ဘုရား ၊ တရား ၊ သံဃာ မှတစ်ပါး အခြားသော ဘိုးတော် ၊ မယ်တော် ၊ အတွင်း (၃၇) ၊
အပြင် (၃၇) မင်းစသော နတ်စိမ်းတို့ ရှေ့၌ အကျွန်ုပ်၏ အသက်နှင့် ခန္ဓာကိုယ်ကို အရှင်ကြီး
အရှင်ကောင်းတို့အား အပ်နှင်းလှူဒါန်း ကိုးကွယ်ပါ၏ ဟု ဆို၍ ဦးချလိုက်လျှင် သရဏဂုံ
ပျက်၏ ။ ဤကဲ့သို့ ပျက်ခြင်းသည် အပြစ်လည်းရှိ၏ ။ အကုသိုလ်လည်းဖြစ်၏ ။ တစ်ခြား
ဘာသာသို့ပြောင်း၍ သရဏဂုံ ပျက်ခြင်း၌ အပြစ်ရှိပုံ ၊ အကုသိုလ် ဖြစ်ပုံကား ပြောဘွယ်
ရာပင် မလိုတော့ပေ ။
ရတနာသုံးပါး၏ ကောင်းကျိုးများကို ကျကျနန မသိကြသူအများစုသည် တစ်ခဏ
တာ စီးပွားရေးအဆင်ပြေမှု ၊ ရာထူးတက်မှုလေးကို မက်ပြီး သရဏဂုံအပျက်ခံတတ်ကြ၏ ။
ပြိတ္တာအနွယ်ဝင် နတ်စိမ်းမျိုးစုံ ၊ ဘိုးတော် ၊ မယ်တော် မျိုးစုံကို ကိုးကွယ်ကြသည် ။
နတ်ကနား ပေးကြသည် ။
ဘိုးတော် ။ မယ်တော် ကိုးကွယ်တိုင်း ၊ နတ်ကနားပေးတိုင်း ၊ စီးပွားရေးပြေလည်
သည်လည်းမဟုတ်ပါ ။ ရာထူးတက်သည်လည်းမဟုတ်ပါ ။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ဖြစ်ပြီး စီးပွားရေး ပြေလည်သွား ၊ ရာထူးတက်သွားသည်လည်း တစ်ရာမှာ တစ်ယောက်
တော့ရှိပါလိမ့်မည် ။ တစ်ရာနှင့် တစ်ယောက်ကား စာဖွဲ့လောက်သည်တော့မဟုတ် ။
သို့သော် အဖိုးတန် တွေးအခေါ် တစ်ခုကို စာရှုသူတို့အားပေးရန်အတွက် ဘိုးတော် ၊
မယ်တော် ၊ နတ်စိမ်းတို့ကို ကိုးကွယ်လိုက်လျှင် စီးပွားရေးအဆင်ပြေသည် ၊ ရာထူးတက်
သည်ပဲ ထားလိုက်ပါ ။
ဘိုးတော် ၊ မယ်တော် ။ နတ်စိမ်းတို့ကို ကိုးကွယ်လိုက်သည့် အတွက် ပေါများ
သော စီးပွားဥစ္စာသည် တစ်ခဏတာ သို့မဟုတ် အလွန်ဆုံးတစ်ဘ၀သာ သုံးရမည်ဖြစ်၏ ။
အပ်ဝင်ပုဆိန်ထွက် ဟူသော စကားအတိုင်း ထိုကဲ့သို့တစ်ဘ၀တာ သုံးစွဲစရာ ဥစ္စာငွေကြေး
လေးရလာခြင်းသည် အပ်တစ်ချောင်းဝင်လာတာနှင့်တူ၏ ။
ထိုသူသည် သရဏဂုံပျက်သွားသည့်အတွက် (၉၁) ကမ္ဘာအပါယ်မလားရခြင်း ၊
အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း စသော ကောင်းကျိုးများ မရရှိတော့ခြင်းသည် မိမိထံ
မှ ပုဆိန်တစ်ချောင်း ထွက်သွားသည်နှင့်တူလှ၏ ။ လောကအလိုကြည့်လျှင်ပင် အပ်လေး
တစ်ချောင်းဝင်လာဖို့အတွက် ပုဆိန်တစ်ချောင်း အထွက်ခံရခြင်းသည် အင်မတန် နစ်နာ
လှ၏ ။
ထို့ကြောင့် တစ်ဘ၀တာ ချမ်းသာမှုလေးကို ကြည့်ပြီး သရဏဂုံပျက်သူများမဖြစ်
အောင် ထိန်းသိမ်းဖို့ကား ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်သည် ။
မေတ္တာရှင် ( ရွှေပြည်သာ ) ဘသနှင့်ရင်းရသောအတွေးအမြင်များအတွဲ(၂) --စာ--၅၅
.......................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား