ယနေ့ကမ္ဘာမှာလိုအပ်နေတာ ခန္တီ ပါ
ဒီနေ့ ကမ္ဘာပေါ်မှာ လူသားတွေကိုကြည့်ရင် ဆောက်တည်ရာမဲ့ ဖြစ်နေတယ် ။ အလိုမပြည့်မှု ၊
ကြောက်ရွံ့မှု ၊ စိုးရိမ်မှု သောကတွေနဲ့ပဲ ပူပင်သောက ရောက်နေကြရတယ် ။ လူတွေဟာ ဂုဏ်ပကာသန
အတွက် သြဇာတိက္ကမ အတွက် လိုအင်ဆန္ဒတွေများပြီး ယစ်မူးနေကြတယ် ။ လူတွေက ၀တ္ထုအာရုံ ကာမ
ဂုဏ်တွေကို တက်မက်လွန်းပြီး လိုက်စားလိုစိတ်ပဲ များနေကြတယ် ။ လူတွေမှာ တစ်နေ့တာ ဘ၀ ကို
စိုးရိမ် ထိတ်လန့်ခြင်းဖြင့်သာ ကုန်ဆုံးနေကြရတယ် ။ မယုံကြည်မှုတွေ ၊ သံသယတွေပဲ တိုးလာတယ် ။
ဘ၀ က ပိုပြီး မလုံခြုံတော့ဘူး ။ ဒီလို ကသောင်းကနင်း ဖြစ်နေတဲ့ အကျပ်အတည်း ကာလထဲမှာ လူ
အချင်းချင်းတစ်ဦးပေါ်တစ်ဦး မှီခိုပြီး အတူယှဉ်တွဲ ငြိမ်းချမ်းစွာအသက်ရှင်နေရေးဟာပိုခက်ခဲလာတယ် ။
ဒါကြောင့် ခုအချိန်ခါမှာဖြင့် ငြိမ်းချမ်းစွာ အတူတကွ အသက်ရှင်နေနိုင်ရေးအတွက် သည်းခံခြင်း ၊
ခွင့်လွှတ်ခြင်း ခန္တီ ဟာ အထူး လိုအပ်လာတယ် ။
ကမ္ဘာပေါ်မှာ သွေးထွက်သံယိုမှုက ပိုများလာတယ် ။ အယူသီးမှု ၊ သည်းမခံနိုင်မှု ဆိုတဲ့ ရောဂါ
ဆိုးများရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပြီး နိုင်ငံတိုင်းရဲ့ နိုင်ငံရေး ယဇ်ပလ္လင်ပေါ်မှာ သွေးအလိမ်းလိမ်း
ပေကျံနေပြီး ရှေးအခါက ကောင်းကင်ပြင်ပေါ်မှာ ဘာသာအယူဝါဒ ကွဲပြားသူတွေရဲ့ အာဇာနည်တွေကို
မီးရှို့သဂြိုလ်တဲ့ မီးခိုးလုံးတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ် ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်
လူတွေအနေနဲ့ တစ်ယောက်အပေါ် တစ်ယောက်က ကျူးကျော် နှိပ်ကွပ်ဖို့ နည်းလမ်းကိုပဲ အရေးထား
စဉ်းစားခဲ့ကြတယ် ။
ဒီနေ့ လူ့လောကကြီးထဲမှာ သည်းမခံနိုင်တာကို ဘာသာရေးဆိုတဲ့ အရေခြုံပြီး ကျင့်သုံးလာကြ
တာကိုလည်း တွေ့နေရတယ် ။ လူတွေက ဘာသာရေးဆိုတာကို ဗန်းပြပြောဆိုပြီး အမတသုခဘုံနဲ့ နိဗ္ဗာန
ရောက်နိုင်တဲ့ ဖြတ်လမ်းနည်းတွေကိုလည်း ကတိခံပြီး ဟောနေကြတယ် ။ တကယ်လို့သာ ခရစ်ယာန်
အယူဝါဒဟာ တောင်ပေါ်တရား ( Sermon of the mount ) လိုက်နာ ကျင့်ကြံနေကြရင် ၊ ဗုဒ္ဓဘာသာက
လည်း မဂ္ဂင်ရှစ်ပါး မြတ်တရားအတိုင်း နေထိုင် ကျင့်ကြံကြရင် ၊ မွတ်စလင်တွေကလည်း ညီရင်းအစ်ကို
စိတ်ဓာတ်ကို တကယ်ပဲ ကျင့်သုံးနေထိုင်ကြရင် ၊ ဟိန္ဒူတွေကလည်း သူတို့ရဲ့ ဘ၀ တွေကို တစ်ခုတည်း
ဖြစ်အောင် ပုံဖော်ပြီး နေကြမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ၊ သာယာဝပြောရေး
တွေဟာ ဖြစ်ပေါ်လာနိုင်ပါတယ် ။ ခုတော့ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာအယူဝါဒကြီးတွေက သင်
ကြား ဆုံးမထားတဲ့ သာသနာ့ အဆုံးအမတွေ ရှိပါလျက်နဲ့ လူတွေဟာ ခုထိ သည်းခံခြင်း ခန္တီ ရဲ့ တန်ဖိုးကို
သဘောပေါက် နားလည်ကြခြင်း မရှိတာကို တွေ့ရပါတယ် ။ ဘာသာရေးဆိုတဲ့ နာမည်ခံပြီး သည်းမခံ
နိုင်တဲ့ အပြုအမူတွေကို ပြုမူနေကြတာများကတော့ ရှက်စရာလည်းကောင်းတယ် ၊ ၀မ်းနည်းစရာလည်း
ကောင်းတာ အမှန်ပါ ။
ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူတာက -
" ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ပဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏ ။
ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ပဲလျက် ငါတို့နေနိုင်ကြကုန်၏ " ( ဓမ္မပဒ - ၁၉၇ )
သူတော်ကောင်းတရားနဲ့ ဆန့်ကျင်ဘက် ဖြစ်စေတဲ့ နောက် ကိစ္စ တစ်ရပ်ကတော့ လူမျိုးရေး မောက်
မာမှုပဲ ဖြစ်တယ် ။ မြတ်ဗုဒ္ဓက သူ့ရဲ့ သာဝကများကို ဆုံးမတော်မူပုံမှာ ဘာသာရေးကို ကျင့်ကြံအားထုတ်
တဲ့ နေရာမှာ လူမျိုးရေးကိစ္စကို ထည့်မစဉ်းစားရဘူး ၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လူမျိုးခွဲခြားတာတို့ ၊
ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတာတို့ ၊ လူတန်းစား ခွဲခြားတာတို့ကို လျော့နည်းပပျောက်သွားအောင် လုပ်ကြ
၇မယ်လို့ ဆုံးမတော်မူပါတယ် ။ ဘာသာတရား အားလုံးကို ကိုးကွယ်နေကြတဲ့ လူတွေအားလုံးဟာ
လူအချင်းချင်း ခွဲခြား ဆက်ဆံခြင်း မပြုကြဖို့ ကိုယ့်ရဲ့ ရိုးရာတွေကို ရှေ့တန်းတင်ပြီး မခွဲခြားကြဖို့ကို
ဟောတော်မူပါတယ် ။
လူအချင်းချင်းဟာ အညီအမျှ ဆက်ဆံတတ်ကြဖို့ အထူးသဖြင့် ဘာသာတရား ကိုးကွယ်ကြရာမှာ
တန်းတူရည်တူ ထားကြဖို့ကို ဟောတော်မူတယ် ။ ကံမကောင်း အကြောင်းမလှတာက ဘာသာမတူ
ကိုးကွယ်ကြသူတွေဟာ တန်းတူထားဖို့ မဆိုပါနှင့် ပိုပြီး ခွဲခြား ဆက်ဆံမှုတွေနဲ့ အချင်းချင်း ရန်ပြုမှုတွေ
ကိုသာ ပိုတိုးပြီး လုပ်လာကြတယ် ။
လူမျိုးရေးခွဲခြားဆက်ဆံမှု ၊ လူမျိုးကြီး အမြင်မျိုးကတော့ ဘာသာရေးမှာ အကြီးဆုံး အနှောက်
အယှက် တစ်ခုပါ ။
တစ်ခါတုန်းက မြတ်ဗုဒ္ဓက ပင်လယ်ကို ဥပမာပေးပြီး ဟောကြားတော်မူရာမှာ ပင်လယ်ထဲကို
ဘယ်အရပ်က ဘယ်ရေတွေ ဘယ်လိုပဲ စီးဝင်လာလာ ၊ ပင်လယ်ရေဖြစ်တဲ့အခါ တစ်မျိုးတည်း ၊ တစ်သား
တည်း ဖြစ်သွားသလို ဘာသာရေးမှာလည်း လူမျိုးရေး ခွဲခြားမှုတွေကို ဖယ်ရှားပြီး လူအချင်းချင်း
တစ်သားတည်း တန်းတူရည်တူ သဘောထားအပ်ကြောင်းကို ပြယုဂ် ဥပမာပေးပြီး ဟောတော်မူခဲ့ပါ
တယ် ။
လူမျိုးအသီးသီး ၊ ဇာတ်အသီးသီးက လာကြတဲ့ လူတွေဟာလည်း ကိုယ့်လူမျိုးစွဲတွေကို မေ့ပြီး
လူသားတွေချည်း အတူတူပဲ ဆိုတဲ့ အမြင်နဲ့ လူလူချင်း တန်းတူရည်တူ သဘောမျိုးနှင့် ဆက်ဆံသင့်
ပါတယ် ။ ။
ကျမ်းကိုး -်
ဦးဆန်းလွင် - ဗုဒ္ဓဘာသာတွေယုံကြည်ကြတာက | .....................................................................................................................................................................................................................................
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား