Thursday, December 3, 2009

တို့အမျိုးတို့ဘာသာအတွက်မို့ ရတက်ပွေလီ

မြန်မာဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့်တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်း





တို့အမျိုးတို့ဘာသာအတွက်မို့ ရတက်ပွေလီ

စာရေးသူ ဗဟန်းမြို့နယ် ၊ ရွှေကျင်သုံးထပ်ကျောင်းမှာနေတုန်းက ဖြစ်ပါတယ် ။ တစ်နေ့မှာ

အလွန်ရင်းနှီးတဲ့ ဦးပဉ္ဇင်းတစ်ပါးက စာရေးသူထံကို ရောက်ရှိလာပြီး သူ့ရဲ့ဒကာ ဧည့်သည်

တစ်ယောက် စာရေးသူနေတဲ့ ရွှေကျင်သုံးထပ်ကျောင်းမှာ တစ်ပတ်လောက် တည်းခိုခွင့်ပြုဖို့

အကူအညီတောင်းပါတယ် ။ စာရေးသူကလည်း -

တပည့်တော်နေတဲ့ ကျောင်းထက်စာရင် ဦးဇင်းနေတဲ့ကျောင်းက ပိုပြီးသင့်လျော်ပါ

တယ် ။ တပည့်တော် ဒီကျောင်းမှာ နေရတာက စာသင်သားအဖြစ်နဲ့နေရတာ ၊ ဦးဇင်းကဦးဇင်း

နေတဲ့ကျောင်းမှာ ဆရာတော်ပြီးရင် ဦးဇင်းပဲရှိတာမဟုတ်လား ။ နောက်ပြီး ဦးဇင်းကျောင်းမှာ

ဧည့်ကျောင်းလည်း သတ်သတ်ရှိနေသားပဲ ။ ဦးဇင်းကျောင်းမှာပဲ ဧည့်သည်ကို ထားလိုက်ပါ

ငါ့ကျောင်းမှာ ဧည့်သည်အတွက် နေရာထိုင်ခင်းပေးစရာမရှိလို့ မဟုတ်ဘူး ။ ဒီဧည့်

သည်က ငါ့ကျောင်းမှာ တည်းလို့မဖြစ်လို့ ။ ဒါကြောင့် မင်းဆီကို အကူအညီလာတောင်းရတာ ပါ

ဦးဇင်းကျောင်းမှာ ဘာလို့တည်းမဖြစ်ရတာလဲ

မင်းနောက်တော့ သိလာမှာပေါ့ကွာ ။ ငါ့ကိုသာ အကူအညီပေးပါ

စာရေးသူနဲ့ အဲဒီဦးဇင်းဟာ တစ်ပါးနဲ့တစ်ပါး ကျေးဇူးမကင်းကြတဲ့အတွက် သူ့ရဲ့အကူ

အညီတောင်းဆိုမှုကို မငြင်းသာတော့ပဲ မိမိရဲ့ နေရာကျဉ်းကျဉ်းလေးမှာ ဧည့်သည်ကို လက်ခံ

လိုက်ရပါတယ် ။

ညနေသုံးနာရီထိုးလောက်ရောက်တော့ ဧည့်သည်နှင့်အတူ ရောက်လာကြပါတယ် ။

ဧည့်သည်ကိုကြည့်လိုက်တော့ သူ့ရဲ့ဥပဓိရုပ်က အသားမဲမဲ ၊ မျက်လုံးပြူးပြူး ၊ နှာခေါင်းချွန်ချွန်

နဲ့ဆိုတော့ မြန်မာလူမျိုးစစ်စစ် မဟုတ်မှန်းသိလိုက်ရပါတယ် ။

ဒါပေမယ့် “ ခြေ ၊ လက် ၊ နဖူး ၊ တစ်တောင် ၊ ဒူး “ ဆိုတဲ့ ထိခြင်းငါးပါးနဲ့ညီအောင်ရှိခိုး

ဦးချပြီး အရိုအသေပြုနေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် ဒီဧည့်သည်ဟာ မြန်မာလူမျိုးမဟုတ်ပေ

မယ့် ကိုးကွယ်သည့်ဘာသာက ဗုဒ္ဓဘာသာဆိုတာ သိလိုက်ရပါတယ် ။

အဲဒီဧည့်သည်နဲ့ စာရေးသူဟာ နှစ်ရက်သုံးရက်လောက်ရောက်တော့ ခင်မင်ရင်းနှီးသွား

ခဲ့ပါတယ် ။ သူ့နာမည်ကအောင်ကျော်မိုးလို့သိရပါတယ် ။ လူမျိုးမတူပေမယ့်ကိုးကွယ်ယုံကြည်

တဲ့ဘာသာက တူညီနေတော့ တစ်ယောက်နဲ့တစ်ယောက် ဗုဒ္ဓတရားတော်တွေရဲ့အနှစ်သာရ

တွေကိုလည်း ဆွေးနွေးဖြစ်ကြပါတယ် ။ နောက်ပြီး သူ့ရဲ့အကြောင်း တစေ့တစောင်းကိုလည်း

သူကိုယ်တိုင်ပြောပြလို့ သိခဲ့ရပါတယ် ။

တပည့်တော်ရဲ့ အဖေအမေတွေက မြန်မာလူမျိုးတွေမဟုတ်ကြဘူး ။ ကိုးကွယ်တဲ့

ဘာသာကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး ။ အဖေအမေတွေက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ

မဟုတ်ကြပေမယ့် တပည့်တော်ကတော့ မြန်မာလူမျိုးကိုလည်းချစ်တယ် ။ နောက်ပြီးဗုဒ္ဓဘာ

သာကိုလည်း ငယ်ငယ်လေးထဲက စိတ်ဝင်စားခဲ့ပြီး ယုံကြည်ခဲ့ပါတယ် ။ အဲဒါကြောင့် ဗုဒ္ဓစာပေ

တွေကို လက်လှမ်းမှီသလောက် ရှာဖွေဖတ်ရှုခဲ့တယ် ။ ဗုဒ္ဓတရားတော်တွေဟာ လိုက်နာကျင့်

သုံးနိုင်သူတွေအဖို့ စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ ဘ၀ရဲ့အနှစ်သာရဖော်ဆောင်မှုတွေကို အပြည့်အ၀ပေး

စွမ်းနိုင်တယ်ဆိုတာ သိခဲ့ရတယ် ။ ဒါကြောင့်မို့ တပည့်တော်ရဲ့ ဘ၀ကိုလည်း ဗုဒ္ဓတရားတော်

တွေနဲ့အညီ တည်ဆောက်သွားဖို့ စိတ်ကိုဒုန်းဒုန်းချပြီး ဗုဒ္ဓဘာသာထဲကို ၀င်ရောက်ခဲ့တယ် ။

တရားစခန်းတွေမှာလည်း ၀ိပဿနာကျင့်စဉ်ကို လေ့လာသင်ယူပြီး တရားအားထုတ်ခဲ့တယ် ။

တပည့်တော် ဒီရန်ကုန်ကပြန်ရင်လည်း တပည့်တော်တို့မြို့လေးမှာရှိတဲ့ မိုးကုတ်ရိပ်သာတရား

စခန်းမှာ တရားအားထုတ်ဖို့ စာရင်းတောင်သွင်းခဲ့ပြီးပြီ

အခုလိုရိပ်သာတွေဝင် ၊ တရားတွေအားထုတ် ၊ နောက်ပြီး ဗုဒ္ဓစာပေတွေ လေ့လာ

သင်ယူနေတာကို ဘာသာခြားဖြစ်တဲ့ ခင်ဗျားမိဘတွေက သဘောတူကြည်ဖြူမှု ရှိကြရဲ့လား

သူတို့ကတော့ ဘယ်သဘောတူပါ့မလဲဘုရား ၊ ဒါပေမယ့် လူဆိုတာ ကိုယ်ယုံကြည်

ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်လေ ။ မိဘတွေ ကိုးကွယ်တဲ့ဘာသာကို ကိုယ်က

မကြိုက်ဘဲနဲ့ မျက်စိမှိတ်ကိုးကွယ်လို့ ဘယ်ဖြစ်ပါ့မလဲ

အခုလို ဗုဒ္ဓဘာသာအပေါ် လေ့လာသင်ယူပြီး အလေးအနက်ထားယုံကြည်တာကို

ဦးဇင်းတို့က ကြိုဆိုပါတယ်

မှန်ပါ့ဘုရား ၊ တပည့်တော်လည်း ဗုဒ္ဓစာပေတွေနဲ့ ကျင့်စဉ်တွေကို ဆက်လက်ကြိုးစား

သင်ယူပါ့မယ်

စာရေးသူဟာ သူတစ်ပါးပြောတာကို လွယ်လွယ်နဲ့ယုံကြည်တတ်တဲ့ အလေ့မရှိပါဘူး ။

အဲဒါကြောင့် ဗုဒ္ဓဘာသာအပေါ် ဘယ်လောက်အထိ လေ့လာသင်ယူထားသလဲဆိုတာ သိချင် တာနဲ့

အနည်းအပါး တီးခေါက်ကြည့်ပါတယ် ။ အဲဒီအခါ တော်တော်လေး လေ့လာသင်ယူထား တာကို

တွေ့ရပါတယ် ။

မိုးကုတ်ဆရာတော်ဘုရားကြီးရေးဆွဲခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကိုလည်း ကျွမ်းကျင်

ပိုင်နိုင်စွာ ရှင်းပြနိုင်ပါတယ် ။ နောက်ပြီး ဘုရားဂုဏ်တော် ၊တရားဂုဏ်တော် ၊သံဃာ့ဂုဏ်တော်

သမ္ဗဒ္ဓေ ၊ ပရိတ်ကြီး (၁၁)သုတ်စတဲ့ ရသင့်ရထိုက်တဲ့ ဘုရားစာ ၊ တရားစာတွေကိုလည်း

အလွတ်ပြန်ဆိုနိုင်လောက်အောင် ရထားပါတယ် ။ ဒါဟာ သာမန် ဗုဒ္ဓဘာသာထက်သာလွန်တဲ့

အချက်တွေပဲဖြစ်ပါတယ် ။

ဒီဧည့်သည်နဲ့ပတ်သက်ပြီး စာရေးသူစိတ်ဝင်စားနေတာတစ်ခုကျန်ပါသေးတယ် ။ သူ့ရဲ့

မျိုးရိုးဇာတိနဲ့ကိုးကွယ်တဲ့ဘာသာကို သိခဲ့ရပြီးဖြစ်ပေမယ့် စာရေးသူနဲ့ရင်းနှီးတဲ့ ဦးဇင်းရဲ့

ကျောင်းမှာ ဘာလို့တည်းခိုခွင့် မပြုတာလဲဆိုတဲ့ အချက်ပါပဲ ။ အဲဒါနဲ့ ရင်းနှီးတဲ့ ဦးဇင်းအလာ ကို

စောင့်မနေတော့ပဲ

ဒါနဲ့နေစမ်းပါဦး ၊ ဒကာလေးက ဘာကိစ္စနဲ့ရန်ကုန်ကိုလာတာလဲ ။ ဒကာလေးဦးဇင်း

ကရော သူ့ကျောင်းမှာ ဘာလို့တည်းခိုခွင့်မပြုတာလဲ

တပည့်တော် ထူးထူးခြားခြားကိစ္စကတော့ ဘာမှမရှိပါဘုရား ။ တပည့်တော်နဲ့ချစ်ကြိုက်

နေတဲ့ မိန်းကလေးက ရောဂါတစ်ခုနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူရမှာ သူနဲ့သူ့မိဘ

ညီအစ်ကိုမောင်နှမတွေက အဲဒီကျောင်းမှာ တည်းကြမှာဆိုတော့ တပည့်တော်က ဘယ်တည်း

လို့ဖြစ်ပါ့မလဲ

ဒကာလေးတို့က ရန်ကုန်ကို အတူတူလာကြတာမဟုတ်ဘူးလား

မဟုတ်ဘူးဘုရား ။ တပည့်တော်က နောက်ရက်မှ သူတို့မသိအောင်လိုက်လာခဲ့တာ

ဘာလဲ သူ့မိဘတွေက ခင်ဗျားနဲ့သဘောမတူဘူးလား

ဘယ်တူပါ့မလဲဘုရား ၊ သူ့မိဘတွေက တပည့်တော်နဲ့လူမျိုးမတူ ၊ ဘာသာမတူလို့

သဘောမတူတာတဲ့ ။ တပည့်တော်လည်း သူ့မိဘတွေ သဘောတူကြည်ဖြူမှုရှိအောင် ဗုဒ္ဓဘာ

သာထဲလည်းဝင်ပြီးပြီပဲ ။ ဒါတောင် သူ့မိဘတွေက အခုချိန်အထိ သဘောမတူသေးဘူး ။လူမျိုး

မတူတာတော့ တပည့်တော်လည်း ဘာတတ်နိုင်မှာလည်း ဘုရား

ဒါဆိုရင် ခင်ဗျားက ဗုဒ္ဓဘာသာထဲကို တစ်ကယ်နှစ်နှစ်ကာကာယုံကြည်လို့ ၀င်တာ

မဟုတ်ဘဲ အဲဒီမြန်မာမိန်းကလေးကိုလိုချင်လို့ ဗုဒ္ဓဘာသာထဲ ၀င်ခဲ့တာပေါ့

အဲဒီလိုလည်း မဟုတ်ပါဘူးဘုရား ။ တပည့်တော် အဲဒီမိန်းကလေးကိုလည်းချစ်တယ် ၊

ဗုဒ္ဓဘာသာကိုလည်းစိတ်ထဲ ၊ နှလုံးသားထဲက တကယ်ယုံကြည်ခဲ့တာပါ

ဦးဇင်းအတွေ့အကြုံအရ သာဓကလေးတစ်ခု ပြောပြမယ်နော် ၊ ဒကာလေးလည်းစိတ်

မဆိုးနဲ့ ၊ ဒီလိုသာဓကတွေကတော့ အများကြီးရှိပါတယ် ။ ဒါပေမယ့် တစ်ခုပဲပြောပြမယ် ။

ဒကာလေးက ဦးဇင်းနဲ့ လူမျိုးခြားနေပေမယ့် ဘာသာတူနေလို့ ပြောပြတာပါ

ပြောပြပါဘုရား ၊ တပည့်တော် စိတ်မဆိုးပါဘူး

ပြောဆိုလို့သာပြောရမှာ အားတော့နာနာ ၊ လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာမ

လေးကိုရမယ်ဆိုရင် ကလိမ်ကကျစ်နဲ့ အလိမ်အညစ်တွေ အသုံးပြုပြီး ယူတတ်ကြတယ် ။ ခင်

ဗျားကို ရည်ရွယ်ပြီးပြောတာတော့ မဟုတ်ဘူးနော် ။ တစ်ချို့လူမျိုးခြား ၊ ဘာသာခြားတွေက

မြန်မာမိန်းကလေးနဲ့ချစ်ကြိုက်ပြီဆိုရင် မရသေးခင်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ်ပြောပြီး

တကယ်တမ်း လက်ထပ်ပြီးတဲ့အခါမှာတော့ သူတို့ဘာသာထဲကိုရောက်အောင် ခေါ်သွားကြ တယ် ။

အထူးသဖြင့် သူတို့က သူတို့မျိုးဆက်သစ်တွေကိုပဲ အဓိကထားကြတယ် ။ ရွာတစ်ရွာ မှာဆိုရင်

ဘာသာခြားအမျိုးသားတစ်ဦးနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးညားထားတာရှိတယ် ။ အဲဒီ

ဘာသာခြားဆိုရင် သူကိုယ်တိုင်ကဗုဒ္ဓဘာသာအမည်ခံထားပြီး ရွာဦးဘုန်းတော်ကြီးကျောင်းမှာ

ဘုရားဂေါပကလူကြီးတောင် ၀င်လုပ်နေတယ် ။ ဒါပေမယ့် သူ့သားသမီးတွေကျတော့ ပညာ

သင်ကြားရအောင်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မြို့က သူ့မိဘတွေဆီမှာ ပို့ထားတယ် ။ အဲဒီ

ကလေးတွေအားလုံးက သူ့အဘိုးအဘွားတွေကိုးကွယ်တဲ့ ဘာသာခြားကိုပဲကိုးကွယ်ကြတယ်။

ဒါဟာဖြစ်သင့်သလား ၊ မဖြစ်သင့်လားဆိုတာ ဒကာလေးကိုယ်တိုင်စဉ်းစားစေချင်တယ် ။ဒကာ

လေးလို အသက်အရွယ်လေးရလာလို့ အသိဥာဏ်နဲ့ယှဉ်တဲ့အချိန်ရောက်မှ ကိုယ်ကြိုက်နှစ်

သက်တဲ့ဘာသာကို ကိုးကွယ်တယ်ဆိုတာက တစ်မျိုးပေါ့ ။ အခုဟာက ဗုဒ္ဓဘာသာရဲ့အနှစ်

သာရကို ဘာမှ မသိခင်ကတည်းက ကလေးတွေအားလုံးဟာ အခြားဘာသာဝင်တွေရဲ့ဇာတ်

သွင်းမှုကို ခံလိုက်ရတယ် ။ ဒါဟာ ဗုဒ္ဓကို ယုံကြည်ပါတယ်ဆိုတဲ့ အဖေကိုယ်တိုင်က သူ့မူရင်း

ဘာသာထဲကို တစ်ဘက်လှည့်နဲ့ ခေါ်သွားတယ်ဆိုတာ ထင်ရှားနေတယ် ။ အဲဒါဒကာလေး

ကိုယ်တိုင် ဟုတ်မဟုတ် ဝေဖန်ဆုံးဖြတ်ကြည့်စမ်းပါ

ဟုတ်ပါတယ်ဘုရား ၊ တစ်ဘက်လှည့်နဲ့ခေါ်ဆောင်သွားသလို ဖြစ်နေပါတယ်

ဒါတင်ဘယ်ကဦးမလဲ ၊ တစ်နေ့မှာ အဲဒီလူမျိုးခြားဘုရားဂေါပကရဲ့ မိန်းမမြန်မာအမျိုးသမီး

ဟာ ရောဂါတစ်ခုနဲ့ သေဆုံးသွားတယ် ။ သူ့မိန်းမသေဆုံးလို့ အသုဘရက်လည်ဆွမ်းတောင်

မလုပ်ရသေးဘူး ။ နောက်ထပ် သူ့မိန်းမနဲ့ ဆွေမျိုးမကင်းတဲ့ မိန်းကလေးတစ်ယောက်ကို ခိုးယူ ပြီး

ထွက်ပြေးသွားတယ် ။ ဒါဟာ ယဉ်ကျေးတဲ့လူမျိုးဆိုရင် ဒါမျိုးမဖြစ်သင့်ဘူး ။ ကိုယ့်မိန်းမ

သေဆုံးလို့ ပူဆွေးသောကဖြစ်နေရမယ့်အစား သူက နောက်ထပ် မယားသစ်တစ်ယောက်နဲ့

ပျော်ပါးနေနိုင်တယ် ။ နောက်မိန်းမကျတော့ သူကအနိုင်ကျင့်နိုင်တော့ သူ့မူရင်းဘာသာထဲကို

ပဲခေါ်သွားနိုင်ခဲ့တယ် ။နောက်မိန်းမနဲ့ရတဲ့ ကလေးတွေအားလုံးလည်း ဗုဒ္ဓဘာသာတစ်ယောက် မှ

ဖြစ်မလာကြဘူး ။ ဘယ်ဖြစ်လာပါ့မလဲ ။ သူကိုယ်တိုင်ကမှ မရိုးမသားနဲ့ ဗုဒ္ဓဘာသာထဲဝင်

တယ်ဆိုပြီး ဟန်ဆောင်နေခဲ့တာကိုး ။ သူ့အနေနဲ့ အခြေအနေနဲ့အချိန်အခါကို ကြည့်ပြီး မီးစင်

ကြည့်ကသွားတဲ့သဘောပဲ ။ ဒါဟာ လုပ်ကြံပြီး ပြောဆိုနေတာမဟုတ်ဘူးနော် ။ မယုံရင် အဲဒီ

ရွာကို ဒကာလေးကိုယ်တိုင်သွားမေးကြည့်နိုင်တယ် ။ ဦးဇင်းကတော့ အမှန်အတိုင်း အားမနာ

စတမ်းပြောရမယ်ဆိုရင် အခုဒကာလေးလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေတယ် ဆိုတာလည်း

တကယ့်နှစ်နှစ်ကာကာ ယုံကြည်လို့ ကိုးကွယ်နေတာမဟုတ်ဘဲ ဒကာလေးနဲ့ ချစ်ကြိုက်နေတဲ့

မြန်မာအမျိုးသမီးကို လိုချင်တာနဲ့ ဟန်ဆောင်ပြနေတာလို့ ထင်တယ်

မဟုတ်ပါဘူးဘုရား ၊ တပည့်တော် တကယ်ယုံကြည်လို့ ကိုးကွယ်နေတာပါ

ဒါက ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးကို မရခင်ပြောတဲ့စကားပါ ။ တကယ်တမ်း

မြန်မာမိန်းကလေးကို ရပြီးသွားရင် ထားရာနေ ၊ စေရာသွားလုပ်မှာပဲမဟုတ်လား ၊ ဦးဇင်းက

စောစောကတည်းကသာ မြန်မာမိန်းကလေးနဲ့ပတ်သက်နေတဲ့လူမျိုးခြားဘာသာခြားဧည့်သည်

လို့ဆိုတာသိခဲ့ရင် ဒကာလေးကို ဒီကျောင်းမှာလက်ခံဖြစ်မှာ မဟုတ်ဘူး

တပည့်တော်ကတော့ မြန်မာအမျိုးသမီးနဲ့မရလည်း ဗုဒ္ဓဘာသာကိုပဲ ဆက်လက်

ကိုးကွယ်သွားမှာပါဘုရား

အေးပေါ့ဗျာ ၊ ဒကာလေးဟာ ဘယ်လိုလူသားလည်းဆိုတာ အခုမဟုတ်တောင်

တစ်ချိန်ချိန်မှာတော့ သိလာရမှာပါ ။ ဦးဇင်းကတော့ လုံးဝအယုံအကြည်မရှိတာတော့အမှန်ပဲ ။

ဦးဇင်းနဲ့ဒကာလေးက ဒကာလေးဒီရန်ကုန်က ပြန်သွားရင် တစ်ယောက်နဲ့တစ်ယောက် တွေ့ကြ

တော့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဦးဇင်းနဲ့ ထူးထူးခြားခြားရင်းနှီးတဲ့ လူမျိုးခြားဒကာလေးကို

အမြဲတမ်း အမှတ်ရနေမှာပါ

မှန်ပါ့ဘုရား ၊ တပည့်တော် ဟန်ဆောင်မှု ဗုဒ္ဓဘာသာမဟုတ်ကြောင်း အရှင်ဘုရား ကို

သက်သေပြရမှာပါဘုရား

ဧည့်သည်လူမျိုးခြား ဒကာလေးဟာ စာရေးသူနေတဲ့ကျောင်းမှာ တစ်ပတ်လောက်

တည်းခိုပြီး သူနေတဲ့မြို့လေးကို ပြန်သွားပါတယ် ။ သူနေတဲ့မြို့လေးကတော့ ကနောင်မင်း

သားကြီး အပိုင်စားခဲ့တဲ့ မြို့လေးပဲဖြစ်ပါတယ် ။

စာရေးသူဟာ လူမျိုးခြားဒကာလေး ပြန်သွားခဲ့ပေမယ့် သူဟာ ဗုဒ္ဓဘာသာကို တကယ်

နှစ်သက်ယုံကြည်လို့ ကိုးကွယ်ခဲ့တာလား ။ ဒါမှမဟုတ် မြန်မာမိန်းကလေးကို လိုချင်တာနဲ့ဟန်

ဆောင်ကိုးကွယ်ခဲ့တာလားဆိုတာ အတော်လေး စိတ်ဝင်စားခဲ့ပါတယ် ။ မြန်မာမိန်းကလေးနဲ့

လက်ထပ်ပြီးတဲ့အခါ ဗုဒ္ဓဘာသာကို ကိုးကွယ်မှုရှိမရှိဆိုတာလည်း သိချင်နေခဲ့ပါတယ် ။ ဒါပေ မယ့်

စာရေးသူနဲ့ အဲဒီဒကာလေးဟာ ဘာအဆက်အသွယ် ၊ ဘာသတင်းမှ မရဘဲ ခုနှစ်နှစ် ၊

ရှစ်နှစ်လောက်အထိ ရှိလာခဲ့ပါတယ် ။

တစ်နေ့ စာရေးသူ ဆွမ်းခံကြွတော့ ဆွမ်းခံအိမ်တစ်အိမ်မှာ မမျှော်လင့်ပဲ အဲဒီမြို့က

ဒကာကြီးတစ်ဦးနဲ့ ဆုံဖြစ်ခဲ့ပါတယ် ။ …..မြို့ကလို့လည်းဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ရှစ်

နှစ်လောက်က ရင်းနှီးခဲ့တဲ့ လူမျိုးခြားဒကာလေးကို ချက်ချင်းခေါင်းထဲရောက်လာပါတယ် ။ အဲ ဒါနဲ့

စာရေးသူလည်း သူ့အကြောင်းသိချင်တာနဲ့ ဒကာကြီးကို မေးမြန်းကြည့်ပါတယ် ။

ဒကာကြီးက …..မြို့ကဆိုတော့ ဓါတ်ပုံရိုက်တဲ့ အောင်ကျော်မိုးကိုသိလား ? “

သိပါတယ်ဘုရား ၊ တပည့်တော်တို့အိမ်နဲ့ သူတို့အိမ်က ငါးအိမ်လောက်ပဲခြားတယ် ။

ဒါနဲ့ ဦးဇင်းက အဲဒီကောင်လေးနဲ့ ဘယ်လိုလုပ်သိတာတုန်း

ဦးဇင်းနေတဲ့ကျောင်းကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က လာတည်းဖူးတယ် ။ ဦးဇင်းကို

စပ်စုတယ်လို့တော့ မထင်နဲ့ ၊ အဲဒီ ဒကာလေး အခု အိမ်ထောင်ကျသွားပြီလား

အိမ်ထောင်ကျတာ ကြာလှပေါ့ဘုရား ၊ မရိုသေစကားပြောရရင် သားသမီးတောင်

နှစ်ယောက်နဲ့ တစ်ဗိုက်ရနေပြီ

မေးချင်တာက အဲဒါအဓိကမဟုတ်ပါဘူး ဒကာကြီး ၊ အခုသူကိုးကွယ်နေတာက

ဘယ်ဘာသာကို ကိုးကွယ်တာလဲ ဆိုတာကို သိချင်နေတာပါ

ဘယ်ဘာသာကိုးကွယ်ရမလဲဘုရား ၊ သူ့မိဘတွေ ကိုးကွယ်တဲ့ဘာသာပေါ့ ။ ဒါနဲ့

ဦးဇင်းက ဘာလို့ စစ်စစ်ပေါက်ပေါက် မေးနေရတာလဲဘုရား

ဘာရယ်လို့တော့ မဟုတ်ပါဘူး ဒကာကြီးရာ ၊ သူဦးဇင်းကျောင်းမှာလာတည်းတုန်းက

အိမ်ထောင်မကျသေးဘူး ။ ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့မြန်မာမိန်းကလေးတစ်ယောက်နဲ့ချစ်

ကြိုက်နေကြတယ် ။ အဲဒီမိန်းကလေးနာမည်က စန္ဒီချိုလို့ခေါ်တယ်တဲ့ ။ အသားဖြူဖြူချောချော

လေး ၊ ဦးဇင်းလည်း တစ်ခါပဲမြင်ဖူးတယ်

ဦးဇင်းပြောတဲ့ ဓါတ်ပုံဆရာအောင်ကျော်မိုးက အဲဒီ စန္ဒီချိုဆိုတဲ့ မိန်းကလေးနဲ့ ရသွား

တာပဲ

မသိပါဘူးဗျာ ၊ ဦးဇင်းကျောင်းမှာလာတည်းတုန်းကတော့ အဲဒီအောင်ကျော်မိုးဆိုတဲ့

ကောင်လေးက ဗုဒ္ဓဘာသာကိုးကွယ်မယ်ပြောသွားလို

ဒါက မိန်းကလေးမိဘတွေ သဘောတူမလားလို့ ဟန်ဆောင်ပြတာပါ ။ မိန်းကလေး

ကလည်း မိုက်ရိုင်းလွန်းပါတယ် ဘုရား ။ သူ့ရုပ်ရည် ၊ သူ့အရည်အချင်း ၊ သူ့မိဘအသိုင်းအ၀ိုင်း

နဲ့ဆို တပည့်တော်တို့မြို့မှာ ကြိုက်ရာခေါင်းခေါက်ယူလို့ရရဲ့သားနဲ့ ဒီဘာမဟုတ်တဲ့ကောင်လေး ကို

သွားယူရတယ်လို့ တော်တော်လေး နှမြောဖို့ ကောင်းပါတယ်

သူ့မိဘတွေက မတားကြဘူးလား ဒကာကြီး

တားကြတာပေါ့ဘုရား ၊ ၀ိုင်းတားနေတဲ့ကြားက ခိုးရာလိုက်ပြေးသွားတာ ။ စန္ဒီချို နဲ့

မရခင်တုန်းက ဗုဒ္ဓဘာသာထဲကိုဝင်မယ်လို့ ပြောဆိုခဲ့တဲ့လူက မ၀င်တဲ့အပြင် ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့

စန္ဒီချိုကိုတောင် သူတို့ဘာသာထဲရောက်အောင် ခေါ်သွားသေးတယ် ။ အခု စန္ဒီချိုဆိုတဲ့

မိန်းကလေးကလည်း ဗုဒ္ဓဘာသာအယူကို စွန့်လွှတ်သွားပြီ

ဒါဆိုရင်တော့ ဦးဇင်းတို့ ဘုန်းကြီးတွေအတွက် ဆွမ်းဒကာမတစ်ယောက်နဲ့ သူ့ရဲ့

ဗုဒ္ဓဘာသာဖြစ်လာမယ့် မျိုးဆက်သစ်လေးတွေ ဆုံးရှုံးသွားပြီပေါ့ဗျာ

ဦးဇင်းကတော့ ကြံကြံဖန်ဖန်ပြောရော့မယ် ။ အဲဒီမိန်းကလေးတစ်ယောက်မရှိလို့

ဘုန်းကြီးတွေ ဆွမ်းမငတ်ပါဘူးဘုရား ၊ ကျန်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အများကြီးရှိပါ

သေးတယ် ။ သူဆွမ်းမလောင်းလည်းကျန်တဲ့ ဗုဒ္ဓဘာသာတွေက လောင်းလှူမှာပေါ့

ဒါက ဒကာကြီးရဲ့ ရေရှည်မကြည့်တတ်တဲ့ အတွေးတွေပါ ။ သူတစ်ယောက်တည်း

ဆိုရင်တော့ ဟုတ်တာပေါ့ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာ

မြန်မာမိန်းကလေးတွေ လူမျိုးခြားဘာသာခြားတွေနဲ့ညားပြီး လူမျိုးခြားဘာသာခြားဇာတ်ထဲ ၀င်

သွားကြတာ ဘယ်နှစ်ယောက်ရှိပြီဆိုတာ ဒကာကြီးမှမသိတာ ။ ဒကာကြီးက တောမြို့လေးမှာ

နေတာဆိုတော့ မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားတွေနဲ့ ညားတာတွေ သိပ်တွေ့

ဖူးမှာမဟုတ်ဘူး ။ ဦးဇင်းတို့က ရန်ကုန်မြို့မှာနေတာဆိုတော့ အဲဒီလို အမျိုးပျက်ဘ၀ရောက်

နေကြတဲ့ မြန်မာအမျိုးသမီးတွေ နေရာအနှံ့မှာ တွေ့မြင်နေရတယ် ။ တော်တော်လေးစိတ်နှလုံး

နာဖို့ကောင်းပါတယ်ဗျာ ။ ဦးဇင်းကတော့ ဒီအကြောင်းကို စဉ်းစားမိတိုင်း အသည်းကြွေလုမ တတ်

ခံစားရတယ်

အင်း..ဟုတ်တော့ ဟုတ်သားပဲ ။ ဦးဇင်းပြောမှ တပည့်တော် နည်းနည်းသဘောပေါက်

ချင်လာပြီ ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲဘုရား ။ ဒါမျိုးက ကိုယ်တစ်ယောက်တည်း လုပ်ယူ

လို့ရတာမျိုးမှ မဟုတ်တာ ၊ တပည့်တော်တို့မြို့မှာလည်း အဲဒီလိုမျိုး အမျိုးမစောင့်စည်းကြတဲ့

မိန်းကလေးတွေ တော်တော်များများရှိကြတယ် ။ တပည့်တော် တူမတစ်ယောက်တောင် လူ

မျိုးခြားနဲ့ညားပြီး လူမျိုးခြား ဘာသာခြားဇာတ်ထဲ ၀င်သွားတာရှိသေးတယ် ။ ဒါပေမယ့် တပည့်

တော် ဦးဇင်းလို တစ်ခါမှ မတွေးမိဘူး

ဦးဇင်းလည်း တစ်ချိန်က ဒါမျိုးတွေ မတွေးမိပါဘူးဗျာ ၊ စာပေတွေနဲ့ အသိအမြင်တွေက

ပေးလာတဲ့ အတွေ့အကြုံတွေကြောင့် အခုလို သတိထားမိလာတာပါ ။ ဒါနဲ့ ဒကာကြီးရဲ့တူမ

အကြောင်း နည်းနည်းလောက် ပြောပြပါလား

တပည့်တော် တူမလည်း သားသမီးလေးယောက်တောင်ရနေပြီ ။ သူကိုယ်တိုင်က

လူမျိုးခြား ဘာသာခြားဇာတ်ထဲဝင်သွားတော့ သားသမီးတွေကလည်း လူမျိုးခြား ဘာသာခြား

တွေ ဖြစ်သွားကုန်တာပေါ့ ။ ဒီကောင်မလေးက ဆယ်တန်းကျောင်းသူဘ၀ထဲက ဗုဒ္ဓဘာသာ

မြန်မာလူမျိုးယောက်ျားလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ် ။ အဲဒီကောင်လေးက ဆင်းရဲ

တော့ သူ့မိဘတွေက သဘောမတူကြဘူး ။ အဲဒါနဲ့ မိန်းကလေးမိဘတွေက သူ့သမီး ဆင်းရဲ

သားနဲ့ညားမှာစိုးလို့ ဆိုပြီး တစ်ခြားမြို့က သူတို့အမျိုးတွေဆီမှာ သူ့သမီးကို သွားပို့ထားတယ် ။

အဲဒီမြို့မှာ အခုရနေတဲ့ လူမျိုးခြား ဘာသာခြား ကောင်လေးနဲ့တွေ့ပြီး ညားသွားကြတော့တာပဲ။

သူ့အမေဆိုရင် သူ့သမီး သူတို့ကြောင့် အမျိုးပျက်ဘ၀ ရောက်ရတယ်ဆိုပြီး အခုချိန်ထိ ယူကြုံး မရ

တသသဖြစ်နေရတုန်းပဲ

အဲဒါပေါ့ဗျ ၊ “ မြွေပါလည်းဆုံး ၊ သားလည်းဆုံး “ ဆိုတာ တကယ်လို့သာ ပထမချစ်

ကြိုက်ခဲ့တဲ့ မြန်မာယောက်ျားလေးနဲ့ ရမယ်ဆိုရင် လူတော့ ဆင်းရဲချင် ဆင်းရဲမယ် ။ ဒါပေမယ့်

အမျိုးပျက်ဘ၀တော့ ရောက်မှာ မဟုတ်ဘူး

အခုလည်း မချမ်းသာပါဘူးဘုရား ။ မွဲလိုက်တာမှ စုတ်ပြတ်သတ်နေတာပဲ ။ သူ့မိဘ

တွေအိမ်မှာနေတုန်းကမှ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရသေးတယ် ။ အခု

လမ်းမှာတွေ့ရင် ညိုမြ မှ ဟုတ်ရဲ့လားလို့တောင် ထင်ရသေးတယ်

ကဲ ဒကာကြီးနဲ့စကားတွေကောင်းနေလိုက်တာ ၊ ညိုမြ အကြောင်းတောင် အဆစ်ပါ

လာသေးတယ် ။ ဦးဇင်းလည်း တခြားဆွမ်းခံအိမ်တွေ ကြွစရာရှိသေးတယ်

တခြားဆွမ်းခံအိမ်တွေက မီပါ့ဦးမလားဘုရား ၊နာရီက (၁၁)နာရီတောင် ထိုးတော့မယ် "

မမီလည်း ကိစ္စမရှိပါဘူး ဒကာကြီးရာ ၊ ဦးဇင်းသပိတ်ထဲမှာ တစ်ပါးစာလောက်တော့

ပြည့်စုံနေပါပြီ

စာရေးသူဟာ ဆွမ်းစားချိန်အမီ ကျောင်းကိုပြန်ရဦးမှာမို့ ပြောလက်စ စကားများကိုဖြတ်

ပြီး ကျောင်းကို ပြန်လာခဲ့ပါတယ် ။ အခြားဆွမ်းခံအိမ်တွေ ၀င်စရာရှိသေးပေမယ့် အချိန်မရလို့

မ၀င်တော့ပါ ။ အချိန်ရလည်း ဆွမ်းဝင်ခံလိုစိတ် မရှိတော့ပြီ ။ စာရေးသူရဲ့ ဦးနှောက်ထဲမှာ

လွန်ခဲ့တဲ့ရှစ်နှစ်လောက်က မိမိကိုပါ လိမ်ညာသွားခဲ့တဲ့ လူမျိုးခြားဒကာလေးအကြောင်းပဲ

ရောက်နေပြီး စိတ်မကောင်း ဖြစ်နေမိပါတယ် ။

ဒီထက်ပိုဆိုးတာက လူမျိုးခြား ဘာသာခြားရဲ့စကားကိုယုံပြီး မိမိကိုယ်တိုင် မြန်မာ့

မိန်းကလေးကို အကျိုးအကြောင်းတွေ ဆီလျော်အောင်ရှင်းပြကာ ပြောဆိုစည်းရုံးမှု မပြုလိုက်ရ

တာကိုပဲ ပို၍ စိတ်မကောင်းဖြစ်နေမိပါတယ် ။ ကျောင်းကိုသာ ပြန်ခဲ့ရပေမယ့် ခြေလှမ်းတွေက

အရင်လို မသွက်လက်တော့ပါ ။ ကြိုးနဲ့တုတ်နှောင်ထားတဲ့အလား တုန့်ဆိုင်းတုန့်ဆိုင်းဖြစ်နေ သလို

ခံစားရပါတယ် ။

ဒီဆောင်းပါးလေးကို ရေးပြီးသွားတော့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးတွေ သတိ

ပေးစကားလေးတွေကို ပြောချင်ပါသေးတယ် ။ လူမျိုးခြား ၊ ဘာသာခြားတွေဟာ မြန်မာမလေး

တွေကိုရမယ်ဆိုရင် ကလိမ်ကကျစ်နဲ့အလိမ်အညစ်တွေ သုံးတတ်ကြတယ် ဆိုတာပါပဲ ။ ဒါကို

မြန်မာမိန်းကလေးတိုင်း သိထားသင့်ပါတယ် ။ အချို့ မြန်မာမိန်းကလေးတွေဟာ လူမျိုးခြား ၊

ဘာသာခြားတွေရဲ့စကားကိုယုံပြီး ဘ၀ကိုစုပုံအပ်နှင်းတတ်ကြပါတယ် ။ မြန်မာမိန်းကလေး တွေကို

မရခင်တုန်းကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်မယ်လို့ဆိုခဲ့ပေမယ့် တကယ်တမ်း လက်

ထပ်ပြီးတဲ့အခါမှာတော့ ကိုယ်ကတောင် သူ့ဘာသာကိုလိုက်ပြီး ကိုးကွယ်ယုံကြည်ရပါတယ် ။

ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း လူမျိုးခြား ၊ ဘာသာခြား ဆိုရင် အယုံမလွယ်ဖို့ ၊ အရော

မ၀င်ဖို့ ၊ ဘ၀ကိုစုပုံပြီး မအပ်နှင်းဖို့ နောက်ပြီး မိမိတို့ အမျိုးဘာသာအပေါ်မှာ သစ္စာစောင့်သိဖို့

လေးနက်စွာ တိုက်တွန်းလိုက်ပါတယ် ။

ကျမ်းညွှန်း -

အရှင်ပညောဘာသ ( ဖိုးပညော-သပိတ်ကျင်း )

ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့

..............................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား