Wednesday, December 23, 2009

အဆီကိုစား အသားကိုမြို






        အဆီကိုစား အသားကိုမြို အဆီကိုစား အသားကိုမြို အဆီကိုစား အသားကိုမြို              လူမျိုးခြားဘာသာခြားတွေဟာ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေကို ရမယ်ဆိုရင်

ချဉ်ချဉ်တူးတူး မူးပြီးရောဆိုတဲ့ လူသားတွေပါပဲ ။ ဒါကြောင့်မို့ မြန်မာအမျိုးသမီးလေးများကို ရမယ်

ဆိုရင် အနုနည်းနဲ့တစ်ဖုံ ၊ အကြမ်းနည်းနဲ့တစ်မျိုး ၊ နောက်ပြီး မာယာပရိယာယ်နဲ့တစ်သွယ်

အမျိုးမျိုးရအောင် ယူတတ်ကြပါတယ်

           အဲသည်လို ရအောင်ယူတဲ့အခါမှာလည်း အဆင်းရဲဆုံးမိန်းကလေးကနေ အချမ်းသာ

ဆုံးမိန်းကလေးအထိ အလွှာအသီးသီးကနေ ရအောင်ယူတတ်ကြပါတယ် ။ ဆင်းရဲတဲ့မိန်းက

လေးတွေကို ငွေရေးကြေးရေးနဲ့ဗန်းပြပြီး အမိဖမ်းတတ်ကြသလို ချမ်းသာတဲ့ မိန်းကလေးတွေ

ကိုတော့ မာယာပရိယာယ်ဆင်ပြီး အမိဖမ်းတတ်ကြပါတယ် ။

            သူတို့ရဲ့ မာယာညွှတ်ကွင်းထဲမှာ အမိဖမ်းခံလိုက်ရတဲ့ မြန်မာမိန်းကလေးတွေဟာ

များသောအားဖြင့် ဘယ်လိုမှ ရုန်းထွက်လို့မရအောင် ချူပ်ကိုင်ထားကြပါတယ် ။ လူမျိုးခြား ၊

ဘာသာခြားတွေဟာ မြန်မာမိန်းကလေးတွေကို အမိဖမ်းကြတဲ့နေရာမှာ အပေါ်ယံနှုတ်ဖျားက

ရွှေမှုံကြဲပြီးချိုသလို မြူသလိုရှိတတ်ကြပေမယ့် အတွင်းက နှလုံးသားကတော့ ကျီးအာသီးလို

မဲပုပ်ပုပ်ညစ်ထေထေ ပါပဲ ။

           မြန်မာမိန်းကလေးတွေဟာ အများအားဖြင့် အမျိုးသားရေးအခြေခံစိတ်ဓာတ် ၊ဘာသာ

ရေးအခြေခံစိတ်ဓာတ် အလွန်နည်းပါးကြပါတယ် ။  ဒါဟာ လူမျိုးခြားဘာသာတွေအတွက်

မဟာအခွင့်အရေးကြီးသဖွယ် ဖြစ်ခဲ့ပါတယ် ။ သူတို့ဟာ ဒီလို အခွင့်အရေးမျိုးကြီးကို အကွက်

ကောင်းအဖြစ် အသုံးချနေကြပါတယ် ။

        တစ်ချို့မြန်မာအမျိုးသမီးတွေဟာ အပြင်ပန်းကကြည့်ရင်တော့ အမျိုးသားရေးစိတ်ဓာတ်

ဘာသာရေးစိတ်ဓာတ်တွေ ပြည့်ပြည့်၀၀ ရှိနေတယ်လို့ ထင်ရပါတယ် ။ ဒါပေမယ့် သူတို့လက်

ထဲရောက်သွားတဲ့အခါမှာတော့ သူတို့ရဲ့ပုံသွင်းမှုကို ခံရပါတော့တယ် ။ သူတို့ ဒီလိုနေ ၊ ဒီလို စား ၊

ဒီလိုဝတ် ၊ ဒီဘာသာကိုကိုးကွယ် ဆိုရင်လည်း နှစ်ခါ မပြောရဘူး ။ ပြောရင်လည်းယုံ ၊ ယုံရင်လည်း

ပုံလိုက်ကြပါတယ် ။

             ဒီလိုဘာကြောင့် ဖြစ်ရတာလည်းဆိုရင် အဓိကအခြေခံအကြောင်းရင်းကို စစ်ကြည့်

လိုက်တော့ အမျိုးသားရေးအခြေခံစိတ် ၊ ဘာသာရေးအခြေခံစိတ်ဓာတ်ကောင်းတွေ နည်းပါးမှု

တွေကြောင့်ပါပဲ ။ ဒါကြောင့်မို့လည်း မြန်မာအမျိုးသမီးလေးတွေ လူမျိုးခြားဘာသာခြားနောက် ကို

ဟိုရပ်ကွက်က ပါသွားလိုက် ၊ ဒီရပ်ကွက်က ပါသွားလိုက် ဖြစ်နေကြတာမနည်းတော့ပါဘူး

            ကိုယ့်သမီးလေး လူမျိုးခြားဘာသာခြားနောက်ပါသွားလို့ ပူမီးသောကတောက်ရတဲ့

မိဘတွေ ၊ စားဝတ်နေရေးမပြည့်စုံလို့ မိမိတို့ရဲ့ သမီးလေးကို လူမျိုးခြားဘာသာခြားတွေရဲ့ ရင်

ခွင်ထဲကို အသည်းနာနာနဲ့ ထိုးအပ်လိုက်ရတဲ့ မိဘတွေလည်း မြန်မာပြည်မှာ အများကြီးပါပဲ ။

            ဒီလို လူမျိုးခြားဘာသာခြားနောက် ပါသွားကြတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ

တစ်ယောက်ကအစ တစ်ရာမကတော့တဲ့အတွက် ကြာလာရင် အမျိုးသားရေးအန္တရာယ် ၊

ဘာသာရေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ် ။ ဘာလို့ ဒီလိုပြောရတာလည်းဆိုရင် လူမျိုးခြား

နောက် ဘာသာခြားနောက် ပါသွားတဲ့ မြန်မာအမျိုးသမီးတိုင်းဟာ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ

တွေရဲ့ အယူကိုစွန့်ပြီး သူတို့လူမျိုး ၊ သူတို့ဘာသာနောက်ကို ပါသွားကြလို့ပါပဲ ။ ကိုယ့်ဘာသာ

ထဲကိုတော့ တစ်ရာမှာတစ်ယောက်တောင် ပါမလာပါဘူး

           လူမျိုးခြားဘာသာခြားနဲ့ညားလို့ လူမျိုးခြားစိတ်ဓာတ် ၊ ဘာသာခြားစိတ်ဓာတ် ပေါက်

သွားပြီဆိုရင် မွေးလာတဲ့ကလေးကအစ ဘာမှစွဲဆောင်စရာမလိုတော့ပဲ သူ့အလိုလို လူမျိုးခြား

ဘာသာခြား ဖြစ်သွားတော့တာပါပဲ ။ စိတ်ဓာတ်ကအစ မြန်မာစိတ်ဓာတ်မရှိတော့ပါဘူး ။

          ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတစ်ယောက်က ၀မ်းနဲ့လွယ်ပြီး မွေးပေးလိုက်တဲ့ ကလေး ဟာ

မြန်မာစိတ်ဓာတ်မရှိဘူးဆိုရင် လူမျိုးလည်းရှုံး ၊ ဘာသာလည်းဆုံးတော့တဲ့အတွက် မြန်မာ

တစ်မျိုးသားလုံးအတွက် တော်တော်ကိုပဲ နစ်နာလွန်းလှပါတယ် ။ ရင်နာစရာလည်းကောင်းပါတယ်။

 မြန်မာလူမျိုးဆိုတဲ့ အဆီကိုလည်းစားတယ် ။ ဗုဒ္ဓဘာသာဆိုတဲ့ အသားကိုလည်း မြို တယ်ဆိုတာ

ဒါမျိုးပြောတာဖြစ်ပါတယ် ။

          လူမျိုးခြား ဘာသာခြားတွေက မြန်မာအမျိုးသမီးတွေကို ဟင်းရွက်ကန်ဇွန်းလို ဈေးပေါ

ပေါနဲ့ ရအောင်ယူကြပေမယ့် သူတို့ရင်မှဖြစ်တဲ့ သမီးပျိုလေးများကိုတော့ စိန်ကောင်းကျောက်

ကောင်းတွေအလား သိုသိုသိပ်သိပ်နဲ့ သိမ်းထားကြပါတယ် ။ နောက်ပြီး လူမျိုးခြား ၊ ဘာသာ

ခြားတွေဟာ သူတို့သွေးသားစစ်စစ်မဟုတ်တဲ့ ကပြားအမျိုးသမီးကို မြန်မာအမျိုးသားကယူရင်

တောင် အသည်းကို လှံစွပ်နဲ့ထိုးသလို နာတတ်ကြပါတယ် ။

        ဒါကြောင့်မို့ သူတို့သမီးပျိုတွေနဲ့ မြန်မာအမျိုးသားတွေ ထိတွေ့ခွင့် ၊ နီးစပ်ခွင့် ၊ ချစ်ကြိုက်

ခွင့်မရှိရအောင် အမျိုးမျိုးချူပ်ကိုင်ပြီး အိမ်တွင်းပုန်းခိုင်းထားကြပါတယ် ။ အကြောင်းကိစ္စရှိလို့

အပြင်ကို မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း လုံခြုံမှုရှိအောင် အပြည့်အ၀ အကာအကွယ်ယူ

ထားကြပါတယ် ။

           ဒါကြောင့်မို့ မြန်မာအမျိုးသားတွေအနေနဲ့ လူမျိုးခြား အမျိုးသမီးစစ်စစ်တစ်ယောက်ကို

ရအောင်ယူဖို့အပထား ၊ မြန်မာမနဲ့ရတဲ့ ကပြားအမျိုးသမီးကိုတောင် ရအောင်ယူဖို့ ခဲယဉ်းလှပါ

တယ် ။ ဘယ်လောက်ထိခဲယဉ်းသလည်းဆိုရင် ကိုယ့်ဘက်က မြန်မာအမျိုးသမီးအယောက်

(၁၀၀၀)ပေးလိုက်ရမှ သူတို့ဘက်က အမျိုးသမီးတစ်ယောက်လေးကိုတောင် ယူဖို့ မလွယ်ကူ

နိုင်လောက်အောင်ထိ ခဲယဉ်းပါတယ် ။

           ဒီလိုပြောလို့ သူတို့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး ။ မြန်မာလူမျိုးတွေ အတုယူဖို့ ၊

သင်ခန်းစာယူဖို့ ပြောနေတာဖြစ်ပါတယ် ။ သူတို့က သူတို့ရဲ့ အညွှန့်အဖူးဖြစ်တဲ့ အမျိုးသမီး တွေကို

နှမြောတတ် ၊ တွန့်တိုတတ် ၊ တန်ဖိုးထားတတ်ရင် မြန်မာလူမျိုးတွေလည်း မြန်မာလူ မျိုးတွေရဲ့

အညွှန့်အဖူးဖြစ်တဲ့ အမျိုးသမီးတွေကို နှမြောတတ် ၊ တွန့်တိုတတ် ၊ တန်ဖိုးထား တတ်ဖို့ လိုပါတယ်

ဒါဟာ တရားသောနည်းလမ်းပဲ ဖြစ်ပါတယ် ။

          လူမျိုးခြားဘာသာခြားတွေဟာ သူတို့အမျိုးသမီးတွေကို သူတို့လူမျိုး ၊ သူတို့ဘာသာ ၊

သူတို့လူဦးရေတိုးတက်များပြားဖို့အတွက် ဘယ်လောက်အထိ အရေးပါအရာရောက်တယ်ဆို တာ

ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားကြပါတယ် ။ နောက်ပြီး မြန်မာတစ်မျိုးသားလုံး

ကို လူလူချင်းဝါးမြိုပြီး ဖုံးလွှမ်းပစ်ဖို့အတွက် အမျိုးသမီးများဟာ မဟာလက်နက်ကြီး သဖွယ်

ဆိုတာလည်း သိထားကြပါတယ် ။ ဒါကြောင့်မို့ သူတို့အမျိုးသမီးတွေကို လုံခြုံအောင် ချုပ်ချယ်ပြီး

မြန်မာအမျိုးသမီးတွေကိုတော့ ရသလောက် သိမ်းပိုက်ကြပါတယ် ။

         ဒီလိုမြန်မာအမျိုးသမီးတွေကို ရအောင်ယူခြင်းအားဖြင့် မြန်မာလူမျိုးတွေရဲ့ အညွှန့်အဖူး

များကို ချိုးနှိမ်ပြီးသားဖြစ်သလို သူတို့လူမျိုးတွေရဲ့ အညွှန့်အဖူးအတွက်လည်း အားဖြည့်ပြီး သား

ဖြစ်သွားပါတယ် ။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ပါတယ် ။

            မြန်မာလူမျိုးတွေဟာ ဒီလောက်ကလေးသာ နားလည်သဘောပေါက်ထားမယ်ဆိုရင်

မိမိတို့ရဲ့ မြန်မာအမျိုးသမီးများကို တန်ဖိုးထားတတ်လာပါလိမ့်မယ် ။ တန်ဖိုးထားတတ်လာတဲ့ အခါ

လူမျိုးခြားဘာသာခြားတွေနဲ့ ညားသွားမှာကိုလည်း နှမြောတတ်လာပါလိမ့်မယ် ။ နှမြော

တတ်လာတဲ့အခါ ကိုယ်နဲ့သွေးသားတော်စပ်မှုမရှိတဲ့ မြန်မာအမျိုးသမီးတွေကိုတောင် အပြည့်

အ၀ကာကွယ်ပေးချင်တဲ့ စိတ်တွေလည်း ဖြစ်ပေါ်လာပါလိမ့်မယ် ။ နောက်ပြီး မြန်မာအမျိုးသမီး

တွေကိုယ်တိုင်ကလည်း လူမျိုးခြား ၊ ဘာသာခြားတွေနဲ့နီးစပ်ခွင့် ၊ ချစ်ကြိုက်ခွင့်မရအောင်

ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ရှောင်တတ်တိမ်းတတ်လာပါလိမ့်မယ် ။

           အခုဖြစ်နေတာက အချို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မိမိတို့အမျိုးအနွယ်ဖြစ်တဲ့

ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးတွေကို အမျိုးသားရေးသတိ ၊ ဘာသာရေးအသိတွေနဲ့အပြည့် အဝ

အကာအကွယ်ပေးဖို့နေနေသာသာ သူတို့ကိုယ်တိုင်ကတောင် လူမျိုးခြား ဘာသာခြား

တွေနဲ့ညားအောင် ကြားက အောင်သွယ်တော် လုပ်ပေးနေကြတာတွေရှိပါတယ်

          ဒါဟာဘာလည်းဆိုရင် အမျိုးသားရေးစိတ်ဓာတ်ခေါင်းပါးမှု ၊ ဘာသာရေးအသွင်အပြင်

ရဲ့လက္ခဏာတွေကို နားမလည်မှုတို့ကြောင့် ဖြစ်ပါတယ် ။ အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝတဲ့

လူတစ်ယောက်ဟာ အမျိုးပျက်မယ့် လုပ်ရပ်တွေကို ဘယ်တော့မှမလုပ်ပါဘူး ။ အောက်တန်းစား

စိတ်ဓာတ်ရှိတဲ့လူ ၊ စိတ်ပုပ်စိတ်ယုတ်ညံ့ရှိကြတဲ့ လူတွေကသာ လုပ်ကြတာဖြစ်ပါတယ် ။

          မြန်မာလူမျိုးတိုင်း အောက်တန်းစားစိတ်ဓာတ်တွေ မထားကြစမ်းပါနဲ့ ။ အိမ်နောက်ဖေး က

မီးလောင်တာ အိမ်ရှေ့ခန်းနဲ့ဘာမှမဆိုင်သလို ၊ အိမ်တိုင်တစ်လုံးခြပုံးတက်တာ တစ်အိမ် လုံးနဲ့

ဘာမှမဆိုင်သလို အနေကြပါနဲ့ ။ အိမ်နောက်ဖေးကမီးလောင်တာ ၀ိုင်းမငြိမ်းရင် အိမ်ရှေ့ ခန်းပါ

အလောင်ခံရတတ်ပါတယ် ။ အိမ်တိုင်တစ်လုံး ခြပုံးတက်တာ ပေါ့ဆနေရင် တစ်အိမ်လုံး

အကိုက်ခံရမှာ သေချာပါတယ် ။

         ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း တစ်အိမ်လုံးမီးမလောင်ခင် ၊ တစ်အိမ်လုံး ခြပုံးမတက်ခင်

မြန်မြန်ထက်ထက် ကာကွယ်ကြပါတော့လို့ တိုက်တွန်းလိုက်ရပါတယ် ။





 ရှင်ပညောဘာသ

 ( ဖိုးပညော - သပိတ်ကျင်း )         

ဒို့အမျိုးဒို့ဘာသာမကွယ်ပျောက်စေဖို့


/

...............................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား