိန်ကာလနှင့် ကိုက်ညီသော စကား  ၊

မှန်သောစကား ၊ အကျိုးရှိသော စကား ၊ တရား နှင့် စပ်သော စကား ၊ ကျင့်ဝတ် နှင့် စပ်သော စကားကို ပြောဆို

တတ်၏ ။ သူသည် စိတ်နှလုံး၌ သိုမှီးထားထိုက်သော စကား ၊ အချိန်ကာလ နှင့် လျော်သော စကား ၊ သင့်လျော်

လျောက်ပတ်သော စကား ၊ အဓိပ္ပာယ် ပြည့်ဝသော စကား ၊ အကျိုးစီးပွား နှင့် စပ်သော စကားကို ပြောဆိုတတ်

၏ ။


မေး ။                 ။  ထာဝရဘုရား  သို့မဟုတ် တန်ခိုးရှင်ဘုရားများ ရဲ့ တန်ခိုးကို အားကိုးအားထားမှသာလျှင် လူ

ကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ တစ်ချို့ ပြောကြပါတယ် ။ ( အဲဒါ ဘယ်လို သဘောရပါသလဲ ။ )

ဖြေ ။                 ။ ဒါကတော့ လုံးဝ မှားပါတယ် ။ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြတဲ့

ဗုဒ္ဓဘာသာဝင်တွေ ၊ ဘယ်ဘာသာမှ မကိုးကွယ်သူတွေ သန်းချီ ရှိကြပါတယ် ။ သူတို့ဟာ တစ်ခါတစ်လေမှသာ

မဟုတ်ဘဲ အမြဲတစ်စေ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြသူတွေ ဖြစ်ပါတယ် ။ မြင့်မြတ်တဲ့

ပုဂ္ဂိုလ်ထူးတစ်ယောက်ကို ယုံကြည်နေကြတဲ့ လူများအကြားမှာ တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်မျိုးလိုပါပဲ ။ သင်ဟာ

ရိုးသားစွာ ကြိုးစားရင် သင့်ရဲ့ အပြုအမူတွေကို စင်ကြယ်အောင် လုပ်နိုင်ပါတယ် ။ လုံးဝ အပြည့်အစုံ မစင်ကြယ်

နိုင်တောင်မှ ပိုပြီး စင်ကြယ်အောင် ကြိုးစား လုပ်ဆောင်နိုင်တာကတော့ သေချာပါတယ် ။



...................................................................................................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား