Saturday, August 1, 2009

အမှန်ကိုသိလိုသော သစ္စာဝါဒီ တိုင်းအတွက်

 

ဗုဒ္ဓမှာ မိမိ အယူကို မှန်ကြောင်း ပြလိုရာ၌ တစ်ပါးသော အယူဝါဒတို့ကို မှားကြောင်း ပုတ်ခတ်ပြောဆိုလေ့

မရှိသည်ကို တွေ့ရှိရပါသည် ။ ဗုဒ္ဓသည် အယူဝါဒတစ်ခု မှန်သည် မှားသည်ကို ပိုင်းခြားဝေဖန် ဆုံးဖြတ်ရန်

စံဆယ်ချက် ရှိကြောင်း ဟောညွှန်ပြခဲ့ဖူးလေသည် ။ ထိုစဉ်က အဖြစ်အပျက်သည် ဗုဒ္ဓ၌ အခြားသော အယူ

ဝါဒကို ချေဖျက်လိုသော ဆန္ဒမရှိကြောင်းကို ထင်ရှားစွာတွေ့ရပါသည် ။

                အင်္ဂုတ္တိုရ် (မြန်မာပြန်) တိကနိပါတ်  ကေသမုတ္တိ သုတ်ကို ဖတ်ရှု လေ့လာရသော အခါမှစ၍ ဗုဒ္ဓ၏

မြတ်လှသော နှလုံးတော် နှင့် ရှင်းလင်းကြည်လင်သော သဘောထားကို သိခွင့်ရခဲ့လေသည် ။

                အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်

၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလာမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံ

စဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။

                " အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့

ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေ

ကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား  ထိပါးကြပါတယ် ၊ မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊

ချေဖျက်ကြပါတယ် ။"

               " အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်

လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး

ရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ ချေဖျက်ကြပါတယ် ။"

                 " အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့

စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် "  လို့ ဗုဒ္ဓကို

ကာလာမပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။

               ထိုအခါ  ဗုဒ္ဓဘုရား က  ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်း

ကိုပြောဆို ညွှန်ပြပြီး အကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် အောက်ပါ

အတိုင်းပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။

             ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာ

မက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့

ရလေသည် ။ ထို အသိပညာတစ်ခု  သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သောအချက် ဆယ်ချက်၏ အရေးပါအရာ

ရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေးလိုပါသေးသည် ။ သို့မှသာ အမှန်ကိုသိလိုသော

သစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော  မီးတိုင် ဆယ်တိုင်

အဖြစ် တည်ရှိ နေပါလိမ့်မည် ။

             ထိုဆယ်ချက်ကား ဤသို့ဖြစ်လေ၏ ။ ဗုဒ္ဓ ဟောကြားပုံမှာ --

" ကာလာမ ပုဏ္ဏားတို့ ၊ သင်တို့ဟာ

(၁)  မာအနုဿဝေန         = တစ်ဆင့်စကား ပြောသံ ကြားကာမျှကို ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်

                                              မယူလေနှင့် ၊ လက်မခံကြလေနှင့် ၊

(၂)  မာပရမ္မရာယ             = ရိုးရာ အစဉ်အလာနှင့် ကိုက်ညီသော စကား ဖြစ်၍လည်း ဟုတ်ပြီ မှန်ပြီ ဟု

                                               ချက်ချင်း အတည်မယူလေနှင့် ၊

(၃)  မာက္ကတိကိရာယ         = ရှေးက ဒီလို ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ( ထုံးတမ်းအစဉ်အလာအရလည်း ) ဟုတ်ပြီ

                                                မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊

(၄)  မာပိဋက သမ္ပဒါနေန   =  ပိဋက ( စာပေ ) နှင့် ( ကျမ်းဂန်နှင့် ) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ

                                                မှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့် ၊

(၅)  မာတက္က ဟေတု           =  မိမိကိုယ်တိုင် တွေးကြံနိုင်ရုံ မျှနှင့်လည်း ( ဆင်ခြင်တုံတရား နှင့် ညီသည်

                                                 ယုတ္တိ ရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊

(၆)  မာနယ ဟေတု              = နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊

(၇)  မာအာကာရ ပရိဝိတက္ကေန   =  အခြင်းအရာကိုကြံစည် စိတ်ကူးပြီး ( သဘောကျရုံဖြင့် ) လည်း ဟုတ်

                                                           ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး )

(၈)  မာဒိဋ္ဌိနိဇ္ဈာန ခန္တိယာ        =  ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒ နှင့် ကိုက်ညီတယ်ဆိုပြီးတော့

                                                      လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊

(၉)  မာဘဗ္ဗရူပ ပတာယ          =  မှတ်ထိုက် ယူထိုက် လက်ခံထိုက် တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ

                                                      မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့် ( မဆုံးဖြတ်နဲ့ဦး ) ၊

(၁၀)  မာသမာဏော နောဂရုတိ  =  ငါတို့လေးစားတဲ့ ရဟန်း ရဲ့စကားဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီ ဟု

                                                           ချက်ချင်း အတည်မယူလေနှင့် ".........  ဟူ၍

               သံသယကင်းရှင်းစွာ အယူဝါဒတစ်ခုကို လက်ခံနိုင်ရန် ဦးစွာ ပယ်ထုတ် အပ်သော အစွဲအလမ်း

ဆယ်ချက်ကို ဟောတော်မူလေသည် ။

                ဤဆယ်ချက်ကို နှစ်ဆယ်ရာစုတွင် ထင်ရှားသော လက်ငင်းအကျိုးကြည့် အယူဝါဒ ရှိသူများ

လည်း မဟောနိုင်ခဲ့ ။ ယုတ္တိနည်းကျ အတွေ့အကြုံအဓိက ၀ါဒီများလည်း မဟောနိုင်ခဲ့ ။ သို့သော် မြတ်ဗုဒ္ဓ

သည် လွန်ခဲ့သောအနှစ် ၂၅၀၀ ကျော်ကပင် တိတိကျကျ ဟောကြား ညွှန်ပြထားခဲ့သည်မှာ အံ့သြဖွယ်

ကောင်းလှပေသည် ။

                  ဤသို့ ပယ်သင့်သော အချက်ကြီးဆယ်ချက် ကို ညွှန်ပြတော်မူရုံမျှ မကသေး ၊ ထိုကာလာမသုတ်

တွင် အယူဝါဒတစ်ခု၏ အမှန်အမှားကို ဆုံးဖြတ်ရာတွင် လူတို့ လိုက်နာသင့်သော စံဥပဒေသတွေကိုလည်း

ချမှတ် ပေးတော်မူလေသည် ။

               "  လူတို့လက်မခံ ပယ်သင့်သော တရားများမှာ အဘယ်သို့သော တရားများဖြစ်သနည်း ။"

ထိုအမေးကိုလည်း ဗုဒ္ဓဘုရား ဖြေတော်မူပါသည် ။

" ကာလာမ ပုဏ္ဏားတို့ ၊ အကြင်တရားတွေဟာ

(၁) မကောင်းတဲ့ အကုသိုလ် တရားတွေ

(၂) အပြစ်ရှိတဲ့ တရားတွေ

(၃) ပညာရှိ သူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မည့် တရားတွေ

(၄) ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာ ဖြစ်တယ် ၊ ဆင်းရဲဖို့အကြောင်း ရှိ

      တယ်လို့ ဆိုရင် အဲဒီ တရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ တစ်ပြိုင်နက် စွန့်ပယ်သင့်တယ် "

            ဤညွှန်ပြချက်တွင်  ဗုဒ္ဓသည် ( မိမိကိုယ်တိုင် သ်မြင်သောအခါ ) ဆိုသော စကားရပ်ကို အထူးပြု၍

ဟောကြားတော်မူထားသည်ကို သတိပြုမိပါသည် ။ ဗုဒ္ဓသည် မိမိအယူဝါဒ အားလုံးကို အနုမာန မျက်ရမ်း

ဆပြိး တွေးခေါ် မြော်မြင်သည့် သဘောဖြင့် ဟောကြားခဲ့သည်မဟုတ် ။ ကိုယ်တိုင်သိမြင်မှု အတွေ့အကြုံ

အပေါ်မှာ တည်၍သာ ဟောတော်မူသည်ကို လည်း သတိပြုမိပါသည် ။

             အတွေ့အကြုံကရသော တရားသည်သာ လက်တွေ့ ဆောက်တည်အပ်သော တရားဖြစ်သည် ကို

လည်း သဘောပေါက်ပြီး ဖြစ်ပါသည် ။                   ။

          ဤကာလာမသုတ်စံဆယ်ချက်ဖြင့် အမှားအမှန် ကို ဝေဖန်ပိုင်းခြားနိုင်ပါစေသတည်း ။

......................................................................................................................................................................................
 

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား