Wednesday, September 2, 2009

နတ်နှင့်ပတ်သက်သည့် သြ၀ါဒ

           တောင်မြို့ ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ဆိုလျှင် ကျွန်တော်တို့

မြန်မာနိုင်ငံတွင် မသိသူ မရှိသလောက် ရှားပေသည် ။ ဆရာတော်၏ ကျောင်းတိုက်ကြီးမှာ မြန်မာ

နိုင်ငံတွင် စံပြကျောင်းတိုက်ကြီးအဖြစ် အသိအမှတ်ပြုထားကြပြီး  ဘာသာရေးဆိုင်ရာ လေ့လာလို

သည့် နိုင်ငံခြားသားများအား လိုက်လံပြသကြရသည့် ကျောင်းတိုက်ကြီး ဖြစ်လေသည် ။

               ဆရာတော်သည် ကျောင်းတိုက်ကြီးကို တည်ထောင်ရာတွင် စာသင်သားများအား

စိတ်ကောင်းရှိဖို့ ၊ ၀ိနည်းလေးစားဖို့ ပဓာန ရှေ့တန်းတင်၍ တည်ဆောက်ထားခြင်း ဖြစ်လေသည် ။

ဝိနည်းလေးစားရုံသာမက ကျမ်းဂန်တတ်မြောက်သည်မှာလည်း နှစ်ဆယ်ရာစု အရှင်ဗုဒ္ဓဃောသ ဟု

ပြောစမှတ်ပြုလောက်သည့် ဆရာတော်ဖြစ်ပေသည် ။ထို့အပြင်ဆရာတော်သည်တပည့်ရဟန်းသံဃာ

များ ၊ ဒကာ , ဒကာမများ အသိဥာဏ်တိုးပွား၍ ယဉ်ကျေးလိမ်မာစေခြင်းငှာ ရတနာသုံးပါးအား ကြည်

ညို ကိုးကွယ်တတ်စေရန်အလို့ငှာ အခါအားလျော်စွာ ဆုံးမ သြ၀ါဒများ ပေးလေ့ရှိပါတယ် ။ ယင်းဆုံးမ

သြ၀ါဒများအနက် ကိုးကွယ်မှု မှန်ကန်ရေးအတွက် ပေးတော်မူသည့် ဆုံးမသြ၀ါဒများကို လေ့လာ

ကောက်နှုတ် တင်ပြလိုပါသည် ။

                                               နတ်နှင့်ပတ်သက်သည့် သြ၀ါဒ

               မြန်မာနိုင်ငံတွင် နှစ်စဉ် ၀ါခေါင်လတွင် တောင်ပြုန်းနတ်ပွဲ နှင့် ရတနာ့ဂူနတ်ပွဲ ကျင်းပနေပါ

သည် ။ ယင်းနတ်ပွဲများသို့ မြန်မာပြည် အနယ်နယ်အရပ်ရပ် မှ သွားနေကြ၏ ။ အချို့ မိရိုးဖလာအဖြစ်

ဖြင့် သွားကြခြင်းဖြစ်၏ ။ အချို့စီးပွားတက်သည်ဟု ယုံကြည်ကြ၍ , အချို့ အပျော်သွားလို၍ သွားကြ

ခြင်းဖြစ်သည် ။ မိုးကုတ်မြို့ ၊ ခါတော်မှီကျောင်းဆရာတော် ဦးပညိန္ဒာဘိဝံသ ကမူ ယင်းနတ်ပွဲများကို

" မြန်မာပြည်၏ ဘာသာရေးလောကကို အရုပ်ဆိုး အကျည်းတန်စေသော အမည်းကွက်ကြီးများ " ဟု

မိန့်ဆိုခဲ့လေသည် ။

                 ယင်းနတ်ပွဲများနှင့် ပတ်သက်၍ ဆရာတော် အရှင်ဇနကာဘိဝံသ က တပည့်ရှင်ရဟန်းများ

အား အောက်ပါအတိုင်း သြ၀ါဒ ပေးခဲ့ပါသည် ။

              " အခုလူတွေ နတ်ပွဲလာကြတာ ကုသိုလ်ရချင်လို့ ဟုတ်ပါ့မလား ။ မဟုတ်ပါဘူး ၊ တဏှာယား

လို့ လာကြတာပဲ ။ ဟုတ်တယ် မဟုတ်လား ။ မကောင်းဘူး ၊ ကိုရင်တို့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကို နတ်ပွဲ

တွင်း မလာကြနဲ့လို့ ပြောထားကြ ။ တော်တော်ကြာ အနူယားထဲ ပါသွားကြမယ် ။ တို့ ဒီက ခုလိုတရား

စကားနဲ့ ပြောဆိုနေတော့ နတ်ပွဲ နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ တစ်ကယ်တော့ လူတွေဟာ

အနူရူး , ရူးနေကြတာပဲ " လို့ မိန့်ကြားခဲ့ပါတယ် ။





..........................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား