Monday, August 24, 2009

ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၆

 

        သုဒ္ဓိက၀ါရ ကို ဆက်လက်တင်ပြပါမယ် ။ ဒါကဘယ်လိုပြောရင် အာပတ်သင့်တယ်

ဆိုတာကိုပြတာပါ ။

        ၂၀၀ ။   မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟုသိ၏ ။

ပြောဆဲ ရဟန်းသည် " ငါမဟုတ်မမှန် ပြောဆိုနေသည် " ဟုသိ၏ ။ ပြောပြီး ရဟန်းသည်

" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ဤအကြောင်းသုံးမျိုးတို့ဖြင့် ပထမဈာန်ကို ၀င်စား

ခဲ့ပြီဟု သိလျက် ၊ မဟုတ်မမှန်ပြောဆိုသော ရဟန်းအား  ပါရာဇိက အာပတ်သင့်၏ ။

 ဒီမှာက ( အကြောင်းသုံးမျိုး ) ကိုပြတော်မူတယ် ။

         ခု ( အကြောင်းလေးမျိုး ) ကိုဆက်ပြောပါမယ် ။ " မပြောမီ ရှေးမဆွကပင် ထိုရဟန်း

သည် မဟုတ်မမှန် ပြောမည် " ဟုသိ၏ ။  ပြောဆဲရဟန်းသည်" မဟုတ်မမှန် ပြောနေသည်"

ဟုသိ၏ ။ ပြောပြီးရဟန်းသည် " ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန်

မရှိဟူသော မိမိ၏ ) အယူအဆကို ဖုံးထားလျက် အကြောင်းလေးမျိုးဖြင့် ပထမဈာန်ကို

ဝင်စားခဲ့ပြီဟုသိလျက် ၊ မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။

          နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟု

သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန် ပြောနေသည် "  ဟုသိ၏ ။ ပြောပြီးရဟန်းသည်

" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ

ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်မှု သဘောတူညီမှုကို

ဖုံးထားလျက် ( အကြောင်းငါးမျိုးဖြင့် ) ပထမဈာန် ကို ၀င်စားခဲ့ပြီဟု သိလျက် ၊ မဟုတ်မမှန်

ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။

            နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန်ပြောမည် " ဟု

သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန်ပြောသည် " ဟုသိ၏ ။ ပြောပြီးရဟန်းသည်

" ငါ မဟုတ်မမှန်ပြောမိပြီ "  ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ

ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်သဘောတူညီမှုကို ဖုံး

ထားလျက် ငါ့အား ပထမဈာန်မရှိ ဟူသောမိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်

( အကြောင်းခြောက်မျိုး ) တို့ဖြင့် ပထမဈာန်ကို ၀င်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆို

သောရဟန်းအား ပါရာဇိက အာပတ်သင့်၏ ။

           နောက်ပြီး မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် " မဟုတ်မမှန် ပြောမည် " ဟု

သိ၏ ။ ပြောဆဲရဟန်းသည် " မဟုတ်မမှန် ပြောနေသည် "  ဟုသိ၏ ။ ပြောပြီးရဟန်းသည်

" ငါမဟုတ်မမှန် ပြောမိပြီ " ဟုသိ၏ ။ ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) အယူအဆ

ကို ဖုံးထားလျက် ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) နှစ်သိမ့်မှု သဘောတူညီမှုကို

ဖုံးထားလျက်  ( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ )နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်

( ငါ့အား ပထမဈာန် မရှိဟူသော မိမိ၏ ) ရည်မှန်းချက်ကို ဖုံးထားလျက် ( အကြောင်းခုနှစ်

မျိုး ) ဖြင့် ပထမဈာန်ကို ၀င်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား

ပါရာဇိက အာပတ်သင့်၏ ။ အဲဒါဟာ မဟုတ်မမှန် ပြောဆိုရာမှာ ထားတဲ့ စေတနာ ၇ မျိုးကို

ဟောထားတာပါ ။

          မပြောမီ ၊ ပြောဆဲ ၊ ပြောပြီး ဆိုတဲ့ စကားလုံးတွေ ဟာ ပုဗ္ဗ ၊ မုဉ္စ ၊ ပရစေတနာ ကို

ပြောတာပဲဖြစ်ပါတယ် ။ နောက်ပိုင်းမှာပါတဲ့ -

-  အယူအဆကိုဖုံးထားလျက်

-  နှစ်သက် ကျေနပ်မှုကို ဖုံးထားလျက်

-  ရည်မှန်းချက်ကို ဖုံးထားလျက်  ဆိုတာတွေကို နားလည်အောင်ထပ်ရှင်းပါမယ် ။

          အဋ္ဌကထာမှာတော့  မပြောမီ ၊ ပြောဆဲ ၊ ပြောပြီး  နောက်မိမိက မုသားပြောသည်

ဟု သိတဲ့ အင်္ဂါသုံးပါးစုံမှ မုသားဖြစ်သည် ဟု ပြတော်မူသည် ဟု ဖွင့်ထားပါတယ် ။

( ပါရာဇိကဏ်ဘာသာဋီကာ - တတွဲ - နှာ - ၄၄၈ )

            ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာတွေကို ပြောပြပါမယ် ။ ခုပြောခဲ့တဲ့

စေတနာသုံးတန်မှာ မပြောခင်က ဖြစ်တဲ့ ပုဗ္ဗဘာဂေါ - မပြောမီ ရှေးအဖို့၌ဖြစ်သော " အသိ "

သည်ရှိတယ် ။ ဒါပေမယ့် ပြောပြီးနောက်အဖို့၌ဖြစ်သော " အသိ " တော့ မရှိဘူးလို့ ဆိုရင်

ကော ၊ ပါရာဇိက အာပတ်သင့်သလား ဆိုတဲ့ အမေးပုစ္ဆာ ကိုလည်း အဋ္ဌကထာ ဆရာမြတ်

များ ဖြေတော်မူထားတာ ရှိပါတယ် ။

          " မုသားမပြောခင်ကတည်းက ငါမုသားပြောတော့မည်လို့ နှလုံးသွင်းပြီး ပြောသော

ကြောင့် ပြောပြီးနောက် မသိဘူးဆိုတာ မဖြစ်နိုင်ဘူး ။ ပြောပြီးနောက်မှ ကိုယ်ကတော့

မုသားပြောခဲ့ပြီလို့ မသိဘူးဘဲထား ။ မပြောခင်ကသိတယ် ။ ပြောဆဲမှာလည်း သိတယ်

ဆိုရင် အဲဒီ သိခြင်း အင်္ဂါနှစ်ပါး အပေါင်းသည်သာ ပဓာနကျတယ်လို့ ဆိုထားပါတယ် ။

( ပါရာဇိကဏ်ဘာသာဋီကာ - တတွဲ - နှာ - ၄၄၉ )

ဒါထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ( မုသားမပြောမီ ရှေးအဖို့၌ မုသားပြောတော့အံ့

ဟု နှလုံးသွင်း မရှိသော ) ပုဂ္ဂိုလ်ကို အာပတ္တိယာ ဖြင့် နကရေတဗ္ဗော ၊ မရေတွက်ရဘူး ။

( မုသား မပြောမီ ခဏ၌ " ငါမုသားပြောအံ့ " ဟု နှလုံးမသွင်းဘဲ အဆောတလျင် ပြောသူ

မှာ ပြောဆဲခဏ၌ " ငါ့စကား ဟာ မုသားဖြစ်နေပါပေါ့လား " ဟု သိသော်လည်း နောက်ပြန်

ဆုတ်ဖို့ရာ မတတ်နိုင်သည့်အတွက် အာပတ်ဖြင့် ဆုံးဖြတ်ဖို့ရန် အရာမဟုတ်သောကြောင့်

မဆုံးဖြတ်ရဘူး လို့ ဖွင့်ပြထားပါတယ် ။

          ဒီ အဋ္ဌကထာ ဆရာမြတ်များရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒဿနပညာရှုထောင့်က

ကြည့်ရင်လည်း သိပ်ကို နက်နဲကြောင်း တွေ့ရှိရပါတယ် ။

         ခေတ်အမြင်နဲ့ပြောရင် ဒီမှာ အသိနဲ့ယှဉ်တဲ့ လွတ်လပ်စွာရွေးချယ်မှု ရဲ့သဘော

နက်နက်ရှိုင်းရှိုင်းပါတယ် ။ အသိနဲ့ယှဉ်တဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိမှု ၊ မရှိမှု အပေါ်

မှာ မူတည်၍သာ လူမှာက တာဝန်ကျရောက်မှု ဆိုတာ ဖြစ်ရတာပါ ။ ဒီအချက်ဟာ ဒီမှာ

ကောင်းကောင်း ပေါ်လွင်ပါတယ် ။ ဒီမှာ အဋ္ဌကထာ ဆရာကထပ်ပြီး ပြောထားတာက

" ရှေးအဖို့၌ ဖြစ်သော နှလုံးသွင်းသည်သာ " လိုရင်း ဖြစ်တယ်လို့ဆိုပါတယ် ။ အဆော

တလျင် ပြောဆိုအပ်သော စကားသည် ( ရည်ရွယ်ချက် မပါဘဲ ) ပြောရသောကြောင့် ၊

ချွတ်ချော်သဖြင့် ( ၀ါ ) ချွတ်ချော်နိုင်တဲ့ အတွက် သောအာပတ္တိယာ နကရေတဗ္ဗော အာပတ်

ကျတယ်လို့ မဆိုနိုင်ဘူးတဲ့ ။ ဒီနေရာမှာ ရှေ့စိတ် နဲ့ နောက်စိတ် တို့ဟာ တစ်ခုပျက်စီးမှ

တစ်ခုဖြစ်ပုံကိုလည်း ရှင်းပြထားပါတယ် ။ ဒါကြောင့် မုသားမပြောမီ ရှေးအဖို့၌ ဖြစ်သော

စိတ်သာလျှင် ပဓာနကျကြောင်း ဖော်ပြထားပါတယ် ။

           မုသားပြောမယ်လို့ ကြိုတင် ဖြစ်ပေါ်တဲ့ ရှေ့စိတ် မချုပ်ဘဲ နဲ့ နောက်စိတ် မဖြစ်နိုင်

ဘူး ၊ အကြားမရှိအောင် ဖြစ်ခြင်းကြောင့်သာ တစ်စိတ်ထဲပဲလို့ ထင်ရတာ ဖြစ်ပါတယ် ။

ဒါက စေတနာသုံးပါးမှာ ပထမပုဗ္ဗစေတနာ ကိုသာ ပဓာနထားရမယ်လို့ ဆိုတာကို ပြတာ

ဖြစ်ပါတယ် ။ နောက်စကားတွေဖြစ်တဲ့ -

-  အယူအဆကို ဖုံးထားလျက်

-  နှစ်သက် သဘောတူညီမှုကို ဖုံးထားလျက်

-  နှစ်သက် ကျေနပ်မှုကို ဖုံးထားလျက်

-  ရည်မှန်းချက်ကို ဖုံးထားလျက်      ဆိုတဲ့ စကားများ ( အကြောင်းတရားများ ) ဟာလည်း

သိပ်ပြီး ဒဿနဆန်ပါတယ် ။

              အယူအဆဆိုတာ သိနားလည်မှု နဲ့ ခံယူချက် ကိုပြောတာပါ ။ မုသားပြောရာမှာ

ခံယူချက် ၊ သိနားလည်မှုပါပြီးမှ တမင်တကာ ပြောတာ ၊ သူများအကျပ်ကိုင်လို့ ၊ တိုက်တွန်း

လို့ ၊ ဆွဲဆောင်လို့ ပြောတာ မဟုတ်ပါဘူး ။ မိမိ သဘော နဲ့ မိမိ လွတ်လွတ်လပ်လပ် ရွေး

ချယ်ဆုံးဖြတ် ပါတဲ့ သဘောကို ပြောတာပါ ။ ရည်ရွယ်ချက်ကို ဖုံးထားလျက်ဆိုတဲ့ စကား

ဟာလည်း မိမိ ရဲ့  Intention ကိုပြောတာ ၊ ဒီပြောဆိုမှုဟာ မရည်ရွယ်ဘဲနဲ့ ပြောတာ

မဟုတ်ဘူး ။ တမင်တကာကိုပဲ မုသားပြောဖို့ ရည်ရွယ်ပြီးမှ ပြောတာ ဖြစ်လို့လည်း ရွေးချယ်

မှု နဲ့ ဆုံးဖြတ်ချက်ပါတယ် ။ ဒီအချက်တွေဟာ ပုဗ္ဗစေတနာထဲမှာ ( မပြေမီကပင် သိလျက် )

ဆိုတဲ့ အထဲမှာ အားလုံး အကျုံးဝင်ပါတယ် ။ ဒီလို မဟုတ်မမှန် ပြောဆိုလိုက်ပြီးနောက်

" ဟာ ..ငါတော့ မဟုတ်မမှန် ပြောမိလိုက်ပြီ ၊ ငါမှားသွားပြီလို့ သိလိုက်ရင် တစ်မျိုးဖြစ်မယ်၊

ခုတော့ မဟုတ်ဘူး " ဒီလို မုသားပြောလိုက်ရတာကိုပဲ သဘောတူတယ် ။ အလိုကျတယ် ။

နှစ်သက်ရုံမျှမက ဒီလို ပြောလိုက်ရတာကိုပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်တယ် ၊ နှစ်သက်တယ်

ပေါ့ ။ ဒါက ပရစေတနာမှာ အကျုံးဝင်တယ် ။ ဒါတွေ အားလုံးကို ပေါင်းလိုက်ရင် ဒီပုဂ္ဂိုလ်

ဟာ မုသားပြောတဲ့အချိန်မှာ အယူဝါဒ ဒိဋ္ဌိကို လည်းကောင်း ၊ နှစ်သက်ခြင်း ခန္တီဟိ ကို

လည်းကောင်း ၊ အကြိုက်ရုစိကို လည်းကောင်း ချထား ၊ ဖုံးထားပြီး ၊ လှည့်ဖြားပြီး ၊ လိမ်

လည်ပြီး ပြောတာ ဖြစ်တယ် ။ ဒါတွေ အားလုံးဟာ " မုသာဝါဒ " ချည်းပဲ ဖြစ်တယ် ။

အဲဒီလို အကြောင်းတရား အားလုံးကို သိလျက် တမင်ကိုပဲ ငါ့မှာ မရှိတဲ့ " ဥတ္တရိမနုဿဓမ္မ "

ကို ရှိတယ် ၊  ငါရပြီးပြီလို့ မုသားပြောဆိုမှသာ ပါရာဇိက အာပတ် သင့်တယ် ။ ပြောတဲ့အခါ

မှာလည်း ဥတ္တရိမနုဿဓမ္မကို ငါ ၀င်စားခဲ့ပြီ ၊ ၀င်စားသည် ၊ ၀င်စားနေသည် ၊ ရသည် ၊

လေ့လာသည် ၊ မျက်မှောက်ပြုအပ်ပြီ လို့ပြောရင် ထိုရဟန်း အာပတ်သင့်တယ် ။ ဒါလည်း

သိလျက် မဟုတ်မမှန်ပြောမှ ပါရာဇိက အာပတ် သင့်တာပါ ။ ဒီနေရာမှာ ယေဘုယျအားဖြင့်

ဈာန်မဂ်ဖိုလ်လို့ စာပေကျမ်းဂန်မှာ ဖော်ပြတာများသော်လည်း ဗောဓိပက္ခိယတရား ၃၇ ပါး

အားလုံးပါဝင်ပါတယ် ။ ငါ  လောဘ ၊ ဒေါသ ၊ မောဟကို စွန့်ပြီးပြီ ၊ ပယ်ပြီးပြီ ၊ ငါလွတ်

မြောက်ပြီ စသည်ဖြင့် သိလျက် မဟုတ်မမှန် ပြောဆိုရင်လည်း ပါရာဇိက အာပတ် သင့်တာ

ပါပဲ ။ ဒါပေမယ့် အခါတစ်ပါးမှာ အရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက ဥတ္တရိမနုဿ

ဓမ္မကို ထုတ်ဖော် ပြောဆိုတော်မူပါတယ် ။ ဘုရားက အာပတ်မသင့်ဘူးလို့ မိန့်တော်မူတာ

လည်း ရှိပါတယ် ။ ဘာကြောင့် အာပတ်မသင့်သလဲ ။ ဒါကိုလည်း သိနားလည်သင့်ပါတယ် ။

             ပြီးတော့ ပါရာဇိကဏ် ပါဠိတော် ( မြန်မာပြန် ) - ၂၁၅ မှာလည်း အောက်ပါ

အတိုင်း ဖော်ပြထားတာကိုလည်း သိသင့်ပါတယ် ။

          " အကြောင်းသုံးမျိုးတို့ဖြင့် ပထမဈာန်ကို ၀င်စားပြီ ဟု ဆိုလိုလျက် ၊ ဒုတိယဈာန်

ကို ၀င်စားပြီ ဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ( နားထောင်သူ ) သိနား

လည်သော် ပါရာဇိက အာပတ်သင့်၏ ။ ( နားထောင်သူ ) မသိ နားမလည်သော် ထုလ္လစ္စဉ်း

အာပတ်သင့်၏ ။ ဒါတွေကိုလည်း ဥာဏ်ဝင်စားပြီး နားလည်ရမယ့် ခြွင်းချက် တစ်ခု ဖြစ်

ပါတယ် ။

         ဒီနေရာမှာ ခေတ်ကာလကိုလည်း ထည့်ပြောရဖို့ အကြောင်းရှိပါတယ် ။ ခုခေတ်က

ဒါနသီလခေတ် မဟုတ်ပါဘူး ။ ၀ိမုတ္တိယုဂ ၊ ၀ိပဿနာခေတ် ဖြစ်နေပါတယ် ။ ဟိုးရှေးခေတ်

တုန်းကတော့ လူတွေက ဒါန ၊ သီလ လောက်ပဲ သက်ဆိုင်သလို နေခဲ့ကြပြီး သမထ၀ိပဿ

နာ အလုပ်က ရဟန်းသံဃာအလုပ်လို့ သဘောထားခဲ့ကြပါတယ် ။ ခုကျတော့ လူတွေက

ရဟန်းသံဃာများထက်တောင်မှ ပိုပြီး ၀ိပဿနာကို အားသန်စွာ လေ့လာမှတ်သား ၊ ကျင့်

ကြံပွားများနေတာ တွေ့ရပါတယ် ။ ဟိုတုန်းက သစ္စာ အကြောင်း ၊ ၀ိပဿနာအကြောင်းကို

တရားပွဲမှာ ဟောလို့ ပြောလို့ မရဘူး ၊ ပုံတိုပတ်စ ၊ ဇာတ်နိပါတ်တွေနဲ့ ၀တ္ထုကြောင်းတွေ နဲ့

အသံနေ အသံထားနဲ့ ဟောမှ လူတွေက နာကြပါတယ် ။ ခုကျတော့ ခေတ်ပြောင်းသွားပြီ ၊

လူတွေက ၀ိပဿနာအကြောင်း ၊ မဂ်အကြောင်း ၊ ဖိုလ်အကြောင်း ပဲ နာချင် ကြားချင် ကြ

တယ် ။

         ဒါပေမယ့် ယခုခေတ်လူတွေရဲ့စိတ်ထဲမှာ နာချင်တာတော့ မှန်ပါတယ် ၊ သိပ်ပြီး

ယုံလို့တော့ မဟုတ်ပါဘူး ၊ သူတို့စိတ်ထဲမှာ မဂ် ဆိုတာရှိလို့လား ၊ ဖိုလ် ဆိုတာရှိလို့လား ၊

နိဗ္ဗာန် ဆိုတာရှိလို့လားလို့ သံသယစိတ်ရှိကြပါတယ် ။

              အဲဒါ ခေတ်လူတွေ ဗုဒ္ဓဘာသာအပေါ် ယေဘုယျထင်မြင်ချက် ဖြစ်ပါတယ် ။

ဒါကြောင့် မြတ်စွာဘုရားက အနာဂတ ဘယသုတ်မှာ ဟောထားသလို မဂ်အကြောင်း ၊ဖိုလ်

အကြောင်း ၊ လက်တွေ့မပြနိုင် ၊ အထောက်အထားမပြနိုင်ပဲ စာတွေလျှောက်ပြီး ရွတ်ပြနေ

လို့ကတော့ ဒီတရားတွေကို နာကြတော့မှာ မဟုတ်ဘူး ၊ ကိုယ်က တရားသဘောကို ခန္ဓာ

ဥာဏ်ရောက် ပေါက်ပေါက်မြောက်မြောက် အားမထုတ်ပဲနဲ့ နားထောင်ကောင်းအောင်

လောက်ပဲ ဟောပြောပြီး လာဘ်လာဘ ကို ရှာနေကြရင်တော့ ဒီနေ့ခေတ် လူငယ်ပရိသတ် ၊

ခေတ်ပညာတတ်တွေဟာ ဘယ်တော့မှ ဒီတရားပွဲကို အလေးအနက်ထားပြီး လာနာမှာ

မဟုတ်ဘူး ။

          ခေတ်လူ ၊ ခေတ်ပညာတတ်တွေကို ဗုဒ္ဓသာသနာတော် ရဲ့ ကြီးကျယ်ပုံ ၊ နက်နဲပုံ ၊

မြင့်မြတ်ပုံ ၊ ကြည်ညိုဖွယ်ကောင်းပုံတွေကို ရှုထောင့်အမျိုးမျိုးက တင်ပြချင်ပါတယ် ။

ဓမ္မ ရဲ့ သဘောသဘာဝ ကို ဥာဏ်သက်ဝင်စေချင်ပါတယ် ။ ဒါမှလည်း ဒီသာသနာတော်ကို

ခေတ်လူတွေရဲ့ စိတ်ထဲမှာ ကြီးကြီးမားမား တန်ဖိုးထားတတ်ကြမှာပါ ။


အပိုင်း - ၇ ကို ဆက်လက်ဖတ်ရှုပါရန်
        
..............................................................................................................................................................





No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား