Monday, August 24, 2009

ဗုဒ္ဓ၀ါဒ နှင့် သိပ္ပံပညာ

 


                                                                   ဗုဒ္ဓ၀ါဒ နှင့် သိပ္ပံပညာ

              မျက်မှောက်ခေတ်
သိပ္ပံပညာသည်  ရုပ်၏အတွင်းသဘာဝကို ရှာဖွေရန်  အတွင်းသို့ လက်တစ်ဆုံးနှိုက်ကြည့်ရင်း  ရုပ်၏အတွင်းဘက်မှာ  အနှစ်အဆံ ( အတ္တ ) ဟူသည် ဘာမျှမရှိ

ကြောင်း ၊ အတိအကျ အခိုင်အမာပြောဆိုနိုင်သော  အရာဝတ္ထု ဘာဆိုဘာမျှ မရှိကြောင်း  တွေ့ရသဖြင့်  အထက်ပါအတိုင်း ပါမောက္ခ အက်ဒင်တန် သည်  ဗုဒ္ဓ ဟောကြားတော်မူခဲ့သော

( ရူပံ  ဘိက္ခဝေ  အနတ္တာ )  ဆိုသော စကားကို  ခေတ်စကားဖြင့် တစ်နည်းတစ်ဖုံ ပြန်ပြောခြင်း  ဖြစ်သည် ဟု ဆိုသင့်တော့သည် ။ ( သိပ္ပံ လောက တွင် အမြဲ ထာဝရဖြစ်သော အထည်ဒြပ်

အတ္တ ဟူ၍  ဘာဆိုဘာမျှ မရှိတော့ပါ )  ဆိုသော အက်ဒင်တန်၏ စကားကို  ကြားရသောအခါ  ကျွန်ပ် သည်  များစွာတုန်လှုပ် ခဲ့ရပါသည် ။

               တုန်လှုပ်ရခြင်းမှာ  အချိန်ကြာမြင့်စွာ  ကျွန်ပ် သည်  သိပ္ပံ ပညာကို အထင်ကြီးလျက် ၊ အားကိုးအားထားပြုလျက်  နေခဲ့မိသောကြောင့် ဖြစ်သည်ဟု ဆိုသင့်ပါသည် ။ သိပ္ပံ ပညာသည်

ရုပ်ကို အစိတ်စိတ် အမြွှာမြွှာ ခွဲရှုလျက်  ရုပ် ၏ အနှစ်အဆံ ( အတ္တ )  ကို ရှာဖွေခဲ့လေသည် ။ ခေတ်ပြောင်းလာသည် နှင့်အမျှ ရုပ်၏ သဘောကို သိပ္ပံ ပညာရှင် များစွာတို့သည်  တစ်ယောက်

တစ်ပေါက် ပြောခဲ့ကြသည် မှာလည်း စုံလို့ပင် ။ နောက်ဆုံးတော့ ရုပ် ဆိုသည်မှာ  အနှစ်အဆံ မရှိ ၊ မြဲသောအရာ ထာဝရအခြေခံ လည်း  ဘာမျှ မရှိ ဟု ဆိုလာလေသည် ။

                  ထိုစကားကိုကြားသော အခါ ကျွန်ပ် များစွာဝမ်းနည်းမိလေသည် ။ ၀မ်းနည်း ရသည့် အကြောင်းမှာ  ( ၃ ) ကြောင်း ရှိပါသည် ။

(၁)             ရုပ်မှာ အနှစ်အဆံ မရှိ ၊ မြဲသောအထည်ဒြပ် မရှိကြောင်းကို  လွန်ခဲ့သော အနှစ် ( ၂၅၀၀ ) ကျော်ကပင်  ဗုဒ္ဓ သည် ( ရူပံ  ဘိက္ခဝေ  အနတ္တာ ) ဟု အတိအလင်းကြေငြာ ခဲ့ပြီး ဖြစ်လေ

      သည် ။ သို့ပါလျက် ဗုဒ္ဓ  ဟောသည့် ဘုရား စကား ကို လူသားတို့ ပမာမထား ၊ အရေးမပါ သကဲ့သို့ သဘောထားပြီး ရုပ် အဆံ ကို လိုက်ရှာ ခဲ့ကြရာ  အနှစ် ( ၂၅၀၀ ) ကျော်ကြာသည် ။

      နောက်ဆုံးတော့ ဘာဖြစ်သနည်း ။  ဗုဒ္ဓ  ဟောကြား တော်မူ သကဲ့သို့  ရုပ်မှာ အတ္တ မရှိကြောင်း ၊ အနှစ်အဆံ မရှိကြောင်း  လူသားတို့ တွေ့ရ လေသည် ။ သို့ဆိုလျှင်  မဟာလူသား တစ်ပါး

      သိပြီးသား အချက်တစ်ခုကို  ဥာဏ်နည်းသော လူသားများ ကိုယ်တိုင်သိအောင် စူးစမ်းရှာဖွေ ခဲ့ရာတွင် ကြာမြင်ခဲ့ သော ကာလ အနှစ် ( ၂၅၀၀ ) ကျော်သည် အဟောသိကံ  အချည်းနှီး ဖြစ်

      ရသည် မဟုတ်ပါလား ။ အကယ်၍ သာ ဘုရား စကားကို လူသားတို့ စိတ်ချ ယုံကြည်တတ်ခဲ့ကြမည်  ဆိုလျှင် ထိုကုန်ဆုံးသွားသော  နှစ်ပရိစ္ဆေဒ များစွာသည် လူသားတို့အဖို့  အဖိုးတန်

      သော ကာလ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပါလား ။ ထိုအချက် သည် ၀မ်းနည်းဖွယ် ကောင်းလှသည် ဟု ကျွန်ပ် ထင်ပါ၏ ။ လူသားတို့အဖို့ ယုံလွယ်ခြင်းလည်း အမှား ၊ မယုံတတ်လွန်းခြင်း ( ဒွိဟ

      ဖြစ်လွန်းခြင်း ) လည်း အမှား တစ်ရပ်ပါ တကား ။

(၂)                  ဘုရား ဟောသည့် စကားတစ်ခွန်းကို လူသားတို့ အကုန်အစင် သိဖို့ကို မဆိုထားဘိ ၊ တစ်ဝက် တစ်ခြမ်း သိဖို့ ကိုပင် အနှစ် ( ၂၅၀၀ ) ကျော်ကြာမြင့် ခဲ့လေသည် ။ လူ့ဘ၀ ကို

      ထိုမျှ လောက် ပိန်းပိတ်အောင် အ၀ိဇ္ဇာ သည် ဖုံးလွှမ်းလေသလား ။ အလွန် စောစီးစွာ ကပင် ဘုရား ပွင့်ပေါ် ပြီးနောက် လူသား တို့အဖို့ တန်ဖိုး မဖြတ်နိုင် သော တရားထူး ၊ တရားမြတ်တွေ

      ကို ဟောကြားထားခဲ့ပါလျက် လူသားသည်  ထို မဟာ လူသား ဘုရား၏ စကား ကို မယုံတတ်ပေ ။ ဘာမဟုတ် သည့် လောဘ သားတွေ  အ၀ိဇ္ဇာ အမိုက်သားတွေ စကားကိုတော့ ယုံလွယ်

      သည် ။ သိပ္ပံ ပညာ သည် စတင်ထွန်းကား သည်မှ  ယနေ့တိုင် အောင်  ဤလောက၏ အကျိုးမဲ့ ကို ပြုတတ် သော ( အတ္တ၀ါဒ ) ကိုပင် ဟောကြား ဆဲ ဖြစ်လေသည် ။ ထိုသိပ္ပ ပညာရှင် တို့

      ပြောသော စကားဖြစ် လျှင်  အသိဥာဏ်နည်း လှသော လူသားသည်  အလွန်တရာ ယုံစား လွယ်လေသည် ။  ထို အမိုက်အမဲ တွေ ထဲ တွင် ကျွန်ပ် လည်း ထိပ်ဆုံး က ပါသည် ဟု ဆိုသင့်ပါ

      သည် ။ သိပံ္ပ ပညာရှင် တို့ ပြော သော စကား ဖြစ်လျှင် မူ သံသယ ကင်းစွာ မျှော်လင့် လျက် ကြီးစွာ အားကိုး ၊ ကြီးစွာ ယုံလွယ်ခဲ့ဖူးလေသည် ။ လူသားတို့သည်  လွန်ခဲ့သော အနှစ် ( ၂၅၀၀)

       ကျော်အတွင်း  တွင် သိပ္ပံ ပညာရှင်တို့ ပြော သည့်စကား ကို သာယုံစား ပြီး သိပ္ပံ ပညာရှင် တို့ခေါ်ရာ နောက်သို့  အစိုးရိမ် ကင်းစွာ  တကောက်ကောက်  လိုက်နေခဲ့ မိ ခြင်းကြောင့်  ယနေ့

      ကမ္ဘာ သည်  ဤ မျှ  စိတ်မချမ်းသာ ဖွယ်များ ၊ စိုးရိမ် ထိတ်လန့် ဖွယ် များ နှင့် ပြည့်နှက် သော ကမ္ဘာ ကြီး ဖြစ်သွားရ သည် ဟု ကျွန်ပ် တွေး မိပါသည် ။ အကယ်၍ လွန်သွားပြီ ဖြစ်သော ရှေး

      အနှစ် ( ၂၅၀၀ ) ကျော် အတွင်း ဘုရား ဟောစကား ကိုနားထောင်ရန် ၀န်မလေး ခဲ့လျှင်  ယနေ့ ကမ္ဘာ သည် ဤမျှ အရုပ်ဆုံး အကျည်းတန် သော ကမ္ဘာ လောကကြီး  ဖြစ်သွားလိမ့်မည်

      မဟုတ် ဟု ယခု မှပင် ကျွန်ပ် လည်း တွေးမိကာ သံဝေဂကြီးစွာ ရ  ရလေတော့၏ ။  အ၀ိဇ္ဇာ နှင့် လိမ်းကျံ သော လူသား သည်  သိပ္ပံ ပညာ ကဖန်တီး ပေးသောကြောင့် စိတ်ချမ်း သာဖွယ်

      ဖြစ်မလာ ရုံ မျှ မက  ဘေးဒုက္ခ မျိုးစုံ နဲ့ သာ ထိတ်လန့် တုန်လှုပ်ဖွယ် ရင်ဆိုင် လာရသော မျက်မှောက် လူ့ ဘ၀ ကို ယခု တိုင် မဆင်မခြင်ဘဲ  အမှု မဲ့ နေခြင်းမှာလည်း ဂင်္ဂါ မြစ်လယ်၌ မျော

      ပါသော ဆင်သေ ကောင်ပေါ် တွင် နား၍ သမုဒ္ဒရာ သို့ လိုက်ပါ သော ကျီးမိုက် ၏ အဖြစ်နှင့် တူ လှ သည် ဖြစ်ပေရာ ၀မ်းနည်းဖွယ်ကောင်း လှ ပါတော့၏ ။ ဘုရား စကား ကို ပစ်ပယ်ခဲ့ခြင်း

      အမှားကြောင့်  မျက်မှောက် ကမ္ဘာ သည်  ချောက်ကမ်းပါးစွန်း သို့ ရောက်နေရ ပြီ ကို သတိတရား  ရသင့်ပါပြီ ။

(၃)                 ဤ လောက၌ သဘာဝ သစ္စာ ကို သာမက  အရိယာသစ္စာ ကိုပါ  ရှာဖွေ ဖော်ထုတ် ပေးခဲ့ သော ဗုဒ္ဓ ၏ နှုတ်ထွက်  စကားများ သည် သစ္စာဓမ္မ များဖြစ်လေ မလား ဟု  သံသယ

      ဖြစ်ကာ  ထိုဓမ္မ များ ကို သိပ္ပံ နည်းကျ  မကျ  ၊ သိပ္ပံ ပညာ နှင့် ကိုက်ညီခြင်းရှိ  မရှိ အစဉ် တိုက်ဆိုင် လေ့လာ ရန် အားသန် နေသူ များလည်း မျက်မှောက်  ကာလ တွင်  များစါာရှိ ကြလေ

      သည် ။ ထို လူစားမျိုးထဲ တွင်  ကျွန်ပ် လည်း ထိပ်ဆုံး က စာရင်း တင် သင့် ကြောင်း ၀န်ခံပါ၏ ။ အဘယ်ကြောင့်ဆိုသော်  ကျွန်ပ် ကဲ့သို့သော လူစားများသည် သိပ္ပံ ပညာ တွေ့ရှိ ချက်များက

      ဘုရား ဟော တရားနှင့် ကိုက်ညီ သွားလျှင်  ဘုရားဟော တရား သည် မှန် သည် ( Scientific ) ဖြစ်သည် ဟု  အရှက်မရှိ ဆို တတ်ကြလေသည် ။

                      စဉ်းစား ဖို့ ကောင်းသည်မှာ ယခု မှ သိပ္ပံ ပညာ က သိ သော ထို တရားကို ဘုရားသည် လွန်ခဲ့သော အနှစ် ( ၂၅၀၀ ) ကျော်ကာလ ကတည်းက သိထားခဲ့ပြီ ဖြစ်ရာ ဘုရား စကား

       ကို သိပ္ပံ နည်းကျ သည်ဟု ဆိုထိုက်ပါ သလား ။ သိပ္ပံ စကား ကိုသာ ဗုဒ္ဓ နည်း ကျသည်ဟု ဆိုထိုက်သည် မဟုတ်ပါလား ။ လောကသည် အဘယ်ကြောင့် ပြောင်းပြန်ပြောတတ်လေသနည်း။

       ထိုအချက်သည်လည်း အမှန်ပင် ၀မ်းနည်းဖို့ ကောင်းပေတော့၏ ။ အဘယ်ကြောင့်ဆိုသော် ဘုရားကား အောက် မျောက် ကား အထက် ဆိုသောစကားမျိုး ဖြစ်နေသော ကြောင့်ပင်တည်။

                      အမှန်ပြောရလျှင် လူသားသည် အထင်မှားလျက် ၊ အမြင်မှားလျက် ၊ အသိမှားလျက် ၊ အမှတ်မှားလျက် ၊ အယူမှားလျက် ရှိသည် ဆိုသော ဗုဒ္ဓ ၏ စကားသည်  အလွန်ပင်မှန်

       ကြောင်းကို ကျွန်ပ် လည်း တစ်နေ့ထက် တစ်နေ့  ပို၍ သိမြင်လာပြီ ဖြစ်ပါ၏ ။

                      အနတ္တ လက္ခဏာ သဘောကို ကျွန်ပ် သည် နားလည်အောင်အနည်းနည်းဖြင့် အားထုတ်ကြည့်ခဲ့လေသည် ။ ဗုဒ္ဓ ကမူ အနတ္တ ကို အစိုးမရ ၊ အလိုသို့မလိုက် ၊ မိမိဆန္ဒအတိုင်း မဖြစ်

       သော တရား ဟု ပြတော်မူခဲ့ လေသည် ။ အစိုးမရသော သဘော ၊ အလိုမလိုက်သောသဘော ၊ ဆန္ဒအတိုင်း မဖြစ်သောသဘော ကို စဉ်းစား သောအခါ ကျွန်ပ် သဘောမပေါက်ချေ ။

        သဘောမပေါက်ရသည့် အကြောင်းအရင်းမှာ သိပ္ပံ ပညာ ကြောင့်ပင်ဖြစ်လေသည် ။

                       သိပ္ပံ ပညာကြောင့်ဖြစ်ပုံကို သဘောပေါက်လွယ်အောင် လက်တွေ့ဘ၀ အတွေ့ အကြုံ များဖြင့် ရှင်းပြရန် အားထုတ်ပါဦးမည် ။ ဥပမာ... မီးလင်းလိုသောအခါ လူသားသည်

        လျှပ်စစ်မီး ခလုတ်ကို ထဖွင့်သည် ။ ထိုအခါ မီးလင်းလာသည် ။ ပူသောအခါ လူသားသည် အဲယားကွန်း သို့မဟုတ် ပန်ကာ ခလုတ် ကို ထဖွင့်သည် ။ ထိုအခါ အလိုရှိသော လေကိုရ

       သည် ။ နွေရာသီ၌ ရေခဲကို အလိုရှိသောအခါ လူသားသည် ရေခဲသေတ္တာထဲတွင် ရေကိုထည့်၍ ရေခဲကို ရအောင်ပြုလုပ်နိုင်သည် ။

                          တစ်ဖန် ခေတ်မီ သိပ္ပံ နည်းဖြင့် အထွက်တိုးစပါးကိုစိုက်သည် ။ လူတွေ မျှော်လင့်သည့် အတိုင်း လိုသော အထွက်တိုး စပါးကိုရသည် ။ သစ်ပင်က လူ့အလိုသို့ လိုက်နေရသည် ။

        နွေခေါင်ခေါင်မှာ စပါးစိုက်ရန် ရေကိုသွင်းယူသည် ။ ရေသည် လူ့အလိုသို့လိုက်ကာ စိုက်ခင်းများသို့ သွားတတ်လေသည် ။

                          သိပ္ပံ ပညာဖြင့် တန်ဆာ ဆင်ထားသော လူ့လောကဖြစ်တည်နေပုံကို မျက်စိဖွင့်ပြီးမြင်အောင်ကြည့်မိတိုင်းမှာလည်း အနတ္တ ၏ သဘောကို မမြင်ပါ ။ အတ္တ သဘောကိုသာမြင်

         နေပါသည် ။ အစိုးမရ ၊ အလိုဆန္ဒရှိတိုင်းမဖြစ် ဆိုသော စကား ကို ကျွန်ပ် နားမလည်တော့ပါ ။ နိုင်ငံရေးလောကမှာလည်း လူတွေက အစိုးရဖို့ အားထုတ်နေကြလေသည် ။ ဆေးပညာ

         လောကမှာလည်း ရောဂါဖြစ်လာပြီဆိုလျှင် ကုစားဖို့ ဆေးရှိသည် ။

                         ဘ၀သည် မသေချာမှုတွေ ၊ မရေရာမှုတွေ နှင့်ဝန်းရံနေသည်ကား မှန်၏ ။ သို့သော် လူတွေက ထိုဘေးရန် အန္တရာယ်တွေ ၊ မသေချာမှုတွေ ၊ မရေရာမှုတွေ ကို ခုခံပြီး အလိုရှိ

          တိုင်းဖြစ်ဖို့ ၊ အစိုးရဖို့ ကြိုးပမ်းနေကြလေသည် ။ သို့ရာတွင် ဘ၀ကိုပိုပြီး စူးစူးစိုက်စိုက် ကြည့်မိသော အခါမှာတော့ လူတွေ ဘယ်လောက်ပင် အစိုးရဖို့ ကြိုးစားကြိုးစား ၊ ဘယ်လိုပင်

          အလိုပြည့်ဖို့ ကြိုးစားကြိုးစား  ယနေ့အထိ လူသည် ဘာကိုမျှ အစိုးမရသေး သည်ကို တွေ့ရသည် ။

                        ကမ္ဘာကြီးမှာ ဆင်းရဲ နှင့် ချမ်းသာ အကွာကြီး ကွာနေသည် ။ လူ့ဘ၀ ကို ညီညီမျှမျှ ဖြစ်အောင် ၊ တန်းတူရည်တူဖြစ်အောင် သဘောတရားတွေ မျိုးစုံ ထုတ်ပြီး အမျိုးမျိုး လုပ်ခဲ့ကြ

          သည် ။ ဆင်းရဲ ချမ်းသာ ကွာခြားမှု ၊ ဆူကြုံ နိမ့်မြင့် ကွာခြားမှု က  ပပျောက်သွားသည်မရှိ ။ တစ်နေ့တစ်ခြား ပို၍သာ ကြီးကျယ် နက်ရှိုင်းလာသည် ။
  
                        အတတ် ပညာတွေမျိုးစုံလာသည် ။ သိပ္ပံ ပညာတွေ အဆမတန် တိုးတက်လာသည်  ဆိုမှ မစားရတတ် ၊ မ၀တ်ရတတ် သူတွေ ပိုပြီး များလာသည် ။ သဘာဝ တရားကို လူတွေက

          နိုင်သည်ထင်သည် ။ ထင်သောအခါမှ လူ့လောကမှာ  သဘာဝ နှိပ်စက်မှု  ဒဏ်က ပိုပြီး ကြီးမားလာသည် ။

                       ဥပမာ... နာဂစ်မုန်တိုင်း ၊ ဆူနာမီ ငလျင် ကြီးလို သဘာဝအန္တရာယ် ကြုံရသောအခါ ဘ၀မှာ အပျက်အစီး ပိုများသည် ၊ အဆုံးရှုံး ပိုများသည် ။ ဆေးမျိုးစုံ ပေါ် သည် ဆိုကာမှ

            တစ်ခါမှ မကြားဖူးသော ရောဂါ ဆန်းတွေ က တစ်နေ့တစ်ခြား ပိုများလာလေသည် ။ အဏုမြူ ခေတ်ကြီးထဲ သို့ ရောက်ပြီ ဆိုကာမှ အဏုမြူ စစ်ပွဲကြီး အန္တရာယ်က ပိုပြီး ခြောက်လှန့်

          လာသည် ။

                                 လူသားတို့မှာ  ဘာကိုယုံရမှန်းမသိတော့ ၊ ဘယ်သူ့ကို အားကိုးရမှန်းမသိ ၊ ဘယ်သူ့ကိုစိတ်ချရမှန်းမသိ ၊ ဘာဆိုဘာမှ နားမလည်နိုင်အောင်ဖြစ်ရသည် ။ မျက်မှောက်ခေတ်

           လူသားသည် မျက်စိလည်သော လူသားဖြစ်နေလေသည် ။ တရား မျှတသော ဥပဒေ ၊ ကျောသား ရင်သား မခွဲခြားဘဲ အုပ်ချုပ်တတ်သော ဓမ္မရာဇ် တရားမင်းအစိုးရ ၊ လူအချင်းချင်း

           အမြတ်ထုတ်ခြင်း ( လူကုန်ကူးခြင်း ) ၊ ညှင်းဆဲခြင်း  ကင်းသော စီးပွားရေးစနစ်များကို လူသားတို့ လိုလား တမ်းတ ခဲ့ကြသည် မှာလည်း အကြာကြီးကြာလှပြီ ။

                                ယနေ့တိုင်အောင် လူသားတို့မှာ စိတ်ကျေနပ်ဖွယ်ကောင်းသော လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ပညာရေး စသော စနစ်မျိုးများကို မတွေ့ရသေး ။ ဟိုစနစ်ကောင်းနိုး ၊

            ဒီပုံစံ ကောင်းနိုး နှင့် စမ်းဝါးစမ်းသပ်ရဆဲ ။ အမှန်ဆိုလျှင် ယောနိသော မနသီကာရ ဖြင့် စဉ်းစားသော်  ဘ၀သည် အလိုအတိုင်းမဖြစ်သည်ကား အမှန် ။ လူ့အလိုသို့ မလိုက်သည်မှာ

            မငြင်းသာချေ ။ ယနေ့လူသားသည် စိတ်ချမ်းသာသော လူသားလား ။ စိတ်ကျေနပ်သောလူသားလား ။ အလိုဆန္ဒ ပြည့်ဝသော လူသားလား ။

                               ဤအမေးကို မေးပြီး ဘယ်သူ့ကိုမျှ ဖြေခိုင်းနေစရာမလိုပါ ။ ကိုယ့်ကို ကိုယ် မေးပြီး ကိုယ်တိုင် ဖြေကြည့်လျှင် အဖြေ ပေါလော  ပေါ်ပါသည် ။ ဗုဒ္ဓသည် သက်ရှိ သတ္တ၀ါ တစ်ခု

            ကို အဘိဓမ္မာနည်းအားဖြင့် ရှု သောအခါ သူ ၊ ငါ ၊ သတ္တ၀ါ ၊ အတ္တ ၊ ဇီဝ ၊လူ ၊ နတ် စသည်ဖြင့် မမြင်ချေ ။

                              ပရမတ္ထ ဆိုက်အောင် ရှုလိုက်သော အခါ သက်ရှိ သက်မဲ့ အားလုံး၏ ယေဘုယျ တရားကိုယ် သဘောများကိုသာ မြင်လေသည် ။ ထို ယေဘုယျ တရားကိုယ် သဘောတို့မှာ

             ( ခန္ဓာငါးပါး ) ဟု ဗုဒ္ဓ ခေါ် သော တရားများပင် ဖြစ်လေသည် ။ ဘယ်အရာဝတ္ထု ကိုဘဲကြည့်ကြည့် တရားကိုယ် ထုတ်ကြည့်တတ်လျှင် ထိုအရာဝတ္ထုတွင် (၁) ရုပ်အစု ( ရူပက္ခန္ဓာ ) တစ်ခု

            ရှိသည်ကို မြင်ရသည် ။ ထို့နောက် ရုပ်မဟုတ်သော အစု လေး စု ရှိသည်ကို မြင်ရသည် ။ ထို ရုပ် မဟုတ်သော ခန္ဓာ အစုကို ( နာမ် ခန္ဓာ အစု ) ဟု ဗုဒ္ဓ  ခေါ် တော်မူသည် ။

                              ထို နာမ် ခန္ဓာအစုတွင် ....

                             (၂)  ဝေဒနာခံစားမှု အာရုံအစု ( ဝေဒနက္ခန္ဓာ )

                             (၃)  မှတ်သားမှု အာရုံသိမှု အစု ( သညက္ခန္ဓာ )

                              (၄)  စေတနာဖြင့် ပြုပြင် ဖန်တီးမှု  အစု  ( သင်္ခါရက္ခန္ဓာ )

                              (၅)  သိမြင် နားလည်မှု အစု  ( ၀ိညာဏက္ခန္ဓာ )

                 တို့ပါဝင်လေသည် ။ ထို့ကြောင့် အရာဝတ္ထု သက်ရှိ များ အားလုံးတွင် ရုပ်ခန္ဓာ တစ်ခု နှင့် နာမ်ခန္ဓာ လေးခု ပါဝင်နေသည်ဟု ဗုဒ္ဓနည်းကျ ရှုမြင်ကြရပါသည် ။ ၄င်းကိုပင်

          ( ခန္ဓာငါးပါးကို ဆိုလိုသည်။ ) မှတ်ရလွယ်အောင် ဗုဒ္ဓ က ရုပ်နာမ်ဓမ္မ ဟုလည်း ခေါ်လေသည် ။

                            ထိုရုပ်နာမ် ဓမ္မ အားလုံးသည်

                (၁) အနှစ်အထည် အမြဲ သဘောမရှိ ၊

                 (၂) အစိုးမရ ၊

                 (၃) အလိုသို့မလိုက် ( ၀ါ ) အလိုဆန္ဒ ရှိတိုင်းမဖြစ်

                       ဆိုသော သဘောကြောင့်  ၄င်းတို့သည် အနတ္တချည်းသာ ၊ အတ္တ လုံးဝ မဟုတ် ဟု ဗုဒ္ဓမြတ်စွာဘုရားသည် ပဉ္စ၀ဂီ တို့အား မြင်အောင် ပြခြင်းကို အနတ္တ လက္ခဏသုတ်  ခေါ်လေ

           သည် ။ ရုပ်နာမ် အားလုံးတွင် ထင်ရှားသိလွယ်သော လက္ခဏာ သုံးရပ်ရှိ၏ ။ထို လက္ခဏာ သုံးရပ်သည်.....

                (၁)  အမြဲမတည် အစဉ်ဖောက်ပြန် ပြောင်းလဲဖြစ်ပျက် နေသော သဘောလည်းတစ်ရပ် ( အနိစ္စ  လက္ခဏာ) ၊

                (၂)  ထိုသို့ဖောက်ပြန်နေခြင်းကြောင့် ချမ်းသာ မရနိုင် ၊ ဆင်းရဲခြင်းအမျိုးမျိုး ကိုသာ တွေ့ကြုံ ခံစားရသော သဘောလည်းတစ်ရပ် ( ဒုက္ခ  လက္ခဏာ ) ၊

                 (၃)  ထိုရုပ်နာမ် ဓမ္မ သည် သူ့သဘောသူဆောင်ပြီး ဖြစ်ချင်တိုင်းဖြစ် ၊ ပျက်ချင်တိုင်းပျက်နေကြသည် ၊ ပရမတ် သဘောအရ အနှစ်အဆံလည်း မရှိ ၊

                        မြဲလည်း မမြဲ ၊ အလိုသို့လည်း မလိုက် ၊အစိုးလည်းမရသော သဘော လည်းတစ်ရပ် ( အနတ္တ လက္ခဏာ )

        တို့ ဖြစ်ကြလေသည် ။

                      ကျွန်ပ် သည် အနတ္တ လက္ခဏသုတ် ကို နားလည်အောင် အတန်ကြိုးစားပြီးသောအခါ နားလည်သလိုလို ရှိသည် ဟု ထင်မိလေသည် ။


.............................................................................................................................................................................................................................................................................................................................................
     
ဆန်းလွင်ရတနာသုံးကို ယုံကြည် ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း
စာ - 330 

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား