Monday, August 24, 2009

မှန်ကန်သော ဘာသာတရားဟူသည်


.....................................................................................................................................................................................................................


        မြန်မာနိုင်ငံသည်အခြေခံအားဖြင့် သမိုင်းစဉ်ဆက် ဗုဒ္ဓဘာသာနိုင်ငံဖြစ်လာခဲ့သည် ။

ဘိုးတော်မင်းတရားကြီး လက်ထက်လောက်မှစပြီး လူမျိုးခြား ၊ ဘာသာခြားတို့သိသိသာသာဝင်

ရောက်လာကြသည် ။

             မင်းတရားကြီးက ဗလီဆရာဦးနု အမည်ခံသူအား သင်တို့၏ဘာသာအကြောင်းသံတော်

ဦးတင်ရမည်ဟု အမိန့်တော်ချမှတ်၍ ထိုသူက " သံတော်ဦးတင်ကျမ်း " အမည်ဖြင့် အစ္စလာမ်

ဘာသာအကြောင်းကို ဘုရင်မင်းမြတ်အား တင်လျှောက်ခဲ့သည် ။ထို့ကြောင့် ဘုရင်မင်းမြတ်နှင့်

တကွ မှူးကြီးမတ်ရာများ ထို " ဘာသာစိမ်း " အကြောင်း အနည်းငယ် သိခဲ့ရသည် ။

                မြန်မာနိုင်ငံတွင်းသို့ ၀င်လာကြသော လူမျိုးခြား ၊ ဘာသာခြားတို့သည် မြန်မာနိုင်ငံ

ဗုဒ္ဓဘာသာဝင်များအတွင်းသို့ သူတို့ဘာသာ ၀ါဒကို တစ်ဘက်က သွတ်သွင်းကြရင်း တစ်ဘက်

ကဗုဒ္ဓဘာသာအကြောင်းကို လေ့လာကြသည် ။ အထူးသဖြင့် ပြောကွက်ဆိုကွက်တို့ကိုရှာကြ

သည် ။

               သို့သော် ဗုဒ္ဓဘာသာ ရဟန်းရှင်လူ အများစုကြီးမူကား မိမိနိုင်ငံအတွင်းသို့ ထိုးဖောက်

ဝင်ရောက် နေရာယူလာကြသော ဘာသာစိမ်း လူစိမ်း တို့၏ အကြောင်းကို ဂရုတစိုက်မလေ့

လာကြချေ ။ သိအောင်လည်း မလုပ်ခဲ့ကြချေ ။ ပေါ့တီးပေါ့ဆ နေလာခဲ့ကြသည် ။ ထို့ကြောင့်

ကိုယ့်ဘာသာအကြောင်းကို သူတို့သိသော်လည်း သူတို့ဘာသာအကြောင်းကို ကိုယ် မသိ ဖြစ်

ခဲ့ရသည် ။

             မကြာသေးခင်ကမှ သုတေသီတစ်ဦးက ကိုရမ်ကျမ်းနှင့်တကွ ဆိုင်ရာကျမ်းဂန် တို့ကို

လေ့လာခြင်း ၊ ထိုဘာသာစိမ်း လူကြီးတို့ကို ချဉ်းကပ်မေးမြန်းလေ့လာခြင်းဖြင့် အစ္စလာမ်

ဘာသာအကြောင်း သိကောင်းစရာအချို့ကို ဟောပြောခဲ့သည် ။ သူ၏ဟောပြောချက်တိပ်

ခွေသည်လည်း အတော်ပျံ့နှံ့ခဲ့သည် ။ သူ၏ ဟောပြောချက်ကိုလည်း သက်ဆိုင်ရာ ဘာသာ

စိမ်းပုဂ္ဂိုလ်တို့ကလည်း မငြင်းဆန်နိုင်ကြချေ ။

             ဗုဒ္ဓဘာသာအကြောင်းကို လေ့လာကြပါ ၊ ပြောကြပါ ၊ ရေးကြပါ ၊ ကျင့်ကြံအားထုတ်

ကြပါ ဟု ကျွန်ပ်တို့က လက်ယပ်ခေါ် နေကြသည် ။ မှန်ကန်သော ဘာသာတရားဖြစ်၍ သိပ္ပံ

ပညာရှင်တို့၏ စမ်းသပ်မှုကိုပင် ခံယူနိုင်လျက် ရှိနေသည် ။

               ထိုနည်းတူ  တစ်ခြားဘာသာဝင်တို့ကလည်း မိမိတို့ဘာသာမှန်ကန်သည်ဟု သက်ဝင်

ယုံကြည်ထားလျှင် သူတစ်ပါးဆန်းစစ် ဝေဖန်မှုကို ခံနိုင်ရပေမည် ။ "  မလိုခြင်ဘူး ၊ ငါ့ဘာသာ

အကြောင်း ပြောကိုမပြောရဘူး " ဟု တင်းတင်းမာမာ သဘောထားလျှင် တစ်မျိုးအဓိပ္ပာယ်

သက်ရောက်သွားလိမ့်မည် ။

               ကိုယ့်ဘာသာအကြောင်းကို သူတို့သိနေလျှင် ၊ သူတို့ဘာသာ အကြောင်းကိုလည်း

ကိုယ်က  သိအောင် လုပ်ရမည် မဟုတ်ပါလော ။ ဒါကို မလုပ်ထိုက်ဘူးလို့ မည်သူက ပြောသင့်

ပါမည်လဲ ။

              တရားမျှတမှု နိယာမ သဘောဘက်က ကြည့်လျှင် ဘယ်သူ ကမျှ ဤသို့ မပြောထိုက်

ကြောင်း ထင်ရှားလှပါပေသတည်း ။                       ။


No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား