Wednesday, September 2, 2009

တန်ခိုးပြမှုနဲ့ ပတ်သက်သည့် သြ၀ါဒ

                      တောင်မြို့ ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ဆိုလျှင် ကျွန်တော်တို့

မြန်မာနိုင်ငံတွင် မသိသူ မရှိသလောက် ရှားပေသည် ။ ဆရာတော်၏ ကျောင်းတိုက်ကြီးမှာ မြန်မာ

နိုင်ငံတွင် စံပြကျောင်းတိုက်ကြီးအဖြစ် အသိအမှတ်ပြုထားကြပြီး  ဘာသာရေးဆိုင်ရာ လေ့လာလို

သည့် နိုင်ငံခြားသားများအား လိုက်လံပြသကြရသည့် ကျောင်းတိုက်ကြီး ဖြစ်လေသည် ။

               ဆရာတော်သည် ကျောင်းတိုက်ကြီးကို တည်ထောင်ရာတွင် စာသင်သားများအား

စိတ်ကောင်းရှိဖို့ ၊ ၀ိနည်းလေးစားဖို့ ပဓာန ရှေ့တန်းတင်၍ တည်ဆောက်ထားခြင်း ဖြစ်လေသည် ။

ဝိနည်းလေးစားရုံသာမက ကျမ်းဂန်တတ်မြောက်သည်မှာလည်း နှစ်ဆယ်ရာစု အရှင်ဗုဒ္ဓဃောသ ဟု

ပြောစမှတ်ပြုလောက်သည့် ဆရာတော်ဖြစ်ပေသည် ။ထို့အပြင်ဆရာတော်သည်တပည့်ရဟန်းသံဃာ

များ ၊ ဒကာ , ဒကာမများ အသိဥာဏ်တိုးပွား၍ ယဉ်ကျေးလိမ်မာစေခြင်းငှာ ရတနာသုံးပါးအား ကြည်

ညို ကိုးကွယ်တတ်စေရန်အလို့ငှာ အခါအားလျော်စွာ ဆုံးမ သြ၀ါဒများ ပေးလေ့ရှိပါတယ် ။ ယင်းဆုံးမ

သြ၀ါဒများအနက် ကိုးကွယ်မှု မှန်ကန်ရေးအတွက် ပေးတော်မူသည့် ဆုံးမသြ၀ါဒများကို လေ့လာ

ကောက်နှုတ် တင်ပြလိုပါသည် ။

                  တန်ခိုးပြမှုနဲ့ ပတ်သက်သည့် သြ၀ါဒ

     ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်က ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးသပိတ်ကို ရှင်ပိဏ္ဍောလ

တန်ခိုးပြ၍ ယူခဲ့ဖူးသည် ။ နာလန္ဒမြို့သား ကေ၀ဋ်သူဌေးက ရဟန်းတော်များအား တန်ခိုးပြခိုင်းဖို့

တောင်းပန် လျှောက်ထားဖူး၏ ။ ယင်းတို့ကို ဘုရားရှင်က ကဲ့ရဲ့ ရှုတ်ချ၍ တားမြစ်တော် မူခဲ့၏ ။ ယင်း

တန်ခိုးပြမှု နှင့် ပတ်သက်၍ ဆရာတော်က အောက်ပါအတိုင်း သြ၀ါဒ ပေးတော်မူပါသည် ။

                      " ဈာန်ပျံတယ်ဆိုတာ အဘိညာဉ်ရဲ့ အစွမ်းမျှသာ ဖြစ်တယ် ။ ဈာန်ပျံ၍ ပြပြနေလျှင်

ဂန္ဓာရီဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် တို့လောက်သာ အံ့ဖွယ် အဖြစ်နဲ့ လေးစားကြလိမ့်မယ် ။ အံ့သြစရာ ကောင်းရုံ

အဖြစ်သာ ပရိသတ်က ခံယူကြပေလိမ့်မည် "

                   " သာသနာတော်၏ အနှစ်သာရ သီလ ၊ သမာဓိ ၊ ပညာ တို့ကိုပင် ကြည်ညိုလေးစားရ

ကောင်းမှန်း သိတော့မှာ , မဟုတ်ဘူး ။ ဒါကြောင့် သာသနာတော်ရဲ့ အနှစ်အသားဟာ သီလ ၊ သမာဓိ

ပညာ ဆိုတာက ဘုရားသာသနာ ခေတ်နဲ့ ကြုံမှ တွေ့ရတာ ။ ဈာန်အဘိညာဉ်တန်ခိုးတွေက သာသနာပ

မှာလည်း ရှိတာပဲ ။ အနှစ်သာရ မဟုတ်သေးပါဘူး ။ "

               " ဒါကြောင့် ဦးဇင်းတို့ ၊ ကိုရင်တို့ ကံကောင်းလို့ တွေ့ရခိုက်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဖြည့်

လိုက်ကြပါ ။ သီလသိက္ခာတွေ ပြည့်အောင် ဖြည့်လိုက်ကြစမ်းပါ " မိန့်ကြားခဲ့လေသည် ။

............................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား