Monday, December 28, 2009

၎ ။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း






        ၄ ။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း ၄ ။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း ၄ ။ မိရိုးဖလာ ဓလေ့ထုံးစံများကို မစွန့်ပယ်ဝံ့၍ ကိုးကွယ်ခြင်း            
          မြန်မာစကားပုံမှာ “ ရှေးထုံးကိုလည်း မပယ်နှင့် ၊ ဈေးသုံးကိုလည်းမလွယ်နှင့် “ ဆို သည့်

  ဆိုရိုးစကားသည် အချို့နေရာများတွင် အကြောင်းအကျိုး မဆီလျော်တော့သော ရှေးထုံး

စကားများသာ ဖြစ်သည် ။ ထိုရှေးထုံးစကားကြောင့် ခေတ်အခါအားလျော်စွာ ပြုပြင်ပြောင်းလဲ

ဖို့အတွက် ပြုပြင်ပြောင်းလဲလိုသူတို့၏ စိတ်ဓာတ်ကို အင်အားချည့်နဲ့စေသည် ။ ကိုးကွယ်မှုဆိုင်

ရာနှင့်ပတ်သက်လာလျှင် လူအများစုသည် “ ဥပါဒါန်ကြောင့် ဥပဒ်ရောက် “ နေတတ်ကြသည်။

 ဥပမာ - နတ်ကို ကိုးကွယ် ပူဇော်ပသနေသူတစ်ယောက်သည် အကြောင်းတစ်ခုခုကြောင့် ပြု

  နေကျဖြစ်သော ပူဇော်ပသမှုမျိုးကို တစ်ခါတစ်လေများ ပျက်ကွက်သွားခဲ့ရသည်ဆိုလျှင် ငါ့ကို

နတ်တွေ စိတ်ဆိုးတော့မှာပဲ ၊ ငါ့ကို နတ်တွေ အမျက်ထွက်တော့မှာပဲ ၊ ငါ့ကို နတ်တွေ ဖမ်းစား

တော့မှာပဲဟု ထိုသူမှာ စိတ်တထင့်ထင့် ဖြစ်နေတတ်သည် ။ ၄င်း ဥပါဒါန်အစွဲများရှိနေသော

ကြောင့် မမျှော်လင့်ပဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာဖြစ်လာခဲ့လျှင်လည်း ဥပမာ - ဖျားနာ

ရောဂါမျိုးတို့ ၊ မတော်တဆထိခိုက်ဒဏ်ရာ ရတာမျိုးတို့ ဖြစ်လာခဲ့ပြီဆိုလျှင် ငါ့ကိုတော့ နတ်

တွေကိုင်ပြီဟု ယူဆသွားတတ်ကြသည် ။

            ဤနေရာမှာ နတ်တွေကို မယုံကြည် ၊ မကိုးကွယ်သောပုဂ္ဂိုလ်မျိုး ဖြစ်နေခဲ့ပြီဆိုလျှင်

နတ်တွေကို ယုံကြည်ကိုးကွယ်နေသော ပုဂ္ဂိုလ်တွေက ၀ိုင်းပြီး (အခမဲ့)စောင့်ကြည့် နေတတ်

ကြပြန်သည် ။ အသွေးနှင့်အသားနှင့်တည်ဆောက်ထားသော လူသားများပေမို့ အခြား

အကြောင်းများကြောင့် ( မိုးမိခြင်း ၊ အအေးမိခြင်းစသည့် အကြောင်းများကြောင့် ) ဖျားနာခြင်း၊

နှာစေးခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း စသော မနှစ်မြို့ဖွယ်ရာအာရုံမျိုး တစ်ခုခုဖြစ်လာခဲ့ပြီဆိုလျှင်

ခုနက စောင့်ကြည့်နေသောသူများသည် “ ဒါ နတ်ဖမ်းစားလို့ဖြစ်ရတာပဲ “ ဟု ယူဆလိုက်ကြ

တော့သည် ။ အသိဥာဏ်နည်းရှာကြသော လူတွေသည် တကယ်ပင် နတ်တွေနှင့် အလုပ်တွေ

ရှုပ်နေကြသည် ။ ဒီဥပါဒါန်အစွဲတွေကြောင့် မမှားသင့်သော အမှားမျိုးတွေကို ပြုလုပ်နေတတ်

ကြပြီး ၊ အမှားသံသရာတွေ လည်နေရှာကြသည် ။ ဒီဥပါဒါန်အစွဲတွေကို ဖယ်ရှားနိုင်ဖို့ဆိုတာ

ကိုယ်တိုင် သတိပဋ္ဌာန်တရားတွေကို မကျင့်ကြံ ၊ မပွားများ အားမထုတ်သရွေ့ကာလပတ်လုံး

လွယ်ကူလှမည်တော့ မဟုတ်ပေ ။ သတိမရှိ ၊ ဥာဏ်မရှိသော ဤလူတွေအတွက် ယုံကြည်မှု ဆိုင်ရာ

မျှော်လင့်ချက်နှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင်တော့ ဆယ်မိုး ၊ ဆယ်နွေ မျှော်လေ လေ

ဝေရတော့မည့် အဖြစ်မျိုးပင် ။




...............................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား