Monday, December 28, 2009

၃ ။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း








       ၃ ။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း ၃ ။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း ၃ ။ အားကိုးအားထားပြုလို၍ ကိုးကွယ်ခြင်း            
             လူသားများ စိတ်နေ  စိတ်ထားသည် ကိုယ် မစွမ်းလျှင် စွမ်းနိုင်သော သူရဲကောင်းကို အားကိုးချင်ကြသည် ။

ဤစိတ်မျိုးတွေသည် မြန်မာပြည်သူတို့မှာ အလေ့အကျင့်ကြီးတစ်ခုလို ဖြစ်နေပြီ ။ ကိုယ့်အစွမ်းကို ကိုယ်အားမကိုးလို

ခြင်း သို့မဟုတ် အားမကိုးတတ်ခြင်းသည် လူသားတစ်ယောက်၏ ဘ၀တိုးတက်ရေး ၊ အခွင့်အလမ်းကို ကိုယ်တိုင်ပင်

ဖျက်ဆီးသည်နှင့်တူနေသည် ။ ဤကဲ့သို့သော စိတ်ဓာတ်မျိုးတွေ ရှိနေသူများသည် ကိုယ့်ကိုယ်ကိုထက် သူတစ်ပါး ကို

သာ အားကိုးလိုသော စိတ်တွေ များနေတတ်ကြသည် ။ လူထဲက စွမ်းနိုင်လျှင်စွမ်း ၊ လူထဲ က မစွမ်းနိုင်လျှင် စွမ်းနိုင်

မည်ထင်သည့် နတ်ဒေ၀ါများကို အားကိုးတကြီးနှင့် ကိုးကွယ်ပူဇော် ပသနေတတ်ကြသည် ။ ဥပမာ - ပန်းပဲ

မောင်တင့်တယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာ အားကိုးတကြီး နှင့် ကိုးကွယ်ပူဇော်ပသမှုမျိုး ဖြစ်သည် ။ မောင်တင့်တယ်လို

ခွန်အားဗလကြီးမားသော ၊ အားကိုးအားထားပြုလောက်သော သူရဲကောင်းကြီးတစ်ယောက်ရယ်လို့ ထိုခေတ်ထိုအခါ

က မြန်မာတို့ ယူဆထားခဲ့ကြသည် ။

                 ဤကဲ့သို့သော အခြေအနေမျိုးများကြောင့် တကောင်းဘုရင်သည် မောင်တင့်တယ် လို စိုးရိမ်စိတ်နှင့်

မတရားသတ်ဖြတ်ခဲ့သည် ။ ဤမတရားလုပ်ရပ်အတွက် မောင်တင့်တယ် အပေါ်မှာ မေတ္တာစိတ်တွေ ၊ သနားကြင်နာ

စိတ်တွေ သက်ဝင်နေကြသော ပြည်သူများသည် မောင်တင့်တယ်ကို အားကိုးအားထား ပြုလိုကြသောစိတ်ကြောင့်

အစိမ်းသေ  သေသွားသော မောင်တင့်တယ်ကို နတ်ဖြစ်သွားသည်ဟု ထင်မြင်ယူဆလိုက်ကြသည် ။ နတ်ဘ၀မှာလည်း

အစွမ်းသတ္တိတွေ ၊ တန်ခိုးအာနုဘော်တွေနှင့်ပြည့်စုံသော နတ်မင်းကြီးတစ်ပါး ဖြစ်မှာပဲဟု ယူဆလိုက်ကြပြီး

မောင်တင့်တယ်ကို အားကိုးအားထားရာအနေနှင့် ကိုးကွယ် ပူဇော်ပသ ခဲ့ကြသည် ။ နောက်ပိုင်းတွင် မောင်တင့်တယ်

တို့ နတ်မောင်နှမသည် ပုဂံကို ရောက်လာပြီး ရှင်ဘုရင်နှင့်ပြည်သူများကပါ ကိုးကွယ်ပူဇော်ခဲ့ကြ၍ တစ်နိုင်ငံလုံး၏

အားကိုးအားထားပြုရာ မင်းမဟာဂီရိ   ဘွဲ့ခံ အိမ်တွင်း နတ်မင်းကြီးဖြစ်လာခဲ့သည် ။

              ဤနေရာတွင် ဥာဏ် ၊ သတိယှဉ်ပြီး စဉ်းစားသင့်သော အချက်တစ်ခုမှာ မောင်တင့်တယ် တို့ မောင်နှမနှစ်

ယောက်သေဆုံးစဉ်အခါက တကယ်ပဲ နတ်ဖြစ်သွားတယ် ၊ မဖြစ်ဘူးဆိုသည် ကို မည်သူမျှ တိတိကျကျ မသိရခြင်းပင်

ဖြစ်သည် ။  တကယ်ပင် နတ်စိမ်းများ ဖြစ်သွားကြ သည်ထားဦး ၊ သင်္ခါရနယ်ပယ်အတွင်းမှာရှိကြသော သတ္တ၀ါတိုင်းသည်

တန်ခိုးရှင်ကြီးပဲဖြစ်ဖြစ် နတ်စိမ်းကြီးပဲဖြစ်ဖြစ် ၊ သေတတ်သည့် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်ခြင်း ကိစ္စပင်ဖြစ်

သည် ။ ဖြစ်နိုင်ချေရှိသည်မှာ ခုလောက်ဆို မောင်တင့်တယ်တို့ နတ်စိမ်းမောင်နှမနှစ် ယောက် နတ်သက်ကြွေ၍

(သို့မဟုတ်)တစ္ဆေ သက်ကြွေ၍ ဘ၀သစ်တစ်ခုခုဆီသို့ ရောက် ကောင်းရောက်နေနိုင်ပါသည် ။ ( မြန်မာတွေ၏ ယုံကြည်မှု

သည် တစ်ခါတစ်ရံတွင် တစ္ဆေကို လည်း နတ်ဟု ယူဆတတ်ကြသည် ) သို့သော် ဥာဏ် ၊ သတိမယှဉ်နိုင်ကြသေးသော

သူတွေ အတွက်ကတော့ ယုံကြည်မှားတစ်ခုကို စွန့်လွှတ်နိုင်ဖို့ဆိုသည်မှာ လွယ်ကူလှသည့် အရာမျိုး တော့မဟုတ်ပါ ။

သို့ရာတွင် တစ်စုံတစ်ခုကို အားကိုး အားထားမှု ပြုလိုသည်ဆိုလျှင်တော့ ဖြစ် သင့်သည်မှာ အားကိုး အားထား မပြုခင်မှာ

အားကိုးသင့်သည် ၊ မသင့်သည်ကို ဥာဏ်နှင့်ချင့် ချိန်ကြည့်သင့်ပါသည် ။ စဉ်းစားဆင်ခြင်သင့်သည် ။ စဉ်းစားဆင်ခြင်ခြင်း

သည် အသိဥာဏ်ရှိသူ တို့၏ ဓမ္မတာသဘောတစ်ခုပင် ဖြစ်သည် ။



 


ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)
(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

 

 ဆက်လက်ပြီး       

၎ ။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း

..........................................................................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား