သာယာဝတီမင်းသည် ဆေးခတ်ခံရပြီး စိတ္တဇဝေဒနာ စွဲကပ်နေသည် ။ ထိုအချိန်တွင်
ထီးမွေနန်းမွေခံနိုင်မည့်သားတော် ၆ ပါးနှင့် တူတော်တစ်ပါးရှိနေသည် ။ စစ်ကိုင်းမင်း ခေါ်
ဖလ်နန်းရှင်ခေါ် ဘကြီးတော်မင်းတရား၏သားတော် စကြာမင်းလေး ခေါ် ညောင်ရမ်း
မင်းသားလေး မှာ အသက် (၂၆) နှစ်အရွယ်မှာပင် မင်းအဖြစ်ကို မတန်မရာကြံစည်သည်
ဟူသော ဂုံးစကားအရ သာယာဝတီမင်းကိုယ်တိုင် ရေချပြီး သတ်ဖြတ်ပစ်ခဲ့သည် ။
သို့အတွက် အလယ်နန်းမိဖုရားကဖွားသော ပြည်မင်းသားနှင့် ပခန်းမင်းသား ၊
တောင်နန်းမိဖုရားခေါင် ကျပင်းမင်းသမီးမှ ဖွားသော ပုဂံမင်းသား ၊ တောင်ဆောင်တော်
မိဖုရားမှဖွားသော မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား ၊ ကိုယ်လုပ်တော်တစ်ဦးမှ
ဖွားသော တရုတ်မော်မင်းသား စုစုပေါင်း ၆ ဦးရှိသည် ။
ထို ၆ ဦး ထဲတွင် ထီးနန်းနှင့် မထိုက်တန်ဆုံးမင်းသားကား ပုဂံမင်းသားဖြစ်၏ ။
ကျောက်ရူးရောဂါ ရှိသည့်အပြင် ကြက်ငှက်တိရစ္ဆာန်တိုက်ပွဲများကိုသာ ပြုလုပ်နေခြင်း ၊
အပျော်အပါးလောင်းကစားလုပ်ခြင်း ဖြင့်သာ အချိန်ကိုကုန်လွန်စေသူဖြစ်သည် ။ ကျပင်း
မင်းသမီးကား နိုင်င့အတွက်မကြည့် ၊ သူ့သားအာဏာရဖို့ တစ်ခုသာကြည့်ပြီး ကျန်သည့်
မင်းသားတို့ကိုသတ်၍ မျိုးဖျက်သားကိုနန်းတင်ခဲ့သည် ။
မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့ပင် အရှောင်ကောင်း၍လွတ်သွားကြ
ခြင်းဖြစ်သည် ။ ပုဂံမင်းနန်းရသည်နှင့် သုံ့ပန်းမူဆလင်ကုလားများထားရာ ဗုန်းအိုရွာမှ
ဘိုင်ဆပ်ကို အမရပူရမြို့ဝန် ခန့်လိုက်သည် ။ သူခိုးကို ရွှေတိုက်စိုးခန့်လိုက်ခြင်း ဖြစ်ပါသည်။
တစ်နည်း ကာမရာဂသောင်းကျန်းသူကို လိင်စိတ်ကြွဆေးကျွေးလိုက်ခြင်းပါတည်း ။
ဘိုင်ဆပ် အမရပူရမြို့ဝန်ဖြစ်သည်နှင့် သူ့တပည့်လူမိုက် လေးဦး ကို ရာထူးကောင်း ၊
နေရာကောင်းများ ပေးထားပုံမှာ ---
( ၁ ) မြို့စာရေး မောင်ပိန်
( ၂ ) တံခါးနီမှူး ရွှေဘော်
( ၃ ) ဈေးခေါင်း ငမှုံ
( ၄ ) ထန်းခေါင်း ငရှင်ကလေး
တို့ဖြစ်သည် ။ သူတို့လေးယောက်သည် ဘိုင်ဆပ်ခြေတော်တင် ဖျက်ဆီးဖို့ရန်
ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး ပျိုလေးများကို တစ်နေ့တစ်မျိုး မရိုးရအောင် ရှာဖွေပေးကြရ
သည် ။ သူတို့အဖွဲ့က ငွေလိုချင်ငွေ ၊ ရွှေလိုချင်ရွှေ ၊ သမီးပျိုလိုချင် သမီးပျိုကို ပေးကြရ
သည် ။ အသာတကြည်မပေးလျှင် ထိုအိမ်ထဲသို့ ဘိန်းထုပ်ပစ်ချ၍ အမှုဆင်ဖမ်းကာ လိုတာ
ရအောင် ညှင်းဆဲကြသည် ။
ထို့ကြောင့် ဘိုင်ဆပ်နှင့်ပတ်သက်၍ နေပြည်တော်တွင် မကြာခဏ စာချိုးကြသည်
မှာ ---
" မျိုးနွယ်မတူ ၊ ဘယ်ကလူ ပြည်သူပွက်အောင် ထားပါလိမ့် ချိုးကြက်တည်ရာ တွေ့ခဲ့ပါ ပြည်တော်ဘယ်မှာ သာပါလိမ့် "
အမရပူရ မြို့သူများမှာလည်း ဘိုင်ဆပ်တို့အဖွဲ့ မသိအောင် အိမ်တွင်းပုန်းကြရသည်။
တစ်ချို့ မြို့တော်မှပင် ရှောင်တိမ်းသွားကြရသည် ။ ခြေက်နှစ် နီးပါးမျှ မြို့ဝန်ရာထူးရခဲ့သော
ဘိုင်ဆပ်အနေဖြင့် သူဖျက်ဆီးခဲ့သော မြန်မာ ဗုဒ္ဓဘာသာ သမီးပျိုလေးများမှာ ရာနှင့်ချီ၍
ရှိခဲ့ပေလိမ့်မည် ။ ထို့ကြောင့်လည်း --
" အမရပူရ ၊ ပြည်ဌာန ၊ သည်အလှခက်တယ် ၊ ကုလားကအားရမှ ၊ လွှတ်တော်မူတယ် ၊ မလွှတ်သူ ရှေးကံအကြောင်း "
ဟူ၍ ထိုခေတ်မှီသူများက မှတ်တမ်းတင်ခဲ့ကြသည် ။ ဘိုင်ဆပ် မြို့ဝန်ဖြစ်ချိန်
အတွင်း မြန်မာအမျိုးသမီးများကို ခြေတော်တင်ရုံတင်မက မြန်မာအမျိုးသား သုံးထောင်ခန့်
ကိုလည်းညှင်းပန်းသတ်ဖြတ်ခဲ့သည် ။ ( ကုန်းဘောင်ရှာပုံတော် - စာ- ၃၁၇ )
ဘိုင်ဆပ်သည် မည်မျှလူလည်ကျသနည်းဆိုလျှင် သူ၏နာမည်ကိုပင် သူများအပေါ်
စီးစီးပိုးပိုးဖြစ်အောင် မှည့်ထားသည် ။ ဘိုင် ဆိုသည်မှာ ဆရာ ၊ ဆပ်ဆိုသည်မှာ အရှင်သခင်
ထို့ကြောင့် ဘိုင်နှင့်ဆပ်ပေါင်းသောအခါ ဆရာသခင် ဟု မြန်မာလို အဓိပ္ပာယ်ရ၏ ။ သူ့နာမည်
ရင်း မည်သို့ဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြ ။
တစ်ကယ်ဆိုလျှင် သူ့နာမည်ရင်းသည် အီစွတ် သော်လည်းကောင်း ၊ မာမွတ် သော်
လည်းကောင်း ၊ ဒူလဇစ် သော်လည်း များစွာသော ကုလားနာမည်များမှ တစ်ခုခုဖြစ်ရပေ
လိမ့်မည် ။ မြန်မာတို့အပေါ် နာမည်နှင့်ပါ နှိပ်စက်ခဲ့သော ကုလားတစ်ယောက်ပါပေ ။
မှတ်ချက် ။ ။ ဒီအကြောင်းဖတ်ပြီးရင် " ဦးပိန်တံတားဆောက်ခြင်းအကြောင်း " ဆက်၍
ဖတ်ပါရန်နှိုးဆော်အပ်ပါသည် ။ ဒီအကြောင်းအရာနှစ်ခုကဆက်စပ်နေလို့ပါ။
( မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ )စာ-၉၅
...............................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား