Monday, August 24, 2009

ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ခြင်း



ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

(၁)  အကြောင်းခံ

          သာသနာထွန်းကားရာ  မြန်မာနိုင်ငံသည်  တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ် ( ၁၀၀ ) ခန့်

         သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ် ( ၂၄၉၈ ) နှစ်တွင် သင်္ဂါယနာ တင်ခဲ့ရသည် ။

(၂)  သာသနာနှစ်

        ( ၂၄၉၈ )  နှစ်

(၃)  နေရာ

       မြန်မာနိုင်ငံ   ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ  မဟာပါသာဏလိုဏ်ဂူ

(၄)  ခေါင်းဆောင်

       ညောင်ရမ်းဆရာတော် အရှင်ရေ၀တ
       မဟာစည်ဆရာတော် အရှင်သောဘဏ
       မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ

(၅)  သံဃာဦးရေ

        ရိုးရိုးရဟန်းပေါင်း ( ၂၅၀၀ )

(၆)  မင်း

       ဖဆပလ  ဦးနု  အစိုးရ


--      ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် ( ၁၀၀ ) ခန့် ကြာမြင့်ခဲ့ပြီး  သာသနာတော်

         လွန်စွာညှိုးနွမ်းလာခဲ့သည် ။  သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ( ၂၄၉၈ )  နှစ်တွင်မြန်မာ

         နိုင်ငံ ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူ တွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာ တင်ပြီး သာသနာ

         တော်ကို စောင့်ရှောက်ခဲ့ရသည် ။

--       ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော် နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း ( ၂၅၀၀ )

          တွင် ထေရ၀ါဒနိုင်ငံများဖြစ်သော မြန်မာ ၊ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ ( ၅ ) နိုင်ငံမှ ရဟန်း

          များ ပါဝင်သော သံဃာထု ၊

--        ဖဆပလ ဦးနု အစိုးရ ဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု  စသော ထု ( ၃ ) ထုပူးပေါင်း

           ဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာ

           နိုင်ရန် ပိဋကတ်တော်များကို  စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး

           သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည် ။

--        ယခုအချိန်တွင်  ဗုဒ္ဓသာသနာတော်ပိဋကတ် ( ၃ ) ပုံ စလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့်

           မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ပြီး သာသနာတော် သန့်ရှင်း

           တည်တံ့ ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည် ။


........................................................................................................................................................................................................


ကျေးဇူးသိမှ ကျေးဇူးဆပ်

--   သတ္တ၀ါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ  ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို  မသိ၍

      သာကျေးဇူးကို ပြန်လည် မပေးဆပ်ကြဘဲ လွှင့်မျော ၊ မေ့လျော့ နေခဲ့ကြသည် ။

--    ကျေးဇူးရှင်များ၏ ကျေးဇူး ( ဂုဏ်တော် ) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအားပြန်လည်မပေးဆပ်ဘဲ

      မနေနိုင်ကြတော့ပေ ။

(၁)   ဘုရားရှင်၏ ဘုရားအလောင်း ဘ၀မှ ကျေးဇူးတော်

(၂)   ဘုရားဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော  ကျေးဇူးတော်

(၃)   ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင်သူမြတ်များ

         ပါဝင်သော  သံဃာထု၏  ကျေးဇူးတော်

(၄)   ခေတ်အဆက်ဆက် သာသနာ့အကျိုး ပံ့ပိုးပေးခဲ့သော အာဏာပိုင်  မင်းထု  ၏  ကျေးဇူးတော်

(၅)   သာသနာ့အကျိုး ဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ  ပြည်သူလူထု  ၏  ကျေးဇူးတော်


--       သမိုင်းတစ်လျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံး တို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘ၀ပေါင်း

         မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ၊ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရသော တန်ဖိုးဖြတ်၍ မရနိုင်သော

         ဗုဒ္ဓသာသနာတော် ကို မျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီး ထိန်းသိမ်း      

         စောင့်ရှောက်  ကျေးဇူးဆပ်ရန် လိုအပ်လှပေသည် ။


ယနေ့ခေတ်သာသနာအခြေအနေ

--        သာသနာနှစ် ( ၂၃၅ ) နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄) ပုံ သည် ဗုဒ္ဓသာသနာလွှမ်းမိုး

           ခဲ့ရာမှ  ယနေ့ခေတ်တွင်  ထေရ၀ါဒဗုဒ္ဓသာသနာ သည် (၅) နိုင်ငံသာ ကျန်ပေတော့သည် ။

--         ကမ္ဘာ့လူဦးရေဖြင့် နှိုင်းယှဉ်လျှင်  သန်းပေါင်း ( ၆၁၀၀ ) ခန့် ရှိသော ကမ္ဘာတွင်  သန်းပေါင်း ( ၂၅၀ ) ခန့်သာရှိနိုင်

            ကြောင်း ခန့်မှန်းကြသဖြင့်  ယခင်က ကမ္ဘာ့ဦးရေ၏ ( ၈၀ ) ရာခိုင်နှုန်းမှ ယခု ( ၄ ) ရာခိုင်နှုန်းအထိ ကျဆင်းလာ

            ကြောင်း မှန်းဆကြလေသည် ။

--         မြန်မာနိုင်ငံသည် ထေရ၀ါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ ( ၈၀ ) ရာခိုင်နှုန်းခန့်ရှိ

           သည် ဟုခန့်မှန်းခဲ့ကြသော်လည်း  ထေရ၀ါဒဗုဒ္ဓသာသနာအကြောင်း နားလည်သူ နည်းပါးလှပေသည် ။

--         သို့အတွက်ကြောင့်  ယခုအချိန်တွင် သံဃာထု အပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစား

            ဆောင်ရွက်နေကြပြီဖြစ်သော်လည်း ပြည်သူလူထုအပိုင်းမှ ကြိုးစားဆောင်ရွက်မှုလွန်စွာအားနည်းနေပေသည် ။


ဘုရားသာသနာအကျင့်နှစ်ဖြာ


--         ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်

          (၁)  ပရိယတ္တိသာသနာသည်  တရားဟော ၊ တရားပြ ၊ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း ( စာသင်တိုက်များ ၊

                တရားပွဲများ ) နှင့်

           (၂)  ပဋိပတ္တိသာသနာ သည် မိမိဗဟုသုတဖြင့် သိရသော စစ်မှန်သော တရားတော်များကို ခန္ဓာတွင်းမှာ သိမြင်လာ

                 အောင်  ကိုယ်တိုင်ရှုမှတ် ၊ လေ့ကျင့်ရသော လုပ်ငန်း ( ၀ိပဿနာရိပ်သာများတွင် အားထုတ်ခြင်း ) များကိုသာ

                 အကျင့်  ( ၂ ) ဖြာ ဟု ခေါ်ဆိုရပေမည် ။

သမိုင်းကြောင်းမှ အားနည်းချက်များ

၁။  ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများ ကို သိမြင်နားလည်မှု အားနည်းခြင်း

၂။  ဗုဒ္ဓ ၏အလိုတော်ကျသည် မိမိခန္ဓာမှာ တရားတွေ့နိုင်ရေး ကျင့်ဖို့ အဓိက ဆုံးမခဲ့သော်လည်း

       ခန္ဓာကိုယ်တွေ့ကျင့်ကြံရှုမှတ်မှု  နည်းပါးခဲ့ခြင်း

၃။  သာသနာပြုလုပ်ငန်းသည်  အများအကျိုးသယ်ပိုး သည့် လုပ်ငန်းဖြစ်သော်လည်း  မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူ

      များပြားနေခဲ့ခြင်း

၎။  သာသနာပြုလုပ်ငန်းသည်  တစ်ဦးတစ်ယောက်တည်း အနည်းစုဖြင့် လုပ်၍မရ ။ သာသနာဝင်အားလုံး အများစုမှ

       ပူးပေါင်းဆောင်ရွက်ရန်  အားနည်းနေခြင်း

၅။  သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်  ကြုံသလို လုပ်၍မရ ။ အမြော်အမြင်ကြီးမားစွာဖြင့်

       ရေရှည်စီမံကိန်းများ ရေးဆွဲပြီး ဆောင်ရွက်ရန်  အားနည်းနေခဲ့ခြင်း

အားနည်းချက်ကိုပြုပြင်ကြပါစို့

ဗုဒ္ဓ သာသနာဝင် အားလုံးတို့ရေ........

၁။  ထေရ၀ါဒဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများကို  အနည်းဆုံး  အနှစ်ချုပ်  များ သိမြင် နားလည်လာအောင်

      ဆောင်ရွက်ကြရန်

၂။  ဗုဒ္ဓ အလိုတော်ကျ မိမိသိသောတရားများကို  မိမိခန္ဓာမှာ ကျင့်ကြံရှုမှတ်  ကြရန်

၃။  သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော်အကျိုးတစ်ခု

      တည်းသာ  ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်

၎။  ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် လူတိုင်းတွင် တာဝန်ရှိပြီး

      သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်လာနိုင်ရေး စည်းရုံးကြရန်

၅။  သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှ လိုအပ်သော အင်အား

       များ စုစည်းပြီး ရေရှည်စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက်ကြရန် ။

အင်အား ( ၅ ) အား အမြဲဖြည့်ထား

၁။  ဓမ္မအား

      ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်း  စစ်မှန်သော ဓမ္မကျွှိုန်တိုရှင်း နည်းလမ်းဖြင့် စုထားသော တရားဓမ္မအင်အား

၂။  လူအား

      အယုတ် ၊ အလတ် ၊ အမြတ်  လူတန်းစားမရွေး သူတောင်းစား ၊ အရူးပါ မကျန် စုစည်းထားသော လူအင်အား

၃။  ဓနအား

      သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ၊ ပစ္စည်းဥစ္စာအား ရှိသော ပုဂ္ဂိုလ်များ၏ အင်အား

၎။  အာဏာအား

      အစိုးရမင်းများ၏ ပံ့ပိုးကူညီ  စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသော အင်အား

၅။  အကြံဥာဏ်အား

      သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြက်သော အကြံဥာဏ်ပေးနိုင်သောပုဂ္ဂိုလ်များ၏

      အင်အား ။

သာသနာပြုကြရအောင်

ဗုဒ္ဓသာသနာဝင်အပေါင်းတို့ရေ...........

--      ဗုဒ္ဒ၏အဆု့းအမ တရားတော်များအား မိမိခန္ဓာကိုယ်တွင်းမှာ ထိုးထွင်းသိပြီးလင်းထိန်နိုင်ရန် လည်းကောင်း ။

--      မိမိခန္ဓာမှာ တရားတွေ့ပြီးနောက်  တစ်ပါးသောသတ္တ၀ါများ အားလုံးကိုလည်း မိမိသိသလို မြင်သလို သိမြင် လာနိုင်

         ရေး ကူညီပံ့ပိုးနိုင်ရန်လည်းကောင်း ။

--      ကျေးဇူးကြီးမားလှတဲ့ ဗုဒ္ဓသာသနာတော်ကြီး အနန္တစကြာဝဠာ မှာအလင်းဆုံးဖြစ်သော နေမင်းကဲ့သို့ ထွန်းလင်းနိုင်

         ရန်လည်းကောင်း ရည်ရွယ်ကြပြီးလျှင် မိမိအကျိုး ၊ အများအကျိုး သယ်ပိုးဆောင်ရွက်ကြဖို့ ကာယကံ ၊ ၀စီကံ ၊

         မနောကံ ( ၃ ) ပါး တို့တွင် မိမိဆောင်ရွက်နိုင်သော ကံတို့ဖြင့် အချိန်ရှိတိုင်း ဗုဒ္ဓသာသနာဝင် အားလုံးတို့မှ မိမိတို့

         တစ်ပိုင်တစ်နိုင် ပံ့ပိုးကူညီကြမည်ဆိုလျှင်

         ( သာသနာတော်ကြီး လင်းထိန်သကဲ့သို့ အနန္တသတ္တ၀ါအားလုံးတို့သည် ချမ်းသာ အစစ်သို့ မလွဲမသွေ ရရျိနေမည်

           ဖြစ်ပေသည် ။ )



                                  ဗုဒ္ဓမြတ်စွာသာသနာ      ရောင်ဝါနေ      သို့  လင်းစေသောဝ်

                                   ဗုဒ္ဓမြတ်စွာသာသနာ      ခန္ဓာတွင်း         မှာ လင်းစေသောဝ်

                                   ဗုဒ္ဓမြတ်စွာသာသနာ       ခန္ဓာတိုင်း        မှာ လင်းစေသောဝ်



ဤတွင်ဗုဒ္ဓသာသနာအနှစ်ချုပ်ပြီး၏ ။            ။






သန့်တည်ပွားတစ်ခဏဖြစ်ရ လူ့ဘ၀အနှစ်ပြည့်အောင်ကြိုးစားကြ
ဗုဒ္ဓသာသနာအနှစ်ချုပ်

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား