Monday, August 24, 2009
သတ္တ၀ါသည် သေသည့်၏နောက်၌
သတ္တ၀ါသည် သေသည်မှ နောက်၌  ဖြစ်သည်လည်း ရှိ  မဖြစ်သည်လည်း ရှိပုံကို အင်ဒိုနီးရှား
ပြည်တွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး တရားဟောတော်မူစဉ် အခါက
အင်ဒိုနီးရှားပြည်သား တို့က မေးသော အမေးကို မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြား
သောအဖြေများမှာ မှတ်သားဖွယ်ကောင်းလှ၏ ။ အမြင်ရှုပ်ထွေး နေသူများအတွက် အမြင်
အလင်း ကို ဆောင်နိုင်သောကြောင့် ဤတွင် ဖော်ပြသင့်သည် ထင်ပါ၏ ။
                ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်သည် ။        
မေး ။     ။  တရားအားထုတ်လျှင် ရှေးဘ၀ နောင်ဖြစ်မည့် ဘ၀တွေကို သိမြင် နိုင်ပါသလား ။
ဖြေ ။     ။   သိမြင်နိုင်တာလည်းရှိပါတယ် ။ မသိ မမြင် နိုင်တာလည်းရှိပါတယ် ။ ဘယ်လိုလဲ
ဆိုလျှင်  သမထ ဘာဝနာ ကို အားထုတ်လျှင် ဈာန်ရိုးရိုး လောက် ရတာလည်းရှိပါတယ် ။
အဘိညာဉ်ပါ ရတာလည်း ရှိပါတယ် ။ ၀ိပဿနာ ဘာဝနာ အားထုတ်လျှင်လည်း မဂ်ဖိုလ်
လောက်သာ ရတာလည်း ရှိပါတယ် ။ အဘိညာဉ် ပါ ရတာလည်း ရှိပါတယ် ။ ဒီပုဂ္ဂိုလ် တွေထဲ
မှာ အဘိညာဉ် ခေါ် တဲ့ ဥာဏ်ထူး များ ကိုပါ ရသူဟာ ရှေးဘ၀ နောက်ဘ၀ တွေကို သိမြင်
နိုင်ပါတယ် ။ ဈာန် မဂ်ဖိုလ် လောက်သာ ရတဲ့ ပုဂ္ဂိုလ် ကတော့ မသိ မမြင် နိုင်ပါဘူး ။
မေး ။       ။ လူ့ဘ၀ က သေပြီးတဲ့နောက်မှာ တစ်ဖန် ဘ၀ သစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါ
                   သလား ။ ဘယ်လိုဖြစ်ပါသလဲ ။
ဖြေ ။        ။  လောဘ ဒေါသ စသော ကိလေသာ မကင်းသေးတဲ့ သူဟာ သေပြီးတဲ့နောက်မှာ
ဘ၀သစ်ဖြစ်ရပါတယ် ။
                      ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုယ် ကို မှီပြီး တော့ တစ်ခုပြီးတစ်ခု မပြတ်ဖြစ်
နေတယ် ။ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ်သစ်လာပြီး လင်းနေသလိုပါပဲ ။
အကယ်၍ ဗတ်သီး ( မီးလုံး ) က ပျက်သွားလျှင် အဲဒီ ဗတ်သီး (မီးလုံး ) ထဲမှာ မီးမလင်းတော့
ဘူး ။ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ ။ အဲဒီ ပျက်နေတဲ့မီးလုံး
ကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်၇င် အဲဒီ မီးလုံး အသစ်ထဲမှာ မီးဟာ ယခင်
ကလိုပဲ လင်းမြဲ လင်းနေပြန်ပါတယ် ။ ဒါလိုပဲ ရုပ်ကိုယ် အဟောင်းက ပျက်သွားတဲ့အခါမှာ
စိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး ။ အဲဒါကို သေတယ်လို့ခေါ်ကြပါတယ် ။ဒါပေမယ့်
စိတ်ကတော့ လုံးလုံး ပျောက်သွားတာ မဟုတ်ပါဘူး ။ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်
ပြန်တယ် ။ မီးလုံး အသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ ။
                   ဆက်လက်ပြီးဖြစ်ပေါ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲလမ်း
ပြီး မပြတ်ဖြစ်နေတယ် ။ အာရုံ ကို လုံးလုံး စွန့်လွှတ် မေ့ပျောက် မပစ်နိုင်ဘူး ။ သစ်ပင်ပေါ်က
မျောက်ဟာ သစ်ကိုင်းကို လုံးလုံး စွန့်လွှတ် မထားနိုင်သလိုပဲ ၊ ဒါကြောင့် သေခါနီးမှာ ကိုယ်
ပြုခဲ့တဲ့ အမှုကိစ္စ တစ်ခုခု ကို စွဲလမ်းနေရင်းနဲ့သေသွားတယ် ။သေတယ်ဆိုတာကလည်း
လက်ရှိ ရုပ်ဟောင်းထဲမှာ စိတ်အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ ။ ပြတ်စဲသွားတာကို
ခေါ်ပါတယ် ။ ဒီလိုပြတ်စဲသွားတဲ့အခါမှာ သေခါနီး စွဲလမ်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့
ရုပ်ကိုယ်အသစ်ထဲမှာ စိတ်အသစ်ဖြစ်ပေါ်လာပါတယ် ။အဲဒါကို ဘ၀ အသစ်ဖြစ်တယ်လို့
ခေါ်ပါတယ် ။
                   ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ပဲ
စွဲလမ်းနေတာနှင့်တူပါတယ် ။အလှူပေးခြင်း စသော ကောင်းမှုကိုစွဲလမ်းပြီး သေလာခဲ့လျှင်
မြင့်မြတ်တဲ့ ဘ၀ မှာဖြစ်ပါတယ် ။ သတ်ဖြတ်ခြင်းစသော မကောင်းမှုကိုစွဲလမ်းပြီးသေလာခဲ့
လျှင် ယုတ်ညံ့တဲ့ ဘ၀ မှာ ဖြစ်ပါတယ် ။ ဒီလိုဖြစ်တာကို ကုသိုလ်ကံ က ကောင်းကျိုးပေးတယ်
အကုသိုလ် ကံ က မကောင်းကျိုးပေးတယ် လို့ခေါ်ရပါတယ် ။ ကံ ဆိုတာ ပြုမှုပဲ ၊ ပြုတာရှိလျှင်
တန်ပြန်မှုရှိတယ် ။ တောအုပ်ထဲ မှာဖြစ်စေ ၊ လိုဏ်ခေါင်းထဲမှာဖြစ်စေ  ဟေး  လို့ အော်လိုက်
ရင် အဝေကနေပြီး  ဟေး  ဆိုတဲ့ ပဲ့တင်သံ ပြန်လာပါတယ် ။ မြေကြီးပေါ်ကို ဘောလုံးပေါက်
လိုက်ရင် အထက်ကိုပြန်တက်လာတယ် ။ တစ်စုံတစ်ခုကို တုတ် နှင့် ရိုက်လိုက်ရင် အရိုက်ခံရ
တဲ့ ၀တ္ထု က အသံမြည်လာတယ် ။ ဒါတွေ ဟာ တန်ပြန်မှု တွေပဲ ။
                အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ် ၊ အချိုမျိုးစေ့စိုက်လျှင် အချိုသီး သီး
တယ်၊ ခွေးကို ခဲ နှင့် ပေါက်လျှင် အဲဒီ ခွေးကပြန်ဟောင်တယ် ၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီး
ကျွေးလျှင် အဲဒီခွေး က အမြီးနှံ့ပြီး အရိုအသေပြုတယ်၊ လူတစ်ယောက်ကိုဆဲလိုက်လျှင်အဲဒီ
လူက ပြန်ဆဲတတ်တယ် ။ ပြုံးရွှင်ပြီး ချိုချိုသာသာ နှင့် နှုတ်ခွန်းဆက်လျှင် အဲဒီလူကလည်း
ပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ် ။ ဒါတွေလည်း တန်ပြန်လာတဲ့အကျိုး
တွေပဲ ။
                   ထို့အတူ ကောင်းသောပြုမူရှိလျှင် ကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။
မကောင်းသောပြုမှုရှိလျှင် မကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။ ဒီနည်းဖြင့်
သတ္တ၀ါ တွေဟာ ကိလေသာ မကင်းသေးသမျှ ကာလပတ်လုံး တစ်ဘ၀က သေပြီးလျှင်
အခြား ဘ၀မှာ မိမိပြုထားတဲ့အမှု ကံ အားလျော်စွာ အသစ်ဖြစ်ဖြစ်သွားပါတယ် ။
ကိလေသာတွေ လုံးဝ ကင်းစင်သွားပါတယ် ။  အဲဒီလို ကိလေသာ လုံးလုံးကင်းစင်သွားတဲ့
ရဟန္တာပုဂ္ဂိုလ် မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘ၀သစ် မဖြစ်ရတော့ပဲ အစဉ်
ထာဝရ ငြိမ်းအေး သွားပါတယ် ။
မေး ။             ။ နောက်ဘ၀ ဘယ်မှာဖြစ်မယ် ဆိုတာသိပါသလား ။
ဖြေ ။              ။  ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး ။ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်
အရ  ကိလေသာ မကင်းသေးလျှင် ဘ၀သစ် ဖြစ်ဦးမယ် လို့တော့ ပြောနိုင်ပါတယ် ။သီဟိုဠ်
မှာလည်း ဖြစ်နိုင်ပါတယ် ၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ် ၊ အင်ဒိုနီးရှားမှာလည်း
ဖြစ်နိုင်ပါတယ် ။ ဥရောပ အမေရိကန် တို့မှာလည်း ဖြစ်နိုင်ပါတယ် ။ဗုဒ္ဓဘာသာတရားတော်
အရ ဘယ်နိုင်ငံက လူမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်ဘာသာ အယူရှိတဲ့ လူပဲ ဖြစ်ဖြစ် ကောင်းမှု
ကုသိုလ်ကံ ရှိလျှင်  ကိုယ်ဖြစ်လိုရာ နိုင်ငံ ၊ ကိုယ်ဖြစ်လိုရာ အရပ် မှာဖြစ်နိုင်ပါတယ် ။
( အင်ဒိုနီးရှား မှာ ဖြစ်ဖို့တော့ နီးစပ်ပါတယ် ဟု  အရှင်ပီယဒဿီ  က နိဂုံး သတ်လိုက်သော
အခါ ပြုံးရယ်ကြသည် ။ )
               ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အင်ဒိုနီးရှားပြည်သူများ မေး
သော အမေးကို ဖြေရှင်းတော်မူသော အချက်သည် ခေတ်အမြင် ၊ ခေတ်အသိ ဖြင့် ဖြေရှင်း
တော်မူသည် ဖြစ်ရာ ခေတ်လူ များအဖို့ အလွန်ရှင်းလင်း ပြီး သိလွယ်လှပါပေတကား ။     ။
............................................................................................................................................................
ဆန်းလွင်ရတနာသုံးပါးကို ကိုးကွယ် ယုံကြည်ဆည်းကပ်လာသူတစ်ယောက်အကြောင်း
စာ -၄၄၃ -၄၄၄
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား