ပါရာဇိက သိက္ခာပုဒ် လေးပါးသည် ဗုဒ္ဓဥပဒေတော်တွင် အကြီးလေးဆုံး သိက္ခာပုဒ်တော်
များဖြစ်လင့်ကစား မြတ်စွာဘုရားသည် အာဓိကမ္မိက ( အဦးဆုံး ကျူးလွန်သူ )
များအား အာပတ်မှ လွတ်ခွင့်ပေးတော်မူခဲ့သည် ။ ထိုအာဒိကမ္မိက ပုဂ္ဂိုလ်များသည် ပါရာဇိက
သိက္ခာပုဒ်တော်များအား လွန်ကျူးမိခဲ့သော်လည်း နောင်အခါ မကျူးလွန်အောင် စောင့်စည်း
၍ သိက္ခာသုံးပါး ( သီလ ၊ သမာဓိ ၊ ပညာ ) ကို ကျင့်သုံးသွားလျှင် အရဟတ္တဖိုလ်သို့ ရောက်
နိုင်သည် ။ မည်သိုပင်ဆိုစေ အာဒိကမ္မိက ပုဂ္ဂိုလ်များအား ၄င်းတို့ စွမ်းအားအလျောက်
သိက္ခာသုံးပါး မြတ်တရားကို ကျင့်ကြံအားထုတ်ပါက မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်နိုင်ရန်
လမ်းဖွင့်ပေးထားသည့် အနေနှင့် မြတ်စွာဘုရားက အပြစ်မှ ခွင့်လွှတ်ခဲ့သည်ဟူသော
အချက်ကိုကား မှတ်သားထားရမည် ဖြစ်သည် ။ ( ကျမ်းဦးမှတ်ဖွယ် - နှာ - ၈ - ၉ )
ဤတွင် စတုတ္ထပါရာဇိက သိက္ခာပုဒ်ပါ " ဥတ္တရိမနုဿဓမ္မ " ကို တိုက်ရိုက်ဖြစ်စေ ၊
သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုရာ၌ အာပတ်မသင့်သော ကိစ္စများစွာ ရှိလေသည် ။ ဤ
အကြောင်းများကို ဗဟုသုတလည်းဖြစ် ၊ ဆင်ခြင်စရာလည်းဖြစ်ရလေအောင် ဤတွင်
ဖော်ပြပါမည် ။
ရဟန်းတစ်ပါးသည် လူသူမရှိရာ အရပ်၌ မိမိတစ်ပါးတည်း ၀ါကြွားလိုသော စိတ်
ဖြင့် ငါသည် ဈာန်မဂ်ဖိုလ် ရသည်ဟု ၀ါကြွားပြောဆိုလေ၏ ။ နတ်သားတစ်ယောက်က
ကြား၍ ထိုရဟန်းအား မမှန်သောစကား မပြောကြားပါနှင့်ဟု တားမြစ်၏ ။ ထိုအရာ၌
နတ်သားသည် ရဟန်းပြောသောစကား၏ အဓိပ္ပာယ်ကို နားလည်၏ ။ သို့သော် လူသား
မဟုတ်သဖြင့် ထိုရဟန်းအား ပါရာဇိက အာပတ်မသင့် ၊ အလွန်သေးငယ်သော ဒုက္ကဋ်
( မကောင်းသဖြင့် ပြုခြင်းကြောင့် သင့်ရောက်သော အာပတ် ) အာပတ်သာ သင့်၏ ။
အခါတစ်ပါး၌ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်ဖိတ်၍ " ရဟန္တာအရှင်မြတ်
တို့ ထိုင်ပါလော့ "" ရဟန္တာအရှင်မြတ်တို့ ဆွမ်းဘုဉ်းပေးပါလော့ " စသည်ဖြင့် ရဟန္တာဟု
ခေါ်ဝေါ်၍ ခရီးဦးကြိုပြု၏ ။ ရဟန်းတို့သည် မိမိတို့ ရဟန္တာမဟုတ်သဖြင့် မထိုင်ရဲကုန် ။
ဆွမ်းဘုဉ်းမပေးရဲ ဖြစ်ကုန်၏ ။ မြတ်စွာဘုရားက ကြည်ညိုသောကြောင့် ခေါ်ဝေါ် ပြောဆို
ရာ၌ အာပတ်မသင့် ဟုမိန့်တော်မူ၏ ။
ဓုတင်ဆောင် ရဟန်းများ အနေနှင့် မိမိဆောင်ထားသော ဓုတင်အကျင့်များကိုလည်း
လူသိမခံဘဲ ကျင့်ရကြောင်း ကျမ်းဂန်မှာလာသည် ။ ဘာကြောင့် လူသိမခံရသလဲဟု မေး
သင့်၏ ။ လျှို့ဝှက်လိုသော သဘောလားဟု ထင်မြင်ယူဆစရာရှိပါ၏ ။ မဟုတ်ပါ ။ မိမိအပေါ်
လူများအထင်မကြီး စေလိုသောကြောင့်သာ ဖြစ်ပါ၏ ။ လူအများ အထင်ကြီး စေလိုသော
ကြောင့် တောရဆောက်တည်ခြင်း ၊ သုဿန်ဓုတင်ဆောင်ခြင်း စသည်ပြုလုပ်လျှင် ဒုက္ကဋ်
အာပတ်သာ သင့်၏ ။ ( ရဟန်းကျင့်ဖွယ်၂၂၇သွယ် -နှာ - ၆၄ - ၆၅ )
ကျမ်းဂန်လာစကား၏ ဦးတည်မှုအရ ဓုတင်သည် " ဥာဏ် " ပညာကို အလိုရှိအပ်
ကြောင်း ပေါ်ပါသည် ။ သို့ဆိုပါလျှင် ဓုတင်သည် မနုဿဓမ္မ မှာရော ၊ ဥတ္တရိမနုဿဓမ္မ မှာ
ရော ၊ ရောနှော သက်ဝင်နေပုံပေါ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ဓုတင်အကျင့်သည်
သေက္ခပုဂ္ဂိုလ် ၊ ပုထုဇဉ် နှင့် ရဟန္တာများပါ အကျူံးဝင်သောကြောင့် ဖြစ်၏ ။ ကုသိုလ် နှင့်စပ်
သော ဓုတင်သည် သေက္ခပုဂ္ဂိုလ် နှင့် ပုထုဇဉ်ဓုတင်ဖြစ်၍ အဗုအကတ နှင့် စပ်သော ဓုတင်
သည် ရဟန္တာဓုတင် ဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ် - မြန်မာပြန် ( ပတွဲ ) နှာ - ၂၂၀ တွင် ဖော်ပြထား
သောကြောင့်ဖြစ်၏ ။
ထိုသို့ဆိုပါမူကား ဓုတင်သည် ဥတ္တရိမနုဿဓမ္မ၌လည်း အကျူံးဝင်နေကြောင်း
ထင်ရှားပါ၏ ။
ရဟန်းက ဥတ္တရိမနုဿဓမ္မကို ရဟန်းမဟုတ်တဲ့ လူသာမန်တွေကို ပြောပုံပြောနည်း
တစ်မျိုးနဲ့ ပြောလို့ နားထောင်သူ ပရိသတ်က သူပြောလျှင်ပြောချင်း ( ချက်ချင်း ) နားမလည်
ဘဲနှင့် နောက်ကျမှ စဉ်းစားပြီး နားလည်ရင်လည်း အာပတ်မသင့်ပါဘူး တဲ့ ။
မြတ်စွာဘုရားရဲ့သာသနာဟာ သိပ်ပြီး ကျဉ်းကျပ်လွန်းတဲ့ သာသနာ မဟုတ်ပါ
ဘူးဗျာ ။ ကမ္ဘာ့ဘာသာအယူဝါဒတွေထဲမှာ ဗုဒ္ဓဘာသာလောက် လွတ်လပ်ခွင့်ကို တန်ဖိုးထား
တဲ့ဘာသာ တစ်ခုမှ မရှိပါဘူး ။
ဒီစတုတ္ထပါရာဇိက အာပတ်နဲ့ ပတ်သက်ပြီး လူတွေမှာလည်း တရားနာတဲ့အခါ
ဗဟုသုတရှိပြီး နားထောင်ခြင်းအားဖြင့် တရားဟောဆရာရဲ့ စကား အသွားအလာကို
အကဲခတ်နိုင်အောင် သိသင့်သိထိုက်တာလေးတွေကို တင်ပြရတာပါ ။
ခုခေတ်က ရှေးခေတ်နဲ့မတူဘူး ၊ ရှေးတုန်းက လူတွေက ရဟန်းသံဃာတော်တွေ
ကို ကြည်ညိုတတ်ကြတယ် ၊ သိပ်ပြီး မဝေဖန်တတ်ကြဘူး ။ သူတို့စိတ်ထဲ အကုသိုလ်ဖြစ်မှာ
ကို အလွန်ကြောက်တတ်ကြတယ် ။ ယခုခေတ်က မလွယ်ဘူး ၊ အကုသိုလ်ကိုလည်း နား
မလည်ဘူး ၊ ကြောက်လည်း မကြောက်ဘူး ၊ အကုသိုလ် ကုသိုလ် တွေကို သိပ်အရေးမထား
တာမှာလည်းအကြောင်းက ၀ိပဿနာဥာဏ် ထက်သန်လာတာလည်း တစ်ကြောင်း ၊ ရဟန်း
သံဃာတော်တွေကို အကဲခတ်တဲ့ သဘောက ပိုများလာတာလည်း တစ်ကြောင်း မို့ သံဃာ
တော်များကို ယုံကြည်ကိုးကွယ်ရာမှာ သဒ္ဒါအားနည်းလာကြတယ် ။ မြတ်စွာဘုရားက ဒီလို
ဖြစ်လာမှာကို ကြိုပြီး မြင်တော်မူခဲ့တယ် ။ ဒါကြောင့် အင်္ဂုတ္တရ်ပါဠိတော် ၊ အနာဂတ ဘယ
သုတ်မှာ နောင်အခါ ဖြစ်လာမှာတွေကို ကြိုပြီး ဟောတော်မူတဲ့ အထဲမှာ -
"ထို ရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုလည်းမပွားများ ၊ သီလကိုလည်းမပွားများ ၊
စိတ်ကိုလည်းမပွားများ ၊ ပညာကိုလည်းမပွားများကုန်ပါလျက် မြတ်စွာဘုရား ဟောကြား
တော်မူအပ်ကုန်သော ၊ နက်နဲကုန်သော ၊ နက်နဲသောအနက်ရှိကုန်သော ၊ လောကမှလွတ်
မြောက်ကြောင်း ဖြစ်ကုန်လျက် ( သတ္တမှ ) ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော ၊ သုတ္တန်
တရားတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြလိမ့်မည် မဟုတ်ကုန် ၊
နားထောင်ကြလိမ့်မည် မဟုတ်ကုန် ၊ သိနားလည်လိုသောစိတ်ကို ဖြစ်စေလိမ့်မည် မဟုတ်
ကုန် " လို့ ဟောထားတော်မူတယ် ။
အဲဒါဟာ လွန်ခဲ့တဲ့ အနှစ် ၂၅၀၀ ကျော်က ဟောတော်မူခဲ့တာပါ ။ ဒီတော့ ခုခေတ်
ကလူတွေ မိမိတို့ ကိုးကွယ်တဲ့ ဘာသာတရားရဲ့ကြီးကျယ်ပုံ ၊ နက်နဲပုံ ၊ မြင့်မြတ်ပုံကို ပြော
ကြ ဟောကြတဲ့အခါ သူတို့က ခေတ်အမြင် ၊ ခေတ်အတွေး ၊ ခေတ်မျက်လုံး နဲ့ ကြည့်ကြ
တယ် ။ ခေတ်နားနဲ့နာကြတယ် ၊ ဟောပြောတဲ့ ဓမ္မကထိက ရဟန်းသံဃာကိုလည်း စူးစမ်း
လိုတယ် ၊ အကဲဖြတ်လိုတယ် ၊ ဒါကြောင့် သူတို့ကို တရားတော်၌ စိတ်ဝင်စားလာအောင်
လုပ်ဖို့ကိစ္စမှာ ၀ိနည်းတော်တွေရဲ့ နက်နဲတဲ့သဘော ၊ မကြည်ညိုသေးသူများ ကြည်ညိုလာ
စေဖို့ ၊ ကြည်ညိုပြီးသူတို့ ပိုပြီး ကြည်ညိုလာအောင် အသိပညာပေးသင့်တယ် ၊ ပေးသင့်
တယ်ဆိုတာထက် ပေးရမယ်လို့ ပြောရင် ပိုတောင် မှန်မလား ပဲ ။
ခေတ်ပြောင်းလာတော့ လက်တွေ့ သိပ္ပံပညာရဲ့ သြဇာခံ ခေတ်လူငယ်တွေကို
ယုံကြည်လက်ခံအောင် ပြောရတာ မလွယ်ပါဘူး ။ သူတို့က ဘာမဆို လက်တွေ့မှယုံတာ ၊
လက်တွေ့ဆိုတာ သူတို့လက်ခံနိုင်တဲ့ သဘာဝယုတ္တိ ၊ အာဂမ္မယုတ္တိ ကိုပြောတာပါ ။
စတုတ္ထပါရာဇိက သိက္ခာပုဒ်နဲ့ပတ်သက်ပြီး သိသင့်တဲ့ ၊ နက်နဲတဲ့ ကိစ္စတွေကို
ဆက်လက်တင်ပြပါမယ် ။
သုဒ္ဓိက၀ါရ ကို တင်ပြပါမယ် ။ ဒါက ဘယ်လိုပြောရင် အာပတ်သင့်တယ် ဆိုတာ
ကို ပြတာပါ ။
အပိုင်း - ၆ ဆက်လက်ဖတ်ရှုပါရန်
..............................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား