စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာနှစ် ( ၄၅၀ ) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေး နှင့် သူပုန်ဘေးကြီး ( ၁၂ ) နှစ်ကြာ
ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခ ရောက်ခဲ့ကြမှုကို အကြောင်းပြုပြီး တင်ခဲ့သည် ။
(၂) သာသနာနှစ်
( ၄၅၀ ) နှစ်
(၃) နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅) သံဃာဦးရေ
ရဟန္တာပေါင်း ( ၅၀၀ )
(၆) မင်း
ဝဋဂါမဏိမင်း
(၇) ကြာမြင့်ချိန်
တစ်နှစ်
-- သီရိဓမ္မာသောကမင်း၏ သားတော် ရဟန္တယမဟိန္ဒ နှင့် သမီးတော် ရဟန္တာ သင်္ဃမိတ္တာထေရီ တို့ ပြုခဲ့သော သာသနာသည် သီဟိုဠ်တွင်
ထွန်းကားခဲ့ရာမှ အငတ်ဘေး နှင့် သူပုန်ဘေးများ ( ၁၂ ) နှစ်ကြာ ပေါ်ပေါက်ခဲ့သဖြင့် ဒါယကာ ၊ ဒါယကာမ များမှ ပစ္စည်းလေးပါး ပံ့ပိုးမှု
မရှိတော့သဖြင့် ၀ိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည် ။
-- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း ၊ သဲသောင်ပေါ်တွင် ဗိုက်ပေါ်
သဲများတင်ပြီး မမေ့လျော့အောင် ရွတ်ဖတ် ထိန်းသိမ်းနေကြသည် ။ အချို့ သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏ
တရားများ လွှမ်းမိုးလာကြသည် ။
-- သူပုန်ဘေး ( ၁၂ ) နှစ် ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော
ရဟန္တာ ( ၅၀၀ ) တို့ပါဝင်သော သံဃာထု ၊ အထောက်အပံ့ပြုကြသော ၀ဋဂါမဏီမင်း၏ မင်းထု ၊ သာသနာဝင်များ ပြည်သူလူထု
ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည် ။
-- ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်ကို သိလာသဖြင့်
မှတ်တမ်းအဖြစ် ပေရွက်ပေါ်ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည် ။
.........................................................................................................................................................................................
ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁)အကြောင်းခံ
သာသနာနှစ် ( ၂၄၁၅ ) ကြာပြီးနောက် စတုတ္ထ နှင့် ပဉ္စမအကြိမ် ကြားတွင် နှစ်ပေါင်း ( ၂၀၀၀ ) ခန့် ကြာမြင့်ခဲ့
သည့်အတွက် ပေရွက်ပေါ် တင်ထားမှုသည် ရာသီဥတု နှင့် ပိုးမွှားအန္တရာယ် တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ
ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည် ။
(၂) သာသနာနှစ်
( ၂၄၁၅ ) နှစ်
(၃) နေရာ မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်
(၄) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်
(၅) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း ( ၂၄၀၀ )
(၆) မင်း
မင်းတုန်းမင်း
(၇) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် - (၅) လ (၃) ရက် ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက်
-- သာသနာနှစ် ( ၂၄၁၅ ) နှစ်ကြာသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် ( ၃ ) ပုံ တို့သည် ရာသီဥတုနှင့်
ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ
မထေရ် ဦးဆောင်သော ရဟန်း ( ၂၄၀၀ ) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသောမင်းတုန်း
မင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ( ၃ ) ထု ပူးပေါင်းပြီး မန္တလေးမြို့ရတနာပုံ
နေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည် ။
-- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် ( ၅ ) လ နှင့် ( ၃ ) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာ
တည်သရွေ့ ကြာရှည်မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်
ကျောက်ဖြူအပြားပေါင်း ( ၇၂၉ ) ချပ် ရရှိခဲ့ပြီး အချိန်အားဖြင့် ( ရ ) နှစ် ( ၆ ) လ နှင့် ( ၁၄ ) ရက် ကြာမြင့်
ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန်ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် ( The World
Biggest Book ) ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် မှတ်တိုင်ကြီးအဖြစ်
လွန်စွာ ထင်ရှားခဲ့ပေသည် ။
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေ သို့ လင်းစေသောဝ်
ဗုဒ္ဓမြတ်စွာသာသနာ ခန္ဓာတွင်း မှာ လင်းစေသောဝ်
ဗုဒ္ဓမြတ်စွာသာသနာ ခန္ဓာတိုင်း မှာ လင်းစေသောဝ်
ံ
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား