Monday, December 28, 2009

၂ ။ လာဘ်လာဘကိုငဲ့၍ ကိုးကွယ်ခြင်း







       ၂ ။ လာဘ်လာဘကိုငဲ့၍ ကိုးကွယ်ခြင်း ၂ ။ လာဘ်လာဘကိုငဲ့၍ ကိုးကွယ်ခြင်း ၂ ။ လာဘ်လာဘကိုငဲ့၍ ကိုးကွယ်ခြင်း            
              လောကီဘုံတွင် ပျော်နေကြသော လူသားတို့သည် ကိုယ်ကျိုး ၊ ကိုယ့်စီးပွားကိုသာ အလေးထားပြီး

ကြည့်တတ်ကြသော အတ္တသမားတွေသာ များပါသည် ။ ကိုယ်ကျိုး ၊ ကိုယ့်စီးပွားသာ ဖြစ်မည်ဆိုလျှင် ဘာမဆို

လုပ်ရဲခြင်း ၊ လုပ်နိုင်ခြင်းတို့သည် အတ္တ၏အစွန်းထွက်နေမှု ကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်သည် ။ ကိုယ့်

ဘက်ကသာ အမြတ်အစွန်းရမည် ဆိုလျှင် စီးပွားရှိ ရှိသလို ၊ ပညာရှိ ရှိသလို ၊ အာဏာရှိ ရှိသလို ၊ ကိုယ့်ပါဝါ ၊

 ကိုယ့်အာဏာတို့ကို အသုံး ပြုလျက် မလုပ်သင့်သည်များကိုလည်း လုပ်မိတတ်ကြသည် ။ ဥပမာ - ပုဏ္ဏားတို့

၏ ယတြာ ၊ ဗေဒင်နည်းအရ ဟောကြား ၊ ပြောကြားသည့်အတိုင်း ရှင်ဘုရင်ဆိုသူတို့သည် သူတို့အသက် ၊

 အိုးအိမ် ၊ စည်းစိမ်တွေအတွက် လူတွေ ၊ ကျွဲတွေ ၊ နွားတွေ ၊ ဆင်တွေ ၊ မြင်းတွေကို သတ်ပြီး ယဇ်နတ်တွေ

ကို ပူဇော်ပသခဲ့ကြသည် ။ ရှေးခေတ် ၊ ရှေးအခါက ရှင်ဘုရင်ဆိုသူတွေ၏ အပြု အမူများကို ပြန်လည်

သုံးသပ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည် ။

           သံသရာဆိုသည့် ၀ဲဂယက်ထဲမှ မလွတ်နိုင်အောင် ရှိနေကြသေးသော ပုထုဇဉ်တို့၏ မိုက်ရဲ

သော သတ္တိသည် အရိယာတို့၏ အမြင်နှင့်ကြည့်လျှင် အံ့သြစရာ ဖြစ်နေသည် ။ အတ္တနှင့်ပြုခဲ့

သော အမှားတွေအတွက်္တပေးဆပ်ခဲ့ရသော ဘ၀တွေကလည်း ကမ္ဘာပေါင်းအသင်္ချေ ၊

အတ္တသံသရာကြီးထဲမှာ အမှန်တရားတွေကို မမြင်နိုင်ကြ၍ ရှေးကလူတွေလည်း အတ္တဖြင့် အမှား

ပေါင်းများစွာက ပြုခဲ့ကြပြီ ။ ယခုခေတ်လူတွေလည်း အတ္တဖြင့် ဘောင်ခတ်ထားသော ဒီအမှာိးု

သံသရာထဲမှာ အမှားတွေကို မကျော်လွန်နိုင်အောင်ပရှိနေခဲ့ကြပြန်သည် ။ ဥပမာ - ထမင်းကိုပင်

နပ်မှန်အောင် မစားရရှာသော မိသားစုဘ၀လေးကို ကရုဏာနှလုံးသားဖြင့် ငဲ့ကွက်မှု မပြုနိုင်ကြ၍

အတ္တကြီးသော အရက်သမားသည် ကိုကြီးကျော်ဟု ခေါ်နေကြသည့် လေထဲက နတ်မင်းကြီးကို

ကြက်ကြော်တွေ ၊ ဘဲကင်တွေ ၊ ထန်းရေ ၊ အရက်တို့နှင့် ပူဇော်ပသ ပြီး ၊ ထိုအရက်သေစာတို့ဖြင့်

သောက်စား ၊ မူးယစ်ပျော်နိုင်ကြသေးသည့် အဖြစ်မျိုးတွေသည် အမူးသမားများ၏ အတ္တမျိုးပင် ဖြစ်

သည် ။ တရားသဘောနှင့် ယှဉ်တွေးကြည့်လျှင်တော့ ကြောက်စရာကြီးပင် ။

               မလုပ်သင့် ၊ မလုပ်ထိုက်သော အမှုမျိုးတွေကို ကိုယ့်အကျိုး ၊ ကိုယ့်အတ္တအတွက် ပြုရဲ

ကြသည့် သမိုင်းထဲက ရှင်ဘုရင်တွေ ၊ ပြည်သူပြည်သားတွေ၏ လွဲမှားသော ကိုးကွယ်မှုတွေသည်

လည်း ဥာဏ်နှင့်ယှဉ်ပြီး သုံးသပ်ဆင်ခြင် ကြည့်မည်ဆိုလျှင်  ပစ္စုပ္ပုန်သံသရာအတွက် ကြောက်စရာ

ကြီးပင် ဖြစ်သည် ။ ဥာဏ်နှင့်ယှဉ်ပြီး စဉ်းစားသင့်သည် မှာ တစ်ဘ၀စာချမ်းသာမှုမျိုးထက်

တစ်သံသရာစာချမ်းသာမှုမျိုးကို ရစေနိုင်သော အပြုအမူ မျိုးတွေကို စဉ်းစားသင့်ကြပါသည် ။

ဤကဲ့သို့ ဥာဏ်နှင့်ယှဉ်ပြီးစဉ်းစားခြင်းမျိုးသည် သူတော် ကောင်းဓာတ်ခံရှိသူတို့၏ အမူအကျင့်ပင်

ဖြစ်သည် ။့်



ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)
(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

 

 ဆက်လက်ပြီး       

၃ ။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း

..........................................................................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား