Monday, January 4, 2010

ဗုဒ္ဓစာပေကျမ်းဂန်များမှ နတ်တို့၏အနေအထား






           ဗုဒ္ဓစာပေကျမ်းဂန်များမှ နတ်တို့၏အနေအထား

               ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဗုဒ္ဓတရားတော်များကို ယုံယုံကြည်ကြည်ဖြင့်

ကိုးကွယ်လာခဲ့ကြသည်မှာ အနော်ရထာမင်းလက်ထက် (သက္ကရာဇ်၄၀၆-၄၃၉) မှစ၍

ရေတွက်မည်ဆိုလျှင် နှစ်ပေါင်းရာထောင်ချီ၍ ရှိနေခဲ့ပြီ ။ ထိုနည်းတူစွာပင် ဗုဒ္ဓဘာသာမြန်မာ

လူမျိုးတို့ အလေးအမြတ်ထား၍ ရွတ်ဖတ်ပွားများနေသော ပရိတ်တရားတော်များသည်လည်း

မြန်မာပြည်အရပ်ရပ်သို့ ပျံ့နှံ့နေသည်မှာလည်း နှစ်ပေါင်းရာထောင်ချီ၍ ရှိနေပြီဟု ဆိုနိုင်ပါ သည် ။

ထိုသို့ဖြစ်ခဲ့လျှင် မြန်မာပြည်သူ ပြည်သားများ ယုံယုံကြည်ကြည် ၊ လေးလေးစားစား ဖြင့်

ရွတ်ဖတ်ပွားများ သရဇ္ဈာယ်နေကြသော ပရိတ်တရားတော်များသည်လည်း မြန်မာပြည်သူ

ပြည်သားတို့၏ နှလုံးသားဝယ် စွဲမြဲနေသည်မှာလည်း ထိုနေ့များမှသည် ဤနေ့များသို့တိုင် အောင်

နှစ်တွေထောင်နှင့်ချီ၍ ရှိနေပြီ ဖြစ်သည် ။

             ထိုပရိတ်တရားတော်များတွင် ဒေ၀ရာဇာခေါ်နတ်တို့၏မင်း သို့မဟုတ် နတ်တို့၏

အရှင်သခင်ဖြစ်သော သိကြားမင်းမှစ၍ နတ် , ဗြဟ္မာတို့၏ အမည်နာမများ ၊ နတ်တို့၏အနေ

အထားများကို တိတိကျကျဖော်ပြထားသည် ။ သို့သော်အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်

မြန်မာလူမျိုးတို့သည် ကျမ်းဂန်ဗဟုသုတနည်းပါးခြင်း ၊ တရားမနာ တရားမဆွေးနွေးခြင်း ၊

တရားစာအုပ်များကို မဖတ်မလေ့လာခြင်းစသော အကြောင်းများကြောင့် ဘာသာတရားတွင်

ဖော်ပြထားသော နတ်တို့၏အနေအထားကို ကွဲကွဲပြားပြား ဂဃနဏ မသိနိုင်ခဲ့ကြပါ ။ ဤကဲ့သို့

မသိနိုင်ခဲ့ကြ၍ နတ်တွေကို ထားသင့်သောနေရာတွင် မထားနိုင်ကြတော့ပဲ ၊ သခင်ကိုကျွန်ထင် ၊

ကျွန်ကိုသခင်ထင် စသော အဖြစ်မျိုးတွေနှင့် တွေ့ကြုံနေကြရတော့သည် ။

             မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်အခါက မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတွေကြောင့်

မဂ်ဖိုလ်တရားထူးများကို ရရှိသွားကြသော ကျွတ်တမ်းဝင်ဝေနေယျသတ္တ၀ါတွေထဲတွင် နတ် ,

ဗြဟ္မာဦးရေသည် လူဦးရေထက် အရေအတွက်များနေတာကို ဗုဒ္ဓစာပေသမိုင်းကြောင်းများ အရ

သိနိုင်ပါသည် ။ မဂ်ဖိုလ်တရားထူးများကိုလည်း ရရှိထားကြပြီး ၊ မြတ်ဗုဒ္ဓ၏

တပည့်သာဝကများလည်းဖြစ်ကြသော မရေမတွက်နိုင်အောင်များပြားလှသော နတ် , ဗြဟ္မာ

တို့သည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို နာကြားလိုကြသည် ။ တရားဓမ္မများကို ရွတ်ဖတ်ပွားများ

သရဇ္ဈာယ်နေကြသော ပုဂ္ဂိုလ်များကိုလည်း အစောင့်အရှောက်များပေးလိုကြသည် ။ ဤအခြေ

အနေမှန်များကို သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် သိမြင်တော်မူသော ဘုရားရှင်သည် သတ္တ၀ါ 

အားလုံးတို့၏ အကျိုးစီးပွားအတွက် ကရုဏာပြဋ္ဌာန်းလျက် ဥာဏ်တော်အစွမ်းဖြင့် ဟောကြား

ထားတော်မူခဲ့သော ပရိတ်တရားတော်တွေထဲမှာ နတ်တို့၏အနေအထားကို အတိအလင်းဖော်

ပြထားသည် ။ ပရိတ်တရားတော်များတွင် နတ်ဒေ၀ါများကို အကိုးကွယ်ခံ ၊ အပူဇော်ခံကြွ

ရောက်ကြဖို့ ဖိတ်မန်ထားခြင်းမျိုးမဟုတ်ဘဲ ပရိတ်တရားတော်များကို အတူတကွနာကြားကြ ရန်

ကြွရောက်ကြဖို့နှင့် ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်သူတို့အား အစောင့်အရှောက်များပေးကြရန်

တိုက်တွန်းထားကြောင်းကို တွေ့နိုင်သည်

        အများစုဖြစ်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ထိုပရိတ်တရားတော်များ အရ

စကြ၀ဠာတစ်ခွင်တွင် နေထိုင်ကြကုန်သော နတ်ဗြဟ္မာများ ရှိနေကြောင်းကိုမူ သိထားကြ

သော်လည်း ထိုနတ်တွေ ၊ ဗြဟ္မာတွေသည် မြတ်ဗုဒ္ဓသာသနာတော်တွင် ဘယ်အနေအထား

မျိုးတွင်ရှိနေကြသည် ဆိုတာမျိုးကိုမူ ကျမ်းဂန်ဗဟုသုတ အထိုက်အလျောက်ရှိသူများသာ သိ

နိုင်ကြ၍ ကျမ်းဂန်သဘောနှင့်နှီးနှောသိနိုင်ရန် နတ် ဗြဟ္မာတွေအကြောင်းကို အနည်းငယ်

ပြောပြလိုပါသည် ။ ပရိတ်တရားတော်မှလာသော နတ်ဗြဟ္မာတွေကို အကိုးကွယ်ခံ ၊ အပူဇော် ခံ

ကြွရောက်ကြဖို့ ဖိတ်မန်ထားခြင်းမျိုး ဟုတ်မဟုတ် ၊ အကယ်၍ မဟုတ်ခဲ့လျှင် ဘယ်အနေ

အထားမျိုးမှာ ရှိနိုင်သည် ၊ ဘယ်အနေအထားမျိုးမှာ ရှိသင့်သည် ဆိုတာမျိုးကို ကျမ်းဂန်

သဘောအရ ဂဃနဏသိထားသင့်ပါသည် ။ ထိုကဲ့သို့ သိထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ကောင်း

တစ်ယောက် ဖြစ်ရမှုအတွက် မိမိကိုယ်ကို မိမိ အားတက်ဖွယ် ၊ ဂုဏ်ယူဖွယ်တွေ ဖြစ်လာနိုင်

သည် ။ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်မှုနှင့်ပတ်သက်ပြီး ကိုယ့်အနေအထား ၊ ကိုယ့်

အခြေအနေတို့ကို ကိုယ်တိုင်သိပြီး အမြဲတမ်းဝမ်းမြောက်နေရပေလိမ့်မည် ။

      

             


ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)

(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

...............................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား