စသော အကြောင်းများစွာ ရှိပါသည် ။ တစ်ကယ်တမ်း သေခြင်းကိစ္စကို အာရုံပြုသူများအဖို့ သေမည့်နေ့ကို ကြိုတင်သိမြင်နိုင်သည် ဆိုသောအချက်သည် ထင်ရှားလျက်ရှိပါသည် ။ ဤတွင် သေမည့်နေ့ကို ကြိုတင်သိအပ်သလား ဆိုသော ပုစ္ဆာကို ဖြေဆိုရာတွင် ပုထုဇဉ်နှင့် အရိယာ သဘာဝ ကွဲပြားမှုအလိုက် အဖြေလည်း ကွဲပြားနိုင်ပါသည် ။ ဘ၀၌ တပ်မက်စွဲလမ်းခြင်းကြီး သော ၊ သက္ကာယဒိဋ္ဌိကြီးသော တဏှာ ၊ မာန ၊ ဒိဋ္ဌိ ဟူသော သံသရာနယ်ချဲ့ ပပဉ္စတရားများကို အထင်ကြီးသော ပုထုဇဉ်သည် သေမည့်နေ့ကို ကြိုတင်သိခြင်း၏ အကျိုးကို မြင်နိုင်မည် မဟုတ်ပေ ။ သို့ရာတွင် ရုပ်နာမ်ခန္ဓာတို့၏ အပြစ်ကို မြင်ပြီးသော ၊ ဘ၀ ၏ အနိစ္စသဘော ၊ ဒုက္ခသဘော ၊ အနတ္တ သဘော ကိုမြင်ပြီးသော အကြင်အရိယာနွယ်ဝင် ကလျာဏပုထုဇဉ် တို့အဖို့မူ သေမည့်နေ့ကို ကြိုတင် သိခြင်းကို မြတ်နိုးလေ့ရှိ၏ ။ သီလ ၊ သမာဓိ ၊ ပညာကို ဆောက်တည်ခြင်းဖြင့် သေမည့်ကာလကို ငြိမ်သက်တည်ကြည်စွာ ရင်ဆိုင်နိုင်ရန် အားထုတ်လေ့ရှိ၏ ။ ထိုပုဂ္ဂိုလ်များအဖို့မူ သေမည့်နေ့ကို ကြိုတင်သိခြင်းကိုလည်း အလို ရှိ၏ ။ သိသည်လည်း ဖြစ်၏ ။ ဘုရား ၊ ပစ္စေကဗုဒ္ဓာ ၊ ရဟန္တာ အရှင်မြတ်ကြီးများကား သေမည့်နေ့ ၊ သေမည့်အချိန်ကို ကြိုတင်သိပြီးသူများ ဖြစ်ကြကုန်၏ ။ သေမည့်အချိန်ကို ကြိုတင်သိမြင်သော ပုဂ္ဂိုလ် များစွာတို့အကြောင်းကို ကျမ်းဂန်၌ ထင်ရှားပြဆိုထား၏ ။ ထို့ကြောင့် စိတ်ရောဂါဆေးပညာရှင်- ဒေါက်တာအဲလိဇဘက်ကူဘလာရော့စ် ၏ တွေ့ရှိချက်သည် အထောက်အထားများစွာရှိသော တွေ့ရှိ ချက် ဟု ဆိုနိုင်မည် ထင်ပါ၏ ။ ကျမ်းကိုး -
............................................................................................................................................................................................................................... |

No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား