Friday, September 11, 2009

ဆင်ခြင်သုံးသပ်မှုကို ပိတ်ပင်တားဆီးတတ်သော အစွဲ ( ၂ ) ခု

ဆင်ခြင်သုံးသပ်မှုကို ပိတ်ပင်တားဆီးတတ်သော အစွဲ ( ၂ ) ခု


                 ဥရောပတိုက်၌ ဘာသာတရားကိုအကြွင်းမဲ့ယုံကြည်သော ရှေးအခါက ဘာသာတရားနှင့်

ဆန့်ကျင်ဘက်စကားပြောသော သိပ္ပံပညာရှင်များသည် နှိပ်ကွပ်ခြင်းခံကြရ၏ ။ ဘာသာရေး

အယူသီးမှုကြောင့် ဘာသာရေးစစ်ပွဲကြီးများ ဖြစ်ပွားခဲ့၏ ။ ဗုဒ္ဓ၀ါဒသမိုင်း၌ ဘာသာရေးစစ်ပွဲ

များ မရှိဘဲ ဘာသာရေး စိတ်သဘောထားကြီးမှုအတွက် အသောကမင်း ကဲ့သို့သော ကမ္ဘာ့စံပြု

ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့၏ ။ စင်စစ် ဘာသာရေးစိတ်သဘောထားကြီးမှုသည် ဗုဒ္ဓ အလေးအနက်

ဟောခဲ့သော တရားဖြစ်၏ ။

                " ရဟန်းတို့ ၊ သူတစ်ပါးတို့က ငါ၏ အပြစ်ကို ဖြစ်စေ ၊ တရား၏ အပြစ်ကို ဖြစ်စေ ၊

သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြသောကြောင့် သင်တို့ အမျက်ထွက်မည် ၊ နှလုံးမသာမည်

ဖြစ်လျှင် သင်တို့အားသာ အန္တရာယ်ဖြစ်၏ ။ သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း ၊

စကားဆိုးကို သိနိုင်ကြမည် မဟုတ် ။ " ( ဒီဃနိကာယ် ၊ ဗြဟ္မဇာလသုတ် )

               အကယ်၍ ကျွန်တော်တို့ ခံယူထားသော ဗုဒ္ဓ၀ါဒသည် မှန်ကန်သည် ဟု စွဲစွဲမြဲမြဲ ယုံ

ကြည်ပါက သူတစ်ပါး၏ ဝေဖန် စိစစ်မှုကို ခံနိုင်ရပေလိမ့်မည် ။ ထိုသို့ ခံနိုင်ရည်ရှိရန် ယုံကြည်

ချက်သည် မိမိကိုယ်တိုင် သေချာစွာ လေ့လာမှု ၊ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှုကို ပိတ်ပင်

တားဆီးတတ်သော အစွဲ နှစ်ခုကို သတိပြုသင့်၏ ။

                  ပထမအစွဲမှာ ၀ါဒစွဲ ဖြစ်၏ ။ အချို့လူတို့သည် ဗုဒ္ဓ၀ါဒကို လေ့လာသောအခါ မိမိတို့၏

မူလရှိရင်းစွဲ ၀ါဒကို ပိဋကတ်ကျမ်းဂန်များထဲ၌ မြင်နေတတ်ကြ၏ ။ သို့ဖြစ်၍ အချို့ ကွန်မြူနစ်

များက ဗုဒ္ဓ၀ါဒကို ရုပ်ဝါဒ ဖြစ်သည် ဟု ပြောဆိုကြသည် ။ အချို့ ဗုဒ္ဓ၀ါဒီ တို့မှာမူ ဟောကြားထား

သော တရားများထဲမှ တစ်ခုတည်းသော တရား - ဥပမာ - အနန္တတရား ( သို့မဟုတ် ) ကမ္မ၀ါဒကို

အစွဲဥပါဒါန် ဖြစ်နေတတ်ကြ၏ ။

            " ရဟန်တို့ ၊ သင်တို့သည် ဤအယူသည်သာ မှန်၏ ၊ အခြားအယူအားလုံးသည် အချည်းနှီး

သာတည်း ဟု မစွဲမှတ်သင့် "

            ဤသည်မှာ ပိဋကတ်စာပေ၌ ထပ်တလဲလဲ တွေ့ရသော ဗုဒ္ဓ၏ သတိပေးချက်ဖြစ်၏ ။

ဤ၀ါဒနဲ့အညီ ဗုဒ္ဓဓမ္မကို လေ့လာရာ၌ အသိအမြင် အမျိုးမျိုးဖြင့် ဝေဖန်ရေးသားထားသော

ဗုဒ္ဓကျမ်းစာအုပ်များကို ဖတ်ရှုသင့်၏ ။ အချို့စာအုပ်များကို မိမိ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်

သည်ဆိုပြီး ပစ်ပယ် မထားသင့်ချေ ။

                 သို့ရာတွင် မည်ကဲ့သို့သော စာပေကျမ်းဂန်ပင်ဖြစ်စေ ရေးသားသောပုဂ္ဂိုလ်၏

အသိပညာကြွယ်ဝမှု ၊ ထင်ပေါ်ကျော်ကြားမှု စသည်တို့ကို အကြောင်းပြု၍ ပုဂ္ဂိုလ်စွဲသက်သက်

ဖြင့် မလေ့လာသင့်ချေ ။ ဤပုဂ္ဂိုလ်စွဲသည် စဉ်းစားဆင်ခြင်ဥာဏ်ကို ပိတ်ဖုံးတတ်သော ဒုတိယ

အစွဲဖြစ်၏ ။ မိမိအား ကြည်ညိုမှုသက်သက်ဖြင့် မိမိ၏တရားကို လက်ခံခြင်းမပြုရန် မိန့်ကြား

သော ဗုဒ္ဓ၏စကားအရ ဗုဒ္ဓဓမ္မသည် ပုဂ္ဂိုလ်စွဲနှင့် မည်မျှ ဆန့်ကျင်ကြောင်း ထင်ရှား၏ ။ သို့ဖြစ်စေ

ကာမူ ဗုဒ္ဓ၀ါဒီတို့သည် အများအားဖြင့် မစဉ်းစား မဆင်ခြင်ပဲ အကြွင်းမဲ့ လက်ခံ ယုံကြည်တတ်ကြ

၏ ။                   ။

...................................................................................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား